← Chapters

သတ္တုကြော

Vol. 149 Ch. 2080

သတ္တုကြော

Vol. 149 Ch. 2080

လောင်လီသည် ထိုနှစ်က အဖြစ်အပျက်များကို ဖြည်းညှင်းစွာပြန်ပြောပြ သည်။ ပြောရင်းနှင့် သူ၏စကားများသည် ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်လာ သည်။

“အဲနှစ်က ငါ့သူငယ်ချင်းက ငါ့ကိုတွေ့ခဲ့တာ.. သူတို့က အဖိုးတန်သတ္တု တွင်းကိုတွေ့ထားတယ်လို့ ပြောပြီး ငါ့ကိုပါ အတူလိုက်စေချင်ခဲ့တာ.. အဲတုန်း က ငါရောက်နေတဲ့နေရာက တလျန်မြို့နဲ့ သိပ်မဝေးဘူး.. အဲအကြောင်းကြား တော့ ငါလည်းကိုယ်တိုင်မျက်လုံးနဲ့ မမြင်ရတော့ မယုံခဲ့ဘူးလေ

ငါလည်း သူတို့နဲ့အတူ တလျန်တောင်ကိုဝင်ခဲ့တယ်.. အစတုန်းကတော့ အဆင်ပြေနေသေးတယ် သတ္တုတွင်းတွေကိုဝင်တာနဲ့ သတ္တုကြောရဲ့ ရောင်ဝါ ကအရမ်းကို အသက်ဝင်တယ်၊ ငါတို့လည်း ရူးသွပ်သွားတာပေါ့.. ကျင့်ကြံသူ တွေအနေနဲ့ အဲဒီမှာနေရတာ ဘယ်လောက်ခက်ခဲလဲဆိုတာကို တွေးကြည့်ရုံနဲ့ သိမယ်ထင်တယ်.. အဲဒါကြောင့် အန္တရာယ်တွေနီးကပ်လာတာကိုတောင် ဘယ်သူမှ သတိမထားမိကြဘူး”

“အစတုန်းကတော့ ငါတို့တွေ နည်းနည်းအေးစိမ့်ခဲ့တယ်.. နောက်တော့ ရုတ်တရက် တစ်စုံတစ်ခုက ငါတို့ကိုတိုက်ခိုက်တာကို ခံစားခဲ့ရတယ်.. ဒါပေမဲ့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး အဲဒါကြောင့် တစ်ယောက်ယောက်က အရိပ်တွေနဲ့ ကိုင်တွယ်နေပြီလို့ ငါတို့ သံသယဝငခဲ့ကြတယ် ဒါပေမဲ့ နောက်မှသိခဲ့တာက အဲဒီမှာ တစ်ယောက်ယောက်ဆိုတာကိုမသိတာ.. ငါတို့က ဒီအတိုင်းလျှို့ဝှက် သိုင်းနဲ့ တိုက်ခိုက်ခံရတာပဲ”

“ငါတို့အဖွဲ့တစ်ဝက်ကျော်သေသွားတော့မှ စိတ်လှုပ်ရှားလွန်နေတာက နေ သတိပြန်ဝင်လာကြတယ်.. အဲဒါက ဘာအဖိုးတန်သတ္တုကြောမှမဟုတ်ဘူး ဒီအတိုင်းကန့်သတ် ဧရိယာတစ်ခုပဲ.. အဲလိုနဲ့ တစ်ယောက်ကစပြီး နောက်ပြန် ဆုတ်ကြတယ်.. ကျန်တဲ့အဖွဲ့တွေလည်း နှစ်ဖွဲ့ကွဲကြတယ်.. တစ်ဖွဲ့ကပြန်ပြီး တော့ နောက်တစ်ဖွဲ့က သတ္တုတွင်းကို ဖောက်ခွဲချင်ကြတယ်”

“ငါကလည်း သတ္တိနည်းတဲ့သူတွေထဲက တစ်ယောက်ပဲ အဲဒါကြောင့် ထွက်သွားဖို့ကို ပြောတယ်.. အဲလိုဆိုတောင် ငါတို့ သတ္တုကြောတောင်ကနေ ထွက်လာတာနဲ့ လူနည်းနည်းပဲ အသက်ရှင်နိုင်ခဲ့တယ်.. အဲဒီနေရာကနေထွက် လာတာနဲ့ ငါ့သူငယ်ချင်းနဲ့ ငါပဲကျန်တော့တယ်”

“ငါတို့နှစ်ယောက်လည်း အထဲမှာသေသွားမယ်လို့ထင်ထားခဲ့တာ ဒါပေမဲ့ နောက်ဆုံးတော့ ထွက်ပြေးလာနိုင်ခဲ့တယ်.. အဲဒီနေရာကနေ လုံးဝထွက်လာ နိုင်ပြီး လေထဲကအေးစိမ့်စိမ့်တွေ မခံစားရတော့မှ အသက်ရှင်တယ်ဆိုတာကို နောက်ဆုံးမှပဲ သေချာတော့တယ်”

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့သည် ခန့်မှန်းမိသည်များရှိသည်။

လောင်လီသည် ဆက်ပြောလေသည်။

“အဲဒီမှာပဲ ဒဏ်ရာတွေကုရင်း နှစ်လလောက် စောင့်ခဲ့ကြတယ်.. သူတို့ တွေထွက်လာတာကို မတွေ့ခဲ့ရဘူး.. အဖွဲ့တွေ ဒါဇင်လောက်ရှိတာ ဒါပေမဲ့ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ပဲ ကျန်တော့တာ”

“နောက်ကျတော့ ငါက အဲနေရာကနေထွက်လာပြီး ငါ့သူငယ်ချင်းက တလျန်မြို့ကိုသွားခဲ့တယ်… ငါတို့တွေက တစ်ခါတရံတော့ အဆက်အသွယ်ရှိ ပါတယ်.. သူပြောသလိုဆို နောက်ပိုင်းကျ အဲနေရာကို တချို့လူတွေ ရှာတွေ့ခဲ့ ကြတယ် ဒါပေမဲ့ အဲလူတွေက ငါတို့လိုပဲ ကျရှုံးခဲ့ကြတယ်.. သူတို့လည်း ဘာမှ မရခဲ့ဘူး ပြီးတော့ တော်တော်များများက အဲနေရာမှာ အစပျောက်သွားခဲ့ကြ တာပဲ”

“အဲတော့ အဲဒီက သတ္တုတွင်းကို အခုထိ မတူးရသေးဘူးပေါ့”

“မတူးရသေးဘူး ဒါပေမဲ့ အခုအဲနေရာကို ကြီးကြပ်ထားတယ်” လောင်လီ ပြောလေသည်။

“ဟွာဝူရှန့်က ထိပ်တန်းအရည်အချင်းရှိသူတွေကို ရွေးပြီး အဲဒီမှာ နေရာ ချထားတာပဲ.. အဲဒါကြောင့်များလား” ရှီမာယူယူ ခန့်မှန်းလေသည်။

“မဖြစ်နိုင်တာတော့မဟုတ်ဘူး” ဝူလင်းယူသည်လည်း ထိုသို့တွေးမိ သည်။

လောင်လီတို့ဖြစ်ခဲ့သည့်ကိစ္စမှာ လွန်ခဲ့သည့် နှစ်ပေါင်းဒါဇင်မျှကဖြစ်၏။ သတ္တုတွင်းသည် အာဏာပိုင်များ၏ ကြီးကြပ်သူများ လက်အောက်တွင် ရောက်နေပြီဟု ပြောလေသည်။ သို့သော်ငြား လူသိရှင်ကြားတော့မဟုတ်ပေ။  ထိုအရာမှာ အာဏာပိုင်များသည် သူ့ကိုဆန့်ကျင်ရန် အင်အားမရှိကြောင်းကို သက်သေပြနေသည်။ ဟွာဝူရှန့်သည် ထိုနည်းလမ်းကိုသုံးကာ အရည်အချင်းရှိ သူများရွေးချယ်ပြီး သတ္တုကြောပြဿနာကိုပါ ဖြေရှင်းသည်။

“ဟီးဟီး.. ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှိလား မရှိလား သိချင်သေး ရဲ့” ရှီမာယူယူသည် ယုတ်မာစွာဖြင့် ပြုံးလိုက်သည်။

“မင်း ဒါကိုစိတ်ဝင်စားလို့လား”

“ဒါပေါ့” ရတနာရှိနေတာကို သိနေမှတော့ ဘယ်လိုလုပ် ဘေးထွက်နေ မလဲ။ ဒါက သူမရဲ့ ပုံမှန်စရိုက်မဟုတ်ဘူးလေ။

ပြီးနောက် ဟွာဝူရှန့်သည် ရှောင်ဟော်၏ အကြီးဆုံးဘဏ္ဍာရေး အကြံပေး ဖြစ်သည်။ သူရရှိသည့် ငွေကြေးမှာ ရှောင်ဟော်ရသည်နှင့် ညီမျှသည်။ ဆိုလို သည်မှာ ချင်းဟွမ်ရခြင်းဖြစ်သည်။ သူသာ စွမ်းအားပိုင်ဆိုင်ရလျှင် ရှောင်ဟော် အင်အားကြီးလာပြီး ချင်းဟွမ်အင်အားကြီးထွားလာသည်ဟု ဆိုလိုခြင်းဖြစ်၏။

သူတို့တွေသည် ရန်သူဖြစ်သည့်အလျောက် သူတို့ကျဆုံးမည်ကို သူမ မျှော်လင့်သည်။ သူမလုပ်လိုက်သည့်အရာသည် ရှောင်ဟော်ကို သက်ရောက်မှု ရှိမည်ဆိုပါက သူမသည် လိုလိုလားလားပင် လုပ်မည်ပင်။

ရှောင်ဟော်သည် သူမ၏ရှေ့သို့ ရောက်မလာသေးသော်လည်း သူမ အတွက်တော့ နာမည်ပျက်စာရင်းဝင်နေပြီဖြစ်သည်။

လောင်လီသည် သူတို့နှစ်ယောက် သတ္တုကြောသို့သွားချင်နေသေးသည် ကိုမြင်သောအခါ ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားသည်။ သူသည် ရုတ်တ ရက်‌ပြောလေသည် “ဒီကိစ္စတွေကိုပြောပြတယ်ဆိုတာက အဲဒီကအခြေအနေ ကိုနားလည်စေချင်လို့ပဲ… ပြီးတော့ စိတ်ကိုပြင်ဆင်ထားပါ”

သူတို့ ကိုယ့်သေတွင်းကိုယ် သွားတူးသည့်အဖြစ်ကို သူ မလိုလားပေ။

“ကျွန်မသိပါတယ် ဒါပေမဲ့ အဲဒီမှာရတနာရှိနေတာကို ဘယ်လိုလုပ် လက် လွှတ်ရမလဲ”

“ဒါပေမဲ့ အဲနေရာက အရမ်းအန္တရာယ်များတယ်.. ပြီးတော့ အဲဒီမမြင်ရတဲ့ စွမ်းအားကိုထည့်မပြောရင်တောင် အဲနေရာကို အာဏာပိုင်တွေ ထိန်းချုပ်ထား ပြီးပြီ.. ပြီးတော့ အစောင့်လည်းတင်းကြပ်မယ်လို့ထင်တယ်.. သတ္တုကြောကို လုချင်ရင်တော့ တော်တော်ခက်မှာပဲ”

“ကျွန်မသိပါတယ်.. အဲဒါကြောင့် တလျန်မြို့ကိုရောက်တာနဲ့ အဲဒီကို တိုက်ရိုက်သွားဖို့ မလုပ်ထားဘူးလေ” ရှီမာယူယူသည် လေးနက်စွာပင် ပြော လေသည်။

လောင်လီ “…”

“ဦးလေးလီ အရမ်းစိတ်ပူဖို့ရော ကြောက်နေဖို့ရောမလိုပါဘူး.. ဒီအတိုင်းပဲ သတ္တုကြောနားကို ခေါ်သွားပေးရင်ရပြီ ကျွန်မတို့နဲ့လိုက်ဖို့မလိုပါဘူး” ရှီမာယူ ယူ ပြောလိုက်သည်။

“ဟုတ်.. ဟုတ်ပါပြီ” လောင်လီ သက်ပြင်းချလေသည် “ငါက ကြားဝင်လို့ မရသလို မိန်းကလေးတို့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ပြောင်းလို့မရပါဘူး.. ဒါကိုပဲ ထည့်စဉ်းစားမယ်လို့ မျှော်လင့်ပါတယ်.. အဲဒီကိုရောက်တာနဲ့ သဘာဝစွမ်းအား ရယ် မြို့စားအိမ်တော်က တပ်သားတွေရယ် နှစ်ခုလုံးနဲ့ ရင်ဆိုင်ရမှာ.. ပြဿနာ နှစ်ခုကို ရင်ဆိုင်ရမှာပဲ”

“ကျေးဇူးတင်ပါတယ် ကျွန်မ ဒီပြဿနာကို သေချာစဉ်းစားလိုက်ပါမယ်” ရှီမာယူယူသည် သူ့ကို ချက်ချင်းငြင်းဆန်ခြင်းမပြုပေ။ သို့သော် သူမသည် သူ့ စကားများကို စိတ်ထဲမထည့်သည်ကို လောင်လီသိသည်။

သူသည် သက်ပြင်းချပြီး ထွက်သွားလေသည်။ ဤကဲ့သို့ လူချမ်းသာများ ကိုတွေ့ရန်မှာ သူ့အတွက်ခက်ခဲသည်။ ပြီးနောက် သူတို့၏ အစွမ်းအစသည် သူတို့ပုံဖော်ထားသည့် စွမ်းအားနှင့် ညီမျှရန်လည်း မျှော်လင့်မိသည်။

သူထွက်သွားပြီးနောက် ဝူလင်းယူသည် အိမ်ကိုအတားအဆီးစီမံလိုက် သည်။

“သူပြောတာကို ဘယ်လိုထင်လဲ” ရှီမာယူယူ မေးလိုက်သ်ည။

“သတ္တုကြောက လျှို့ဝှက်စွမ်းအားကို ပြောနေတာလား”

“အင်း သတ္တုကြောထဲက စွမ်းအားနဲ့ နည်းနည်းတူနေသလိုပဲ ဒါပေမဲ့ မသေချာပါဘူး”

“သတ္တုကြောထဲမှာ အမြဲတမ်းစွမ်းအားရှိတယ်.. ပြီးတော့ သာမန်လူတွေ အတွက် မရှားပါဘူး.. ဒါပေမဲ့ ဦးလေးလီပြောသလို အခြေအနေရောက်ဖို့ဆိုရင် သာမန်အင်အားစုတွေ လုပ်နိုင်တဲ့အရာမဟုတ်ဘူး” ဝူလင်းယူ ခွဲခြမ်းစိတ်ဖြာ လေသည်။

“ကြည့်ရတာ အဲဒီကိုကိုယ်တိုင်မသွားဘဲနဲ့တော့ ဘာကိုမှ ဆုံးဖြတ်လို့ မရ ဘူးထင်တယ်” ရှီမာယူယူသည် စိတ်လှုပ်ရှားနေသည်။ သူမသည် သူတို့၏ အောင်မြင်မှုရာခိုင်နှုန်းကို သိချင်မိသည်။

ထိုအရာသည် ဖိအားတစ်ခုကြောင့် ဖြစ်နေသရွေ့ မီအာရှိလျှင် မည်မျှပင် အားကောင်းစေကာမူ သူတို့သည် အလွယ်တကူဖြေရှင်းနိုင်မှဖြစ်မည်။ မဟုတ် လျှင် ဤစွန့်စားမှုသည် အန္တရာယ်ကြီးသည်။

“အဲဒါကို စဉ်းစားမနေနဲ့ဦး.. အဲဒီမှာလုံခြုံရေးတင်းကြပ်ထားတယ်ဆို တော့ သတ္တုကြောနားသွားချင်ရင် အားတော့ထုတ်ရမယ်”

“အင်း ဆုံးဖြတ်ပြီးမှ အခြေအနေကို အရင်စုံစမ်းကြတာပေါ့”

ထိုနေရာမှ လေပြင်းသည် လတစ်ဝက်ခန့်ကြာအောင် တိုက်သည်။ ပြီးသွားသည်နှင့် ဝူရှန့်မြို့မှသည် ချက်ချင်းပင် အုံကြွလာသည်။ တကယ်တော့ အောင်ပွဲခံသူအများစုမှာ ပြီးခဲ့သည့်ရက်ပိုင်းမှ မြို့ထဲဝင်လာနိုင်သူများဖြစ်ကြ သည်။ သူတို့သာ အလောတကြီးမလာလိုက်လျှင် ရလဒ်မှာ ထိုလူများကဲ့သို့ပင် မိုးပေါ်တွင် လွှင့်သွားမည်ဖြစ်သည်။

တစ်မြို့လုံးကို ကာကွယ်ပေးထားသော အစီအရင်ကြီးကို ပိတ်လိုက်ပြီး ပုန်းအောင်းရန်လာသူများလည်း ထွက်သွားကြသည်။ သို့သော် မြို့စားအိမ် တော်တွင် ရုတ်တရက်ကြီး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

“မြို့စားကြီး အဆင့်တက်ပြီး မြို့စားအဆင့်တက်ပြီ”

မြို့ထဲမှ မြို့သူမြို့သားများသည် ပျော်ရွှင်စွာပင် အောင်ပွဲခံရာ ရှီမာယူယူ ခေါင်းကိုက်သွားသည်။ မုန်တိုင်းရာသီပြီးသည်နှင့် ထိုလူများသည် သူတို့ကို လာ ဖမ်းမည်ဖြစ်သည်။ တိုက်ပွဲတော့ သေချာပေါက် ဖြစ်တော့မည့်ပုံပင်။ လျင်မြန် စွာပင် လူတစ်စုသည် သူတို့တည်းခိုဆောင်ကို ဝိုင်းလိုက်ကြသည်။

ရှီမာယူယူသည် ပိုင်မေဟွေ့နှင့်အတူ လျှောက်လာသော လူများကိုမြင် သောအခါ နှုတ်ခမ်းတွန့်လိုက်သည်။ ဒီလူတွေက ထွက်လာတာနဲ့ သူမကို လာ ရှာတာလား။

***

All Chapters