← Chapters

လှည့်ကွက်

Vol. 149 Ch. 2081

လှည့်ကွက်

Vol. 149 Ch. 2081

ပိုင်မေဟွေ့နှင့် အတူရောက်လာသူမှာ ဝူရှန့်မြို့၏ မြို့စားဖြစ်သည်။ အဆင့်တက်သည်မှာမကြာသေးသဖြင့် သူ၏ ရောင်ဝါသည် မတည်ငြိမ်သေး ပေ။

“မိန်းကလေး နန်ယွိမြောင်နဲ့ နန်ယွိကျီတို့ကို ဘာလို့သတ်ခဲ့လဲဆိုတာ ရှင်းပြချက်ပေးသင့်တယ်မဟုတ်ဘူးလား” ပိုင်မေဟွေ့သည် လူသေတစ်ဦးကို ကြည့်သည့်အလား ရှီမာယူယူကို လှောင်ပြောင်သလိုကြည့်လေသည်။

ရှီမာယူယူသည် သူ့စကားလုံးများကြောင့် မှင်တက်မိသွားသော်လည်း အမြန်ပင် သတိပြန်ဝင်လာကာ ရယ်မောလိုက်သည်။

သူမက လူသတ်တယ်ဆိုပြီး ဒီလူတွေလာပြောနေတာပဲ။ သူတို့က ပြီးခဲ့ တဲ့အဖြစ်အပျက်တွေကို ဂရုမစိုက်တဲ့ပုံပဲ။

နန်ယွိကျီသည် သူတို့အတွက် သေသွားပြီဖြစ်သည်။ ထို့ကြောင့် အမှန် တကယ်သေသည် မသေသည်မှာ အရေးမကြီးတော့ပေ။

သူတို့သည် သူမကို အပြစ်ရှိသူဖြစ်အောင် လုပ်ကြမည့်ပုံပင်။ သူတို့တွင် ထိုအစွမ်းအစရှိမရှိကို သူမ သိချင်မိသည်။

“ရှင်းပြရမယ်ဟုတ်လား ဘယ်လိုရှင်းပြချက်လိုချင်တာလဲ” သူမသည် သူတို့ကို ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။

“နန်ယွိကျီက စစ်ဦးစီးရဲ့ အားကိုးရတဲ့လူပဲ.. မင်း သူ့ကိုသတ်လိုက်တာနဲ့ ငါတို့ မင်းကို လက်လွတ်စပယ်မသတ်ပါဘူး.. ငါတို့နဲ့ စစ်ဦးစီးကို လိုက်တွေ့ပါ” မြို့စားပြောလေသည်။

“ရှင်တို့နဲ့လိုက်ရမယ်ဟုတ်လား ကျွန်မ အသက်ရှင်နိုင်မယ်လို့ထင်လား” ရှီမာယူယူသည် သူတို့၏ စကားများကို မယုံပေ။ “အခုက စောင့်ကြည့်နေတဲ့ မျက်လုံးတွေ ထောင်ချီနေလို့ မသတ်နိုင်ငပေမဲ့ လမ်းမှာသတ်မလားဆိုတာ ဘယ်သူသိမှာလဲ”

“မင်းကို စစ်ဦးစီးဆီကိုပဲ ခေါ်သွားမှာ ဘာလို့မင်းကိုသတ်ရမှာလဲ”

“ဟား…” ရှီမာယူယူသည် နှာရှုတ်လိုက်သည် “အဆိုတစ်ခုကို ကြားဖူး လား”

“ဘာလဲ”

“*** ဖြစ်ချင်ပေမဲ့ နာမည်ကောင်းကိုလည်း ထိန်းချင်တယ်တဲ့”

“ရဲတင်းလိုက်တာ”

“ကျွန်မပြောတာ မှားလို့လား” ရှီမာယူယူ နှာမှုတ်လိုက်သည် “ကျွန်မက နန်ယွိကျီကိုသတ်ပါတယ်လို့ စွပ်စွဲတယ်.. အဲဒါက ကျွန်မကို အပြစ်ပုံချဖို့ ကြိုးစားနေတာမဟုတ်ဘူးလား.. အဲလိုဆို ရယ်စရာကောင်းတဲ့ ဆင်ခြေတွေ ပေးပြီး လမ်းမှာမသတ်နိုင်ဘူးလို့ ဘယ်သူမှမသိနိုင်ဘူးလေ.. အဲဒါက *** ဖြစ် ချင်ပေမဲ့ နာမည်ကောင်းထိန်းချင်တာမဟုတ်ဘူးလား”

“ဟားဟား.. ပြောတာကောင်းတယ် မိန်းကလေး” လူတစ်ယောက်သည် စစ်တပ်တစ်ဖွဲ့ကို ဦးဆောင်လာပြီး အဝတ်အစားမျိုးစုံဝတ်ထားသောလူများ ရောက်လာသည်။ သူသည် စစ်ဦးစီး၏ လူများထဲမှတစ်ယောက် ဖြစ်ကြောင်းကို ကြည့်လိုက်သည်နှင့် သိနိုင်သည်။ “သူတို့ထင်သလိုမဟုတ်ဘူး သူတို့က နန်ယွိကျီရဲ့ ရန်သူတွေပဲ ပြီးတော့ သူတို့က သူ့ကိုဘယ်လိုသတ်ရမလဲမသိဘူး ဖြစ်နေတာ.. သူတို့နောက်လိုက်သွားရင် မင်းသေမှာပဲ အဲအစား ဘာလို့ငါ့ နောက်ကို မလိုက်ရမှာလဲ”

ရှီမာယူယူသည် လမ်းတစ်ဝက်ပြည့်နေသော တပ်စုကိုကြည့်လိုက်သည်။ သို့သော် သူ၏စကားများကို မယုံပေ။ သူသည် ထိုသို့အမှန်တကယ်တွေးလျှင် ဤမျှများပြားသော လူခေါ်လာမည်မဟုတ်ပေ။

တကယ်တော့ အစောပိုင်းက လောင်လီသာ ထိုသတင်းကို မပြောပြခဲ့ လျှင် သူမသည် ဤအခွင့်အရေးကို အသုံးချပြီး ဟွာဝူရှန့်ကို ရှာရန်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ဟွာဝူရှန့်အား မရှာခင်တွင် သတ္တုကြောကို သေချာပေါက် သွားမည်ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်တွင် သူမ မည်သူနှင့်မှမသွားပေ။

သူမသည် ထိုလူကို ပြုံးပြလိုက်သည် “ကျွန်မရှင်နဲ့အတူသွားချင်တယ် ဒါပေမဲ့ သူတို့က မလွှတ်မှာစိုးတယ်”

သူမသည် သူတို့နှင့် သွားရတော့မည့်အလား ပိုင်မေဟွေ့ကို ကြည့်လိုက် သည်။

“သူတို့ကို စိတ်ပူဖို့မလိုပါဘူး.. ငါတို့က စစ်ဦးစီးအိမ်တော်ကပဲ ပြီးတော့ နန်ယွိကျီနဲ့ ဘာမှပြဿနာရှိတာမဟုတ်ဘူး အဲတော့ မင်းကို ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးမှာပါ” စစ်ဦးစီးအိမ်တော်မှလူသည် ပြောလေသည်။

“ဟုတ်ပြီလေ သူတို့ မကန့်ကွက်ရင် ကျွန်မလိုက်ပါမယ်” ရှီမာယူယူ ပြန် ဖြေလေသည်။

“ဟုတ်ပြီ”

“လိုင်ချန်ဖျင် သူတို့ကို လာလုရဲတယ်ပေါ့” စစ်ဦးစီးအိမ်တော်မှလူများ စောစီးစွာရောက်လာပြီး ရှီမာယူယူကို နားသွင်းလိမ့်မည်ဟု ပိုင်မေဟွေ့ ထင် မထားပေ။ စစ်ဦးစီးအိမ်တော်နှင့် မြို့စားအိမ်တော်သည် အဖုအထစ်များရှိထား သည်။ လိုင်ချန်ဖျင်သည် ဟွာဝူရှန့်ကို ဤအကြောင်းပြောလျှင် ကိစ္စမရှိပေ။ သို့သော် သူ့သူငယ်ချင်း၏ ရာထူးမှာ မြို့စားတစ်ယောက်အနေနှင့် နေရာ ပျောက်မည်ဖြစ်သည်။

“ပိုင်မေဟွေ့ ဒီကိစ္စကနေ လက်ရှောင်လိုက်တာကောင်းမယ်” လိုင်ချန်ဖျင်သည် ပြောလေသည် “မင်းကစစ်ဦးစီးရဲ့ တမန်တော်ပဲ သူ့ရဲ့ တမန် တော်မဟုတ်ဘူး.. စစ်ဦးစီးကို ထည့်စဉ်းစားရမယ်လေ”

“ဘာလုပ်ရမယ်ဆိုတာ ငါ့ကိုလာပြောဖို့မလိုပါဘူး” ပိုင်မေဟွေ့ ဆက် ပြောလေသည် “ဒီလူကို ငါတို့အရင်တွေ့တာပဲ အဲတော့ ဒီလူတန်းကြီးကို ဘာလို့ဖြတ်မပစ်တာလဲ”

“တစ်ဖက်လူရဲ့ ထင်မြင်ချက်ကိုလည်း ငါတို့လေးစားရမယ်.. သူမက ငါတို့နဲ့လိုက်ချင်တာ မင်းတို့နဲ့မလိုက်ချင်ဘူး” လိုင်ချန်ဖျင် ပြောလေသည်။

ထိုအချိန်တွင် ရှီမာယူယူသည် ဝူလင်းယူကိုခေါ်ပြီး စစ်ဦးစီး၏အိမ်တော် ဘက်သို့သွားလိုက်သည်။ သူမသည် ရပ်နေရင်းနှင့် လောင်လီကို ကြည့်လိုက် သည်။ လောင်လီသည် ခေတ္တမျှတွေဝေပြီးနောက် သူမဘေးသို့လာလေသည်။

သူသည် သူမနှင့်အတူရှိခဲ့ပြီး ယနေ့အဖြစ်အပျက်ကို မြင်ပြီးဖြစ်သည်။ သူမနောက်လိုက်လျှင် သူ လွတ်မြောက်နိုင်သည်။ မလိုက်လျှင်တော့ အချိန် မရွေးအသတ်ခံနိုင်ရသည်။

ရှီမာယူယူ သူ့ဘက်တွင်လာရပ်သည်ကို မြင်သောအခါ လိုင်ချန်ဖျင်သည် ရယ်မောပြီး သူမအား ဂုဏ်ယူစွာဖြင့် ကြည့်လေသည် “ကြည့်လေ သူမက ဆုံးဖြတ်ပြီးနေပြီပဲ”

“လိုင်ချန်ဖျင် မင်းက တစ်လျှောက်လုံး ငါတို့နဲ့ဆန့်ကျင်ချင်တဲ့ပုံပဲ” ဝူရှန့် မြို့စား၏ မျက်နှာမှာ မကောင်းတော့ပေ။

ဤခင်မင်မှုကို ဖြေရှင်းရန် နည်းလမ်းမရှိပေ။ သို့သော် ရှီမာယူယူနှင့် ဟွာဝူရှန့်ကိုလည်း တွေ့ခွင့်မပေးနိုင်ပေ။ သူမသာ ဟွာဝူရှန့်ရှေ့တွင် အရာ အားလုံးကို ထုတ်ဖော်ပြောမည်ဆိုပါက ပြီးခဲ့သည့်နှစ်များအတွင်း သူတို့လုပ် သမျှမှာ ပျက်စီးသွားနိုင်သည်။ သူမသေသွားလျှင် အစပိုင်းကဖြစ်ခဲ့သမျှသည် စစ်ဦးစီးအိမ်တော်အား သွားပုပ်လေလွင့်ပြောတာလောက်နှင့်တင် ပြီးသွားမည် ဖြစ်သည်။

သူသည် ရှီမာဘူယူကိုကြည့်ပြီး လက်ကိုဝေ့ယမ်းလိုက်သည်နှင့် မြို့စား အိမ်တော်မှလူများသည် စစ်ဦးစီးအိမ်တော်မှလူများကို တိုက်ခိုက်ရန် ရှေ့သို့ တက်လေသည်။

လိုင်ချန်ဖျင်သည် ဤသို့ဖြစ်လာမည်ကို တွေးထားပြီးဖြစ်သဖြင့် ရှီမာယူ ယူ၏ လုံခြုံရေးကို ပို၍ကာကွယ်ချင်သည်။

“သူမကို ကာကွယ်ထား” သူသည် စစ်ဦးစီးအိမ်တော်၏လူများကို အော် ပြီး တိုက်ပွဲတွင်ဝင်ပါသည်။

စစ်ဦးစီးအိမ်တော်နှင့် မြို့စားအိမ်တော်တို့ တိုက်ခိုက်ကြသည်မှာ ပထမ ဆုံအးကြိမ်မဟုတ်ပေ။ ထို့ကြောင့် မြို့ထဲမှလူတွေအတွက် အံ့ဩစရာမဟုတ် တော့ပေ။

မြို့စားအိမ်တော်မှလူများသည် မြို့စားရှိနေသဖြင့် အလွန်ပင် စိတ်အား ထက်သန်ကြသည်။ သူတို့သာ သူ့ဘက်ကို ကောင်းကောင်းရပ်တည်လိုက်လျှင် မြို့စားအိမ်တော်၏ ရာထူးမှာမြင့်လာမည်ဖြစ်သည်။

စစ်ဦးစီးအိမ်တော်သည် အလာနောက်ကျပြီး သူတို့၏ စွမ်းအားမှာ မြို့စား အိမ်တော်နှင့်ယှဉ်မရသော်လည်း လူအင်အားပိုများသည်။ ထို့ကြောင့် နှစ်ဖက် လုံးမှာ သရေကျနေသည်။

ရုတ်တရက်ပင် လူတစ်ယောက်အော်လေသည် “သူတို့ ပျောက်သွားပြီ”

တိုက်ပွဲရပ်သွားသည်။ သူတို့သည် ရှီမာယူယူရှိခဲ့သည့်နေရာကို ကြည့် လိုက်ကြသည်။ သို့သော် မတွေ့ရတော့ပေ။

“သူတို့က ဘယ်မှာလဲ” လိုင်ချန်ဖျင်သည် ကပျာကယာဖြင့် ဒေါသတကြီး မေးလေသည်။

“ခုနလေးတင် ဒီမှာရှိသေးတယ်” သူတို့ကို စောင့်ကြည့်ရန်တာဝန်ယူထား သူသည် ဖြူဖျော့လာသည်။ သူမသည် သူ့ဘေးတွင်ရှိနေသေးသည်။ သူတို့ ပျောက်သွားတာကို သူဘယ်လိုလုပ် သတိမထားမိတာလဲ။

သူတို့ ဘယ်တုန်းက ထွက်သွားတာလဲ။

အားလုံးသည် ပျာသွားကြကာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ တိုက်ခိုက်ပြီး လုနေကြတဲ့လူပျောက်သွားတာကို ဆက်ပြီးတိုက်ခိုက်နေကြမှာ လား။

ဝူရှန့်မြို့စားနှင့် လိုင်ချန်ဖျင်တို့ တိတ်ဆိတ်သွားကြသည်။ သူတို့နှစ် ယောက်သည် တိုက်ပွဲမြေပြင်မှ အကြည့်ချင်းဖလှယ်ကာ သူတို့ကိုရှာရန် အမိန့် ပေးလိုက်ကြသည်။

ရှီမာယူယူ၊ ဝူလင်းယူနှင့် လောင်လီတို့သည် လေဟာပြင်ဝင်ပေါက်မှ ထွက်လာကြသည်။ သူတို့ လွတ်မြောက်လာသဖြင့် လောင်လီသည် မယုံနိုင်စွာ ဖြင့် သက်ပြင်းချကာ သူ့ရင်ဘတ်သူ ပုတ်လိုက်သည်။

သို့သော် သူသည် သူတို့နှစ်ယောက်ကို ပိုကြောက်မိသည်။ သူတို့တွင် ပြဿနာများပြီး ဤကဲ့သို့အခြေအနေမျိုးတွင် လွတ်မြောက်အောင်ပြေးနိုင်လိမ့် မည်ဟု သူ ထင်မထားပေ။ သူတို့ကို ရွေးလိုက်သည်မှာ ထက်မြက်သည့် ဆုံးဖြတ်ချက်ဖြစ်သည့်ပုံပင်။ သူမကို မရွေးလျှင် သူ့ကို တစ်ပါတည်းခေါ်သွား မည်မဟုတ်သည်မှာ သေချာသည်။

“မိန်းကလေးယူယူ ပျော်ရွှင်ခြင်းမြို့စားက မင်းလက်ထဲမှာဆိုတာ အမှန် ပဲလား” သူ မေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “သူက ကျွန်မကိုသတ်ချင် နေတာ.. အဲဒါကြောင့် ဖမ်းလိုက်တာ ပြဿနာဖြစ်မှာကို ကြောက်လို့သာ မဟုတ်ရင် သူ့ကိုသတ်လိုက်ပြီ”

လောင်လီသည် ထိုစကားကြားပြီးနောက် စကားလုံးမဲ့သွားသည်။ သူမ သူ့ကို ဖမ်းလိုက်တာက ပြဿနာရှာတာပဲမဟုတ်ဘူးလား။ အဲလိုသာဆိုရင် သူမက ဒီလိုအခြေအနေတောင်ရောက်မှာမဟုတ်ဘူးလေ။

***

All Chapters