← Chapters

အမတလက်ဖွဲ့ အလယ်ဆင့်

Vol. 38 Ch. 534

အမတလက်ဖွဲ့ အလယ်ဆင့်

Vol. 38 Ch. 534

အခန်း (၅၃၄) အမတလက်ဖွဲ့ အလယ်ဆင့်

မြင်ကွင်းက ခဏမျှသာဖြစ်သော်လည်း ရန်ကျောက်ကဲကို အတော်လေး စိတ်ဝင်စားသွားစေသည်။

ပင်လယ်ထဲသို့ဝင်လာသော နဂါးများစွာ၏ သင်္ချိုင်းမြေ...

ဒီကမ္ဘာကိုဆင်းလာတာ အလကားမဖြစ်တော့ဘူးပေါ့...

“ပင်လယ်ထဲသို့ဝင်လာသော နဂါးများစွာ၏ သင်္ချိုင်းမြေ” ဆိုသောစကားကို ကြားရသည့်အခါ ရန်ကျောက်ကဲ ခန္ဓာကိုယ်တွင်းမှ ပြင်းထန်သောစွမ်းအားများ လှုပ်ရှားလာသဖြင့် စိတ်များပင် ယိမ်းယိုင်သလို ဖြစ်သွားသည်။

ထိုစွမ်းအားများက အပြည့်အဝ မသန့်စင်ရသေးသော ရေခဲနဂါး၏ စွမ်းအားအနှစ်သာရများမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ရေခဲနဂါးရုပ်အလောင်းကြီးမှ သွေးစွမ်းအားအနှစ်သာရများ စုပ်ယူထားခဲ့သည်မှာ အလွန်အချိန်ကြာမြင့်ပြီ ဖြစ်သော်လည်း ရန်ကျောက်ကဲခန္ဓာကိုယ်ထဲ မသန့်စင်ရသေးသော ချီစွမ်းအားနှင့် သွေးစွမ်းအား များစွာကျန်ရှိနေသေးသည်။

ရေခဲနဂါးသူတော်စင်၏ နန်းတော်အဟောင်းသို့ ရောက်ရှိပြီး ရေခဲနဂါးရုပ်အလောင်းကြီးကို ရယူခဲ့သောမြင်ကွင်းက သူ့မျက်စိရှေ့တွင် နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။

“ဒီသမုဒ္ဒရာကမ္ဘာမှာ ပင်လယ်ထဲကိုဝင်လာတဲ့ နဂါးတွေ ရှိနေတာလား ၊ အဲဒါက ဒဏ္ဍာရီတစ်ခုလား... ဒါမှမဟုတ် နဂါးတွေရဲ့ သင်္ချိုင်းမြေ တကယ်ရှိတာလား”

ရန်ကျောက်ကဲ တွေးလိုက်သည်။

သို့သော် သူ့စိတ်အာရုံကို ဖမ်းစားနိုင်ဆုံးမှာ အနက်ရောင်ဝတ်လူ ထွက်ခွာမသွားခင် ပြောခဲ့သည့် နောက်ဆုံးစကားဖြစ်၏။

“ဒီကမ္ဘာကို ဆင်းလာတာတဲ့လား...”

ရန်ကျောက်ကဲ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

“ဒီကမ္ဘာကို ခရီးထွက်လာတယ်လို့မပြောဘဲ ဆင်းလာတယ်လို့ပြောတာက ထူးဆန်းတယ် ၊ ဆင်းလာတယ်ဆိုတဲ့အဓိပ္ပါယ်က အထက်က အောက်ကို ဆင်းလာတာမျိုးပဲ ၊ ဒါဆို သူ ဘယ်ကလာတာလဲ”

ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာ တည်ရှိမှုကို ရန်ကျောက်ကဲ သိရှိထားပြီးဖြစ်သလို သူ၏မိခင်ကလည်း ထိုနေရာမှ ရောက်လာသူပင်။ ရန်ကျောက်ကဲတွေးမိသည်မှာ ထိုအနက်ရောင်ဝတ်လူရွယ်သည် အထက်ဘုံကမ္ဘာမှ ဆင်းသက်လာခြင်းလေလား။

သို့သော် ထိုသူက သိုင်းသူတော်စင် စတုတ္ထအဆင့် တက်ရောက်ရန် နေနေသာသာ သိုင်းသူတော်စင်တစ်ယောက်ပင် မဖြစ်သေးပေ။

ထိုသူက အထက်ဘုံကမ္ဘာမှ သမုဒ္ဒရာကမ္ဘာသို့ ရောက်လာပြီး ဤနေရာတွင် အခြေချနေထိုင်ရန် ကြံစည်ခဲ့ပါသလား။ သို့မဟုတ် အထက်ဘုံကမ္ဘာသို့ ပြန်သွားခဲ့လေသလား။

ဒါမှမဟုတ် မိခင်ဖြစ်သူ ရွှယ်ချူးချင်ကဲ့သို့ ကမ္ဘာဖြတ်လမ်းကြောင်းများကို တည်ငြိမ်စွာထိန်းထားနိုင်သည့် ရတနာပစ္စည်းတစ်ခုခု ထိုသူတွင် ပိုင်ဆိုင်ထားလေသလား။

ထို အနက်ရောင်ဝတ်လူရွယ် ယခု မည်သည့်နေရာရောက်နေပါသနည်း။ အထက်ဘုံကမ္ဘာသို့ ပြန်ရောက်သွားလေပြီလား။

“သူ့အလုပ်တွေအကုန်အောင်မြင်သွားရင် သေချာပေါက် ဒီ ကျောက်သားနန်းတော်ရှိတဲ့နေရာကိုပြန်လာပြီး ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးကို လာရှာမှာပဲ”

ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်သည်။

“မဟုတ်ဘူး... သူ နဂါးတွေရဲ့သင်္ချိုင်းကနေ ဘာမှမရခဲ့ဘူးဆိုရင်တောင်မှ... သူ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ဒီနေရာကို ပြန်လာမှာပဲ”

“ပုံရိပ်တွေရဲ့ ပြောပြချက်အရဆိုရင် အဲဒီလူ ဒီရေအောက်ကျောက်တောင်တန်းတွေထဲကို ရောက်ခဲ့တာ နှစ်ပေါင်းရာနဲ့ချီနေပြီပဲ”

အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်ဘုံနန်းတော်ထုတ်တန်းမှ မြင်ကွင်းများက မရပ်မနားပြောင်းလဲသွားသည်။

မရေမတွက်နိုင်သော မြင်ကွင်းများကိုကြည့်ရင်း အချိန်အတော်ကြာသွားသည်ဟုထင်မှတ်ရသည့်တိုင် အမှန်တော့ လျှပ်တပြက်ပမာ အချိန်ခဏတာသာ ဖြစ်၏။

ယခု အကန့်အသတ်မရှိ ရှားပါးအခွင့်အရေးတစ်ခုကြားတွင် ရောက်ရှိနေသည်ဟု ရန်ကျောက်ကဲ ခံစားမိသည်။

ကောင်းကင်ဘုံနန်းတော်ထောက်တိုင်နှင့် ကောင်းကင်ဘုံနန်းတော်ထုတ်တန်း ဆုံတွေ့သွားမှုက တုန်လှုပ်ချောက်ချားဖွယ်ရာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထူးခြားသောအခြေအနေတစ်ခု ဖြစ်ပေါ်လာပြီး အချိန်စီးကြောင်းတစ်လျှောက် ဖြစ်ပွားခဲ့သော ကာလရှည်ကြာအဖြစ်အပျက်များကို တစ်ခဏအတွင်းပြန်လည် ခြေရာခံနိုင်ခဲ့သည်။

ကောင်းကင်ဘုံနန်းတော်ထောက်တိုင် သို့မဟုတ် ကောင်းကင်ဘုံနန်းတော်ထုတ်တန်း တစ်ခုစီးကို ထိကိုင်ကြည့်ခြင်းဖြင့် ဤသို့သောမြင်ကွင်းများကို တွေ့မြင်ရမည် မဟုတ်ပေ။

ကောင်းကင်ဘုံနန်းတော်ထောက်တိုင်နှင့် ကောင်းကင်ဘုံနန်းတော်ထုတ်တန်း ဆုံတွေ့သောအခါမှသာ ဤသို့ ထူးခြားဖြစ်စဉ် ဖြစ်ပေါ်လာခြင်းပင်။

ရန်ကျောက်ကဲက ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးတွင် မှတ်တမ်းတင်ထားသော မြင်ကွင်းများကိုကြည့်ရင်း သူ၏ နက်ရှိုင်းသောသိုင်းပညာများကိုလည်း အဆက်မပြတ် လှည့်ပတ်နေသည်။

သူက သိုင်းပညာနှင့် ရင်းမြစ်ပစ္စည်းပြည့်စုံသည့်တိုင် ကျင့်ကြံသည့်အချိန်က နည်းပါးသည်။

ယခု အခွင့်အရေးရသော အချိန်ခဏတာနှင့် ကြုံတွေ့လိုက်ရသည်က ရန်ကျောက်ကဲအတွက် အကြီးမားဆုံး ကံတရားပင် ဖြစ်၏။ ရန်ကျောက်ကဲ အသက်တစ်ချက် ရှူထုတ်လိုက်ချိန် သူ၏ အစစ်အမှန်အင်းသင်္ကေတက သူ၏ ဦးခေါင်းထက်တွင် ထွက်ပေါ်လာသည်။

သို့သော် ထိတ်လန့်စရာကောင်းသည်မှာ အင်းသင်္ကေတ တစ်ခုတည်းမဟုတ်။ ဒုတိယတစ်ခု ၊ ပြီးတော့ တတိယတစ်ခု ...

ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးတွင် မှတ်တမ်းတင်ထားသော မြင်ကွင်းများထဲတွင် အနက်ရောင်ဝတ်လူရွယ် ပျောက်ကွယ်သွားပြီးနောက် ကျောက်ဂူထဲသို့ မည်သည့်လူသားမှ ရောက်မလာတော့ပေ။

နောက်ဆုံးမှ လူရိပ်နှစ်ခုပေါ်လာသည်ကို တွေ့ရသည်။

ထိုလူရိပ်နှစ်ခုအနက် တစ်ယောက်မှာ အရွယ်ရောက်နေပြီဖြစ်သော ရှီကျွင်းဖြစ်သည်။ ရှီကျွင်းကို တွေ့ရတော့ ရန်ကျောက်ကဲ စိတ်ဓာတ်များတက်ကြွလာသည်။

အရင်က ရှီကျွင်းနှင့် မဆုံခဲ့ဖူးသော်လည်း ရွှီဖေးက ရှီကျွင်း၏ပုံကို ပြသထားသဖြင့် ရန်ကျောက်ကဲ တွေ့မြင်ဖူးပြီးသားပင်။ ထို့ကြောင့် ထိုလူငယ်က ရှီကျွင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့၏။

သို့သော် ရှီကျွင်းကိုကြည့်ရသည်မှာ ဒဏ်ရာရထားဟန်ပင်။

သွေးနီနဂါးဂိုဏ်းမှလူများကို ထောင်ချောက်ဆင်ရန် ကြယ်စင်စမ်းချောင်းကို ရေလျှံအောင်ပြုလုပ်ခဲ့ရပြီး မြောအောက်သို့ ထိုးဖောက်ထွက်ခဲ့ရသဖြင့် ဒဏ်ရာရသွားခြင်း ဖြစ်၏။

ရှီကျွင်းနှင့်အတူ မိန်းကလေးတစ်ယောက်လည်း အတူရှိနေသည်။ သူမက အလွန်ထူးခြားစွာ ချောမောလှပပြီး သိမ်မွေ့လေသည်။ ထိုမိန်းကလေးက ရှီကျွင်းကို အသာတွဲထားပေးရင်း ကျောက်သားနန်းတော်ဆီသို့ အတူတူ လမ်းလျှောက်လာကြသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားပြီး...

“သြော... ကောင်မလေးနဲ့ အတော်အဆင်ပြေနေတဲ့ပုံပဲ ၊ မဆိုးဘူး ကောင်လေးရေ မဆိုးဘူး”

ထိုမိန်းကလေးက သွေးနီနဂါးဂိုဏ်းချုပ် ရှန်စစ်ချန်၏သမီး ရှန်ယင်း ဖြစ်နိုင်သည်။

ရှန်ယင်းက ရှီကျွင်းကို ခန်းမထဲတွင် ထိုင်နိုင်ရန် ကူညီပေးရင်း စိုးရိမ်တကြီးမေးသည်။

“အစ်ကိုကြီး’ရှီ’ ... ရှင် ဘာမှမဖြစ်ပါဘူးနော်”

ရှီကျွင်းက လက်တစ်ဖက်ကာပြရင်း...

“ငါ ဘာမှမဖြစ်ပါဘူး ၊ မင်းရော...”

ရှန်ယင်းက...

“ရှင် ကျွန်မကို ကာကွယ်ပေးနေတာပဲ ၊ ကျွန်မ ဘာမှ မဖြစ်ပါဘူး”

ရှီကျွင်းက ရှန်ယင်းကိုကြည့်ရင်း...

“ငါ့မှာ တခြားရွေးချယ်စရာမရှိလို့ ဒီလိုလုပ်လိုက်ရတာပါ ၊ ဒါပေမဲ့ မင်းတို့ဂိုဏ်းသားတွေတော့ အသက်သေကုန်ကြရပြီ”

ရှန်ယင်းက စိတ်မကောင်းဟန် သက်ပြင်းချရင်း...

“သူတို့ကလည်း ရှင့်ကိုသတ်ချင်နေတာပဲလေ ၊ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရင်းဖြစ်ရတာပဲ ကိစ္စမရှိပါဘူး ၊ ဒါပေမဲ့ အားလုံးက ကျွန်မရဲ့ ဂိုဏ်းတူမောင်နှမတွေဆိုတော့ စိတ်မကောင်းဖြစ်ရတယ်”

သူမက ဆက်ပြောသည်။

“ဒါတွေအားလုံးက ကျွန်မကြောင့် ဖြစ်တာပါ ၊ ရှင်သာ ကျွန်မကို နျန်ဝေလက်က မကယ်တင်ခဲ့ရင် ဒီလိုပြဿနာဖြစ်ရမှာ မဟုတ်ဘူး”

ရှီကျွင်းက...

“မဟုတ်ပါဘူး ၊ ငါက မင်းကလွဲလို့ သွေးနီနဂါးဂိုဏ်းက ကျန်တဲ့သူတွေကို သဘောမကျဘူး”

သူက ဆက်ပြောသည်။

“အဲဒီရှေးဟောင်းသစ်ရွက်စက်ဝန်းကို ငါအရင်ရှာတွေ့ခဲ့တာ ရှင်းနေတာပဲ... ၊ ဒါပေမဲ့ မင်းတို့ဂိုဏ်းကလူတွေက လူအင်အားများတယ်ဆိုပြီး ငါ့ဆီက လုယူချင်ကြတာ ၊ မင်းကြောင့်သာမဟုတ်ရင် ငါ အစောကြီးကတည်းက သူတို့နဲ့ တိုက်ပြီးသားပဲ”

“ဘာပဲဖြစ်ဖြစ်လေ... နျန်ဝေတို့အုပ်စုကို ငါ သဘောမကျပေမယ့် သူတို့က မင်းရဲ့ ဂိုဏ်းတူမောင်နှမတွေပဲ ၊ မင်းတို့ကြားက ကိစ္စတွေကို ငါဝင်မစွက်သင့်ဘူး ၊ ဒီလိုအပြုအမူက မင်းအတွက်လည်း မကောင်းလို့ ငါ မလုပ်ချင်ပါဘူး ၊ ဒါပေမဲ့ အခုတော့ လုပ်လိုက်ရပြီ”

ရှန်ယင်းက ခေါင်းမော့လျှက် ရှီကျွင်းကို စိတ်ပူပန်စွာ ကြည့်လိုက်သည်။

ရှီကျွင်းက ပြုံးရင်း...

“အခုတော့ ငါ့လက်ချက်နဲ့ နျန်ဝေလည်း သေသွားပြီ”

သူက သက်ပြင်းချရင်း...

“သူ့အဘိုးက သွေးနီနဂါးဂိုဏ်းက ထိပ်တန်းအဆင့်အကြီးအကဲတစ်ယောက်လို့ ပြောတယ် ၊ ဒါပေမဲ့ သူ့လို အဆိပ်အတောက်ကောင်ကို သတ်မိလို့ နောင်တမရပါဘူး”

ရှီကျွင်းက နှုတ်ခမ်းကို ပွတ်သပ်ရင်း...

“ငါ့လုပ်ရပ်အတွက် ငါ တာဝန်ယူမှာပါ ၊ နျန်ဝေရဲ့အဘိုးက သူ့မြေးအတွက် လက်စားချေချင်တယ်ဆိုရင်လည်း ငါ မကြောက်ဘူး ၊ ဒါပေမဲ့ ဆရာနဲ့ ချန်လီတောင် ထိခိုက်မှာတော့ ငါ စိုးရိမ်တယ်”

ရှန်ယင်းမှာလည်း အလွန်စိတ်ပူပန်နေဟန်ပင်။

သို့သော် ရှီကျွင်းက အဆိုးမြင်စိတ်ထားရှိသူ မဟုတ်ပေ။

သူက အချိန်အတန်ကြာအောင် ချီစွမ်းအားကိုထိန်းညှိရင်း ဒဏ်ရာများကို ကုသပြီးနောက် မတ်တတ်ထရပ်လိုက်သည်။

သူက ပြုံးရင်း...

“ငါက စိတ်ဆတ်တယ်လို့ ဆရာက အမြဲပြောတယ် ၊ အခုလည်း ခံစားချက်တစ်ခုအတွက် စိတ်လိုက်မာန်ပါ လုပ်မိတာတော့ အမှန်ပဲ ၊ ပွင့်ပွင့်လင်းလင်းပြောရရင် နျန်ဝေကို သတ်ပြီးတော့ ငါ နည်းနည်းလန့်သွားမိတယ် ၊ ဒါပေမဲ့ နောင်တရစရာ အကြောင်းတော့ မရှိပါဘူး”

သူက ဆက်ပြောသည်။

“အချိန်ကိုနောက်ပြန်ဆုတ်လို့ရမယ်ဆိုရင်တော့ ဘယ်သူ့ကိုမှ မသတ်မိအောင် ကြိုးစားချင်တယ် ၊ မင်းရဲ့ ဂိုဏ်းသားတွေကို မသေစေဘဲ မင်းကို ကယ်တင်ဖို့ နည်းလမ်းရှာချင်မိတယ်”

ရှန်ယင်းက...

“အစ်ကိုကြီး ‘ရှီ’ “

ရှီကျွင်းက...

“အင်း... အခု နျန်ဝေတို့အုပ်စု သေသွားတာကို တစ်ယောက်ယောက်ကတွေ့တာနဲ့ တခြားသူတွေကို သတင်းပို့မှာပဲ ၊ ဒီတော့ မကြာခင် သူတို့တွေ ငါတို့နောက်ကို  လိုက်လာကြလိမ့်မယ် ၊ ကဲပါ... နောင်ခါလာ နောင်ခါရေးပေါ့ ၊ အခုတော့ ဒီနေရာကို လျှောက်ပြီးလေ့လာကြည့်ရအောင်”

ရှန်ယင်းက ခေါင်းညိတ်ရင်း...

“ဟုတ်...”

ရှီကျွင်း ခေါင်းမော့ကြည့်လိုက်တော့ ကျောက်သားနန်းတော်မျက်နှာကြက်မှ ထုတ်တန်းကြီးက အခြားအရာများနှင့်မတူ တစ်မူထူးခြားနေကြောင်း တွေ့လိုက်ရ၏။

ထိုအချိန် တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် ရှီကျွင်းက ကျောက်စိမ်းဓားတစ်လက်ကို ထုတ်ယူလိုက်သည်။

“ဆရာလား ၊ ဆရာဦးလေး’ရန်’ လားပဲ...”

ထို့နောက် သူက ထုတ်တန်းထက်မှ ဝိညာဉ်သင်္ကေတများကို ထိကိုင်ကြည့်လိုက်ရာ အစီအရင်က အမှတ်မထင် အသက်ဝင်လာပြီး သူတို့ကို အခြားနေရာတစ်ခုသို့ ပို့ဆောင်လိုက်လေသည်။

ရန်ကျောက်ကဲစိတ်အာရုံတွင် ထင်ဟပ်လာသော မြင်ကွင်းများက ထိုနေရာတွင် အဆုံးသတ်သွားသည်။ သူက ယခု မြင်တွေ့ရသော မြင်ကွင်းများကို ပြန်တွေးကြည့်ရင်း ရှီကျွင်းက ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးကို ထိကိုင်လိုက်ချိန် ရှန်ယင်းက သူ့အနေတွင်ရှိနေသောအချိန် ပုံရိပ်က အေးခဲသွား၏။

ရန်ကျောက်ကဲ ပုံစံက ကျောက်ရုပ်တစ်ရုပ်ပမာ ငြိမ်သက်တိတ်ဆိတ်နေပြီး သူ့မျက်နှာထက်မှ အပြုံးသည်လည်း ပျောက်ကွယ်သွားသည်။

သူ့ခန္ဓာကိုယ် တစ်ချက်တုန်ခါသွားပြီးနောက် ရန်ကျောက်ကဲ သတိပြန်ဝင်လာလေသည်။

သူက အတွေးများကို ရပ်တန့်လိုက်ပြီး ခပ်တိုးတိုးကြုံးဝါးသံတစ်သံ ပြုလုပ်လိုက်ရာ ဦးခေါင်းထက်တွင် မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများ လေထဲသို့ ပျံသန်းထွက်ပေါ်လာပြီး ကြီးမားသော ဝိညာဉ်အစီအရင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေ၏။

All Chapters