သားရဲတွင်းဟောင်း
Vol. 02 Ch. 59
ထန်ရှုသည် တရားခံ၂ယောက်၏ အနောက်မှ တိတ်ဆိတ်စွာ နောက်ယောင်ခံ လိုက်လာခဲ့သည်။ ထိုလူ၂ယောက်သည် လွန်စွာမှ သတိထား လှုပ်ရှားပေသည်ဟု သူပြောနိုင်သည်။ သူ၏စိတ်ဝိညာဉ်အာရုံ ထောက်ပံ့ပေးမှုမရှိပါက ထိုတရားခံ၂ယောက်အား နောက်ယောင်ခံလိုက်ရန် အလွန်ခက်ခဲပေမည်သာ ဖြစ်သည်။
“ဟာ ... သူတို့က ကားနဲ့သွားကြမှာလား”
ထန်ရှု ကျိတ်ကာ စိတ်ပူသွားရသည်။ ထိုလူ၂ယောက် ဘောက်စ်ဝက်ဂွန် ကားလေးပေါ် တက်သွားသည်ကို ကြည့်ပြီး ထိုသူများသည် မြန်ဆန်သောအရှိန်ဖြင့် ထွက်သွားသောကြောင့် ကားနံပါတ်အား အမြန်မှတ်လိုက်ရသည်။ ထို့နောက် သူသည် အဆောက်အဦ၏ အရှေ့တံခါးပေါက်မှ အပြေးထွက်လာပြီး အပြင်ဘက်တွင် ရပ်ထားသော တက္ကစီပေါ် ခုန်တက်လိုက်သည်။
“ညီလေး ဘယ်ကို သွားချင်လို့လဲ”
ကားမောင်းသမား လူဝကြီးသည် ခေါင်းလှည့်ကာ ပြုံးရွှင်စွာ မေးလိုက်သည်။
တရားခံ၂ယောက်၏ကား မည်သည့်နေရာသို့ မောင်းနှင်သွားသည်ကို စိတ်ဝိညာဉ်စွမ်းအားဖြင့် အသုံးပြုကာ ရှာနေရသောကြောင့် မျက်မှောင်တွန့်လျက် ရှိသည်။ ထို့နောက် သူ၏ ပိုက်ဆံအိတ်ထဲမှ ယွမ်ရာတန်အချို့ကို ထုတ်ကာ ပေးလိုက်ရင်း ကားမောင်းသမားအား ပြောလိုက်သည်။
“ဦးလေး ... ထွက်ပေါက်ကနေ ထွက်သွားတဲ့ ဟိုးရှေ့က ဘောက်စ်ဝက်ဂွန် ကားလေးကို တွေ့လား။ အဲဒီကားနောက်ကို တိတ်တဆိတ် လိုက်ပေး။ မျက်ခြည် မပြတ်သွားစေနဲ့။ ကျွန်တော်တို့ကားလေး လိုက်လာတာ သူတို့ မရိပ်မိပါစေနဲ့”
ကားမောင်းသမား လူဝကြီး တွေဝေသွားသည်။
“ညီလေး ... မင်း ... ”
ထန်ရှု ပိုက်ဆံထပ်ထုတ်ပြီး ပေးလိုက်သည်။ ငွေနှင့် ချမ်းသာကြွယ်ဝမှုသည် နတ်ဆိုးများကိုပင် သေဖို့အတွက် ခိုင်းစေနိုင်ကြောင်း သူ လုံးဝသိရှိပြီး ဖြစ်သည်။ သူနေထိုင်သော အခုကမ္ဘာကြီးတွင်ဖြစ်စေ အင်မော်တယ် ကမ္ဘာတွင်ဖြစ်စေ သည်ဥပဒေသသည် အမှန်ကန်ဆုံး အမှန်တရားဖြစ်ပြီး အမှန်တကယ်လည်း အသုံးဝင်သည်။
သည်ဟာ အလုပ်ဖြစ်သွားခဲ့သည်။
ကားမောင်းသမား လူဝကြီးသည် သွားများဖြီးကာ ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
“ညီငယ်လေး ... စိတ်ချလိုက်တော့။ ဒီအစ်ကိုကြီးက မကြာခဏ နောက်ယောင်ခံ လိုက်ပေးဖို့ အကူအညီ တောင်းခံရတဲ့သူပါကွ။ ဒီရက်ပိုင်းတွေဆို ယောက်ျားလေးတွေတင် မကဘူး အမျိုးသမီးတွေမှာလည်း တရားမဝင်ချစ်သူတွေ ရှိလာကြတယ်။ အာ … အဲဒီလို ယောက်ျား မိန်းမမျိုးတွေက ရည်ရွယ်ချက်မဲ့ မျက်စိစုံမှိတ် အရူးတစ်ယောက်လို ကစားကြရင်း ဘဝကို ကျေနပ်နေကြတဲ့ ဟာတွေပါကွာ”
ထန်ရှု နှုတ်ခမ်းများ အပေါ်သို့ တွန့်ကာ ကားသွားရသည်။ ထိုကဲ့သို့ နားလည်မှု လွဲနေခြင်းသည် သူ့အတွက် အပျင်းပြေကာ ပြုံးမိစေသည်။ ကားမောင်းသူ၏ စကားအတိုင်း လိုက်ကာ သူသည် စိတ်ဆိုးချင်ဟန်ဆောင် လိုက်သည်။
“ကားထဲက ရွံစရာကောင်းတဲ့ မိန်းမမှာ တကယ် အဲဒီလိုကိစ္စရှိနေရင် သူမရဲ့ခြေတွေလက်တွေ ရိုက်ချိုးပစ်ရမယ်”
ထိုစကားကြားရသော ကားမောင်းလူဝကြီး၏ ရင်ထဲရှိ စိုးရိမ်ပူပန်မှုများသည် ရုတ်တရက် ကွယ်ပျောက်သွားတော့သည်။
၁ဝမိနစ်ကြာသော်
ထန်ရှု၏မျက်ခုံးများ မြင့်တက်သွားရသည်။ ကား၂စီးကြား အကွာအဝေးသည် မီတာ၃ဝ သို့မဟုတ် ၄ဝသာ ကွာဝေးတော့သည်။ ကားမောင်းသူလူဝကြီး မည်မျှပင် သတိရှိစေကာမူ အရှေ့မှ ဘောက်စ်ဝက်ဂွန် ကားမောင်းသူသည် ယခင်ကပင် သတိရှိသူ တစ်ယောက်ဖြစ်သည်။
“ဦးလေး … ဖြည်းဖြည်းမောင်းပြီး အဲဒီကားနဲ့ နည်းနည်း ထပ်ခွာလိုက်ပါဦး”
လူဝကြီး ချီတုံချတုံ ဖြစ်သွားသည်။
“ညီလေး ... မင်း တကယ်ပဲ အတွေးရှင်းရဲ့လား။ ငါတို့ ဝေးဝေးခွာလိုက်ရင် သူတို့ကို မျက်ခြည် ပြတ်သွားနိုင်တယ်လေ”
“ဦးလေး ... စိတ်ချပါ။ ကျွန်တော်တို့ သူတို့ကို မျက်ခြည် မပြတ်ပါဘူး”
ကားမောင်းသူလူဝကြီး ရယ်လိုက်ပြီးနောက် ပြုံးပြီး ပြောလိုက်သည်။
“ညီလေး ... မင်းမှာ ကားမောင်းတဲ့ လိုင်စင်မရှိဘူး မဟုတ်လား။ ငါက ကားမောင်းတဲ့သူလေ။ မင်းက ငါ့ထက် ဘယ်လို ပိုပြီး ယုံကြည်ချက် ရှိနေတာလဲ”
ထန်ရှုသည် ဘာမျှမပြောဘဲ ပြုံးလိုက်သည်။ သူ့တွင် ရှိသော စိတ်ဝိညာဉ်သည် သည်လောကအတွက်မူ လိမ်ညာသော စွမ်းရည်တစ်ခုနှင့် အလားတူပေလိမ့်မည်။ ၂၁ရာစု၏ ခေတ်သစ်တွင် သည်လိုစွမ်းရည်နှင့် သူ ယုံကြည်ချက် ရှိခြင်းသည် သဘာဝသာဖြစ်သည်။
မိနစ်အနည်းငယ် ကြာသော်
ကားမောင်းသူ လူဝကြီး မျက်နှာထက်မှ အပြုံးသည် လျင်မြန်စွာ ကွယ်ပျောက်သွားသည်။ လမ်းဆုံရှိ မီးပွိုင့်နီနေသည်ကို ကြည့်ပြီး မချိပြုံး ပြုံးလိုက်သည်။
“ညီလေး ... ငါတို့တော့ မျက်ခြည် ပြတ်လိမ့်မယ်နဲ့တူတယ်”
ထန်ရှု ခပ်ဖွဖွပြုံးကာ တုံ့ပြန်လိုက်သည်။
“မီးပွိုင့် စောင့်လိုက်ပါ ပြီးမှ အရှိန်တင်ပြီး လိုက်ကြတာပေါ့”
ကားမောင်းသူ လူဝကြီး ဘာမျှ ထပ်မပြောတော့ချေ။
စက္ကန့်အနည်းငယ် ကြာပြီးနောက် မီးနီ စိမ်းသွားသည်။ ကားသည် လမ်းဆုံအား ဖြတ်ပြီးနောက် ရှေ့သို့ အရှိန်တင်ကာ ချက်ချင်း လိုက်သော်လည်း နောက်ထပ် လမ်းဆုံတွင် မီးပွိုင့် ထပ်မိပြန်သည်။
“ငါ အဲဒီကားကို မမြင်ရတော့ဘူး”
ကားမောင်းသူ လူဝကြီးသည် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
ထန်ရှုသည် မျက်မှောင်ကြုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“သူတို့ ဘယ်မှ မကွေ့သေးဘူး။ ရှေ့တည့်တည့်ပဲ သွားနေတုန်းပဲ။ ခုနကအတိုင်းပဲ လုပ်ပါ။ လမ်းဆုံဖြတ်ပြီးသွားရင် အရှိန်တင်ပြီးလိုက်ပါ”
“ဒါ…”
ကားမောင်းသူ လူဝကြီးသည် ထန်ရှုအား အံ့သြသော အကြည့်တို့နှင့် ကြည့်လိုက်သည်။ ထန်ရှု ဘယ်လို သိပါသနည်းဟု သူ မေးကြည့်ချင်နေသည်။
နောက်ထပ်လမ်းဆုံ…
ထန်ရှုသည် လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ဦးလေး ... ဘယ်ဘက်ကွေ့ဖို့ အသင့်ပြင်ထားပါ”
ဘယ်ဘက် ကွေ့ရမှာတဲ့လား…။
ကားမောင်းသူလူဝကြီး မျက်လုံးဝိုင်းသွားပြီး စိတ်ထဲမှ တိတ်တိတ် ကျိန်ဆဲလိုက်သည်။
“မင်းကိုယ်မင်း ဘာထင်နေလို့လဲ ငါ့ကောင်ရေ။ ထောက်လှမ်းရေး ရေဒါလား။ ငါတောင်မှ ဒီကားကို မမြင်ရတာ မင်းက ဘယ်လိုသိမှာတုန်း”
လမ်းတစ်လျှောက် ဆက်လက် မောင်းနှင်လာရင်း ထန်ရှု နှုတ်ခမ်းထက်တွင် ပျော်ရွှင်နေသော အပြုံးတစ်ခု တွဲလွဲခိုလာသည်။ သူတို့ကားလေး အရှိန်တင်လိုက်သည်နှင့် သူ၏ စိတ်ဝိညာဉ်အာရုံသည် ဘောက်စ်ဝက်ဂွန် ကားလေးအား ပြန်လည် တွေ့ရှိသွားသောကြောင့် ဖြစ်သည်။ ထိုကားအား မောင်းနေသော တရားခံသည် သတိလက်လွတ် မောင်းနေဟန်ရပြီး နောက်ကြည့်မှန်ကိုပင် ခဏခဏ ကြည့်ဟန်မတူပေ။
“ဦးလေး … ရှေ့ကျ ညာဘက်ကွေ့”
“လမ်းဆုံကျ ဘယ်ကွေ့”
“အရှိန်တင်ပြီး ရှေ့၂ကားကို ကျော်လိုက်”
“……”
ဘယ်ကွေ့ ညာကွေ့ဖြင့် တစ်နာရီနီးပါး မောင်းပြီးနောက် ကားမောင်းသူ လူဝကြီးသည် နောက်ဆုံးတွင် သည်းမခံနိုင်အောင် ဖြစ်လာသည်။ စိတ်ဆိုးနေသော အမူအရာဖြင့် ညည်းတွားပြောလိုက်သည်။
“ဟေ့ ညီငယ်လေး။ မင်း ငါ့ကို ကစားနေတာလား။ နာရီဝက်ကျော်ကြာအောင် မင်း မျက်စိမှိတ် ပြောတဲ့အတိုင်း မောင်းနေရတာ ခုထိ အဲဒီကားကို ငါ မတွေ့သေးဘူး။ ငါတို့ သူတို့ကို မှီမယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာတဲ့လဲ”
ထန်ရှု မပြုံးမိအောင် မနည်းထိန်းချုပ် ထားလိုက်ရသည်။ သူသည် ခပ်ဖွဖွ ရယ်လိုက်ရင်း
“ဦးလေး ... စိတ်မပူပါနဲ့။ ကျွန်တော့် လမ်းကြောင်းတွေက လုံးဝမှန်ပါတယ်ဗျ။ ဦးလေး ဆန္ဒရှိရင် အရှိန်တင်လိုက်။ ရှေ့လမ်းဆုံမှာ အဲဒီကားကို တွေ့လိမ့်မယ်”
ကားမောင်းသူ လူဝကြီးသည် သူ့ရှေ့ရှိ ကားဒက်ရှ်ဘုတ်ပေါ်တွင် တင်ထားသော ယွမ်၇ဝဝ သို့မဟုတ် ၈ဝဝ အား အသက်ကင်းမဲ့သည့် မျက်ဝန်းများနှင့် ကြည့်ပြီးနောက် ပြောလိုက်သည်။
“ညီလေး ... မင်းငါ့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်။ မင်းစကားတွေကို သက်သေမပြနိုင်ရင် ငါတို့ ဒီကားကို မမြင်ရရင် မင်း ငါ့ကို ယွမ်၂ဝဝ အပိုထပ်ဆောင်း ပေးရမယ်”
“သဘောတူတယ်”
ထန်ရှု ပြုံးလိုက်သည်။
မိနစ်အနည်းငယ်ကြာသော် ကားမောင်းသူ လူဝကြီးသည် သူ့ကား၏ အရှေ့၁ဝမီတာအကွာတွင် ဘောက်စ်ဝက်ဂွန် ကားလေးအား တွေ့လိုက်ရသဖြင့် အံ့သြသည့် အရိပ်အယောင်များ သူ၏မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားသည်။
“ဖတ်…ဖတ်…”
ကားမောင်းနေရင်း ရုတ်တရက် သူ၏မျက်နှာအား အချက်အနည်းငယ် ရိုက်လိုက်သည်။ ရိုက်ချက်သည် ပြင်းသဖြင့် အသံအား ရှင်းရှင်းလင်းလင်း ကြားနေရသည့်အပြင် သူ၏ မျက်နှာသည်လည်း ချက်ချင်း ရဲတက်သွားတော့သည်။
“ချီးပဲ ... ငါအိပ်မက် မက်နေတာများလား။ ဒါပေမဲ့ ငါ နာကျင်နေမှန်းတော့ သိနေတာပဲ။ ဒါ အိပ်မက်မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်လိုများ ဘောက်စ်ဝက်ဂွန်ကား သွားမယ့်လမ်းကို တိတိကျကျ သိနိုင်ရတာတုန်း။ သူ့မျက်လုံးတွေက ရှေ့ပဲ ကြည့်နေခဲ့တာပါ။ ဖုန်းတို့ တခြားလမ်းကြောင်းပြ ကိရိယာတွေ ထုတ်မကြည့်တာလည်း သေချာသလောက်ပဲ။ ဒါ... ငါ ... ငါ ကားမောင်းပို့ပေးနေတဲ့ ညီလေးက ဘယ်သူများလဲ။
နတ်ဘုရားတစ်ပါး ကမ္ဘာမြေကြီးကို ဆင်းသက်လာတာများ ဖြစ်နိုင်လား”
ကားမောင်းသူ လူဝကြီး၏ ထန်ရှုအား ကြည့်သော အကြည့်များသည် ယခင်နှင့် ယခု လုံးဝမတူတော့ဘဲ ကွဲပြားခြားနားသွားသည်။ တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူ၏ သိလိုစိတ်အား ထိန်းမရတော့ဘဲ
“ညီလေး…ငါ အရှိန်လျှော့လိုက်ရင် အဲဒီကားရဲ့လမ်းကြောင်းကို သေချာ သိနိုင်သေးလား”
“ပြဿနာမရှိဘူး။ ကားကတော့ အဝေးကြီး ကွာလို့မရဘူး”
ကားမောင်းသူလူဝကြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ သူ၏ခေါင်းအား လှည့်ကာ လက်မထောင်ပြလိုက်ပြီး လေးစားသောအသံဖြင့် ပြောလိုက်သည်။
“အံ့သြစရာပဲ။ ဒီလူဝကြီးက တခြားသူတွေကို အထင်ကြီးဖို့ဆိုတာ ရှားတယ်။ ဒါပေမဲ့ ငါ မင်းကို တကယ် လေးစားသွားပြီ။ မင်းက နတ်ဘုရားလိုပဲ။ လူတိုင်းသာ မင်းလိုဆိုရင် လမ်းကြောင်းပြ ကိရိယာရောင်းတဲ့ လုပ်ငန်းတွေ အလုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ အကုန် ဒေဝါလီ ခံသွားရလိမ့်မယ်”
၂နာရီထက်မက နောက်ယောင်ခံလိုက် ပြီးသော် ထိုဘောက်စ်ဝက်ဂွန် ကားလေးသည် ပြန်ကွေ့ကာ ဆင်ခြေဖုံး နေရာများစွာကို ဖြတ်သန်းသွားပြီး အချို့နေရာများအား ၂ကြိမ်တိုင် ဖြတ်သန်းသွားသည်ကို သိလိုက်ရသည်။ နောက်ဆုံးတွင်တော့ တက္ကစီကားလေးသည် ကားဝပ်ရှော့ဟောင်း အနီးတွင် ရပ်တန့်လိုက်လေသည်။
“ညီလေး … မင်းရဲ့ကောင်မလေးကို ရှာမတွေ့ဘူးဆိုတာ သေချာရဲ့လား။ သူမရဲ့သတိထားမှုနဲ့ ပြန်လည် တုံ့ပြန်မှုကတော့ လိုက်တောင် မမီတော့ဘူးဟေ့။ ငါ တက္ကစီကားမောင်းနေပြီး ကြယ်တာရာမြို့ထဲက လမ်းတွေနဲ့ ရင်းနှီးနေတဲ့သူတောင် မင်းသာ လမ်းမညွှန်ပေးရင် ၁ဝလမ်းလောက် ကတည်းက ကျန်နေခဲ့ပြီ”
ကားမောင်းသူ လူဝကြီးသည် မချိပြုံးကာ ပြောလိုက်သည်။
ထန်ရှုသည် ခပ်ဖွဖွပြုံးကာ ထို ကားမောင်းသူ လူဝကြီးအား ကျေးဇူးတင်စကား ဆိုလျက် ထိုသူ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် ထန်ရှုသည် ကားဝပ်ရှော့ အဟောင်းဘေးမှ ပတ်ကာ အနောက်ဘက်သို့ တိတ်ဆိတ်စွာ ချဉ်းကပ်လာခဲ့သည်။
ထိုကားဝပ်ရှော့ အဟောင်းသည် အတော်လေး ယိုယွင်းပျက်စီးနေပြီး မကောင်းသော အနံ့အသက်များသည် နေရာတိုင်းတွင် နံဟောင်နေသည်။ အရပ်ရှည်ရှည် ဗလတောင့်တောင့်နှင့် လူသည် တစ်ကိုယ်လုံး ချွေးများစိုရွှဲလျက်ရှိပြီး လက်ထရပ်ကား တစ်စီးအား ပြင်ဆင်ခြင်းဖြင့် အလုပ်ရှုပ်နေသည်။
အဆောက်အဦ၏ ဘေးဘက်အများစုအား အမိုးဖြင့် ကာရံထားသည်။ အတွင်းနေရာသည် မီတာရာအနည်းငယ် ကျယ်ပြီး ကားပစ္စည်း အကျိုးအပဲ့များသည် နေရာတွင်းတွင် ရှိနေသည်။ အတွင်းဘက် အကျဆုံးနေရာတွင် ပြန်ပေးဆွဲခံရသူ ကျောင်ကျင်းအား ပါးစပ်တွင် ပိတ်ဆို့ထားလျက် ရှိသည်။
သူမ၏ အဝတ်အစားများသည် သပ်ရပ်နေသော်လည်း ခြေရာကြီးများအား မြင်နိုင်သည်။ သူမ၏မျက်နှာသည် ယောင်ကိုင်းနေပြီး အတွင်းကြေ ဒဏ်ရာများဖြင့် ရှိနေသောကြောင့် သူမ အရိုက်ခံထားရမှန်း သိသာနိုင်သည်။
လူ၂ယောက်သည် အရက်သောက် ဆေးလိပ်သောက်လျက် သူမအား စောင့်ကြည့်နေပေသည်။ အရက်ပုလင်းခွံ အလွတ်များ။ စီးကရက်ဘူးခွံ အလွတ်များသည် သူတို့အရှေ့မှ စားပွဲပေါ်တွင် ပြန့်ကျဲလျက်ရှိနေသည်။ ထိုစားပွဲပေါ်တွင် သေနတ်၂လက်နှင့် စစ်သုံးဓားမြှောင် ၃ချောင်းလည်း ရှိနေပေသည်။
“တစ်ဖက်လပ် ... ဟို၂ယောက် အဲဒီမှာ စောင့်ကြည့်ပြီး ပျော်နေကြတာလား။ ငါတို့ ဒီခွေးမရဲ့ ခြေတွေလက်တွေ ဖြတ်တောက်ပြီး သူမရဲ့အတွင်းအင်္ဂါတွေ ဆွဲထုတ်နေတဲ့ပုံတွေကို ဗွီဒီယိုရိုက်မည့် အစီအစဉ် စကြတော့မလား။ ဒီတိပ်ခွေကို ယွမ်ကျန်းရွှမ်နဲ့ ယွမ်ချူးလင်တို့ဆီ ပို့လိုက်ရင် အဲဒီသားအဖ၂ယောက် တုန်လှုပ် ချောက်ချားသွားကြမှာ ငါ သေချာသိနေတယ်”
နေကာမျက်မှန်ကို တပ်လိုက်ရင်း တစ်ဖက်လပ်သည် သူ၏အကြည့်များအား စစ်သုံးဓားမြှောင်ပေါ်တွင် ဝေ့ကာကြည့်လျက် ရက်စက်စွာ ပြုံးလိုက်သည်။ ထို့နောက် အေးစက်သော လေသံဖြင့်
“ဒီတစ်ခေါက် အစ်ကိုသုံးအတွက် လက်တုံ့ပြန်မယ့် တာဝန်က ညီမအငယ်ဆုံးပဲ။ သူ့ရဲ့မိန်းမဆန်တဲ့ သွင်ပြင်ကို သွားမကျီစားနဲ့နော်။ သူ့ရဲ့ဓားစွမ်းရည်နဲ့ ကျွမ်းကျင်မှုက ငါတို့အားလုံးထဲမှာ အကောင်းဆုံးပဲ။ သူ့ရဲ့၃၆ဝ ဓားချက် ဖြတ်တောက်မှုကကို အသက်ရှင်လျက်နဲ့ ခံစားရတာ ငါတောင် ကြက်သီးထတယ်။ ဒီခွေးမစုတ်က ညီမအငယ်ဆုံးရဲ့၃၆ဝ ဓားချက် ဖြတ်တောက်မှုကို အသက်ရှင်ရက်နဲ့ ခံစားရမှာ”
“ဘန်း…”
အဆောက်အဦ တံခါးသည် ကန်ဖွင့်ခြင်း ခံလိုက်ရပြီး ဘောင်မပါသော မျက်မှန်နှင့်လူသည် ကွန်ပျူတာအိတ်ကို သယ်ဆောင်ကာအထဲသို့ လျှောက်လာသည်။ မိန်းမချော ချောသောသူသည် သူ၏အနောက်မှ ခရီးဆောင်အိတ်ကြီးအား သယ်လျက် ကပ်ပါလာသည်။
“ညီမလေး ... နင်ပြန်လာပြီ။ နင်စောင့်ကြည့်နေတဲ့ ကစားနည်းရော”
မိန်းမချော ချောသောသူသည် ခရီးဆောင်အိတ်ကြီးအား ပစ်ချကာ ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။
“ဒါပေါ့ အဲ့ဒါ ဘယ်လောက် ပျော်ဖို့ကောင်းခဲ့လဲ။ ငတုံးရဲတွေက ကြယ်တာရာပထမ အထက်တန်းကျောင်းကို ၄ကြိမ် ၅ကြိမ်ထက်မနည်း လာပြီး စုံစမ်းကြပေမဲ့ သူတို့ ဘာမှ ရှာမရခဲ့ဘူးလေ။ ကျောင်းကနေ ပြန်သွားရတဲ့ အခေါက်တိုင်း ဒီရဲစုတ်တွေရဲ့မျက်နှာ ဘယ်လို ဖြစ်နေလဲဆိုတာ နင်တို့ကို မြင်စေ့ချင်တယ်။ သူတို့မိဘတွေ သေလို့ ခံစားနေရတဲ့ မျက်နှာတွေအတိုင်းပဲ”
ဘောင်မပါသော မျက်မှန်နှင့်လူသည် စားပွဲပေါ်မှ အရက်ပုလင်းများအား ဘေးသို့ ဖယ်လိုက်ပြီး သူ၏ ကွန်ပျူတာအိတ်အား တင်ကာ ပြောလိုက်သည်။
“အခု ခွေးသားလေး ယွမ်ချူးလင်က ရဲတွေနဲ့ သူ့အဖေရဲ့ သက်တော်စောင့်တွေ လာခေါ်သွားပြီ။ ညီမအငယ်ဆုံး မှန်ပြောင်းနဲ့ သေချာကြည့်ပြီး မြင်တာတော့ သူ့အဖေဆီကို သွားတာ ကျိန်းသေတယ်”
မျက်စိ တစ်ဖက်လပ်နှင့်လူသည် လှောင်ရယ် ရယ်လိုက်ကာ …
“သူတို့က မိသားစုတွေပါပေါ့ ဟုတ်လား။ ဘာပဲဖြစ်ဖြစ် ပြည်သူ့လုံခြုံရေး ဗျူရိုမှာရှိတဲ့ ငါတို့ သူလျှိုပြောတာကတော့ ယွမ်ကျန်းရွှမ်က အရမ်းတက်ကြွ လှုပ်ရှားနေတဲ့သူတဲ့။ ဒီအဖြစ်အပျက်ကတော့ သူ့ကို ရူးအောင် လုပ်တော့မှာပဲ”
ကံမကောင်းစွာဖြင့် ယွမ်ကျန်းရွှမ်တွင် အမှန်တကယ်ကို သန်မာကောင်းမွန်သော စိတ်နှလုံး ရှိသောကြောင့် သည်စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုသည် သူ့အား နှလုံးထိခိုက်ခြင်း သော်လည်းကောင်း သွေးအန်ခြင်း သော်လည်းကောင်းနှင့် သေလုနီးပါး အခြေအနေထိသို့ မဖြစ်ပွားချေ။
“တစ်ဖက်လပ် ... ငါတို့ ဒီခွေးမကို ဘယ်အချိန် အမဲဖျက်ကြမှာလဲ။ သူပြီးရင် ယွမ်သားအဖ။ ထန်ရှုရဲ့ရင်ကိုလည်း ငါ ခွဲချင်သေးတယ်”
မိန်းမချော ချောသူက ပြောလိုက်သည်။
တစ်ဖက်လပ် မျက်မှောင် ကြုတ်သွားပြီး တုံ့ပြန်လိုက်သည်။
“နင် ကြွက်စုတ်ထန်ရှု အကြောင်း ပြောနေတာလား။ ဒီကောင်က ငကြောက်ပါကွာ။ နင် ဘာလို့ သတ်ချင်နေရတာလဲ။ ငါတို့ ရထားတဲ့သတင်းတွေ အရဆိုရင် ဒီကောင်က အစ်ကိုသုံးကို သတ်တဲ့လူမဟုတ်မှန်း နင်လည်း သိနေတာပဲ”
“တစ်ဖက်လပ် … သူ့ကို အသက်ရှင်လျက် ချန်ထားခဲ့ရင် ငါ တကယ် နေလို့မကောင်းဘူး”
တစ်ဖက်လပ် လက်ကို ယမ်းကာ ပြောလိုက်သည်။
“ကောင်းပြီ။ နင် သူ့ကို နောက်တော့ သတ်နိုင်တယ်။ ဒီခွေးမကို အမဲဖျက်ဖို့က နင့်တာဝန်။ အစ်ကိုခြောက်က ဗွီဒီယို ရိုက်လိမ့်မယ်။ သူမရဲ့နာကျင်နေတဲ့ အမူအရာကို အနီးကပ်ရိုက်ဖို့ မမေ့နဲ့။ ယွမ်ချူးလင် သူ့အသည်းနှလုံးကို ဓားထက်ထက်နဲ့ မွှန်းနေတာ ခံနေရသလိုမျိုး သူ ခံစားနေရအောင် လုပ်ပြချင်တယ်။ အသက်ရှင်ရတာထက် သေတာ ပိုကောင်းတယ်ဆိုတဲ့ နောင်တနဲ့စိတ်တွေ သူ့ကို ဖြစ်လာအောင် လုပ်ရမယ်”
မိန်းမချော ချောသောသူသည် သူ၏တင်ပါးအား ကုလားထိုင်ပေါ်တွင် အသံမြည်အောင် ထိုင်ချကာ ဘောင်မပါသော မျက်မှန်နှင့်လူအား လက်ဟန်ပြကာ ပြောလိုက်သည်။
“အစ်ကိုခြောက် … ဒီကောင်မက ဉာဏ်ကြီးရှင် ခွေးမတစ်ယောက်ပဲ။ သူမက ကြည့်ကောင်းပြီး လှပတဲ့ကိုယ်လုံးလည်း ရှိတယ်။ နင် သူ့ကို မဘုချင်ဘူးလား”
ဘောင်မပါသော မျက်မှန်နှင့်လူသည် တဟားဟားရယ်ကာ ပြောလိုက်သည်။
“ဟား ဟား ဟား…။ အစ်ကိုငါးပဲ ကျွန်တော့်ကို အမှန်တကယ် နားလည်ပါပေတယ်”
မိန်းမချော ချောသောသူသည် ဆဲဆိုလိုက်သည်။
“ခွေးမသား ... ငါ့ကို ဘာကြောင့် အစ်ကိုငါးလို့ ခေါ်တာလဲ နင် သိမယ်”
***