← Chapters

မေးမြန်းခြင်း

Vol. 149 Ch. 2077

မေးမြန်းခြင်း

Vol. 149 Ch. 2077

ဤမျှကောင်းသော ကမ်းလှမ်းချက်ကို ပြန်စဉ်းစားရန်ပင်မလိုတော့ပေ။ အဘိုးအိုသည် ရာနှုန်းပြည့် ဆန္ဒရှိသည်။ ဒီမိန်းကလေးက လက်လွယ်မယ့်ပုံပဲ အတူသွားရင် ခက်ခဲမယ့်လူမျိုးမဟုတ်ဘူး။

သည်လိုနှင့် သူသည် သည်တစ်ကြိမ် ဝင်ကြေးအတွက် ၁ နှစ် အလုပ် ကြမ်းလုပ်ရန်မလိုတော့ပေ။ ထို့အပြင် သူသည် ၁ နှစ်စာ ကုန်ကျစရိတ်အတွက် မပူပန်ရတော့ပေ။ ဤကဲ့သို့ ကောင်းသောကိစ္စသည် ရောက်လာခဲသည်။ သူသာ ငြင်းဆန်လိုက်လျှင် ပုံမှန်မဟုတ်တော့ပေ။

“သဘောတူလိုက်တဲ့ပုံပဲ ကောင်းတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် တကယ် ကျေးဇူးတင်ပါတယ်” အဘိုးအိုသည် အလွန်ပင် ပျော်သွားသည်။ ရှီမာယူယူသည် သူ့ကိုကူညီရန်အတွက် ဤသို့ပြုမူ သည်ကို သူသိသည်။ သူမကို လမ်းညွှန်ပေးရန်ဆိုသည်မှာ တွေ့ကရာကောက် ပေးလိုက်သည့် ဆင်ခြေတစ်ခုသာဖြစ်သည်။

ရှီမာယူယူ ပြုံးလိုက်သည်။ ဤအခြေအနေကို ရှင်းပြမည့်သူကို အမှန် တကယ်ရှာနေခြင်းဖြစ်ရာ ဝင်ကြွေးမှာလည်း မပြောပလောက်ပေ။

“လူတန်းက စောင့်ရဦးမယ်ဆိုတော့ ဒီကအခြေအနေကို ဘာလို့မပြောပြ ရမှာလဲ”

“ဟုတ်ပြီ”

အဘိုးအိုပြောပြချက်အရ ရှီမာယူယူသည် သူမရောက်နေသည့်နေရာ အကြောင်းကို သိသွားသည်။

ဝူရှန့်မြို့သည် ဟွာဝူရှန့်၏ ဒုတိယရုံးစိုက်ရာဖြစ်သည်။ အင်ပါယာမြို့ တော်တွင် နေသည့်အချိန်မှလွဲပြီး အချိန်အများစုတွင် ဤနေရာတွင် ကုန်ဆုံး သည်။ သူမ ကံကောင်းလျှင် သူ့ကိုဤနေရာတွင် တွေ့နိုင်သည်။

သို့သော် ဟွာဝူရှန့်အကြောင်း မေးသည်ကို အဘိုးအိုကြားသောအခါ သူမ၏ စိတ်ကူးကို ဖျက်ဆီးပစ်လိုက်သည် “စစ်ဦးစီးဟွာက လတ်တလော မြို့ ထဲမှာမရှိတာ သေချာတယ်”

“ဘာလို့လဲ”

“ဟိုးတလောက အဇူရာနဂါးဝိညာဉ်နယ်မြေ အရည်အချင်းစစ်ပွဲရှိတယ်.. စစ်ဦးစီးဟွာက စမ်းသပ်ပွဲကို အမြဲတမ်းကိုယ်တိုင်တက်တယ်.. သူရွေးလိုက် တဲ့သူက ဝိညာဉ်နယ်မြေမှာ အမြင့်ဆုံးအဆင့်ရတာပဲ”

“အရည်အချင်းစစ်ပွဲဟုတ်လား ဘယ်မှာလုပ်တာလဲ”

“အင်ပါယာမြို့တော်နားက မြို့တစ်မြို့မှာပဲထင်တယ်.. ကျုပ်တို့လို အား နည်းတဲ့ကျင့်ကြံသူတွေက အဲလိုကိစ္စကို ဘယ်လိုလုပ်သိမှာလဲ” အဘိုးအို ရယ် မောလေသည်။

“အဲဒါကိုမကြေညာဘူးလား” ရှီမာယူယူ မေးလိုက်သည်။

“ကြေညာစရာမလိုဘူးလေ.. အဲလူတွေက အင်အားစုတွေက အမှန်အကန် အားကောင်းတဲ့လူတွေချည်းပဲ.. သူတို့က သိလာတာကြာနေပြီ ဘာလို့ကြေညာနေတော့မှာလဲ”

“တခြားအရည်အချင်းရှိသူတွေကျရော”

“အဲဒီလိုအခြေအနေက ရှားတယ်.. ဝိညာဉ်တွေ ဒီကိုရောက်လာပြီးရင် ဘာဖြစ်တတ်လဲဆိုတာ မိန်းကလေးလည်းသိတာပဲ.. အရည်အချင်းရှိတဲ့သူတွေ ကို ခေါ်သွားပြီးတော့ ကျန်တဲ့လူတွေက အသက်ရှင်ရင်တောင် အဲလိုအဖြစ်ကို မပြောင်းလဲနိုင်ဘူး.. ပြီးတော့ အရည်အချင်းစစ်ပွဲဆိုတော့ ဒီအတိုင်းဝင်လို့မရ ဘူး.. အရည်အချင်းစစ်ပွဲမှာပါဖို့ ထောက်ခံပေးတဲ့သူရှိရမယ်”

ဤကဲ့သို့အခြေအနေမျိုးတွင် သူတို့သည် ကမ္ဘာကြီးအား ကြေညာရန် အမှန်တကယ်မလိုတော့ပေ။ အရည်အချင်းရှိသူဝိညာဉ်များ တစ်ယောက် သို့မဟုတ် နှစ်ယောက် လွတ်သွားလျှင်လည်း ကိစ္စမရှိပေ။ ထို့အပြင် မည်သို့ ပင်ဖြစ်စေကာမူ ကမ္ဘာပေါ်မှ အရည်အချင်းရှိဝိညာဉ်များအားလုံးကို ခေါ်ယူရန် လည်းမဖြစ်နိုင်ပေ။

“သူ တစ်ယောက်ပဲ တပ်သားစုဆေင်းတာလား.. ဒီမှာ စစ်ဦးစီးနှစ် ယောက်ရှိတယ်လို့ သိထားသလိုပဲ”

“မုလော့ဖန်ကို ပြောတာလား.. သူက အရည်အချင်းရှိတဲ့သူတွေကို စုပြီး နေပြီ” အဘိုးအို ပြန်ဖြေလေသည် “ဒါပေမဲ့ ဒီအရည်အချင်းစစ်ပွဲ ကြည့်ဖို့ စစ်ဦးစီးဟွာက စစ်ဦးစီးမုကို ဖိတ်ထားတယ်လို့ကြားတယ်”

“အဲတော့ သူတို့က အဲဒီမှာအခု အတူရှိနေကြတာပေါ့”

“ဖြစ်လောက်မယ် ဒါပေမဲ့ စစ်ဦးစီးတွေရဲ့နေရာကို ကျုပ်တို့မသိဘူးလေ.. ရှိလား မရှိဘူးလား ဘယ်သူသိမှာလဲ”

“သူရှိရှိ မရှိရှိ ကျွန်မ သွားကြည့်ချင်တယ်” ရှီမာယူယူ ပြုံးလိုက်သည်။ အရင်ကသတင်းမရှိခဲ့ပေ။ ယခု သတင်းရလာပြီဖြစ်သည်။

သူတို့သည် စကားပြောရင်းနှင့် တဖြည်းဖြည်းမြို့တံခါးနားသို့ နီးလာပြီ ဖြစ်သည်။ သူတို့အလှည့်ရောက်ချိန်တွင် မှောင်စပြုနေလေပြီ။

ရှီမာယူယူသည် လူသုံးယောက်စာ ဝင်ကြေးပေးလိုက်ရာ တပ်သားသည် သူတို့သုံးယောက်ကိုကြည့်ပြီး ခေါင်းညိတ်ကာ ဝင်ခိုင်းသည်။ သူတို့ မြို့အတွင်း သို့ဝင်ပြီးနောက် တပ်သားသည် သူ့နေရာကို တခြားတစ်ယောက်အား အစား ဝင်ခိုင်းပြီး မြို့ထဲသို့ အမြန်သတင်းသွားပို့လေသည်။

ရှီမာယူယူသည် ပစ်မှတ်ထားခံလိုက်ရပြီကို မသိပေ။ သူမသည် အဘိုးအို ကို တည်းခိုဆောင်သို့ ခေါ်သွားသည်။ သူတို့ တည်းခိုဆောင်တွင် တည်းခိုသည့် သတင်းသည် မြို့စားအိမ်တော်တွင် ပြန့်သွားသည်။

မြို့စားအိမ်တော်တွင် အဖြူဝတ်ထားသောလူကြီးသည် ပင်မခုံတွင်ထိုင် ကာ အောက်မှလူများကိုကြည့်ပြီး‌ မေးလိုက်သည် “ဒီသတင်းက အမှန်ပဲလား အဲနှစ်ယောက်ဆိုတာ သေချာလား”

“တမန်တော်ပိုင် အဲလူနှစ်ယောက်က ပုံတူထဲကနှစ်ယောက်နဲ့ တစ်ပုံစံ တည်းပါပဲ” ဒူးထောက်နေသောလူသည် သတင်းပို့လေသည်။

“အဲလူတွေက ရဲတင်းတာပဲ.. သူတို့က နန်ယွိမြောင်ကိုဖမ်းပြီးတော့ ဝူရှန့် မြို့ကိုတောင် လာရဲသေးတယ်” ပိုင်မေဟွေ့ နှာမှုတ်လေသည် “နန်ယွိမြောင်ကို ရောမြင်လား”

“မမြင်ပါဘူး ကျွန်တော့်အထင်တော့ သူ့ကို ဝိညာဉ်ကျောက်တုံးထဲ ထည့် ထားတာဖြစ်မယ်”

“အင်း သူတို့လှုပ်ရှားမှုတွကို အနီးကပ်စောင့်ကြည့်ထားလိုက် ငါက နန်ယွိမြောင်ကို သဘောမကျပေမဲ့ သူက စစ်ဦးစီးရဲ့လူဖြစ်နေတုန်းပဲ.. သူသာ အဖမ်းခံလိုက်ရရင် သူ့ကြောင့် ငါတို့တွေပါ ပါသွားနိုင်တယ်.. မပေါ်အောင် သတိထားနေကြ”

“ဟုတ်ကဲ့ပါ တမန်တော်ပိုင်” ဒူးထောက်နေသောလူသည် ထပြီးထွက် သွားလေသည်။

တပ်သားထွက်သွားပြိးနောက် ပိုင်မေဟွေ့၏အနောက်မှ ကိုယ်ရံတော် သည် ညည်းညူလေသည် “သခင် ဒီအခွင့်အရေးမှာ သူ့ကိုဘာလို့ ရှင်းမပစ်ဘဲ ကယ်ပေးနေတာလဲ”

“သူ့ကိုကယ်တယ်ဟုတ်လား.. သူ့ကိုကယ်ချင်ပါတယ်လို့ ဘယ်သူပြော လဲ” ပိုင်မေဟွေ့သည် နှာမှုတ်လေသည် “ငါက သူ့ကို လက်စားချေချင်တာပဲ.. ပြီးတော့ ငါတို့အကုန်လုံးကမြို့စားတွေလေ.. စစ်ဦးစီးတစ်ယောက်တည်းမှာ တာဝန်ထမ်းနေကြတာပဲ”

“လက်အောက်ငယ်သား နားလည်ပါပြီ”

နန်ယွိမြောင်သည် မသေသေးသဖြင့် သူတို့သည် လက်စားချေရန်ပြောနေ ခြင်းပင်။ သူ အသက်မရှင်နိုင်သည်မှာ သံသယဝင်ဖွယ်မရှိပေ။

သူ့ကိုစောင့်နေသည်မှာ ကံကြမ္မာတစ်ခုသာရှိသည်။ သေမည့်သူမှာ သူတို့ ဖြစ်မလား တစ်ဖက်လူဖြစ်မလားဆိုသည်ကို မသိရုံသာဖြစ်သည်။

ရှီမာယူယူသည် မြို့ထဲတွင် နှစ်ရက်ကြာအောင်နေသည်။ ရာသီဥတု သာယာနေသည်ကိုမြင်သည်နှင့် သူမ အဘိုးအိုကို မေးလိုက်သည် “ဦးလေးလီ ဦးလေးပြောတဲ့ လေပြင်းတိုက်မယ်ဆိုတာ တကယ်ရောဟုတ်ရဲ့လား.. ရာသီ ဥတုက ဒီလောက်ကောင်းနေတာ လေတိုက်မယ့်ပုံလည်း မပေါ်ဘူး”

သူမသည် ဟွာဝူရှန့်ကို ဖြစ်နိုင်သလောက် မြန်မြန်သွားရှာချင်သည်။ လေပြင်းကြောင့်သာမဟုတ်လျှင် သတင်းရသည်နှင့် သွားချင်မိသည်။

“သတိပေးချက်လက္ခဏာမရှိတာက မလာဘူးလို့ ဆိုလိုတာမဟုတ်ဘူး.. အနည်းဆုံးတော့ သုံးရက်မကျော်ဘူး.. လေပြင်းလာလိမ့်မယ်” အဘိုးအိုလီ သည် သေချာစွာပင် အတပ်ပြောလေသည်။

ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည်။ သူသည် သေချာနေသဖြင့် သူမ ဘာမှထပ်မပြောတော့ပေ။

“မိန်းကလေး အရည်အချင်းစစ်ပွဲကို တက်ချင်လို့လား” အဘိုးအိုလီ မေး လိုက်သည်။

“ဟုတ်ကဲ့” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ ဟွာဝူရှန့်ကိုရှာနေကာ အရည်အချင်းစစ်ပွဲသို့ သွားသည်မှာ သူ့အတွက် အတူတူလိုပင်ဖြစ်ရာ နားလည် မှုလွဲနိုင်သည်။ သူ့ကိုရှင်းပြရန်မလွယ်သဖြင့် နားလည်မှုလွဲနေသည့်အတိုင်းသာ ထားလိုက်တော့သည်။

“စိတ်ပူဖို့မလိုပါဘူး အရည်အချင်းစစ်ပွဲလုပ်တာ ကြာတယ်.. မုန်တိုင်း ရာသီပြီးသွားရင် အဲဒီကိုအမြန်သွားလို့ရပါတယ်” အဘိုးအိုလီ ပြောလေသည် “ဒါပေါ့ အရင်ဆုံးတော့ အရည်အချင်းစစ်ပွဲနေရာကို အတိအကျသိအောင်လုပ် ရဦးမယ်”

“အဲဒါကတော့ ပြဿနာမဟုတ်ပါဘူး.. ဒါက ဟွာဝူရှန့်ရဲ့ ဌာနချုပ်ပဲမလား” ရှီမာယူယူသည် ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

တခြားနေရာမှလူများ မသိရင်မသိဘဲနေလိမ့်မည်။ သို့သော် ဌာနချုပ်မှလူ များသည် ပိုသိလိမ့်မည်။ ဤနေရာတွင် သတင်းစုံစမ်းရန် ပိုလွယ်မည်။

သို့သော် သူမအတွက် အခက်တွေ့နေသည်မှာ ဤနေရာသို့ ရောက် ကတည်းကပင် နီရဲပျားများကို အသုံးပြု၍မရပေ။ ဝူလင်းယူ၏ ခန့်မှန်းချက်အရ ဤနေရာမှဝိညာဉ်မျိုးနွယ်တွင် သက်ရှိများမရှိခြင်းကြောင့်ဖြစ်မည်။ ထို့ကြောင့် သက်ရှိများပေါ်လာလျှင် အလွန်ပင် အာရုံခံပါးကြသည်။ ထို့အပြင် နီရဲပျားများ သည် အရှိန်အဝါကိုဖုံးထားနိုင်သော်လည်း အသက်ကိုတော့ ဖုံးမထားနိုင်ကြ ပေ။

ထိုအရာကပင် သတင်းစုံစမ်းရန် ဆူးညှောင့်ခလုတ်ဖြစ်နေသည်။

ထို့ကြောင့်ပင် မြို့ထဲသို့ထွက်လာကာ သတင်းရလိုရငြား လမ်းလျှောက် နေရခြင်းဖြစ်သည်။

ဝူလင်းယူသည် ပြတင်းပေါက်တွင်ထိုင်ကာ အပြင်ဘက်မှ လမ်းကိုကြည့် ပြီး မျက်မှောင်အသာကြုတ်လိုက်သည်။

***

All Chapters