← Chapters

နောက်ယောင်ခံလိုက်ကြခြင်း

Vol. 02 Ch. 68

နောက်ယောင်ခံလိုက်ကြခြင်း

Vol. 02 Ch. 68

မီးကင် မီးဖုတ်သော အနံ့များသည် သူ့အား ဆာလောင်စေသည်။ အင်မော်တယ် ကမ္ဘာတွင် ရှိစဉ်က သူသည် အမြဲတမ်း စားရန် မလိုအပ်ခဲ့ပဲ သူစားချင်သော အချိန်တွင် ရှားပါးသော အသီးများကို စားတတ်သည်ကို ပြန်သတိရသွားခဲ့သည်။

စိတ်ခံစားမှု၇ပါးနှင့် အာရုံ၆ပါးတို့ ကောင်းမွန်သည့်နည်းတူ အရသာရှိသော အရသာရှိသည့် အရသာကောင်းသည့် အစားအစာများနှင့် သောက်သုံးစရာများ.

လောက၏စားသောက်စရာ အမျိုးမျိုး၏ အရသာနှင့် မွှေးရနံ့သည် သူ့အား ဆွဲဆောင်နိုင်ပေသည်။

သည်လောကတွင် သူ့အမေရှိခြင်းသည် သူ့အတွက် မြတ်နိုးရသောအရာသာ ဖြစ်သည်။ ၁ဝမီလီယံဖြင့် အခွင့်အရေးတစ်ခု ဖန်တီးရန် ရှိသည့်အတွက် အိမ်မပြန်နိုင်ခြင်းအား သူ နောင်တရနေသည်။

ခဏအကြာတွင်

ထန်ရှုသည် အိမ်ရာမှ ထွက်ခွာလာခဲ့ပြီး လမ်းတစ်လျှောက်တွင် သူသည် သစ်ပင်များ အရိပ်အောက်မှ ပန်းပင်လေးများ၊ တေးဆိုနေသော ငှက်ကလေးများ၏အသံများ၊ ပန်းရနံ့များအား နှစ်ခြိုက်စွာ ခံစားလျက်ရှိသည်။ တောင်တံခါးမြို့ အိမ်ရာသည် အမှန်တကယ်ပင် ကြယ်တာရာမြို့၏ အကောင်းဆုံးအိမ်ရာဟု ခေါ်ဆိုထိုက်ပါပေသည်။ လုံခြုံရေးအစောင့်များနှင့် ဆုံသည့်အခါတိုင်း သူတို့သည် ရပ်ကာ အလေးပြုခြင်းဖြင့် လမ်းတစ်လျှောက် သူ့အား လေးစားမှုကို ပြကြသည်။

“ငွေနဲ့ချမ်းသာကြွယ်ဝမှုက တကယ့်ကို ကမ္ဘာကြီးကို လုံးဝန်းစေတယ်”

ထန်ရုသည် ထိုစကားပုံအား ကျိတ်ကာ ရေရွတ်လိုက်မိသည်။ သည်အကြောင်းကို တွေးမိလေ မှန်ကန်သည်ဟု သူခံစားရလေသည်သာ ဖြစ်သည်။ သူနေထိုင်သော ယနေ့ခေတ် ကမ္ဘာကြီးသည် အင်မော်တယ်ကမ္ဘာနှင့် များစွာ ခြားနားလှပေသည်။ အင်မော်တယ်ကမ္ဘာတွင် သန်မာပြီး စွမ်းအားကြီးပါက ချစ်ခင်လေးစားကြ သော်လည်း ကမ္ဘာပေါ်တွင်မူ အာဏာရှိသော၊ ချမ်းသာကြွယ်ဝသော သူများသည်သာ လေးစားမှုကို ရရှိကြပေမည်။

“ဟယ်လို ... မစ္စတာထန် ... ”

အရပ်မြင့်ကာ လှပသော အိမ်ခြံမြေမန်နေဂျာ လုံရွှဲ့ယောင်သည် ထန်ရှု ဖြတ်သွားချိန်တွင် ပြုံးကာ နှုတ်ဆက်လိုက်သည်။

ထန်ရှုလည်း ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းမိပြီးသွားချိန်တွင် သူ၏အိမ်သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေး အတွက်အား သတိရသွားပြီး ရုတ်ခြည်းပင် ရပ်တန့်လိုက်ကာ လုံရွှဲ့ယောင်အား ခေါ်လိုက်သည်။

“မန်နေဂျာလုံ…တစ်ခုလောက် မေးစရာရှိလို့”

လုံရွှဲ့ယောင် ပြုံးကာ တုံ့ပြန်လိုက်သည်။

“မစ္စတာထန်…ကျေးဇူးပြုပြီး ပြောပါ”

“မန်နေဂျာလုံ ... တောင်တံခါးမြို့ အိမ်ရာစီမံရေးရုံးက အိမ်သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေး အတွက် ဝန်ဆောင်မှုပေးသလား။ တစ်စုံတစ်ယောက်ကို လာပြီး သန့်ရှင်းပေးစေချင်လို့ပါ”

“ကျွန်မတို့မှာ အိမ်သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေး အတွက် ဝန်ဆောင်မှု ရှိပါတယ်။ ဒါပေမဲ့ ဝန်ဆောင်ခတော့ ပေးရလိမ့်မယ်။ ကျွန်မ  မစ္စတာထန်ကို အကြံပေးချင်တာ တစ်ခုက ရှင့်အိမ်မှာ တန်ဖိုးကြီးတဲ့အရာတွေ များတော့  အခိုင်းအစေ ဒါမှမဟုတ် အိမ်တော်ထိန်း တစ်ယောက်လောက် ခန့်သင့်ပါတယ်။ အိမ်ရာစီမံရေးရုံးက သန့်ရှင်းရေး ဝန်ထမ်းတွေ ရှိတယ်ဆိုပေမဲ့လည်း နောက်ပိုင်း မတော်တဆ ဖြစ်မှုတွေအတွက် အကောင်းဆုံးဖြစ်တယ်”

“အခိုင်းအစေ ဒါမှမဟုတ် အိမ်တော်ထိန်း တစ်ယောက်လောက် ငှားတာက နောက်များမှပေါ့။ လောလောဆယ်တော့ ကျွန်တော့်အိမ်ကို တစ်ယောက်လာပြီး သန့်ရှင်းရေး လုပ်ပေးဖို့ ပြောပေးပါ။ ပိုက်ဆံအတွက်က ကျွန်တော် အခုပဲ ပေးလိုက်ပါမယ်”

စကားပြောပြီးသည်နှင့် ထန်ရှုသည် သူ၏လွယ်ထားသော အိတ်ထဲမှ ယွမ်ရာတန် တစ်ထပ်အား ထုတ်ယူကာ မန်နေဂျာလုံအား ပေးလိုက်သည်။

လုံရွှဲ့ယောင်သည် ထန်ရှုအား ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။ ထန်ရှုသည် ပိုက်ဆံအများကြီး သယ်လာလိမ့်မည်ဟု မထင်ထားချေ။ သူမအား ပိုက်ဆံပေးရန် အိတ်ဖွင့်လိုက်သော ခဏတွင် ယွမ်ရာတန် အထပ်များစွာအား တွေ့လိုက်ရပြီး သူမအား ပေးသောငွေသည်ပင် ယွမ်တစ်သောင်းခန့် ရှိပေမည်။

“အတော်ထူးဆန်းတဲ့လူပဲ” လုံရွှဲ့ယောင်သည် ရင်တွင်းမှ တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။

ယနေ့ခေတ်တွင် ချမ်းသာသောသူများသည် လူနည်းစုလောက်သာ ပိုက်ဆံ ကိုင်သုံးတော့သည်။ အများစုသည် အကြွေးကတ်၊ ငွေထုတ်ကတ်တို့ဖြင့်သာ ပေးချေကြပြီး တစ်နိုင်ငံလုံးတွင် ရေပန်းစားသော အရာဖြစ်လာသည်။

“မစ္စတာထန် ... အခုပေးဖို့ မလိုသေးပါဘူး။ လတိုင်း ကျသင့်ငွေကို တွက်ချက်ပြီး စီမံရေးရုံးက ကောက်တာပါ။ အဲဒီအချိန်ကျရင် အသေးစိတ်နဲ့ စုစုပေါင်း ကုန်ကျစရိတ် အကြောင်းကြားလွှာကို ပေးပို့ပါလိမ့်မယ်”

ထန်ရှုသည် ခဏမျှ တွေးလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါပြီ။ သန့်ရှင်းရေး ဝန်ထမ်းကို ၂ရက် ၃ရက်တစ်ကြိမ် လွှတ်ပေးပါ။ ဒါနဲ့ ကျွန်တော် လုပ်စရာရှိသေးလို့ သွားလိုက်ပါဦးမယ်။ ဘိုင် ... ”

“ဂရုစိုက်ပါ မစ္စတာထန် ... ”

လုံရွှဲ့ယောင်သည် ထန်ရှု၏နောက်ကျောအား အတွေးတို့ဖြင့် တိတ်ဆိတ်စွာ ကြည့်လျက် ကျန်နေခဲ့သည်။ သူမသည် ထန်ရှုအကြောင်း အလွန်သိလိုလှသည်။ သူနေထိုင်သော အိမ်သည် တောင်တံခါးမြို့ အိမ်ရာဝင်းထဲတွင် ဈေးအကြီးဆုံးဖြစ်ပြီး သူမ၏ဝမ်းကွဲ လုံကျန့်ယု ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ အတွင်းအပြင် အဆင်တို့သည် သူမ၏ဝမ်းကွဲ ငှားရမ်းလာသော အထူးပညာရှင်များဖြင့် ပြင်ဆင်ထားခြင်းဖြစ်ပြီး  အဆောက်အဦအတွက် အသုံးပြုသော အရာများသည် အကောင်းဆုံးများသာ ဖြစ်ပေတော့သည်။ သို့သော် မည်သည့် အကြောင်းကြောင့်များ သူမ၏ဝမ်းကွဲသည် ထိုလူငယ်လေးအား ပေးလိုက်ရပါသနည်း။

တောင်တံခါးမြို့ အိမ်ရာဝင်း…

သည်နေရာသည် အလွန်ကြီးမားလှ သောကြောင့် ထန်ရှုသည် အပြင်ထွက်ရန် အချိန်အတော် ပေးလိုက်ရသည်။

သည်နေရာအနီးတွင် အဖိုးတန်အရာများ ရောင်းချသည့် ဆိုင်များစွာဖြင့် စည်ကားနေသော စီးပွားရေးလမ်းတစ်ခုရှိသည်။

ထန်ရှုသည် ထိုလမ်းထဲသို့ ဝင်လိုက်သောအခါ အစားအစာအရသာများ ဖုံးလွှမ်းနေသောလေထုအား ရှူရှိုက်မိလိုက်သည်။ ထန်ရှုသည် ရှေ့သို့လျှောက်လာပြီး ဘေးဘီဝဲယာအား လျင်မြန်စွာ ကြည့်လိုက်ရာ စိတ်ဝင်စားဖွယ် အပြင်အဆင်နှင့် ဆိုင်းဘုတ်တစ်ခုဖြင့် ပြန်လည် ပြင်ဆင်ထားသော စားသောက်ဆိုင်အား တွေ့လိုက်ရသည်။ ထိုဆိုင်းဘုတ်တွင် ရေးထိုးထားသည်မှာ ထူထဲသော လက်ရေးစတိုင်ဖြင့် …

“အင်မော်တယ် စံပျော်ရာ” ဟုဖြစ်ပြီး စွမ်းအားကောင်းသော အကြည့်အား  ပေးစွမ်းလေသည်။

ထန်ရှုသည် ဆိုင်တွင်းသို့ ဝင်လာပြီး ပြတင်းပေါက်နားတွင် ထိုင်လိုက်သည်။ သူသည် စားပွဲထိုးလာပေးသော စာရင်းမှ အသီးအရွက်၂ပန်းကန်နှင့် အဓိကအစားအစာအား တစ်ပွဲမှာလိုက်ပြီး တည်ငြိမ်အေးဆေးစွာ စောင့်နေသည်။

“ဟမ့်…”

ထန်ရှ၏ အကြည့်တို့သည် ပြတင်းအား ဖြတ်လျက် လမ်းဆုံတစ်နေရာတွင် လှုပ်ရှားနေသော လူငယ်တစ်စုဆီသို့ တိတ်တဆိတ် ရောက်ရှိသွားသည်။ တောင်တံခါးမြို့ အိမ်ရာဝင်းမှ ထွက်လာကတည်းက သူသည် သတိမပြတ်ရှိနေခဲ့ရာ အချို့မျက်လုံးများသည် သူ့အား ကြည့်နေသည်ဟု ခံစားမိသည်။ သို့သော်  ထိုလူများအား သတိပေးလိုက်ခြင်းမျိုး မဖြစ်စေရန်အတွက် သူသည် လှည့်မကြည့်ဘဲ စားသောက်ဆိုင်ဆီသို့ လာခဲ့ပြီး လျှို့ဝှက်စွာဖြင့် ထိုသူများအား ကြည့်နေခဲ့သည်။

သူ့အနေဖြင့် စိုးရိမ်မိသည်မှာ တစ်ခုသာရှိသည်။ သူ သတ်ဖြတ်ခဲ့သော တရားခံများအထဲမှ လွတ်မြောက်နေသူ အနည်းငယ် ရှိနေမည်ကိုပင်။ ပြန်လည် တိုက်ခိုက်ရန်အတွက် သူ မကြောက်ပါချေ။ မြင်သာထင်သာ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရခြင်းသည် အလွန်လွယ်ကူလှ သော်လည်း အမှောင်ထဲမှ တုံ့ပြန်လာပါက ပြန်လည်တုံ့ပြန်ရန် ခက်ခဲလှသည်။ ထို့ပြင် သူ့အတွက် ပိုကြောက်စရာကောင်းသည့် အချက်မှာ အသက်ရှင် ကျန်ရှိနေသော တရားခံများသည် သူ၏မိခင်အား တုံ့ပြန်မှာကိုပင်တည်း။ ထိုအရာသည် ယွမ်ချူးလင်အား တိုက်ခိုက်ချင်သည်ကို သူ၏မိခင်အား ပြန်ပေးဆွဲခြင်းနှင့် အလားသဏ္ဌာန် တူပေလိမ့်မည်။

လမ်းဆုံတွင်…

ကျောက်ပေါက်မာ မျက်နှာနှင့်  လီသည် ထောင့်တစ်ခုအား မှီကာ စီးကရက်သောက်လျက် ထန်ရှု ရှိနေသာ “အင်မော်တယ် စံပျော်ရာ” အား ကြည့်နေလေသည်။ တစ်စုံတစ်ယောက်အား ဆုံးမပေးရန် ဖောက်သည် တစ်ယောက်ထံမှ ပိုက်ဆံရခဲ့သောကြောင့် လွန်ခဲ့သောနာရီဝက်က သူသည် တောင်တံခါးသို့ အပြေးအလွှား သွားခဲ့ရသည်။ ထိုကဲ့သို့ လုပ်ပေးခဲ့သည်မှာ အကြိမ်မည်မျှ ရှိသည်ကို သူ မမှတ်မိတော့ချေ။

“အစ်ကိုကြီး … ဘာကြောင့် ခုနကတည်းက မလှုပ်ရှားခဲ့တာလဲ။ ကြွက်စုတ်ရဲ့ အကြည့်တွေကို ကြည့်ပြီး ကျွန်တော် သူ့ကို အမြန် ဆုံးမနိုင်ပါတယ်”

ရွှေရောင်ဆံပင်နှင့် လူရွယ်တစ်ယောက်မှ အဖြေရှာသော အမူအရာနှင့် မေးလိုက်သည်။

“ဟုတ်တယ်။ သူ တောင်တံခါးဂိတ်က ထွက်လာတော့ ဒီချာတိတ်ကို ကျွန်တော်တို့ ရှင်းပစ်ဖို့ အခွင့်အရေး ရှိရဲ့သားနဲ့ ဘာကြောင့် ကျွန်တော်တို့ မရိုက်ကြတာလဲ”

သန်မာသော လူရွယ်ကလည်း မေးလိုက်သည်။

လီက အေးစက်စက်ဖြင့် လှောင်လိုက်သည်။

“မင်းတို့၂ယောက်က အရမ်းကို စိတ်မရှည်ကြတာပဲ။ ငါတို့အလုပ်မှာ အလွန်သတိရှိတာက ပိုကောင်းတယ်။ ဒီတစ်ကြိမ် လူရွယ်ဂူ ငါ့ကို ဆက်သွယ်ရင်း ဒီကောင်လေးရဲ့နောက်ကြောင်းက မရိုးရှင်းဘူးလို့ ပြောပြခဲ့တယ်။ ဒါကြောင့် သတိလက်လွတ် ဆောင်ရွက်ပြီး မှားလို့မဖြစ်ဘူး”

ရွှေရောင်ဆံပင်နှင့် လူရွယ်သည် အလေးမထားသောဟန်ဖြင့် ပြောလိုက်သည်။

“အစ်ကိုကြီး ... လူရွယ်ဂူက သူ့ခြေထောက်၂ချောင်းပဲ ချိုးဖို့တောင်းဆိုတာလေ။ အုပ်စုလိုက်သွားပြီး သူ့ကို ဆုံးမလိုက်ရုံပဲလေ။ ပြီးရင် ချက်ချင်း ပြေးပြီး ထွက်ခွာရုံပဲ။ ကြယ်တာရာမြို့က ဒီလောက်ကြီးတာ သူ့ကို ဘယ်သူ ရိုက်မှန်းတောင် သိလိုက်မှာမဟုတ်ဘူး”

“မင်း ောက်ပါးစပ်ကို ပိတ်”

လီသည် ရွှေရောင်ဆံပင်နှင့်လူအား တစ်ချက်ရိုက်လိုက်ပြီး မဲ့ရွဲ့ကာ ပြောလိုက်သည်။

“အသေအချာ မှတ်ထား။ မင်းရဲ့ဂရုမစိုက်တတ်မှုက ငါတို့တွေကို သေတွင်းထဲ ပို့လိမ့်မယ်။ မင်း ငါနဲ့ဒီအလုပ် လုပ်တာ နှစ်အနည်းငယ်ပဲ ရှိသေးတယ်။ ငါမင်းကို ပြောပြီးပြီ ငါတို့ရဲ့ ဖိနပ်တွေကို ရေမစိုစေဘဲ

ငါတို့ မြစ်ကမ်းဘေးမှာ ရပ်နေနိုင်ရမယ်။ ဒီအကြောင်းလည်း မင်းသိပြီးပြီလို့ ထင်ပါတယ်။ မင်းရဲ့နမော်နမဲ့ကြောင့် ငါတို့ ညီအစ်ကိုအားလုံး အခက်မဖြစ်စေချင်ဘူး။ ကျားကြီး… သူတို့ဘယ်မှာလဲဆိုတာ ကြမ်းပိုးလေးကို မေးလိုက် ... ”

သန်မာသော လူရွယ်သည် လီ ဒေါသထွက်နေသောကြောင့် ထိတ်လန့် ကြောက်ရွံ့နေပြီး လီ၏ညွှန်ကြားချက်အား အမြန်လုပ်ဆောင်ကာ အစီရင်ခံလိုက်သည်။

“အစ်ကိုကြီး ... ကြမ်းပိုးလေးတို့အဖွဲ့ ဒီကို အမြန်လာနေပြီတဲ့”

လီသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကြမ်းပိုးလေးတို့အဖွဲ့ ရောက်သည်အထိ စောင့်ကြ။ ပြီးရင် ငါတို့ အချိန်ကောင်းရှာပြီး လှုပ်ရှားကြမယ်။ လူ၁ဝယောက်ထက်မနည်း ဝိုင်းရိုက်ကြရင် ဒီကောင်လေး ခေါင်း၃လုံးနဲ့ လက်၆ဖက် ရှိရင်တောင်မှ ခြေထောက်၂ဖက်ကျိုးတဲ့ကံဆိုးက လွတ်မှာ မဟုတ်တော့ဘူး”

“ဟုတ်တယ်။ ဟုတ်တယ် ... ”

သန်မာသော လူရွယ်ကလည်း ခေါင်းအကြိမ်ကြိမ် ညိတ်ပြလိုက်သည်။

၃ထပ်အဆောက်အဦ၏ ခေါင်မိုးပေါ်တွင် ဂူယွဲ့တာသည် အဝေးကြည့် မှန်ပြောင်းအား ကိုင်ဆောင်ကာ အဆောက်အဦအစွန်းတွင် မတ်တတ်ရပ်နေသည်။ သူ၏ဘေးတွင် မျက်မှန် တပ်ဆင်ထားသော သက်လတ်ပိုင်း လူကြီးတစ်ယောက်သည် သေတ္တာတစ်လုံးအား ကိုင်လျက် မတ်တတ်ရပ်နေသည်။

“သခင်လေးဂူ ... ငါတို့ ဒီကလေးအကြောင်း သေချာမစုံစမ်းပဲနဲ့ ဒီလို အလျင်စလိုဆောင်ရွက်တာ ဖြစ်ပါ့မလား။ သူက တောင်တံခါးမြို့မှာလည်း နေတယ်။ သူက လုံကျန့်ယုနဲ့ ပတ်သက်မှု ရှိရုံမကဘူး ထူးခြားတဲ့ နေရာတစ်ခုက လာတယ်လို့ ငါအမြဲ ခံစားနေရတယ်”

သက်လတ်ပိုင်းလူသည် သူ၏တွေဝေမှုအား ပြောပြလိုက်သည်။

ဂူယွဲ့တာက  လှောင်ပြော ပြောလိုက်သည်။

“ဟဲကန်း ... ငါတို့ ဒီကောင်စုတ်လေးရဲ့အကြောင်း ရှင်းရှင်းလင်းလင်း ဘယ်လို စုံစမ်းခဲ့ပြီးပြီလဲ။ သူရဲ့ ကောင်းမွန်တဲ့ လောင်းကစား စွမ်းရည်ကြောင့်သာ မဟုတ်ရင် လုံကျန့်ယုက သူ့ကို ဒီအိမ် ပေးမလား။ သူ့မိသားစု နောက်ခံကို ကြည့်မယ်ဆိုရင်လည်း သူက ရွာလေးတစ်ရွာက လာတာ။ ကြယ်တာရာ ပထမအထက်တန်းကျောင်းက ကျောင်းသားလေး တစ်ယောက်ပဲ။ သူ့ကိုရိုက်ခြင်းက ဘာမှ ဖြစ်မလာနိုင်ဘူး။ ကျောက်ပေါက်မာလီက စည်းမျဉ်းတွေကို သိပြီးသားလူတစ်ယောက်။ သူ ရှုံးခဲ့ရင်တောင်မှ ငါ့အကြောင်း ပြောမှာမဟုတ်ဘူး”

ဟဲကန်းသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ခေါင်းကို ညိတ်လိုက်သည်။ သူ အရမ်းသတိထား လွန်းသည်ဟုလည်း သူ့ကိုယ်သူ တွေးလိုက်မိသည်။ သူသည် ဂူယွဲ့တာ၏နောက်ခံအား ရှင်းရှင်းလင်းလင်း သိသည်။ ဖခင်သည် မြို့တော်အဖွဲ့၏ အတွင်းရေးမှူး(၁)ဖြစ်ပြီး မိခင်သည် မိသားစုကုမ္ပဏီတွင် အကြီးအကဲတစ်ယောက် ဖြစ်ကာ ယွမ်၁ဝဝမီလျံမက ကြွယ်ဝသည်။ သူသည် ဂူယွဲ့တာမိခင်၏ အတွင်းရေးမှူး တစ်ယောက်သာ ဖြစ်သည်။

အင်မော်တယ်စံပျော်ရာ စားသောက်ဆိုင်အတွင်းတွင် ထန်ရှုသည် ပြတင်းပေါက်အနီးရှိ စားပွဲတွင် ထိုင်ကာ အေးဆေးစွာ စားသောက်နေပေသည်။ သူ့အတွက်ဆိုပါက သည်အစားအစာများ၏ အရသာသည် ပုံမှန်ဖြစ်လွန်းလှသည်။ အင်မော်တယ်ကမ္ဘာတွင် သူသည်  အရသာထူးကဲသော အစားအစာ အမျိုးမျိုးအား မြည်းစမ်းဖူးရုံသာမက ကောင်းမွန်လွန်းလှသည့် ဝိုင်များကိုလည်း သောက်သုံးဖူးခဲ့သည်။ ၎င်းတို့အား တူညီသောအဆင့်တွင် နှိုင်းယှဉ်ရန် မဖြစ်နိုင်ချေ။ သူသည် စားဖိုမှူး တစ်ယောက်သာမက ဝိုင်ဖောက်ရာတွင်လည်း ကျွမ်းကျင်သောသူ ဖြစ်သည်။

“ဖုန်းမြည်သံ…”

သူ၏ဖုန်းသည် ကျယ်လောင်စွာ မြည်လာသဖြင့် ထန်ရှုသည် ဖုန်းကို ကိုင်ကာ ခေါ်ဆိုသည့်နံပါတ်အား ကြည့်လိုက်ပြီးနောက် ဖြေဆိုရန် ခလုပ်နှိပ်ကာ ခပ်ဖွဖွ ပြောလိုက်သည်။

“ထန်ရှု ပြောနေပါတယ်။ ဘယ်သူပါလဲ”

“မစ္စတာထန် … ကျွန်တော်က ကုန်းတာလုံပါ ကျားလွေဒေါင်ရဲ့ တပည့်ကြီးပါ။ ငါတို့တွေ့ဖို့ အချိန်အနည်းငယ်လောက် ပေးနိုင်မလား။ ကျွန်တော် ကြယ်တာရာမြို့ကို ရောက်နေပါပြီ”

“ကျွန်တော့်မှာ အချိန်မရှိဘူးလို့ မပြောခဲ့ဘူးလား”

ထန်ရှုသည် စိတ်ဆိုးစွာနှင့် ပြောကာ ဖုန်းချလိုက်သည်။

ထန်ရှုသည် ကျားလွေဒေါင်ကဲ့သို့ ကျွမ်းကျင်အဆင့် လောင်းကစား ပညာရှင်များအား ဘယ်တော့မျှ မနှစ်သက်လှပေ။ ကျားလွေဒေါင်တွင် အမှန်တကယ် အံ့သြစရာကောင်းသော  လောင်းကစား နည်းပညာများ ရှိသည်ကိုတော့ သူ ဝန်ခံပါသည်။ သို့သော်လည်း တစ်တောင်ထက် တစ်တောင်  မြင့်မားနေသကဲ့သို့  ကောင်းကင်ဘုံအောက်တွင် သူ့ထက်ပိုကောင်းသော လူများ ရှိနိုင်သည်။ တစ်နေ့ ကျားလွေဒေါင်သည် သူ့ထက်စွမ်းရည် ပြည့်ဝသော တစ်စုံတစ်ယောက်နှင့် ပတ်သက်မိပါက သူ၏ကံသသည် ထိုးကျသွားနိုင်သည်။

ထို့ပြင် လောင်းကစားသမား တစ်ယောက်သည် တစ်ကြိမ်ရှုံးသည်နှင့် သူသည် ပြဿနာများစွာအတွင်း ကျရောက်သွားမည် ဖြစ်သည်။ ထိုရှုံးနိမ့်မှုသည် သိပ်မပြင်းထန်ပါက မိသားစု ပိုင်ဆိုင်သမျှ ကုန်သွားလိမ့်မည်။

ပိုမိုပြင်းထန်သော ရှုံးနိမ့်မှုများ ဖြစ်ပါက ကပ်ဆိုးအား မိသားစုအတွင်း ခေါ်သွင်းသကဲ့သို့ဖြစ်ပြီး ထိုသူများ၏ကံများသည် နိမ့်ကျပျက်စီး သွားတော့မည် ဖြစ်သည်။

“လောင်းကစားသမား အားလုံးက အလွန်လောဘ ကြီးတဲ့လူတွေ။ သူတို့က မြွေတွေလိုပဲ ဆင်ကောင်ကြီး မျိုထားပြီးရင်တောင်မှ ဘယ်တော့မှ မတင်းတိမ် မရောင့်ရဲနိုင်ကြဘူး။ လောဘက အကြီးဆုံးသော အပြစ်တွေထဲမှာ တစ်ခုအပါအဝင်ပဲ”

ထန်ရှုသည် စိတ်ထဲမှ ကျိန်ဆဲလိုက်ရင်း အစားစားချင်စိတ်ပင် ပျောက်သွားခဲ့ရသည်။

“ဖုန်းမြည်သံ…”

ခုနက ခေါ်ဆိုခဲ့သောဖုန်းသည် ထပ်မံမြည်လာခဲ့သည်။

ထန်ရှု၏မျက်လုံး အေးစက်သွားရပြီး တစ်ခဏ ငြိမ်သက်နေပြီးနောက် စားလက်စတူကို ချကာ ဖြေရန် ခလုပ်နှိပ်လိုက်သည်။ ထို့နောက် သူသည် အေးစက်စက်လေသံဖြင့် …

“ကျွန်တော် လောင်းကစားလုပ်ရတာ မုန်းတယ်လို့ အစောကြီးကတည်းက ပြောပြီးသွားပြီ။ ကျားလွေဒေါင်နဲ့ ကျွန်တော့်ကြားက ရင်းနှီးမှုက ကျွန်တော့်လည်ပင်းကို သူ့အတွက် ပေးရလောက်အောင်အထိ မဟုတ်ဘူး။ ကျွန်တော် နောက်ဆုံးတစ်ခုပဲ သတိပေးမယ်။ ကျွန်တော့်ကို ထပ်နှောင့်ယှက်နေရင် အဲဒါရဲ့အကျိုးဆက်ကို ခင်ဗျား ခံရလိမ့်မယ်”

“မစ္စတာထန် … ခင်ဗျား ဆိုလိုတာကို ကျွန်တော် နားလည်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော် ပြောတာဆုံးအောင် နားထောင်ပေးပါလား။ ကျွန်တော့်ဆရာက အိုမင်းနေပါပြီ။ ဒီလောင်းကစား လောကထဲက ထွက်ဖို့လည်း စီစဉ်ထားပြီးသားပါ။ ဒါပေမဲ့ ကျွန်တော့်ညီအငယ်ဆုံး ဆရာရဲ့သားက အတော် ဒုက္ခဖြစ်သွားတယ်။ ဆရာ့မှာ ရွေးချယ်စရာမရှိတာနဲ့ လောင်းကစား ပြန်လုပ်ရတယ်။ ကျွန်တော့်ဆရာနဲ့ မစ္စတာထန်ကြားက ရင်းနှီးမှုက အကူအညီ ပေးဖို့လောက်အထိ အရမ်းမမြင့်သေးတာလည်း ကျွန်တော် ကောင်းကောင်းသိပါတယ်။

ဆရာ့ကို အကူအညီပေးဖို့ ကျွန်တော် အနူးအညွတ် တောင်းဆိုပါရစေ”

“မစ္စတာထန် ကူညီပေးဖို့ စိတ်ရှိမယ်ဆိုရင် ကျွန်တော် ပိုင်ဆိုင်သမျှ ခင်ဗျားကို ပေးပါမယ်။ ယွမ်၁ဝမီလျံ ရှိတဲ့အတွက် ဒီပမာဏက မများဘူးလို့ ဆိုနိုင်ပါတယ်။ သည်တစ်ကြိမ် အကူအညီပေးတာဟာ ကျွန်တော်တို့ကို မျက်နှာသာအကြီးကြီး ပေးလိုက်တာပါပဲ။ တစ်ချိန် မစ္စတာထန် ကျွန်တော်တို့ အကူအညီ လိုအပ်ခဲ့လို့ရှိရင်

ကမ္ဘာမြေအဆုံးမှာ ရှိနေရင်တောင်မှ ကျွန်တော်တို့ ချက်ချင်း အပြေးလာခဲ့ပါမယ်”

***

All Chapters