လေထုထဲမှာ ပျောက်ကွယ်သွားတယ်
Vol. 149 Ch. 2074
လော့လျို၏ မျက်နှာမှအပြုံးမှာ ပျောက်ကွယ်သွားသည် “မြို့စားနန်ယွိ ခင်ဗျားရဲ့ စကားတွေက တာဝန်မဲ့လိုက်တာ.. ကျုပ်တို့က မြို့စားလေးကို သတ် ပါတယ်ဆိုတဲ့ သက်သေရှိလား”
နန်ယွိမြောင် နှာမှုတ်လေသည် “ခင်ဗျားမဟုတ်ရင် ခင်ဗျားနဲ့ အတူလာခဲ့ တဲ့ နှစ်ယောက်က ဘယ်ရောက်သွားတာလဲ.. တိုက်ဆိုင်တာတော့ မဟုတ်ပါ ဘူးနော်”
“ယူယူနဲ့ သူမရဲ့ သူငယ်ချင်းကိုပြောတာလား.. သူတို့တွေက ထွက်သွားပြီ ကျုပ်တို့က အဲလောက်လည်း မရင်းနှီးပါဘူး သူတို့တွေ ဘာလုပ်လဲဆိုတာ တောင်မသိဘူး.. ပြီးတော့ သူတို့က လုပ်ပါတယ်လို့လည်း သက်သေမရှိဘူး မလား”
“သူတို့ မဟုတ်ဘူးဆိုရင် ဘာလို့ထွက်သွားကြသေးလဲ” နန်ယွိကျီကို ရှီမာယူယူတို့ ဖမ်းသွားသည်ဟု နန်ယွိမြောင် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ သူလှည့်ပြီး ခုံဆီသို့ လျှောက်သွားသည် “သူတို့ကို ဖမ်းမိရင် ဟုတ်မဟုတ် သိရ မှာပဲ.. ကိုယ့်လူတွေ အဲလူနှစ်ယောက်ကို သွားဖမ်းလာခဲ့”
လော့ယိသည် နောက်ဆုံးတွင် အဖြစ်အပျက်ကို နားလည်သွားသည်။ သူသည် နန်ယွိမြောင်ကို ပြောဟန်ပြင်လိုက်သော်လည်း လော့လျိုမှ တားထား လေသည်။
“ဦးလေး ၆ မြို့စားနန်ယွိက အထင်မှားနေတယ်လို့ ပြောလိုက်ပါ.. ယူယူ တို့က နန်ယွိကျီကိုမှ မဖမ်းတာ.. သူတို့တပ်သားတွေက ကျွန်တော်တို့ နေရာကို တောင်ရှာပြီးနေပြီ.. သူမသာ တကယ်လုပ်ခဲ့ရင် ဘာလို့ဘယ်သူ့ကိုမှ ရှာမတွေ့ တာလဲ” လော့ယိသည် အနည်းငယ်စိတ်ပူသွားပြီး လော့လျိုကို တောင်းဆိုလေ သည်။
နန်ယွိမြောင်သည် ခုံတွင်ထိုင်ပြီး စိတ်ပူနေသော လော့ယိကိုကြည့်ကာ မရေမရာပြောလိုက်သည် “မင်းက အဲနှစ်ယောက်နဲ့ ဆက်ဆံရေးကောင်းတာပဲ”
“သူမက ကျွန်တော့်သူငယ်ချင်းပါ” လော့ယိသည် ပွင့်လင်းစွာပင် ဝန်ခံ လေသည်။
“အဲတော့ မင်းက တကယ်ပဲကြံရာပါပဲ” နန်ယွိမြောင်သည် လော့လျိုကို ထပ်ပြောလေသည် “ခင်ဗျား ဘာပြောချင်သေးလဲ”
“ဒါဆို သခင်လေးက သူတို့နဲ့ ဘယ်တုန်းကတွေ့လဲဆိုတာ ဘာလို့ မမေး တာလဲ”
“ဘယ်တုန်းက တွေ့တာလဲ”
“မြို့ကိုအဝင် တန်းစီတော့ တွေ့တာပါ.. မြို့ထဲကိုဝင်လာပြီးမှ သူငယ်ချင်း ဖြစ်တာ” လော့ယိ ပြန်ဖြေလေသည်။
“တကယ်လား”
“အမှန်ပဲပေါ့.. ကျွန်တော်တို့က သိတာမကြာသေးပေမဲ့ သူငယ်ချင်းဖြစ် နေတုန်းပဲ” လော့ယိသည် အလေးအနက်ပြောလေသည်။
သူသည် စိတ်ထဲမှ ဤကဲ့သို့ပင် စဉ်းစားထားသည်။
နန်ယွိမြောင်သည် လော့ယိကို တဒင်္ဂမျှ စိုက်ကြည့်လေသည်။ သူတို့၏ ပတ်သက်မှုကို ဘာမှဖုံးကွယ်ထားစရာမလိုသဖြင့် လော့ယိသည် ခေါင်းကိုမော့ ထားသည်။
နန်ယွိမြောင်သည် နှုတ်ခမ်းတွန့်လိုက်သည် “မင်းတော့ မကောင်းတဲ့လူ တွေနဲ့ မိတ်ဆွေဖွဲ့မိသွားပြီထင်တယ်”
သူသည် လော့လျို၏ စကားများကို မယုံပေ။ သို့သော် ဝိညာဉ်အဖွဲ့မှ သခင်လေးသည် ငတုံးတစ်ယောက်ဖြစ်ကာ မလိမ်တတ်သည်ကို အဇူရာနဂါး နယ်မြေမှလူအားလုံး သိကြသည်။ ထို့ကြောင့် ဤကိစ္စကို အခြေခံသဘောအရ ချန်လှပ်ထား၍ရသည်။
သို့သော် ရှီမာယူယူလုပ်သွားသည့်ကိစ္စကို သူ မစီမံနိုင်ပေ။
ထိုနေ့က ပွဲတက်ခဲ့သည့်လူအားလုံးကို စစ်ဆေးပြီးနောက် နန်ယွိမြောင် သည် အားလုံးကိုပြန်ခိုင်းလိုက်သည်။ လော့ယိနှင့်တခြားသူများကိုလည်း ပြန် လွှတ်လိုက်သည်။
ရှီမာယူယူသာ သူတို့ကို ပြန်လာရှာလျှင် အနည်းဆုံးတော့ ဖမ်းနိုင်မည် ဖြစ်သည်။
ထိုလူများထွက်သွားသောအခါ တပ်သားတစ်ယောက်သည် အပြင်မှ ပြေး ဝင်လာပြီး ဒူးထောက်အလေးပြုကာ ပြောလေသည် “မြို့စား ကျွန်တော်တို့ မြို့ တစ်မြို့လုံးကိုရှာပြီးပါပြီ အဲလူနှစ်ယောက်ရဲ့ အရိပ်အယောင် လုံးဝမတွေ့ရပါ ဘူး”
“အရိပ်အယောင် မတွေ့ဘူးဟုတ်လား သူတို့က ပျံနိုင်နေလို့လား… ဆက်ရှာကြ”
“ဟုတ်ကဲ့ပါ”
လူများ မိမိဆန္ဒအလျောက် ထွက်မသွားနိုင်ရန် ပျော်ရွှင်ခြင်းမြို့ကို ဝိညာဉ်အတားအဆီးဖြင့် စီမံထားသဖြင့် သူတို့နှစ်ယောက်မှာ မြို့တံခါးမှ မဖြတ်လျှင် ထွက်သွားရန်မဖြစ်နိုင်ပေ။
သည်လိုဆိုလျှင် သူတို့သည် မြို့ထဲမှာရှိနေဦးမည်။ မြို့ထဲတွင်ရှိနေသရွေ့ သူတို့ကိုရှာနိုင်မည်။
နန်ယွိမြောင်သည် ဤမြို့တွင်း၌ သူ၏အင်အားကိုသိသည်။ ထို့ကြောင့် လူနှစ်ယောက်ကို ရှာရန်မှာ ဤမျှခက်လိမ့်မည်ဟု ထင်မထားပေ။ သို့သော် သတင်းရောက်လာသောအခါ သူ၏မျက်နှာမှာ ပိုပိုပြီးမည်းနက်လာသည်။
“အသုံးမကျတဲ့ကောင်တွေ မင်းတို့တွေ ဒီလောက်များတာ လူနှစ်ယောက် လောက်ကိုတောင် မရှာနိုင်ဘူးလား.. ငါက ဒီအမှိုက်အုပ်လိုက်ကြီးကို ဘာလို့ ကျွေးမွေးနေရတာလဲ.. မင်းတို့က ထမင်းအလကားစားနေတာလား”
အောက်မှ ဒူးထောက်နေသော တစ်ဖွဲ့လုံးမှာ စကားပြောရန်ပင် ကြောက် နေကြသည်။ တချို့မှာ လေထုဖိအားကြောင့် အသက်ပင်မရှုရဲပေ။ သူ့အာရုံ အစိုက်ခံရမည်ကို ကြောက်ရွံ့ကြသဖြင့် အားလုံး ခေါင်းငုံ့နေကြသည်။
“မြို့စား ကျွန်တော်တို့ တစ်မြို့လုံးကိုရှာတာ အခါပေါင်းဒါဇင်မကတော့ ဘူး.. တကယ်ပဲ သူတို့ခြေရာလက်ရာကို လုံးဝရှာမတွေ့ပါဘူး.. သူတို့တွေက လေထဲမှာပျောက်သွားသလိုပဲ”
“လေထဲမှာပျောက်သွားတယ်ဟုတ်လား.. ဝိညာဉ်အတားအဆီး တုံ့ပြန် လို့လား.. မြို့တံခါးကနေ ထွက်သွားတဲ့လူရှိလို့လား.. မရှိဘူးလေ.. အခု သူတို့ ပျောက်သွားတယ်လို့ ငါ့ကိုလာပြောနေတယ်ပေါ့.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“သူမ သေချာပေါက်ကြီး ပျောက်သွားတယ်လို့ မပြောပါဘူး ကျွန်တော်တို့ က ဒီအတိုင်းပဲ…”
“မင်းတို့ကို နောက်ထပ်တစ်ရက် အချိန်ထပ်ပေးမယ်.. မရှာနိုင်သေးရင် တော့ မင်းတို့ခေါင်းကို ကိုယ့်ဘာသာယူလာကြ”
“ဟုတ်ကဲ့ပါ”
ဒူးထောက်နေသောလူများသည် ထပြီးထွက်သွားရာ အိမ်တော်ထိန်း တစ်ယောက်သာ ကျန်လေသည်။
“လော့ယိဘက်ကလည်း သတင်းမရသေးဘူးလား” နန်ယွိမြောင်သည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး အာစွတ်ရန် လက်ဖက်ရည်သောက် လိုက်သည်။ သို့သော် သားဖြစ်သူ ပျောက်နေသည်ကို တွေးမိသောအခါ လက်ဖက်ရည်ခွက်ကို ပြန်ချမိသည်။
“ကျွန်တော်တို့လူတွေက နေ့ရောညပါ စောင့်ကြပ်နေပြီး သူတို့အပြင် ထွက်တာနဲ့ လူတွေအများကြီးလွှတ်ထားတာ.. ဒါပေမဲ့ ဘာသတင်းမှမရပါဘူး.. သူတို့တွေက လော့ယိကိုပြန်လာရှာဖို့ ရည်ရွယ်ချက်မရှိဘူးထင်တယ်”
“အဲနှစ်ယောက် မြို့ထဲမှာရှိနေသရွေ့တော့ ခြေရာလက်ရာကျန်မှာပဲ” နန်ယွိမြောင် ပြောလေသည် “မြို့စားအိမ်တော်ကလူတွေ အကုန်လွှတ်လိုက် မလောက်သေးရင် သတ္တုတွင်းကလူတွေ ပြန်ခေါ်လိုက်”
“ဟုတ်ကဲ့ပါ”
မြို့စားအိမ်တော်သည် ယခုကဲ့သို့ ဟာလာဟင်းလင်းမဖြစ်ဖူးပေ။ အရင် ကဆိုလျှင် တပ်သားများ အဖွဲ့လိုက်လှုပ်ရှားသောကိုယ်ရံတော်များနှင့် ပြည့်နေ သည်။ လှည့်ကင်းများသည် သုံးနာရီတစ်ကြိမ် လည်ပတ်နေရာ ဤနေရာသို့ ဝင်ရောက်ရန်မဖြစ်နိုင်ပေ။
သို့သော် အခြေခံအားဖြင့်ထားသော အစောင့်များအပြင် မြို့စားအိမ်တော် ၏ တခြားသောတပ်သားများကိုလည်း နေရာတိုင်းသို့ပို့ထားသည်။
ထို့ကြောင့် ရှီမာယူယူနှင့် ဝူလင်းယူတို့ ဝင်လာချိန်တွင် သူတို့ကို မတွေ့ သည်မှာ အံ့ဩစရာတော့မဟုတ်ပေ။
“ဒီကလူတိုင်းသွားကြတဲ့ပုံပဲ.. ဒီနည်းလမ်းက အသုံးဖြစ်သားပဲ” သူမ သည် ဆပ်ဆော့စွာပြုံးလိုက်ပြီး ဝူလင်းယူလည်း သူမနှင့်အတူ လိုက်ပြုံးမိ သည်။
“သူက အထဲမှာစောင့်နေတယ် ဆက်မစောင့်ခိုင်းသင့်တော့ဘူး”
သူတို့နှစ်ယောက်သည် နန်ယွိမြောင်ရှိသည့် စာကြည့်ဆောင်သို့ သွား လိုက်ကြသည်။ ဝူလင်းယူသည် ဝင်မသွားခင်တွင် ဝိညာဉ်အတားအဆီးဖြင့် အဆောက်အဦးတစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။
နန်ယွိမြောင်သည် မျက်လုံးမှိတ်ပြီး အနားယူနေသည်။ သူသည် ပြီးခဲ့ သည့်ရက်ပိုင်းတွင် ပြန်လာပြီးနောက် နန်ယွိကျီ၏ကိစ္စများကို ကိုင်တွယ်နေရ သဖြင့် ကောင်းကောင်းအနားမယူခဲ့ရပေ။ ယခုအိမ်တော်တွင် မည်သူမှမရှိ တော့သဖြင့် ခေတ္တမျှအနားယူရန် ဆုံးဖြတ်လိုက်သည်။
သူ တံခါးဖွင့်သံကြားသောအခါ အိမ်တော်ထိန်းအထဲဝင်လာသည်ဟု ထင် လိုက်သည်။ သူသည် မျက်လုံးမှိတ်ထားရင်း မေးလိုက်သည် “သတင်းရပြီလား”
“ကျွန်မတို့ ကိုယ်တိုင်လာတာထက် ဘာသတင်းက ပိုတန်ဖိုးရှိဦးမှာလဲ”
နန်ယွိမြောင်သည် မရင်းနှီးသောအသံကြားသောအခါ မျက်လုံးဖွင့်လိုက် သည်။ သူသည် ရှီမာယူယူကို ကြည့်လိုက်သည် “မင်းက ရှီမာယူယူလား”
“ကျွန်မကို ရှာဖို့လူတွေလွှတ်လိုက်တယ်မလား.. အခု ဒီရောက်နေတော့ လည်း ဘာလို့မပျော်တာလဲ” ရှီမာယူယူသည် ခုံနှစ်ခုံဆွဲပြီး ဝူလင်းယူနှင့်အတူ နန်ယွိမြောင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
သူတို့၏ မျက်နှာအမူအရာမှာ အေးဆေးနေပြီး နန်ယွိမြောင်ကို ကြည့် သည့်အကြည့်မှာ တခြားသူများကဲ့သို့ ကြောက်ရွံ့ခြင်းရှိမနေပေ။
“ကျီအာ ဘယ်မှာလဲ” နန်ယွိမြောင်သည် ကျီအာကို အလွန်ပင် ဂရုစိုက်လှ သည်။
“သူက အရမ်းလုံခြုံတဲ့နေရာမှာရှိပါတယ်.. အခုတော့ သူကို ထိခိုက် အောင် လုပ်မယ့်သူ ဘယ်သူမှမရှိပါဘူး စိတ်မပူပါနဲ့” ရှီမာယူယူ ပြောလိုက် သည်။
“မင်း ဘာလိုချင်တာလဲ”
သူသည် အလွန်ပင် တည့်တိုးဆန်သည်။
“မုလော့ဖန်နဲ့ ဘာလုပ်တာလဲ.. ဘာကိုတာဝန်ယူထားတာလဲ.. သူနဲ့ ဘယ်လောက်တွေ့ဖြစ်လဲ”
နန်ယွိမြောင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားကာ ခိုင်မာစွာပင်ပြော လေသည် “မင်းက စစ်ဦးစီးမုအတွက် လာတာပဲ”
***