သုတ်သင်ခြင်း
Vol. 149 Ch. 2085
သူမ ဘာကြောင့် ကြိုပြောနေသည်ကို သခင်ကြီးလျိုမသိပေ။ သို့သော် သူမတွင် ယုံကြည်ချက်အပြည့်ရှိနေသည်ကို မြင်သောအခါ စိတ်ထဲမှ သူမကို ယုံသွားမိသည်။
ထို့ကြောင့်ပင် သူတို့နှင့်အတူ သေမည့်အစား သူမနှင့်အတူ အသက်ရှင် ရန် ရွေးလိုက်သည်။
တမန်တော်ယူသည် တစ်စုံတစ်ရာမှ သူ့ကိုစိုက်ကြည့်နေသကဲ့သို့ ခေါင်းမွေးများထောင်သွားသလို ခံစားရသည်။ သူတို့ပတ်ပတ်လည်မှ အပူချိန် မှာ လျော့ကျပြီးရင်းလျော့ကျသွားကာ ထိုစွမ်းအားသည် နီးကပ်လာပြီကို သူ သိလိုက်သည်။ သူသည် သတိချပ်ထားသော်လည်း ထိုစွမ်းအားကို လုံးဝမမြင်ရ ပေ။
ထိုအချိန်တွင် ရှီမာယူယူကို သခင်ကြီးလျိုနှင့် ထည့်မပေးလိုက်သင့်ဟု ခံစားမိသွားသည်။ မဟုတ်လျှင် သူမသည် သူ့ကိုကူညီပြီး ထိုစွမ်းအားကို ရှာပေး နိုင်ဦးမည်။
“အာ…”
တပ်သားတစ်ယောက် အော်လိုက်သည်။ သို့သော် အော်သံမဆုံးခင်မှာပင် အသံပျောက်သွားသည်။ သူတို့ ကြည့်လိုက်ရာ ကိုယ်တစ်ပိုင်းသာကျန်တော့ သည်ကို တွေ့လိုက်ရသည်။ တခြားတစ်ပိုင်းမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
“သူ..သူ့ကို စားလိုက်တာလား” တခြားသူများသည် ထိုအဖြစ်အပျက် ကြောင့် ကြောက်ရွံ့ကုန်ကြသည်။
“အား…”
တခြားသူများ တုံ့ပြန်ရန် အခွင့်အရေးမရခင်မှာပင် နောက်တစ်ယောက် အသတ်ခံလိုက်ရသည်။
အရိုးထဲထိစိမ့်နေသော အအေးဓာတ်သည် သူတို့အားခြောက်လှန့်နေပြီး မြေပြင်ပေါ်သို့ အလောင်းနှစ်လောင်းပုံကျသွားသည်။ ထိုအချိန်တွင် တမန် တော်ယူ၏ ခြိမ်းခြောက်မှုသည် သူတို့အတွက် အသုံးမဝင်တော့ပေ။ သူတို့သည် ခေါင်းမပါသည့် ကြက်များသဖွယ်ဖြစ်ကာ အဘက်ဘက်သို့ ပြန့်ကျဲကုန်ကြ၏။
“အား…”
“အား…”
သူတို့၏ ဒုက္ခရောက်နေသောအသံသည် နေရာတိုင်းမှထွက်လာသည်။ တစ်ယောက်မှာ လက်ကျိုးပြီး နောက်တစ်ယောက်မှာ ခြေထောက်ကျိုးသည်။ တစ်ယောက်မှာ ခန္ဓာကိုယ်အောက်ပိုင်းဆုံးရှုံးလိုက်ရပြီး တခြားတစ်ယောက်မှာ အပေါ်ပိုင်းဆုံးရှုံးလိုက်ရသည်။ တစ်ခဏအတွင်းမှာပင် တောင်တစ်တောင်လုံး သည် ခြေလက်များဖြင့် ပြည့်နှက်သွားသည်။
ရှီမာယူယူနှင့် သခင်ကြီးလျိုတို့သည် ဘေးမှကြည့်နေကြသည်။ သူတို့ သည် ထိုဘက်မှ အစုလိုက်အပြုံလိုက်သတ်ဖြတ်နေခြင်းကို ကြည့်ပြီး သခင်ကြီး လျှို၏ ခြေထောက်များသည် အားလျော့ကာ မြေကြီးပေါ်သို့ပျော့ခွေကျလေ သည်။
ယခုအချိန်တွင် သူသွားလိုက်ပါက ကျန်လူများနည်းတူ အဆုံးသတ်သွား မည်ဖြစ်သည်။ အားကောင်းလှသော တမန်တော်ယူပင်လျှင် ထိုစွမ်းအားကို ခုခံနိုင်ခြင်းမရှိပေ။
သူ ရှီမာယူယူကို ရွေးလိုက်၍ကံကောင်းသည်။
ထိုအချိန်တွင် သူတို့ဘေးတွင်လည်း အေးစိမ့်မှုကြီးရောက်လာသည်။ သူ တံတွေးမျိုချကာ ရှီမာယူယူအား ကြောက်လန့်တကြားကြည့်လေသည်။
“ညီ.. ညီလေး” သူသည် စကားမပြောနိုင်တော့သလို ခံစားရသည်။
“စိတ်အေးအေးထားပါ အဆင်ပြေမှာရယ်” ရှီမာယူယူသည် တည်ငြိမ်စွာ ပင်ပြောလေသည်။
သူမသည် ထိုဘက်သို့ကြည့်နေတုန်းပင်ဖြစ်သည်။ အားလုံးသေသွားပြီဟု သေချာသည်နှင့် သူမ အကြည့်လွှဲလိုက်သည်။ အပူချိန်ကျဆင်းသွားသည်ကို သူမ ခံစားမိသော်လည်း တုံ့ပြန်မှုမရှိပေ။
သူမ တည်ငြိမ်ပုံကို သခင်ကြီးလျိုမြင်သောအခါ ပျာယာခတ်သည်မှ အနည်းငယ်ငြိမ်ကျသွားသည်။ သို့သော် သူသည် သူမအား မျှော်လင့်တကြီး ကြည့်ကာ သူမမည်သို့လုပ်မည်ကို ကြည့်ချင်နေသည်။
သို့သော် ရှီမာယူယူသည် ထိုနေရာတွင် ရပ်မြဲပင်။ သူမသည် လှုပ်ရှားရန် အစီအစဉ်မရှိပေ။ သူသည် သူမကို တစ်စုံတစ်ရာပြောချင်သဖြင့် ပါးစပ်ဟ, လိုက်သော်လည်း ကြောက်လန့်နေလွန်းသဖြင့် စကားပြောမရသည်ကို တွေ့ လိုက်ရသည်။
ခဏအကြာတွင် သူတို့ပတ်ပတ်လည်မှ အေးစက်မှုကြီးသည် ပျောက် ကွယ်သွားသည်ကို ခံစားမိလိုက်သည်။ ထိုစွမ်းအားပျောက်သွားသည်ဟု သိ လိုက်သည်နှင့် ပူပန်မှုများလည်း ပျောက်ကွယ်သွားပြီး အားများကုန်ခမ်းသွား သလိုခံစားလိုက်ရသည်။ သူသည် မတ်မတ်ပင်မထိုင်နိုင်တော့ဘဲ မြေပြင်တွင် လှဲလျောင်းလိုက်သည်။
ရှီမာယူယူသည် သူ့ကိုမတွန်းပေ။ သူမသည် အန္တရယ်ကို အာရုံခံရင်း ဟိုဟိုဒီဒီကြည့်နေသည်။ သူ ပြန်ကောင်းလုနီးပါးဖြစ်သွားသည်နှင့် သူမ လျှောက်သွားကာ ပြောလိုက်သည် “အခုသွားလို့ရပြီ”
“မင်းက ငါ့ကိုနှင်ထုတ်ချင်တာလား” သခင်ကြီးလျိုသည် ငိုတော့မည့် အတိုင်းပင် “မင်းနောက်ကို လိုက်ခွင့်ပြုပါ အခုကစပြီး ငါက မင်းလူထဲက တစ် ယောက်ဖြစ်သွားပြီ”
“ခင်ဗျားက ကျွန်တော့်လူဖြစ်ချင်ရင်တောင် တစ်စုံတစ်ယောက်က သဘောတူမှာမဟုတ်ဘူး” ရှီမာယူယူ ရယ်မောလေသည် “သွားပါတော့ ဒါကို ခင်ဗျားယူသွားလိုက်.. အဲဒီစွမ်းအားက ခင်ဗျားကိုတိုက်ခိုက်မှာမဟုတ်ဘူး.. ဆန့်ကျင်ဘက်ကိုသာသွဦးလိုက်.. အဲဒီမှာအစောင့်တွေမရှိဘူး.. ဒီနေရာကနေ ထွက်တာနဲ့ အဇူရာနဂါးဝိညာဉ်နယ်မြေကနေ ဖြစ်နိုင်သလောက် မြန်မြန်သာ ထွက်သွားတော့.. ရေစက်ပါရင်တော့ နောက်ကိုပြန်တွေ့မှာပါ”
ရှီမာယူယူ ဆုံးဖြတ်ချက်ချပြီးသည်ကို သခင်ကြီးလျိုမြင်သောအခါ သူမ လက်ထဲမှ သစ်သားအမည်းကိုယူပြီး ထကာထွက်သွားလေသည်။
ဝူလင်းယူသည် ရှီမာယူယူ၏ ဘေးတွင်ပေါ်လာပြီး သခင်ကြီးလျို ထိုနေရာမှ ထွက်သွားသည်ကို ကြည့်နေလေသည်။
“သူ ဒီကထွက်သွားတာနဲ့ မင်းရဲ့လျှို့ဝှက်ချက်ကို ပြောလိုက်မှာကို စိတ်မပူဘူးလား”
“ဘာစိတ်ပူစရာလိုလို့လား.. သူ ပြောလိုက်လည်း သူတွေ့ခဲ့တဲ့သူက ကျွန်မမှမဟုတ်တာ… အပြင်လူတွေသိသွားလည်း ဘာဖြစ်လဲ.. ဒီနေရာကို ကိုင်တွယ်ဖို့ သူတို့မှာ နည်းလမ်းရှိရင် ဒီသတ္တုတွင်းက ကျွန်မတို့ကိုဘာလို့ စောင့်နေမှာလဲ” ရှီမာယူယူသည် လုံးဝစိတ်မပူပေ။
“နောက်တစ်ခုက ဘာလုပ်မှာလဲ ဒီသတ္တုတွင်းကို ရွှေ့မလို့လား”
ရှီမာယူယူသည် သူ့မျက်လုံးထဲမှ ရွှတ်နောက်နောက်အကြည့်ကိုမြင် သောအခါ ကောင်းကင်ဂိုဏ်းတွင်ရှိစဉ်က မစ်ရှင်လုပ်ရင်းနှင့် တခြားသူ၏ သတ္တုတွင်းတစ်ခုလုံးကို ရွှေ့ခဲ့သည့်အဖြစ်ကို စနောက်နေသည်မှန်းသိလိုက် သည်။
“အဲဒါက အရင်တုန်းကပါ.. အခုကျွန်မက အဲလိုမဟုတ်တော့ဘူး.. သူတို့ ရဲ့ သတ္တုတွင်းကိုမထိဘူး” သူမ၏ အပြုံးမှာ စဉ်းလဲလှကာ သူမအတွေးကို ဝူလင်းယူ ခန့်မှန်းမိသည်။ သူသည် သူမ၏ ဆံနွယ်များကို အမြတ်တနိုး ထိမိ သည်။
ထိုအချိန်က သူတို့သည် စွမ်းအားမရှိသည့် ဘာမှမဟုတ်သူများဖြစ်ခဲ့ကြ သည်။ သူတို့သာ သတ္တုတွင်းကို တူးဖော်ပါက မရင့်ကျက်သူများအဖြစ် ကျန်နေ ဦးမည်ဖြစ်သည်။ ယခုအချိန်တွင် သူမတွင် စွမ်းအားရှိသည်။ အရေးအကြီးဆုံး မှာ မီအာရှိသည်။ ထို့ကြောင့် ပြဿနာသည် ပြဿနာမဟုတ်တော့ပေ။
မီအာသည် နောက်ဆုံးတွင် ထိုချော်ထွက်နေသော စွမ်းအားကိုတွေ့သွား သည်။ ထိုစွမ်းအားသည် အမှန်တကယ်ပင် အသိဉာဏ်ရှိနေပြီဖြစ်သည်။ အချိန် ကိုက်ညီပါက မီအာကဲ့သို့ ဖြစ်မလာနိုင်ဟု ပြောမရပေ။ ဤအချိန်တွင် မီအာနှင့် တွေ့ရသည်မှာတော့ နှမြောဖွယ်ကောင်းသည်။
မီအာ၏ ဖိအားအောက်တွင် ထိုအရာသည် သတ္တုတွင်းတစ်ခုလုံး၏ အောက်သို့ လျှိုဝင်သွားရသည်။ ထိုအရာသည် ရှီမာယူယူ သတ္တုကြောတစ်ခု လုံးကို ရွှေ့လိုက်သည်ကို မျက်လုံးအပြူးသားဖြင့် စောင့်ကြည့်နေရသည်။
သူ၏ပစ္စည်းများအားလုံး ပြောင်သွားသည်ကိုမြင်သောအခါ အမုန်းတရား များဖြင့် ပြည့်လာသည်။ သို့သော် မီအာ၏ ဖိအားကိုခံနေရသဖြင့် မခုခံနိုင်ပေ။ ထိုတင်သာမက မီအာသည် ထိုအရာကို စားလိုက်သည်။
ထိုစွမ်းအားသည် သနားစရာကောင်းသည်ဟု ရှီမာယူယူ ခံစားရသည်။ သူ ၏အနာဂတ်လှနိုင်လျက်နှင့် မီအာနှင့်ရှီမာယူယူတို့ကို တွေ့လိုက်ရသဖြင့် ဆန့်ကျင်ဘက်ဖြစ်သွားရသည်။ သူ၏ကျင့်စဉ်အဆုံးသတ်သွားရုံတင်သာမက အသက်ပါပေးလိုက်ရသည်။
မီအာ ထိုအရာကို စားပြီးနောက် ဗိုက်ကို ကျေနပ်စွာဖြင့် ပုတ်လိုက်၏။ သူသည် မအောင့်နိုင်တော့ဘဲ လေပင်တက်လိုက်သေးသည် “ဒီလိုမျိုး ကောင်း တာမစားရတာတောင် ကြာပြီ.. မင်းကလည်း ငါ့အပေါ်မကောင်းဘူး.. ငါ့အတွက် အစားအသောက်ရှာမပေးဘူး ကိုယ့်ဘာသာပဲရှာရတယ်”
ရှီမာယူယူသည် မျက်လုံးလှိမ့်ကာ သူ့ကို ဂရုပင်မစိုက်တော့ပေ။ သူမ သည် ဝူလင်းယူနှင့်အတူ ထွက်သွားလိုက်သည်။
အကယ်၍ တစ်စုံတစ်ယောက်သာ အပြင်တွင်ရပ်နေပါက သတ္တုတွင်း ဟောင်းလောင်းဖြစ်သွားသည်ကို သူတို့ အကြောင်းပြချက်ပေးမရတော့ပေ။ ဤနေရာသို့ရောက်သည်နှင့် ဟွာဝူရှန့်၏ တုံ့ပြန်မှုကိုတွေးကြည့်ပြီး သူမ မပြုံး ဘဲမနေနိုင်တော့ပေ။ သူမသည် ဝိညာဉ်စေတီအတွင်းမှ သတ္တုကြောကို စဉ်းစား မိသည်နှင့် ဝူလင်းယူ၏လက်ကို ကျေနပ်စွာဖြင့် ဖက်လိုက်ကာ ပြောလိုက် သည် “ပြန်ရအောင်”
လောင်လီသည် တောင်ထိပ်တွင် စိုးရိမ်တကြီးစောင့်နေသည်။ ထိုအခိုက် တွင် သူတို့ ဘာတွေလုပ်နေသည်ကို သူ မသိပေ။ ၁၀ ရက်ကြာစောင့်ပြီးသည် အထိ သူတို့ပြန်မလာသေးပေ။ ထို့ကြောင့် ဆက်စောင့်ရမည် မစောင့်ရမည်ကို သူ မသိတော့ပေ။
တခြားအဖွဲ့ရောက်လာသည်ကို သူ သတိထားမိသည်နှင့် အမြန်ပုန်းလိုက် သည်။ ထိုလူများကျော်သွားသည်နှင့် ပြန်ထွက်လာသည်။
အဖွဲ့မည်မျှဖြတ်သွားသည်ကို သူမသိသလို ထိုနေရာတွင် မည်သို့ဖြစ် ပျက်နေသည်ကိုလည်း မသိပေ။ ပြီးခဲ့သည့် ရက်အနည်းငယ်တွင် ထိုဦးတည်ရာ သို့ တပ်သားများစွာသွားခဲ့သည်။
“မိန်းကလေးယူယူ မြန်မြန်ပြန်လာရမယ်.. မဟုတ်ရင် ဒီအဘိုးကြီးရဲ့ အသက်ကို မကာကွယ်နိုင်တော့ဘူး” သူသည် တောင်ထိပ်တွင်ရပ်ပြီး ရေရွတ် မိသည်။
“ဦးလေးလီရဲ့အသက်ကို ဘာလို့မကာကွယ်နိုင်ရမှာလဲ” ရှီမာယူယူသည် ပြန်လာသည်နှင့် သူရေရွတ်နေသည့် စကားကို ကြားလိုက်ရသည်။
ရုတ်တရက် ပေါ်လာသော သူမ၏အသံကြောင့် လောင်လီ ထိတ်လန့် သွားလေသည်။ သူသည် လှည့်ကြည့်ရာ သူတို့နှစ်ယောက်ကို အကောင်း အတိုင်းမြင်လိုက်ရသည်။ သူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ ရင်ဘတ်ကိုပုတ်ပြီးပြောလိုက်သည် “မိန်းကလေးယူယူ မင်းတို့ နှစ်ယောက်လုံး အထဲကနေပြန်ထွက်လာနိုင်တာလား.. အဲဒီမှာ ရုန့်ရင်းဆန်ခတ်ဖြစ်အောင်လုပ် တာ မင်းလား”
***