← Chapters

ငါ မသေသေးသ၍ မင်းလည်း မသေစေရဘူး

Vol. 143 Ch. 1973

ငါ မသေသေးသ၍ မင်းလည်း မသေစေရဘူး

Vol. 143 Ch. 1973

တာအိုကိုခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးနောက် လက်သီးတစ်ချက်၊ ခြေကန်ချက်တစ်ချက်တွင် မန္တာန်များစွာ ပါဝင်နိုင်လေ၏။ ဤသည်မှာ အင်ပါယာအတုတစ်ယောက်၏ စွမ်းအားကို ထုတ်ဖော်သည့် အသန်မာဆုံးနည်းလမ်းပင်။ မိစ္ဆတာအိုကလန်ဘိုးဘေးသည် သူ့လက်သီးချက်တွင် မန္တာန်ပေါင်းနှစ်ဆယ့်ခုနစ်ခုကို ထည့်ဝင်နိုင်သည်။ ထိုလက်သီးချက်က အင်ပါယာအတုအဆင့်အောက်ရှိ မည်သည့်ကျင့်ကြံသူကိုမဆို အမြစ်ဖျက်ပစ်ဖို့ လုံလောက်ပေသည်။

သော့ချက်မှာ မန္တာန်များ ပေါင်းစပ်နိုင်သည့် အရေအတွက်သာ ဖြစ်ပြီး မတူညီသောမန္တာန်အရေအတွက် မဟုတ်ပေ။ တချို့အင်ပါယာအတုများသည် မန္တာန်ဒါဇင်ချီ ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်လိမ့်မည်။ သို့သော် သူတို့က တူညီသော မန္တာန်အရေအတွက်ကို ဒါဇင်ချီ ပေါင်းစပ်နိုင်ကာ တိုက်ခိုက်စွမ်းအားကို ရရှိနိုင်၏။ သော့ချက်မှာ မန္တာန်အရေအတွက်သာ ဖြစ်သည်။

အမြန်နှုန်းမန္တာန်ပညာရပ်ကို မန္တာန်သွေးကြောခြောက်ခု အဆင့်ထိ ရောက်လာသည့်နောက် ဝမ်လင်းသည် ပုံရိပ်ကိုးဆယ့်ခုနစ်ခုကို ဖန်တီးနိုင်လာခဲ့ပြီ ဖြစ်သည်။ ထိုအခါ သူ၏အမြန်နှုန်းက ကြောက်မက်ဖွယ်အဆင့်သို့ ရောက်လေပြီ။ ဝမ်လင်းသည် ချက်ခြင်းလိုလို မန္တာန်ကိုးဆယ့်ရှစ်ခုကို ထုတ်ဖော်နိုင်လေ၏။

ထိုသို့ လုပ်နိုင်သောကြောင့်သာ သူ၏ တိုက်ခိုက်စွမ်းအားသည် အင်ပါယာအတုအဆင့်သို့ ရောက်လာခဲ့တာပင်။ လူတစ်ယောက်သည် အင်ပါယာအတုအဆင့်၏ တိုက်ခိုက်စွမ်းအား အပိုင်ဆိုင်ထားပါက မန္တာန်သွေးကြောကိုးခုကို ပိုင်ဆိုင်ထားလျှင်ပင် မန္တာန်ရာချီကို ထုတ်ဖော်နိုင်လျှင်ပင် သူတို့သည် အင်ပါယာအတုအတွက် ပြိုင်ဘက် မဟုတ်နိုင်သေးပေ။

အင်ပါယာအတုတစ်ယောက်သည်ပင် အမြန်နှုန်းမန္တာန်ပညာရပ်ကို တတ်မြောက်ထားပါက သူတို့သည် မန္တာန်ခုနစ်ဆယ့်နှစ်ခုကိုသာ အသုံးပြုနိုင်ခဲ့လျှင်ပင်  ပုံရိပ်များကပါ ထိုမန္တာန်များကို အသုံးပြုသည်နိုင်လျှင်ပင် သူတို့သည် သူတို့မူလခန္ဓာကိုယ် အသုံးပြုသော မန္တာန်ခုနစ်ဆယ့်နှစ်ခုနှင့် အလားတူစွမ်းအားလောက်ကိုသာ ပိုင်ဆိုင်အုံးမည် ဖြစ်၏။

အကြောင်းမှာ သူတို့၏အကန့်အသတ်က မန္တာန်နှစ်ဆယ့်ခုနစ်ခုသာ ဖြစ်ပြီး ထိုထက် မပိုနိုင်သောကြောင့်တည်း။

သို့သော် ဝမ်လင်းကတော့ မတူပေ။ သူ၏အစစ်အမှန် တိုက်ပွဲဝင်စွမ်းအားက သူ့ရှေးတောက်ခန္ဓာနှင့် သူ့စိတ်ဝိညာဉ်သွေးတို့ကြောင့် ရှိရင်းစွဲ ကျင့်ကြံမှုအဆင့်ထက် များစွာ ပိုအားကောင်း၏။။ စိတ်ဝိညာဉ်သွေးက အရေးကြီးသောနေရာမှ ပါဝင်လေ၏။

ယင်းသို့ဖြစ်သည့်အတွက် သူ့အနေဖြင့် အခု ရွှေအဆင့်ထိပ်သီးကျင့်ကြံခြင်းသို့ ရောက်ရှိသည့်အခါ သူ့တိုက်ပွဲဝင်ခွန်အားက များစွာ ပိုသန်မာလာခဲ့တာ ဖြစ်၏။

ထိုသို့ဖြစ်သည့်အတွက်ကြောင့် ဝမ်လင်းသည် သူ့ရှေးနှင့်ကောင်းကင်ဘုံစွမ်းအားများကို ပေါင်းစပ်သည့်အခါ သူ့ထက် ကျင့်ကြံမှုအဆင့်မြင့်သောသူများကို တိုက်ခိုက်လာနိုင်တာပင်။ လှိုဏ်ဂူလောကမှာတုန်းကထက် ဒီနေရာတွင် ဝမ်လင်း ပို၍ သန်မာလာရသော နောက်ထပ်အကြောင်းရင်းတစ်ခုမှာ လေဟာနယ်ဟင်းလင်းပြင်းအတွင်းရှိ သူ၏အစွမ်းထက်ဆုံးကိုယ်ပွားကြောင့်လည်း ဟုတ်၏။

သူ့ကိုယ်ပွားစွမ်းအား၊ သူ့ရှေးနှင့် ကောင်းကင်ဘုံစွမ်းအားတို့ကို အတူတကွ ပေါင်းစပ်ခြင်းကြောင့် ဝမ်လင်းသည် ခုလက်ရှိ တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်လာခဲ့တာပင်။

ထိုစဉ် မိစ္ဆာတာအိုကလန်ဘိုးဘေး၏ တွင်းနက်က နီးကပ်လာစဉ် ဝမ်လင်း၏ပုံရိပ်ကိုးဆယ့်ရှစ်ခု ပေါ်လာ၏။ ကိုးဆယ့်ရှစ်ယောက်သော ဝမ်လင်းတို့က မတူညီသောမန္တာန်ကိုးဆယ့်ရှစ်မျိုးကို အသုံးမပြုပေ။ သူတို့အားလုံးက တူညီသောမန္တာန်တစ်ခုကိုသာ အသုံးပြုသည်။

ကောင်းကင်ဘုံနွားထီးချပ်ဝတ်ကို ကိုးဆယ့်ရှစ်ကြိမ် အသုံးပြုပြီးနောက် မှတ်ဉာဏ်အမျှင်တန်းတစ်ခုကနေသည် သူက ကောင်းကင်ဘုံနွားထီးတိုးဝှေ့ခြင်းကို သိရှိလာခဲ့၏။

ထိုကောင်းကင်ဘုံနွားထီးတိုးဝေ့ခြင်းက သူ ငှားယူထားသော စွမ်းအားကို ပြီးပြည့်စုံစွာ ထုတ်ဖော်စေနိုင်လိမ့်မည်။

ခန္ဓာကိုယ်ကိုးဆယ့်ရှစ်ခုလုံးက သူတို့၏လက်များကို ပင့်မြှောက်၏။ သူတို့၏ဦးခေါင်းများထက်တွင် ဦးဂျိုများ ပေါ်လာသည်။ အဆက်မပြတ်ဟိန်းသံ ထွက်ပေါ်လာကာ ယင်းတို့သည် ရှေ့သို့ တိုးဝင်၏။

မြေပြင်တုန်ခါဟိန်းပြီး ကောင်းကင်သည် လေဟာနယ်သို့ ပြောင်း၏။ ကောင်းကင်ထက်ရှိ နေမင်းသည် ပျက်စီးကာ လောက၌ တစ်ခုတည်းသော ကျန်နေသည့်အရာများဟူ၍ မိစ္ဆာတာအိုကလန်ဘိုးဘေး၊ သူ့တွင်းနက်နှင့် ဝမ်လင်းကိုးဆယ့်ရှစ်ယောက်တို့သာ ဖြစ်လေ၏။

ဝမ်လင်းကိုးဆယ့်ရှစ်ယောက်သည် ခန္ဓာကိုယ်တစ်ခုတည်း ကျန်သည့်အထိ ပျောက်ကွယ်သွား၏။  ကောင်းကင်ဘုံနွားထီးတိုးဝှေ့ခြင်းကို ကိုးဆယ့်ရှစ်ကြိမ် အသုံးပြုပြီးနောက် ၎င်းက ကောင်းကင်ပျက်စီးစေမည့် ဟိန်းသံကို ထုတ်ဖော်၏။

၎င်းဟိန်းသံ ပဲ့တင်ထပ်လာသည့်အခါ ဧရာမကောင်းကင်ဘုံနွားထီးအရိပ်တစ်ခု ပေါ်လာ၏။ ထိုအရိပ်က အလွန်အစစ်အမှန်ဆန်သည်။ ၎င်း ပေါ်လာသည့်နောက် ဟိန်းသံကို ထုတ်ဖော်သည်။

ကောင်းကင်ဘုံနွားထီးအရိပ်သည် လုံးဝအစိမ်းရောင် ရှိကာ ရှေးကျသောအော်ရာကို ပေးစွမ်းနေ၏။ ၎င်းထံ၌ အညံ့မခံမည့် အော်ရာပါဝင်နေပြီး ခေါင်းမော့လာသည်။ နက်ပြောင်ပြောင် ဦးဂျိုနှစ်ခုက ၎င်း၏ ဟိန်းသံနှင့်အတူ ရှေ့သို့ ဦးတည်သည်။

ကောင်းကင်ဘုံနွားထီးတိုးဝှေ့ခြင်း…။

ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။

တွင်းနက်ထဲရှိ မန္တာန်နှစ်ဆယ့်ခုနစ်ခုသည် ဖျက်စီးခံရ၏။ ထိုတွင်းနက်သည် တုန်ခါကာ ဖိသိပ်အားကြောင့် လွင့်ပါးကုန်သည်။

ထိုတွင်းနက် ပျက်စီးမှုက ကောင်းကင်ဘုံနွားထီး၏ ဧရာမဦးခေါင်းကို တခဏသာ ရပ်တန့်သွားစေပြီး ၎င်းကို မဟန့်တားနိုင်ပေ။ ကောင်းကင်ဘုံနွားထီးက မိစ္ဆာတာအိုကလန်ဘိုးဘေးထံ ဆက်လက် တိုးဝင်လာ၏။

အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်း၏။ ထိုတွင်းနက် ပျက်စီးသွားသည်နှင့် ကောင်းကင်ဘုံနွားထီး၏ ဦးဂျိုက ထိုဘိုးဘေးရှေ့သို့ ရောက်လာတော့၏။

ဆံပင်အနီဖြင့်အဘိုးအို၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွား၏။ သူ့မျက်လုံးထံမှ ဖြစ်တောင့်ဖြစ်ခဲ တုန်လှုပ်မှု လှစ်ဟပေါ်ကာ သူက နောက်သို့ အမြန်ဆုတ်သည်။

“မန္တာန်ကိုးဆယ့်ရှစ်ခု ပေါင်းစပ်မှု၊ သူက သူ့ခန္ဓာကိုယ်နဲ့ တာအိုကို မပေါင်းစပ်နိုင်ဘူး။ ဒါပေမဲ့ ဒီနည်းလမ်းနဲ့ အလားတူ သက်ရောက်မှုကို ရောက်နေနိုင်တယ်။ သူသာာ နောက်ထပ်မန္တာန်တစ်ခု ထပ်ပေါင်းနိုင်ရင် သူ ပိုသန်မာလာနိုင်အုံးမှာလား…”

“အင်ပါယာအတုအဆင့် တစ်ယောက်ရဲ့ အကန့်အသတ်ဟာ မန္တာန်ကိုးဆယ့်ကိုးခုပဲ။ နောက်ထပ်တစ်ခု ထည့်ပေါင်းနိုင်တာနဲ့ ဩဇာအင်ပါယာအဆင့်ကို ရောက်ပြီလို့ ယူဆနိုင်တယ်။ စိတ်ဝိညာဉ်ချပ်ဝတ်ရဲ့အားကို ငှားယမ်းပြီးတဲ့နောက် သူဟာ ဒီလောက်တောင် အစွမ်းထက်လာခဲ့တယ်…”  အနီရောင်ဆံပင်ဖြင့်အဘိုးအိုက သူ့လက်နှစ်ဖက်ကို ပင့်မြှောက်ကာ မာန်သွင်း၍ အကြိမ်များစွာ တိုက်ခိုက်လိုက်၏။

“ဒါက ဩဇာအင်ပါယာအဆင့်နဲ့ ယှဉ်နိုင်လုနီးပါးပဲ။ သူဟာ သူ့ခန္ဓာကိုယ်ကို တာအိုနဲ့ မပေါင်းစပ်ရသေးဘူး။ မန္တာန်ကိုးဆယ့်ရှစ်ခုလုံးဟာ တချိန်တည်း မဖြစ်နိုင်ဘူး။ ဒီမန္တာန်တွေဟာ အတင်းအကြပ် ပေါင်းစပ်ထားတာ။ ပြီးပြည့်စုံမှု မရှိသေးဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါ့အနေနဲ့ ခုခံနိုင်ရုံပဲ ရှိခဲ့တယ်…”

ထိုဘိုးဘေး၏ လက်သီးချက်တိုင်းတွင် မန္တာန်ခုနစ်ဆယ့်နှစ်ခု ပေါင်းစပ်ခြင်း ပါဝင်၏။ ယင်းတို့သည် ကောင်းကင်ဘုံနွားထီးနှင့် ထိပ်တိုက်တွေ့ကြသည်။ ထိုသည်က ကောင်းကင်ဘုံနွားထီး၏ ခန္ဓာကိုယ်တွင်းရှိ မန္တာန်ကိုးဆယ့်ရှစ်ခုကို တစ်ခုပြီးတစ်ခု ပျက်စီးသွားစေသည်။

အစောပိုင်းတုန်းက ဝဲကတော့နက်နှင့် ထိပ်တိုက်တွေ့မှုတွင် ကောင်းကင်ဘုံနွားထီးအတွင်းရှိ မန္တာန်လေးဆယ်နီးပါးသည် ပျက်စီးသွားခဲ့ပြီး ဖြစ်၏။ အခု ထိုသူက နောက်ထပ် တိုက်ခိုက်လာသည်ဖြစ်၍ မန္တာန်လေးဆယ်ကျော် ထပ်မံ ပျက်စီးသွားပြန်သည်။

သို့သော် မန္တာန်ဆယ်ခုကျော်ကမူ မလွင့်ပြယ်သွားသေးပေ။ ယင်းတို့က အနီရောင်ဆံပင်ဖြင့်အဘိုးအိုကို တိုက်ခိုက်နေ၏။ သူသည် နောက်သို့ လွင့်ထွက်ကာ သွေးအန်လိုက်ရသည်။ သို့သော် တချိန်တည်းမှာ ဝမ်လင်းက နောက်ထပ်ပုံရိပ်ကိုးဆယ့်ရှစ်ခုကို ထပ်မံ ဖန်တီးသည်။ မာန်သွင်းသံနှင့်အတူ ဒုတိယမြောက် ကောင်းကင်ဘုံနွားထီးတိုးဝေ့ခြင်း ပေါ်လာ၏။

နောက်ထပ် ကောင်းကင်ဘုံနွားထီးပုံရိပ်သည် ကောင်းကင်ထက်တွင် ပေါ်လာကာ ရှေ့သို့ တိုးဝင်လာတော့၏။

“အစွမ်းထက်လိုက်တဲ့ ခွန်အားနဲ့ အမြန်နှုန်း။ ငါ ပထမလှိုင်းကိုတောင် မခုခံနိုင်ဘူး။ အခု ဒုတိယလှိုင်း ရောက်လာတာ မြန်လွန်းတယ်။ သူ့ခန္ဓာကိုယ်ဟာ ဒီလို ဆက်တိုက် မန္တာန်ထုတ်ဖော်နှုန်းကို ခံနိုင်ဖို့ဆိုတာ အလွန်အစွမ်းထက်လို့ပဲ…”

ဆံပင်နီနှင့်အဘိုးအိုသည် ရုတ်တရက် နောက်ဆုတ်၏။ ဒုတိယမြောက် ကောင်းကင်ဘုံနွားထီးအရိပ် သူ့ထံ ထပ်မံ တိုးဝင်လာသည့်အခါ သူ ဝတ်ဆင်ထားသော ခရမ်းရောင်တာအိုဝတ်ရုံထံမှ မဟာအင်ပါယာတစ်ယောက်၏ အော်ရာ ထွက်ပေါ်လာတော့သည်။

ထိုတာအိုဝတ်ရုံကို မဟာအင်ပါယာတောက်ရီက သူ့အား လက်ဆောင်ပေးခဲ့တာ ဖြစ်၏။ အရေးတကြီး အခိုက်အတန့်တွင် ၎င်းသည် သူ၏အသက်ကို ကယ်တင်ပေးနိုင်သည်။

မဟာအင်ပါယာ၏ အော်ရာ ပေါ်လာသည့်အခါ ဝိုးတဝါးပုံရိပ်တစ်ခုသည် မိစ္ဆာတာအိုကလန်ဘိုးဘေးရှေ့တွင် ထွက်ပေါ်လာ၏။ ထိုပုံရိပ်သည် မဟာအင်ပါယာတောက်ရီ၏ နတ်ဘုရားအာရုံအမျှင်တန်းကြောင့် ဖြစ်ပေါ်လာခဲ့တာပင်။

ထိုပုံရိပ် ပေါ်လာသည်မှာ ရုတ်တရက် ဆန်လှပြီး ကောင်းကင်ဘုံနွားထီးတိုးဝှေ့ခြင်းကို ပိတ်ဆို့သည်။ ထို့နောက် ၎င်းသည် ရုတ်တရက် လှည့်ကာ ကောင်းကင်ဘုံနွားထီးတိုးဝှေ့ခြင်းထံ လက်သီးတချက် ပစ်သွင်းသည်။

ထိုလက်သီးချက်က အလွန်သာမန်ဆန်၏။ သေမျိုးတစ်ယောက်၏ လက်သီးချက်ကဲ့သို့ပင်။ လောကသည်ပင် တည်ငြိမ်နေကာ မည်သို့မျှ မဖြစ်လာသည့်နှယ်။ သို့သော် ကောင်းကင်ဘုံနွားထီးသည် ချက်ခြင်း ပျက်စီးသွားကာ ၎င်းအတွင်းရှိ မန္တာန်ကိုးဆယ့်ရှစ်ခုပါ တခါတည်း ဖျက်စီးခံလိုက်ရသည်။

ကောင်းကင်ဘုံနွားထီးအရိပ် ပျက်စီးသွားချိန်၌ ဝမ်လင်းသည် နောက်လွင့်သွားပြီး သူ၏မျက်နှာက ဖြူရောနေသည်။ သို့သော် သူ့မျက်လုံးတို့မှာ ကြမ်းကြုတ်နေ၏။

“မဟာအင်ပါယာတောက်ရီ…”

“မဟာအင်ပါယာတောက်ရီကို နှုတ်ဆက်ပါတယ်…”  ထိုဝိုးတဝါးအရိပ်နောက်တွင် မိစ္ဆာတာအိုကလန်ဘိုးဘေးက ချက်ခြင်း သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ထိုအရိပ်ထံ ဦးညွှတ်လိုက်သည်။

ထိုအရိပ်သည် မူလတုန်းက ဝေဝါးနေ၏။ သို့သော် ၎င်းသည် တဖြည်းဖြည်း ဝေဝါးနေရာကနေ အတွင်းရှိ ပုံရိပ်တစ်ခု ထင်ရှားပေါ်လာသည်။

ထိုသူမှာ တာအိုဝတ်ရုံဖြင့် လူငယ်တစ်ယောက်ပင်။ သူသည် အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိအုံးမည်။ သူ့ထံ၌ ဆံပင်အနက်၊ ဖြောင့်တန်းသောမျက်ခုံးတို့ကို ပိုင်ဆိုင်ထားသည်။ သူက အတော်လေး ချောမော၏။

သူက ရိုးရှင်းသော တာအိုဝတ်ရုံကိုသာ ဝတ်ဆင်ထားကာ နေရာတွင် ရပ်နေသည်မှာ သာမန်ဆန်လွန်းသည်။ သို့သော် ကောင်းကင်နှင့်မြေကြီးသည် မလှုပ်ရှား၊ လေပြင်း မတိုက်ခတ်တော့၊ မည်သည့်အရာမျှ လှုပ်ရှားခြင်း မရှိလေတော့ပေ။ ကောင်းကင်နှင့်မြေပြီး၏ စည်းချက်လုပ်ဆောင်မှုသည်ပင် လုံးဝ ရပ်တန့်သွားသည်ဟု ထင်ရသည်။

သူ၏ရှေ့တွင် ဖုန်မှုန့်အချို့ လွင့်မြောနေတာ ရှိ၏။ ထိုဖုန်မှုန့်တို့မှာ တိုက်ပွဲကြောင့် လေထဲတွင် ဝဲတက်ခဲ့တာ ဖြစ်ပြီး အောက်သို့ ပြန်ကျဆင်းသင့်သည်။ သို့သော် ခုချိန်တွင် ၎င်းတို့သည် လေထဲတွင်ပင် တန့်နေတော့သည်။

ထိုမြင်ကွင်းသည် ဝမ်လင်း၏မျက်လုံးသူငယ်အိမ်ကို ကြုံ့သွားစေ၏။ သူသည် သူ့ကိုယ်ပိုင်နှလုံးခုန်သံသည်ပင် ဒီထူးခြားလှသော အော်ရာကြောင့် နှေးကွေးသွားသလို ခံစားမိရသည်။

ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ မိစ္ဆာတာအိုကလန်ဘိုးဘေး အန်ထုတ်ခဲ့သော သွေးပင်။ ထိုသွေးက မြေပြင်ထက်သို့ ကျဆင်းသွားသင့်၏။ သို့သော် ခုချိန်၌ ၎င်းသွေးသည် လွင့်မြောနေသည်။

“ဒါက မဟာအင်ပါယာတစ်ယောက်ရဲ့ စွမ်းအားလား။ ဒါဟာ တာအိုဝတ်ရုံပေါ်မှာ ချန်ထားတဲ့ နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုပဲ ရှိသေးတယ်။ ဒီလိုနတ်ဘုရားအာရုံအမျှင်တန်းလေးနဲ့တောင့် လောကရဲ့ အရာအားလုံး မလှုပ်ဝံ့စေတဲ့ ဖိအားမျိုး ပိုင်ဆိုင်နေပြီ…”

ဝမ်လင်းသည် ရှေ့တည့်တည့်သို့ ကြည့်သည်။ အရာအားလုံးက တောင့်တင်းအေးခဲနေခြင်း မဟုတ်ပါ။ သို့သော် အရာအားလုံးသည် မဟာအင်ပါယာတောက်ရီ ပေါ်လာချိန်၌ မလှုပ်ဝံ့တော့ခြင်းသာ ဖြစ်၏။

“မင်းက ငါ့နောက် လိုက်ဖို့ အရည်အချင်း ပြည့်မှီတယ်။ ငါ့ နောက်လိုက်လံ သရွှေ့ ငါ မသေးသေးရင် မင်းလည်း သေရမှာ မဟုတ်ဘူး…”

ဆံပင်နက်နှင့်လူငယ်က ဝမ်လင်းကို ကြည့်ကာ ထိုသို့ ဖြည်းဖြည်းချင်း ပြောလာ၏။ သူ၏မျက်လုံးထဲတွင် အဆုံးအဆမဲ့ ဉာဏ်ပညာနှင့် ပြည့်နေသည်။

All Chapters