ပျော်ရွှင်ခြင်းမြို့၏ ပြောင်းလဲမှု
Vol. 149 Ch. 2075
ရှီမာယူယူသည် မငြင်းဆန်ပေ။ သူမသည် အမှန်တကယ်ပင် မုလော့ဖန် ကြောင့် လာခြင်းဖြစ်သည်။
မုလော့ဖန်သည် ရှောင်ဟော်၏လက်အောက် စစ်ဦးစီး ၁၀ ယောက်ထဲမှ တစ်ယောက်ဖြစ်ကာ ရှဲဟွမ်၏ မိသားစုကဲ့သို့မဟုတ်ဘဲ အားကောင်းသည့် စစ်ဦးစီးဖြစ်သည်။
သူမ ရှဲဟွမ်ကို ဤကိစ္စများမမေးမြန်းသည်မှာ သူသည် အလှဆင်ရုံသက် သက်သာဖြစ်သောကြောင့်ပင်။ သူသည် တခြားစစ်ဦးစီး ၉ ယောက်အကြောင်း မသိပေ။ သူ၏ အသိပညာသည် သာမန်ဖြတ်သွားဖြတ်လာ တစ်ယောက်သာ သာဖြစ်သည်။
“အဲဒါကြောင့် ငါ့ကျီအာကို ဘယ်သူထိရဲနေလဲလို့ထင်တာ.. စစ်ဦးစီးမု ကြောင့်ဖြစ်နေတာကိုး” နန်ယွိမြောင်၏ မျက်လုံးထဲမှ လူသတ်မည့်အကြည့် သည် သိသာလာသည်။ နန်ယွိကျီကြောင့်ဖြစ်စေ စစ်ဦးစီးမုနှင့် ပတ်သက်မှု ကြောင့်ဖြစ်စေ ဤနှစ်ယောက်ကို အရှင်ထား၍မဖြစ်ပေ။
ရှီမာယူယူသည် သူ၏လူသတ်မည့် ရောင်ဝါနှင့် ဖိအားအောက်တွင် ရုန်းကန်နေရသည်။ ဝူလင်းယူသည် သူမ၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင် ပေးထားပြီး ဖိအားကို အသာပြန်တွန်းထုတ်လိုက်သည်။
နန်ယွိမြောင်၏ စွမ်းအားသည် ဝူလင်းယူ၏ စွမ်းအားကြောင့် နောက်ပြန် ကန်ထွက်သွားသည်။ ဝူလင်းယူ၏ တည်ငြိမ်မှုနှင့် အမူအရာကိုကြည့်ပြီး သူ အံ့ဩသွားသည်။
ဒီလူက တော်တော် အားကောင်းတာပဲ။
“နန်ယွိမြောင် ရှင်ကျွန်မကိုမပြောပြရင်တောင် ရှင်နဲ့မုလော့ဖန်တို့ရဲ့ ဆက်ဆံရေးကို မှန်းကြည့်လို့ရပါတယ်.. ရှင်က ဘဏ္ဍာရေးကောင်စီဝင်တစ် ယောက်မလား” ရှီမာယူယူ ပြောလိုက်သည်။
“ဘာဘဏ္ဍာရေးကောင်စီဝင်လဲ မင်းဘာပြောနေလဲ ငါမသိဘူး” နန်ယွိမြောင်သည် ငြင်းဆန်လေသည် “ငါ စစ်ဦးစီးမုကိုသိတယ် ဒါပေမဲ့ အရမ်း ကြီးမရင်းနှီးဘူး”
“ကျွန်မသိပြီ.. အပြင်ပန်းကတော့ ရှင်က စစ်ဦးစီးဟွာရဲ့လူပေါ့.. ရှင် စစ်ဦးစီးမုရဲ့ လက်အောက်ကိုဝင်လိုက်မှန်း စစ်ဦးစီးဟွာသာသိရင် ဘယ်လို တုံ့ပြန်မလဲသိချင်သေးရဲ့” ရှီမာယူယူ ပြောလိုက်သည်။
“မင်း ဘာတွေပြောနေလဲ ငါ မသိဘူး” နန်ယွိမြောင်၏ စိတ်မှာ ကဆုန် ပေါက်နေသည်။ သူသည် မျက်နှာတွင် မပြရဲပေ။
“ရှင်မငြင်းပါနဲ့တော့ ကျွန်မအကုန်မြင်လိုက်တယ်” ရှီမာယူယူ ပြောလိုက် သည် “မြို့အပြင်ကတောင်မှာ ရှင်နဲ့ မုလော့ဖန်တို့…”
သူမ စကားမဆုံးခင်မှာပင် နန်ယွိမြောင်သည် သူမပြောလာမည့်စကားကို သိသည်။
“မင်းက အဲနေ့က ထွက်ပြေးသွားတဲ့တစ်ယောက်ပဲ” နန်ယွိမြောင်သည် သူမကို လက်ညှိုးထိုးလေသည်။ သူမက အဲလူဆိုမှတော့ ဒီနေ့ သူတို့ကို အလွတ်မပေးနိုင်တော့ဘူး။
ရှီမာယူယူသည် ထိုမြင်ကွင်းကို ကိုယ်တိုင်မြင်လိုက်ရခြင်းမဟုတ်ပေ။ သူမသည် မုတ်ဆိတ်ကြီး မှတ်ဉာဏ်ထဲမှ တွေ့လိုက်ခြင်းဖြစ်သည်။ ထိုလူတွင် အရည်အချင်းရှိသည်ကိုတော့ သူမ ဝန်ခံရမည်။ သူမသည် ကိုယ်ယောင်ဖျောက် ထားသော်လည်း ထိုလူသည် သူမ၏ဝိညာဉ်ကိုအနံ့ခံမိခဲ့သည်။ မဟုတ်လျှင် နန်ယွိမြောင်နှင့် စစ်ဦးစီးမုတို့ တွေ့ဆုံသည်ကို မြင်ခဲ့သဖြင့် သူတို့လက်ထဲမှ လွတ်မြောက်မည်မဟုတ်ပေ။
သူသည် စိတ်လိုက်မာန်ပါလုပ်ပြီး ရန်မစသင့်သည့်သူကို ရန်စခဲ့သည်မှာ တော့ နှမြောဖွယ်ကောင်းသည်။ သို့သော် သူသည် မသေခင်တွင် တန်ဖိုးရှိသည့် အရာများကို ချန်ပြီး အရေးကြီးသည့်သတင်းများပေးခဲ့သည်။
“အဲလိုဆိုရင် မင်းကိုထွက်သွားခွင့်မပေးနိုင်ဘူး.. မင်းကို ဖမ်းနိုင်ရင် ကျီအာရှိတဲ့နေရာကို သိရမှာပဲ”
သူလက်ဝေ့ယမ်းလိုက်သည်နှင့် လူဒါဇင်မျှသည် ရုတ်တရက် အခန်းထဲ တွင်ပေါ်လာသည်။
“ငါ အကုန်လုံးကို အပြင်လွှတ်လိုက်တယ် ထင်နေတာလား… ဒီလိုမျိုး တွေဖြစ်လာရင်သုံးဖို့ ငါ ပြင်ဆင်ထားပြီးသား၊ မင်းကလာရဲမှတော့ ထွက်မသွား ဖို့ကိုလည်း ပြင်ထားရမှာပေါ့” နန်ယွိမြောင်သည် ယုံကြည်ချက်ရှိရှိပင်ပြောလေ သည်။
“ကျွန်မတို့က ရှင့်ကိုမနိုင်မှာစိုးလို့ မြိုစားအိမ်တော်ကလူတွေအကုန်လုံး ကို ပ,ထုတ်တယ်လို့ထင်နေလား” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည် “ကျွန်မတို့က ရုတ်ရုတ်သဲသဲမဖြစ်စေချင်ရုံပဲ”
သူမ လက်ဝေ့ယမ်းလိုက်သည်နှင့် ဒါဇင်မျှသာ ရှေးဟောင်းတိုက်ပွဲဝိညာဉ် များသည် သူမပတ်ပတ်လည်တွင်ပေါ်လာသည်။ သူတို့၏အရှိန်အဝါသည် ထို လူများထက် အားမနည်းပေ။
“ရှေးဟောင်းတိုက်ပွဲဝိညာဉ်” နန်ယွိမြောင်သည် ရှေးဟောင်းတိုက်ပွဲ ဝိညာဉ်များကို ကြည့်လိုက်သည်နှင့် သိသည်။ ယခုအချိန်ထိ အသက်ရှင်ကျန် နေသော ရှေးဟောင်းတိုက်ပွဲဝိညာဉ်များ၏ အားမှာ မနည်းနိုင်ပေ။ သူမတွင် ရှေးဟောင်းတိုက်ပွဲဝိညာဉ် ဒါဇင်ကျော်မျှရှိနေရာ သူမ၏ အားမှာ ကောင်းသည် ဟု ပြော၍ရသည်။
တစ္ဆေတစ်ရာအလံတော် တည်ရှိမှုမပေါ်ပေါက်ရန်အတွက် သူမသည် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များကို ဝိညာဉ်ကျောက်တုံးအတွင်းသို့ ကြိုထည့် ထားခဲ့သည်။ ထိုအခိုက်တွင် သူမသည် ဝိညာဉ်ကျောက်ကို လက်ထဲတွင် ဆော့ ကစားနေသည်။ သူမသည် တည်ငြိမ်သော မျက်နှာဖြင့် ပြောလိုက်သည် “ကျွန်မတို့နဲ့ လိုက်မလား ဒါမှမဟုတ်ရင် လိုက်မလာခင် လမ်းတစ်ဝက်မှာပဲ အရိုက်ခံပြီးသေမလား.. ရှင့်ရဲ့သားလိုမျိုးပေါ့”
“ကျီအာ ဘယ်မှာလဲ”
“ကျွတ် ကျွတ် ဂုဏ်သရေရှိသခင်းလေး ၄ ပါးထဲက တစ်ယောက်အနေနဲ့ သူ့ရဲ့ ယောင်ကိုင်းနေတဲ့ နှာခေါင်းတွေ မျက်နှာနဲ့ ခြေလက်ကျိုးနေတာကို တွေ့ ရင် သူ့ကိုသခင်လေး ၄ အဖြစ် သတ်မှတ်ကြပါဦးမလား” ရှီမာယူယူသည် ဝိညာဉ်ကျောက်တုံးနှစ်တုံးကို အသာခေါက်ကာ မြူးတူးစွာပြုံးလိုက်သည်။ ထိုအပြုံးကြောင့်ပင် နန်ယွိမြောင်သည် သူမဆီသို့သွားပြီး တစ်စစီလုပ်ချင်စိတ် ပေါက်မိသည်။
“ငါ့ပိုင်နက်ကိုလာပြီး ခြိမ်းခြောက်ရဲတာ မင်းက ပထမဆုံးပဲ”
“ကြည့်ရတာ ဒုတိယတစ်ခုကိုမရွေးဘူးထင်တယ်” ရှီမာယူယူ ပြောလိုက် သည် “သူ့ကိုအရမ်းကြီး ယဉ်ကျေးဖို့မလိုပါဘူး.. နောက်ဆုံးအသက်တစ်မျှင်းကို ပဲချန်ထားလိုက် ကျန်တဲ့လူအကုန်လုံးကို ရှင်းလိုက်”
ရှေးဟောင်းတိုက်ပွဲဝိညာဉ်များသည် အသိစိတ်များရှိသည်။ သို့သော် သူတို့၏ ပထမဆုံးစည်းမျဉ်းမှာ ရှီမာယူယူ၏ အမိန့်ကိုနာခံရန်ဖြစ်သည်။ ထို့ကြောင့် သူတို့ကို အမိန့်ပေးသည်နှင့် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များ လှုပ်ရှား လေသည်။
ဝူလင်းယူသည် ရှီမာယူယူကို ကာကွယ်လေသည်။ တိုက်ပွဲအတက်အကျ မှာ အလွန်ကြီးမားရာ ဝူလင်းယူ၏ ဝိညာဉ်အတားအဆီးပင် ပျက်စီးသွားလေ သည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် တိုက်ပွဲဖြစ်ရာနေရာနှင့်အဝေးတွင်ရပ် နေကြပြီး ထိုမြင်ကွင်းမှာ လူများကိုပိုပိုဆွဲဆောင်လာသည်။ သူမသည် သက်ပြင်းချပြီး ရှေးဟောင်းတိုက်ပွဲဝိညာဉ်များထပ်ထုတ်ပြိး မြို့စားအိမ်တော် သို့ပြန်လာနေသော လူများကို တားရန်အမိန့်ပေးလိုက်သည်။
“ယူယူ” လော့ယိသည် အဝေးမှပျံလာသည်။ သို့သော် ရှေးဟောင်းတိုက်ပွဲ ဝိညာဉ်များသည် တားလိုက်သည်။
ရှီမာယူယူသည် လှည့်ကြည့်ရာ သူ၏ စိုးရိမ်နေသော မျက်နှာကိုမြင်လိုက် ရလေသည်။
ထိုအချိန်တွင် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များသည် နန်ယွိမြောင်ကို ဖမ်းမိ ပြီဖြစ်ကာ ဝူလင်းယူသည် သူ့ကို ဝိညာဉ်ကျောက်အတွင်း ဖမ်းထည့်လိုက်ပြီဖြစ် သည်။ ရှီမာယူယူသည် လော့ယိကို ပြုံးပြလိုက်သည် “ကျွန်မတို့ တစ်နေ့နေ့ တော့ ပြန်တွေ့ကြမှာပါ ဂရုစိုက်ပါ”
ရှေးဟောင်းတိုက်ပွဲဝိညာဉ်များအားလုံးသည် ရုတ်တရက်ပျောက်သွားကြ ပြီး လေထဲတွင် လေဟာနယ်လိုဏ်ခေါင်းပေါ်လာသည်။ ရှီမာယူယူနှင့် ဝူလင်း ယူတို့သည် ခန်းမကြီးမှပျောက်ကွယ်သွားလေသည်။
လော့ယိ၏မျက်လုံးများသည် ရှီမာယူယူ၏ တောက်ပသောမျက်လုံးများ နှင့်အတူ ပါသွားပြီး ‘ဂရုစိုက်ပါ’ ဆိုသည့် စကားလုံးများသည် သူ၏ နားရွက်ထဲ တွင် စွဲကျန်နေခဲ့သည်။
“သခင်လေး” လော့လျိုသည် အမြန်ရောက်လာပြီး စိတ်လွင့်နေသော သူ၏ သခင်လေးကိုမြင်လိုက်ရသည်။
“သူမ.. သူမ ဒီအတိုင်းထွက်သွားလိုက်ပြီ” သူ၏ နှလုံးသားမှာ ချဉ်သွား လေပြီ။ သူသည် သူမကို ကြာရှည်စွာစောင့်ခဲ့ရသည်။ သို့သော် စက္ကန့်ပိုင်းမျှသာ တွေ့လိုက်ရသည်။
“သခင်လေး တစ်နေ့နေ့ပြန်တွေ့မှာပါလို့ သခင်မလေးယူယူက ပြော သွားတာပဲ နောက်ကို သူမနဲ့ပြန်တွေ့ရမှာပါ” လော့လျိုသည် သူ့ကို နှစ်သိမ့်ပေး လေသည်။
“အင်း သွားရအောင်” လော့ယိ ပြောလေသည်။
သူတို့နှစ်ယောက်သည် ရှီမာယူယူကို စောင့်ရန်အတွက် ဤနေရာတွင် ရက်ပေါင်းများစွာ နေခဲ့သည်။ ယခု သူမ ထွက်သွားသည်ကို ကိုယ်တိုင် မျက်လုံး ဖြင့် မြင်လိုက်ရသဖြင့် ဆက်မနေချင်တော့ပေ။
“ဟုတ်ပြီ” လော့လျိုသည် လက်ကိုဝေ့လိုက်သည်နှင့် လေဟာပြင်လိုဏ် ခေါင်းပေါ်လာသည်။ သူသည် လော့ယိနှင့်အတူ အထဲသို့ဝင်လိုက်သည်။
ရုန့်ရင်းဆန်ခတ်ဖြစ်နေမှုကြောင့် လူအများရောက်လာကာ ကြည့်ကြ သည်။ သူတို့သည် ဝူလင်းယူ လေဟာပြင်လိုဏ်ခေါင်းဖွင့်သည်ကိုပင် အံ့ဩနေ ပြီဖြစ်သည်။ တခြားတစ်ယောက်မှာလည်း ထိုကဲ့သို့ ထွက်သွားသည်ကို မြင်ရ လိမ့်မည်ဟု ထင်မထားကြပေ။
“လေဟာနယ် တင်းကြပ်မှုတွေ လျော့သွားလို့များလား” သူတို့သည် သိ ချင်စိတ်ဖြင့်မေးကြသည်။ လူတစ်ယောက်သည် စမ်းကြည့်သော်လည်း လေဟာပြင်၏ ပြန်ကန်ခြင်းကိုခံလိုက်ရသည်။
“မဟုတ်ဘူး မဟုတ်သေးဘူး.. အဲလူတွေက လေဟာပြင်တင်းကြပ်မှုကို ဆန့်ကျင်ပြီးတော့ လေဟာပြင်ကို အလွယ်တကူ ဖြတ်နိုင်လောက်အောင် အရမ်းအားကောင်းတာပဲြ”
“မြို့စားကိုတောင် ဆန့်ကျင်ရဲတာဆိုတော့ ဘယ်လိုလုပ် အဲလိုအရည် အချင်းမရှိဘဲနေမလဲ”
“မြို့စားနဲ့ မြို့စားလေးတို့ နှစ်ယောက်လုံးပျောက်နေကြတယ်.. အခုက ပုန်ကန်ဖို့ အချိန်ကောင်းပဲမဟုတ်ဘူးလား.. ငါတို့ညီအစ်ကိုတွေက အလုပ် ကြမ်းလုပ်ဖို့ အတင်းအကြပ်ခိုင်းခံနေရတာ.. အခု သူတို့ကိုသွားကယ်ရင် အောင်မြင်နိုင်ချေများတယ်”
“ဟုတ်တယ် ပုန်ကန်မယ်.. အဲအဘိုးကြီးတွေလည်း တော်တော်ခံစားနေ ရပြီ.. မြို့စားအိမ်တော်ကလူတွေ အကုန်လုံးဒဏ်ရာရနေကြတာဆိုတော့ သူတို့ ကိုအရင်ခေါ်ထုတ်ကြတာပေါ့”
“အခုက အချိန်ကိုက်ပဲ.. သူတို့တွေ တုံ့ပြန်ဖို့အခွင့်အရေးမရခင် သွားရ အောင်”
မြို့စားအိမ်တော်မှ သနားစရာလူများသည် လမ်းတစ်ဝက်၌ပင် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များ၏ တိုက်ခိုက်ခြင်းကိုခံရပြီး အသက်ဝအောင် မရှု နိုင်ခင်မှာပင် မြို့သူမြို့သားများ၏ ဝိုင်းခြင်းကိုခံရလေသည်။
အချိန်ကြာမြင့်စွာရှိလာခဲ့သော နာကြည်းမှုများပေါက်ကွဲကာ ပျော်ရွှင် ခြင်းမြို့မှလူများ စိုးမိုးတော့သည်။ ပျော်ရွှင်ခြင်းမြို့မှ အခြေအနေသည် ပြောင်း လဲသွားတော့သည်….
***