← Chapters

အတိတ်မှ ဝမ်းနည်းကြေကွဲမှု

Vol. 02 Ch. 82

အတိတ်မှ ဝမ်းနည်းကြေကွဲမှု

Vol. 02 Ch. 82

ကျားလွေဒေါင်သည် ကုလားဖန်အား ကျွမ်းကျင်စွာဖြင့် ထိုးနေလေသည်။ ထို့နောက် သူနှင့် ထန်ရှုအား ၃ကတ်စီ ဝေလိုက်သည်။ ကျန်ဖဲချပ်များအား ဘေးတွင် ချထားလိုက်ပြီး ဆက်ရှင်းပြ လိုက်သည်။

“ဖဲဝေသူ ဖဲဝေပြီးသွားတာနဲ့ သူက အဲဒါကို သူ့ရဲ့အရှေ့က စားပွဲပေါ်မှာ ထားလိမ့်မယ်။ ငါ ကြားဖူးတာကတော့ လောင်းကစား မာစတာတစ်ယောက်က ဖဲကတ်တစ်ကတ်ကို သူ့လက်နဲ့ ပစ်လိုက်ပြီး ကျန်တဲ့ကတ်တွေထဲက သူလိုတဲ့ကတ်ကို အလင်းရဲ့ အမြန်နှုန်းနဲ့ ယူနိုင်တယ်တဲ့။ သူ့ရဲ့မူလဖဲချပ်က ဖဲပုံထဲမှာ ကျန်ခဲ့တယ်။ ဒါပေမဲ့လည်း ဒီလိုလုပ်နိုင်တာ နတ်ဘုရားလို လောင်းကစားသမားတွေ လောက်ပဲ လုပ်နိုင်လိမ့်မယ်။ လတ်စ်ဗီးဂတ်စ်မှာ ရှိတဲ့ ကာစီနိုတွေမှာ နတ်ဘုရားလို လောင်းကစား သမားတွေ ရှိတယ်”

ရုတ်တရက် ကျားလွေဒေါင်သည် သူ၏နဖူးအား ဖတ်ခနဲ ရိုက်လိုက်ရင်း စိတ်ပျက်သည့် အသံဖြင့် ပြောလိုက်သည်။

“အာ ... ငါ အရေးကြီးတာ ပြောဖို့မေ့နေတယ်။ ကတ်တွေကို မှတ်မိဖို့နဲ့ တွက်ချက်ဖို့ပဲ။ ဖဲဝေတဲ့သူရဲ့ လက်ကြိမ်နှုန်းကို သေချာ ကြည့်ရမယ်။ သူ့ရဲ့စည်းချက်နဲ့ အဲဒါတွေကို မှတ်မိနေရမယ်။ သိနေရမယ်။ တွက်ချက်နေရမယ်။ ကတ်ချိုးလိုက်တာနဲ့ တိတိကျကျ အဲဒါကို ထောက်ပြရမယ်”

ထန်ရှုသည် ကျားလွေဒေါင်၏ ရှင်းပြချက်အတိုင်း သူ၏ဖဲ၃ကတ်အား ထိလိုက်သည်။ သူသည် ဖဲချပ်နံပါတ်များအား မြင်လိုက်သည်။ ကျားလွေဒေါင်သည် ကတ်အား မှောက်လိုက်သည်ကို မြင်သောကြောင့် သူသည် အလင်း၏ အမြန်နှုန်းဖြင့် ကတ်တစ်ကတ်အား ပစ်လိုက်ရာ ချက်ချင်း လုံးဝပြောင်းလိုက်ပြီး ဖြစ်သွားသည်။

“ပိုသေးတဲ့ကတ်နဲ့ ပြောင်းလိုက်တာ ဖြစ်လေမလား”

ထန်ရှု ကြိတ်ကာ သက်ပြင်းချလိုက်သည်။

နောက်ဆုံးတွင် သူ သဘောပေါက်သွားသည်။ ကျားလွေဒေါင်၏ ဖဲကုလားဖန်ထိုးသည်ကို ကြည့်ရုံသာမက ဖဲချပ်၏ မျက်နှာပြင်နှင့် နေရာကိုလည်း မှတ်မိအောင် လုပ်ရသည်။ ကျားလွေဒေါင်သည် သူ၏ကတ်အား ထန်ရှု လဲသွားသည်ကို သိလိုက်သောကြောင့် သူသည် အခြားကတ်တစ်ကတ် ယူကာ ပြောင်းလိုက်သည်။

“စပိတ် ၄၊ ဟာ့တ် ၅၊ ဟာ့တ် ၆ စထရိတ်တစ်ခုလား” ထန်ရှုသည် ကတ်ကို ဖွင့်လိုက်သည်။ “ခင်ဗျားရော”

ကျားလွေဒေါင်သည် အပြုံးဖြင့် ပြောလိုက်သည်။ “မင်းရဲ့ကံက ကောင်းတယ်။ ငါ …”

သူစကားပြောနေစဉ် သူ၏လက်များသည် အလွန်လျင်မြန်စွာဖြင့် သူအရှေ့မှ ကတ်ပုံထဲသို့ ရွေ့လျားခဲ့သည။ ထန်ရှုသည်လည်း လျင်မြန်စွာ လှုပ်ရှားလာရာ သူ၏ လက်ကောက်ဝတ်မှ ကတ်အား ဆွဲယူသွားသည်။ ထိုဟာသည် ကျားလွေဒေါင်၏ ကစားသောလက် ဖြစ်သောကြောင့် သူ၏ကတ်အား မပြောင်းနိုင်ခဲ့ချေ။

“ကျွန်တော့်ရှေ့မှာ လက်မြန် ကို ခင်ဗျား မကစားနိုင်ပါဘူး”

ကျားလွေဒေါင်၏ အမူအရာ အေးခဲသွားပြီး အံ့သြ တုန်လှုပ်သွားရသည်။ ထန်ရှုအား မယုံနိုင်သော အမူအရာဖြင့် ကြည့်မိသည်။ သူ၏နှုတ်ခမ်းသည် တွန့်သွားရပြီး ခါးသီးသော အပြုံးဖြင့် …

“ဘုရားသခင် … မင်းရဲ့မျက်လုံးနဲ့ လက်တွေက မြန်လိုက်တာ။ ငါ မြန်တယ်ဆိုတာ ဆယ်စုနှစ် တစ်ခုစာလောက် လေ့ကျင့်လို့။ ဒါပေမဲ့ မင်း …”

ထန်ရှုသည် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

“ကျွန်တော်က သိုင်းပညာ လေ့ကျင့်သူပါ။ ပတ်ဝန်းကျင်ကို သတိနဲ့ကြည့်ပြီးသား။ ကျွန်တော့်လက်သီးတွေနဲ့ လက်ဖဝါးတွေက အလင်းလို မြန်တယ်လေ။ ကျွန်တော့်ရှေ့မှာ ညာတဲ့သူ ရှိရင်တောင်မှ အလွယ်ရှာနိုင်ပြီး ကျွန်တော့်ထက်မြန်တဲ့သူ မရှိစေရဘူး”

ကျားလွေဒေါင်သည် အပျော်လွန်သွားခဲ့သည်။

“ညီလေးထန် ...  ငါက မင်းကို သိုင်းသမားလို့တစ်ခါမှ မထင်ခဲ့ဖူးဘူး။ ဒီနေ့ မင်းကို သင်ပြီးတဲ့နောက်မှာ စိတ်အေးသက်သာ ခံစားရတယ်။ မင်းသာ ကျွမ်းကျင် လောင်းကစားပညာရှင် မလုပ်ဘူးဆိုရင် လောင်းကစား လောကတွင် နစ်နာစရာပဲ။ ၃နှစ်ကနေ ၅နှစ်အတွင်း လေ့ကျင့်လိုက်ရင် လောင်းကစား ဘိုးအေကြီးတောင် ဖြစ်လာနိုင်တယ်”

လောင်းကစား ဘိုးအေကြီးတဲ့လား …။

ထန်ရှုသည် စိတ်ထဲတွင်ကျိတ်ကာ ဘဝင်မြင့်လိုက်သည်။ သူ့မှာသာ လုပ်စရာမရှိဘူး ဆိုပါက သူသည် သေချာပေါက် လောင်းကစား ဘိုးအေကြီး ဖြစ်လာပေလိမ့်မည်။ လောင်းကစားတွင် နည်းနည်းမှ စိတ်မဝင်စားသည်ကို အသာထား သူသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားပြီး အင်မော်တယ် လောကတွင် ထိပ်သီးပြန်ဖြစ်ရန် ကြိုးစားနေရာ အချိန်နှင့် အားထုတ်မှုအား မဖြုန်းတီးနိုင်ပေ။

“ဂွီ” ကျားလွေဒေါင်၏ အစာအိမ်မှ အသံမြည်လာခြင်း ဖြစ်သည်။

ထန်ရှုသည် ပြုံးလျက် …

“ဒီနေ့ နောက်ကျနေပြီ။ အပြင်ထွက်ပြီး တစ်ခုခု စားရအောင်။ ကျွန်တော်လည်း သင်သမျှ အကုန်မှတ်ထားပြီးပြီ။ လေ့ကျင့်ဖို့ပဲ လိုတော့တယ်”

ကျားလွေဒေါင်သည် လောင်းကစားပွဲ အတွက် စိတ်ဖိစီးနေသောကြောင့် ရက်အနည်းငယ် အချိန်မှန် မအိပ်နိုင် မစားနိုင်ဖြစ်နေခဲ့သည်။ ထန်ရှုရောက်လာရာတွင် သင်ကြားပေးသမျှ အဆင်ပြေနေသည် ဖြစ်သောကြောင့် စိတ်အေးသွားရသည်။ ထန်ရှု၏ အကြံပေးချက်အား ကြားသောအခါ သဘောတူ လိုက်လေသည်။

“ညီလေးထန် ... ငါရဲ့တပည့်တွေက သီးသန့်စားသောက်ခန်း ကြိုတင် စာရင်းပေးထားတယ်။ သွားကြစို့”

သူတို့ အခန်းအပြင်ဘက် ထွက်လာရာ ကုန်းတာလုံသည် စောင့်နေခဲ့ပြီး သူတို့အား ကျန်းထျဲချွန်နှင့် ကျားယီလဲ့ စောင့်နေသော ထာဝရ ခိုင်မြဲခန်းမသို့ ခေါ်ဆောင်သွားသည်။

ကျားလွေဒေါင်က  ထန်ရှုအား အမြန်ရှင်းပြသည်။

“ထာဝရခိုင်မြဲခန်းမက ကျင်းမန်ကျွန်းက အထူးစားသောက်ဆိုင်ပဲ။ မန်ဘာကတ်မပါရင် ဝင်လို့မရဘူး”

“ဟင်” ထန်ရှုသည် ခေါင်းမညိတ်ပြခဲ့ပေ။ လူတိုင်းသိသော ဆောင်ပုဒ်အတိုင်း လူတိုင်း အခွင့်အရေးသည် အဆောက်အအုံ တစ်ခုတည်းတွင် တူညီစွာ ရသင့်ပေသည်။

မာစီးဒီးဘင့်လေး တစ်စီးသည် လျင်မြန်စွာ မောင်းနှင်လာပြီး ကမ်းခြေဘက်သို့ ဦးတည်လာခဲ့သည်။ စိမ်းစိုနေသော အပင်လေးများသည် လမ်း၏ တစ်ဖက်တစ်ချက်တွင် ရှိနေပြီး အဝါရောင် နီယွန်မီးများ ထွန်းလင်းနေသော်လည်း ဖြတ်သွားသော ကားများ မရှိသလောက်ပင်။ လုံခြုံရေးကားများသည် တိတ်ဆိတ်စွာ ဘေးမှ ဖြတ်သွားပေသည်။

တဖြည်းဖြည်းနှင့် ပင်လယ်လှိုင်းသံများနှင့် နီးကပ်လာခဲ့သည်။ ကြယ်များသည် အရောင်များလက်ကာ ထန်ရှု၏ အရှေ့တင် ပေါ်လာသည်။

ထိုအလင်းများအား ရှာကြည့်လိုက်သော အခါ ထန်ရှု၏ရင်ထဲတွင် တုန်လှုပ်လျက် မပျော်ရွှင်စွာ ပြောလိုက်မိသည်။

“ရေနဂါးထောင် အစီအရင်လား”

ကျားလွေဒေါင်သည် ဇဝေဇဝါဟန်ဖြင့် …

“ညီလေးထန် ...  ဘာပြောလိုက်တာလဲ”

ထန်ရှုသည် အသက်ပြင်းပြင်း ရှူကာ သူ၏ အသက်ရှူနှုန်းအား ခက်ခက်ခဲခဲ ထိန်းလိုက်သည်။

သူသည် ကျားလေဒေါင်ဘက် လှည့်ကာ မေးလိုက်သည်။

“ထာဝရခိုင်မြဲခန်းမ အကြောင်း ဘယ်လောက်သိလဲ”

ကျားလွေဒေါင်သည် ခေါင်းကို ယမ်းလိုက်ကာ ပြောသည်။

“ငါ နည်းနည်းလေးပဲ သိပါတယ်။ ပိုင်ရှင်တွေက အမြီးနဲ့ခေါင်းကို မြင်ဖို့ခဲယဉ်းတဲ့ နတ်နဂါးတွေကို ပိုင်ဆိုင်တယ်။ ကောလာဟလအရ ကျင်းမန်ကျွန်း ပေါ်လာတော့ ဒီခန်းမလည်း ပေါ်လာတယ်ဆိုတယ်။ ထင်ရှားတဲ့ အခြေအနေ တစ်ခုလည်း ရှိသေးတယ်”

“ဘာထင်ရှားတဲ့ အခြေအနေတစ်ခုလဲ”

ကျားလွေဒေါင်သည် အသံကိုနှိမ့်ကာ ပြောလိုက်သည်။

“ထာဝရခိုင်မြဲခြင်း ခန်းမက ဈေးကြီးပေးရပေမဲ့လည်း သူတု့ိရဲ့ အစားအသောက်က အရမ်းကောင်းမွန်တယ်။

ခမ်းသာတဲ့ လူတွေတင် လာတာမဟုတ်ဘူး။ သိုင်းပညာရှင်တွေလည်း လာရောက်ကြတယ်”

“သိုင်းပညာရှင်လောကက လူတွေ ဟုတ်လား”

“ဟုတ်တယ်။ မယုံကြည်နိုင်စရာ အကောင်းဆုံးက ဆိုင်မှာ လာစားတဲ့ သိုင်းပညာရှင်တွေက ပိုင်ရှင် စီစဉ်တဲ့ ထောင်ပေါင်းများစွာ ချိုးဖြတ်မှုကို ချိုးဖြတ်နိုင်ခဲ့ရင် အဲဒီမှာ အလကား စားသောက်လို့ရတယ်”

“ထောင်ပေါင်းများစွာ ချိုးဖြတ်မှု ဟုတ်လား”

ထန်ရှု၏ရင်ထဲတွင် ငလျင်ကြီးတစ်ခု တိုက်သွားသကဲ့သို့ ပြင်းထန်စွာ တုန်လှုပ်သွားရပြီး သူ၏ မျက်နှာသည်လည်း စာရွက်ဖြူ တစ်ရွက်အလား ဖြူလျော့သွားတော့သည်။

အင်မော်တယ်လောက မှတ်ဉာဏ်သည် သူ၏ခေါင်းထဲတွင် မထိန်းချုပ်နိုင်ပဲ ပေါ်ထွက်လာခဲ့သည်။ နန်းတော်၏ သိုင်းပညာလေ့ကျင့်ရေး ကွင်းထဲတွင် ချစ်စရာ ကောင်းသော၊ နူးညံ့သော၊ ကလေးသံလေးဖြင့် အဖြူရောင်ဝတ်စုံ ဝတ်ထားသော မိန်းကလေးငယ်သည် သူ၏စိတ်ထဲတွင် ထင်းထင်းကြီး ပေါ်လာတော့သည်။

“ဆရာ … ယန်အာ ထောင်ပေါင်းများစွာ ချိုးဖြတ်မှုထဲမှာ ၃၆၀၀ရက်မှတ်တမ်းကို ချိုးဖြတ်ခဲ့ပြီးပြီ။

ငါ့ရဲ့ချိုးဖြတ်မှုက ဘယ်လိုလဲလို့။ ဆရာက အရှက်လည်း မရှိဘူး။ ရွှေရောင်လူငယ်လေးရဲ့ ယင်အမှတ်မှာ စီစဉ်ခဲ့တာမဟုတ်လား”

“ဆရာ … ယန်အာ ထောင်ပေါင်းများစွာ တော်လှန်ရေး စီစဉ်မှုထဲမှာ ၃၆၀၀ရက်မှတ်တမ်းကို ချိုးဖြတ်ခဲ့ပြီးပြီ။ ယန်အာ အရမ်းပျော်တယ်။ အဲဒါချိုးဖြတ်နိုင်ရင် ယန်အာ လူလားမြောက်ပြီလို့ ဆရာ ပြောဖူးတော့ ယန်အာ လူလားမြောက်ပြီ မဟုတ်လား”

“ဆရာ … ယန်အာ ပျားရည်နဲ့ တောရိုင်းပန်းတွေကို ဝိုင်ဖောက်လာခဲ့တယ်။ ဆရာ မြည်းကြည့်ပါဦး”

“ဆရာ”

ထန်ရှုမျက်လုံးထဲတွင် ဖန်ပုတီးလေးများအား မြင်ယောင်နေသည်။

နှစ်ပေါင်း ၆၅၀၀ ရှိခဲ့ပြီ။

သူမသည် သူ၏အနှစ်သက်ဆုံး ပထမတပည့်ကြီးဖြစ်သည်။ သူမသည် အင်မော်တယ် လောကတွင် အန္တရာယ်အများဆုံး နေရာဖြစ်သော ငရဲပင်လယ်သေသို့ သူ့အတွက် နှစ်ပေါင်းတစ်သောင်း ရှိသော ရေခဲဝိညာဉ်ရှာရန် တစ်ယောက်တည်း သွားခဲ့သည်။ ထိုအချိန်မှစကာ သူမအား နောက်တစ်ဖန် မတွေ့ရတော့ချေ။ နှစ်ပေါင်း ၆၅၀၀ ပူဆွေးမှုသည် သူ့အား မည်သည့် တပည့်အစစ်ကိုမျှ ထပ်မံ မလက်ခံအောင် လုပ်ခဲ့သည်။

“ဒါ လုံးဝမဖြစ်နိုင်ဘူး။ ငါသာ ဒီထောင်ပေါင်းများစွာ ချိုးဖြတ်မှုကို ဖန်တီးသူဖြစ်ပြီး သူမတစ်ယောက်ကိုပဲ ငါ သင်ပေးခဲ့တာ။ ဒါ တိုက်ဆိုင်မှု လုံးဝကို တိုက်ဆိုင်မှုပဲ”

ထန်ရှုသည် သူ၏ရင်ထဲတွင် သည်စာကြောင်းအား ထပ်ကာထပ်ကာ ရွတ်ဆိုနေခဲ့သည်။

မကြာမီ ကားလေးသည် ကားပါကင်ထဲသို့ ရောက်သွားသည်။ ကျားယီလဲ့သည် အချိန်အတန်ကြာအောင် စောင့်နေရသောကြောင့် တံခါးဖွင့်ရန် လျှောက်လာပြီး ထန်ရှုနှင့် ဖခင် ထွက်လာသည်ကို စောင့်ကြည့်နေသည်။

“အဖေ ... မာစတာထန် သီးသန့်ခန်းက ရထားပြီးပြီ။ အဖေတို့၂ယောက်ကို စောင့်နေတာ”

ကျားလွေဒေါင် ခေါင်းညိတ်ပြလိုက်ပြီး …

“ညီလေးထန် အတူတူ ဝင်ကြစို့”

ထန်ရှုသည် တစ်ခဏ ငြိမ်သက်နေပြီးမှ ပြောလိုက်သည်။

“သီးသန့်ခန်းနံပါတ် ကျွန်တော့်ကို ပြောပါ။ အပြင်မှာ လေကောင်းလေသန့် ရှူပြီး လာခဲ့ပါမယ်”

“ဒါ ...”

“ကျွန်တော် အဆင်ပြေပါတယ်”

“အဲဒါဆို ငါတို့ သွားနှင့်လိုက်မယ်။ ညီလေးထန် တစ်ခုခုဆိုရင် ခေါ်လိုက်နော်”

“ကောင်းပြီ”

ကျားလွေဒေါင်နှင့် တပည့်များအား လွှတ်လိုက်ပြီး ထန်ရှုသည် တောအုပ်ထဲမှ အမြီးကို ဖြတ်ကာသွားသော လမ်းကြောင်းအား ယူကာ စတုရန်းပုံ ရေပန်းအား ပတ်လျှောက်လာခဲ့ပြီး ကမ်းခြေဘက်သို့ ဦးတည်လိုက်သည်။

ကြယ်များသည် ပင်လယ်ရေ မျက်နှာပြင်ထက်တွင် တလက်လက် တောက်ပနေသည်။ လှေငယ်လေး တစ်စင်းသည် ပင်လယ်လှိုင်းများကြားတွင် တစ်ကီလိုမီတာအကွာတွင် တလှုပ်လှုပ်ဖြင့် ရှိနေသည်။ သူ၏အမြင်အာရုံအား အသုံးပြုလိုက်သောကြောင့်

လှေပေါ်မှ ပိန်ပါးသောလူ၏ ကျောပြင်အား မြင်နေရပြီး အထီးကျန်ဆန်သော ခံစားချက်မျိုးအား ပေးစွမ်းလေသည်။

ထန်ရှုသည် အသက်ပြင်းပြင်း တစ်ချက်ရှူကာ သဲသောင်ပေါ်တွင် ခြေချိတ် ထိုင်လိုက်သည်။

“ကြီးမြတ်သော တာအိုတွင် အင်္သေချေမက ခက်ခဲသော လမ်းကြောင်းများ ရှိသည်”

“အနှောင်အဖွဲ့တို့သည် လမ်းကြောင်းများ တစ်လျှောက်တွင် ဆူးပင်များသဖွယ် ဖြစ်သည်”

“ကောင်းကင်ဘုံက မလှုပ်ရှားသောကြောင့် ငါ၏စိတ်ဝိညာဉ်သည်  အမြဲလှုပ်ရှားနေရသည်”

“အဆုံးမရှိသော အတွေးများသည် စိတ်ဝိညာဉ်အတွင်းသို့ ပြန်လာသည်”

“ …”

ဝမ်းနည်းမှုနှင့် ပျော်ရွှင်ခြင်း ဝိညာဉ်သန့်ရှင်း မန္တန်အား ရွတ်ဆိုလိုက်ရာ နေရာအနှံ့မှ ကောင်းကင်နှင့် မြေကြီး စိတ်ဝိညာဉ်ချီများသည် ထန်ရှုဆီသို့ အလျင်အမြန် ရောက်လာကြပြီး သူ၏ရင်တွင်းမှ အဖုအထစ်များအား လျှော်ဖွပ်နေပေသည်။

၁၀မိနစ်ကြာသော် …

တစ်ကီလိုမီတာအကွာ ပင်လယ်ထဲတွင် ရှိသော လှေပါ်မှ ခြေချိတ်ထိုင်နေသော  လှပသည့် မိန်းမပျိုလေး၏ အမူအရာသည် ပြောင်းလဲသွားသည်။

သူမ၏ ကြယ်ပွင့် မျက်ဝန်းများဆီတွင် အံ့သြသည့် အရိပ်အယောင် ဖြစ်သွားပြီး လျင်မြန်စွာ ကမ်းခြေဘက်သို့ ကြည့်လိုက်သည်။ သူမ၏ အာရုံအရ ကောင်းကင်နှင့် မြေကြီး စိတ်ဝိညာဉ်ချီများသည် သူမထံမှ ထိုကမ်းခြေတွင် ခြေချိတ်ထိုင်နေသော လူငယ်လေးဆီသို့ ရောက်သွားသည်ကို သိရှိလိုက်လေသည်။

*****

All Chapters