← Chapters

ပစ်မှတ်ထားခြင်း

Vol. 149 Ch. 2078

ပစ်မှတ်ထားခြင်း

Vol. 149 Ch. 2078

၎င်းမှာအလွန်မသိသာသော်လည်း ရှီမာယူယူ သတိထားမိသည် “ဘာလို့ လဲ တစ်ခုခုမြင်လိုက်လို့လား”

“ဘာမှမဟုတ်ဘူး” ဝူလင်းယူသည် သူမကို ပြောရန်အစီအစဉ်မရှိပေ။ ဤကဲ့သို့ သေးငယ်သောကိစ္စများကို သူမ သိရန်မလိုပေ။

သို့သော် ရှီမာယူယူသည် သူ့ကို ကောင်းကောင်းသိသည်။ သူ ဤကဲ့သို့ ပြောလာသည်ကို သူမ ချက်ချင်းနားလည်လိုက်သည်။ သို့သော် နှစ်ယောက်လုံး ၏ အတွေးမှာတူသည်။ ထိုကိစ္စသည် သေးငယ်သောကိစ္စသာဖြစ်သည်။

လောင်လီသည် သူတို့ကဲ့သို့ လိုက်ဖက်ညီမှုမရှိပေ။ ရှီမာယူယူ စိတ်လွင့် နေသည်ကို သူ ကြည့်ပြီး မေးလိုက်သည် “ဒီမှာ ထိုင်နေတာ ၁ နာရီရှိနေပြီ ဒါပေမဲ့ အသုံးဝင်တဲ့သတင်းလည်းမရသေးဘူး တခြားလက်ဖက်ရည်ဆိုင်ကို သွားကြည့်ကြမလား”

ရှီမာယူယူ ခေါင်းခါလိုက်သည် “မလိုဘူး”

သူမ ပျော်ရွှင်ခြင်းမြို့တွင်ရှိစဉ်က ဤနေရမှလူများသည် လက်ဖက်ရည် သောက်ရသည်ကို မနှစ်သက်ကြောင်းသိခဲ့သည်။ အတိအကျဆိုရလျှင် သူတို့၏ ခန္ဓာကိုယ်မှာ ရုပ်လုံးမပေါ်သဖြင့် လက်ဖက်ရည်မသောက်ကြပေ။ ပြီးနောက် ရုပ်လုံးပေါ်သူများလည်း ကျန်းမာရေးကိစ္စကြောင့်လားတော့မသိပေ လက်ဖက် ရည် မနှစ်သက်ကြပေ။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်မှာ နည်းပါးလှသည်။ ဟွာဝူရှန့်၏ စခန်းကြောင့်သာမဟုတ်လျှင် အနည်းအကျဉ်းပင်ရှိမည်မဟုတ် ပေ။

ထို့ကြောင့်ပင် သူမသည် ထိုလက်ဖက်ရည်ဆိုင် အနည်းအကျဉ်းမှ လိုအပ် သည့်သတင်းများ ရနိုင်မည်မဟုတ်ပေ။ သူမသည် စိတ်ပျက်သွားသော်လည်း မအံ့ဩနေတော့ပေ။

ဝူရှန့်မြို့ကို ကောင်းမွန်စွာ စီမံခန့်ခွဲထားသည်။ သူတို့၏ အခြေစိုက်ဌာန ချုပ်ဖြစ်၍လားမသိပေ.. သူ၏ကိစ္စများကို ပြောခြင်းကိုတားမြစ်ထားသည်။

“ဒါဆိုရင် ကျုပ်တို့လိုချင်တဲ့ သတင်းကိုဘယ်လိုလုပ်မလဲ” လောင်လီ စိုးရိမ်တကြီးမေးလေသည်။

သူသည် ရှီမာယူယူ အရည်အချင်းစစ်ပွဲ လွတ်သွားမည်ကို စိုးရိမ်ခြင်း မဟုတ်ပေ။ ရှီမာယူယူ ထိုနေရာသို့မရောက်သွားလျှင် သူ့ကို ဆက်မခန့်တော့ မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

သူမသည် သူ့ကို ၁ နှစ်စာ လစာပေးမည်ဟု ကတိပေးထားခဲ့သည်။ ဤ အတိုင်းသာဆက်သွားပါက သူသည် ပိုက်ဆံစုမိမည်ဖြစ်သည်။

“ဒီနည်းလမ်းက သိပ်မဖြစ်နိုင်ဘူး.. တခြားနည်းလမ်းစဉ်းစားဖို့လိုတယ် ဘယ်လိုပဲဖြစ်ဖြစ် မုန်တိုင်းရာသီရောက်ဖို့က သုံးရက်လိုသေးတယ်.. ဒီကို ရောက်နေတာက လတစ်ဝက်နီးပါးရှိနေပြီ.. သတင်းကို တစ်နည်းနည်းနဲ့တော့ ရသင့်နေပြီ.. အခုလည်း ထွက်လာတာ တစ်ရက်ရှိပြီဆိုတော့ ပြန်ပြီးနားသင့်ပြီ”

သူတို့ တည်းခိုဆောင်သို့ပြန်ကြသည်။ တခြားလူများ၏ အာရုံမရစေရန် အခန်းနှစ်ခန်းသာငှားသည်။ ရှီမာယူယူ သူမ၏အခန်းသို့ရောက်သည်နှင့် မေး လိုက်သည် “မြို့စားအိမ်တော်ကလူတွေလား ဒါမှမဟုတ် ဟွာဝူရှန့်ရဲ့လူတွေ လား”

“ကိုယ်လည်း မပြောတတ်ဘူး.. ဒါပေမဲ့ အဲလူတွေက မြို့ထဲကိုဝင် ကတည်းက စောင့်ကြည့်နေတာပဲ” ဝူလင်းယူ ပြောလိုက်သည် “ကြည့်ရတာ ဒီနေ့က အရေအတွက်များလာတာပဲ”

“သူတို့တွေ တိုက်ခိုက်ဖို့ကို မစောင့်နိုင်တော့လို့လား” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ အချိန်တော့မကျသေးပေ။

မုန်တိုင်းရာသီသည် မကြာခင်ရောက်လာတော့မည်။ သူတို့ ယခု မြို့မှ ထွက်သွားလျှင် မည်သည့်နေရာသို့သွားစေကာမူ နှစ်ရက်အတွင်း မရောက်နိုင် ပေ။ သူတို့သည် မုန်တိုင်းရာသီကို အရင်က မကြုံဖူးသဖြင့် မည်မျှအားကောင်း သည်ကို မသိပေ။ သို့သော် မြို့ထဲသို့ဝင်လာသော လူအုပ်ကြီးကိုကြည့်လျှင် အသက်ရှင်ရန် မလွယ်ကူလှသည်ကိုတော့ သိသည်။ အကယ်၍ မလိုအပ်လျှင် သူတို့ မကြုံချင်ပေ။

သို့သော် ပြီးခဲ့သည့်နှစ်ရက်တွင် သူတို့ကို စောင့်ကြည့်သူမှာ မများလှပေ။ ယခုအရေအတွက်များလာသည်။ ဒါက စစ်ဦးစီးရဲ့ သဘောထားကို ကိုယ်စားပြု တာပဲမလား။

“ပြောလို့တော့မရသေးဘူး ကြည့်ရဦးမယ်” ဝူလင်းယူလည်း မသေချာပေ “ဟွာဝူရှန့်က ပျော်ရွှင်ခြင်းမြို့မှာဖြစ်ခဲ့တာကို သိပြီးလောက်ပြီ.. သူတို့က ကိုယ် တို့ကို စောင့်ကြည့်နေပေမဲ့ မလှုပ်ရှားသေးဘူး ဆိုလိုတာက သူတို့ဘာလိုချင်လဲ ဆိုတာ သူတို့လည်း မသိသေးဘူးပဲ”

“အင်း တကယ်သာ လှုပ်ရှားရင်တော့ ဘာမှစိတ်ပူဖို့မလိုဘူး… အများဆုံး တော့ လောကအသေးထဲဝင်ပြီး ခဏလောက်ပုန်းနေတာပေါ့”

“အင်း မနက်ဖြန် စစ်ဦးစီးအိမ်တော်နဲ့ မြို့စားအိမ်တော်ကိုသွားပြီး ကြည့် လိုက်မယ်”

သူတို့သည် လက်ဖက်ရည်ဆိုင်မှ သတင်းမရသဖြင့် တခြားနည်းလမ်းကို စဉ်းစားရတော့သည်။

“ကြည့်ရတာ အခုတော့ ဒီလိုပဲလုပ်လို့ရတော့မယ်”

နောက်တစ်နေ့တွင် သူတို့သည် လောင်လီကို တည်းခိုဆောင်တွင်ထားခဲ့ ပြီး နှစ်ယောက်သား လူခွဲလိုက်ကြသည်။ သူတို့ကို နောက်ယောင်ခံလိုက်နေ သောလူများသည် ချက်ချင်းပင် လိုက်လာကြသည်။ သို့သော် သူတို့ ခဏသာ လိုက်မှီသော်လည်း ခြေရာပျောက်သွားကြလေသည်။

သူတို့နောက်သို့လိုက်လာကြသော နှစ်ယောက်သည် နေရာတိုင်းကို ရှာ ကြည့်သည်။ သူတို့ကို မျက်ခြေပြတ်သွားသည်မှာ သေချာသည်နှင့် ဆူပုပ်နေ သော မျက်နှာများဖြင့် ပြန်လာကြသည်။ သူတို့သည် ဤလောက်မြန်မြန် မျက်ခြေပြတ်သွားမည်ဟု ထင်မထားပေ။ ပြီးနောက် သူတို့ပြန်သွားလျှင် သူတို့ ကို စောင့်ကြိုနေမည့်အရာကို တွေးပြီးကြောက်ရွံ့မိကြသည်။

ပိုင်မေဟွေ့သည် မျက်ခြေပြတ်သွားသည်ဟု ကြားသည်နှင့် စက္ကန့်ပိုင်းမျှ နှုတ်ဆိတ်သွားသည်။ သူ့ဘေးမှတပ်သားသည် ဓားဆွဲထုတ်ပြီး ထိုနှစ်ယောက် ကို ပြာဖြစ်အောင်ပိုင်းလိုက်သည်။

“အသုံးမကျတဲ့အမှိုက်တွေ” ပိုင်မေဟွေ့၏ မျက်နှာထားသည် အလွန် အကျည်းတန်နေသည်။ ထိုနှစ်ယောက်ကို သတ်ပြီးသည့်တိုင်အောင် သူ့ဒေါသ မပြေသေးပေ။

“တမန်တော်ပိုင် တခြားနေရာတွေကိုလည်း စစ်မျက်နှာဖြန့်လိုက်ရ မလား” မြို့စားအိမ်တော်၏ အိမ်တော်ထိန်းမေးလေသည်။

“တခြားနေရာကို စစ်မျက်နှာဖြန့်ရင်တောင် သူတို့ကိုရှာနိုင်မှာမဟုတ်ဘူး” ပိုင်မေဟွေ့သည် ရှီမာယူယူ၏ တည်နေရာကို စိတ်မဝင်စားပေ။ သူဒေါသထွက် သည်မှာ သူတို့အလွယ်တကူ သိသွားခြင်းကြောင့်ပင်။ ထို့အပြင် ရှီမာယူယူ သည် သူ့လူများကို ခြေရာဖြတ်နိုင်ခဲ့သည်။ ဤသည်မှာ အလံနီပြခြင်းပင်။ သူ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။

“တမန်တော်ပိုင်.. ကြည့်ရတာ သူတို့တွေ ကျွန်တော်တို့ကို သိသွားပြီထင် တယ် အရင်တိုက်ခိုက်ကြမလား”

ပိုင်မေ့ဟွေ့သည် ချက်ချင်း ဆုံးဖြတ်ချက်မချပေ။ ထိုအစား သူ မေးလိုက် သည် “စစ်ဦးစီးအိမ်တော်မှာ လှုပ်ရှားတဲ့လက္ခဏာရှိလား”

“သူတို့လူတွေလည်း ပေါ်သွားပြီ.. သူတို့ ဒီလိုမလုပ်ဘဲ လူလွှတ်ပြီး စောင့် ကြည့်ရင် သူတို့လည်း…”

“စစ်ဦးစီးရဲ့လူတွေ…” ပိုင်မေဟွေ့၏ အကြည့်မှာ အေးစက်သွားသည်။ စစ်ဦးစီးအိမ်တော်မှလူများနှင့်လည်း ကာလရှည်ကြာစွာ မကျေမချမ်းမှုများရှိ သည့်ပုံပင် “မြို့စားက ဘယ်တော့ ကျင့်ကြံတာကနေထွက်လာမှာလဲ”

“လေ့ကျင့်ရေးအခန်းက လှုပ်ရှားမှုတွေကို အကဲဖြတ်ရသလောက်တော့ နောက်ရက်ပိုင်းလောက်ပဲဖြစ်မယ်.. လတစ်ဝက်အထိတော့မရောက်ဘူးလို့ ထင်ပါတယ်” အိမ်တော်ထိန်း ပြန်ဖြေလေသည်။

“မုန်တိုင်းရာသီက ရောက်တော့မယ်.. ဒီအချိန်မှာ အဆင့်တက်တာက ကောင်းတာတော့မဟုတ်ဘူး”

“ကျွန်တော်တို့ မြို့စားလည်း ဒါကိုနားလည်ပါတယ်.. အဲဒါကြောင့် တမန်တော်ပိုင်ကို လာကူညီဖို့ ဖိတ်လိုက်တာပါ”

အဆင့်တက်တော့မည် မြို့စားကိုတွေးပြီး ပိုင်မေဟွေ့သည် ဒေါသကို ချုပ်တည်းလိုက်သည် “ရှီမာယူယူနောက်ကို လူတွေဆက်လိုက်ခိုင်းလိုက် ဝေးတဲ့နေရာမှာ နေခိုင်း”

အိမ်တော်ထိန်းနှင့် ကိုယ်ရံတော်နှစ်ယောက်လုံး နားလည်ကြသည်။ သူ သည် ရှီမာယူယူကို အချိန်တစ်ခုထိ ထိမည်မဟုတ်ပေ။

ယခုအချိန်မှာ အချိန်ကောင်းမဟုတ်ပေ။ ယခုမှစပြီး မုန်တိုင်းရာသီပြီး သွားသည်အထိ အဝင်အထွက်ပိတ်မည်ဖြစ်သည်။ အချိန်တစ်ခုလောက်တော့ သူမသည် မြို့ထဲတွင်နေရမည်ဖြစ်သည်။ မြို့စားအဆင့်တက်ပြီးနောက်မှ ရှင်းလျှင်လည်း အချိန်ရသည်။

“တမန်တော်ပိုင် စစ်ဦးစီးရဲ့အိမ်တော်မှာ..” စစ်ဦးစီးအိမ်တော်အကြောင်း ပြောရာတွင် အိမ်တော်ထိန်းသည် အဓိပ္ပာယ်များစွာပါနေသည်။

သူတို့သည် ရှီမာယူယူ၏ အစွမ်းအစကို သိပြီးဖြစ်သည်။ သူတို့သည် ဂရု မစိုက်လှသော်လည်း မြို့ထဲတွင် သတ်မည်ဆိုပါက အခက်အခဲရှိနိုင်သည်။ အဓိကပြဿနာမှာ ဝရုန်းသုန်းကားဖြစ်နိုင်ကာ မြို့စားအဆင့်တက်ခြင်းကို အနှောင့်အယှက်ဖြစ်သွားနိုင်သည်။

ထို့ကြောင့် ယခုအချိန်တွင် မလှုပ်ရှားနိုင်ရုံသာမက စစ်ဦးစီးအိမ်တော်မှာ လည်း လှုပ်ရှားရန်မဖြစ်နိုင်ပေ။

သို့သော် မြို့စားအိမ်တော်နှင့် စစ်ဦးစီးအိမ်တော်တို့သည် နောက်ပိုင်းတွင် ဆက်ဆံရေးမကောင်းကြပေ။ ဤအခိုက်တွင် သူတို့ကို သွားတောင်းဆိုလျှင် လည်း နားထောင်မည်မဟုတ်ပေ။

ပိုင်မေဟွေ့သည် နှစ်ဦးနှစ်ဖက်ကြားမှ နာကြည်းချက်များကိုသိသည်။ သို့သော် အိမ်တော်ထိန်း၏ ပူပန်မှုကိုလည်းသိသည်။ သူသည် ခေတ္တမျှ နှုတ်ဆိတ်သွားကာ ပြောလိုက်သည် “မြို့စားအိမ်တော်ကလူတွေကို လူစုခိုင်း ထားလိုက် ငါ စစ်ဦးစီးအိမ်တော်ကလူတွေကို သွားစကားပြောမယ်”

“ကျေးဇူးတင်ပါတယ် တမန်တော်ပိုင်” အိမ်တော်ထိန်းသည် သူ့ကို ကျေးဇူးတင်စွာဖြင့် အရိုအသေပြုလေသည်။

သူ လှုပ်ရှားသည်နှင့် ထိုနေရာမှ ပြဿနာရှင်းပြီးသားဖြစ်သွားမည်။

“အခု ပြောမှပဲ သူတို့ကဘာလို့ ရန်ငြိုးကြီးနေတာလဲ”

အိမ်တော်ထိန်းသည် ခေတ္တမျှတွေဝေသွားကာ ပြောလေသည် “တကယ် တော့ အခုလုပ်နေတဲ့ အရည်အချင်းစစ်ပွဲနဲ့ ပတ်သက်နေပါတယ်”

“ဘာလို့ ဒီမှာပတ်သက်နေတာလဲ.. အရည်အချင်းစစ်ပွဲက တလျန်မြို့မှာ လုပ်တာလေ.. ဒီမှာမှမဟုတ်တာ.. ဘာလို့ ဒီအတွက်ကြောင့် လာရှုပ်နေကြတာ လဲ”

တလျန်မြို့လား…

ထိုသတင်းကို ခိုးနားထောင်နေကြသော နှစ်ယောက်မှာ နှုတ်ဆိတ်စွာပင် ရယ်လိုက်ကြသည်။

***

All Chapters