← Chapters

ဒုက္ခသည်အား ခေါ်သွားခြင်း

Vol. 149 Ch. 2076

ဒုက္ခသည်အား ခေါ်သွားခြင်း

Vol. 149 Ch. 2076

သူမ အမှတ်တမဲ့လုပ်လိုက်သောအရာသည် ပျော်ရွှင်ခြင်းမြို့အတွက် ဤ ကဲ့သို့ ကြီးမားသော အပြောင်းအလဲဖြစ်သွားစေလိမ့်မည်ဟု ရှီမာယူယူ ထင် မထားခဲ့ပေ။

သူတို့ ပျော်ရွှင်ခြင်းမြို့မှထွက်လာပြီးနောက် လူသူပြတ်လပ်သည့်နေရာ တစ်ခုတွင်ရပ်ကာ နားကြသည်။

ရှီမာယူယူသည် နန်ယွိမြောင်အား ခေါ်ထုတ်လိုက်သည်။

နန်ယွိမြောင်သည် ဒဏ်ရာအပြင်းအထန်ရထားပြီး သူ၏ခန္ဓာကိုယ် ထုထည်ရှိနေအောင်ပင် မနည်းထိန်းသိမ်းထားရသည်။

ရှီမာယူယူသည် ဝိညာဉ်စိတ်သုံးကာ သူ၏ အသိစိတ်ထဲသို့ ထိုးဖောက် ဝင်ရောက်လိုက်သည်။ သူမသည် သူ၏အသိစိတ်ပင်လယ်ထဲမှ အသုံးဝင်မည့် သတင်းတချို့လိုချင်ခဲ့သော်လည်း သူ၏ အသိစိတ်မှာ ကန့်သတ်ထားပြီး အတင်းချိုးဖျက်မရကြောင်းကို တွေ့လိုက်ရလေသည်။

“သူက ဒါကိုကာကွယ်ထားတဲ့ပုံပဲ” သူမသည် နန်ယွိမြောင်ကို ဝိညာဉ် ကျောက်တုံးအတွင်း ပြန်ထည့်လိုက်သည်။ အထဲတွင် သူ၏ ဒဏ်ရာများသည် တဖြည်းဖြည်း ပြန်ကောင်းလာနိုင်သည်။ သူ့ကို နောက်တစ်ခါ လိုအပ်သည့် အချိန်တွင် အရင်လိုအခြေအနေမဟုတ်တော့ပေ။

“ဟွာဝူရှန့်နဲ့ မုလော့ဖန်တို့နှစ်ယောက်လုံးက ရှောင်ဟော်ရဲ့ လက်အောက်က အရည်အချင်းရှိကြတဲ့လူတွေပဲ.. သူတို့နှစ်ယောက်လုံးက အစကတည်းက တစ်ယောက်နဲ့တစ်ယောက် မတည့်ကြဘူး ရှောင်ဟော်ရဲ့ ဖိအားကြောင့်သာ စိတ်မပါဘဲပေါင်းနေကြတာ.. ဒါပေမဲ့ အဲဒါကလည်း အပေါ် ယံပဲ.. တစ်ခုခုဖြစ်လာတာနဲ့ သူတို့နှစ်ယောက်ကြားက နာကြည်းချက်တွေ ပေါက်ကွဲလာမှာပဲ” ဝူလင်းယူ ပြောလိုက်သည်။

“အခု မျက်စိရှေ့မှာ အခွင့်အရေးရှိလာပြီ” ရှီမာယူယူ၏ နှုတ်ခမ်းထောင့် မှာ တွန့်တက်သွားသည်။ သူမသည် သူ့လက်အောက်မှ စစ်ဦးစီးနှစ်ယောက်ကို ဒုက္ခပေးရတော့မည်ဟု တွေးလိုက်မိသည်နှင့် စိတ်ခံစားချက်ကောင်းလာသည်။

အစပိုင်း သူမနှင့် ဒိကျဲ့ဆွေးနွေးထားသည်မှာ ချင်းဟွမ်သည် သူမ၏မိခင် နှင့် ချိပ်စည်းကိုလဲထားသဖြင့် အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကို ပေးမည် မဟုတ်ပေ။ထို့ကြောင့် အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းပေးရန် နည်းလမ်းရှာ ရမည်။

သူသည် လောဘရှိကာ ကာမဇောကြီးပုံရပြီး တဟုန်ထိုး အောင်မြင်လို စိတ် ထက်သန်သည်မှလွဲပြီး တခြားအားနည်းချက်မရှိသည့်ပုံပင်။ ဤကဲ့သို့ သန်မာပြီး ရန်လိုတတ်သူနှင့် ရင်ဆိုင်ရသည်မှာ အမှန်ကယ်ပင် စိတ်လှုပ်ရှား ဖွယ်ဖြစ်သည်။

သူမ ဝူရှန်းမြို့တွင်ရှိစဉ်က ရှောင်ဟော်နှင့် စသင့်သည်ဟု ဒိကျဲ့နှင့် ဆွေးနွေးခဲ့သည်။ သို့မှသာ ရှောင်ဟော်သည် ချင်းဟွမ်ကိုအနိုင်ယူရန် သော့ချက်ဖြစ်လာနိုင်သည်။ သို့သော် ဤတစ်ကြိမ်တွင် ပစ်မှတ်မှာ ရွှီယွိဖြစ် သည်။ သို့သော်ငြား ရွှီယွိသည် နှင်းဖြူစင်ကြာပွင့်ကိစ္စနှင့် ရှုပ်ထွေးနေခဲ့သည်။

သို့သော် နောက်ပိုင်း မုတ်ဆိတ်ကြီး၏ မှတ်ဉာဏ်မှတစ်ဆင့် မုလော့ဖန် နှင့် ဟွာဝူရှန့်တို့ကြားမှ ရန်ငြိုးကို သိခဲ့ရသည်။ သူတို့အကြားတွင် နန်ယွိမြောင် ဆိုသည့် ချိန်ကိုက်ဗုံးရှိနေသည်ကိုလည်း သိလိုက်ရသည်။ ဤကဲ့သို့ အသုံးဝင် သော သတင်းမရလိုက်လျှင် သူမ မုတ်ဆိတ်ကြီးကို စိတ်ပျက်မိမည်ဖြစ်သည်။

“ဒါဆိုလည်း အခုဟွာဝူရှန့်ကို သွားရှာကြတာပေါ့ ဒါပေမဲ့ သူက အခု ဘယ်ရောက်နေလဲမသိဘူး”

“စစ်ဦးစီး ၁၀ ယောက်မှာ သူတို့တာဝန်ယူထားရတဲ့ ခရိုင်တွေရှိကြတယ် သူကလည်း အထင်ကရလူဆိုတော့ တစ်ယောက်ယောက်ကတော့ သူ့နေရာကို သိမှာပဲ” ဝူလင်းယူ ပြောလိုက်သည်။

“ပြောဖို့တော့လွယ်တယ်လေ အံ့ဖွယ်ဟင်္သပဒါးခရိုင်က ဒီလောက်ကြီး တာ.. သူဘယ်မှာလဲဆိုတာ သိရင်တောင် အဲဒီကိုရောက်တာနဲ့ ရှိချင်မှရှိတော့ မှာလေ”

“အရင်ဆုံး သူဘယ်မှာလဲဆိုတာ အနည်းဆုံးတော့ သိရတာပေါ့.. အခုက ယေဘုယျနေရာကိုတောင် မသိနေတာ.. အဲဒီတော့ နောက်တစ်ဆင့်အတွက် အစီအစဉ်ချမရဘူး” ဝူလင်းယူသည် သူမ၏ ဆံနွယ်များကို ပွတ်သပ်လိုက်သည် “စိတ်မပူပါနဲ့ နန်ယွိမြောင် လက်ထဲရှိမှတော့ အဲနှစ်ယောက်လည်း ပြေးမလွတ် ဘူး”

“အင်း ကျွန်မ နည်းနည်းစိတ်ပူသွားလို့” ရှီမာယူယူနှုတ်ခမ်းဆူမိသည် “မြို့တစ်မြို့ရှာပြီး မေးမြန်းကြတာပေါ့”

သူတို့နှစ်ယောက်သည် အတန်ကြာလျှောက်လာပြီးနောက် ကြွယ်ဝ ဖြစ်ထွန်းပုံရသော မြို့တစ်မြို့သို့ရောက်လေသည်။ သူတို့သည် မြို့ထဲသို့ ဝင်ရန် ဝင်ကြေးအများအပြားပေးရသည်။ ထို့အပြင် တချို့သောအကြောင်းအရင်းများ ကြောင့် မြို့သို့ဝင်သည့်လူတန်းမှာလည်း အတော်ရှည်လျားသည်။

ရှီမာယူယူသည် အရှေ့မှမြို့တံခါးကိုမမြင်ရသလို အနောက်မှလူတန်းမှာ လည်း အဆုံးကိုမမြင်ရပေ။ ဤနေရာမှ တိုက်ပွဲအစီအရင်များသည် ပျော်ရွှင် ခြင်းမြို့ထက်ပင် အားကောင်းလေသည်။

လူတစ်ဦးစာ ဝင်ကြေးမှာ အလယ်အလတ်အဆင့် ကျောက် ၁ ထောင် ပေးရသည်။ ဒီအဖွဲ့လိုက်ကြီးနဲ့ဆိုရင် နေ့စဉ်ဝင်ကြေး တစ်နေ့ကိုဘယ်လောက် တောင်ရမှာလဲ။

“ဟွာရှန့်က ပိုက်ဆံမက်တာလား ဝင်ကြေးကလည်း ဈေးကြီးလိုက်တာ” ရှီမာယူယူသည် ခံစားချက်ပါပါ သက်ပြင်းချလေသည်။

“ကောင်မလေး မင်းက အခုမှရောက်ဖူးတာလား” အရှေ့မှ အဘိုးအိုတစ် ယောက်သည် သူမစကားများကို ကြားပြီးလှည့်ကာ သူမကို စကားလာပြော သည်။

“ဟုတ်ပါတယ် ကျွန်မက ဒီကိုရောက်တာမကြာသေးပါဘူး မြို့နှစ်မြို့ပဲ ရောက်ပါသေးတယ်” ရှီမာယူယူသည် မသဲမကွဲပြောလိုက်သည် “ဒါပေမဲ့ အရင်သွားခဲ့တဲ့ မြို့တွေမှာ ဒီလောက်လူအများကြီးမရှိဘူး.. ဒီမှာကျ ဘာလို့ လူ အရမ်းများတာလဲ.. အကုန်လုံးက မြို့ဝင်ကြေးကို ဒီလောက်အများကြီးပေးရ တာ.. ဒါကအုပ်ချုပ်သူက အမြတ်ကြီးစားတာမဟုတ်ဘူးလား”

အဘိုးအိုသည် ပြုံးပြီး ပြောလိုက်သည် “ကောင်မလေး မင်း အတွေးလွန် နေပြီ.. ဒါဘယ်လိုလုပ် လူများတာဖြစ်နိုင်မျာလဲ.. ပြီးတော့ ဝင်ကြေးက ဒီရက် ပိုင်းမှာမှ မြင့်နေတာ.. ပုံမှန်ဆိုနည်းပါတယ်”

“အိုး.. ဒီရက်ပိုင်းမှာ ဘာများထူးခြားတာရှိလို့လဲ” ရှီမာယူယူသည် သိချင် စိတ်ဖြင့် မေးလိုက်သည်။

“ကြည့်ရတာ တကယ်ပဲ အခုမှရောက်ဖူးတာထင်တယ်” အဘိုးအို ပြော လိုက်သည် “ဒီရက်ပိုင်းမှာ နှစ်တိုင်းဖြစ်နေကျ မုန်တိုင်းရာသီရှိတယ်”

“မြို့ထဲဝင်တာနဲ့ မုန်တိုင်းရာသီက ဘာဆိုင်လို့လဲ”

“မြို့ထဲမှာ ဒုက္ခသည်တွေခေါ်တာပဲလေ… နှစ်တိုင်း ဒီအချိန်ဆို တိုက်တဲ့ လေက သာမန်လေမဟုတ်ဘူး.. လေကအရမ်းအားကောင်းလို့ ခန္ဓာကိုယ်တွေ တောင်လွှင့်သွားစေတယ်.. အဲအချိန်ဆို မြိုဲ့မှာပဲနေပြီးတော့ လေစွမ်းအားကို ခုခံရတာပဲ” အဘိုးအိုသည် ရှင်းပြလေသည် “အဲဒါကြောင့် ဒီအချိန်ဆို မြို့ထဲဝင် တဲ့လူတွေ ပိုများတယ် ဝင်ကြေးကလည်း ဈေးကြီးတယ်”

“ဝင်ကြေးပေးဖို့ မတတ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ.. အဲလိုဆို အပြင် မှာပြနေပြီး လေတိုက်ခံရမှာလား”

“တခြားနည်းလမ်းတွေလည်းရှိပါတယ်.. ဥပမာဆိုရင် ၁ နှစ် စစ်မှုထမ်းပါ မယ်ဆိုပြီး လုပ်အားပေးလို့ရတယ်၊ သူတို့သဘောတူရင် ဝင်ကြေးမပေးရဘဲ ဝင်လို့ရတယ်.. အဲဒါမှမလုပ်ချင်ဘူးဆိုရင် အပြင်မှာသေဖို့ပဲ ထိုင်စောင့်ရတော့ မှာပေါ့”

“တော်တော်လေး လူသားဆန်တာပဲ”

“ဘယ်ဟုတ်ပါ့မလဲ” အဘိုးအိုသည် သက်ပြင်းချပြီး ခေါင်းခါလေသည် “၁ နှစ် စစ်မှုထမ်းတယ်ဆိုပေမဲ့ အသက်ရှင်ပြီး ဘယ်နယောက်ထွက်လာနိုင်မလဲဆို တာ ဘယ်သူမှမသိဘူး.. အဲလိုနဲ့ မိတ်ဆွေတချို့တောင် ဆုံးရှုံးလိုက်ရပြီ”

“အဲလိုမျိုးရှိသေးတာလား”

“ရှိတာပေါ့.. အဲဒီအုပ်ချုပ်သူတွေက အဲလောက်ကောင်းတယ်လို့ ထင်နေ တာလား.. ကျုပ်တို့လို နောက်ခံမရှိ အားမရှိတဲ့ အားနည်းတဲ့ကျင့်ကြံသူတွေက တော့ စစ်မှုထမ်းရင်းသေတာတောင် ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူး” အဘိုး အိုသည် သက်ပြင်းရှည်ချလေသည်။

“အဘိုး အဘိုးရဲ့လေသံကို နားထောင်ရတာ စစ်မှုထမ်းဖို့ ပြောမှာထင် တယ်”

“ဟား ဟား ကောင်မလေးက မင်းက အရိပ်အကဲကြည့်တတ်တာပဲ.. ကျုပ်က စစ်မှုထမ်းဖို့ ပြောကြည့်မှာ” အဘိုးအိုသည် ခါးသီးစွာပြုံးလိုက်သည် “ကျုပ်မှာ ပိုက်ဆံမလောက်ဘူး.. ပြီးတော့ ကျင့်စဉ်အရင်းအမြစ်တွေဝယ်ဖို့ ပိုင်ဆိုင်မှုတွေအကုန် သုံးလိုက်ပြီ.. နောက်နှစ်ထိ အသက်ရှင်နိုင်ပါ့မလား တောင် မသိပါဘူး”

ရှီမာယူယူသည် သူ့ကို သနားသွားသည် “အဘိုးလိုမျိုး အားနည်းတဲ့ ကျင့်ကြံသူတွေက နေရာတိုင်းကို သွားကြလား.. ဒီနေရာကအခြေအနေနဲ့ရော ရင်းနှီးလား”

“မင်းပြောတာမှန်တယ်.. ကျုပ်တို့သာ နေရာတကာမသွားရင် ကျင့်စဉ် အရင်းအမြစ်တွေကို ဘယ်မှာသွားရှာမှာလဲ” အဘိုးအို ပြောလေသည် “မင်း ဘာသိချင်လဲ မေးသာမေးပါ အဖြေသိရင်ပြောပြမှာပေါ့”

“ဒီမှာ.. ကျွန်မတို့က ဒီကိုအခုမှရောက်ဖူးတာ ဒီနေရာနဲ့ မရင်းနှီးဘူး.. ဘယ်နေရာက တိုးတက်လဲ၊ ဘယ်နေရာကို မသွားသင့်ဘူးလဲ ဘယ်သူတွေကို သွားရန်မစသင့်ဘူးလဲဆိုတာ မသိဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “ပြောပြပေးပါ ကျွန်မ အဘိုးရဲ့ဝင်ကြေးအတွက်ပေးပြီး ၁ နှစ်စာအချိန် ဝယ်ပေး ပါမယ်.. အဘိုးရဲ့ အစားအသောက်နဲ့အဝတ်စားအပြင် လုံခြုံရေးကိုပါ တာဝန် ယူပါတယ်.. အဲလိုဆိုရင် ကျွန်မတို့ကို လိုက်ပြပေးနိုင်မလား”

“ကောင်မလေး တကယ်ပြောနေတာလား” အဘိုးအိုသည် ပျော်သွား သည်။ စစ်မှုထမ်း အလုပ်ကြမ်းလုပ်ရသည်ထက် သူတို့နောက်လိုက်သည်က အသက်ဝင်သည့် ၁ နှစ်တာပိုင်ဆိုင်ရလိမ့်မည်။

“တကယ်ပြောတာပေါ့ ကျွန်မက နောက်နေတဲ့ပုံပေါက်နေလို့လား” ရှီမာယူယူ ပြောလိုက်သည် “အဘိုး လုပ်ချင်ရဲ့လား”

***

All Chapters