← Chapters

ကျောင်းပြန်တက်ခြင်း

Vol. 02 Ch. 74

ကျောင်းပြန်တက်ခြင်း

Vol. 02 Ch. 74

လောင်းကစား သမားများသည် တစ်ကြိမ် ရှုံးသည်နှင့် သူတို့၏ ငွေကြေးများအား အဆုံးစွန်ထိအောင် ရှုံးပစ်သည့်အထိ ကစားခဲ့ကြသည်။ ၎င်းတို့၏မိသားစု ကံကြမ္မာကိုပင် စားပွဲပေါ်တွင် လောင်းကြေးထပ်သည့် အထိ လုပ်ရဲတတ်ကြသူများ ဖြစ်သည်။ သူ၏ဇနီးနှင့် ကလေးများကို ရောင်းစားကာ တစ်မိသားစုလုံး ဘဝပျက်သည့်အထိ လောင်းကစား လုပ်သော လောင်းကစားသမားအား ထန်ရှု မြင်ဖူးသည်။

“ကျားလွေဒေါင်က သူ့ဘဝကို မလောင်းရသေးဘူး မဟုတ်လား။ သူ ကံကောင်းပါသေးတယ်။ ခင်ဗျားတို့ ဆရာတပည့်တွေ ဖြစ်ပျက်သမျှတော့ သိပြီးသွားပြီ။ တခြားကိစ္စ မရှိတော့ရင် ပြန်လို့ရပါပြီ”

ကုန်းတာလုံ ကြောင်တောင်တောင် ဖြစ်သွားသည်။ အဖြစ်အပျက် အကုန်လုံးကို နားထောင်ပြီးသွားခဲ့သည့် တိုင်တောင်မှ ထန်ရှုသည် သူ့အား တံခါးဆီသို့ လက်ညှိုးထိုးကာ ပြန်ခိုင်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပေ။ သူဘာကို ဆိုလိုချင်တာလဲ။ သူတို့ကို ကုညီဖို့ ငြင်းဆိုတဲ့ သဘောလား။

“ဆရာထန် … ခင်ဗျား ...”

ထန်ရှုသည် စကားဖြတ်ကာ ပြောလိုက်သည်။

“ကျွန်တော့် စကားတွေက မရှင်းသေးလို့လား။ ကျွန်တော် ဒီပြဿနာကို ရှင်းပေးနိုင်မှာ မဟုတ်ဘူး။ ခင်ဗျားကို ကိုယ်ချင်းစာရင် တောင်မှ ကျွန်တော့်မှာ ကူညီနိုင်တဲ့ အရည်အချင်း မရှိဘူး”

ကုန်းတာလုံသည် လက်ခံရန် ခက်ခဲသော အမူအရာဖြင့် …

“ဘာကြောင့်လဲ ...။ ဆရာက ခင်ဗျားရဲ့ လောင်းကစား စွမ်းရည်က သူ့ထက် ပိုသာတယ်လို့ ပြောခဲ့တယ်။ တစ်စုံတစ်ယောက်ကသာ ခင်ဗျားကို သင်ပေးပြီး အနည်းငယ် လေ့ကျင့်ပေးလိုက်ရင် ခင်ဗျားစွမ်းရည်က ကျွန်တော့်ဆရာထက် သာသွားလိမ့်မယ်”

ထန်ရှုသည် ပြုံးကာ ပြောလိုက်သည်။

“ခင်ဗျားရဲ့ အချို့အချက်တွေ ကျွန်တော် ပြန်ပြင်ပေးမယ်။ ပထမ ... ကျွန်တော် လောင်းကစားကို စိတ်မဝင်စားဘူး ...  ကျွန်တော့်ကို လေ့ကျင့်ပေးမယ် ဆိုရင်တောင် နည်းနည်းလေးမှ စိတ်မဝင်စားဘူး။ ဒုတိယ ...  ကျွမ်းကျင် လောင်းကစားသမား ဘဝက ငှက်တွေပစ်ဖို့ တစ်နေကုန် စောင့်နေရသလိုပဲ နောက်ဆုံးကျတော့ ဘဲငန်းရိုင်းကိုက်တာပဲ ခံရတယ်။ ခင်ဗျားတို့လို လောင်းကစားသမား ဘဝက ဒေဝါလီခံရဖို့နဲ့ မိသားစုရဲ့  ကံကြမ္မာကို ဆုံးရှုံးဖို့ အဆင်သင့် စိတ်ဓာတ် ပြင်ဆင်ထားရလိမ့်မယ်။ တတိယ … တစ်လအတွင်း ကျွန်တော် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေရတော့မယ်။ ကျောင်းပျက်တာ ကျွန်တော့်အမေ သိသွားခဲ့ရင် သူမကို ရှင်းပြဖို့ နည်းလမ်းမရှိဘူး”

ကုန်းတာလုံသည် စိတ်လှုပ်ရှားနေပြီး သူသည် ထန်ရှုရှေ့သို့လာကာ ဒူးထောက် တောင်းပန်လိုက်သည်။

“ဆရာထန် … ကျွန်တော် တောင်းပန်ပါတယ်။ ဆရာ့ကို ကူညီပေးပါ။ ဆရာသာ ကူညီရင် မိသားစုပိုင် အရာတွေ ပေးရုံတင်မကဘူး မိဘတွေကို အလုပ်အကျွေး ပြုသလိုပဲ ပြုလုပ်ပြီး စကားကိုလည်း မြေဝယ်မကျ နားထောင်ပါမယ်။ အမြဲ အလုပ်အကျွေးပြုဖို့ ခေါ်ထားမယ် ဆိုလည်း အချိန်မှန် ရှိနေပါမယ်”

“ … ...”

ကုန်းတာလုံအား ကြည့်ပြီး ထန်ရှုသည် ရုတ်တရက် အင်မော်တယ် ကမ္ဘာမှ သူ၏ အစေခံဟောင်းအား သတိရမိလိုက်သည်။

ကျေးဇူးအကြွေးအား ဆပ်ရန် သူ၏ အစေခံဟောင်းသည် သူ၏နောက်တွင် တကောက်ကောက် လိုက်ပါလျက် စိတ်ရောကိုယ်ပါ သစ္စာရှိလျက် နေခဲ့သည်။ သူသည် ကြိုတင် ကြံစည်မှုဖြင့် လုပ်ကြံခံရသောအခါ သူ့အကြောင်း ဘာမျှ မသိတော့ချေ။

ကုန်းတာလုံသည် ထပ်ပြီး တောင်းပန်လိုက်ပြန်သည်။

“ဆရာထန် … ဆရာ့ကျောင်းနဲ့ အမေ့ကို ပြောဖို့အတွက် ကျွန်တော့်တာဝန် ထားပါ။ ပြဿနာမဖြစ်အောင် တာဝန်ယူ ဆောင်ရွက်ပေးမယ်”

ထန်ရှုသည် အံ့သြပြီး ဇဝေဇဝါ ဖြစ်သွားကာ မေးလိုက်သည်။

“ခင်ဗျား တာဝန်ယူပေးမယ် ဟုတ်လား ...”

ကုန်းတာလုံသည် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။ “ဟုတ်ကဲ့။ ကျွန်တော် လုပ်ပေးနိုင်တယ်။ ကျွန်တော် မလုပ်ပေးနိုင်ဘူး ဆိုရင် ထပ်မနှောင့်ယှက်တော့ဘူး”

ထန်ရှုသည် မတ်တတ်ရပ်ကာ ပြောလိုက်သည်။ “ကောင်းပြီ။ အဲဒါတွေ လုပ်ပြီးတဲ့အထိ ကျွန်တော် စောင့်နေမယ်”

ကုန်းတာလုံ အလွန်ပျော်သွားခဲ့သည်။ ကူညီရန်အတွက် ထန်ရှု၏ ကတိစကားရဖို့ သူ အားအချို့တော့ စိုက်ရမည်ဟု ထင်ခဲ့မိသည်။ သို့သော် ထန်ရှုသည် အလွယ်တကူ လက်ခံလိမ့်မည်ဟု မထင်ထားမိချေ။

ကျေးဇူးတင်စိတ်သည် သူ၏ရင်တွင်းတွင် တဖွားဖွား ထွက်ပေါ်လာသည်။ သို့သော် ထန်ရှု၏အမူအရာသည် သူ့အား ပြန်စေချင်နေသည့်ဟန် ရသဖြင့် ကုန်းတာလုံ နှုတ်ဆက်လိုက်သည်။

“ဆရာထန် … အဲဒါဆို ကျွန်တော့်သတင်းကို စောင့်နေပါ။ အတော်လေးတောင် နောက်ကျနေပြီ။ ကျွန်တော် ပြန်လိုက်ပါဦးမယ်။ ထပ်မနှောင့်ယှက်တော့ဘူး”

“ဂရုစိုက်ပြန်ပါ ...”  ထန်ရှု အေးဆေးစွာ ခေါင်းညိတ်ပြလိုက်သည်။

ပေကျင်းမြို့၏ ပျားပန်းခတ်မျှ စည်ကား ဆူညံနေသောည ….

အဖြူရောင် ကားလေးတစ်စီးသည် ယာဉ်စီးကြောင်းထဲတွင် ရွေ့လျားနေသည်။ ခန်းရှသည် ပေါ့ပေါ့ပါးပါး သီချင်းသံအား ကားမောင်းလျက် နားထောင်လာသည်။ သူ၏စိတ်သည် အတွေးတို့ဖြင့် ယောက်ယက်ခတ်နေသည်။

“ဖုန်းမြည်သံ …”

သူမ၏ အတွေးရေစီးကြောင်းအား အနှောင့်အယှက် ပေးလိုက်သော ဖုန်းအား အမြန်ကိုင်လိုက်သည်။

ဘလူးတုဖ် နားကြပ်အား တပ်ဆင်ကာ သူမပြောလိုက်သည်။ “ခန်းရှ ပြောနေပါတယ်”

“ထန်ရှုအကြောင်း အီးမေးလ် ပို့ပေးလိုက်တယ်။ ဒါပေမဲ့ ရှင်က သတင်းနည်းနည်းပဲ ပေးတော့ ငါ ရလာတဲ့ အချက်အလက်တွေကို စစ်ထုတ်လိုက်တာမှာ ၂ယောက် ဦးစားပေး တွေ့ရဖို့ရှိတယ်”

“ကောင်းတယ်”

ခန်းရှသည် နားကြပ်အား ဖြုတ်လိုက်သည်။ သူမသည် ကားစတီယာရင်အား ရှေ့လမ်းဆုံတစ်ခုတွင် ညာဘက်သို့ ကွေ့လိုက်သည်။ သူမသည် မီတာ၁၀၀ မောင်းနှင်ပြီးသော် လမ်းဘေးကပ်ရပ် လိုက်ကာ ရှေ့ထိုင်ခုံမှ ကွန်ပျူတာအား ထုတ်လိုက်သည်။ သူမ၏အီးမေးလ်အား ဖွင့်ကာ ဝင်လာသော အီးမေးလ်အား တိတ်ဆိတ်စွာ ဖတ်လိုက်သည်။

သိပ်မကြာမီ …

သူမ၏ မျက်နှာထက်တွင် ထူးဆန်းသော အရိပ်အယောင် ပေါ်ထွက်လာခဲ့သည်။ သူမသည် ချက်ချင်းပင် သစ်လုပ်ငန်းလုပ်သော ထန်ရှုအကြောင်း ဖတ်လိုက်သည်။ သို့သော် ဒုတိယ တစ်ယောက်သည် အထက်တန်း ကျောင်းသား တစ်ယောက် ဖြစ်နေသည်။

“တစ်ချိန်တုန်းက ဉာဏ်ကြီးရှင်ဖြစ်ခဲ့ပြီး ကားမတော်တဆမှုကြောင့် ရူးပေါပေါတစ်ယောက် အဖြစ် ပြောင်းလဲသွားသူလား ...”

ခန်းရှ၏မျက်ခုံးများ တွန့်သွားရသည်။ အတွေးများသည် သူမ၏ မျက်ဝန်းထက်တွင်ပင် ပေါ်ပေါက်လာသည်။ သည်မှတ်စုအတွက်သာ ရောက်မလာဘူးဆိုပါက သူမ၏ရင်ထဲမှ အတွေးအား လွှင့်ပစ်မိလိမ့်မည်။ ခန်းရှသည် ကွန်ပျူတာပိတ်ကာ ကြယ်တာရာမြို့သို့ ကိုယ်တိုင် သွားကြည့်ရန် ဆုံးဖြတ် လိုက်တော့သည်။

ခန်းရှသည် သူမ ခေါ်ထားခဲ့သော နံပါတ်တစ်ခုအား လှည့်ကာ ပြောလိုက်သည်။ “အင်ဒီ … ကြယ်တာရာမြို့ကိုသွားဖို့ ငါ့ကို လေယာဉ်လက်မှတ် တစ်စောင် ဘွတ်ကင်တင်ပေးပါ။ မနက်ဖြန် မနက်လေယာဉ်နဲ့”

“ပြဿနာ မရှိဘူး”

အသံရှင်သည် ပြန်ဖြေပြီးနောက် သူမသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ စူးစမ်းလိုက်သည်။

“သူဌေး ...  ကြယ်တာရာမြို့မှာ ဘာသွားလုပ်မှာလဲ။ ထန်ရှုကို သွားကြည့်ဖို့လား”

ခန်းရှသည် နှုတ်ခမ်းလေးတွန့်ကာ လှပစွာ ပြုံးလိုက်ပြီးနောက် ပျော်ရွှင်သော လေသံဖြင့် …

“ဒီတလော အခက်အခဲတွေ ရင်မဆိုင်ရတော့ ပျင်းနေတယ်လို့ မခံစားရဘူးလား။  ငါ အခွင့်အရေး တစ်ခုကို အနံ့ခံမိနေတယ်။ ကြယ်တာရာမြို့ကိုသွားတဲ့ ဒီခရီးသာ အောင်မြင်ခဲ့ရင် နင်လည်း အသိအမှတ်ပြု ခံရပြီး အလုပ်တွေ ပြန်စလုပ်ရတော့မယ်”

“ကောင်းလိုက်တာ ...” အင်ဒီ၏အသံသည် ကျေနပ် ပျော်ရွှင်မှုများနှင့် ဖြစ်သည်။

ဆိုရိုးစကား ရှိသည့်အတိုင်း အစောပိုင်း စီစဉ်ခြင်းသည် အောင်မြင်မှုအတွက် သော့ချက်ဖြစ်သကဲ့သို့ နေ့အတွက် အတွေးအခေါ်များသည် မနက်ခင်းပိုင်းမှ လာသည်။

နံနက်ခင်း နေရောင်ခြည် အလင်းသည် တောက်ပစွာ ထွန်းလင်းကာ ကမ္ဘာကြီးအား အနွေးဓာတ်ပေးချိန်တွင် ထန်ရှုသည် ကျောင်းသို့ အပြေးအလွှား သွားလေသည်။

သူသည် တန်းခွဲ-၁၀သို့ လျှောက်ကာ ဝင်သွားချိန်တွင် ကျောင်းသားများသည် တစ်နေရာတွင်  စုဝေးကာ အတင်းပြောနေ ကြသည်ကို တွေ့ရပြီး စာသင်ခန်းသည် ဆူညံရှုပ်ပွနေသည်။ ယွမ်ချူးလင်သည်  သူ၏နေရာတွင် တိတ်ဆိတ်စွာ ထိုင်ကာ စာဖတ်နေသည်။

“ဘာ …ဒီကလေးရဲ့ အကျင့် ပြောင်းလဲသွားတာလား ...”

စိတ်ထဲမှ တီးတိုး ရေရွတ်ကာ ထန်ရှုသည် သူ၏နေရာသို့ လျှောက်သွားလိုက်သည်။

ထန်ရှု အခန်းထဲသို့ ဝင်လာသည်နှင့် ဆူညံနေသော အခန်းမှာ ရုတ်ခြည်း တိတ်ဆိတ်သွားသည်။  ကျောင်းသား အများစုသည် ထန်ရှုအား စူးစိုက် ကြည့်နေကြသည်။

“ဘယ်လိုလဲ။ ဒီကောင် တကယ် မျက်နှာပြောင်တဲ့ ကောင်ပဲ။ ဒီနေ့အတန်းကိုတောင် လာတက်ရဲသေးတယ်။ ဆရာမဟန်ကို မကြောက်ဘူးဆိုတဲ့ သဘောလား” အသံများ ရုတ်တရက် ထွက်ပေါ်လာပြီး ရုတ်ခြည်းပင် ဆူညံသွားတော့သည်။

“ဒါမှန်တယ်။ ဆရာမဟန်ရဲ့စိတ်က ဟိုရက်တွေက အခြေအနေကောင်းတာ မဟုတ်ဘူး။ သူမ စာသင်ခန်းထဲရောက်ရင် ထန်ရှုနေရာကိုပဲ စိုက်ကြည့်နေတာ။ ဆရာမဟန် အတန်းကနေ မောင်းထုတ် ပစ်လိမ့်မယ်လို့ ငါ လောင်းလိုက်ချင်သေးတယ်”

“ငါ့ကောင်တွေ ...  ထန်ရှုက စိတ်ကြီးဝင်တဲ့ အခြေအနေကို ရောက်နေပြီ။ သူ ပြန်လာပြီး ဘာမှ $ဂရုမစိုက်ဘူးဆိုတဲ့ပုံံစံနဲ့ နေတယ်။ ဆရာမဟန်ရဲ့ လက်ချာချိန်ကို သည်ငနဲက စိတ်အနှောင့်အယှက် ဖြစ်စေဦးမှာ သေချာတယ်”

“ကြွက်စုတ် တစ်ကောင်ပါကွာ။ ဒီကောင်က ငါ့သွေးတွေကို ဆူပွက်စေတယ်။ ဘယ်လိုအမှိုက်က ငါတို့အတန်းထဲ ရောက်လာရတာလဲ။ ငါသာ ဆရာမဟန်ဆိုရင် တံမြက်စည်းယူပြီး ဒင်းကို လှည်းထုတ်လိုက်မှာ”

“ … ...”

သူ၏ ကောင်းမွန်လှသော အကြားစွမ်းရည်ဖြင့် အတန်းဖော်များက သူ့အား ဆဲဆိုနေသော အသံအား ထန်ရှုသည် ပီပီသသ ကြားနေရသည်။ သို့သော် သူတို့အား လျစ်လျူရှုထားသည်။ သည်ဟာသည် သူ့အတွက် ပုံမှန်တည်ရှိမှု ဖြစ်သည်။ သူ တစ်ခုခု ပြောလိုက်ရင်တောင်မှ အသုံးဝင်မည် မဟုတ်ပေ။

သည်ဟာသည် ပညာရှိတစ်ယောက်၏ ကျော်ကြားသော စကားများကဲ့သို့ ဖြစ်သည် - ကမ္ဘာကြီးက လူများသည် ကျွန်ုပ်အား စော်ကားကြရင်၊ အနိုင်ကျင့်နေရင်၊ အရှက်ရစေရင်၊ ရယ်မောကြရင်၊ လျစ်လျူရှုကြရင်၊ မုန်းတီးကြရင်၊ လိမ်ညာကြရင် အကောင်းဆုံး နည်းလမ်းက ထိုသူတို့အား သည်းခံလိုက်ရန် ဖြစ်သည်။ သူတို့အား ထားခဲ့လိုက်ပါ၊ ရှောင်ကြဉ်လိုက်ပါ၊ သည်းခံလိုက်ပါ၊ လေးစားလိုက်ပါ၊ နောက်ဆုံး လျစ်လျူရှုလိုက်ပါ။

နှစ်အနည်းငယ် စောင့်ပြီးနောက် သူတို့နှင့်တစ်ဖန် တွေ့ဆုံပါ။

ထို့အတူ ထန်ရှုသည် လူအန္ဓများနှင့် အသေးအဖွဲကိစ္စ ကတောက်ကဆ စကားများ ရန်ဖြစ်ခြင်းသည် မိမိကိုယ်တိုင်အား လူအန္ဓဖြစ်အောင် လုပ်နေခြင်းပင် ဟူသော အခြား ဆိုရိုးစကားအား နှစ်သက်သည်။ သူသည် မိမိကိုယ်အား လူအန္ဓ မဖြစ်စေချင်သောကြောင့် ထိုသူတို့အား လုံး၀ လျစ်လျူရှု လိုက်တော့သည်။

“အစ်ကိုကြီး … လာပြီလား ...”

ယွမ်ချူးလင်သည် ထန်ရှုရောက်လာသည်အား နောက်ဆုံးတွင် သိလိုက်သဖြင့် စိတ်လှုပ်ရှားစွာဖြင့် မတ်တတ် ရပ်လိုက်လေသည်။

ထန်ရှုသည် ယွမ်ချူးလင်မှ သူ့အား ကျယ်လောင်ပြီး အားပြင်းစွာဖြင့် သူ၏ပခုံးအား ပုတ်လိုက်လိမ့်မည်ဟု ထင်မထားချေ။ သူသည် ထန်ရှုအား နေရာတွင် ထိုင်ခိုင်းလိုက်ပြီး သူလည်း သူ့နေရာတွင် ထိုင်လိုက်သည်။ သို့သော် သူ၏အရှေ့တွင် ထိုင်သော ချန်းယန်နန်သည် အဖြေရှာဟန်ဖြင့် နောက်သို့လှည့်ကာ  လေသံတိုးတိုးဖြင့် သူတို့၃ယောက်သာ ကြားနိုင်သော အသံဖြင့် ပြောလိုက်သည်။

“ထန်ရှု … နင် ဟို ကိုယ်တွင်းအင်္ဂါတွေ ကုန်ကူးရောင်းချတဲ့ အဖွဲ့ကို သတ်လိုက်တာ မဟုတ်လား”

ထန်ရှုသည် ဇဝေဇဝါဟန်ဖြင့် ပြန်လည် မေးလိုက်သည်။ “နင် ဘာကိုဆိုလိုတာလဲ။ ငါ မသိဘူး”

ချန်းယန်နန်သည် မျက်မှောင် ကုတ်သွားကာ …

“နင်မဟုတ်ဘူးလား။ ငါအစ်မကြီးက လူငယ်တစ်ယောက် လုပ်သွားတယ် ပြောတယ်။ နင်ကလည်း ကျောင်းကနေ ပျောက်နေတာကြာပြီ ဆိုတော့ အဲဒီ မကောင်းဆိုးဝါးတွေကို သတ်လိုက်တာ နင်ပဲလို့ တွေးလိုက်မိတာ”

“အိုက်ယား … နင် သိုင်းစာအုပ်တွေ တအားဖတ်တယ်နဲ့ တူတယ်” ထန်ရှုသည် ပြုံးကာ ပြောလိုက်သည်။

ချန်းယန်နန် မျက်နှာ နီရဲသွားကာ အရှေ့သို့ ပြန်လှည့်သွားသည်။

ယွမ်ချူးလင်သည် ချန်းယန်နန်၏ နောက်ကျောအား ကြည့်ကာ အသံအား တိုးနိုင်သမျှ တိုးလျက် ထန်ရှုအား ကျေးဇူးတင်သော အမူအရာဖြင့် ပြောလိုက်သည်။

“အစ်ကိုကြီး ...  ကျေးဇူးတင်ပါတယ်”

ထန်ရှုသည် ကြောင်သွားသော်လည်း လျှပ်တစ်ပြက် အတွင်း လျင်မြန်စွာ နားလည်သွားပြီး တီးတိုး ပြန်ပြောလိုက်သည်။

ယွမ်ချူးလင် ခေါင်းညိတ်ကာ ပြောပြလိုက်သည်။

“အမေက ကျွန်တော့်ကို အကုန်ပြောပြတယ်။ သူ ပြောတဲ့လူပုံစံက အစ်ကိုကြီးပဲလို့ ကျွန်တော် သိလိုက်တယ်။ အစ်ကိုကြီး သည်ရင်းနှီးမှုကို ကျွန်တော့်ရင်ထဲ နက်နက်ရှိုင်းရှိုင်း ထားရလိမ့်မယ်။ နောက် တစ်ခုခုဖြစ်ခဲ့လျှင် ကျွန်တော့်ကို မမှီခိုလို့မရတဲ့ အစ်ကိုကြီးရဲ့ အစေခံလုပ်ပါမယ်”

“အရူးကောင် ... ထွက်သွား ...” ထန်ရှုသည် ရယ်မောကာ ပြန်ဆဲပေးလိုက်သည်။

သူတို့သည် ပေါက်တတ်ကရ ဟာသများ ပြောနေရင်း မျက်နှာ အေးစက်စက်နှင့် အတန်းဆီသို့ လျှောက်လာသော အတန်းပိုင်ဆရာမ ဟန်ကျင်းဝူအား တွေ့လိုက်သော အခါတွင် စာသင်ခန်းသည် တဖြည်းဖြည်း ငြိမ်သက် သွားလေတော့သည်။ သူမသည် ထန်ရှုအား မြင်သော် လေးနက်သော အသံဖြင့် ချက်ချင်း ပြောလိုက်သည်။   “ထန်ရှု … ထွက်လာခဲ့”

ထန်ရှုသည် လက်မြှောက်လိုက်ပြီး သူ၏နှာခေါင်းအား ပွတ်လိုက်မိသည်။ ဟန်ကျင်းဝူ၏ မျက်နှာမှ  ဒေါသ အရိပ်အယောင်အား တွေ့လိုက်သောအခါ သူသည် ဒုက္ခတော့ လှလှရောက်ပြီဟု  တွေးမိတော့သည်။

သူ့အား ဂရုဏာသက်စွာ ကြည့်နေသော ချန်းယန်နန်အား ကြည့်ရင်း သူသည် ယွမ်ချူးလင်၏ ခြေထောက်အား တက်နင်းမိသောကြောင့် နာကျင်စွာ အော်လိုက်သော ယွမ်ချူးလင်၏ အသံအား နောက်ချန်ထားကာ အခန်းအပြင်သို့ ထွက်လိုက်သည်။

ကော်ရစ်ဒါတွင် …

ဟန်ကျင်းဝူသည် ထန်ရှုအား တည်ကြည် လေးနက်စွာ ကြည့်နေပြီး အချိန်အတော်ကြာသည့် တိုင်အောင် စကားတစ်လုံးမျှ မပြောချေ။

တစ်မိနစ်ကြာသွားသော အခါ ထန်ရှုသည် သည်းမခံနိုင်တော့ ဟန်ဖြင့် အပြုံးနှင့် တိတ်ဆိတ်မှုအား  ဖြိုခွင်းလိုက်သည်။

“ဆရာမဟန် … ကျွန်တော့်ကို မြင်တဲ့ခဏ ဆရာမ ခေါ်ခဲ့တယ်။ ကျွန်တော့်မျက်နှာမှာ စိုက်ပျိုးထားတဲ့ ပန်းတွေကို ကြည့်ဖို့ ခေါ်တာတော့ မဟုတ်ဘူး မဟုတ်လား”

သူ့စကား ကြားသည်နှင့် ဟန်ကျင်းဝူ စိတ်ဆိုးသွားပြီး …

“နင့်မှာ ငါ့ကို ဒီလိုပြောပြီး အပြစ်ကင်းစင်တဲ့ မျက်နှာနဲ့ ပြုံးနိုင်သေးတယ်ပေါ့ ဟုတ်လား။ အဆီပြန်နေတဲ့ ပါးစပ်နဲ့လည်း စကားပြောရဲ သေးတယ်ပေါ့။ ငါ နင့်ကို အခန်းထဲက မကန်ထုတ်ဘူးလို့ ထင်နေတာများလား။ အခု ပြော နင်ဟိုရက်တွေက ဘယ်ရောက်နေတာလဲ။ ကျောင်းပြေးတယ်။ ငါ့ကိုတောင် ကျောင်းအပြင်ဘက် ထွက်ဖို့ ခုတုံး လုပ်သွားသေးတယ်။ ဒါ လက်မခံနိုင်စရာ ချိုးဖောက်မှုပဲ”

“ ….”

ထန်ရှု၏ခေါင်းသည် ရုတ်ခြည်းပင် အနက်ရောင် လိုင်းများဖြင့် ပြည့်နှက်သွားရသည်။

သူကျောင်းပျက်သဖြင့် ဟန်ကျင်းဝူ စိတ်ဆိုးနေသည်ဟု ပထမထင်ခဲ့သည်။ တကယ်တမ်း သူမစိတ်ဆိုးနေရသည့် အကြောင်းရင်းမှာ သူမ၏ စောင့်ရှောက်မှုဖြင့် ထန်ရှု ကျောင်းလစ်သွားခြင်းကို ပင်တည်း။

သူ မှားခဲ့သောကြောင့် ထန်ရှာသည် ကသိကအောက် ဖြစ်နေသောဟန်ဖြင့် မချိပြုံး ပြုံးလိုက်ပြီး …

“အာ … ဒီဟာက … ဒီဟာက ...  ကျွန်တော်ထွက်သွားဖို့ အလျင်လိုနေခဲ့လို့ပါ။ ဆရာမဟန် ကျွန်တော် ပြောဖို့ အချိန်မရခဲ့လို့ဆိုတာ ကျိန်ပြောရဲပါတယ်။ ကျွန်တော် အမှားလုပ်မိမှန်းလည်း သိပါတယ်။ ဆရာမမှာ ကြင်နာ သနားတတ်ပြီး ခွင့်လွှတ်သည်းခံတတ်တဲ့ နှလုံးသားရှိတယ် မဟုတ်လား။ ဒီရိုးသားပြီး အကျင့်စရိုက်ကောင်းတဲ့ ကျောင်းသားနဲ့ ဖက်ဖြစ်ပြီးတော့ ဆရာမရဲ့အဆင့်ကို မချလိုက်ပါနဲ့လား”

ကြင်နာသနားတတ်ပြီး ခွင့်လွှတ်သည်းခံတတ်တဲ့ နှလုံးသား ရှိတယ်ဟုတ်လား။ နင့်ကြီးတော်ချည်းပဲ ရှိနေလိုက် ...။

ဟန်ကျင်း၀ူသည် ထန်ရှုအား စိတ်ဆိုမာန်ဆိုးဖြင့် ကြည့်ကာ ဆဲဆိုလုနီးပါး ဖြစ်သွားသည်။

ဒီရိုးသားပြီး အကျင့်စရိုက်ကောင်းတဲ့ ကျောင်းသား ဟုတ်လား။ နင့်မေကလွှားပဲ ဖြစ်နေလိုက် အဲဒီမှာ။

သူသာ ဒီရိုးသားသည့် ကျောင်းသား ဖြစ်ခဲ့ပါက ကမ္ဘာမြေတွင် ရိုးသားသော ကျောင်းသားပင် ရှိလိမ့်မည် မဟုတ်ချေ။ မည်သည့်ရိုးသားသော ကျောင်းသားသည် အတန်းပြေးရဲ ပါလိမ့်မည်နည်း …။

သူမ အမုန်းဆုံးအရာသည် သူအတန်းလစ်ရန် အတွက် ဆရာဖြစ်သူ သူမအား ကျောင်းအပြင်သို့ လိုက်လံ ပို့ဆောင်ပေးခိုင်းသည့် ကိစ္စပင် ...။

“ကောင်းပြီ ...။ နင့်မှာ ပြောဖို့ တစ်စုံတစ်ခု ရှိနေသေးတယ် ထင်လို့ ငါ နင့်ရဲ့ အကြောင်းပြချက်တွေကို နားထောင်ပြီး ဖြေလျှော့ပေးဖို့ စဉ်းစားမယ်”

ဟန်ကျင်းဝူသည် ထန်ရှုအား လွယ်လွယ်နှင့် မလွှတ်ပေးနိုင်သေးချေ ...။ ပြီးခဲ့သော ရက်အနည်းငယ်က ခါးသီးစွာ သူမ ခံစားခဲ့ရသည်။ ထန်ရှုအား အနည်းဆုံးတော့ မျက်ရည်ဝဲစေရန် ဆောင်ရွက်ဖို့တော့ လိုသည်။ ကောလိပ်စာမေးပွဲသည် နီးကပ်လာပြီ ဖြစ်သကဲ့သို့ အချိန်သည် များစွာ မကျန်တော့ချေ။ သူမအနေဖြင့် ထန်ရှုအား ကျောင်းစာအား ပြန်လည်လေ့လာပြီး  ကောလိပ်ဝင်ခွင့်ရရှိရန် အတွက် သေချာအောင် လုပ်ရစေမည် ဖြစ်သည်။

*****

All Chapters