ရှာဖွေမှုများအတွက် သဲလွန်စလေးများ
Vol. 02 Ch. 56
၂ ရက်နှင့် ညများတိုင်အောင် ထန်ရှုသည် အတွေးများ နက်ရှိုင်းနေခဲ့သည်။ သူ၏မှတ်ဉာဏ်ထဲတွင် ရှိသော ဆေးလုံး ဖော်စပ်နည်းများအား ပြောင်းကာ ပြောင်းကာ စဉ်းစားရင်း နောက်ဆုံးတွင် ကမ္ဘာမြေပေါ်တွင် ဖော်စပ်၍ရနိုင်သော ဆေးနည်းအချို့အား ဖန်တီးနိုင်ခဲ့သည်။
သို့သော်လည်း ထုတ်ကုန်များအတွက် ကုန်ကျစရိတ်၊ ထုတ်လုပ်မှုလုပ်ငန်း၊ ထုတ်ကုန်ဈေးကွက်၊ ကုမ္ပဏီလည်ပတ်မှုနှင့် အခြား စီမံရေးရာ ရှုထောင့်များသည် ထန်ရှုအတွက် စိတ်ရှုပ်စရာများ ဖြစ်သည်။
ထန်ရှု၏အတိတ်ကျင့်ကြံမှုဘဝသည် အထီးကျန်သော ဝံပုလွေအနေအဖြစ် နေသားကျခဲ့သည်။ သူ လိုအပ်သမျှ အရာရာကို ဆောင်ရွက်ပေးကြသော အခိုင်းအစေများ ရှိသောကြောင့် ထန်ရှုသည် သူကိုယ်တိုင် မဖြစ်မနေ လုပ်ရသည့် အရာများလောက်သာ လုပ်ဆောင်ရပြီး ကျန်သည့် အရာများအား ဂရုစိုက်ရန် မလိုပေ။
ယခုလက်ရှိ ဘဝတွင် ထန်ရှု၌ အပေါင်းအသင်း အလွန်နည်းပြီး အခိုင်းအစေလည်း မရှိသောကြောင့် သူ၏လက်နှင့်ခြေများသည် တုပ်နှောင်ခြင်း ခံထားရသကဲ့သို့ ရှိနေပြီး ကူကယ်ရာမဲ့သည့် အဖြစ်မျိုးအား ခံစားရစေသည်။
ဘန်ရှို၊ ဒင်ဇီနှင့် အခြားသူများသည် သူ အသုံးပြုရန်အတွက် ရှိနေကြသော်လည်း ကုမ္ပဏီစီမံခန့်ခွဲမှုအတွက် ထိုလူများသည် သူ့အား ကူညီပေးနိုင်သည့် အရည်အချင်း ရှိလိမ့်မည်ဟု သူ မထင်ပါချေ။
“ကြည့်ရတာ ငါ ကုမ္ပဏီထောင်ဖို့အတွက် လူအရင်ရှာရမဲ့ပုံ ဒါမှမဟုတ်လည်း အရည်အချင်းရှိတဲ့ လူတွေကို အရင်ရှာရမလို ဖြစ်နေပြီပဲ။ ဒါပေမဲ့လည်း ယုံကြည်မှုကို ရဖို့အတွက် အချိန်တွေ အများကြီး ဖြုန်းရဦးမယ်” ထန်ရှုသည် သက်ပြင်းချလျက် စာရေးခြင်းနှင့် ပန်းချီဆွဲခြင်းအား ဆက်လက် လုပ်ဆောင်လျက် ရှိသည်။
သည်နှစ်ရက်အတွင်း သူ၏မှတ်စုစာအုပ်ထဲတွင် စာရေးထားသော၊ ပုံဆွဲထားသော စာရွက်များသည် အတော်ပင် ထူလျက်နေပြီ ဖြစ်သည်။ နောက်တွင် မှတ်စုစာအုပ်ထဲတွင် ပုံဆွဲခြင်းသည် ဖြုန်းတီးရာ ရောက်သည်ဟု သိလာကာ သူ၏အတွေးများအား ရေးချရန်နှင့် ပုံဆွဲရန်အတွက် သူ၏စားပွဲအတွင်းရှိ စာမေးပွဲ စာရွက်အလွတ်များကိုပင် အသုံးပြုခဲ့သည်။
“အစ်ကိုကြီး ... တစ်ခုခုများ ဖြစ်နေလား။ ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် စိုးရိမ်နေတာလား” ထန်ရှုသည် ရေးဆွဲနေသော ပုံဆွဲစာရွက်များအား ဆွဲဆုပ်လိုက်သောကြောင့် ယွမ်ချူးလင်သည် စိုးရိမ်ပူပန်သော မျက်နှာဖြင့် မေးလိုက်သည်။
“ ငါ ဘဏ်ကို ဓားပြတိုက်ဖို့ အစီအစဉ် လုပ်နေတယ်။ မင်း ငါနဲ့ လိုက်ချင်လား”
ယွမ်ချူးလင် သူ့အား ပေးခဲ့သော ပေါက်ကရ ငွေရှာနည်းများအား ပြန်သတိရ သွားသောကြောင့် ထန်ရှုသည် အတည်ပေါက်နှင့် ပြောလိုက်သည်။
ထိုစကားကြားသော ယွမ်ချူးလင်သည် ရှက်ကိုးရှက်ကန်း ပြုံးကာ ချက်ချင်း ပြန်ပြောလိုက်သည်။
“အာ ... အစ်ကိုကြီး ငွေအရေးတကြီးနဲ့ အမြန်လိုရင်တော့ ဒီနည်းက အဆင်ပြေတယ်။ ဓားပြတိုက်ခြင်းနဲ့ လောင်းကစား လုပ်တာကလွဲပြီး တခြားစီးပွားရေးတွေက လုပ်ဖို့ မလွယ်ဘူး။ ငွေအများကြီးနဲ့ အတွေ့အကြုံ လိုတယ်”
“ငါ သိပါတယ်ကွာ။ ငါ ပျင်းလာလို့ အပျင်းပြေ လျှောက်ဆွဲနေတာ။ မင်းလည်း ကိုယ့်စာကိုယ် သွားလုပ်ချေတော့”
ထန်ရှုသည် ယွမ်ချူးလင်အား တွန်းလိုက်ပြီး ခေါင်းပြန်ငုံ့ကာ ပုံဆက်ဆွဲနေလေသည်။
ရုတ်တရက် သူ၏ မျက်နှာပေါ်သို့ မျက်စိကျိန်းသော ရောင်ခြည်တစ်ခု ကျလာသဖြင့် ထန်ရှုသည် ချက်ချင်း မျက်မှောင်တွန့် သွားရသည်။
ပုံမှန်လူတစ်ယောက် ဆိုပါက နေရောင်အား မှန်တစ်ခုဖြင့် ခံလိုက်ရာမှ ရောင်ပြန်လာသော အရောင်ပင် ဖြစ်လိမ့်မည်ဟုသာ စဉ်းစားပေလိမ့်မည်။ အပြင်ဘက်တွင် နေ အလွန်ပူနေသောကြောင့် လူတစ်ချို့မှ မှန်ဖြင့် ကစားရာမှ ထွက်ပေါ်လာခြင်း သို့မဟုတ် ပြတင်းပေါက် ပိတ်ခြင်း ဖွင့်ခြင်းတို့မှ နေရောင်အား ရောင်ပြန်ဖြစ်စေပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ရောင်ပြန်ဟပ်ခြင်း ဖြစ်လိမ့်မည်ဟု သာမန်လူများမှ တွေးထင်ကြပေလိမ့်မည်။
သို့သော် ထန်ရှုသည် ကျင့်ကြံခြင်း အဆင့်ငယ် တစ်ဆင့်အား ပြီးမြောက်ထားပြီးနောက် သူ၏အာရုံငါးပါးနှင့် စိတ်ဝိညာဉ်အာရုံသည် အဆများစွာ သန်မာလာခဲ့သည်။ ပမာဆိုရပါလျှင် သူသည် ဗွီဒီယိုကင်မရာ တစ်လုံးကဲ့သို့ မီတာ ၁၀၀၀ အကွာတွင်ရှိသော မြင်ကွင်းအားလုံးအား သူ၏စိတ်ထဲတွင် ပြတ်သားစွာ မြင်နိုင်ကူးနိုင်ပေသည်။
သူ၏မျက်နှာအား လာရောက် ထိမှန်သော အလင်းသည် နေရောင်ခြည် ရောင်ပြန်လာခြင်း ဖြစ်ကြောင်း ထန်ရှုသိသည်။ သူ့အား မျက်မှောင်တွန့်စေသော အရာသည် ထိုရောင်ပြန်လာခြင်းသည် ထူးဆန်းနေသည်ဟု သူ ခံစားသိရှိနေသောကြောင့် ဖြစ်သည်။
ထိုအဖြစ်အပျက် ဖြစ်ပျက်သည်မှာ မနက်အစောပိုင်းတွင် ဖြစ်ပြီး သူသည် ပြတင်းပေါက်နားတွင် ထိုင်နေပေရာ နေရောင်ခြည်သည် သူ့အပေါ် ကျရောက်လျက်ရှိသည်။ အမှန်တကယ်အားဖြင့် ပြတင်းပေါက်နားတွင် ထိုင်နေသော ကျောင်းသားများနှင့် အပြင်ဘက်တွင် ရှိနေသော ကျောင်းသားများမှ လွဲ၍ တန်းခွဲ-၁၀မှ အခြားကျောင်းသားများ အပေါ်သို့ နေရောင်ခြည် ကျရောက်သည်မှာ မဖြစ်နိုင်သောအရာ ဖြစ်သည်။ ထန်ရှုအား ထူးဆန်းစေသည့် အချက်မှာ ထိုနေရောင်ခြည် ရောင်ပြန်လာသော အလင်းသည် အနောက်အရပ်မှ ဖြစ်နေသောကြောင့် ဖြစ်သည်။ စာသင်ခန်း၏ အနောက်ဘက်သည် ယခုအချိန်တွင် နေရောင် မတောက်ပသေးသော အချိန်ဖြစ်သည်။ စာသင်ခန်းရှိသော ကျောင်းအဆောက်အဦသည် ၁၀ ထပ်ရှိသော အဆောက်အဦ ဖြစ်သောကြောင့် ဘေးမှ လူနေအိမ်များအား အရိပ်မိုးနေနိုင်သဖြင့် လူနေအဆောက်အဦဘက်မှ နေရောင်ခြည် အလင်းရောင် ပြန်လာခြင်းမှာ မဖြစ်နိုင်သည်ဟု ဆိုရပေမည်။
သူ၏မျက်စိအလင်း လျင်မြန်စွာ ရွေ့လျားသွားသည့်နည်းတူ မည်သည့်နေရာမှ နေရောင်ခြည် အလင်းရောင် ပြန်လာခြင်း ဖြစ်သည်ကို ထန်ရှု ရိပ်မိသွားသည်။
ရက်စက်သော သွင်ပြင်ဖြင့် ကြည့်ကောင်းသော လူတစ်ယောက်သည် သူတို့ တန်းခွဲ-၁၀ဆီသို့ အဝေးကြည့် မှန်ပြောင်းဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရပြီး သူ၏အတန်းဖော်ဖြစ်သူ ယွမ်ချူးလင်အား အထူး အာရုံစိုက်နေသည်ကို မြင်လိုက်ရသည်။
“ချောင်းကြည့်တာလား။ စုံစမ်း ထောက်လှမ်းတာလား။ ဒါမှမဟုတ် တိုက်ဆိုင်တာလား” ထန်ရှုသည် သတိရှိစွာဖြင့် လှည့်လာလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် အေးစက်သော အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
ထန်ရှုသည် သူ၏အကြည့်အား ရုပ်သိမ်းကာ စာရွက်ပေါ်တွင် ပုံဆွဲမြဲဆွဲနေသည်။ သို့သော် သူ၏မျက်လုံးထောင့်ကမူ သူ၏ညာဘက်တွင်ရှိသော လူနေအဆောက်အဦ အပေါ်ထပ်မှ ထိုလူများ၏ လှုပ်ရှားမှုအား သိမ်းကျုံး ကြည့်လိုက်သည်။
“ချီးပဲ။ ထန်ရှု ငါ့ကို မြင်သွားပြီလား မသိဘူး”
တစ်ချိန်တည်းလိုပင် ထန်ရှု ထိုမိန်းမချော ချောသောလူအား မြင်သွားသကဲ့သို့ ထိုလူသည်လည်း ထန်ရှု သူ့အား ကြည့်လိုက်သည်ကို မြင်လိုက်ရသဖြင့် ရုတ်တရက် အော်ပြောမိလိုက်သည်။
“ခွေးမသား ... မင်းကလည်း အတွေးခေါင် နေပြန်ပါပြီ။ ငါတို့က မီတာ ၁၀၀၀ အကွာမှာ ရှိနေတာလေ။ မင်း တန်းခွဲ-၁၀က ကျောင်းသားတွေကို မြင်ရတယ် ဆိုတာ အဝေးကြည့်မှန်ပြောင်း သုံးလို့လေ ငါ့ကောင်ရ။ ထန်ရှုမှာ အဝေးကြည့် မှန်ပြောင်းမှ မရှိတာ ငါတို့ကို မြင်ရတယ် ဆိုတာ ဘယ်လိုဖြစ်နိုင်မှာတဲ့တုန်း”
မိန်းမချော ချောသော လူအော်ပြောလိုက်သည် တစ်ခဏ ဘောင်မပါသည့် မျက်မှန်နှင့်လူမှ လှောင်ပြောင် လိုက်သည်။ မိန်းမချော ချောသော လူသည် တစ်ခဏမျှ တွေးလိုက်ပြီးနောက် သူ အရမ်းအတွေးများ နေသည်ဟု နားလည်သွားကာ စိတ်သက်သာရာ ရသွားပြီး ထန်ရှု၏လှုပ်ရှားမှုများအား တစ်ဖန်ပြန်၍ ကြည့်လိုက်ပြန်သည်။
သူသည် ထန်ရှုအား ကြည့်လိုက်ရာတွင် ထန်ရှုသည် သူ၏လုပ်လက်စ အလုပ်အား အာရုံစိုက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အနည်းငယ် သက်သာရာရသွားပြီး ပျက်ရယ်ပြုသော အပြုံးသည် သူ၏မျက်နှာထက်တွင် ပေါ်လာခဲ့သည်။
“ချီးပဲ။ ကျောင်းသားတွေက ဒီရက်တွေမှာ ဟိုအဖြစ်အပျက်ကို အမှန်တကယ် မေ့လျော့နေကြပြီပဲ။ အဲဒီနေ့တစ်ရက်ပဲ သူတို့ စိတ်လှုပ်ရှားကြခဲ့ကြမယ်။ အခုတော့ လုံးဝမေ့သွားပြီး ကျောင်းစာကိုပဲ အာရုံစိုက်နေကြတယ်”
“အဲဒီတော့ သူတို့ကို မင်း ထပ်ပြီး သတိမပေးတေ့ဘူးလား”
ဘောင်မရှိသော မျက်မှန်နှင့်လူသည် ကီးဘုတ်အား တဖြောင်းဖြောင်း ရိုက်နေရင်း သူ၏ဟန်းဖုန်းအား ထုတ်ကာ နံပါတ်တစ်ခုအား လှည့်လိုက်တော့သည်။
ဘောင်မရှိသော မျက်မှန်နှင့်လူသည် ဖုန်းဆက်နေသော စက္ကန့်တွင် တန်းခွဲ-၁၀မှ ထန်ရှုသည် မတ်တတ်ထရပ်ကာ အတန်းမှ ထွက်ခွာလာခြင်းကြောင့် ယွမ်ချူးလင်၊ ချန်းယန်နန်နှင့် အခြားကျောင်းသားများအား ပဟေဠိဖြစ်စေခဲ့သည်။
အရာရာတိုင်းအတွက် မည်သည့်အရာများ မဖြစ်ခင်တွင် ကာကွယ်ခြင်းက ပိုမိုကောင်းမွန်ပေသည်။ ထန်ရှု၏မျက်လုံးများထဲတွင် အရောင်များ တောက်လောင် နေသကဲ့သို့ ရှိနေပြီး သူ၏စိတ်ထဲတွင်လည်း အရာရာကို တွက်ချက်ဆန်းစစ် အဖြေထုတ်လျက်ရှိသည်။ လွန်ခဲ့သော နှစ်ရက်က ရာဇဝတ်မှု မဖြစ်ပွားခဲ့ပါက ယခုအဖြစ်အပျက်အား သူ လျစ်လျူရှုထားမိ ပေလိမ့်မည်။ သို့သော် ယခုမူ တူညီသော အဖြစ်အပျက်မျိုး ထပ်မံ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ဖို့ သူ ဆုံးဖြတ်ရပေလိမ့်မည်။
မူမမှန်သော ဖြစ်ရပ်များ၏ နောက်ကွယ်တွင် နတ်ဆိုးများက ဆွဲယူနေသော လျှို့ဝှက်သော ကြိုးများ ရှိရမည်။
လူတချို့က ကျောင်းသားများအား အဝေးကြည့် မှန်ပြောင်းများဖြင့် ထောက်လှမ်း နေကြသည်။ ထိုအထဲမှ တစ်ခုသော ပစ်မှတ်သည် မနေ့ဖြစ်ပွားခဲ့သော လူဆိုးအမှုတွင် ပါဝင်ခဲ့သော ယွမ်ချူးလင် ဖြစ်နေသည်။ သည်အချင်းအရာကြောင့် ထိုလူများသည် ဧကန်မုချ မကောင်းသော လူများသာ ဖြစ်ရမည်ဟု သူ သေချာသိနေသည်။
ထန်ရှုသည် ကော်ရစ်ဒါရှိ ရုံးခန်းသို့ ရောက်သောအခါ ဟန်ကျင်းဝူသည် ခါးကိုင်းကာ တစ်စုံတစ်ရာအား သန့်ရှင်းရေး လုပ်နေသည်ကို သူမြင်လိုက်ရပြီး သူမ၏ဖွံ့ထွားသော တင်ပါးစိုင်များက သူ့အား ဆွဲဆောင်နေသကဲ့သို့ ရှိနေသည်။ သူမ၏လက်ကောက်ဝတ်လေး များသည် သေးသွယ် ပျော့ပျောင်းကာ လှပနေပေသည်။
“ဆရာမဟန် … အလုပ်ရှုပ်နေလား”
ဟန်ကျင်းဝူ လှည့်ကြည့် လိုက်သောအခါ သူမ၏ရုံးခန်း အတွင်းတွင် ထန်ရှုအား တွေ့လိုက်ရသဖြင့် အံ့အားသင့် သွားရသည်။ သူမသည် ထန်ရှုအား ဆူပူလိုက်ကာ စိတ်ဆိုးနေသည့်ဟန် ပြလိုက်သည်။
“ဟေး … နင် ဘာလို့ စာသင်ခန်းထဲမှာ စာမလေ့လာတာလဲ။ ဘာလို့ ဒီကို ပြေးလာတာလဲ”
ထန်ရှုသည် သူပြောမည့်စကား ရွေးချယ်ရန် အချိန်အနည်းငယ် ယူလိုက်ပြီး
“ဆရာမဟန် ... ကွန်တော် နေလို့ သိပ်မကောင်းလို့ ဆေးရုံမှာ စစ်ဆေးမှုတစ်ခု သွားလုပ်ချင်လို့ပါ”
“နင် ဖျားနေတာလား”
ဟန်ကျင်းဝူ၏ အမူအရာ ပြောင်းသွားပြီး သူမလှည်းကျင်းနေသော တံမြက်စည်းအား ချက်ချင်းချကာ ထန်ရှုဆီ လျှောက်လာခဲ့သည်။ ထို့နောက် သူမ၏ ဖြူဖွေးလှပေသော လက်ကလေးအား မြှောက်ကာ ထန်ရှု၏ နဖူးသို့ ညင်သာစွာ စမ်းကြည့်လိုက်သည်။
တစ်စက္ကန့်
………….
………….
…………
၁၀စက္ကန့်
………
မိနစ်ဝက် ကြာသော ဟန်ကျင်းဝူသည် စိုးရိမ်ပူပန်မှု အပြည့်ဖြင့် နူးညံ့စွာ ပြောလိုက်သည်။
“နင့်ရဲ့ ခန္ဓာကိုယ် အပူချိန်ကတော့ ပုံမှန်ပါပဲ. မဖျားပါဘူး။ ဒါပေမဲ့ ခန္ဓာကိုယ်ကတော့ တစ်ခုခု ဖြစ်နေတယ်ထင်တယ်။ သွားရအောင်။ ဆရာမ နင့်ကို ဆေးရုံ လိုက်ပို့ပေးမယ်”
“ဒါ ... ”
ပထမတွင် ထန်ရှုသည် တွန့်ဆုတ် နေသေးသည်။ ထို့နောက်တွင်တော့ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
မူလက သူသည် မိမိဘာသာ ဆေးရုံသွားမည်ဟု ဆိုကာ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်နေသည့် လူများရှိသည့် လူနေအဆောက်အဦဆီသို့ သွားရန် ရည်ရွယ်ခဲ့သည်။ သို့သော် ထိုလူများ သတိပေးလိုက်သကဲ့သို့ မဖြစ်စေချင်သောကြောင့် ကျောင်းအပြင်ဘက်သို့ ဟန်ကျင်းဝူနှင့် ထွက်သွားသည်က ပိုမိုအဆင်ပြေပြီး ထိုလူများသည် သံသယဖြစ်မည်မဟုတ်ချေ။
***
လူနေအဆောက်အဦတွင် …
ဘောင်မရှိသော မျက်မှန်နှင့်လူသည် ဖုန်းအား ချလိုက်သည်။ သူ၏မျက်လုံးများ ရွေ့လျားသွားစဉ် “ဟေး” ဟုသော အာမေဋိတ်သံအား သူ၏အဖော်ထံမှ ကြားလိုက်ရသည်။ စိတ်အနှောင့်အယှက် ဖြစ်သော အမူအရာဖြင့် သူ အော်လိုက်သည်။
“မင်း ပါးစပ်ပိတ်ထားလိုက်။ ခွေးမ ... အပို စိုးရိမ်စရာတွေ ဖြစ်အောင် လုပ်မနေနဲ့။ ငါတို့မှာ ပိုပြီး အရေးကြီးတာတွေ လုပ်ဖို့ရှိသေးတယ်။ မိန်းမတစ်ယောက်လို အသေးအမွှားလေးတွေနဲ့ ကြောက်လန့် မနေစမ်းနဲ့။ တိုက်တောင်တန်းကြီး မင်းရှေ့မှာ ပြိုလဲသွားရင်တောင် အထိတ်တလန့် ဖြစ်စရာ အကြောင်းမရှိဘူး ငါ့လူ”
မိန်းမချော ချောသောသူသည် စိတ်တိုစွာနှင့် ပြန်ပြောလိုက်သည်။
“မိမစစ်ဖမစစ်ကောင် ... ငါ့ကို ခွေးမလို့ ဆက်ခေါ်နေရင် မင်းကို ငါ ဆက်ဆံပစ်လိုက်မယ်။ မင်းဖင်လေး ကြွပြီး ကိုယ်တိုင် လာကြည့်ဦး။ ဟိုဦးနှောက်ပျက်နေတဲ့ ကောင်လေးက အမျိုးသမီးတစ်ယောက်နဲ့ ထွက်လာတယ်။ သူမကို ငါ သိတယ်။ အဲဒါ တန်းခွဲ-၁၀ရဲ့ အတန်းပိုင်ဆရာမပဲ”
ဘောင်မရှိသော မျက်မှန်နှင့်လူသည် မျက်လုံးများ အရောင်လက်သွားကာ အဝေးကြည့်မှန်ပြောင်းအား ယူကာ ကြည့်လိုက်ပြီး သူ၏မေးစေ့အား ညင်သာစွာ ပွတ်လိုက်သည်။ တဟီးဟီးနှင့် ရယ်လျက် …
“အဲဒါက ထန်ရှု ... သူကို့ စိုးရိမ်စရာမလိုဘူး။ ဦးနှောက်ပျက်နေတဲ့ ကောင်က ငါတို့ကို မခြိမ်းခြောက်နိုင်ပါဘူး။ ဒါပေမဲ့ ဒီအမျိုးသမီးက စောက်ရမ်းမိုက်တာကွာ။ ဒီဖေဖေကြီးက မိန်းကလေးတွေ အများကြီးနဲ့ ဆက်ဆံဖူးပါတယ်။ ဒီလို ခပ်မိုက်မိုက်စော်မျိုးနဲ့ မကစားဖူးသေးဘူး။ ငါတို့ ပြဿနာကို အမြန်ဆုံး ဖြေရှင်းပြီးတာနဲ့ သူမကို အလစ်သုတ်ပြီး ရက်အနည်းငယ်လောက် ကောင်းကောင်း ကစားပေးရမယ်”
“ငါတို့ သူတို့ကို စောင့်ကြည့်ဖို့ မလိုဘူးလား”
မိန်းမချောချောသော သူသည် တစ်စုံတစ်ခုကို စနိုးစနောင့်ဖြစ်ကာ စိတ်လှုပ်ရှားနေသည်။ မည်သည့် အကြောင်းကြောင့်မှန်း သူ မသိသော်လည်း ဘောင်မရှိသော မျက်မှန်နှင့်လူသည် မှားယွင်းကာ ဆုံးဖြတ်ချက် ချလိုက်သည်ဟု သူထင်နေသည်။ သူ၏အစ်ကိုဖြစ်သူက ထန်ရှုသည် ခြိမ်းခြောက်နိုင်သော သူမဟုတ်ဟု ဆိုသော်လည်း ထန်ရှုသည် သူ့အား မြင်လိုက်သောခဏတွင် စိတ်လှုပ်ရှားကာ ရင်ထဲလေးနေမိသည်။
ဘောင်မရှိသော မျက်မှန်နှင့်လူသည် အော်ပြောလိုက်သည်။
“ငါတို့ ဘာလို့ ဒီကြွက်စုတ်ကို စောင့်ကြည့်သင့်တာလဲ။ ငါတို့ ကြည့်သင့်တာ ယွမ်ချူးလင်လေကွ”
“ကောင်းပြီ။ အိုကေ အိုကေ”
မိန်းမချော ချောသောသူ၏ ရင်တွင်းမှ အနှောင်အဖွဲ့သည် လျင်မြန်စွာ ပြေပျောက်သွားခဲ့သည်။
***
ကျောင်းတံခါးပေါက်၏ အပြင်ဘက်တွင် ထန်ရှုသည် ကားမောင်းသူ၏ဘေးမှ ထိုင်ခုံတွင် နေရာယူလျက် ရုတ်တရက် ပြောလိုက်သည်။
“ဆရာမဟန် ... လမ်းထောင့်က စူပါမားကတ်မှာ ရပ်ပေးပါဦး။ ကျွန်တော် ရေဆာလို့ ရေသွားဝယ်ချင်လို့”
“ငါ သွားဝယ်ပေးမယ်” ဆရာမဟန်မှ ပြောလေသည်။
ဆရာမဟန် သွားဝယ်ပေးပါကလည်း အစီအစဉ် ပြုလုပ်ထားပြီး ဖြစ်သောကြောင့် ထန်ရှုသည် မငြင်းဆန်ခဲ့ပေ။
အခွင့်အရေး ရသည်နှင့် သူသည် လစ်ထွက်လာပြီး စုံစမ်း ထောက်လှမ်းနေသော လူများရှိရာ လူနေအဆောက်အဦဆီ သွားရောက်မည် ဖြစ်သည်။
မိနစ်အနည်းငယ်ကြာသော် ထန်ရှသည် ဟန်ကျင်းဝူဆီမှ လစ်ထွက်လာပြီးလျှင် လူနေအဆောက်အဦ အနီးအနားတွင် ရှိသော အိမ်နီးချင်းဘက်သို့ လျင်မြန်စွာ အပြေးလာခဲ့သည်။ သူသည် တစ်ခဏမျှ ရပ်ပြီး သူ၏ ဘေးပတ်ဝန်းကျင်အား ဂရုတစိုက် စူးစမ်းလိုက်လေရာ မူမမှန်သောအရာ ဘာမျှမရှိသည်ကို တွေ့လိုက်ရသည်။ သူ၏မှတ်ဉာဏ်ထဲရှိ ထိုလူများရှိရာ အထပ်နှင့် အခန်းဆီသို့ လျင်မြန်စွာ ပြေးတက်လာခဲ့သည်။
သူ၏စိတ်ဝိညာဉ် အာရုံအား အသုံးပြုစစ်ဆေးလိုက်ရာ သူ ရှာနေသော သူများသည် ၈ လွှာတွင် ရှိနေသည်ကို တွေ့လိုက်ရပြီး လူနှစ်ယောက် ရှိနေသည်။ တစ်ယောက်မှာ စာသင်ခန်းထဲမှာ သူ လှမ်းမြင်လိုက်ရသော အဝေးကြည့်မှန်ပြောင်း ကိုင်ဆောင်ထားသောသူ ဖြစ်သည်။ ထိုလူသည် ကျောင်း၏ မျက်နှာချင်းဆိုင်တွင် ရှိကာ ကျောင်း၏အခြေအနေအား စောင့်ကြည့်နေသောသူ ဖြစ်သည်။ နောက်တစ်ယောက်မှာ သပ်သပ်ရပ်ရပ် ဝတ်စားထားပြီး သွေးအေးသော မျက်ဝန်းများနှင့် လူတစ်ယောက်ဖြစ်ပြီး သူ၏ကွန်ပျူတာအား အသုံးပြုနေပေသည်။
“ဟူး …”
ထန်ရှု၏ မျက်ခုံးများ တွန့်သွားရသည်။ ပထမအကြိမ် ဖြစ်သောကြောင့် သူ၏မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတစ်ခု ဖြတ်သန်းသွားသည်။ ကွန်ပျူတာ စားပွဲပေါ်တွင် သေနတ်တစ်လက်နှင့် အသွားသုံးမြှောင့်ပါသော စစ်သုံးဓားမြှောင်၂ချောင်းအား ရှင်းရှင်းလင်းလင်း သူ မြင်လိုက်ရသည်။
တစ်ခဏမှာပင် ထန်ရှုသည် လေးလေးနက်နက် စဉ်းစားလိုက်သည်။ ထိုသူများသည် တရားခံများ ဖြစ်ကြောင်း ၁၀၀% သေချာပေသည်။ ထိုသူများသာ ကျောင်းကို လျှို့ဝှက်စောင့်ကြည့် ပေးနေသော ရဲများဆိုပါက သူတို့တွင် သေနတ်များရှိရပေမည်။ ယခုမူ သူတို့တွင် စစ်တပ်သုံး ဓားမြှောင်သာ ရှိနေခြင်းကြောင့် ရဲများမဖြစ်နိုင်တော့ပေ။ ထို့ပြင် ကျောင်းသို့ လာရောက် သောင်းကျန်းသွားသော မုတ်ဆိတ်နှင့်လူသည်လည်း ထိုဓားမြှောင်မျိုး ကိုင်ဆောင်ထားပေသည်။
“ငါ ဒီလူတွေအကြောင်းကို သိသွားပြီဆိုတော့ ရဲကို အကြောင်းကြားသင့်လား”
အတွေးတစ်ချက် ဝင်လာသော်လည်း ထန်ရှု မောင်းထုတ်လိုက်သည်။ အင်မော်တယ်ကမ္ဘာတွင် သူသည် ပြိုင်ဘက်ကင်းသော သူတစ်ယောက် ဖြစ်ခဲ့သည်။ ယခု သူ၏ကျင့်ကြံမှုသည် ထိုစဉ်က၏ တစ်သန်းပုံတစ်ပုံမျှသာ ရှိပါသော်လည်း ထိုတန်ဖိုးမရှိသော အမှိုက်များအား ဖြေရှင်းရန် သူ့ကိုယ်သူ ယုံကြည်မှု ရှိလေသည်။
နောက်ဆုံးတွင် သူသည် ဆုံးဖြတ်ချက် ချလိုက်သည်။
ဖျတ်လတ် ကြံ့ခိုင်ဉာဏ်ကြီးပြီး စွမ်းအားကြီးသော မျောက်ဝံတစ်ကောင်ကဲ့သို့ ထန်ရှုသည် တိုက်ခန်းတံခါးဆီသို့ တိတ်ဆိတ်စွာ ချဉ်းကပ် သွားလေတော့သည်။
***