ခန္ဓာကိုယ်ဟာ တာအို
Vol. 143 Ch. 1971
စိတ်ဝိညာဉ်ရှာဖွေခြင်းမန္တာန်သည် အလွန်အစွမ်းထက်သော မန္တာန်တစ်ခု ဖြစ်လေ၏။ သို့ပေမည့် ရွှေ့အဆင့်ထိပ်သီးပုဂ္ဂိုလ်အတွက်မူ သူတို့၏မူလစိတ်ဝိညာဉ်သည် စိတ်ဆန္ဒ ဆုံးရှုံးသွားခဲ့လျှင်ပင် သူတို့၏ အစွမ်းထက်ကျင့်ကြံခြင်းက မရေမတွက်နိုင်သောနှစ်များစွာ ကြာလာသည့်နောက် အားကောင်းသောအရံအတားတစ်ခုကို ဖြစ်စေလေ၏။ ဤသည့်အတွက်ကြောင့် သူတို့အပေါ် စိတ်ဝိညာဉ်ရှာဖို့ အလွန်ခက်သည်။
စိတ်ဝိညာဉ်တစ်ခုကို အတင်းအကြပ် ရှာဖွေလျှင်ပင် အစိတ်အပိုင်းများသာ ရနိုင်၏။ အရာအားလုံးကို မရနိုင်တောပေ။ လူတစ်ယောက်က ရွှေအဆင့်ထိပ်သီးထက် ကျင့်ကြံမှုအဆင့် များစွာ ပိုမြင့်လျှင်တော့ ထိုသူ၏ မှတ်ဉာဏ်ကို ပြီးပြည့်စုံစွာ ထုတ်နှုတ်နိုင်ကောင်း နိုင်လိမ့်မည် ဖြစ်၏။
ဝမ်လင်းသည် ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်ကို အနိုင်ယူနိုင်သော်လည်း ဤသည်မှာ သူ့ကျင့်ကြံမှုအဆင့်နှင့် ရှေးတောက်ခန္ဓာကိုယ် ပေါင်းစပ်ထားခြင်းကြောင့်သာ ထိုသို့သော တိုက်ပွဲဝင်ခွန်အားကို ရနိုင်ခြင်း ဖြစ်၏။ အမှန်တော့ သူ၏ကျင့်ကြံမှုအဆင့်မှာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်တွင်သာ ရှိသေး၏။
မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ မူလစိတ်ဝိညာဉ်ကို ဝမ်လင်း၏ခန္ဓာကိုယ်ထဲ မန္တာန်သွေးကြောအဖြစ် သန့်စင်နေရင်း ဝမ်လင်းသည် စိတ်ဝိညာဉ်ရှာဖွေဖို့ ကြိုးစားကြည့်သေးသည်။ သို့ပေမည့် သူသည် အရေးကြီးသော မည်သည့်မှတ်ဉာဏ်များကိုမှ ရှာမတွေ့နိုင်ဘဲ ရှိ၏။ ဥပမာ ကော်ငးကင်ဘုံနွားထီးကုန်းမြေနှင့် ပတ်သတ်သည့် စစ်ပွဲ၏ နောက်ကွယ်မှ လျှို့ဝှက်ချက်ကဲ့သို့ပင်။ သူသည် အင်ပါယာအတုဘိုးဘေးနှင့် ပတ်သတ်၍ အတွေးတချို့ကိုတော့ သိရှိလိုက်ရသည်။
“မိစ္ဆာတာအိုကလန်ရဲ့ အင်ပါယာအတုဘိုးဘေးဟာ မဟာအင်ပါယာတောက်ရီ လက်အောက်က လူပဲ…” နေမင်းသည် ကောင်းကင်ထက်တွင် တွဲလွဲခိုနေပြီး မြေပြင်ထက်သို့ အလင်းဖြာကျနေသည်။ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးက လင်းလက်သွားသည်။
သူ့ခန္ဓာကိုယ်တွင် လေးခုမြောက်၊ငါးခုမြောက်မန္တာန်သွေးကြောများ ပေါ်လာတော့သည်။
ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်အဆင့်တစ်ယောက်သည် မန္တာန်သွေးကြောနှစ်ခုကို ပေါ်လာစေ၏။ ဝမ်လင်းက သူ့လက်နှစ်ဖက်ကို အနည်းငယ် ဝေ့ယမ်းလိုက်ရာ အရိပ်များ ပေါ်လာသည်။ ဝမ်လင်းသည် သူ၏မန္တာန်ထုတ်ဖော်နှုန်း ပိုမြန်လာရုံသာမက သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည်လည်း ကြောက်မက်ဖွယ် ပိုကောင်းလာသည်။
ဤသည်မှာ အမြန်နှုန်းမန္တာန်ပညာရပ်၏ သော့ချက်ပင်။ ထိုသော့ချက်က ဝမ်လင်းကို စွဲဆောင်ခြင်း ဖြစ်၏။
“ငါ့ခန္ဓာကိုယ် ဘယ်လောက်မြန်ဆန်သွားလဲ စမ်းသပ်ကြည့်ရမယ်…” ဝမ်လင်းက အပေါ်သသို့ မော့ကြည့်သည်။ သူ့ခန္ဓာကိုယ် လှုပ်ရှားလာသည်။ သူသည် နေမင်းအောက်တွင် ထိုင်နေဆဲ ဖြစ်သည်။ သို့သော် နေအလင်းက တွန့်ခေါက်ပုံပျက်ကာ ဒုတိယမြောက်ဝမ်လင်းက ပေသုံးဆယ်အကွာတွင် ပေါ်လာ၏။
ထိုဒုတိယဝမ်လင်းက နေရာတွင် ထိုင်နေကာ ပြုံး၏။ သူ ရှေ့သို့ လျှောက်လှမ်းလာစဉ် နေအလင်းက တွန့်ခေါက်ပုံပျက်သွားပြန်သည်။ တတိယမြောက်ဝမ်လင်းက ပေတစ်ရာအကွာတွင် ပေါ်လာပြန်၏။
တတိယမြောက်ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်၏။ သူ ဘာတွေးနေသည်ကို မသိရနိုင်ပေ။
မကြာမီတွင် နေအလင်းသည် ဆက်တိုက် တွန့်ခေါက်ပုံပျက်ကာ လေးခုမြောက်၊ငါးခုမြောက်၊ခြောက်ခုမြောက်မှသည် စုစုပေါင်း ဝမ်လင်း၏ပုံရိပ်ကိုးဆယ့်ရှစ်ခု ပေါ်လာလေ၏။ တချို့က ထိုင်နေကြသည်။ တချို့က ပျံသန်းနေသည်။ တချို့က လမ်းလျှောက်ကာ တချို့က မန္တာန်များ ထုတ်ဖော်နေ၏။ တချို့က လက်သီးများ ဝေ့ယမ်းနေသည်။ ပုံရိပ်တစ်ခုစီသည် ကွဲပြားစွာ ပြူမူနေ၏။ ဖြတ်ခနဲ ကြည့်ပါက ၎င်းသည် တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုပင်။
ကိုးဆယ့်ရှစ်ခုမြောက်ပုံရိပ်က သူ့ပထမဆုံးပုံရိပ်ဘေးတွင် ထိုင်နေ၏။ သည်ပုံရိပ်နှစ်ခုက အသွင်အပြင်သာ ကွာခြားပြီး ချွတ်ဆွတ်တူပေသည်။
“ပုံရိပ်ကိုးဆယ့်ရှစ်ခုဟာ အကန့်အသတ်ပဲ…” နောက်ဆုံးပုံရိပ်က ခပ်တိုးတိုး ရေရွတ်ပြီးနောက် ပထမဆုံးပုံရိပ်သည် ပျောက်ကွယ်သွား၏။ ထို့နောက် ဒုတိယ၊ တတိယမြောက်ကနေ ကိုးဆယ့်ခုနစ်ခုမြောက်ထိ ပုံရိပ်များ ပျောက်ကွယ်သွားတော့သည်။
ဒီပုံရိပ်ကိုးဆယ့်ရှစ်ခုသည် ကိုယ်ပွားတစ်ခုစီ ဖြစ်နိုင်သည်ဟု ဆို၍ ရ၏။ ဤသည်မှာ ဝမ်လင်း၏ အဆုံးစွန်မြန်ဆန်သော ရုပ်ပိုင်းခန္ဓာ၏အမြန်နှုန်းကြောင့် ပုံရိပ်များ ထပ်လာခဲ့ခြင်းပင်။ ဆိုလိုသည်မှာ ဒီအမြန်နှုန်းသည် တုန်လှုပ်ဖွယ်ကောင်းလွန်းသည်။
“အခု ငါ့မှာ မန္တာန်သွေးကြောခြောက်ခု ပိုင်ဆိုင်ထားပြီး။ အမြန်နှုန်းမန္တာန်ပညာရပ်ဟာ မန္တာန်သွေးကြောကိုးခုကို ဖြစ်ပေါ်စေနိုင်တယ်။ ဒါပေမဲ့ ဒီကိုးခုဟာ အကန့်အသတ်လို့ မပြောထားဘူး။ ငါ ကိုးခုမြောက်မန္တာန်သွေးကြောကို ပိုင်ဆိုင်လာရင် နောက်ထပ် ပြောင်းလဲမှုအသစ်တွေ ဖြစ်လာနိုင်လောက်တယ်…”
“ဒီမန္တာန်က အတော့်ကြီးကို အစွမ်းထက်လှတယ်။ ဒါ့ကြောင့် ငါ ဒါကို အာရုံစိုက်ထားရမယ်…” ဝမ်လင်းသည် ထိုင်ချလိုက်၏။ သူ၏မျက်လုံးတို့မှာ အရောင်တောက်နေပေသည်။ သူ့လမ်းကြောင်းကို သူ့အနေဖြင့် ဆုံးဖြတ်ထားပြီးပင်။ ခုချိန်၌ သူသည် သူ့လမ်းကြောင်းကို မည်သို့ လျှောက်လှမ်းရမည်ကို သိနေပြီး ဖြစ်၏။
“ကောင်းကင်ဘုံကလန်ကိစ္စကို ရင်ဆိုင်ပြီးတဲ့အခါကျရင် ငါ ဆရာ့ရှိသွားပြီး အဲ့မှာ ကျင့်ကြံရမယ်။ ငါ ပိုအစွမ်းထက်လာတာနဲ့ ဝမ်အာရဲ့ စိတ်ဝိညာဉ်ကို ရှာဖွေဖို့ ဘယ်နေရာကိုမဆို သွားနိုင်ပြီ…”
“ငါ့ခုလက်ရှိ တိုက်ပွဲဝင်စွမ်းအားဟာ မြင့်မားလွန်းနေပြီ။ ဒါပေမဲ့ ဟိုမွန်းစတားအိုတွေနဲ့တော့ အတော်အတန် အလှမ်းကွာနေသေးတယ်…”
“ငါ့အနှစ်သာရကိုးခုကို သုံးခုအဖြစ် ပေါင်းစည်းထားခဲ့ပြီး ဖြစ်တယ်။ ငါ့နားလည်မှုအရဆို ငါသာ ငါ့ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်ထဲ နောက်ထပ်ဒြပ်စင်နှစ်ခု ထည့်ပေါင်းနိုင်ရင် ငါ့အနေနဲ့ လေဟာနယ်အတိဒုက္ခအလယ်အဆင့်ကို ရောက်ရှိလိမ့်မယ်…”
“အလားတူပဲ ငါ့မှာသာ မိုးကြိုးအနှစ်သာရကို အခြေခံထားတဲ့ ငါ့အနှစ်သာရခန္ဓာကိုယ်ထဲကို နောက်ထပ်အထူးအနှစ်သာရနှစ်ခု ထည့်ပေါင်းနိုင်ခဲ့ရင် ငါ့အနေနဲ့ လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့်(ဝါ) ရွှေရောင်ထိပ်သီးအဆင့်ကို ရောက်နိုင်လိမ့်မယ်…”
“နောက်ဆုံး…အခက်ခဲဆုံးကတော့ ဆန်းကြယ်အနှစ်သာရတွေပဲ။ ငါသာ နောက်ထပ် ဆန်းကြယ်အနှစ်သာရနှစ်ခုကို ထပ်ပိုင်ဆိုင်ပြီး ဒီငါးခုကို ပေါင်းစပ်လိုက်ရင် ငါဟာ လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်၊ အင်ပါယာအတုအဆင့်ကို ရောက်ရှိလိမ့်မယ်…”
“အဲ့ကျရင် ငါ့ကျင့်ကြံမှုအဆင့်ဟာ ငါ့အနှစ်သာရခန္ဓာကိုယ်တွေကြောင့် အင်ပါယာအတုအဆင့်ထက် ပိုအစွမ်းထက်ပြီး မဟာအင်ပါယာတွေနောက် ဒုတိယလိုက်သွားလိမ့်မယ်…”
“မဟာအင်ပါယာတစ်ယောက် ဖြစ်လာနိုင်တဲ့ နည်းလမ်းကို ငါ မသိပေမယ့် ဆရာကတော့ မဟာအင်ပါယာတစ်ယောက် ဖြစ်လာဖို့ မဟာကံကောင်းမှုတစ်ခု လိုအပ်ပြီး ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟလာတာကို တွေ့ကြုံဖို့လည်း လိုတယ်လို့ ပြောခဲ့ဖူးတယ်…”
“ဒါပေမဲ့ ငါသာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သုံးခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်လိုက်ရင် ငါ့အနေနဲ့ မဟာအင်ပါယာတစ်ယောက် ဖြစ်လာချင် ဖြစ်လာလောက်တယ်…” ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ၏မျက်လုံးတို့ကတော့ အရောင်တောက်နေသည်။ ဤသည်မှာ သူ၏ကိုယ်ပိုင်သုံးသပ်ချက်သာ ဖြစ်၏။ သူ့အတွက် သူ့သုံးသပ်ချက် မှန်၏၊မမှန်၏ကို သက်သေပြဖို့ အချိန်လိုအပ်ပေသည်။
“ငါ့သုံးသပ်ချက်သာ မှန်ခဲ့ရင် မဟာအင်ပါယာရဲ့ အထက်မှာ တခြားအဆင့်တစ်ခု ထပ်ရှိနိုင်တယ်။ ဖြစ်နိုင်တာက ဒီအဆင့်ဟာ စတုတ္ထအဆင့်ကျင့်ကြံခြင်းနယ်ပယ်လား၊ ဒါမှ မဟုတ် တခြားတစ်ခုခုလား…။ အဲ့အဆင့်ကို ရောက်ဖို့ ငါ့အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သုံးခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်ပြီး အစစ်အမှန်စိတ်ဝိညာဉ်အဆင့်ကို ရောက်ရလိမ့်မယ်…”
“ဒီအဆင့်ဟာ မဟာအင်ပါယာတွေတောင် မရောက်ရှိသေးတဲ့ အဆင့် ဖြစ်နိုင်တယ်။ ဒါက သူတို့ အမြဲတမ်း ရှာဖွေနေတဲ့အဆင့်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကောင်းကင်ဘုံဘိုးဘေးနဲ့ ရှေးဘိုးဘေးတို့ရဲ့ အဆင့် ဖြစ်နိုင်တယ်…” ဝမ်လင်း၏စိတ်မှာ ထိုအခိုက်တွင် ကြည်လင်နေ၏။ ဤသည်တို့မှာ သူ၏ကိုယ်ပိုင် သုံးသပ်ချက်သာ ဖြစ်သော်လည်း ၎င်းသည် အနာဂတ်၌ သူ လျှောက်လှမ်းရမည့် လမ်းကြောင်းပင်။
မှန်သည်၊မှားသည်ကိုတော့ ဝမ်လင်းအနေဖြင့် ထိုအဆင့်သို့ ရောက်သည့်အခါ သိပေလိမ့်မည်။ “အထူးအနှစ်သာရနဲ့ ဆန်းကြယ်အနှစ်သာရတွေဟာ ပိုင်ဆိုင်ဖို့ မလွယ်လှဘူး။ ဒါပေမဲ့ သတ္တုနဲ့ သစ်သား ဒြပ်စင်အနှစ်သာရနှစ်ခုကိုတော့ ပိုင်ဆိုင်ဖို့ ပိုလွယ်တယ်…”
ဝမ်လင်း ထိုသို့ စဉ်းစားနေစဉ် ကောင်းကင်ထက်၌ နေမွန်းတည့်ချိန် ရောက်လာခဲ့လေပြီ။ ထိုစဉ် အကွာအဝေးတစ်ခုမှ ခပ်ဖျော့ဖျော့တုန်ဟည်းမြည်သံ ထွက်ပေါ်လာ၏။
ဝမ်လင်းက ခေါင်းမော့ကာ အကွာအဝေးတစ်ခုရှိ ကောင်းကင်ထက်သို့ ကြည့်ကာ ဖြည်းဖြည်းချင်း ထရပ်သည်။ လေပြေတို့က သူ့ဆံပင်နှင့်ဝတ်ရုံကို လွင့်ဝဲစေသည်။ အပျက်အစီးပုံနောက်ခံထား၍ ကြည့်သည့်အခါ ဝမ်လင်း၏ပုံပန်းသွင်ပြင်က တမျိုးတမည် ဖြစ်နေ၏။
“သူ ရောက်လာပြီ…” ဝမ်လင်း၏မျက်လုံးထဲတွင် ရုတ်တရက် တိုက်ပွဲဝင်လိုစိတ်တို့ ပြည့်လာ၏။
“မဟာအင်ပါယာတွေရဲ့ အာရုံကို စွဲဆောင်ဖို့…”
“ကောင်းကင်ဘုံကလန်ရဲ့ ကုန်းမြေခုနစ်ဆယ့်နှစ်ခုအနှံ့မှာ ကျော်ကြားဖို့…”
“ဒီတိုက်ပွဲဟာ စတင်တော့မယ်…”
ကျယ်လောင်စွာ တုန်ဟည်းသံများ ကောင်းကင်ထက်တွင် ပျံ့လွင့်၏။ ၎င်းက လောကတခွင်ကို ခြုံလွှမ်းလာသည်။ အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ထိုးခွင်းကာ အစိမ်းရောင်မိစ္ဆာကုန်းမြေထံသို့ ဦးတည်လာနေသည်။ ထိုအလင်းတန်းအတွင်း၌ သတ်ဖြတ်လိုစိတ် ပြည့်နေသော ဆံပင်အနီရောင်ဖြင့်လူ ရှိသည်။
ထိုစဉ် ကျယ်လောင်စွာတုန်ဟည်းသံများသည် ရုတ်တရက် လွင့်ပြယ်ကာ ငြိမ်သက်တိတ်ဆိတ်သွားလေ၏။
ပုံရိပ်တစ်ခုသည် ဝမ်လင်းရှေ့ ပေတစ်ထောင်အကွာတွင် ပေါ်လာသည်။
အနီရောင်ဆံပင်ဖြင့်အဘိုးအိုက ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ထိုဝတ်ရုံ၏ညာဘက်ထောင့်တွင် ထိုက်ချီပုံစံကွက် ရေးထွင်းထား၏။ ထိုထိုက်ချီပုံဆံကွက်သည် မီးအလား နီရဲကာ တာအိုကို ကိုယ်စားပြုသည့်အလား။
ဆံပင်အနီရောင်ဖြင့် အဘိုးအိုက နေရာတွင် ရပ်နေ၏။ အချိန်အတန်ကြာပြီးနောက် သူက ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။ “မင်းက ငါ့မိစ္ဆာတာအိုကလန်ကို ဖျက်စီးပစ်ခဲ့တာလား…”
သူသည် အလွန်တည်ငြိမ်ကာ မည်သည့်စိတ်ခံစားချက်ကိုမျှ မလှစ်ဟပေ။ သို့ပေမည့် သူ၏အသံက ခိုင်မာပြင်းထန်သည်။ အဆုံးသပ်တွင် ကောင်းကင်ပါ တုန်ခါပြီး မြေပြင် တုန်ဟည်းလေ၏။ တုန်လှုပ်ဖွယ်အသံတစ်သံက ဝမ်လင်း၏ခန္ဓာကိုယ်ကို လာရောက်တိုက်ခိုက်သည်။
ဝမ်လင်းသည် နေရာတွင် တည်ငြိမ်စွာ ရပ်၏။ သူ၏မျက်လုံးသူငယ်အိမ်က မဆိုသလောက် ကြုံ့သွားပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မိစ္ဆာတာအိုကလန်ကို ဖျက်စီးပြီးတဲ့နောက် မင်းက ဒီနေရာမှာပဲ စောင့်နေခဲ့တယ်။ မင်းက ငါ့ကို စိန်ခေါ်ချင်တာလား..” ထိုဆံပင်အနီရောင်ဖြင့် အဘိုးအိုက ဝမ်လင်း၏ တည်ငြိမ်ပုံကို တွေ့မြင်သည့်အခါ သူ၏မျက်လုံးက လေးနက်လာ၏။
ဝမ်လင်းသည် ထိုအဘိုးအိုကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “ဟုတ်တယ်…”
“ကောင်းပြီ…” မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် မည်သည့်အထင်သေးမှုကိုမျှ မပြသသလို မည်သည့်ဒေါသကိုမျှလည်း မပြပေ။ သူ၏ကျင့်ကြံမှုအဆင့်၌ သူ၏ခန္ဓာကိုယ်မှာ စိတ်ခံစားမှုလှိုင်းတို့မှာ ကွယ်ပျော်နေချေသည်။ သူသည် အင်ပါယာအတုပုဂ္ဂိုလ်များကြား၌ အစွမ်းထက်ဆုံး မဟုတ်သော်ငြားလည်း သူသည် ကောင်းကင်ဘုံကလန်၏ ထိပ်ဆုံးတွင် ရှိနေသည့်သူတစ်ယောက် ဖြစ်သည်သာ။
“မင်း ငါ့ကို စိန်ခေါ်ခွင့် ပေးလိုက်မယ်။ မင်း ငါ့လက်သီးသုံးချက်ကို ခံနိုင်ရင် မင်း မိစ္ဆာတာအိုကလန်ကို ဖျက်စီးခဲ့တာနဲ့ ပတ်သတ်ပြီး ငါ မေ့ပစ်လိုက်မယ်…”
မိစ္ဆာတာအိုကလန်ခေါင်းဆောင်က သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ဝမ်လင်းထံ လက်သီးတလုံး ပစ်သွင်းသည်။
ထိုလက်သီးချက်က လောကကို အရောင်များ ပြောင်းသွားစေ၏။ မိစ္ဆာတာအိုကလန်၏ အပျက်အစီးပုံများမှာ တွန့်ခေါက်ပုံပျက်သွားသည်။ အရာအားလုံးသည် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်သည် သီခြားတည်ရှိမှုတစ်ခု ဖြစ်လာသည့်အလား။
ထိုတွန့်ခေါက်ပုံပျက်မှုအတွင်း အနီရောင်ဆံပင်ဖြင့်အဘိုးအို၏ လက်သီးချက်၌ လောက၏စွမ်းအားများ စုဝေးလာ၏။ သည်သီးသန့်ဖြစ်သွားသော ဟင်းလင်းပြင်၌ လောက၏စွမ်းအား လုံးဝ မကျန်တော့ပေ။
“အင်ပါယာအတုအဆင့်မှာ မန္တာန်တွေ ချခင်းနေဖို့ မလိုဘူး။ ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ သူတို့ရဲ့ ရင်းမြစ်ပဲ။ အလွန်အစွမ်းထက်တဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် မလိုအပ်ဘဲ ဒီအဆင့်ကျင့်ကြံသူတစ်ယောက်ဟာ တာအိုကို သူတို့ရဲ့ ခန္ဓာကိုယ်ထဲ ထည့်ပေါင်းနိုင်ကြတယ်။ ခန္ဓာကိုယ်ကို သူတို့ရဲ့တာအိုအဖြစ် လုပ်ဆောင်နိုင်တယ်….”
“တာအိုဖြစ်တဲ့ ခန္ဓာကိုယ်နဲ့ဆို သာမန်လက်သီးချက်မှာတောင် အရာအားလုံးကို ဖျက်စီးနိုင်တဲ့ တာအို ပါဝင်တယ်…”
ဤသည်မှာ မဟာအင်ပါယာတောက်ရီက အနီရောင်ဆံပင်ဖြင့်အဘိုးအိုကို ပြောပြခဲ့သော အခြင်းအရာပင်။
ထိုလက်သီးချက်က ဝမ်လင်း၏မျက်လုံးသူငယ်အိမ်ကို ကြုံ့သွားစေ၏။ သူ၏ဆံပင်ဖြူတို့မှာ လေမတိုက်ပါဘဲ လွင့်ဝဲပြီး သူ၏မျက်လုံးတို့သည် အရောင်တောက်လာတော့၏။ သူသည် ထိုလက်သီးချက်၏ ကြောက်မက်ဖွယ်ကောင်းပုံကို ခံစားမိသည်။ ၎င်းက သာမန်ဟုသာ ထင်ရသော်လည်း ထိုလက်သီးချက် ရွှေ့လျားလာစဉ် လောကသည်ပါ လိုက်ပါရွှေ့လျားလာလေ၏။
ထိုလက်သီးချက်တွင် မတူညီသောမန္တာန်ကိုးမျိုး ပါဝင်ပေ၏။ ထိုမန္တာန်များသည် ချိပ်ဟန်များ၊ နတ်ဘုရားအာရုံများ မလိုအပ်ပေ။ လက်သီးတချက်ဖြင့်ပင် ယင်းမန္တာန်များကို ပေါ်လာစေသည်။
ဤသည်မှာ အင်ပါယာအတုအဆင့်ပုဂ္ဂိုလ်၏ အစစ်အမှန်စွမ်းအားပင်။ ထိုလက်သီးချက်က ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်များကို ကြောက်လန့်တကြား ဖြစ်သွားစေနိုင်၏။ ယင်းလက်သီးချက်က သူတို့ကို အကြိမ်တစ်ရာလောက် သတ်ပစ်ဖို့ လုံလောက်သည်။
ဤသည်မှာ လူတစ်ယောက်၏ တာအိုနှင့်စိတ်ဆန္ဒကို လူတစ်ယောက်၏ ခန္ဓာကိုယ်ဖြင့် အပြည့်အဝ ပေါင်းစပ်သွားခြင်း၏ ရလဒ်ပင်။ ခန္ဓာကိုယ်သည် တာအိုဖြစ်၏။ လက်သီးချက်မှာ တာအိုဖြစ်လေ၏။
လောကသည် တွန့်ခေါက်ပုံပျက်သွား၏။ ဝမ်လင်းသည် နောက်သို့ မဆုတ်ဘဲ ထိုအစား ရှေ့သို့ တိုးကာ သူ့ညာလက်ဖြင့် လက်သီးတလုံး ပစ်သွင်းလိုက်သည်။
သူက ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်ကို မဝတ်ဆင်ပေ။ သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့်သာ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။ သူက ထိုချပ်ဝတ်မပါဘဲ အင်ပါယာအတုတစ်ယောက်ကို မည်သို့ ဆန့်ကျင်တိုက်ခိုက်နိုင်မည်ကို တွေ့မြင်ချင်နေ၏။
ထိုစဉ် သူတို့နှစ်ယောက်၏ လက်သီးချင်း ထိပ်တိုက်တွေ့မှုကြောင့် ကျယ်လောင်စွာ မြည်ဟိန်းသံများနှင့်အတူ မြေပြင်သည် တလွှာချင်းပျက်စီးကုန်လေ၏။ အရာအားလုံး ပျက်စီးကုန်၏။ သို့သော် တွန့်ခေါက်ပုံပျက်မှုက ခပ်ဝေးဝေးထိ ပျက်စီးခြင်းအား တားဆီးပေးထားသည်။ ၎င်းပျက်စီးမှုက လေထဲသို့သာ ဆန်တက်သွားသည်။