← Chapters

ဆုံးဖြတ်ချက်

Vol. 02 Ch. 57

ဆုံးဖြတ်ချက်

Vol. 02 Ch. 57

ကြယ်တာရာ ပထမ အထက်တန်းကျောင်း၏ ဝင်ပေါက်အနီးတွင် ဟန်ကျင်းဝူသည် စိတ်အနှောင့်အယှက် ဖြစ်နေသော အမူအရာနှင့် ဖုန်းနံပါတ် တစ်ခုအား ဆက်နေသည်။ သို့သော်လည်း

“လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်” ဟူသော တုံ့ပြန်သံကိုသာ ထပ်ကာတလဲလဲ ကြားနေရသည်။ သည်အခြင်းအရာသည် ထန်ရှုအား လျင်မြန်စွာ ရှာဖွေကာ ကြိမ်ဖန်များစွာ ထုထောင်းချင်စိတ် ဖြစ်အောင် ဟန်ကျင်းဝူအား လှုံ့ဆော်နေပေသည်။

ထန်ရှုသည် သူမအား ညာလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးထားခဲ့ချေ။ သူမ ရေသွားဝယ်နေစဉ်တွင် ကားထဲတွင် ရိုရိုကျိုးကျိုး နေနေခဲ့ပြီး သူမအား တစ်ပတ်ရိုက်ကာ ထွက်ပြေးသွားခြင်း ဖြစ်သည်။ သူမသည် အရူးတစ်ယောက် မဟုတ်သောကြောင့် ထန်ရှုသည် ဖျားနာချင် ဟန်ဆောင်ပြီး သူ့အား ဆေးရုံလိုက်ပို့ရန် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက် သွားတော့သည်။

“အစုတ်ပလုတ် ထန်ရှု ... နင် တော်တော် မကောင်းတဲ့အကောင်ပဲ။ အတန်းလစ်ရုံတင် မကဘူး ကျောင်းအပြင်ဘက် လစ်ထွက်ဖို့ ငါ့ကိုပါ အကာအကွယ် လုပ်သွားသေးတယ် ပေါ့လေ။ လာပစေဦး။ နင့်ကို ရှာတွေ့တာနဲ့ နာပြီသာမှတ်တော့”

***

လူနေအဆောက်အဦ အနီးနားတွင် ဘောင်မရှိသော မျက်မှန်နှင့်လူသည် တစ်စုံတစ်ယောက်နှင့် ဖုန်းပြောနေဆဲ ဖြစ်သည်။ ထို့နောက် သူသည် အံ့သြသော လေသံဖြင့်

“မင်း အောင်မြင်သွားပြီ ဟုတ်လား။ ကျောင်ကျင်းကို ပြန်ပေးဆွဲပြီးတော့ ကားဝပ်ရှော့မှာ ခေါ်ထားတယ် ဟုတ်လား။ ကောင်းတယ်။ ဒါပေမဲ့ ငါတို့ သူမကို ပြန်ပေးဆွဲလိုက်တော့ ရဲတွေက သေချာပေါက် သတိထားမိ သွားကြမှာပဲ။ ငါတို့ အနည်းဆုံး၂ရက်တော့ စောင့်ကြည့်နေရမယ်”

“ညီမလေးနဲ့ ငါက ဒီမှာ နေပြီးတော့ စောင့်ကြည့် ထားလိုက်မယ်။ ရဲတွေက ဒီအဖြစ်အပျက်ကို တတိယအစ်ကိုနဲ့ ချိတ်ဆက်နေတယ်လို့ သေချာပေါက် သံသယ ဖြစ်လိမ့်မယ်လို့ ငါယုံတယ်။ သူတို့ ကျောင်းကို လာပြီး ယွမ်ချူးလင်ကို ရှာလိမ့်မယ်။ ယွမ်ချူးလင်ရဲ့ ဒေါသထွက်နေတဲ့ မျက်နှာနဲ့ ရဲတွေရဲ့ ကူကယ်ရာမဲ့နေတဲ့ မျက်နှာကို ငါအမှန်တကယ်ကို ကြည့်ချင်နေပြီ”

“ကောင်းတယ်။ ဒါပဲ”

ဖုန်းပြောမှု ပြီးဆုံးသွားပြီ ဖြစ်သည်။

လှောင်ပြောင်လိုသော အမူအရာသည် ဘောင်မရှိသော မျက်မှန်နှင့် လူ၏မျက်နှာထက်တွင် ဖြစ်တည်လို့နေသည်။ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းသော အခန်းအား သူ မြင်တွေ့နေရပြီ ဖြစ်သည်။ သို့သော် သူတို့ပြောသမျှအား ထန်ရှုသည် အခန်းအပြင်ဘက်မှ ကြားနေရသည်ကို သူမသိလိုက်ပါချေ။

“အလုပ်ဖြစ်သွားလား။ တစ်ဖက်လပ်က အရမ်းလျင်လျင် မြန်မြန်နဲ့ ထိထိရောက်ရောက် ကိုင်တွယ်လိုက်တာပဲ”

မိန်းမချော ချောသောသူသည် ပျော်ရွှင်စွာ ပြောလိုက်သည်။

ဘောင်မရှိသော မျက်မှန်နှင့်လူသည် သရော်ပြုံးပြုံးလျက်

“ငါတို့ ညီအစ်ကိုတွေက ဘယ်တုန်းက အလုပ်မဖြစ်တာ ရှိဖူးလို့လဲ။ ဒါပေမဲ့ ကျောင်ကျင်းက တကယ်မလွယ်တဲ့ မိန်းမဟေ့။ သူမရဲ့ သက်တော်စောင့် ၂ယောက်ကို အလစ်ဝင်တိုက်ပြီး သတ်ပြီးမှ သူမကို ခက်ခက်ခဲခဲ ဖမ်းလို့ရခဲ့တာ။ အခု တစ်ဖက်လပ်က ဒဏ်ရာတွေရလာလို့ ဆေးကုနေရတယ်”

“ဘာပြောတယ်။ တစ်ဖက်လပ် ဒဏ်ရာရလာတယ် ဟုတ်လား။ သူ နိုင်ငံခြားမှာ လေ့ကျင့်ခဲ့တာ မဟုတ်လား။ ထားလိုက်တော့။ ငါတို့ ယွမ်ချူးလင်ကို ဘယ်နှစ်ရက်လောက် စောင့်ကြည့်ရမလဲ”

“အနည်းဆုံး၂ရက်တော့ ကြည့်ရမယ်”

ကျောင်ကျင်းက ဘယ်သူလဲ။

ထန်ရှုသည် အပြင်ဘက်တွင် ဇဝေဇဝါ ဖြစ်နေသည်။ သူ၏ဦးနှောက်နှင့် မှတ်ဉာဏ်အား အပြင်းအထန် အလုပ်လုပ်ကာ စဉ်းစားသော်လည်း ထိုအမျိုးသမီးအား သူ မသိချေ။ သို့သော်လည်း မိန်းမချော ချောသော လူနှင့်  ဘောင်မရှိသော မျက်မှန်နှင့်လူတို့ ပြောစကားအရ ထိုတရားခံများသည်  သူမအား ပြန်ပေးဆွဲလာသည်ဟု သူ သိပြီး ထိုအမျိုးသမီးသည် သေချာပေါက် ယွမ်ချူးလင်နှင့်  ပတ်သက်နေလိမ့်မည် ဖြစ်သည်။

အခု သူ ဘာလုပ်သင့်ပါသနည်း။

သည်လူနှစ်ယောက်အား ဆုံးမလိုက်ပါက အခြားသောသူများ ဒေါသထွက်အောင် လုပ်လိုက်သလို ဖြစ်လိမ့်မည်။ သူတို့သည် ကျောင်ကျင်းအား ဒေါသနှင့်ပင် သတ်နိုင်ပေသေးသည်။

ထန်ရှာသည် ဖြစ်နိုင်မည့် အလားအလာများအား သေချာစွာ စဉ်းစားပြီး နောက်ဆုံးတွင် အခုအချိန်တွင် ဘာမှ မလှုပ်ရှားရန် ဆုံးဖြတ်လိုက်လေသည်။ သည်လူ၂ယောက်သည် နောက်၂ရက်ကြာအောင် စောင့်ကြည့်နေဦးမည် ဖြစ်သောကြာင့် ထို၂ရက်နောက်ပိုင်းမှ ထိုသူတို့အား တိတ်ဆိတ်စွာ နောက်ယောက်ခံလိုက်ပြီး သဲလွန်စရယူမည် ဖြစ်သည်။ ထိုသူအားလုံးအား တစ်ချိန်တည်းတွင်ပင် သူ ဖမ်းမိနိုင်သေးသည်။

လျင်မြန်စွာ ပြန်ထွက်လာပြီးနောက် တစ်စုံတစ်ခုအား တွေးမိပြီး ထန်ရှု တုန်လှုပ်သွားသည်။ မူလက သူသည် ထိုသူများအား တိတ်တဆိတ် ဆုံးမခြင်း သို့မဟုတ် သတ်ပစ်ခြင်းများ ပြုလုပ်ရန် ကြံစည်ထားခဲ့သည်။ ထိုသို့ လုပ်ပြီးသည်နှင့် ဟန်ကျင်းဝူအား သူ ရှင်းပြနိုင်လိမ့်မည် ဖြစ်သည်။ သို့သော် ယခုမူ သူဘာမျှ မလုပ်ခဲ့လေရာ ဟန်ကျင်းဝူအား ကျေနပ်အောင် သူပြောရတော့မည် ဖြစ်သည်။

“အိုကေ ... ငါ ဆရာမကို သတင်းမှားတချို့ ပြောလိုက်ရုံပဲ”

ထန်ရှုသည် သူ၏ဟန်းဖုန်းအား ထုတ်ကာ စက်ပြန်ဖွင့်လိုက်ပြီး စာအနည်းငယ် ရိုက်လိုက်ကာ ချက်ချင်း ပို့လိုက်သည်။

***

ကြယ်တာရာပထမ အထက်တန်းကျောင်း၊ တန်းခွဲ-၁ဝ

ဟန်ကျင်းဝူသည် စင်မြင့်ပေါ်တွင် အေးစက်သော အမူအရာနှင့် မတ်တတ်ရပ်နေသည်။  ကျောင်းသားများ၏ မျက်နှာအား တစ်ချက် ဝေ့ကြည့်လိုက်ပြီး လေသံအေးစက်စက်ဖြင့် ပြောလိုက်သည်။

“အခုကစပြီး ဘယ်သူမှ အတန်းပျက်လို့မရဘူး။ ခွင့်တိုင်လို့လည်း ခွင့်မပေးဘူး။ မင်းတို့ထဲက တစ်ယောက်ယောက်က ဖောက်ဖျက်ခဲ့ရင် အိမ်သာကို တစ်ပတ်တိတိ သန့်ရှင်းရေး လုပ်ရမယ်”

စာသင်ခန်းထဲတွင် ကျောင်းသားများသည် ဟန်ကျင်းဝူ၏ စကားကြောင့် ကြောက်လန့်မသွားဘဲ ထိုအစား ပျော်ရွှင်နေကြသေးသည်။ သူတို့သည် ထန်ရှု၏ ထိုင်ခုံနေရာအား ကြည့်ကာ သဘောတူလိုက်ကြသည်။ အချို့ကျောင်းသားများ၏ လှောင်ပြောင် စကားသံများပင် ထွက်ပေါ်လာပေသည်။

“ဟက် ... ထန်ရှုပဲ ဆရာမဟန်ကို ဆွနေတာ ဖြစ်ရမယ်။ ဒီကောင်ကတော့ အရိုးဆွေးနေပါပြီကွာ။  မျက်နှာပြောင် တိုက်တာနဲ့ အရှက်မရှိတာတော့ ကမ်းကုန်ပဲဟေ့။ ငါသာ ဆရာမဟန်ဆိုရင် သူ့ကို ကန်ထုတ်လိုက်တော့မှာ”

“ဒီကောင် ကျောင်းပျက်တာလည်း များနေပြီ။ ဆရာမဟန်က ကြင်နာတတ်လို့ အပြစ်မပေးတော့ သူက ပိုပြီး စည်းကမ်းမရှိ ဖြစ်လာတယ်။ ဆရာမဟန် သူ့ကို ချက်ချင်း အရေးယူမယ်လို့ ငါ မျှော်လင့်တာပဲ”

“ဆရာမဟန်က အရမ်းကောင်းလွန်းတယ်။ ထန်ရှုကို အဆိုးဆုံး အခြေအနေမှာ ရှာပြီး မျက်စိစုံမှိတ် ထောက်ပံ့ထားတာ။ ဒီကောင်က ငါတို့အတန်းကို မွှေနေတာပဲ”

“ငါတို့အတန်းရော ဘယ်လို ပျက်စီးဦးမှာလဲ”

“…”

ဘေးပတ်ဝန်းကျင်မှ စကားသံတွေအား ယွမ်ချူးလင် ပိုမို ကြားရလေ သူ့ရင်ထဲတွင် ဒေါသများ ပိုမိုထွက်လာလေ ဖြစ်နေသည်။ အတန်းပိုင်ဆရာမ ဟန်ကျင်းဝူသာ စာသင်ခန်းထဲ မရှိပါက သူသည် မတ်တတ်ရပ်လိုက်ပြီး ထိုအရူးချီးပန်းစကား ပြောနေသူများအား ရိုက်ပစ်လိုက်မည် ဖြစ်သည်။

“ဘီ….”

စာတိုတစ်စောင် ရောက်လာသဖြင့် သူမ၏ဖုန်းမှ အသံမြည်လာသောကြောင့် ဟန်ကျင်းဝူ  ချက်ချင်း မျက်မှောင်ကြုတ် သွားသည်။  သူမသည် ဖုန်းအား ယူလိုက်ပြီး စာအား ဖွင့်လိုက်သည်။

“ဆရာမဟန် ... ကျွန်တော် အရေးတကြီး လုပ်စရာရှိလို့ အနည်းဆုံး ခွင့်၃ရက်လောက် ယူပါမယ်။ ပြန်လာတဲ့အခါကျမှ ပေးတဲ့အပြစ်ကို ခံယူပါမယ်”

“ထန်ရှု”

စာဖတ်ပြီးနောက် သူမ စင်မြင့်ပေါ်တွင် ရှိနေသေးသည်ကို ဟန်ကျင်းဝူ  မေ့လျော့သွားပြီး  အော်ဟစ်လိုက်မိသည်။ အော်ဟစ်လိုက်မိပြီးမှ ကျောင်းသားများသည် သူမအား စိုက်ကြည့်နေသည်ကို သိသွားပြီး စိတ်လွတ်ကိုယ်လွတ် လုပ်လိုက်မိသော သူမအဖြစ်အား သတိရသွားကာ ဟန်ကျင်းဝူ တစ်ယောက် မျက်နှာနီရဲလာကာ ရှက်သွားမိတော့သည်။

“ဘုရားသခင် ... ငါ ဘာမြင်လိုက်ရတာလဲ။ ဆရာမဟန် ရှက်သွားတာလား။ မနေ့ညက  အိပ်မပျော်လို့များ ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလား”

“ဝိုး ... သူမက အရမ်းလှတာပဲ။ ဆရာမဟန် တကယ် ရှက်သွားတဲ့ အမူအရာလေးလား။ လမင်းကြီးရယ် ... ပန်းကလေးတွေရယ် ဘယ်ယှဉ်နိုင် ပါတော့မလဲ။ ကျွန်တော့် နှလုံးသားလေး လှုပ်ခါနေပြီ ဆရာမရေ”

“ဆရာမဟန်က ကမ္ဘာမှာ အလှဆုံး နတ်သမီးလေးပဲ ဖြစ်လိမ့်မယ်။ ဘုရားရေ ... ကျွန်တော်တော့ ဒီတစ်သက် ဘယ်မိန်းကလေးမှ စိတ်ဝင်စားတော့မှာ မဟုတ်တော့ဘူး။ အာ … နေစမ်းပါဦး။ ခုနက သူမ စာတစ်စောင် လက်ခံလိုက်တယ် မဟုတ်လား။ စာပို့တဲ့သူက ထန်ရှုလား”

“ထန်ရှု နာမည်ကို ခေါ်ပြီး ဆရာမ ရှက်သွားတာ မဟုတ်လား။ ချီးပဲ။ ဆရာမက ဒီချီးထုပ်ထန်ရှုကို ကျိတ်ကြွေနေတာတော့ မဖြစ်နိုင်လောက်ပါဘူး”

“ထန်ရှုက လုံးဝကို ဆရာမကို စိတ်လှုပ်ရှားစေတဲ့ စာပို့လိုက်လို့ ဆရာမ ဒီလိုဖြစ်သွားတာ။ ခွေးမသား”

“ထန်ရှု ... မင်းကတော့ကွာ ဓားအချက်ပေါင်း တစ်ထောင်စိုက်ပြီး သေသင့်တယ်”

ယွမ်ချူးလင် မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။ အတန်းဖော်များ၏ သရော်တော်တော် စကားများအား တစ်ခါပြန်ပြီး သူကြားနေရသည်။ သို့သော် စိတ်မှုန်မှိုင်းနေမှုသည် ပြန်လည် တောက်ပလာသည်။ အစ်ကိုကြီးထန်ရှုအား ချစ်ခင်လေးစားမှုသည် မိုးပျံရဟတ် စီးနေသကဲ့သို့ အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။ ထန်ရှုသာလျှင် ဆရာမဟန်အား အချစ်နှင့်တွေ့နေသော ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်အမူအရာ  ဖြစ်သွားအောင် ပြုလုပ်နိုင်ပေသည်။ ဒီကမ္ဘာတွင် မည်သူတစ်ဦး တစ်ယောက်မျှ သူ၏အစ်ကိုကြီး ထန်ရှုနှင့် တူညီနိုင်မည် မဟုတ်ဘဲ ထိုကဲ့သို့လည်း စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

“တကယ်ပဲ။ အစ်ကိုကြီးရဲ့ ကစားကွက်တွေ လုံးဝ သင်ယူရမယ်။ ဒါမှ တချို့ကောင်မလေးတွေကို ငါလိုက်လို့ရမှာ”

ယွမ်ချူးလင်သည် သူ၏ရင်ထဲတွင် တိတ်တခိုး ဆုံးဖြတ်ချက် ချလိုက်သည်။

***

ကျောင်း၏အပြင်ဘက်တွင် ထန်ရှုသည် အဆိုပါ လူနေအဆောက်အဦမှ ထွက်ခွာမသွားသေးဘဲ ရှိသည်။

သူ၏စိတ်ဝိညာဉ် အာရုံအား အသုံးပြုကာ အဆောက်အဦ တစ်ခုလုံးအား စစ်ဆေးကြည့်ရှုရာတွင် ထိုအဆောက်အဦ၌ နေထိုင်သော အခြားမိသားစုများ မရှိကြောင်း တွေ့ရှိရပြီး အဆောက်အဦ တစ်ခုလုံးသည် ရှုပ်ပွနေသည်။ သည်အခြေအနေသည် ထိုအဆောက်အဦသည် ကာလရှည်ကြာစွာ အလွတ်ဖြစ်နေခဲ့ကြောင်း  ဖော်ပြနေပေသည်။ သူသည် ကျွမ်းကျင်စွာဖြင့် ပြတင်းပေါက် တစ်ခုအား ဖွင့်လိုက်ပြီး လျှောဝင်လိုက်သည်။

သည်နေရာတွင် ၂ရက်လောက်နေပြီး အပေါ်ထပ်မှ လူ၂ယောက်၏ လှုပ်ရှားမှုအား နီးနီးကပ်ကပ် စောင့်ကြည့်ရန် သူ ပြင်ဆင်နေသည်။ တစ်ချိန်တည်းမှာပင် သူ၏စီးပွားရေးအား ကူညီနိုင်သော လက်များအား ရှာဖွေရန် လိုအပ်နေပေသည်။

သေသေချာချာ စဉ်းစားပြီးနောက် ထန်ရှုသည် လုံကျန့်ယုအား ဖုန်းခေါ်လိုက်လေသည်။

***

ကြယ်တာရာမြို့ရှိ ၁ဝထပ်မကမြင့်သော အဆောက်အဦထဲတွင် လုံကျန့်ယုသည် သားရေဆိုဖာပေါ်တွင် ထိုင်ကာ ဆေးလိပ်သောက်လျက် ဘေကျင်းမှ သူ၏ သူငယ်ချင်းများနှင့်အတူ စကားပြောနေလေသည်။

အခြားလူ နှစ်ယောက်မှာလည်း ဆေးလိပ်သောက်လျက် ရှိသည်။

“ချူးယီ၊ ပိုင်ထောင် ... ဒီလုံကျန့်ယုက စကားကြီး စကားကျယ်တွေ မပြောတတ်တာ မင်းတို့၂ယောက်လည်း သိပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ညီငယ်လေးက သေချာပေါက်ကို လူတွေကြားထဲက နဂါးပဲ။ ငါသူ့ကို သိတာမကြာသေးပေမဲ့ မျိုးဆက်သစ် လူငယ်တွေထဲမှာ သူ့ထက်တော်တဲ့လူ မရှိဘူးဆိုတာ ငါအာမခံနိုင်တယ်”

လုံကျန့်ယုသည် အလေးအနက်ထားကာ ပြောလိုက်သည်။

ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး ချောမောသော ချူယီသည် ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်။

“အစ်ကိုကြီးလုံ ... ငါတို့တွေ ရင်းနှီးလာတာ ၁ဝနှစ်ကျော် ကြာပြီပဲ။ အခြားလူတစ်ယောက်ကို ဒီလောက်တောင် ချီးမွမ်းစကားဆိုတာ ဒီတစ်ခါပဲ မြင်ဖူးသေးတယ်။ ကြည့်ရတာ သူနဲ့တွေ့ပြီး ရင်းနှီးအောင် လုပ်ရတော့မယ်နဲ့ တူတယ်။ ဒါမှ မင်းပြောတဲ့အတိုင်း သူ တကယ်တော်လား ဆိုတာ သိရမှာ”

ပိုင်ထောင်သည်လည်း ရယ်မောလျက်

“ငါလည်း သူ့ကို တွေ့ရမယ်။ သခင်လေးလုံ ပြောသလိုသာ သူဖြစ်မယ်ဆိုရင် အဆင့်အတန်း မြင့်မြင့်နေပြီးတော့ တခြားလူငယ်တွေဆို အထင်သေးတတ်တဲ့ ငါ့ညီမနဲ့ မိတ်ဆက်ပေးရမယ်”

“မင်း…”

လုံကျန့်ယု မရယ်ပဲ မနေနိုင်အောင် ဖြစ်သွားရသည်။

သူ၏အရှေ့တွင် ထိုင်နေသော သူငယ်ချင်း၂ယောက်သည် ပေကျင်းမြို့၏ ထင်ရှားသော မိသားစုများ၏ လူငယ်မျိုးဆက်များ ဖြစ်သည်။ ပေကျင်း လူငယ်သခင်လေးများ၏ အသိုက်အဝန်းထဲတွင် သူတို့သည်လည်း ထူးချွန်ထက်မြက် လှသူများအဖြစ် ထင်ရှားသည်။ လုံမိသားစုမှ သူပင်လျှင် သည်နှစ်များတွင် ထင်ရှား တိုးတက်လာသည် မှန်သော်လည်း ထိုသူတို့နှင့် ယှဉ်ပါက မှေးမှိန်သွားနိုင်ပေသည်။

“တင် ... တင်…တင်”

ရုတ်တရက် မြည်လာသော ဖုန်းသံကြောင့် သူတို့ စကားစ ပြတ်သွားခဲ့သည်။

လုံကျန့်ယုသည် မျက်မှောင်ကြုတ်သွားကာ သူ၏ဖုန်းအား ဆွဲထုတ်လိုက်ပြီး ကြည့်လိုက်ပြီးနောက် ထူးဆန်းသော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် သူသည် ပြုံးကာ ပြောလိုက်သည်။

“အသက်ရှည်ဦးမယ်ကွ။ သူ့အကြောင်း ပြောနေတုန်း ရှိသေးတယ် ဖုန်းဝင်လာတယ်။ ခဏလေးနော်။ ငါ ဖုန်းပြောလိုက်ဦးမယ်”

သိပ်မကြာမီ…

သူသည် ဖုန်းကို ကိုင်ကာ ပြုံးပြီး ပြောလိုက်သည်။

“ညီလေး ထန်။ ဘာတွေ ဖြစ်လို့လဲ”

“အကြီးအကဲလုံ ... ကျွန်တော် အကူအညီ တစ်ခုလောက် လိုနေလို့။ အခု အားရဲ့လားခင်ဗျ”

“ညီလေး ထန် ... ငါက မင်းထက် နှစ်အနည်းငယ်လောက်ပဲ ကြီးတာပါကွ။ သူစိမ်းမဆန်ပါနဲ့။ အစ်ကိုကြီးလုံလို့ ခေါ်လို့ရပါတယ်။ ညီလေး လိုနေတဲ့ အကူအညီက ဘာများလဲ။ ပြောပါ။ တတ်နိုင်တဲ့ဟာဆို သေချာပေါက် လုပ်ပေးပါမယ်”

“အစ်ကိုကြီးလုံ ... ကျွန်တော့် စီးပွားရေးကို စီမံပေးဖို့ ကျွမ်းကျင်အဆင့် မန်နေဂျာ တစ်ယောက် ရှာချင်လို့ပါ။

ငွေလည်း နည်းနည်းလိုနေလို့။ ကျွန်တော် စီးပွားရေး အသေးလေး တစ်ခုလောက် လုပ်ဖို့ရှိလို့ပါ။ ဒါပေမဲ့ ကျွန်တော့်မှာ စီမံခန့်ခွဲဖို့ အချိန်အများကြီး မရှိလို့ ယုံကြည်ရမယ့် ကျွမ်းကျင်အဆင့် မန်နေဂျာ တစ်ယောက်ကို လွှဲထားချင်လို့ပါ”

“ညီလေးက စီးပွားရေး လုပ်ချင်တာလား”

လုံကျန့်ယုသည် ရုတ်တရက် ဆိုဖာမှ မတ်တတ် ရပ်လိုက်မိသည်။ သူ၏မျက်လုံးများ လှုပ်ရှားသွားကာ အရောင်လက်လာသည်။

“ဟုတ်ကဲ့”

ထို့နောက် လုံကျန့်ယုသည် သက်သေယူလိုက်သည်။

“ညီလေးထန် ... စိတ်မရှိဘူးဆိုရင် ဘာစီးပွားရေး လုပ်မယ်ဆိုတာ ငါ့ကို ပြောလို့ရမလား။ ပြောလို့ အဆင်ပြေတယ်ဆိုမှပါ”

“အလှကုန် စီးပွားရေး”

ထန်ရှု ပြန်ဖြေလိုက်သည်။

လုံကျန့်ယုသည် တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။

“သိပြီ ညီလေးထန်။ ၃ရက်အတွင်း ကျွမ်းကျင်အဆင့် မန်နေဂျာ တစ်ယောက်ကို ရှာပေးလိုက်မယ်”

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီးလုံ”

လုံကျန့်ယုသည် ဖုန်းကို ချကာ ဆိုဖာပေါ်တွင် ဖြည်းညင်းစွာ ပြန်ထိုင်လိုက်သည်။ ထန်ရှု၏စကားများအား တိတ်ဆိတ်စွာ သူ စဉ်းစားနေသည်။ ထိုအချင်းအရာသည် ထန်ရှု ငွေလိုသည်ဟု ပြောခြင်းကြောင့် မဟုတ်မှန်း သူရှင်းလင်းစွာ သိသည်။ ထန်ရှု အမှန်တကယ် ငွေလိုသည်ဆိုပါက သူ ကမ်းလှမ်းခဲ့သော ယွမ်၅သန်းအား ငြင်းထားသောကြောင့် သူ သန်းအနည်းငယ် ပေးနိုင်ပေသည်။

ယခု…

သူ ငွေလိုသည်ဟု သူပြောသည်။ ထိုအခြင်းအရာသည် သူ ငွေပမာဏအများကြီး လိုအပ်သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူသည် စီးပွားရေးလောကထဲ ခုန်ဝင်ချင်နေခဲ့သည်။ သည်အခြင်းအရာသည် အလွန်ကြီးသော စီးပွားရေး လုပ်ငန်းဖြစ်မည်ဟု ဆိုလိုခြင်းဖြစ်ပြီး ငွေရှာရန်အတွက်လည်း သူ့တွင် ယုံကြည်ချက် ရှိနေသည်။

အဲဒီကနေ ငါခပ်ပါးပါးလေး လိုချင်လား။

လုံကျန့်ယုသည် သူ၏မေးစေ့အား ညင်သာစွာ ပွတ်ကာ တိတ်ဆိတ်စွာ စဉ်းစားနေခဲ့သည်။

ခဏအကြာတွင်တော့ သူသည် ဆုံးဖြတ်ချက် တစ်ခုအား ချလိုက်တော့သည်။

***

All Chapters