တလျန်မြို့
Vol. 149 Ch. 2079
ရှီမာယူယူသည် စစ်ဦးစီးအိမ်တော်နှင့် မြို့စားအိမ်တော်အကြားမှ ရန်ငြိုး ရန်စများကို သိရန်စိတ်မဝင်စားပေ။ တခြားသူများ သတိထားမိမည်ကို ရှောင် ရှားရန် နှစ်ယောက်သား နားထောင်ပြီးသည်နှင့် ထွက်လာခဲ့ကြသည်။
သို့သော် သူတို့ထွက်သွားချိန်တွင် လူမိသွားတော့သလိုဖြစ်သွားသေး သည်။
ပြန်ရောက်ပြီးနောက် ရှီမာယူယူသည် တလျန်မြို့အကြောင်းကို မေးမြန်း လေသည်။
လောင်လီသည် အံ့ဩသွားသည် “တလျန်မြို့မှာလုပ်မှာ သေချာရဲ့လား”
သူမသည် လောင်လီ၏ တုံ့ပြန်မှုကြီးမားသည်ကို မြင်သောအခါ ရှီမာယူ ယူသည် သိချင်စိတ်ဖြင့် မေးလိုက်သည် “တလျန်မြို့က တစ်ခုခုဖြစ်လို့လား”
“မင်းတို့တွေ တလျန်မြို့အကြောင်းမသိလို့လေ” လောင်လီသက်ပြင်းချ လိုက်သည်။ “အင်ပါယာမြို့တော်ရဲ့ အစွန်အဖျားတွေအကုန်လုံးက အေးချမ်း တယ်.. အဲဒီတလျန်မြို့တစ်ခုပဲရှိတယ်.. မြေမျက်နှာသွင်ပြင်ကကြမ်းတမ်းပြီး တော့ အန္တရာယ်များတဲ့နေရာတွေလည်း များတယ်… ပြီးတော့ အဲဒီမှာက အရမ်းထူးဆန်းတယ်.. အဲဒီမှာလူတွေ လမ်းလျှောက်ရင်းနဲ့ မတော်တဆ ပျောက်သွားတဲ့နေရာတွေလည်းရှိတယ်”
“အဲလောက် ကြောက်စရာကောင်းတာလား”
“ဟုတ်တယ် ဘယ်လောက်ပဲ အားကောင်းတဲ့လူဖြစ်ပါစေ အကြောင်း အရင်းကို ရှာမတွေ့ကြဘူး.. အဲလူတွေပျောက်သွားတာနဲ့ ပြန်ပေါ်မလာတော့ ဘူး” ထိုအရာများကို တွေးလိုက်ချိန်တွင် လောင်လီသည် အနည်းငယ် စိုးရိမ် ကြောင့်ကြမိသည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် သိချင်စိတ်နှင့်အတူ ကြောက်ရွံ့စွာဖြင့် တစ်ယောက်နှင့်တစ်ယောက်ကြည့်မိကြသည်။
ဝိညာဉ်နယ်မြေသည် တခြားသောနေရာများနှင့်ယှဉ်လျှင် အလွန်ကွာခြား သည့်ပုံပင်။ လေပြင်းများတိုက်ခတ်သလို တလျန်မြို့ကဲ့သို့ နေရာလည်းရှိသည်။
“တလျန်မြို့က အဲလောက်အန္တရာယ်များမှတော့ အရည်အချင်းစစ်ပွဲကို ဘာလို့ အဲဒီမှာလုပ်တာလဲ” ရှီမာယူယူသည် နားမလည်ပေ “အရည်အချင်းရှိတဲ့ သူရွေးတဲ့နေရာမှာ ပိုကောင်းလို့လား”
“အဲလိုတော့မထင်ဘူး” ဝူလင်းယူ ခေါင်းခါလေသည် “သူတို့က အရည် အချင်းရှိကြပေမဲ့ သူတို့ရဲ့အားက အရမ်းသန်မာမယ်လို့မထင်ဘူး.. လူတစ် ယောက် နှစ်ယောက်လောက် ဆုံးရှုံးလိုက်ရတာ ကိစ္စမရှိဘူး ဒါပေမဲ့ လူတွေ အများကြီးသေရင်တော့ မတန်ဘူးလေ”
သခင်ရွေးပြီးသည့်သူများ၊ အရွယ်ရောက်ပြီးသည့် ပါရမီရှင်များနှင့် စတင် တိုးတက်နေသူများသည် အဘယ်ကြောင့် အရည်အချင်းစစ်ပွဲကို စောင့်ဆိုင်းနေ ပါဦးမည်နည်း။ ထို့ကြောင့် ဤအရည်အချင်းစစ်ပွဲကို ဝင်သူများသည် ငယ်ရွယ် ပြီး အရည်အချင်းရှိသူများသာဖြစ်မည်။
သို့သော် ဤနေရာတွင် ‘ငယ်ရွယ်သည်’ ဆိုသည်မှာ အသက်အရွယ်ကို တွက်ချက်ခြင်းမဟုတ်ဘဲ ဝိညာဉ်နယ်မြေသို့ရောက်သည့်အချိန်ကို တွက်ချက် ခြင်းဖြစ်သည်။
ရှီမာယူယူသည် ထိုသို့တွေးသည်။ အကယ်၍ ထိုလူများသေသွားသည် သို့မဟုတ် ပျောက်ကွယ်သွားသည်ဆိုပါက သူတို့သည် ဆုံးရှုံးမှုကြီးလိမ့်မည်။
“ဒါဆိုရင် ဒီလိုအန္တရာယ်များတဲ့နေရာမှာလုပ်ဖို့ ဘာလို့ ရွေးတာလဲ” သည် တစ်ကြိမ် မေးခွန်းမေးလာသူမှာ လောင်လီဖြစ်သည်။ အကြောင်းမှာ သူလည်း အကြောင်းအရင်းကို စဉ်းစားမရသောကြောင့်ပင်။
“ဒီအင်အားစုထဲမှာပါတဲ့လူတွေပဲ သိလိမ့်မယ်.. ဖြစ်နိုင်တာက အဲဒီကို ရောက်ရင်တော့ ပိုသိရမှာပေါ့” ဝူလင်းယူ ပြောလိုက်သည်။
“မင်းတို့တွေက အဲဒီကိုသွားဖို့ စဉ်းစားနေတာလား” လောင်လီသည် သူတို့ကို တအံ့တဩကြည့်လေသည်။
“အရည်အချင်းစစ်ပွဲက အဲဒီမှာလုပ်မယ်ဆိုတာကိုသိမှတော့ သွားရမှာ ပေါ့” ရှီမာယူယူသည် သေချာပေါက်ပင် ပြောလေသည်။
“အဲဒါတွေအပြင် တခြားအန္တရာယ်တွေပါရှိသေးတာ မင်းတို့သိရဲ့လား”
“သိစရာမလိုဘူးထင်တယ် ဒါပေမဲ့ အဲဒါကလည်း ကျွန်မတို့ကို တားလို့မရ ပါဘူး” ရှီမာယူယူ ရယ်မောလေသည် “ပြီးတော့ ဒီကမ္ဘာမှာ ငြိမ်းချမ်းနေတဲ့ နေရာက ဘယ်လောက်များရှိလို့လဲ.. ဒီနေ့မှာ လူတွေ ဘေးကင်းပြီး သာယာနေ ပေမဲ့ မနက်ဖြန် သေချင်သေကြတာပဲလေ.. လုံခြုံတဲ့နေရာဆိုတာ အန္တရာယ် မရှိတာကို ပြောတာမဟုတ်ဘူး.. ပြီးတော့ အန္တရာယ်ရှိတဲ့နေရာလည်း လုံးဝကြီး ဘေးမကင်းတာမျိုးမဟုတ်ဘူး.. ဦးလေးလီလည်း ဒီလိုမျိုးခံစားသင့်တာမဟုတ် ဘူးလား”
လောင်လီ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။ ရှီမာယူယူ ပြောသည်မှာ မမှားသော်လည်း သူတို့ကဲ့သို့ အားနည်းသောကျင့်ကြံသူများသည် ထိုအချက် ကို နားလည်နိုင်ဆုံးဖြစ်သည်။ သူတို့သည် ယနေ့အသက်ရှင်နိုင်လျှင်တောင် မနက်ဖြန် ဘာဖြစ်မည်ကို မသိနိုင်ပေ။ လုံခြုံသောနေရာတစ်ခုတွင်ရှိလျှင်ပင် အန္တရာယ်နှင့် ရင်ဆိုင်ရန်မလိုအပ်ဟု မဆိုလိုပေ။
သည်တစ်ခေါက် လေပြင်းမုန်တိုင်း တိုက်ခတ်သလိုပင်။ သူ့တွင် ပိုက်ဆံ မရှိသဖြင့် လေတိုက်ခံပြီးသေမည်လား သို့မဟုတ် ၁ နှစ်တာမျှ အလုပ်ကြမ်း လုပ်ရမည်လား.. နှစ်လမ်းလုံးသည် သေလမ်းကိုရောက်မည်ဖြစ်သည်။ တလျန် မြို့တွင် မည်သို့ဖြစ်လာမည်ကို မည်သူသိမည်နည်း။ သူသည် နည်းလမ်းရှာ လျှင်ရှာနိုင်ဦးမည်။
သို့သော်….
သူ မသေချာမရေရာဖြစ်နေသည်ကို ရှီမာယူယူ မြင်သောအခါ လိုက်ရန် ဆန္ဒမရှိဟု ထင်ပြီးပြောလိုက်သည် “ဦးလေးလီ မသွားချင်ရင် ကျွန်မတို့ အတင်း ဖိအားမပေးပါဘူး.. ပြီးတော့ သွားရမယ့်လမ်းက အန္တရာယ်များတယ်လေ”
“ငါ မသွားချင်တာမဟုတ်ပါဘူး ဒါပေမဲ့ အဲအကြောင်းကို သိပ်မသိလို့လေ ဒါပေမဲ့ အဲဒီမှာငါ့မိတ်ဆွေရှိတယ်.. သွားလိုက်ရင် သူမကိုရှာရင်တော့ အဲဒီက အခြေအနေကို ပိုသိရလိမ့်မယ်” လောင်လီသည် စိတ်ထဲတွင် တွက်ချက်ပြီး သူတို့နှင့် သွားရန်ဆုံးဖြတ်လိုက်သည်။
“မိတ်ဆွေရှိတော့ ပိုလွယ်သွားတာပေါ့” ရှီမာယူယူ ရယ်မောလိုက်သည်။ အပြင်လူများအတွက် သတင်းစုံစမ်းရန်မလွယ်သော်လည်း နယ်ခံများအတွက် တော့ ကိုင်တွယ်ရန်လွယ်ကူသည်။
“အဲလိုဆိုရင် မုန်တိုင်းရာသီပြီးတာနဲ့ စပြီးထွက်လို့ရပြီ” လောင်လီ ပြော လေသည်။ ရှီမာယူယူ ခေါင်းညိတ်သည်ကို မြင်ပြီးနောက် သူ စိတ်အေးသွား သည်။ သူမ သူ့ကိုခေါ်မသွားသည်ကို သူ အရင်က စိုးရိမ်ခဲ့သည်။
နှစ်ရက်ကြာပြီးနောက် နေသောသော နေ့မှာ ရုတ်တရက်ပြောင်းလဲသွား သည်။ လွန်ခဲ့သည့်မိနစ်ပိုင်းက ကြည်လင်ပြီးတောက်ပသည့် ကောင်းကင်ကြီး သည် လေထန်လာသည်။
လေများစတင် တိုက်ခတ်သည်နှင့် မြို့တံခါးများအားလုံးကို ပိတ်ချလိုက် သည်။ ကာကွယ်ရေးအစီအမံကြီးကို စတင်အသက်သွင်းလိုက်ပြီး မြို့ထဲသို့ မဝင်နိုင်လိုက်သူများသည် မြို့အပြင်တွင် ပိတ်မိကုန်ကြသည်။ လေပြင်းသည် လာသည်နှင့်အမျှ သူတို့သည် မိုးပေါ်တွင် လွှင့်နေကြသည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ပြတင်းပေါက်ဘေးတွင်ရပ်ပြီး ထိုလူများ လေထဲလွှင့်ကာ ခဏသာထိန်းနိုင်ပြီး ပျောက်သွားသည်ကို ကြည့်နေကြသည်။ သူတို့သည် လေ၏အားပြင်းပုံကို သက်ပြင်းချမိသည်။
“ဦးလေးလီ ပြောတာမှန်တယ်.. ဒီလေက တကယ်ပဲကြောက်စရာ ကောင်းတာပဲ.. ကျွန်မတို့သာ အပြင်မှာဆိုရင် ဘယ်လိုအရည်အချင်းပဲရှိရှိ ဘယ်လိုဝှက်ဖဲပဲရှိရှိ တောင့်ခံနိုင်မှာမဟုတ်ဘူး” ရှီမာယူယူ သက်ပြင်းချလိုက် သည်။
“ဒီလေက အရမ်းထူးဆန်းတယ် မြေကြီးထဲကထွက်လာသလိုပဲ” ဝူလင်းယူသည် ဤကဲ့သို့အခြေအနေကို မမြင်ဖူးပေ။
“ဟုတ်တယ် ဘာတွေဖြစ်နေလဲတော့မသိဘူး.. ပြီးတော့ ဦးလေးလီ ပြော သလိုဆို ဒါက အဇူရာနဂါးဝိညာဉ်နယ်မြေမှာပဲဖြစ်တာပဲ.. တခြားသုံးနေရာမှာ မဖြစ်ဘူးတဲ့” ရှီမာယူယူသည် သိချင်သေးသည်။ သို့သော် ယခုအချိန်တွင်တော့ ထပ်စုံစမ်းရန် ခွန်အားမရှိတော့ပေ။
“မင်း စိတ်ဝင်စားရင်လည်း အမေ့ကိုကယ်ပြီးမှ တဖြည်းဖြည်းစုံစမ်းပေါ့”
“အင်း” သူမသည် ယခုအချိန်တွင် သိချင်စိတ်သာကျန်တော့သည်။
“မုန်တိုင်းရာသီပြီးရင်တော့ အဲလူတွေကို သွားရှင်းရမယ်” ဝူလင်းယူ ပြော လိုက်သည်။
“မြို့စားအိမ်တော်နဲ့ စစ်ဦးစီးအိမ်တော်.. ဟင်း.. ဘယ်ဟာကိုအရင်ရှင်းရ မလဲမသိဘူး”
လောင်လီသည် လမ်းပေါ်တွင်ရပ်ကာ မိုးပေါ်တွင် မုန်တိုင်းကြောင့် လွှင့် နေသောလူများကို ကြည့်နေသည်။ သူသိသည့် လူတချို့လည်းရှိနေသည်။ သူတို့သည် လေထဲတွင် အတန်ကြာရုန်းကန်ကာ တစ်စစီဖြစ်သွားပြီး မီးခိုးမည်း များအဖြစ်ပြောင်းသွားပြီး တစ်သက်လုံးပျောက်ကွယ်သွားသည်ကို သူကြည့်နေ မိသည်။
သူသာရှီမာယူယူတို့ကို မတွေ့ခဲ့လျှင်၊ အလုပ်ကြမ်းလုပ်ဖို့ ဆန္ဒမရှိလျှင်၊ သူသည်လည်း သူတို့ကဲ့သို့ အခြေအနေမျိုးတွင် အဆုံးသတ်သွားမည်ဖြစ်သည်။
တလျန်မြို့ အန္တရာယ်များသည် မများသည်ကလည်း အရေးမကြီးတော့ ပေ။ အနည်းဆုံးတော့ အသက်ရှင်ရန် အခွင့်အရေးရှိသေးသည်။ နောက်ဆုံးတွင် သူ သေသွားလျှင်တောင် ရက်အနည်းငယ်လောက် ထပ်နေခွင့်ရသွားသည်။
သူသည် မျက်လုံးပိတ်ပြီး ပြန်ဖွင့်လိုက်ချိန်တွင် တွေဝေမှုများရှိမနေတော့ ပေ။ သူသည် လှည့်ပြီးနောက် သူသိသလောက်ကို ရှီမာယူယူတို့ကို ပြောပြရန် တည်းခိုဆောင်သို့ပြန်လေသည်။
သူ ပြောသမျှကို နားထောင်ပြီးနောက် ရှီမာယူယူ အံ့ဩသွားသည်။
“အရင်က တလျန်မြို့မှာ သတ္တုကြောရှာတွေ့တယ်ဟုတ်လား အဲဒါ အမှန် ပဲလား” ရှီမာယူယူ မေးလိုက်သည်။
“အမှန်ပဲ” လောင်လီသည် တည်ငြိမ်စွာဖြင့် ခေါင်းညိတ်လေသည် “အဲဒါ ကြောင့်သာမဟုတ်ရင် အဲဒီနေရာကို နှစ်ပေါင်းများစွာရှောင်နေမှာမဟုတ်ဘူး”
“ဦးလေးလီက အဲနေရာနဲ့ မရင်းနှီးဘူးလို့ ပြောခဲ့တာမလား.. မြို့အပြင်မှာ သတ္တုကြောရှိတာကို ဘယ်လိုသိတာလဲ” ဝူလင်းယူ မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ အဲတုန်းကဖြစ်ခဲ့တာက အရမ်းကို ဝမ်းနည်းစရာ ကောင်းခဲ့တယ်.. ငါတို့တွေ ဘယ်သူမှ ပြန်မတွေးချင်ကြဘူး.. လူတွေ မသိလိုက် မသိဘာသာ ပျောက်သွားစေတဲ့နေရာတွေရှိတာကို အဲတုန်းကသိခဲ့ရတာပဲ” သူသည် ထိုအချိန်ကအခြေအနေကို ပြန်တွေးပြီးနောက် ကြက်သီးမွေးညှင်းများ ပင် ထမိသည်။
သူ့ကို ထိုပုံစံအတိုင်းမြင်ရသောအခါ ကြားထဲတွင် တစ်ခုခုဖြစ်ခဲ့သည်ကို ရှီမာယူယူနှင့် ဝူလင်းယူတို့သိလိုက်ရသည်။
***