← Chapters

အင်ပါယာစမ်းသပ်ကွင်း

Vol. 143 Ch. 1980

အင်ပါယာစမ်းသပ်ကွင်း

Vol. 143 Ch. 1980

တောင်ပိုင်းကုန်းမြေ၏ တောင်တန်းပင်လယ်ကုန်းမြေတွင် တောင်တန်းပင်လယ်ဟု ခေါ်တွင်သော ကျွန်းတစ်ကျွန်း ရှိပေသည်။ ဒီပင်လယ်မှာ ကြီးမားကျယ်ပြောလှကာ အပြာရောင်ကောင်းကင်ယံတွင် ပင်လယ်ငှက်များစွာ ပျံသန်းနေသည်။ ပင်လယ်လှိုင်းတို့မှာလည်း ဂယက်ထနေသလို အနောက်ဘက်ပင်လယ်မှ လေပြေလေညင်းတို့သည် ကမ်းခြေထိ တိုက်ခတ်လို့နေသည်။

တောင်တန်းပင်လယ်သည် တောင်တန်းပင်လယ်ကုန်းမြေ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကျော်ကို နေရာယူထားပြီး ကျန်သုံးဆယ်ရာခိုင်နှုန်းက ဒီပင်လယ်ကို ဝန်းရံထားသော ကုန်းမြေထု ဖြစ်သည်။

ယခုအခါတွင် တောင်တန်းပင်လယ်၏ မြောက်ဘက်ပိုင်းတွင် ဝမ်လင်းသည် တောင်တလုံး၏ ထိပ်တွင် ရပ်နေသည်။ သူက သူ့ရှေ့ရှိ ပင်လယ်ပြင်ကို တည်ငြိမ်စွာ ကြည့်နေ၏။

ယင်းသည် တောင်တန်းပင်လယ်သစ်ပင်နှင့် အနီးဆုံးနေရာလည်း ဖြစ်၏။ သို့သော် ဝမ်လင်းက ထိုသစ်ပင်ထံသို့ ချက်ခြင်း မသွားသေးပေ။ သူ့ခန္ဓာကိုယ်က ဖြတ်ခနဲ ဖြစ်ကာ ဒီတောင်ထွတ်ကနေ ပျောက်ကွယ်သွား၏။ ထို့နောက် သူက သူ ဖန်တီးထားသော လှိုဏ်ဂူတစ်ခု၌ ပြန်ပေါ်လာသည်။

ဝမ်လင်းသည် ထိုလှိုဏ်ဂူ၌ သုံးနှစ်လုံး နေထိုင်ကာ ၎င်းပတ်လည်တွင် အတားအဆီးမြောက်များစွာ ချထားခဲ့ပေ၏။ သည်နေရာက သူ့ကို တော်သင့်သလောက် အကာအကွယ်ပေးနိုင်လိမ့်မည်။

လှိုဏ်ဂူအတါင်း၌ အပြာရောင်မြူများ ရှိနေ၏။ ထိုမြူများအတွင်း၌ အကြိမ်များစွာ ခန္ဓာကိုယ်ကြုံ့ထားသော ပင်လယ်နဂါး ရှိသည်။

လှိုဏ်ဂူအတွင်း၌ ထိုင်နေကာ ဝမ်လင်းက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်၍ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို မြန်ဆန်စွာ ဖြစ်စေသည်။ ထိုချိပ်ဟန်များက အတော့်ကို ထူးခြား၏။ ဝမ်လင်းက အကြိမ်များစွာ စမ်းသပ်ပြီးမှသာ ယင်းတို့ကို သင်ယူခဲ့တာ ဖြစ်၏။

“ငါ တောင်တန်းပင်လယ်ရှိ မသွားခင်...အင်ပါယာစမ်းသပ်ကွင်းက ဘယ်လိုဆန်းကြယ်တဲ့နေရာတစ်ခု ဖြစ်လဲဆိုတာကို သွားကြည့်ရမယ်…”

ဝမ်လင်းက လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်ကျော်တည်းက အင်ပါယာစမ်းသပ်ကွင်းသို့ ဝင်ရောက်ဖို့ ဒီနည်းလမ်းကို သိရှိခဲ့တာ ဖြစ်၏။ သူ့နတ်ဘုရားအာရုံကို သူ့ဦးခေါင်းတွင် စုဝေးစေပြီး ၎င်းက အထက်သို့ ချဲ့ထွက်ကာ တောက်ပသောအလင်းတစ်ခုအဖြစ်သို့ ပြောင်းသည်။

ထိုအလင်းမှာ သူ့နတ်ဘုရားအာရုံအလင်းပင်။ ၎င်းက ဝမ်လင်း၏ဦးခေါင်းထက်တွင် ခဏတာ စုစည်းပြီးနောက် ကောင်းကင်ထက်သို့ အံ့မခန်းအမြန်နှုန်းဖြင့် ထိုးထက်သွားချေသည်။

၎င်းက လှိုဏ်ဂူကို ထွင်းဖောက်သွား၏။ အပြင်လူများက ဒီအလင်းကို မမြင်နိုင်သလို၊ ခံစားနိုင်လိမ့်မည် မဟုတ်ပါ။ ဝမ်လင်းက ထိုနတ်ဘုရားအာရုံတုန်ခါမှုလှိုင်းများကို ကွယ်ဝှက်စေဖို့ ချိပ်ဟန်များကို အသုံးပြုထားခဲ့ပြီး ဖြစ်၏။ ယင်းနည်းလမ်းမှာ အင်ပါယာအတုကျင့်ကြံသူများ အင်ပါယာစမ်းသပ်ကွင်းသို့ မဝင်ရောက်ခင် တင်ကြိုကာကွယ်သည့်နည်းလမ်း ဖြစ်ပေ၏။

ထိုချိပ်ဟန်များကို ကောင်းကင်ဘုံဘိုးဘေးက လက်ဆင့်ကမ်းပေးခဲ့သည်ဟု ပြောနိုင်သည်။

ဝမ်လင်း၏ နတ်ဘုရားအာရုံသည် ဆက်လက် မြင့်တက်လာပြီး လေဟာနယ်ကို ချိုးဖျက်သွားသည်။ ၎င်းက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေအထက် ကောင်းကင်ကို ထွင်းဖောက်မည့် ဓားတစ်လက်လေလား။

သူ၏ နတ်ဘုရားအာရုံ အမြင့်ဆုံးအမှတ်သို့ ရောက်သည်နှင့် ကျယ်လောင်စွာ မြည်ဟိန်းသံ ဝမ်လင်း၏စိတ်ထဲတွင် ပဲ့တင်ထပ်သည်။ သူ၏နတ်ဘုရားအာရုံသည် ကောင်းကင်မှာ ဝဲကတော့တစ်ခု ဖြစ်လာသည့်အလား ခံစားမိလေ၏။ သူ့အမြင်က ဝေဝါးလို့သွားသည်။ သူ ရှင်းရှင်းလင်းလင်း ပြန်မြင်ရသည့်အခါ ဘေးပတ်လည်သို့ ကြည့်ကာ တုန်လှုပ်မိသွားသည်။

သူက ကီလိုမီတာတစ်သောင်းလောက် ကျယ်ပြောသော ကုန်းမြေတစ်ခုပေါ်တွင် ရောက်နေသည်။ ထိုကုန်းမြေက အလွန်သေးငယ်ပြီး ကောင်းကင်တွင် လွင့်မြောနေသည်။ ကုန်းမြေပတ်လည်တွင် တဝီဝီလေတိုင်းသံများက အတောမသပ်နိုင်အောင် တိုက်ခတ်နေသလို ထိုလေများအတွင်း၌ အနက်ရောင်လိုင်းများ ရွှေ့လျားနေ၏။ ထိုလိုင်းများက ကြောက်မက်ဖွယ်စွမ်းအားကို ဆုပ်ကိုင်ထားပြီး လူတစ်ယောက်ကို ထိမိသည်နှင့် ဖျက်စီးပစ်နိုင်သည့်အလား။

ထိုကုန်းမြေ၏ ဗဟိုချက်တွင် ကြီးမားသောနန်းတော်တစ်ခု ရှိလေ၏။ ယင်းနန်းတော်ထံမှ ရှေးကျသောအော်ရာကို ပေးစွမ်းနေပြီး ၎င်းမှာ လုံးဝ နက်မှောင်ကာ ထည်ဝါမှုအငွေ့အသက်ကို ပိုင်ဆိုင်ထားသည်။ ၎င်းနန်းတော်ကို တွေ့မြင်သူတိုင်း၏ စိတ်နှလုံးထဲတွင် အကြောက်တရားကို မခံစားမိဘဲ နေလိမ့်မည် မဟုတ်ပါ။

ဝမ်လင်း သည်နေရာသို့ ရောက်လာကာ စတင်စူးစမ်းချိန်၌ နန်းတော်ဘေးမှ နတ်ဘုရားအာရုံအများအပြားသည် ဝမ်လင်းထံ ဝေ့ခတ်ရောက်ရှိလာ၏။

ထိုနတ်ဘုရားအာရုံတစ်ခုချင်းစီ၌ အင်ပါယာအတုအဆင့်တစ်ယောက်၏ ဖိအားပါဝင်သည်။ သည်နေရာတွင် အင်ပါယာအတုနတ်ဘုရားအာရုံ နှစ်ရာနီးပါး ရှိနေချေသည်။

“ဝမ်လင်းလား…”

“ဆံဖြူအင်ပါယာအတု…”

“သူပဲကို…”   ထိုနတ်ဘုရားအာရုံများထဲ၌ လွန်ခဲ့သောငါးနှစ်က ဝမ်လင်းနှင့် တိုက်ခိုက်ခဲ့ဖူးသော အင်ပါယာအတုများ ပါဝင်ကြသည်။ သူတို့က ဝမ်လင်းကို တွေ့မြင်သည်နှင့် ချက်ခြင်း သိရှိလိုက်ကြသည်။

ဝမ်လင်း၏အမူအရာက ပြောင်းလဲမသွားပေ။ သူက ဘေးပတ်လည်သို့ ကြည့်လိုက်ရာ သူသည် ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နားတွင် ရှိနေသည်ကို တွေ့ရှိသည်။ ယင်းအစီအရင်သည် ရှုပ်ထွေးပွေလီသည်။ အကြည့်တချက်ဖြင့်ပင် ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံ စုပ်ယူခံရတော့မလို ခံစားမိလိုက်ရသည်။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံမှ လှမ်းထွက်လာ၏။ သူက သူ့ခန္ဓာကိုယ်ကို သေချာ စူးစမ်းကြည့်ရာ သူ့ကိုယ်သူ ရုပ်ပိုင်းခန္ဓာကိုယ်အနေထားဖြင့် ရှိနေသကဲ့သို့ ခံစားမိရသည်။

“အင်ပါယာစမ်းသပ်ကွင်းဟာ ကောင်းကင်ဘုံဘိုးဘေး ဖန်တီးထားခဲ့တဲ့အရာပဲ။ ဒါက ကျိန်းသေပေါက် ဆန်းကြယ်မှာ ဖြစ်တယ်…”  ဝမ်လင်းသည် နတ်ဘုရားအာရုံများ ထွက်ပေါ်လာနေသော နေရာဖြစ်သည့် နန်းတော်ထံ ဦးတည်ပျံသန်းလာသည်။

ဝမ်လင်းက နီးကပ်လာသည်နှင့် ပိုတုန်လှုပ်မိလာလေပင်။ ရှေးနန်းတော်သည် အကွာအဝေးတစ်ခုမှ ကြည့်ပါက ကြီးမားလှသည့်အပြင် နီးကပ်လာသည့်အခါတွင်တော့ ၎င်းက ပို၍ တုန်လှုပ်ဖွယ် ကောင်းနေတော့သည်။ နီးကပ်လာပြီးနောက် ဝမ်လင်းကို ပိုအံ့အားတသင့်ဖြစ်သွားစေသည့်အရာမှာ သည်နန်းတော်အထက်၌ ကြီးမားသောနန်းတော်များ ထပ်ရှိနေသည်ကို တွေ့လိုက်ရခြင်းပင်။

စုစုပေါင်းနန်းတော်ဆယ့်ကိုးခု ရှိလေ၏။ ယင်းတို့က လေထဲတွင် မြောလွင့်တည်ရှိကာ ရှည်လျားသောနဂါးတစ်ကောင်နှယ် ချိတ်ဆက်လို့နေသည်။ ထိပ်ဆုံးရှိနန်းတော်များမှာ ကောင်းကင်ယံအတွင်း ချဲ့ကားနေသဖြင့် ယင်းတို့၏ အပြင်ပိုင်းအကြမ်းထည်လောက်ကို မြင်နိုင်ပေသည်။

“ငါ့နှစ်ပေါင်းငါးဆယ် နားလည်ခဲ့မှုအရဆိုရင် အင်ပါယာစမ်းသပ်ကွင်းဟာ ကောင်းကင်ဘုံဘိုးဘေး ပိုင်ဆိုင်တဲ့ အစွမ်းထက်ဆုံး ရတနာလို့ ဆိုလိုကြတာပဲ။ ဒါဟာ လေဟာနယ်ဟင်းလင်းပြင်ထဲမှ တည်ရှိပြီး ကောင်းကင်ဘုံကလန်ကို စောင့်ကြပ်တယ်တဲ့…”

ဝမ်လင်းသည် ကောင်းကင်ထက်ရှိ နန်းတော်များကို ကြည့်နေ၏။ အချို့နန်းတော်များသည် ဝေးကွာလှသဖြင့် သူ့အနေဖြင့် အရိပ်ကိုသာ မြင်ရသည်။သို့သော် သူက ဖိအားကိုမူ ကောင်းကောင်း ခံစားမိနေဆဲပင်။

သူ ပိုနီးကပ်လာသည့်အခါ ဦးဆုံးရှေးဟောင်းနန်းတော် ပတ်လည်ရှိ ကျင့်ကြံသူနှစ်ရာနီးပါးကို တွေ့မြင်သည်။ ထိုသူတို့သည် တယောက်နှင့်တစ်ယောက် ခပ်လှမ်းလှမ်းတွင် ရှိနေကြခြင်းပင်။

ဝမ်လင်း ရောက်လာသည့်နောက် လူအများက လှမ်းကြည့်လာ၏။ အချို့လူများက ဝမ်လင်းကို သိသည်။ ထို့ကြောင့် သူတို့က လက်နှစ်ဖက်ဆုပ်ကာ ပြုံး၍ ဝမ်လင်းကို နှုတ်ဆက်ကြသည်။

ဝမ်လင်းကလည်း လက်နှစ်ဖက်ဆုပ်ကာ ပြန်တုန့်ပြန်၏။ သူသည် နန်းတော်အပြင်ဘက်တွင် ရပ်နေစဉ် သူက အလွန်သေးငယ်သလို ဖြစ်နေသည်ဟု ခံစားမိရသည်။

ဒီအင်ပါယာစမ်းသပ်ကွင်းက အတော်ပဲ ထူးခြားလှတဲ့နေရာတစ်ခုပဲ။ မင်းအနေနဲ့ ဘယ်သူပဲ ဖြစ်နေပါစေ ဒီနေရာကို မူလစိတ်ဝိညာဉ်အနေနဲ့ပဲ လာလို့ရတယ်။ “အင်ပါယာအတုတွေက ဒီနေရာကို ဘာကြောင့် နှစ်သက်သလဲဆိုတော့ သူတို့တွေ ဘယ်လောက်ဝေးတဲ့နေရာမှာပဲ ဖြစ်နေပါစေ ဒီမှာဆို တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့နိုင်ကြလို့ပဲ…”

“ဒါ့ကြောင့် အင်ပါယာစမ်းသပ်ကွင်းဟာ အင်ပါယာအတုပုဂ္ဂိုလ်တွေအတွက် တွေ့ဆုံဖို့ အကောင်းဆုံးနေရာတစ်ခုပဲ…”

လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်က သူ စုဆောင်းခဲ့သော အချက်အလက်သည် ဝမ်လင်း၏စိတ်ထဲတွင် ပြန်ပေါ်လာ၏။

ဝမ်လင်း စဉ်းစားနေရုံ ရှိသေး ကောင်းကင်ယံတွင် လွင့်မြောနေသော ခုနစ်ခုမြောက်နန်းတော်ထံမှ ရွှေရောင်အလင်းတောက်ပစွာ ထွက်ပေါ်လာ၏။ ထိုရွှေရောင်အလင်းက ဒီဧရိယာကို ခြုံလွှမ်းကာ အင်ပါယာအတုကျင့်ကြံသူများကို ချက်ခြင်း လှမ်းမျှော်ကြည့်မိစေသည်။

ဝမ်လင်းကလည်း ထိုခုနစ်ခုမြောက်နန်းတော်မှ ပျံသန်းထွက်လာသော အနက်ရောင်ပုံရိပ်ကို လှမ်းမော့ကြည့်၏။ ထိုအနက်ရောင်ပုံရိပ်မှာ ဆံရှည်ဖြင့် သက်လတ်ပိုင်းလူတစ်ယောက်ပင်။ သူ့ထံမှ ပြင်းထန်သောဖိအားကို ပေးစွမ်းနေကာ သူသည် ခုနစ်ခုမြောက်နန်းတော်ကနေ ရှစ်ခုမြောက်နန်းတော်ထံ ဦးတည်တိုးဝင်လေ၏။

“အင်ပါယာအတုကျူးလင်း…သူက ခုနစ်ဆင့်မြောက်ကိုတောင် ချိုးဖျက်ပြီးသွားခဲ့ပြီပဲ…”

“ခုနစ်ခုမြောက်ကို ချိုးဖျက်နိုင်တယ်ဆိုတာ သူ့အနေနဲ့ အနည်းဆုံး မန္တာန်ခြောက်ဆယ့်သုံးခုကို ပေါင်းစည်းနိုင်ပြီလို့ ဆိုလိုတာပဲ။ အရင်တုန်းက သူ့မှာ ဒီလိုစွမ်းရည်မျိုး မရှိပါဘူး…”

“သူဟာ နှစ်ပေါင်းတစ်ထောင်ကြာ မဟာအင်ပါယာကျိုးသဲနောက်ကို လိုက်ခဲ့ပြီး အတော်များများ ရရှိလာခဲ့တာပဲကို…”

“ရှစ်ဆင့်မြောက်ကတော့ ဘာမှ မဟုတ်သေးဘူး။ ဒါပေမဲ့ ကိုးဆင့်မြောက်ကတော့ အရေးကြီးဆုံး ဖြစ်သွားပြီ။ လူတစ်ယောက်ဟာ ကိုးဆင့်မြောက်ကို ဖြတ်ကျော်နိုင်ရင် မဟာအင်ပါယာတိုင်းက သူ့ကို အရေးစိုက်လာလိမ့်မယ်…”

“ကိုးဆင့်မြောက်…ဒါက ခက်ခဲလွန်းလှတယ်။ ကိုးဆင့်မြောက်ကို ချိုးဖျက်နိုင်တဲ့ သူတိုင်းဟာ ဩဇာအင်ပါယာအဆင့်နဲ့ အတော့်ကို နီးကပ်သွားပြီ။ ခြေတလှမ်းလောက်ပဲ လိုတော့မှာ။ သူတို့ဟာ ငါတို့ ကောင်းကင်ဘုံကလန်ရဲ့ လေးဆယ့်ကိုးယောက်မြောက် ဩဇာအင်ပါယာတစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်…”

“ဩဇာအင်ပါယာတွေထဲမှာတောင် မန်တောက်က အသန်မာဆုံးပဲ။ သူဟာ ဆယ့်ခြောက်ဆင့်မြောက်မှာ ရပ်နေခဲ့ပြီး ရှေ့ဆက်လှမ်းနိုင်စွမ်း မရှိသေးဘူး…”

“ပြောကြတာကတော့ တစုံတစ်ယောက်ဟာ ဆယ့်ကိုးဆင့်မြောက်ကို ချိုးဖျက်နိုင်ခဲ့ရင် သူတို့ဟာ မဟာအင်ပါယာတွေပါ ခေါင်းကိုက်ရလောက်အောင် အစွမ်းထက်လာလိမ့်မယ်တဲ့…”

ထိုရွှေရောင်အလင်း တောက်ပနေစဉ် အင်ပါယာအတု နှစ်ရာနီးပါးသည် သူတို့၏ နတ်ဘုရားအာရုံဖြင့် တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေသည်။

သူတို့သည် အင်ပါယာအတုကျူးလင်ကြောင့် စကားစမြည် ပြောနေကြစဉ်မှပင် ရှစ်ထပ်မြောက်မှ မာန်သွင်းသံ ထွက်ပေါ်လာ၏။ အင်ပါယာအတုကျူးလင်သည် ရှစ်ထပ်မြောက်မှ ဖယ်ရှားခံရကာ ပထမဆုံးနန်းတော်ပတ်လည်ရှိ မြေပြင်ထိ ပြန်ပြုတ်ကျလာခဲ့တော့သည်။

သူ ကျဆင်းလာသည့်အခါ၌ နတ်ဘုရားအာရုံသတင်းစကားအားလုံးသည် ပျောက်ကွယ်သွားကာ သူတို့အားလုံး၏ အကြည့်က စုဝေးရောက်ရှိလာသည်။

အင်ပါယာအတုကျူးလင်က သုန်မှုန်နေ၏။ သူသည် ဘေးပတ်လည်သို့ပင် မကြည့်ဘဲ ဝမ်လင်းကို ဖြတ်ကျော်ကာ လျှောက်သွားသည်။ သူက အကွာအဝေးတစ်ခုရှိ နေရာတစ်ခုကို ရှာကာ ထိုင်ချလိုက်သည်။

ထို့နောက်တွင် ဝမ်လင်းသည် နန်းတော်အမျိုးမျိုးထံမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်ကို မြင်သည်။ လူအများက ဆက်တိုက် ပယ်ချခံနေရ၏။ အမြင့်ဆုံးနန်းတော်မှ ပယ်ချခဲ့ရသောသူများမှာ အင်ပါယာကျူးလင်ကဲ့သို့ ရှစ်ထပ်မြောက်မှပင်။ အနိမ့်ဆုံးကတော့ နှစ်ဆင့်မြောက်၊သုံးဆင့်မြောက်များမှ ဖြစ်ချေ၏။

ဝမ်လင်းသည် အလျင်မလိုပေ။ သူက နေရာတွင် ထိုင်ကာ စောင့်ကြည့်လေ့လာနေ၏။ သုံးရက်အတွင်း ကျင့်ကြံသူများသည် လာလိုက်၊ပြန်လိုက် ရှိနေ၏။ သို့သော် အများစုကတော့ ဒီနေရာတွင် ဆက်နေဖို့သာ ရွေးချယ်ပြီး ချက်ခြင်း မထွက်သွားကြပေ။

ပြီးခဲ့သော သုံးရက်အတွင်း အင်ပါယာအတု ကျူးလင်က ရှစ်ထပ်မြောက်နန်းတော်ကို ချိုးဖျက်ဖို့ ထပ်မံ ကြိုးစားသေး၏။ သို့သော် သူက ကျရှုံးမြဲပင်။

လေးရက်မြောက်တွင် ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူက ထရပ်ကာ ပထမဆုံးနန်းတော်ထံ ခြေလှမ်းသည်။ သူ၏ အပြုအမူက အာရုံစိုက်မှု အများအပြားကို မဖြစ်စေပေ။ တကယ်တော့ ပထမနန်းတော်မှာ ဒီနေရာရှိ ကျင့်ကြံသူများအတွက် ရိုးရှင်းပေသည်။

ဝမ်လင်းနှင့် တိုက်ခိုက်ခဲ့ဖူးသော အင်ပါယာအတုများကသာ ပထမနန်းတော်သို့ သူ ဝင်ရောက်သွားတာကို လှမ်းကြည့်ကြသည်။

“ဆံဖြူအင်ပါယာအတုက ပထမဆုံးနန်းတော်ကို သွားနေမှတော့ ဒီနေရာကို ရောက်လာတာ ပထမဆုံးအကြိမ် ဖြစ်လိမ့်မယ်။ သူ ဘယ်နှစ်ဆင့်ကိုများ ချိုးဖျက်နိုင်မလဲ ငါ မြင်ချင်မိတယ်…”

“ဒီလူက ထူးခြားလှတယ်။ သူ့ကျင့်ကြံမှုအဆင့်က ရိုးရှင်းတယ်။ ဒါပေမဲ့ သူ့တိုက်ပွဲစွမ်းအားကတော့ တုန်လှုပ်ဖွယ်ပဲ။ ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး။ သူ့အနေနဲ့ ဘယ်နှစ်ဆင့်များ ဖြတ်ကျော်နိုင်မလဲ ငါ သိချင်မိတယ်…”

“ဝမ်လင်း….။ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေက သူဟာ တောင်ပိုင်းကုန်းမြေတခွင် ကျော်ကြားလာခဲ့တဲ့သူပဲ။ မဟာအင်ပါယာတောက်ရီက သူ့ကို စည်းရုံးဖို့ ကြိုးစားခဲ့ဖူးပေမဲ့ သူက ငြင်းပယ်ခဲ့တယ်လို့ ဆိုတယ်…”  အကြည့်ပေါင်းဒါဇင်ချီက ဝမ်လင်းထံ ကပ်ပါလာရင်း သူကတော့ ပထမဆုံးနန်းတော်အတွင်း ပျောက်ကွယ်သွားလေသည်။

သူ ပထမဆုံးနန်းတော်အတွင်းသို့ ဝင်လာသည့်အခါ၌ သူ့ရှေ့မှ လောကသည် ပြောင်းလဲသွားသည်ဟု ခံစားမိရ၏။ သူက နန်းတော်အတွင်း၌ ကြယ်အဖွဲ့အစည်းတစ်ခု ဖြစ်နေသည်ကို တွေ့မြင်သည်။

ထိုကြယ်အဖွဲ့အစည်းသည် ကြီးမားကျယ်ပြန့်ကာ မရေမတွက်နိုင်သော ကြယ်များ ပါဝင်နေသည်။ ကြယ်တစ်ခုစီက တောက်ပစွာ လင်းထင်းနေပြီး သူသည် ဒီကြယ်အဖွဲ့အစည်းအတွင်း၌ မားမားရပ်နေသည်။

၎င်းကြယ်အဖွဲ့အစည်းထံမှ ထူးဆန်းသောမြည်သံ ထွက်ပေါ်လာ၏။ ဝမ်လင်းက ရုတ်တရက် မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားလေသည်။

All Chapters