← Chapters

ပျောက်သွားခြင်း

Vol. 149 Ch. 2086

ပျောက်သွားခြင်း

Vol. 149 Ch. 2086

“ဘာ ရုန့်ရင်းဆန်ခတ်လဲ” ရှီမာယူယူသည် မသိသလိုဟန်ဆောင်လေ၏။

“အဲအကြောင်းကို မသိဘူးလား” လောင်လီသည် နားမလည်စွာဖြင့် မေး လေသည်။

ရှီမာယူယူသည် ခေါင်းခါ၏ “နေရာကိုရှာမတွေ့တာနဲ့ ဟိုးအနက်ထဲထိ ရောက်သွားပြီဆိုပြီး ပြန်လာတာပဲ.. ဦးလေးလီပြောတဲ့ အေးစိမ့်စိမ့်ကြီးကို ခံစားမိလို့ ပြန်လာလိုက်တာ.. အဲလူတွေနဲ့တွေ့မှာဆိုးလို့ လူပြတ်တဲ့နေရာက နေ လျှောက်လာလိုက်တာ”

“အဲလိုဆိုရင်တော်ပါသေးတယ်.. မဟုတ်ရင် တွေ့သွားကြမှာ” လောင်လီ ပြောလေသည်။

“ဘာတွေဖြစ်နေတာလဲ”

“အဲဒီမှာ ဘာတွေဖြစ်နေလဲတော့ ငါလည်းမသိဘူး.. ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ် ရက်လုံးလုံး အဲဒီကိုလူတွေပြေးသွားကြတာပဲ၊ သူတို့တွေက ရဲမက်ဝတ်စုံဝတ် မထားပေမဲ့ စစ်ဦးစီးရဲ့လူတွေပဲဖြစ်မယ်” လောင်လီပြောလေသည် “ရုတ်တရက်ကြီး လူတွေအများကြီးရောက်လာလို့ အဲဒီမှာတစ်ခုခုဖြစ်ပြီ ထင် လိုက်တာ”

ထိုနေရာမှအဖြစ်အပျက်ကို ရှီမာယူယူ သေချာပေါက်သိသည်။ သူတို့ သည် တမန်တော်ယူသေသွားသည်ကို သိသွားသောကြောင့် လာစုံစမ်းကြခြင်း ဖြစ်မည်။

“ဪ ဟုတ်ပြီ… လူတွေများလာပြီဆိုတော့ မြန်မြန်သွားရအောင်”

“ဟုတ်ပြီ”

သတ္တုတွင်းတွင် ဗလာကျင်းသွားသည်ကို သူတို့တွေ့သည့်အချိန်တွင် မည်သို့တုံ့ပြန်ကြမည်ကို သူမ နေခဲ့ပြီးကြည့်ချင်သော်လည်း ဤအခြေအနေ တစ်ခုလုံးတွင် ဝင်ငြိသွားမည်ကို ရှောင်ရှာားရန်အတွင် ဤနေရာတွင် ရှိနေ၍ မဖြစ်ပေ။ သူမ၏ နီရဲပျားများပင် ချန်ထားခဲ့၍မရပေ။

သူတို့သုံးယောက်သည် တိတ်တဆိတ်ပင် ထွက်သွားကြသဖြင့် ရောက် လာကြသောလူများနှင့် မတွေ့လိုက်ပေ။ ရှီမာယူယူနှင့် ဝူလင်းယူတို့၏ အံ့ဖွယ် အာရုံမှာသန်မာလှပြီး သူတို့မတွေ့ခင် ပုန်းနိုင်လိုက်၍တော်သေးသည်။

သို့သော် သူမ၏ ခန့်မှန်းချက်မှားနေခဲ့သည်။ အကယ်၍ တမန်တော်ယူ သေသွားခြင်းကြောင့်ဆိုပါက ဤကဲ့သို့ရုတ်ရုတ်သဲသဲဖြစ်သွားမည်မဟုတ်ပေ။ ဤတောင်တွင် လူသေဆုံးသည်မှာ သာမန်မျှသာဖြစ်သည်။ တမန်တော်ယူ သေသွာခြင်းကြောင့် တောင်တစ်ခုလုံးကို မွှေပြီး လက်စားချေမည်မဟုတ်ပေ။ သူနဲ့အတူပို့လိုက်တဲ့လူတွေ သေသွားတာကြောင့်လား။

ဤတောင်တွင် တစ်စုံတစ်ရာမှားယွင်းနေသည်ကို သိသွားခြင်းကြောင့် ဖြစ်မည်။ ဖြစ်နိုင်သည်မှာ သူတို့သည် ဝင်လာကတည်းကပင် သတ္တုတွင်းတွင် ဘာမှမကျန်တော့သည်ကို သိသွားသဖြင့် ဤကဲ့သို့များပြားလှသောလူများကို လွှတ်လိုက်ခြင်းဖြစ်မည်။

လောင်လီသည် ထိုလူများ အလျင်စလိုလာနေကြသည်ကို နားမလည်စွာ ဖြင့် ကြည့်နေသည် “အဲလူတွေက ဘာလို့အဲလောက် ပူပန်ပြီး စိတ်လှုပ်ရှားနေ ကြတာလဲ… အဲဒီသတ္တုတွင်းက အခြေအနေကို ဖြေရှင်းပြီးသွားတာတော့ မဟုတ်ဘူးမလား.. မဟုတ်ရင် ဝင်ဖို့နည်းလမ်းကိုတွေ့သွားပြီလား”

“ဘယ်သူသိမှာလဲ” ရှီမာယူယူသည် ပခုံးတွန့်ပြီး မသိသလိုလုပ်နေသည် “အဲလိုဆိုရင်တောင် ကျွန်မတို့နဲ့ ဘာမှမဆိုင်ပါဘူး.. ဒီကိစ္စမှာ ကျွန်မတို့ ဝင်ပါ လို့ရတာလည်းမဟုတ်ဘူး”

လောင်လီ၏ မျက်နှာမှ စိတ်လှုပ်ရှားမှုများသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သူသည် သူမ၏စကားလုံးများကြောင့် အထိနာသွားပုံ ပင်။

“ဟုတ်ပါတယ်လေ တကယ်ပဲ ငါတို့နဲ့မဆိုင်ပါဘူး.. အခုကျမှ ပြန်သွားပြီး တော့ သူတို့ဆီကလုလို့လည်းမရဘူး.. ငါတို့လို အားနည်းတဲ့ကျင့်ကြံသူတွေ အတွက်ကတော့ ဒီလောက်ကောင်းတဲ့အခွင့်အရေးရဖို့ဆိုတာ မလွယ်ဘူး.. စစ်ဦးစီးက ယူသွားနိုင်တာတော့ နှမြောဖို့ကောင်းတယ်” သူသည် အလေးအနက်ပင် သက်ပြင်းချလေသည်။

ရှီမာယူယူသည် သူ့ကို သဘောတူသည့်အနေနှင့် ပြုံးလိုက်သည်။ တကယ်တော့ သူမသည် သူမ၏လုပ်ရပ်ကို ရယ်မောခြင်းသာဖြစ်သည်။

ထိုလူများသည် စိတ်လှုပ်ရှားပြီး ပြေးသွားကြသည်။ သို့သော် ဗလာကျင်း နေသော တောင်ကိုတွေ့သည်နှင့် မည်သို့တုံ့ပြန်ကြမည်ကို ရှီမာယူယူ သိချင်မိ သည်။

“ရှေ့ဆက်ကြတာပေါ့.. တလျန်မြို့ကိုမရောက်ခင် ရက်နည်းနည်းလိုသေး တယ်”

ရှီမာယူယူ ခန့်မှန်းသည့်အတိုင်းပင် ထိုလူများသည် သတင်းရသည်နှင့် အမြန်ပြေးသွားကြခြင်းဖြစ်သည်။

“တမန်တော်ဇော့” အစောင့်အကြပ်တပ်သားသည် အရှေ့မှလူကို ဦးညွှတ်လေသည်။

“ဒီမှာအခြေအနေ ဘယ်လိုရှိလဲ” တမန်တော်ဇော့မေးလေသည်။

“လွန်ခဲ့တဲ့နှစ်ရက်ကတည်းက အေးစိမ့်တာလျော့သွားတယ် အဲဒါကြောင့် သတင်းပို့လိုက်တာပါ” တပ်သားပြောလေသည်။

“တမန်တော်ယူကရော”

“တမန်တော်ယူက သခင်ကြီးလျိုနဲ့အတူ ထွက်သွားတာ ၁၀ ရက်ရှိပါပြီ သူတို့ ပေါ်မလာကြသေးဘူး” တပ်သား ပြန်ဖြေလေသည်။

တမန်တော်ဇော့နှင့် အတူလာသူများသည် ခန့်မျန်းကြလေသည် “တမန် တော်ဇော့ တမန်တော်ယူနဲ့ သခင်ကြီးလျိုတို့က ဒီကအခြေအနေကို အတူ ဖြေရှင်းနိုင်သွားတာလား”

“ဖြစ်နိုင်တယ်” တမန်တော်ဇော့ ပြောလေသည် “ဒါပေမဲ့ သူတို့တွေဆီက သတင်းမရဘူးလေ အခုအခြေအနေကို မသိသေးဘူး”

“ဒီကအခြေအနေက အေးစိမ့်မှုကနေစတာပဲ.. အခုအအေးဓာတ်ပျောက် သွားပြီဆိုတော့ အခြေအနေလည်း ငြိမ်သွားပြီလို့ ဆိုလိုတာပဲ”

“တမန်တော်ဇော တမန်တော်ဟန်က ဒီလိုပြောမှတော့ တမန်တော်ဟန် ကို အခြေအနေကိုသွားကြည့်ခိုင်းပြီးမှ ရှေ့ဆက်သွားတာပေါ့” လူတစ်ယောက် အကြံပြုလေသည်။

ထိုလူ တမန်တော်ဟန်သည် တခြားသူများနှင့် အထူးတလည် ဆက်ဆံ ရေးမရှိပေ။ တစ်ယောက်အကြံပြုလိုက်သည်နှင့် တခြားသူများလည်း သဘော တူကြသည်။

တမန်တော်ဇော့သည် သူတို့အတွေးကိုသိသည်။ သို့သော် သူ့တာဝန် ပြင်ပဖြစ်နေသဖြင့် သူတို့ကိုအပြစ်ပေး၍လည်းမရပေ။

“တမန်တော်ဟန် ဒီတစ်ခုကိုတော့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်” သူသည် တမန်တော်ဟန်၏ မျက်နှာမှ ဓာတ်ချုပ်နေသည့်မျက်နှာထားကို လျစ်လျူရှုပြီး ပြောလိုက်သည်။

“တမန်တော်ဟန် တမန်တော်ဇော့တောင် ပြောနေပြီ အဲတော့ ခင်ဗျား မြန်မြန်သွားသင့်တယ်.. ခင်ဗျားပြန်လာတာကို ဒီကနေပဲစောင့်တော့မယ်” အကြံပြုသူသည် စကားပြောလာပြန်သည်။

တမန်တော်ဟန်၏ မျက်နှာမှာ အလွန်မည်းသွားသည်။ သို့သော် သူသည် တမန်တော်ဇော့ကို မဆန့်ကျင်ရဲပေ။ သူသည် စိတ်ကိုမာအောင်ထားကာ လက် အောက်ငယ်သားများကို ဦးဆောင်ပြီးဝင်သွားလေသည်။

သူ၏ အစောပိုင်း ခန့်မှန်းချက်မှန်ပြီး တောင်ကြားမှာ ဘေးကင်းဖို့ကိုသာ မျှော်လင့်ရတော့သည်။

တမန်တော်ဟန်ဝင်သွားသည်ကို မြင်သည်နှင့် အပြင်မှလူများ ပြုံးကြ လေသည်။ ထိုလူသည် မသန်မာဘဲ တစ်ချိန်လုံး ဖားရန်ကိုသာသိသည်။ သူ့ကို ပညာကောင်းကောင်းပေးရမည်။ သူသာ အသက်ရှင်နိုင်လျှင် ကံကောင်းသည် ဟုဆိုရမည်။ ပြန်မလာနိုင်လျှင်လည်း အားလုံး၏ဆန္ဒပြည့်ဝသွားခြင်းဖြစ်၏။

တကယ်တော့ ဒုတိယရလဒ်ဖြစ်လာရန်ကိုသာ အားလုံးက ဆုတောင်းကြ သည်။

သို့သော် ရလဒ်မှာ အားလုံးကို စိတ်ပျက်သွားစေသည်။ နှစ်ရက်ကုန်လွန် သွားသည်နှင့် သူသည် မထိမခိုက်ဘဲပြန်လာသည်။

“အထဲကအခြေအနေ ဘယ်လိုရှိလဲ” တမန်တော်ဇော့မေးလိုက်သည်။

“တမန်တော်ဇော့ကို ပြန်ဖြေပါတယ်.. ကျွန်တော်တို့ သတ္တုတွင်းထိပ်ထိ တစ်လျှောက်လုံး သွားခဲ့တာ.. ဒါပေမဲ့ ထူးခြားတာဘာမှမဖြစ်ဘူး” တမန်တော် ဟန် ပြန်ဖြေလေသည် “အထဲက အန္တရာယ်ကို ဖြေရှင်းပြီးပြီလို့ထင်ပါတယ်”

“ဒါဆို တမန်တော်ယူဖြစ်ဖြစ် တခြားလူကိုမတွေ့ခဲ့ဘူးလား”

“မတွေ့ဘူး အထဲမှာ ဘယ်သူမှမရှိပါဘူး”

“ထူးဆန်းလိုက်တာ သူတို့က တောင်ထဲမှာ ရှိသင့်တာမဟုတ်ဘူးလား”

“အဲဒီစွမ်းအားက အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဝိညာဉ်ရှာသခင်က အစောက ခန့်မှန်းထားတာပဲ.. သူ့ခန့်မှန်းချက်သာမှန်ရင် သခင်ကြီးလျိုက အဲဒီ ဧရိယာကို တူးလို့ရအောင်လုပ်နိုင်တဲ့ပုံပဲ.. ဒီနေရာက အခုလုံခြုံသွားပြီလို့ ပြော လို့ရတယ်”

တမန်တော်ယူသည်လည်း သူ့ခန့်မှန်းချက်မှာ ယုတ္တိရှိသည်ဟု ခံစားရ သည် “ဒီနေရာက လုံခြုံပြီဆိုတော့ အခုပဲတောင်ကိုဝင်ဖို့ အမိန့်ချလိုက်ပြီ”

“ဟုတ်ကဲ့ပါ တမန်တော်ဇော့” အားလုံးသည် ပျော်ရွှင်ကြသည်။ ဤမျှ ကြီးမားသော သတ္တုတွင်းတွင် သေချာပေါက် သတ္တုအများအပြားရှိလိမ့်မည်။ ရာထူးမြင့်သူများသည် သေချာပေါက် ဝေစုရကြလိမ့်မယ်။ ထို့ကြောင့်ပင် အားလုံးသည် ခံစားချက်ကောင်းသွားကြကာ သတ္တုတွင်းသို့ဝင်ရန် မစောင့်နိုင် ကြပေ။ တစ်ချိန်တည်းမှာပင် ရတနာမည်မျှရှာတွေ့နိုင်မလဲဟု စိတ်ကူးယဉ်နေ ကြသည်။

သို့သော် ပြုံးပျော်နေကြချိန်တွင် တောင်အခွံကြီးကိုတွေ့လိုက်ရသည်နှင့် ရင်ကွဲပက်လက်ဖြစ်ကြသည်။ အားလုံးသည် မယုံနိုင်စရာများဖြင့် ပြည့်နှက် သွားသည်။ သူတို့သည် မျက်လုံးများပွတ်ကြည့်ကြသည်။ သို့သော် တောင်တွင် ဘာမှမကျန်ခဲ့သည်မှာ သေချာနေသည်။

“ဘာ… ဘာဖြစ်တာလဲ” တမန်တော်ဇော့၏ အသံမှာ တုန်ယင်လာသည် “ဒီတောင်မရှိတော့တာလဲ”

“တမန်တော်ဇော့ တောင်မရှိတော့တာမဟုတ်ဘူး တောင်ထဲကသတ္တု တွင်းကပြောင်သွားတာ” မည်သည်မှအသံထွက်လာသည်မသိပေ။ သို့သော် တောင်ခြေမှ လေထုသည် ချက်ချင်းပင် တင်းမာသွားသည်။

“မြန်မြန် မြန်မြန် စစ်ဦးစီးကိုသတင်းပို့လိုက်” တမန်တော်ဇော့သည် သတိပြန်ဝင်လာပြီး စိုးရိမ်တကြီးအော်လေသည်။

***

All Chapters