← Chapters

ယုံကြည်ရသော လက်အောက်ငယ်သားများ

Vol. 02 Ch. 76

ယုံကြည်ရသော လက်အောက်ငယ်သားများ

Vol. 02 Ch. 76

စတားဘက် ကော်ဖီဆိုင် …

ထန်ရှုနှင့် ခန်းရှသည် မျက်နှာချင်းဆိုင် ထိုင်လျက်ရှိပြီး တစ်ယောက်နှင့် တစ်ယောက် စကားမဆိုဘဲ အကဲခတ် ကြည့်ရှုနေကြသည်။ ထန်ရှုသည် ကော်ဖီမသောက်ဘဲ ရေတစ်ခွက်အား ကိုင်ထားလျက် ခန်းရှအား ကြည့်နေစဉ်တွင် ခန်းရှသည် သူမ၏ကော်ဖီအား ဇွန်းလေးဖြင့် မွှေလျက်ရှိသည်။ ထို့နောက် ခေါင်းလှည့်ကာ ပြတင်းပေါက်မှ တစ်ဆင့် အပြင်ဘက်သို့ ကြည့်နေသည်။

ခန်းရှ၏လက်သည် ကော်ဖီမွှေနေရာမှ ရပ်တန့်သွားသည်။ သူမ၏ မျက်ခုံးများသည် အနည်းငယ် တွန့်ချိုး သွားသော်လည်း လျှပ်တစ်ပြက် အတွင်း၌ပင် သူမ၏မူလပုံဟန်သို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိသွားသည်။ သူမသည် ထန်ရှုအား မြင်အောင် မကြည့်နိုင်ကြောင်း သိသွားခဲ့ပြီး သည်ဟာသည် ပဟေဠိဆန်သော ခံစားမှုဖြစ်ပြီး သူမအတွက် မယုံကြည်နိုင် လုနီးပါးပင် ဖြစ်ရသည်။

သူမသည် အစောပိုင်းနှစ်များ ကပင် လူ့အသိုင်းအဝိုင်း အတွင်းသို့ ဝင်ရောက်ခဲ့ပြီး စီးပွားရေး လောကထဲတွင် ၇နှစ် ၈နှစ်ခန့် ရုန်းကန်ခဲ့ပြီး ဖြစ်သည်။ သူမသည် မရေမတွက်နိုင်သော လူများအား တွေ့ခဲ့ပြီး ဖတ်ရှုလေ့လာရာတွင် အနည်းငယ်မျှသာ သူမ မဖတ်ရှုနိုင်ခြင်း ဖြစ်သည်။ ထိုသူများသည် စီးပွားရေးလောက၏ လက်ရွေးတကာ့ လက်ရွေးစင်များ သို့မဟုတ် ချမ်းသာသော မိသားစုမှ အံ့သြစရာလူများသာ ဖြစ်သည်။

“ထန်ရှု ...” နောက်ဆုံးတွင် ခန်းရှ မနေနိုင်တော့သဖြင့် ခေါ်လိုက်တော့သည်။

ထန်ရှု ခေါင်းလှည့်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်တော့်ကို ကြည့်ရုံသက်သက်နဲ့ မစ္စခန်းရှက မိုင်ထောင်ပေါင်းများစွာ ကနေ ကြယ်တာရာမြို့ကြီးကို အပြေးလာလိမ့်မှာ မဟုတ်ဘူးလို့ ထင်နေတာ”

“ခွိ ...”

ခန်းရှ ရယ်မောလိုက်သည်။ သူမသည် ခေါင်းကို ယမ်းကာ ပြန်ပြောလိုက်သည်။

“နင် ... နင်က တကယ်စိတ်ဝင်စားဖို့ ကောင်းတဲ့ ကောင်လေးပဲ။ ငါ့အတွက် ပိုပြီး ပျော်ရွှင်စရာ ကောင်းတာတွေ လာလိမ့်မယ်လို့ ငါ ပြောနိုင်တယ်။ ရိုးရိုးသားသား ပြောရရင် ငါ နင့်အကြောင်း ပိုသိချင်တယ်”

ထန်ရှုသည် ပြုံးကာ ပြောလိုက်သည်။

“ခင်ဗျားက ငယ်ရွယ်တဲ့ အမျိုးသမီး တစ်ယောက်ပါ။ ကျွန်တော့်ကို ဒီလိုအကြည့်မျိုးနဲ့ ကျေးဇူးပြုပြီး မကြည့်ပါနဲ့။

ကျွန်တော် ခင်ဗျားကို ကြိုပြီး အကြံပေးချင်တာက ကျွန်တော့်ကို နည်းနည်းလေးမှ စိတ်မဝင်စားပါနဲ့။ ဒါမှမဟုတ်ရင် နောင်မှ ခင်ဗျား နောင်တတွေ ရလိမ့်မယ်”

ခန်းရှ တစ်ခဏ အံ့အားသင့်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ငါက ဘာကြောင့် နောင်တရရမှာလဲ …”

ထန်ရှုသည် အပြုံးဖြင့် အဖြေပေးလိုက်သည်။

“သည်လိုမျိုး တစ်ဆင့်စကား ရှိတယ် - အမျိုးသမီး တစ်ယောက်က အမျိုးသား တစ်ယောက်ကို စိတ်ဝင်စားသွားပြီ ဆိုတာနဲ့ ယောက်ျားရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်သွားပြီးတော့ အဲဒီသူရဲ့ အိမ်မှုကိစ္စတွေပါ လုပ်ပေးရတယ်တဲ့။ ကျွန်တော့်ကို ခင်ဗျား မချစ်စေချင်ပါဘူး။ ခင်ဗျားကို အလုပ်ခန့်ပြီးသွားရင် ကွန်တော့်အတွက် ငွေကောင်းကောင်း ရှာပေးရုံအတွက်ပဲ ကျွန်တော် မျှော်လင့်ပါတယ်”

“ဟာ …ဟာ ... ဟ ...”

ခန်းရှ ရယ်လိုက်ရသည်မှာ မျက်ရည်များပင် ထွက်လုမတတ်ပင်။

“ဒီဟာ သိပ်ပြီး စိတ်ဝင်စားဖို့ ကောင်းတယ်။ ထန်ရှု … ဒီနေ့ ငါတို့ အလုပ်မဖြစ်ရင် တောင်မှ ငါ နင်နဲ့ သူငယ်ချင်း ဖြစ်ချင်တယ်”

သူငယ်ချင်းတဲ့လား …။

ထန်ရှုမျက်နှာပေါ်မှ ပျော်ရွှင်ရိပ်သည် ကွယ်ပျောက် သွားခဲ့ရသည်။ အင်မော်တယ် ကမ္ဘာတွင် သူ၏ သူငယ်ချင်းများအား ယုံကြည်မှုသာ မပေးခဲ့ပါလျှင် သူသည်  ဤကဲ့သို့ ဆိုးဆိုးဝါးဝါး အဆုံးသတ်ရလိမ့်မည် မဟုတ်ချေ။ လွတ်လပ်သည့် ကိုယ်ပိုင် သဘောထား ဖြစ်ဟန်ဖြင့် ထန်ရှုသည်။

“ကျွန်တော် သူငယ်ချင်း မလိုဘူး။ ကျွန်တော် လိုအပ်တာက လက်အောက် ငယ်သားတွေပါပဲ။ ခင်ဗျားမှာ ဒီလိုရည်ရွယ်ချက်ရှိနေရင် အဲဒါကို စွန့်လွှတ်ပြီး ပြန်သွားဖို့ ကျွန်တော် အကြံပေးချင်တယ်”

ခန်းရှ၏မျက်နှာမှ အပြုံးများ အေးခဲသွားသည်။ ထန်ရှုအား ထူးဆန်းသော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ အတန်ကြာအောင် ငြိမ်သက်နေပြီးမှ သူမသည် ပြောလိုက်သည်။

“ကောင်းပြီ ...  နင့်အကြံကို ငါ လက်ခံတယ်။ အခု ပြောကြရအောင်။ ငါ့ကို နင့်ရဲ့ လက်အောက်ဝန်ထမ်း အဖြစ် ခန့်ဖို့ နင့်မှာ ဘာကောင်းတာတွေ ရှိလဲ”

ထန်ရှု တည့်တည့်ပဲ ပြောလိုက်သည်။ “၃ချက် ရှိတယ်။ ကျွန်တော် ခင်ဗျားကို လွတ်လပ်တဲ့ နယ်မြေတစ်ခု ပေးမယ်။ ဒုတိယ ကျွန်တော့်မှာ အရည်အချင်းတွေ ရှိတယ်။ တတိယ ကျွန်တော့်အတွက် ငွေရှာပေးနိုင်ရင် ခင်ဗျားရဲ့ရည်မှန်းချက် အောင်မြင်ဖို့ ကျွန်တော် ကူညီနိုင်တယ်”

သည်ဟာများသည် ခန်းရှ၏ အားနည်းချက်များ ဖြစ်ပြီး သူမ မငြင်းနိုင်သော အချက်များ ဖြစ်သည်။ သို့သော်လည်း သူမသည် အပေးအယူလုပ်ရန် ခက်ခဲသော လူတစ်ယောက်ပီပီ ထန်ရှုအား စူးစူးနစ်နစ် ကြည့်လိုက်ပြီး မေးလိုက်သည်။

“ငါ သိထားတဲ့အတိုင်း နင်လည်း ကုမ္ပဏီကို မှတ်ပုံ မတင်ရသေးသလို ငါလည်း နောက်ဆုံး ထုတ်ကုန်၂ခုရဲ့ စစ်ဆေးမှုရလဒ်ကို မှန် မမှန် မစစ်ရသေးဘူး”

ထန်ရှုသည် သူ၏အိပ်ကပ်ထဲမှ ကြွေပုလင်း၂လုံးအား ထုတ်ကာ ခန်းရှ၏အရှေ့မှ စားပွဲပေါ်သို့ တင်ထားလိုက်သည်။ ထို့နောက် သူသည် အေးဆေးစွာ ပြောလိုက်သည်။

“ဒီဟာက အသားဖြူလိမ်းဆေးနဲ့ ဒီဟာကတော့ အမာရွတ်ပျောက်ဆေး ခရင်မ်။ ခင်ဗျားပြန်တဲ့အခါ ယူသွားပြီး စစ်လိုက်ပါ။ တစ်ပတ်အတွင်း အဖြေသိရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။  ကုမ္ပဏီကို မှတ်ပုံတင်တဲ့ဟာက ကျွန်တော် မလုပ်ရသေးတာ။ ခင်ဗျားလိုအပ်ရင် ဒီရက်ပိုင်းထဲ ကျွန်တော် လုပ်ထားလိုက်မယ်”

ခန်းရှသည် ကြွေပုလင်း၂လုံးအား သိမ်းလိုက်ပြီး မေးလိုက်သည်။

“နင် ငွေဘယ်လောက် ရင်းနှီးဖို့ ရည်ရွယ်ထားလဲ”

ထန်ရှုသည် ခေါင်းကိုယမ်းပြီး ပြောလိုက်သည်။ “ကျွန်တော့်မှာ အခု ပိုက်ဆံမရှိသေးဘူး”

ခန်းရှသည် ထန်ရှုအား ကြည့်ကာ ပြောလိုက်သည်။

“နင် ငါ့ကို နောက်နေတာလား။ ပိုက်ဆံမရှိဘဲ ကုမ္ပဏီကို မှတ်ပုံ တင်ချင်တာလား။ ပြီးတော့ ငါ့ရည်မှန်းချက်တွေ အောင်မြင်အောင် မြှင့်တင်ပေးမှာလား”

ထန်ရှု ပြောလိုက်သည်။ “ကျွန်တော့်မှာ တစ်ပြားမှမရှိဘူး လို့တော့ မပြောနိုင်ဘူး။ ကျွန်တော် ရှယ်ယာ၅%ကို ယွမ်သန်း၂၀နဲ့ ရောင်းထားပြီးပြီ။ ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို ကုမ္ပဏီကို မှတ်ပုံတင်တာရော  နောက်ပိုင်းမှာ လုပ်ငန်းကို စီမံခန့်ခွဲတာရော တာဝန်ပေးချင်တယ်။

ရှယ်ယာ၅%ကို ယွမ်သန်း၂၀နဲ့ ရောင်းထားပြီးပြီလား …။

ခန်းရှ အံ့အားသင့်သွားသည်။ ရုတ်ခြည်းပင် သူမသည် ဟာသကြီး တစ်ခုအား ကြားလိုက်ရသကဲ့သို့ ခံစားမိလာသည်။ ကုမ္ပဏီကို မှတ်ပုံမတင်ရသေးပဲနဲ့ ရှယ်ယာရောင်းပြီးပြီ ဟုတ်လား ...။ ပြီးတော့ မိုးလောက်မြင့်တဲ့ ဈေးနှုန်းနဲ့လေ …။

“မစ္စတာထန် … နင့်မှာ ရိုးသားမှုမရှိရင် ငါတို့ စကားဆက်ပြောလို့ ရလိမ့်မယ်လို့ ငါ မထင်ဘူး။ ငါ လိုအပ်တဲ့ သူဌေးအစစ်က ဘာလဲ။ စကားလုံးတွေနဲ့ လေလုံးထွားနေတဲ့ သူမျိုး မလိုချင်ဘူး”

ထန်ရှုသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး သူသည် လုံကျန့်ယုအား ဖုန်းခေါ်လိုက်သည်။

“ညီလေးထန် ...  ဘာလိုအပ်လဲ”

“ကျွန်တော် နာရီဝက်အတွင်း သန်း၂၀ရင်းနှီးမြှုပ်နှံဖို့ အတွက် လိုလို့။ အစ်ကိုကြီး အဆင်ပြေရင် ကျောင်းနားက စတားဘက် ကော်ဖီဆိုင်ကို ပို့ပေးပါ။ အစ်ကိုကြီးကို ရှယ်ယာရောင်းဖို့ ကျွန်တော် ကတိပေးတယ်။ နို့မဟုတ်ရင် ကျွန်တော် တခြားရှယ်ယာရှင် ခေါ်ရလိမ့်မယ်”

“အိုကေ …”

လုံကျန့်ယု ဖုန်းချသွားသည်။

ခန်းရှသည် ထန်ရှုအား အံ့အားသင့်သော အမူအရာဖြင့် ကြည့်နေသည်။

နာရီဝက်အတွင်း သန်း၂၀ပို့ခိုင်းတာလား။

နောက်နေတာလား။

ထန်ရှုသည် လုံကျန့်ယု၏ ရင်းနှီးမတည်ငွေအား သိသည်။ သန်း၂၀အား နာရီဝက်အတွင်း မဆိုထားဘိ ၁၀မိနစ်အတွင်း ပို့ခိုင်းပါကလည်း ပို့ပေးနိုင်သူ ဖြစ်သည်။ သို့သော် ပိုက်ဆံပို့ခိုင်းသူသည် သူ၏အနီးစပ်ဆုံး လက်ထောက် ဖြစ်လိမ့်မည်။

အချိန်တွေ ကုန်ဆုံးသွားခဲ့သည်။

မိနစ်၂၀ ကုန်သွားခဲ့ပြီ ဖြစ်သည်။

ထန်ရှုသည် တိတ်ဆိတ်နေသည်။ ခန်းရှသည် စိတ်မရှည်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းများ မဖြစ်ဘဲ ထိုအစား မျှော်လင့်ချက်သာ ရှိသည်။ တစ်စုံတစ်ယောက် ကသာ နာရီဝက်အတွင်း ယွမ်သန်း၂၀ လာရောက်ပေးပို့ခဲ့ပါက ထန်ရှု အပြောမကြီးသည်ကို သက်သေပြပြီး ဖြစ်လိမ့်မည်။ သည်ဟာသည် သူ့တွင် အရည်အချင်း ရှိကြောင်းကိုလည်း ပြသရာ ရောက်လိမ့်မည်။

ထိုခဏတွင် …

ကောင်းမွန်စွာ ဝတ်စားထားသော သတ်လတ်ပိုင်း လူတစ်ဦးသည် ကော်ဖီဆိုင်ထဲသို့ မပြေးရုံတမည် ဝင်ရောက်လာသည်။ သူသည် ပတ်ပတ်လည်သို့ ကြည့်ရှုပြီးနောက် ပြောလိုက်သည်။

“ဘယ်သူက မစ္စတာထန်ရှုလဲ ...”

ထန်ရှုသည် လက်မြှောက်ပြကာ မတ်တတ် ရပ်လိုက်ပြီး ထိုလူအား ကြည့်လိုက်သည်။

“ကျွန်တော်က ထန်ရှုပါ … လုံကျန့်ယု လွှတ်လိုက်တာလား ...”

သက်လတ်ပိုင်းလူသည် လေးစားစွာဖြင့် ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့။ အကြီးအကဲလုံက အရမ်း အချိန်လုနေရလို့။ နာရီဝက်အတွင်း သူမမီနိုင်လောက်ဖူးဆို ငါ့ကို ပိုက်ဆံပေးဖို့ လွှတ်လိုက်တာပါ။ မစ္စတာထန် … ဒီဟာက သန်း၂၀ပါတဲ့ ဘဏ်ကတ်ပါ။ ပင်နံပါတ်က ဘဏ်ကတ်နောက်မှာပါ”

ထန်ရှုသည် ဘဏ်ကတ်အား ယူလိုက်သည်။ သက်လတ်ပိုင်း လူထွက်သွားသည်နှင့် သူသည် ထိုဘဏ်ကတ်အား ခန်းရှရှေ့တွင် ထားလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ငွေက ဘဏ်ကတ်ထဲမှာ။ ခင်ဗျား စစ်ကြည့်လိုက်ဦး”

ခန်းရှသည် သူမ၏ဖုန်းအား လျင်မြန်စွာ ယူလိုက်သည်။ လျင်မြန်စွာ စုံစမ်း ပြီးစီးသောအခါ သူမ၏ အမူအရာသည် မယုံကြည်နိုင်ဟန်ဖြင့် အလွန်အမင်း အံ့အား သင့်သွားတော့သည်။

အချိန်အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ သူမသည် ဘဏ်ကတ်အား ထန်ရှုဆီသို့ ပြန်ပေးလိုက်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။

“မစ္စတာထန် …နင့်အရည်အချင်းတွေ သက်သေပြပြီးခဲ့ပြီ။ ဒီအလှကုန်၂လုံးကို ငါ သွားစစ်ကြည့်လို့ ဘေးထွက်ဆိုးကျိုး မရှိဘဲ အကျိုးသက်ရောက်မှု ကောင်းတယ်ဆိုရင် ငါ နင်နဲ့ ဆောင်ရွက်ဖို့ သဘောတူ ဖြစ်လိမ့်မယ်လို့ ငါထင်တယ်”

ထန်ရှုသည် ဘဏ်ကတ်အား ပြန်မယူဘဲ အေးဆေးစွာ ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ ထုန်ကုန်အပေါ် ကျွန်တော် ယုံကြည်ချက်ရှိတယ်။ ခင်ဗျားဆီကို ဖော်မြူလာအတွက် စာတိုတစ်စောင် ပို့ပေးလိုက်မယ်။ ပြီးတော့ ဒီသန်း၂၀ မတည်ငွေနဲ့ စပြီး လုပ်ငန်းလည်ပတ်လို့ ရပြီ။ ထုတ်ကုန် စစ်ဆေးပြီးလို့ ကောင်းကြောင်း သက်သေပြုပြီးတာနဲ့ ခင်ဗျားစကားအတိုင်း တည်အောင်လုပ်ပါ”

ခန်းရှသည် အံ့သြသော လေသံဖြင့် …

“နင် ငါ့ကို တကယ် ယုံတာလား”

“ကျွန်တော်နဲ့ အလုပ်လုပ်မဲ့ သူတွေကို ကျွန်တော် သံသယ မဖြစ်ဖို့လိုတယ်။ ဒီသန်း၂၀က လူအများစုအတွက် မက်မောလောက်စရာ ဖြစ်ပေမဲ့ ကျွန်တော့်မျက်လုံးထဲ မှာတော့ ဒါဟာ ပမာဏသေးတဲ့အပြင် ခင်ဗျားကို စမ်းသပ်ဖို့အတွက် ထိုက်တန်တယ်”

ခန်းရှသည် လက်မထောင်ကာ ချီးကျူးလိုက်သည်။

“အာ … အရေးမကြီးတဲ့ အရာတွေကို လျစ်လျူရှုတာဟာ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရဖို့အတွက်ပဲ။ ဒီအလှကုန်၂ခုက နင်ပြောတဲ့အတိုင်း အမှန်တကယ် အကျိုးသက်ရောက်မှု ရှိပါစေလို့ ငါ မျှော်လင့်တယ်။ အဲ့ဟာဆိုရင် ငါ နင့်ရဲ့လက်အောက်ငယ်သား အဖြစ် လုပ်လို့ရပြီ။ နောက်ဆုံးမေးခွန်း … ဒီမတည်ငွေအပြင် နောက်ထပ် နင်ဘယ်လောက်ထည့်ဖို့ ရည်မှန်းထားလဲ”

ထန်ရှု တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။

“ကျွန်တော် မသိသေးဘူး …”

ဘာလဲ …။ ခန်းရှသည် ထန်ရှုအား ထူးဆန်းသော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ ထန်ရှုသည် လက်အိတ် အလွတ်များထဲမှ ဝံပုလွေအဖြူ တစ်ကောင်နှင့် တူသည်ဟု ရုတ်တရက် သူမ ခံစားမိသည်။

ချီတုံချတုံ ဖြစ်ပြီးနောက် သူမသည် ပြုံးလျက်

“မစ္စတာထန် … ငါ့မေးခွန်းကို မဖြေနိုင်ရင် ငါ မေးခွန်း ပြောင်းလိုက်မယ်။ ငါသာ အလုပ်ဝင်မယ်ဆိုရင် ငါ့ကို ဘယ်လို ကမ်းလှမ်းမှာလဲ”

ထန်ရှုသည် တွေဝေခြင်းမရှိဘဲ ဖြေလိုက်သည်။

“၁၀%ရှယ်ယာ ...”

“၁၀%ပဲလား” ခန်းရှ အံ့အားသင့်စွာ မေးလိုက်သည်။

တုံ့ဆိုင်းခြင်းမရှိဘဲ ထန်ရှု ပြောလိုက်သည်။

“ဟုတ်တယ် ...။ ၁၀%ပဲ။ ပိုမရဘူး”

ခန်းရှသည် ပခုံးနှစ်ဖက်ကိုသာ တွန့်ပြ လိုက်တော့သည်။ ထို့နောက် သူမသည် ပြုံးကာ ပြောလိုက်သည်။

“၁၀% ...  အာ ...။ အနာဂတ်မှာ ကုမ္ပဏီပိုကြီးထွား လာခဲ့ရင် ငါ ကန်ထုတ်မခံရဖို့ မျှော်လင့်ပါတယ်”

“ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ ကုမ္ပဏီကို စီမံခန့်ခွဲဖို့ အချိန်မရှိလို့ ကျွန်တော့်အတွက် လုပ်ဆောင်ပေးမဲ့ အခြားသူတွေရဲ့ ဉာဏအား၊ ကာယအားတွေ လိုတယ်လေ”

ခန်းရှသည် ရယ်မောလျက် ...

“နားလည်ပါပြီ။ စကားမစပ် အခုအကုန်ပြောဆိုပြီး ဖြစ်တော့ ငါ အရင်သွားတော့မယ်”

ထန်ရှု ခေါင်းညိတ် ပြလိုက်သည်။

ခန်းရှသည် ဇဝေဇဝါဟန်ဖြင့် မေးလိုက်သည်။

“နင် ကျောင်းကို မပြန်ရဘူးလား”

ထန်ရှုသည် ပြုံးကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ကျောင်းမှာ လေ့လာသင်ယူဖို့ လိုသမျှဘာသာရပ်တွေ အားလုံး ကျွန်တော် အကြာကြီး လေ့လာပြီးပြီ။ အဲဒါကြောင့် အဲဒီမှာ နေရတာ ပျင်းစရာ ကောင်းလာတယ်။ ကျွန်တော် အနားယူချင်လာတယ်”

ခန်းရှ ပျင်းရိပျင်းတွဲ ပြုံးလိုက်သည်။

“အာ ... ကြည့်ရတာ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ငါက နင့်ကို ပျက်ဖို့အတွက် ကူညီပေးလိုက်သလိုပဲ ဟုတ်တယ် မဟုတ်လား”

“ဟုတ်ပါ့ ...”

“ဟာ ... ဟာ ... ဟ ...”

ခန်းရှ ထွက်ခွာသွားပြီး နောက်တွင် ထန်ရှုသည် သူ အနိုင်ရလိုက်သည်နှင့် သူမ လုပ်ဖြစ်လိမ့်မည်ဟု ယုံကြည်သည်။ ထို့ကြောင့် သူသည် လုပ်ပိုင်ခွင့်နှင့် စည်းမျဉ်းများအား ခန်းရှဆီသို့ ကုမ္ပဏီကို မှတ်ပုံတင်ရန် ၊ ကုမ္ပဏီဖွဲ့စည်းရန်၊ ထုတ်လုပ်မှု ဆောင်ရွက်ရန် အတွက် ပေးလိုက်သည်။ လုံကျန့်ယု၏ အကူအညီဖြင့် အစောပိုင်း ကာလများတွင် အလွန် အဆင်ပြေ ချောမွေ့လိမ့်မည်။ သို့သော် ခန်းရှ ရည်ညွှန်းသွားသော နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု အတွက် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ သူ့အား အနည်းငယ် စိတ်ဓာတ်ကျစေသည်။

“ကုန်းတာလုံသာ ငါ့ရဲ့ခွင့်အတွက်နဲ့ အမေ့ကို ပြောဖို့အတွက် တကယ် ကူညီနိုင်မယ်ဆိုရင် ငါ သူ့ကို ကူညီဖို့ ထွက်ခွာလို့ရမယ် ကျားလွေဒေါင်ကိုလည်း ကူညီနိုင်မယ်။ ငါသာ အောင်မြင်ခဲ့ရင် ပိုက်ဆံရလာမှာပဲ” ထန်ရှုသည် အတွေးရေယာဉ်ကြော မျောနေသည်။

“ဖုန်းမြည်သံ ...”

ထိုစဉ် ရုတ်တရက် ဖုန်းထမြည်သဖြင့် ထန်ရှု အတွေးစ ပြတ်သွားခဲ့ရသည်။

သူ ဖုန်းကို ယူလိုက်ပြီး ခေါ်သည့်နံပါတ်အား မြင်လိုက်ရာတွင် ခေါင်းပင် ကိုက်သွားခဲ့ရသည်။ ဟန်ကျင်းဝူဖြစ်သည်။ ခွင့်ပေးရန်အတွက် အချိန်အနည်းငယ် ခွင့်တောင်းခဲ့သည် မဟုတ်ပါလော။ သူ ထွက်ပြေးလိမ့်မည်ဟု သူမ စိုးကြောက်နေခြင်း ပင်လော။

စိတ်ရှုပ်ထွေးစွာဖြင့်ပင် သူ ဖြေရန် ရွေးချယ်လိုက်သည်။

“ဟယ်လို ... ထန်ရှုလား.။ နင့်အမေ ကျောင်းကို လာတယ်။ မြန်မြန် ကျောင်းကို ပြန်လာတာ ပိုကောင်းမယ်”

ဟန်ကျင်းဝူ၏ အသံသည် ဖုန်းထဲမှ ဖြတ်ကာ ရောက်လာသည်။

ထန်ရှု အမူအရာ ပြောင်းသွားပြီး အလျင်စလို မေးလိုက်သည်။

“ဆရာမဟန် ... အမေ ဘာဖြစ်လို့ ကျောင်းကို လာတာလဲ”

ဟန်ကျင်းဝူ ပြောလိုက်သည်။

“အသေးစိတ်တော့ ဆရာမ မသိဘူး။ ကြည့်ရတာ နင့်ဦးလေးကြောင့် ဖြစ်မယ်နဲ့တူတယ်။ အချိန်မဆိုင်းဘဲ အမြန်လာပြီး ကိုယ်တိုင် တွေ့သင့်တယ်။ နောက်ပြီး စုရှန့်ဖေးက နင့်ဝမ်းကွဲ မဟုတ်လား။ ကြည့်ရတာ နင့်အမေကို ရန်လိုနေတဲ့ပုံပဲ”

“ခွေးမသား ...” ထန်ရှု စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

စုရှန့်ဖေးသည် သူ့အား မုန်းသည့်အတွက် သူ၏အမေအား ရန်မူနိုင်သည်။ သူ ပြန်မရောက်ခင် သူ၏မိခင်အား စုရှန့်ဖေး ထိခိုက်အောင် လုပ်မည်ကို သူ အမှန်တကယ် စိုးရိမ်လာတော့သည်။

All Chapters