← Chapters

နောက်ပြန်ကြည့်ခြင်း

Vol. 149 Ch. 2082

နောက်ပြန်ကြည့်ခြင်း

Vol. 149 Ch. 2082

ထိုနေရာသည် တခြားမြေပြန့်များနှင့်မတူပေ။ တလျန်မြို့ဧရိယာကို ဝင် သည်နှင့် အဆုံးမရှိသော တောင်များရှိသည်။ တလျန်မြို့ပင်လျှင် တောင်ခြေ တွင် တည်ထောင်ထားပြီး တခြားတောင်ပေါ်မြို့များနှင့် ခပ်ဆင်ဆင်ပင်။

ရှီမာယူယူနှင့် တခြားသူများသည် တောင်အနက်အတွင်းသို့ ဝင်ခဲ့ပြီး ထိပ် ထိရောက်အောင် လာခဲ့ကြသည်။

ရှီမာယူယူသည် အဝေးမှရှည်လျားသော တောင်တန်းကြီးကိုကြည့်ပြီး မေးလိုက်သည် “အဲဒါက ဦးလေးလီ ပြောတဲ့သတ္တုကြောလား”

“ဟုတ်တယ်” လောင်လီသည် ထိုတောင်ကိုမြင်သောအခါ တုန်ယင်နေ တုန်းပင် “ငါတို့ အဲဒီနေရာနဲ ကီလိုမီတာနည်းနည်းဝေးတဲ့နေရာမှာရှိနေမယ်”

ရှီမာယူယူသည် သူ၏တုံ့ပြန်ချက်ကို သတိထားမိပြီး ပြောလိုက်သည် “ကျွန်မတို့ကို ဒီမှာပဲစောင့်ပါ ဦးလေးလီလိုက်ဖို့မလိုပါဘူး”

လောင်လီသည် ထိုစကားကြားမှပင် စိတ်သက်သာရာရစွာ သက်ပြင်းချ လိုက်သည်။ သူ ခေါင်းညိတ်ပြီး ပြောလိုက်သည် “ဒါဆို ဒီမှာပဲစောင့်နေမယ်”

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် တောင်ပေါ်မှဆင်းသွားကာ သတ္တုကြော ဆီသို့ တဖြည်းဖြည်းချည်းကပ်သွားသည်။ သူတို့သည် သတ္တုကြောဧရိယာနှင့် မီတာအနည်းငယ်အဝေးတွင် ရပ်လိုက်ကြသည်။

“အစောင့်အကြပ်ထူတာပဲ” ဝူလင်းယူသည် တောင်ခြေမှနေ၍ ရောင်ဝါ မျိုးစုံကို အာရုံခံမိလေသည်။

ရှီမာယူယူသည် သတ္တုကြောနှင့် လုံခြုံသောအကွာအဝေးတွင်ရှိနေကာ တပ်သားများစွာရှိသည်ကို အာရုံခံမိသည်။ သူတို့ သွားမည်ဆိုပါက အချိန် အနည်းငယ်လိုသည်။ ပြီးနောက် ဆူညံသံကြောင့် တလျန်မြို့၏အာရုံရောက် လာနိုင်သည်။

“ကြည့်ရတာ အစီအစဉ်ဆွဲပြီးမှသွားရမယ်ထင်တယ်” သူမသည် မေးစေ့ ကိုပွတ်ကာ အခြေအနေကို ဖြေရှင်းရန် အလျင်အမြန်ပင် စဉ်းစားရတော့သည်။

သတ္တုကြောအောက်ခြေတွင် တပ်သားများသည် သုံးစုမှ ငါးစုအထိ စောင့် ကြည့်ကြပ်မတ်နေသည်။

“ဒီမှာ ဘယ်လောက် ကြာအောင် စောင့်ကြည့်ရဦးမှာလဲ.. ငါတို့တွေ တစ်နေကုန်စောင့်ကြပ်နေတာ ခြေတစ်လှမ်းမှလည်းမခွာရသလို ကျင့်လည်း မကျင့်ကြံရဘူး.. ငါတို့က ဒီမှာသက်သက်အချိန်ဖြုန်းနေရတာပဲ” တပ်သား တစ်ယောက်သည် ညည်းညူလေသည်။

“ဟုတ်တယ် ဒီမှာဘာမှလည်းမရှိဘူး ငါတို့သွားသောက်လို့တောင်မရဘူး”

“မင်းတို့နှစ်ယောက် ညည်းမနေကြနဲ့တော့.. မင်းတို့ပြောတာတွေ အထက်ကသိရင် သေလိမ့်မယ်” နောက်တပ်သားတစ်ယောက်သည် သူတို့ကို တားလေသည်။

“ဟန်ဆောင်မနေပါနဲ့ မင်းလည်း မင်းသူငယ်ချင်းတွေကို မလွမ်းဘူးလို့ မယုံဘူး”

ပထမဆုံး စကားပြောသောတပ်သားသည် စနောက်ပြီး ရယ်မောလေ သည်။

“သူတ့ကို လွမ်းရင်တောင် မပြောဘူး.. ကင်းလှည့်အဖွဲ့က ခဏနေရောက် လာတော့မယ်.. သူတို့တွေ မင်းတို့ပြောတာကိုကြားသွားရင် မင်းတို့အသက်ကို ငါ မကယ်နိုင်ဘူး” စနောက်ခံရသူ ပြောလေသည်။

“ဒီလိုပုံမှန်မဟုတ်တဲ့နေရာမှာ သတ္တုကြောရှိတယ်လို့ တကယ်ကြီးထင် နေတာလား”

“ငါက သတ္တုကြောကိုမမြင်ဖူးဘူး ဒါပေမဲ့ အလောင်းတွေတော့ မြင်ဖူး တယ်”

“ဝင်သွားတဲလူတိုင်းက သေသွားတာပဲ.. သတ္တုကြောကနေ အသက်ရှင် လျက်ထွက်လာနိုင်တဲ့သူ တစ်ယောက်မှမမြင်ဖူးဘူး.. ဒီလိုနေရာမျိုးကို စောင့် ကြပ်ရတာ ငါ့ကိုယ်ငါ ကံမကောင်းဘူးလို့ပဲ သတ်မှတ်လိုက်တော့တယ်”

“ကဲပါ ညည်းညူမနေနဲ့”

“မင်းတို့ ကြားလိုက်လား”

“ဘာလဲ”

“ငါ တစ်ခုခုကြားလိုက်သလိုပဲ”

“နောက်မနေနဲ့ မရဏာသားရဲတွေတောင် ဒီလိုထူးဆန်းတဲ့နေရာကို မလာကြဘူး.. ဘာဖြစ်နိုင်မှာမို့လို့လဲ”

“တကယ်ပဲ တစ်ခုခုကြားလိုက်တယ်.. အရှေ့ကတောအုပ်ထဲက အသံ လာသလိုပဲ”

“တကယ်ကြီးလား”

“တကယ်”

“ဒါဆိုလည်း သွားကြည့်လေ”

“ငါ မသွားချင်ဘူး မင်းကြည့်ချင် မင်းဘာသာသွားလေ”

“လှည့်ကင်းတွေလာပြီ.. ဒီနေရာမှာ တစ်ခုခုဖြစ်သွားရင် ငါတို့သုံးယောက် ကဘာမှလုပ်နိုင်မှာမဟုတ်ဘူး သွားကြည့်ရအောင်”

အစောက စနောက်နေသောတစ်ယောက်သည် သတိရှိရှိဖြင့် လျှောက် သွားလေသည်။ လျင်မြန်စွာပင် သူ၏အရိပ်ကို ထူထဲသောချုံပုတ်မှ ဖုံးအုပ်သွား လေသည်။

“အိုး…”

သစ်ပင်များဆီမှ ညည်းညူသံခပ်တိုးတိုးကို ကြားလိုက်ရသည်။

“ဟေး အဲဒီမှာဘာဖြစ်နေတာလဲ” ကျန်နှစ်ယောက်သည် ထိုနေရာကို ကြည့်ပြီး မေးလေသည်။

“ဘာမှမဟုတ်ဘူး ငါ သစ်ပင်ကို မတော်တဆတိုက်မိလို့” ထိုလူ ပြန်ဖြေ လေသည်။

ကျန်နှစ်ယောက်သည် ရယ်မောလေသည်။ ဒီအသက်အရွယ်မှာ ဘယ်လို လုပ် သစ်ပင်ကို ဝင်တိုက်မိရတာလဲ။

ခဏအကြာတွင် သူ ပြန်လာသည်။

သူတို့နှစ်ယောက်သည် သူ့ကို စနောက်မည်ပြုသည်။ သို့သော် သူတို့ ဘာမှ မပြောရခင်မှာပင် လှည့်ကင်းများ လျှောက်လာသည်ကို မြင်လိုက်ရ သည်။ သူတို့သုံးယောက်သည် ချက်ချင်းပင် နေရာယူလိုက်ကြသည်။

လှည့်ကင်းတချို့ရောက်လာပြီး သူတို့ကိုမေးလေသည် “ဒီမှာထူးဆန်း တာ ရှိလား”

“တမန်တော်ကို ပြန်ဖြေပါတယ်.. အခုထိတော့ ပုံမှန်မဟုတ်တာ မရှိပါ ဘူး” စနောက်ခံရသူသည် ပြန်ဖြေလေသည်။

“အင်း” တမန်တော် ခေါင်းညိတ်လေသည် “သူတို့က မင်းတို့နဲ့ ကင်းလဲ မယ့်သူပဲ ငါ့နောက်လိုက်ခဲ့”

သူတို့သုံးယောက်သည် ပျော်ရွှင်စွာပြုံးလိုက်သည်။ နောက်ဆုံးတော့ ပြီး သွားလေပြီ။

သူတို့သည် ကင်းစောင့်ချိန်လဲကြသည်။ သူတို့ သုံးယောက်မှာလည်း တမန်တော်နောက်လိုက်ပြီး တခြားသူများလည်း လဲနေကြရာ ပြန်လာခဲ့လိုက် ကြသည်။

သူတို့ ထိုနေရာမှထွက်မလာခင်တွင် လူတစ်ယောက်ရောက်လာသည်။

“တမန်တော်ယူ ဒီကိုဘာကိစ္စလဲ”

“စစ်ဦးစီးက သခင်ကြီးလျိုကို သတ္တုကြောကြည့်ဖို့ဖိတ်ထားတာ” တမန် တော်ယူပြန်ဖြေလေသည် “မင်းတို့အားရင်လည်း အတူသွားကြတာပေါ့”

သူတို့ မှင်တက်ကုန်ကြသည်။ သူက သူတို့ကို လိုက်လာစေချင်တာလား။ ဒါဆိုရင် သူတို့က အသက်ရှင်လျက်ထွက်သွားနိုင်မှာလား။ သို့ပေမဲ့ တမန်တော် ယူသည် တခြားသာမန်တမန်တော်များထက် ရာထူးမြင့်သည်။ ထို့ကြောင့် သူတို့ ငြင်းချင်ရင်တောင် ငြင်းမရပေ။ သူတို့သည် ရွေးချယ်စရာမရှိတော့ဘဲ ကျိုးနွံစွာပင်လိုက်ခဲ့ရသည်။

“ဟားဟား ဘာမှ စိတ်ပူဖို့မလိုဘူး.. ဒီသတ္တုကြောမှာ ထူးဆန်းနေတာ တွေအကုန်လုံးက အထဲကစွမ်းအားကြောင့်ဖြစ်နေတာ.. အနှောင့်အယှက်တစ် ခုသာသာပဲ.. ဒီစွမ်းအားကို ငါ ဖောက်ခွဲလိုက်ရင် ကြောက်စရာမလိုတော့ဘူး” သခင်ကြီးလျိုသည် ယုံကြည်ချက်ရှိရှိ ပြောလေသည်။

စစ်ဦးစီးတွေ့သောလူများသည် ထူးခြားသည့်လူများဖြစ်သည်ဟု သူတို့ ကိုယ်သူတို့ ထင်ထားကြသည်။ ဤနေရာတွင် သူ့ကိုကြောက်နေရန်မလိုပေ။

ထိုသို့တွေးလိုက်သည်နှင့် အားလုံးသည် သတ္တိရှိလာသည်။

တမန်တော်ယူသည် သူတို့ကို တောင်ဆီသို့ခေါ်သွားသည်။ တပ်သား ဟန်ဆောင်ထားသော ရှီမာယူယူသည် လောင်လီပြောသလိုပင် တစ်ကိုယ်လုံး တုန်ယင်သွားအောင် အေးစိမ့်မှုကိုခံစားရလေသည်။

“သခင်ကြီးလျို ခံစားမိလား” တမန်တော်ယူ မေးလေသည်။

“အင်း ခံစားမိတယ် ဒီအေးစိမ့်မှုက အဲဒီအင်အားကထုတ်တာပဲ ဒါသာမန် ပဲလေ” သခင်ကြီးလျို ပြောလေသည်။

“သခင်ကြီးလျို ယုံကြည်ချက်ရှီလား”

“အေးစိမ့်မှုကို အကဲဖြတ်ရသလောက်တော့ အင်အားက တကယ်ပဲ သန်မာတာပဲ.. ဖြေရှင်းနိုင်မလားဆိုတာ အနီးကပ်ကြည့်တာပေါ့” ထိုအချိန်တွင် သခင်ကြီးလျိုသည် ကြိုတင်ပြင်ဆင်လာသည့် အစီအစဉ်ကို ပြောင်းပြီး ထို နေရာကို ဝင်လိုက်သည်။

အစပိုင်းတွင် သခင်ကြီးလျိုသည် ဗဟုသုတအနည်းငယ်သာရှိပြီး ယုံကြည်မှုလွန်ကဲနေသည်ဟု ရှီမာယူယူထင်ထားသည်။ သို့သော် သူသည် အမှန်တကယ်ပင် အရည်အချင်းရှိသည့်ပုံပင်။ စစ်ဦးစီး၏ အမြင်ကိုဖမ်းစားနိုင် သူမှာ သာမန်မဟုတ်သည့်သတင်းသည် အမှန်ဖြစ်သည့်ပုံပင်။

တမန်တော်ယူသည် သူ ပြောသည်ကိုကြားပြီးနောက် အနားမကပ်တော့ ပေ။ သူသည် ဤနေရာကို နှစ်ကြိမ်ရောက်ဖူးကာ နှစ်ကြိမ်လုံးလုံး ကပ်သီလေး လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဤနေရာသည် မည်မျှထူးဆန်းပြီး မည်မျှ အားကောင်းသည်ကို သူသိသည်။

“ပတ်ကြည့်ရအောင်” သူသည် သခင်ကြီးလျိုကို ပြောလိုက်သည်။

“ဟုတ်ပြီ”

သခင်ကြီးလျို ယုံကြည်မှုရှိနေသည်ကိုကြည့်ပြီး ထိုအဖွဲ့၏လေထုမှာ လည်း လေးလံလာသည်။ ရုတ်တရက် တစ်ခုခုဖြစ်မည်ကို ကြောက်သဖြင့် အားလုံးသည် ဂရုတစိုက်ရှိလာသည်။

ရှီမာယူယူသည် အနောက်မှနေ၍ ဖြည်းဖြည်းချင်းလိုက်လာသည်။ သူမ သည် လှည့်ပတ်ကြည့်ပြီး အခြေအနေကို အကဲခတ်ကာ မီအာကို ထွက်သွားရန် တိတ်တိတ်လေး ပြောလိုက်သည်။

တမန်ယူသည် တစ်စုံတစ်ခုကို အာရုံခံမိရာ အဖွဲ့နောက်သို့ လှည့်ကြည့် လေသည်။ သူသည် အားလုံး၏ ပူပန်နေသောအကြည့်မှလွဲပြီး ထူးဆန်းသည့် အရာကို မတွေ့သည့်ပုံပင်။ ထို့ကြောင့် သူ အသာမျက်မှောင်ကြုတ်ပြီး ဘာမှ မပြောတော့ပေ။

“အာ…”

အလယ်တွင်လျှောက်နေသူသည် ရုတ်တရက်အော်ပြီး လဲကျသွားသည်။ တစ်ခဏအတွင်းမှာပင် သူသည် သေသွားပြီး မီးခိုးမည်းအဖြစ်ပျောက်ကွယ် သွားသည်။

သူ့နားမှလူများသည် အော်ပြီးထွက်ပြေးကြသည်။ သူတို့အားလုံးသည် ဘေးပတ်ပတ်လည်ကို စိုးရိမ်တကြီးကြည့်ကြသည်။ ဒီမှာဘာမှမရှိဘဲ ဘယ်လို လုပ် သေသွားတာလဲ။

တမန်တော်ယူသည် ပြန်လာကာ မေးလေသည် “ဘာဖြစ်တာလဲ”

“သူ ရုတ်တရက်ကြီးသေသွားတာ.. ဒါပေမဲ့ ဘာမှမဖမ်းမိလိုက်ဘူး” လူ တစ်ယောက် ပြန်ဖြေလေသည်။

“သူက ရုတ်တရက်ကြီး သေသွားတာလား”

“ဟုတ်ပါတယ် သူက အလယ်ကနေလျှောက်လာတာ.. ဒါပေမဲ့ ဘယ်သူ့ကိုမှ လည်းမတွေ့မိပါဘူး”

***

All Chapters