သေးငယ်သော ကျေးဇူးအကြွေး
Vol. 149 Ch. 2084
ရုတ်တရက်ကြီး အေးစိမ့်မှုကို တုံ့ပြန်လိုက်တယ်ဆိုတာ ဘာအဓိပ္ပာယ် လဲ။ ထိုစကားလုံးများသည် အဖြစ်အပျက်ကိုမသိသူများအတွက်သာ အရူးလုပ် ၍ရမည်။ ဝိညာဉ်ရှာပညာကို ကောင်းစွာတတ်မြောက်သော သခင်ကြီးလျိုကို တော့ ဤကဲ့သို့ဆင်ခြေမှာ ရေကိုလက်နှင့်ဆုပ်ကိုင်သလိုပင်။
ထို့ကြောင့်ပင် သူမ၏ စကားကိုကြားသည်နှင့် ရှီမာယူယူသည်လည်း ကျွမ်းကျင်သူဖြစ်သည်ကို သူ ချက်ချင်းသိလိုက်သည်။ အထူးသဖြင့် ရှီမာယူယူ သည် သူ့ကို ပွင့်လင်းစွာကြည့်မည့်အစား ဖုံးကွယ်ထားသည့်အကြည့်ဖြင့် ကြည့် နေသည်။ သို့သော် သူမသည် သူ၏အဖြေကို စောင့်နေသည်ကို သူနားလည် သည်။
တမန်တော်ယူကို ဒီအကြောင်း ပြောသင့်လား။ သူသည် စိတ်အတွင်းတွင် ရုန်းကန်နေသည်။ သို့သော် သူသည် ရှီမာယူယူအား ရွေးချယ်လိုက်သည်။
ရှီမာယူယူသည် သူကိုယ်တိုင်ပင် သတိမထားမိသည့် စွမ်းအားကို ဖော် ထုတ်နိုင်သည်မှာ သူမသည် သူ့ထက်ပင် ပိုအားကောင်းသည်ကို ဆိုလိုသည်။ သူသာ သူမ၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးလိုက်ပါက ဤအချက်ကို မှတ် ထားကာ အန္တရာယ်တစ်စုံတစ်ရာနှင့်တွေ့လျှင် သူ့ကိုကယ်နိုင်သည်။
သူသည် စဉ်းစားပြီးရင်းစဉ်းစားကာ သူမကို ပြုံးပြလိုက်သည် “မင်းက ခုနက ငါပြောတာကို အခြေခံပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကယ်နိုင်တာပဲ.. တကယ်ကို ခက်ခဲတဲ့အကွက်ပဲ”
ရှီမာယူယူသည်လည်း ပြုံးကာ သူ့ကို ကျေးဇူးတင်စွာဖြင့် လက်အုပ်ချီ လိုက်သည် “ဒါတွေက သခင်ကြီးသင်ပြပေးမှုကြောင့်ပါ” သူပြောလိုက်သည့် စကားကိုကြားပြီးနောက် အားလုံးသည် အသက်ရှင်ရန် မျှော်လင့်ချက်ရှိလာ သည်။ အစပိုင်းက ထိုအရာနှင့်တွေ့လျှင် သူတို့သေချာပေါက် သေနိုင်သည်ဟု ထင်ထားခဲ့သည်။ သို့သော် အနည်းဆုံးတော့ ယခုစမ်းကြည့်နိုင်သည်။
ရှီမာယူယူ၏အပြုံးမှာ လေးနက်လာပြီး သူ့ကိုတောက်ပစွာ ပြုံးပြလိုက် သည်။ ဒါက မဟာမိတ်ဖွဲ့တာ အောင်မြင်တယ်လို့ ပြောလို့ရပြီလား။
“မင်းက စွမ်းအားတွေကို အာရုံခံနိုင်တာပဲ.. ဒီကိုလာပြီး ငါတို့နဲ့ ပူးပေါင်း လိုက်.. မင်း သခင်ကြီးလျိုကို ကူညီပေးနိုင်မလားကြည့်တာပေါ့” တမန်တော် ယူ ပြောလိုက်သည်။
“ဒီလက်အောက်ငယ်သားက အမိန့်နာခံပါမယ်” ရှီမာယူယူသည် အရှေ့ သို့ထွက်ပြီး သခင်ကြီးလျိုနှင့် တမန်တော်ယူတို့ဘေးသို့ သွားလိုက်သည်။ သူမ သည် ဘေးမှလူကို တိတ်တဆိတ်ပို၍ အထင်သေးမိသည်။
သူသည် သခင်ကြီးလျိုကို ကူညီရန်ဟုဆိုသော်လည်း အမှန်မှာ သူမ အာရုံ နိုင်စွမ်းရှိသဖြင့် သူ့ကိုကာကွယ်ပေးရန်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် တစ် ကိုယ်ကောင်းဆန်သူသာဖြစ်သည်။
သခင်ကြီးလျိုသည် သူ၏ဆုံးဖြတ်ချက်ကို အလွန်ကျေနပ်လျက်ရှိသည်။ သူသည် ရှီမာယူယူ့ကို သူ့ဘေးတွင်ထားချင်သည်။ သို့သော် စကားပြောခွင့်မရှိ ပေ။ တမန်တော်ယူ ထိုသို့ပြုလုပ်လိုက်သဖြင့် သူ၏ဆန္ဒနှင့် တိုက်ဆိုင်သွား သည်။
သူတို့သည် ရှေ့ဆက်သွားကြသည်။ ရှီမာယူယူ၏ အစောက တိုက်ခိုက်မှု ကြောင့် တစ်ဖက်လူကို ထိန်းချုပ်နိုင်၍လားမသိပေ.. မည်သည့် ပြဿနာများ ပေါ်ပေါက်မှုမရှိဘဲ ခရီးဆက်နိုင်လေသည်။
သူတို့အဖွဲ့သည် သတ္တုကြောတောင်ပေါ်သို့ သတိရှိရှိတက်လာသည်။ သတိကြီးကြီးထားလျက်ရှိသော ရှီမာယူယူပင်လျှင် တစ်စုံတစ်ရာဖြစ်တော့မည် ဟု ထင်ခဲ့သည်။ သို့သော် ခရီးစဉ်တစ်ခုလုံးမှာ ချောမွေ့နေသည်။
သူတို့ သတ္တုကြောတောင်ထိပ်သို့ ရပ်လိုက်သည်နှင့် တမန်တော်ယူ ပြုံး လိုက်သည်။ သူသည် ဤကဲ့သို့ အတွင်းထဲထိ မရောက်လာဖူးပေ။ သူတို့သည် ဤနေရာထိရောက်လာနိုင်ရာ သတ္တုကြောကိုတူးနိုင်သရွေ့ ဤသတ္တုကြောကို သူတို့ပိုပြီဟု သတ်မှတ်၍ရသည်။
“သခင်ကြီးလျို စွမ်းအားက ဘယ်ဘက်ကိုဦးတည်နေလဲဆိုတာ မြင်နိုင် လား” သူသည် သခင်ကြီးလျိုကို မျှော်လင့်တကြီး ကြည့်လေသည်။
သခင်ကြီးလျိုသည် အမြင့်ဆုံးတောင်ထိပ်တွင်ရပ်ကာ တောင်တန်းနှစ် ခုရှိသည့်ဘက်သို့ ကြည့်ကာ ပြောလေသည် “နှစ်အစောပိုင်းကသာ ဒီကိုရောက် လာရင် စွမ်းအားက ဘယ်ဘက်ကိုဦးတည်နေလဲဆိုတာ မြင်နိုင်မှာ.. ဒါပေမဲ့ အခုက ဝိညာဉ်တည်ဆောက်လိုက်ပြီဆိုတော့ ဆုံးဖြတ်ဖို့က မဖြစ်နိုင်တော့ဘူး”
“ခင်ဗျားမှာတောင် နည်းလမ်းမရှိဘူးလား”
“လုံးဝကြီး မျှော်လင့်ချက်မရှိတာတော့ မဟုတ်ဘူး.. သေချာထပ်လေ့လာ ရမယ်.. တကယ်လို့ စွမ်းအားကို မှားပြီးဖွင့်မိရင် သတ္တုတွင်းတစ်ခုလုံး ပြိုကွဲ သွားလိမ့်မယ်.. ပိုပြီးသတိထားရမယ်” သခင်ကြီးလျို ပြောလိုက်သည်။
သူ့စကားများသည် မှန်သည်ဟု တမန်တော်ယူခံစားမိသည်။ ဤကဲ့သို့ ကိစ္စများသည် အလောကြီး၍မဖြစ်ပေ။ အထူးသဖြင့် ဤကဲ့သို့အချိန်တွင်ဖြစ် သည်။
“တမန်တော်ယူ… ကျုပ် တစ်နေရာသွားကြည့်လိုက်ဦးမယ်.. ဒီမှာက ပို လုံခြုံတယ်… ဒီမှာနေပြီး ကျုပ်ကိုစောင့်နေပါ”
“ခင်ဗျားတစ်ယောက်တည်းသွားမှာလား.. ကျုပ်က ဘယ်လိုလုပ် လွှတ်ရ မှာလဲ.. တစ်ခုခုက ခင်ဗျားကို ထိခိုက်အောင် လုပ်ရင် ဘယ်လိုလုပ်မလဲ” တမန် တော်ယူသည် သဘောမတူပေ။
“ဒါပေမဲ့ ကျုပ်နောက်ကို လိုက်ရင်.. အာရုံစိုက် လေ့လာနိုင်မှာမဟုတ်ဘူး ဒီမှာနေရင်တော့ ဘာကိုမှဆုံးဖြတ်လို့ရမှာမဟုတ်ဘူး” သခင်ကြီးလျိုသည် အခက်တွေ့စွာ ပြောလိုက်သည်။
“ဒါပေမဲ့ အန္တရာယ်များတယ်လေ” တမန်တော်ယူသည် သဘောမတူပေ။
သခင်ကြီးလျိုသည် မျက်မှောင်ကြုတ်ကာ အခက်တွေ့နေသကဲ့သို့ ပြော လေသည် “တမန်တော်ယူ.. ကျုပ်ကို တကယ်ပဲစိတ်ပူတယ်ဆို ဒီကောင်လေး ကို ကျုပ်နဲ့အတူလိုက်ခိုင်းလိုက်ပါ”
တမန်တော်ယူသည် သူညွှန်ပြသောလူကိုကြည့်ပြီး မျက်နှာထားမှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော် သူသည် မတတ်သာစွာဖြင့် သဘောတူလိုက်ရသည်။
“မင်း.. သခင်ကြီးလျိုနဲ့ လိုက်သွား” သူသည် ရှီမာယူယူကို ညွှန်ပြလေ သည်။
“နားလည်ပါပြီ” ရှီမာယူယူသည် နာနာခံခံပင် သခင်ကြီးလျိုနောက်မှ လျှောက်လိုက်သွားကာ တခြားတောင်ထိပ်သို့ ပျံသွားလေသည်။
သူတို့ တခြားသူများဆီမှ ထွက်လာသည်နှင့် တောင်တန်းများသည် သူတို့ မြင်ကွင်းရှေ့တွင် လာပိတ်လေသည်။
ထိုအခိုက်တွင် သခင်ကြီးလျိုသည် ရပ်ပြီး ရှီမာယူယူအားကြည့်ကာ မေး လိုက်သည် “စီနီယာ မင်းက ဒီစွမ်းအားကို ကိုင်တွယ်ဖို့ ယုံကြည်ချက်ရှိလား”
ရှီမာယူယူ ပြုံးလိုက်သည် “သခင်ကြီးလျို မြှောက်ပြောနေပြန်ပါပြီ ကျွန်တော်က စီနီယာမဟုတ်ပါဘူး”
“ငါတို့လို အလင်းထဲမှာနေတဲ့သူတွေက ပဟေဠိဝှက်သလို စကားမပြော ဘူး” သခင်ကြီးလျို ပြောလိုက်သည် “ငါ ဒီစွမ်းအားကို ဘာမှမလုပ်နိုင်တာ မင်း မြင်နိုင်တာပဲ.. ဆိုလိုတာက မင်းက ငါ့ထက်အားကောင်းတယ်.. အစကတည်း က မင်းကိုကူဖုံးထားပေးဖို့ ရွေးချယ်လိုက်တယ်ဆိုတော့ မင်းကို တစ်ယောက် တည်းထားပြီး ပြေးဖို့စိတ်ကူးမရှိဘူး”
“ခုနကဖြစ်ခဲ့တာအတွက်ကို ကျေးဇူးတင်ပါတယ် သခင်ကြီးလျို.. ဒါပေမဲ့ ကျွန်တော်က သခင်ကြီးမဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
ရှီမာယူယူ ဝန်မခံလိုသည်ကို သခင်ကြီးလျိုမြင်သောအခါ သူမကို အတင်းဖိအားမပေးတော့ပေ။ ထိုအစား သူ မေးလိုက်သည် “ဒီအကြောင်းကို ဘယ်လိုထင်လဲ”
“ဒီကစွမ်းအားက တကယ်ပဲ ဝိညာဉ်ဖြစ်နေပြီ.. ကိုင်တွယ်ဖို့တော့ မလွယ် ဘူး.. ဒါပေမဲ့.. နည်းလမ်းမရှိတာတော့မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
သူမ၏ စကားများကို ကြားသောအခါ သခင်ကြီးလျို၏ မျက်လုံးများ အရောင်တောက်သွားသည် “အစီအစဉ်ရှိလား”
“အဲဒါကို ခဏနေမှပြောကြတာပေါ့.. အခုတော့ ဒီလူတွေ ဘယ်သွားလဲ ဆိုတာ သိအောင်လုပ်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘာအဓိပ္ပာယ်လဲ” သခင်ကြီးလျိုသည် မှင်တက်သွားသည်။
“မခံစားမိဘူးလား” ရှီမာယူယူသည် ထိုဘက်သို့ ကြည့်လိုက်သည်။
သခင်ကြီးလျိုသည် သူမကြည့်သည့်ဘက်သို့ လိုက်ကြည့်ရာ လုံးဝပင် ကြက်သေသေသွားမိလေသည်။
“ဒါတွေ ဒါတွေ…” သူသည် မိုးပေါ်မှ ပုံသဏ္ဍာန်မပေါ်သည့် အရာများကို ကြည့်ပြီး သတိပေးချင်နေသော်လည်း ပြောမရသည်ကိုတွေ့လိုက်ရသည်။
“အသုံးမဝင်ဘူး” ရှီမာယူယူ၏ ကြည်လင်သောအသံသည် သူ့ကို သတိ ပြန်ဝင်လာစေသည် “သူတို့တွေကို မတိုက်ခိုက်သေးပေမဲ့ အရမ်းမြန်တယ်.. သူတို့ကို သတိပေးလည်း အသက်ရှင်နိုင်မှာမဟုတ်ဘူး”
“ဒါပေမဲ့.. ဒါပေမဲ့…”
“ကျွန်တော့်မှာ အသက်ရှင်နိုင်မယ့် နည်းလမ်းရှိတယ်.. ခုနက ကျွန်တော့် ကို ဖော်ကောင်မလုပ်လိုက်ဘူးဆိုတော့ ခင်ဗျားရဲ့လုံခြုံရေးကို အာမခံပေးမယ်.. ဒါပေမဲ့ ပြန်သွားတာနဲ့ ဟွာဝူရှန့်ကိုဘယ်လိုရှင်းပြမှာလဲ” ရှီမာယူယူ ဆက်ပြော လေသည် “သူ့လူတွေအကုန်သေသွားပြီ.. ပြီးတော့ တစ်ယောက်က အစွမ်းအစ ရှိတဲ့ လက်အောက်ငယ်သားပဲ.. ခင်ဗျားတစ်ယောက်တည်း ပြန်သွားနိုင်မယ်ဆို ရင် သူဘယ်လိုတွေးတော့မလဲ”
“တစ်ယောက်ကယ်နိုင်လည်း တစ်ယောက်ပဲလေ” သခင်ကြီးလျို ပြော လိုက်သည်။
“သူတို့က ခင်ဗျားကိုအလွတ်ပေးမှာတဲ့လား” ရှီမာယူယူ သူ့ကိုကြည့် လိုက်သည် “ခင်ဗျားကပြန်ချင်တယ်ထားတော့ ဒါပေမဲ့ တမန်တော်ယူက ရွေး ချယ်ခွင့်ပေးမယ်ထင်လား.. သူတို့က ခင်ဗျားအသက်ရှင်တာ မရှင်တာကို စိတ် မဝင်စားဘူး.. အဲဒီတော့ သူတို့အတွက် ဘာလို့အသက်ရင်းနေမှာလဲ”
သခင်ကြီးလျိုသည် နှုတ်ဆိတ်သွားကာ ခဏကြာမှပင် ပြောလေသည် “ငါ မင်းပြောတာ နားထောင်မယ် ပြော.. ငါဘာလုပ်သင့်လဲ”
“ကျွန်တော်ကလူကောင်းတော့မဟုတ်ဘူး ဒါပေမဲ့ အကြောင်းမဲ့လည်း လူ မသတ်ဘူး.. ခုနက ခင်ဗျားလုပ်လိုက်တာ ကျွန်တော့်အတွေက ကျေးဇူးကြွေး သေးသေးလေးတင်သွားတာပေါ့.. ခင်ဗျား ဒီနေရာကနေ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်ဖို့ အာမခံနိုင်ပါတယ် ဒါပေမဲ့.. ဟင်္သပဒါးဝိညာဉ်နယ်မြေမှာ နေလို့ မရတော့မှာစိုးရတယ်”
တမန်တော်ယူခေါ်လာသောလူများအားလုံး သေသွားပြီဖြစ်ရာ သူသည် ဟွာဝူရှန့်၏ ရှေ့သို့ ပေါ်မလာသင့်တော့ဟု အဓိပ္ပာယ်ရသည်။
“ဒါပေမဲ့ အကြာကြီးတော့ ပုန်းနေလို့မရဘူး.. နောက်တစ်ခါဆိုရင်တော့ လွတ်လပ်ခွင့်ရလိမ့်မယ်…” ရှီမာယူယူ ထပ်ပေါင်းပြောလေသည်။
***