တွေ့ဆုံခြင်း
Vol. 143 Ch. 1976
ဝမ်လင်း၏နတ်ဘုရားအာရုံအောက်၌ ကျင့်ကြံမှုအဆင့် ပိုမြင့်လေလေ ထိုသူက ယင်းနတ်ဘုရားအာရုံကို ပိုအားကောင်းစွာ ခံစားမိလေပင်။ မြေကမ္ဘာကလန်၏ ဘိုးဘေးသည် ရွှေ့အဆင့်ထိပ်သီးတစ်ယောက် ဖြစ်၏။ ကလန်ခေါင်းဆောင်ကမူ ရွှေအဆင့်သို့ မရောက်သေးသော်လည်း လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ပင်။
သူတို့နှစ်ယောက်လုံးက မြေကမ္ဘာကလန်တွင် အစွမ်းထက်ဆုံး ကျင့်ကြံသူများ ဖြစ်သည်။
ယင်းအခိုက်၌ ကလန်ခေါင်းဆောင်က သူ့တပည့်သုံးယောက်ကို ကြိမ်းမောင်းနေ၏။ သူ၏အမူအရာက အလေးအနက်ဖြစ်ကာ တပည့်သုံးယောက်ထဲမှ တစ်ယောက်ကို ဒေါသတကြီး ဆူမာန်နေသည်။ သူ့စကားတို့က ဖိအားဖြစ်စေသဖြင့် ထိုတပည့်တို့သည် တုန်ယင်နေလေသည်။
သို့သော် ထိုအခိုက်တွင် ဝမ်လင်း၏နတ်ဘုရားအာရုံက ပျံ့လွင့်လာ၏။ သူက မည်သူကိုမျှ မထိခိုက်စေချင်ပေ။ ထို့ကြောင့် ကျင့်ကြံမှုအဆင့်နိမ့်သူများမှာလည်း ခုခံနိုင်ကြ၏။ သို့သော် သူတို့၏အမူအရာများသည် ပြောင်းလဲသွားကြသည်သာ။
သို့ပေမည့် ကလန်ခေါင်းဆောင်၏ အမူအရာကတော့ ကြီးစွာ ပြောင်းလဲသွား၏။ သူ့စိတ်ထဲတွင် မိုးကြိုးထောင်ချီ ပစ်ချခံရသကဲ့သို့ ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်သည် တုန်ယင်ကာ သူသည် ချက်ခြင်း ကလန်ထံမှ ထိုးထွက်လာ၏။
သူက မထွက်လာဘဲ မနေဝံ့၊ မနာခံဘဲ မနေရဲပေ။
ဒီမြေကမ္ဘာကလန်၌ ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်လည်း ရှိသေး၏။ သူက တနှစ်ပတ်လည်း တခါးပိတ်ကျင့်ကြံနေတတ်ကာ လွယ်လင့်တကူ မထွက်လာတတ်ပေ။ ဒီအခိုက်၌ သူက နေရာတွင် ထိုင်နေလျက် သူ့စိတ်နှလုံးမှာ တုန်ယင်သွား၏။ ဝမ်လင်း၏နတ်ဘုရားအာရုံက လွှမ်းမိုးနိုင်စွမ်း ကြီးလှသည်။
ကလန်၏ ရွှေအဆင့်ထိပ်သီးဘိုးဘေးမှာ မျက်လုံးဖွင့်လာပြီး သူ၏မျက်လုံးထဲတွင် ထိတ်လန်ကြောက်ရွှံ့မှုတို့ ပြည့်သည်။
“အင်ပါယာအတု…” ဒီအခိုက်၌ ထိုရွှေ့အဆင့်ထိပ်သီးဘိုးဘေးမှာ သူ့ရှေ့ရှိ လောကသည် ပြိုလဲပျက်စီးလေသည့်အလား ခံစားမိ၏။
သူ့စိတ်ထဲတွင်လည်း အကြောက်တရားတို့ ပြည့်လာသည်။ သူက ချက်ခြင်းပင် ကလန်အပြင်ဘက်သို့ တည်နေရာရွှေ့ပြောင်းလိုက်သည်။
သူတို့အပြင် အဆင့်ငါးဒေသရှိ အဆောက်အဦတစ်ခုအတွင်း ချင်းအမည်ရအမျိုးသားမှာလည်း ဝမ်လင်း၏နတ်ဘုရားအာရုံကို ခံစားမိ၏။ သူ၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး အရင်ထက် သူက ပိုစိတ်ရှုပ်ထွေးလာတော့သည်။
သူသည်သာမက သူ့ဘေးရှိ အမျိုးသမီးမှာလည်း တုန်ယင်ကာ သူမ၏မျက်လုံးထဲတွင်လည်း စိတ်ရှုပ်ထွေးဟန် ဖြတ်ပြေးသွားသည်။
မြေကမ္ဘာကလန်၏ တပည့်သုံးသောင်းလုံး၏ စိတ်မှာလည်း တုန်ယင်သွားကြ၏။ သို့သော် သူတို့က ကြောက်ရွှံ့မှုကြောင့် တုန်ယင်ခြင်း ဖြစ်ကာ စိတ်ရှုပ်ထွေးသွားသူဟူ၍ ထိုအမျိုးသားနှင့်အမျိုးသမီးတို့နှစ်ယောက်သာ ရှိပေသည်။
မြေကမ္ဘာကလန်အပြင်ဘက်တွင် ဝမ်လင်းက ပင်လယ်နဂါး၏ဦးခေါင်းထက်တွင် တည်ငြိမ်စွာ ရပ်ကာ သူ့ရှေ့ရှိ သဲမုန်တိုင်းကို ကြည့်သည်။ မြေကမ္ဘာကလန်၏ဘိုးဘေး ပေါ်လာပြီး ကလန်ခေါင်းဆောင်က နောက်မှ လိုက်ပါလာ၏။
ထိုဘိုးဘေးပေါ်လာသည်နှင့် သူက ဝမ်လင်းအောက်ရှိ ပင်လယ်နဂါးကို မြင်၏။ သူသည် ထိုနဂါးကို တွေ့မြင်သည့်အခါ စိတ်နှလုံးတချက် ခုန်သွားမိသည်။ အနှီပင်လယ်နဂါးက ရွှေအဆင့်ထိပ်သီးကျင့်ကြံသူတစ်ယောက်နှင့် အဆင့်တူပင်။
“ရွှေ့အဆင့်ပင်လယ်နဂါးကို စီးတော်ယဉ်လုပ်ထားတဲ့သူ…” မြေကမ္ဘာကလန်၏ဘိုးဘေးက ချွေးပါ ပြန်လာ၏။ သူက ထိုပင်လယ်နဂါးဦးခေါင်းထက်တွင် တည်ငြိမ်စွာ ရပ်နေသော ဝမ်လင်းကို ကြည့်၏။ သူ ဝမ်လင်းနှင့် အကြည့်ချင်း ဆုံသည့်အခါ သူ့စိတ်နှလုံးမှာ တုန်ရီသွားသည်။ သူက သူ့လက်နှစ်ဖက်ကို ခပ်မြန်မြန် ဆုပ်ကာ ဝမ်လင်းကို တလေးတစား ဦးညွှတ်လိုက်သည်။
“မြေကမ္ဘာကလန်ရဲ့ ကျန်းထျန်လင်းက စီနီယာကို နှုတ်ဆက်ပါတယ်…”
သူ ထိုသို့ ပြောလာသည့်အခါ ကလန်ခေါင်းဆောင်ပါ ရောက်လာ၏။ သို့သော် အကြည့်တချက်ဖြင့်ပင် သူ့မျက်နှာက ဖြူရောသွား၏။ သူက ဝမ်လင်း၏ ခမ်းနားသောစီးတော်ယဉ်နှင့် ဘေးတွင် တရိုတသေ ရပ်နေသော ဘိုးဘေးဖြစ်သူတို့ကြောင့် တုန်လှုပ်မိသွား၏။ သူက ဝမ်လင်းကို အထိတ်တလန့် ဦးညွှတ်လိုက်သည်။
“ဂျူနီယာက စီနီယာ ရောက်ရှိလာတာကို သတိမပြုမိပါဘူး။ စီနီယာ ကျုပ်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ကျေးဇူးပြုပြီး ဂျူနီယာ လေးစားသမှု ပြသနိုင်အောင်လို့ စီနီယာအနေနဲ့ မြေကမ္ဘာကလန်ကို လာလည်ပေးပါ…”
ရွှေအဆင့်ထိပ်သီးကျန်းထျန်လင်သည အတော့်ကိုရိုကျိုးနေ၏။ သူသည် မရိုင်းစိုင်းရဲချေ။ သူသည် ဒီကြောက်မက်ဖွယ်ကောင်းလှသော အင်ပါယာအတုပုဂ္ဂိုလ်ကို စော်ကားမိမည်အား ထိတ်လန့်နေသည်။
သူက ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကို သူ့နတ်ဘုရားအာရုံဖြင့်ပင် မစစ်ဆေးကြည့်ဝံ့ပေ။
အစောပိုင်းက ထိတ်လန့်ဖွယ်နတ်ဘုရားအာရုံဖြင့်ပင် သူ့အနေဖြင့် ဒီပုဂ္ဂိုလ်သည် အင်ပါယာအတုဖြစ်မည်မှန်း ရှင်းလင်းစွာ ခံမှန်းမိသည်။ ဒါ့အပြင် ရွှေ့အဆင့်ထိပ်သီးပင်လယ်နဂါးကလည်း သူ့အား တုန်လှုပ်မိစေသည်။
“ငါ အင်ပါယာအတုပုဂ္ဂိုလ်တွေနဲ့ နှစ်ကြိမ်နှစ်ခါ တွေ့ခဲ့ဖူးတယ်။ သူတို့တစ်ယောက်ချင်းစီဟာ ကုန်းမြေတစ်ခုလုံး တုန်ခါသွားအောင် လုပ်နိုင်ကြတယ်။ ဒီလူဟာ ငါ့ကလန်ရှေ့မှာ ရုတ်တရက် ပေါ်လာခဲ့တာဆိုတော့ ငါ့ကလန်က တစ်ယောက်ယောက်ကများ သူ့ကို စော်ကားမိခဲ့တာလား…”
ဝမ်လင်းက ပြုံး၍ ထိုအဘိုးအိုကို ပြောလိုက်၏။ “ငါ ကလန်ထဲ ဝင်လည်ဖို့ မလိုပါဘူး။ ငါ့အနေနဲ့ မုန့်မြေကမ္ဘာကုန်းမြေကို ဖြတ်လာရင်း မင်ရဲ့ကလန်မှာ ရှိတဲ့ အပြည့်စုံဆုံးမြေပုံကို လိုအပ်လာလို့ပဲ။ မင်း ငါ့ကို အဲ့မြေပုံတစ်ခု ပေးနိုင်မလား…”
ဝမ်လင်း ပြုံးသည်ကို မြင်မှသာ ထိုဘိုးဘေးသည် သက်ပြင်းကြီး ချနိုင်တော့၏။ သူက ကလန်ရှိ တစ်စုံတစ်ယောက်က ဒီအင်ပါယာအတုပုဂ္ဂိုလ်ကို စော်ကားမိမည်အား ထိတ်လန့်နေခဲ့ခြင်းပင်။ တကယ်တော့ ကောင်းကင်ဘုံသားတို့၏ နယ်မြေတခွင်လုံးတွင် အင်ပါယာအတုအဆင့် ပုဂ္ဂိုလ်များသည် အရေအတွက်အားဖြင့် တစ်ထောင်လောက်သာ ရှိသည် မဟုတ်လား။ သူတို့ထဲမှ အများစုက ဗဟိုကုန်းမြေတွင် ရှိပြီး၊ တချို့က မဟာအင်ပါယာတစ်ယောက် နောက်သို့ လိုက်ကာ ကျန်သူများက ကလန်တစ်ခုတွင် အစစ်အမှန်ဘိုးဘေးအဖြစ် နေထိုင်တတ်ကြသည်။
ဝမ်လင်းက ဒီကို မြေပုံအတွက် ရောက်လာခဲ့တာဟု ကြားပြီးသည့်နောက် ရွှေ့အဆင့်ထိပ်သီးကျန်းထျန်လင်းက ခပ်သွက်သွက် ခေါင်းညိတ်လိုက်၏။
“စီနီယာက ယဉ်ကျေးလွန်းနေပါပြီ။ ဂျူနီယာတို့ကလန်မှာ မြေပုံတချပ် ရှိပါတယ်။ ဒီမြေပုံမှာ အရှေ့ပိုင်းကုန်းမြေတခွင်လုံးနဲ့ တောင်ပိုင်းကုန်းမြေရဲ့ အစိတ်အပိုင်းတော်တော်များများထိ ပါဝင်ပါတယ်..” သူ ထိုသို့ ပြောလိုက်ရင်း သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားတစ်ခု ပေါ်လာ၏။ သူက ၎င်းကို ဝမ်လင်းထံ တရိုတသေ ပေးလိုက်သည်။
ဝမ်လင်းက ၎င်းကျောက်စိမ်းပြားကို လက်ခံကာ သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ ထိုမြေပုံက လိပ်ခွံထက် ပိုကျယ်ပြောသော နေရာများ ပါတင်ပြီး အတော်လေးလည်း အသေးစိတ်သည်။
ဝမ်လင်းကပြုံး၍ ထိုရွှေ့အဆင့်အဘိုးအိုကို ကြည့်လိုက်၏။
ဝမ်လင်း ကျေနပ်သွားသည်ကို တွေ့မြင်သည့်အခါ ထိုအဘိုးအိုက ပို၍ စိတ်အေးနိုင်သွားသည်။
“ဂျူနီယာ ရွှေအဆင့်ထိပ်သီး ဖြစ်လာတဲ့အခါတုန်းက အတွေ့အကြုံရှာဖို့ ထွက်သွားခဲ့ပါတယ်။ ဂျူနီယာဟာ တောင်းပိုင်းကုန်းမြေထိ ဝေးဝေးလံလံ သွားခဲ့ပြီး လမ်းတလျှောက်မျာ မြင်ခဲ့သမျှကို မှတ်တမ်းတင်ပြီး ဒီကျောက်စိမ်းပြားထဲမှာ သိမ်းမှတ်ထားခဲ့တာပါ။ စီနီယာ ဒါကို လိုအပ်တယ်ဆိုရင် ပုံတူကူးနေဖို့ မလိုပါဘူး။ ဒီကျောက်စိမ်းပြားကိုသာ ယူသွားလိုက်ပါ…”
ထိုကျောက်စိမ်းပြားကို သိမ်းဆည်းပြီးနောက် ဝမ်လင်းက အကျိုးအမြတ်အချို့ ပြန်ပေးလို၏။ သို့သော် သူသည် အင်ပါယာအတုအဆင့်သို့ ရောက်လာခါစသာ ရှိသေးပြီး ကင်းမြှီးကောက်ဘုံကျောင်း၌လည်း နှစ်ပေါင်းတစ်ရာလောက် အချိန်ကုန်ခဲ့သည်ဖြစ်၍ သူ့အနေ၌ လောက်လောက်လားလား ထုတ်ပေးစရာ ရှိမနေပေ။
ဒီမြေပုံ ကျောက်စိမ်းပြားက လျှို့ဝှက်ထားရှိသော အရာတစ်ခု ဖြစ်ကာ သာမန်ကာလျှံကာ ထုတ်ပေးလို့ရသည့် ပစ္စည်း မဟုတ်ပေ။
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက လေဟာနယ်ထံ သူ့ညာလက်ကို ဆန့်ထုတ်၏။ သူ့လက်ဝါးတွင် မီး စုဝေးလာသည်. ထိုမီးက အင်မောတယ်မီးမျိုးစေ့အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်း၌ မီးအနှစ်သာရအချို့ ပါဝင်လေသည်။
“မင်းရဲ့ မြေပုံကို အလကားသပ်သပ် ငါ မယူသွားဘူး။ ဒီမီးမျိုးစေ့ထဲမှာ မီးအနှစ်သာရအရိပ်အမြွက် ပါဝင်တယ်။ မင်းကလန်ရဲ့ ဒါကို အာရုံခံမိနိုင်တဲ့ ဘယ်သူမဆို မီးအနှစ်သာရတစ်ခု ဖြစ်ပေါ်ဖို့ သူတို့ရဲ့ အခွင့်အရေးဟာ မြင့်မားသွားလိမ့်မယ်…”
ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ထိုမီးမျိုးစေ့သည် အဘိုးအိုထံ ပျံသန်းသွားလေသည်။
ထိုအဘိုးအို၏မျက်နှာထက်တွင် ပျော်ရွှင်သွားဟန် ပေါ်၏။ သူက ၎င်းကို အလျင်အမြန် လက်ခံကာ သူ့သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်သိမ်းလိုက်သည်။ သူက ဝမ်လင်းကို ဦးညွှတ်လိုက်လေသည်။ သို့သော် စိတ်ထဲ၌ ကြိတ်၍ သက်ပြင်းချမိ၏။ သူနှင့် အရင်က တေါ့ခဲ့ဖူးသော အင်ပါယာအတုတိုင်းက အတော့်ကို တွန့်တိုကပ်စီးနဲခဲ့သူများ ဖြစ်၏။ အခု တတိယမြောက်တစ်ယောက်သည်လည်း အတူတူပင် ဖြစ်နေသည်။
မီးမျိုးစေ့ကို ချန်ရစ်ပေးပြီး ကျောက်စိမ်းပြားကို ယူဆောင်ပြီးနောက် ဝမ်လင်းက လှည့်ထွက်လိုက်၏။ ထိုစဉ် သူ့နတ်ဘုရားအာရုံကို ကလန်တစ်ခုလုံးသို့ သာမန်ကာလျှံကာ ဖြန့်ကျက်မိသည်။ ထိုသည်မှာ သူ့အတွက် သတိထားတတ်သောကြောင့် ဖြစ်ပေါ်လာသာ အလိုလို ပြုမူမိလိုက်ခြင်းပင်။ ပင်လယ်နဂါးက ပေတစ်ထောင်ထိ ပျံသန်းတက်လာ၏။
“စီနီယာကို နှုတ်ဆက်ပါတယ်…” ရွှေ့အဆင့်ထိပ်သီးအဘိုးအိုက လုံးဝ စိတ်အေးသွားပြီး သူ့လက်နှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက်၏။
သူနှင့်အတူ ရှိနေသော စကားဝင်ပြောရန် အရည်အသွး မပြည့်မှီသော မြေကမ္ဘာကလန်ခေါင်းဆောင်ကလည်း လက်နှစ်ဖက် ဆုပ်ကာ နှုတ်ဆက်သည်။
သို့သော် ထိုအခိုက်တွင် ဝမ်လင်းက ရုတ်တရက် ရပ်ကာ နောက်ပြန်လှည့်ကြည့်သည်။ သူက မုန့်မြေကမ္ဘာကလန်သို့ စိုက်ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် လှိုင်းတစ်ခု ထန်လာသည်။
ချက်ခြင်းပင် သူ့နတ်ဘုရားအာရုံက ပျံ့လွင့်လာပြီး သူ့စိတ်ကို တုန်ယင်သွားစေသော စိတ်ဝိညာဉ်၏ အော်ရာကို ခံစားမိသွားသည်။
ပင်လယ်နဂါးကလည်း ဝမ်လင်း၏ နတ်ဘုရားအာရုံကို အာရုံခံမိကာ ကောင်းကင်ထက်သို့ မာန်သွင်းဟစ်အော်ကာ မြေကမ္ဘာကလန်ထံ တိုးဝင်လာတော့သည်။
ထိုရုတ်တရက် ပြောင်းလဲမှုက ရုတ်ချည်းဆန်လှ၏။ ရွှေအဆင့်ထိပ်သီးကျန်းထျန်လင်းသည် ထိုသို့ ဖြစ်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိပေ။ သူက နောက်လှည့်ကာ သူ့အမူအရာမှာ ပြောင်းလဲသွားသည်။ သူက သူ့ခေါင်းပေါ်သို့ ကျော်ကာ မြေကမ္ဘာကလန်ထံ ဦးတည် ပျံသန်းဝင်သွားသော ပင်လယ်နဂါးကို တွေ့မြင်လိုက်ရသည်။
“စီနီယာ…” ကျန်းထျန်လင်း၏အမူအရာက စူးစမ်းချင်စိတ်ပေါ်လာကာ တုန်လှုပ်နေသော မြေကမ္ဘာကလန်ခေါင်းဆောင်ထံ လှမ်းကြည့်သည်။ သူတို့က အလင်းတန်းနှစ်ခုအဖြစ်သို့ ပြောင်းကာ ဝမ်လင်းနောက်သို့ ပျံသန်းလိုက်လာတော့သည်။
ပင်လယ်နဂါးသည် မြေကမ္ဘာကလန်ထံ တရကြမ်း တိုးဝင်လာရင်း ၎င်း၏ ဟိန်းအော်သံက လောတခွင်သို့ ပျံ့လွင့်ကာ တပည့်သုံးသောင်းအား တုန်ယင်သွားစေသည်။ သူတို့သည် ကောင်းကင်ဘုံ၏ခွန်အား ဆင်းသက်လာသလားဟုပင် ခံစားမိကြသည်။
ပင်လယ်နဂါးက အဆင့်ငါးအဖွဲ့ဝင်များ ရှိနေသော ဧရိယာ၏ အထက်သို့ ရောက်လာ၏။ ဝမ်လင်းက ထိုနဂါးဦးခေါင်းပေါ်တွင် မားမားရပ်ကာ အောက်သို့ ငုံ့ကြည့်သည်။ သူသည် တွေဝေမိန်းမောမိသွားသည်။
မြေကမ္ဘာကလန်ဘိုးဘေးနှင့် ကလန်ခေါင်းဆောင်တို့က အလျင်အမြန် မှီလာကြ၏။ ကလန်ခေါင်းဆောင်၏ မျက်နှာမှာ ဖြူရောနေသည်။ သူက ဝမ်လင်းသည် ဒီနေရာတွင် ဘာကြောင့် ရုတ်တရက် ပေါ်လာရသည်ကို နားမလည်နိုင်ပေ။ သူက ဝမ်လင်းကိုသာ ကြည့်နေမိပြီး နှလုံးခုန် မြန်လာတော့သည်။
“စီနီယာ…သူတို့က ကျနော့်ကလန်ရဲ့ အဆင့်ငါးအဖွဲ့ဝင်တွေပါ…” ရွှေအဆင့်ထိပ်သီးအဘိုးအို၏ စိတ်ထဲတွင် ခါးသီးစွာ ခံစားမိနေသည်။ သူက အသက်ဝဝရှိုက်သွင်းကာ အလျင်အမြန် ညွှန်ကြားချက် ပေးလေသည်။
“အဆင့်ငါးတပည့်တွေ….ငါ့အမိန့်ကို နားထောင်ကြ။ လူတိုင်း ထွက်လာပြီး စီနီယာ့ကို နှုတ်ဆက်ကြ…”
ရွှေအဆင့်ထိပ်သီး၏ စိတ်မှာ အလျင်အမြန် ပြောင်းလဲနေ၏။ သူက အင်ပါယာအတုပုဂ္ဂိုလ် ဒီနေရာသို့ ရုတ်တရက် ရောက်လာပြီး မလှုပ်မယှက် ဖြစ်နေသည့်အကြောင်းရင်းမှာ အဆင့်ငါးတပည့်များထဲမှ တစ်ယောက်ယောက်က သူ့ကို မပျော်မရွှင် ဖြစ်စေခဲ့သည် သို့မဟုတ် သူ့မျိုးဆက်၏ ရန်သူတစ်ယောက် ဖြစ်သည်ဟု ဝိုးတဝါး ခန့်မှန်းကြည့်မိသည်။
“ကံကောင်းစွာနဲ့ ဒါက အဆင့်ငါးအဖွဲ့ဝင်တွေပဲ ဖြစ်လို့။ သူတို့အားလုံး သေသွားရင်တောင် ငါ့အနေနဲ့ ဒီအင်ပါယာအတုပုဂ္ဂိုလ်ကို စော်ကားမိလို့ မဖြစ်ဘူး…”
ရွှေအဆင့်ထိပ်သီးကျန်းထျန်လင်းက ချက်ခြင်း ဆုံးဖြတ်ချက် ချလိုက်၏။ အဆင့်ငါးတပည့်အားလုံးသည် ဖြူရောသော အသွင်ဟန်ပန်များဖြင့် ထွက်လာကြသည်။ သူတို့အားလုံးက ဝမ်လင်းထံ ဒူးထောက်ကာ အရိုအသေးပြုရန် ဟန်ပြင်သည်။
ထိုလူအုပ်ကြားတွင် ချင်းအမည်ရအမျိုးသားနှင့် သူ့ဘေးတွင် အမျိုးသမီးတစ်ယောက် ရှိနေသည်။
ထိုနှစ်ယောက်က ဦးညွှတ်ရန် ဟန်ပြင်လိုက်စဉ် ဝမ်လင်း၏ မျက်လုံးက အရောင်တောက်သွား၏။ သူက ဖြတ်ခနဲ လှုပ်ရှားကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ ညင်သာသောအားတစ်ခု ပျံ့လွင့်သွားကာ ထိုနှစ်ယောက် ဒူးထောက်ခြင်းအား ရပ်တန့်သွားစေသည်။
ထိုအမျိုးသားဖြစ်သူကို ကြည့်ကာ ဝမ်လင်း၏အမူအရာက ညင်သာပျော့ပျောင်းသွားသည်။
“အစ်ကိုကြီးကျောက်…”