← Chapters

ဟိုင်းဇီ

Vol. 143 Ch. 1982

ဟိုင်းဇီ

Vol. 143 Ch. 1982

မဟာအင်ပါယာများ၏ အာရုံစိုက်မှုကို ရဖို့အတွက် အမြန်ဆုံးနည်းလမ်းက ဒီအင်ပါယာစမ်းသပ်ကွင်း ဖြစ်နေလျှင်ပင် ဝမ်လင်းသည် ကျန်သည့်နန်းတော်များကို ချိုးဖျက်ဖို့ ချက်ခြင်း မကြိုးစားသေးပေ။

ခုခါ၌ သူ့ချိန်တွင် တခြားလုပ်စရာ ရှိနေသေးပေ၏။ ခဏ စဉ်းစားပြီးနောက် လေးခုမြောက်နန်းတော်က ဒီဧရိယာကို ခြုံလွှမ်းနေဆဲ ဖြစ်ကာ ဝမ်လင်းသည် ပတ်ဝန်းကျင်ရှိ အင်ပါယာအတုကျင့်ကြံသူများ၏  အကြည့်အောက်မှာပင် မြေပြင်ထက်သို့ ပြန်ဆင်းသက်လာတော့သည်။

ကျင့်ကြံသူတိုင်းနီးပါးက ဝမ်လင်းသည် အင်ပါယာကျူးလင်ကဲ့သို့ ပြုတ်ကျလာတာဟာ ထင်မြင်နေ၏။ အင်ပါယာကျူးလင်ကတော့ ဝမ်လင်းကို စိုက်ကြည့်နေ၏။

သူ့အမြင်၌ ဝမ်လင်းက သာမန်ကျင့်ကြံသူများနှင့် ကွာခြားပေ၏။ တခြားသူများက သူတို့ထံ၌ အခွင့်အရေး မရှိသည်ကို သိနေလျှင်ပင် နောက်ထပ်နန်းတော်တစ်ခုကို ကြိုးစားကြည့်ကြအုံးမည်သာ ဖြစ်၏။ ထို့နောက် သူတို့က ယင်းနောက်ထပ်နန်းတော်သည် မည်သို့မည်ပုံ ခက်ခဲမှု ရှိသည်ကို သိရှိကြပေလိမ့်မည်။

သို့ပေမည့် ဝမ်လင်းက လေးခုမြောက်နန်းတော်ကို ချိုးဖျက်ပြီးသည့်နောက် ငါးခုမြောက်နန်းတော်ထံသို့ မော့၍ပင် မကြည့်ခဲ့ပေ။ တခြားသူများက ဤသည်ကို သတိပြုမိချင်မှ ပြုမိပေလိမ့်မည်။ သို့သော် အင်ပါယာအတုကျူးလင်ကတော့ သတိပြုမိ၏။ သူက ဝမ်လင်းထံကနေ ချိန်းခြောက်နိုင်မှုကို ခံစားမိပေ၏။

အင်ပါယာကျူးလင်က ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ၏မျက်လုံးတို့က အရောင်တောက်လာသည်။

ဝမ်လင်း မြေပြင်ထက်သို့ ကျရောက်လာသည့်အခါ ပတ်ဝန်းကျင်မှ အင်ပါယာအတုကျင့်ကြံသူများက သူ့ကို ဂုဏ်ပြုစကား ပြုံး၍ ဆိုကြ၏။ သူတို့ထဲမှ အများစုကတော့ လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်အတွင်းက ဝမ်လင်းနှင့် တိုက်ခိုက်ခဲ့ဖူးသူများ ဖြစ်၍ သူတို့က တစ်ယောက်နှင့်တစ်ယောက် သိထားကြ၏။

သူနှင့် မဆုံဖူးသော အင်ပါယာအတုအနည်းငယ်လည်း ပါဝင်၏။ သို့သော် သူတို့က ဝမ်လင်းနှင့် တွေ့ချင်နေကြသည်။

ဝမ်လင်းက ပြုံး၍ လူတိုင်းထံ လက်နှစ်ဖက်ဆုပ်ကာ ခွန်းတုန့်ပြန်သည်။

“ရောင်းရင်းကျင့်ကြံသူတို့…ငါ့မှာ အရေးတကြီးကိစ္စ ရှိသေးလို့ အရင်ဆုံး ထွက်သွားတော့မယ်။ နောင် အချိန်ရခဲ့ရင် ငါ ပြန်လာခဲ့ပါမယ်…”

ဝမ်လင်းသည် အလင်းတန်းအဖြစ်သို့ ပြောင်းကာ သူ ပေါ်လာခဲ့သော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံ ဦးတည်လေ၏။ သူ၏ခန္ဓာကိုယ်သည် မြူအဖြစ်သို့ ပြောင်းကာ သူ ပျောက်ကွယ်သွားတော့သည်။

သူ ပျောက်ကွယ်သွားသည့်နောက် ပတ်ဝန်းကျင်ရှိ အင်ပါယာအတုများက သူတို့၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကြ၏။ တစ်ယောက်နှင့်တစ်ယောက် သိရှိကြသော သူများက စကားစမြည် စပြောလာသည်။

“ဒီလူဟာ အကောင်းဆုံး မကြိုးစားခဲ့တာ ထင်ရှားတယ်။ သူ ပထမဆုံးအဆင့်လေးခုကို လွယ်လွယ် ဖြတ်ကျော်နိုင်ပုံကို ကြည့်ရသလောက် ဒီဆံဖြူအင်ပါယာအတုဟာ အနည်းဆုံးခုနစ်ခုမြောက်အဆင့်ထိ ဖြတ်ကျော်နိုင်လိမ့်မယ်ဆိုတာ ငါ လောင်းရဲတယ်…”

“ဒီလိုတော့ မဟုတ်နိုင်ဘူး။ လွန်ခဲ့တဲ့နှစ်သုံးဆယ်တုန်းက ငါ သူနဲ့တိုက်ခိုက်ခဲ့တယ်။ အဆင့်လေးဆင့်ဟာ သူ့အကန့်အသတ် ဖြစ်နိုင်တယ်…”

“ပြောဖို့တော့ ခက်တယ်။ အနှစ်သုံးဆယ်ဟာ တိုတောင်းပေမဲ့လည်း ကံကောင်းမှုနည်းနည်း ရခဲ့ရင် ငါတို့လို အင်ပါယာအတုတွေအတွက် တိုးတက်နိုင်တဲ့ အခွင့်အရေး ရှိနိုင်တာပဲလေ။ စောင့်ကြည့်ကြတာပေါ့။ သူ ဒုတိယအကြိမ် အင်ပါယာစမ်းသပ်ကွင်းကို ပြန်လာတဲ့အခါကို စောင့်ကြည့်ကြတာပေါ့…”

တောင်တန်းပင်လယ်ဘေးရှိ လှိုဏ်ဂူအတွင်း၌ ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထံမှ ဖြတ်ခနဲ လင်းလက်သွားသည်။

သူ မျက်လုံးဖွင့်လာသည့်အခါ သူ့ကို စောင့်ကြပ်ပေးနေသော ရွှေအဆင့်ထိပ်သီးပင်လယ်နဂါးက မြူးထူးသောအကြည့်ကို ထုတ်ဖော်၏။ ၎င်းက ဝမ်လင်းကို လှည့်ပတ်ကာ စူးစူးရှရှ မြည်သံ ပြုသည်။

ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ပင်လယ်နဂါးခေါင်းကို ပုတ်၏။ သူက သူ့ပတ်လည်ရှိ အတားအဆီးများကို ကြည့်သည်။ သူက အချိန်အတားအဆီးတစ်ခုကိုလည်း ချန်ထားခဲ့သည် ဖြစ်၍ သူ ထွက်သွားတာ မည်မျှကြာခဲ့သည်ကို ဆုံးဖြတ်နိုင်ပေလိမ့်မည်။

“အင်ပါယာစမ်းသပ်ကွင်းမှာ ကုန်ဆုံးခဲ့တဲ့အချိန်နဲ့ အပြင်က အချိန်နဲ့က တူတူပဲကို၊ ဘာမှ ပြောင်းလဲတာ မရှိဘူးပဲ…”  ဝမ်လင်းသည် ထရပ်ကာ ရှေ့သို့ လျှောက်၏။ ပင်လယ်နဂါးက ချက်ခြင်း သူ့နောက်သို့ လိုက်လာတော့သည်။

လူတစ်ယောက်နှင့်နဂါးတစ်ကောင်သည် လှိုဏ်ဂူအပြင်ဘက်တွင် ပေါ်လာသည်။ ထိုအခိုက်တွင် ညကောင်းကင်ယံတွင် လမင်းထိန်သာနေကာ လရောင်က ပင်လယ်ပြင်ကို ပက်ဖြန်းနေသည်။

ပင်လယ်လှိုင်းသံများက ဝမ်လင်း၏နားထဲ တိုးဝင်လာပြီး ပင်လယ်လေပြေက သူ့ကိုယ်ပေါ်သို့ တိုက်ခတ်လာသည်။ သူ့ဆံပင်ဖြူတို့က လေနှင့်အတူ လွင့်ဝဲကာ လရောင်အောက်တွင် တောက်ပနေ၏။

တောင်တန်းပင်လယ်ကို စိုက်ကြည့်လျက် ဝမ်လင်းက စဉ်းစား၏။ ထို့နောက် သူသည် ပင်လယ်နဂါး၏ကျောပေါ်သို့ ခြေလှမ်းလိုက်၏။ ပင်လယ်နဂါးသည် မာန်သွင်းအော်ဟစ်ကာ တောင်တန်းပင်လယ်ထံ ဦးတည်ပျံသန်းတော့သည်။

အင်ပါယာအတုကျင့်ကြံသူများသည် မဟာအင်ပါယာများနှင့် ဩဇာအင်ပါယာလေးဆယ့်ရှစ်ယောက်အောက်တွင်သာ ရှိသူများ ဖြစ်ကြ၏။ သူတို့သည် နေရာအားလုံးနီးပါးကို စိတ်ကြိုက်သွားလာနိုင်သည်။ ကလန်ပေါင်းအားလုံး၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းမှာ သူတို့၏ ခြေထောက်အောက်တွင် ရှိပေသည်။ သူတို့သည် ကောင်းကင်ဘုံကလန်၌ ထိပ်သီးအလွှာကျင့်ကြံသူ၊ ပုဂ္ဂိုလ်ကြီးများဟု ဆိုနိုင်သည်။

အင်ပါယာအတုပုဂ္ဂိုလ်များက ချိပ်ပိတ်ခံထားရသော ကုန်းမြေများ၏ ရှေးဟောင်းစိတ်ဝိညာဉ်များကိုပင် တိုက်ခိုက်နိုင်ကြ၏။ ဥပမာ ဝမ်လင်းကဲ့သို့ပင်။ အခု ဝမ်လင်းက ဒီနေရာတွင် ချိပ်ပိတ်ထားသော တောင်တန်းပင်လယ်သစ်ပင်ထံ ဦးတည်နေခြင်း မဟုတ်လား။ သူသည် အင်ပါယာအတုစွမ်းအားကို မရခင်တုန်းက ထိုသို့လုပ်နိုင်ဖို့မှာ သူ့အတွက် မဖြစ်နိုင်ချေ။

မန္တာန်ခုနစ်ဆယ်ကို လက်ချောင်းအတွင်းသို့ ပေါင်းစည်းနိုင်သော အင်ပါယာအတု ဟိုင်းဇီက ဒီနေရာတွင် နေထိုင်ပေ၏။ သို့သော် ဝမ်လင်းအနေဖြင့် ဒီနေရာကို မည်သို့ပင် ဖြစ်ပါစေ လာရောက်ရမည်သာ။

ရွှေအဆင့်ထိပ်သီးပင်လယ်နဂါးက အလွန်မြန်ပေ၏။ ၎င်းသည်‌ တောင်တန်းပင်လယ်အတွင်းသို့ ရောက်လာသည့်အခါ ပင်လယ်တွင် နေခဲ့သော သားရဲဖြစ်သည့်အတွက် ပို၍ မြန်ဆန်လာတော့၏။

ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်ကို အသုံးမပြုတာ အချိန်အတော်ကြာခဲ့ပြီ။ ခုချိန်ထိ ၎င်းကို နာရီဝက်ပြည့်အောင်တောင် အသုံးပြုလို့ မရနိုင်သေးဘူး။ အင်ပါယာအတုဟိုင်းဇီက အတော့်ကို သန်မာတယ်။ ဒါပေမဲ့ ငါ့စိတ်ဝိညာဉ်ချပ်ဝတ်၊ အမြန်နှုန်းမန္တာန်ပညာရပ်တို့နဲ့ဆို သူမအနေနဲ့ ငါ့ကို နိုင်ဖို့ မဖြစ်နိုင်ဘူး…”

“ဒါပေမဲ့လည်း ငါ့အနေနဲ့ သူမကို အချိန်တိုအတွင်း အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ငါ ဒါကို လုပ်ဖို့ လိုမယ်…”  ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ ပင်လယ်နဂါးက တောင်တန်းပင်လယ်၏ အနက်ပိုင်းသို့ ပိုမြန်ဆန်စွာ ရွှေ့လျားနေသည်။

လှိုင်းဂယက်တုန်ခါမှုများက ပင်လယ်ပြင်တွင် ဧရာမဝဲကတော့တစ်ခု ဖြစ်ပေါ်စေ၏။ ပင်လယ်နဂါး၏ ဟိန်းအော်သံကလည်း ပင်လယ်တခွင်တွင် ပဲ့တင်ထပ်နေသည်။ ၎င်း၏ခွန်အားကြောင့် မရေမတွက်နိုင်သော သားရဲများသည် တုန်ယင်ကုန်ကာ မည်သည့်သားရဲကမျှ အနားသို့ မကပ်လာရဲကြပေ။

အချိန် သိပ်မကြာလိုက်ပါ။ ဝမ်လင်းသည် တောင်တန်းပင်လယ်၏ ဗဟိုချက်နှင့် နီးကပ်လာသည့်အခါ ကြောက်မက်ဖွယ်လှိုင်းတစ်ခုက ရုတ်တရက် ရှေ့တည့်တည့်တွင် ပေါ်လာ၏။ ထိုလှိုင်းက ကောင်းကင်ယံထိ မြင့်တက်ပြီး ရေနရံတစ်ခုကို ဖြစ်ပေါ်စေပြီး ပင်လယ်နဂါး ရှေ့ဆက်မည်ကို ဟန့်တားထားလေသည်။

ပင်လယ်နဂါးက ကြမ်းကြုတ်သောအမူအရာကို ထုတ်ဖော်ပြီး ၎င်း၏ဦးခေါင်းကြီးဖြင့် ထိုရေနရံကို ဝင်ဆောင့်သည်။ ကျယ်လောင်စွာ ဟိန်းသံများ ပဲ့တင်ထပ်ကုန်ကာ ရေတံတိုင်းသည် ပျက်စီးသွားပြီး ပင်လယ်နဂါးက ထိုးထွက်လာသည်။

ထိုအခါ ရေများထံမှ ညှီစို့စို့အရည်များ ဖုံးလွှမ်းနေသော လက်တံကြီးများ မြင့်တက်လာ၏။ ထိုလက်တံများက တစ်ခုနှင့်တစ်ခု ယှက်လိမ်ကာ ပင်လယ်ပြင်ထံမှ ကျွန်းတစ်ခု မြင့်တက်လာသည်။

၎င်းက ကျွန်းတစ်ခုနှင့်တူ၏။ သို့သော် အနီးကပ်ကြည့်ပါက ၎င်းသည် ကြီးမားလှသော ရေဘဝဲသားရဲဖြစ်မှန်း တွေ့နိုင်ပေလိမ့်မည်။ ရွှေအဆင့်ထိပ်သီးအော်ရာက ၎င်းရေဘဝဲထံမှ ပေါက်ကွဲထွက်လာ၏။

ထိုသားရဲ ပေါ်လာသည့်နောက် ၎င်း၏ဦးခေါင်းထက်တွင် ရပ်နေသော လှပသောအမျိုးသမီးတစ်ယောက်၏ ပုံရိပ်ကိုလည်း မြင်ရလေ၏။ သူမက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏ပုံရိပ်ကို ဝတ်ရုံက ဖုံးထားသော်လည်း မြင်ရသူတိုင်းမှာ သူမ၏ကောက်ကြောင်းအလှကြောင့် သတွေးသီးသွားနိုင်လောက်သည်။ သူမ၏လက်ထဲတွင် အစိမ်းရောင်ပုလွေတစ်ချောင်းကို ကိုင်ထားသလို သူမ၏ခေါင်းအနောက်၌ ဆံပင်ရှည်ရှည်တို့ကို ထုံးဖွဲ့ချီနှောင်ထားသည်။ သူမ၏ တောက်ပရွှန်းလဲ့သော မျက်လုံးထံမှ အသက်ရှုမှားလောက်မည့် အလှတရားကို ဖော်ကြူးနေသည်။

သူမ၏ ဝင်းလဲ့သောနှဖူးထက်၌ ငါးရောင်စုံကြယ်ငါးတစ်ကောင် ရှိ၏။ ၎င်းအစက်အပြောက်က သည်လောက၌ ဖူးပွင့်လှသော အလှတရားတစ်ခုဟု သူမကို ထင်မှတ်စေရလေသည်။

“ဝမ်လင်း… နင် ထပ်ရောက်လာပြန်ပြီလား။ ဒီတောင်တန်းပင်လယ်သစ်ပင်က ငါ့အတွက် အသုံးမဝင်ပေမဲ့ နင့်ကိုလည်း ယူခွင့်ပြုမှာ မဟုတ်ဘူး…”

ထိုအမျိုးသမီးက မျက်မှောင်ကြုတ်ကာ ရေနံရံကို ချိုးဖျက်ဝင်လာသည့် ပင်လယ်နဂါးဦးခေါင်းထက်တွင် ရပ်နေသော ဝမ်လင်းကို စိုက်ကြည့်သည်။

ပင်လယ်နဂါးက မာန်သွင်းလေ၏။ ၎င်းက ထိုအမျိုးသမီးထံ မာန်ချီဟစ်အော်ခြင်းတော့ မဟုတ်၊ သူမ၏အောက်မှ ရေဘဝဲထံ ဟိန်းဟောက်လိုက်ခြင်းပင်။ ထိုရေဘဝဲကလည်း သုန်မှုန်သော မျက်လုံးဖြင့် ပင်လယ်နဂါးကို ပြန်ကြည့်သည်။

ထိုပင်လယ်အရှင်များဖြစ်သော သားရဲနှစ်ကောင်က ခုမှ စုံဖူးတာ မဟုတ်လောက်၊ အရင်ကလည်း တိုက်ခိုက်ခဲ့ဖူးတာ သိသာ၏။

ဝမ်လင်းသည် ပင်လယ်နဂါးပေါ်တွင် မားမားရပ်ကာ တည်ငြိမ်စွာဖြင့် ထိုလှရက်သောအမျိုးသမီးကို ကြည့်ကာ ပြောလိုက်၏။ “တောင်တန်းပင်လယ်သစ်ပင်ဟာ ငါ့အတွက် အများကြီးအသုံးတည့်ပါတယ်။ ငါ ဒါကို အကုန်လုံး လိုအပ်တာလည်း မဟုတ်ဘူး။ ဒါက နင့်အတွက်လည်း အသုံးမဝင်သလို ဒီတောင်တန်းပင်လယ်အပေါ်လည်း သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလေ။ ငါ့ကို ဘာကြောင့် ခက်ခဲအောင် နင် လုပ်နေရတာလဲ…”

“ဒါ့အပြင် ဒီသစ်ပင်က နင့်အပိုင်လည်း မဟုတ်ဘူး…အင်ပါယာအတုဟိုင်းဇီ။ ဒါကို ကောင်းကင်ဘုံဘိုးဘေးက ချိပ်ပိတ်ထားခဲ့တာ။ နင့်လှိုဏ်ဂူက ဒီနေရာမှာ ရှိရုံနဲ့ နင်က ဒါသစ်ပင်ဟာ နင့်အပိုင် ဖြစ်တယ်လို့များ ထင်နေတာလား…”

ဝမ်လင်းသည် ထိုအမျိုးသမီး၏အလှတရားကို လွန်ခဲ့သောသုံးနှစ်တည်းက မြင်ဖူးပေ၏။ သူမ၏အလှမှာ အကြွင်းမဲ့ဟု ယူဆနိုင်သည်။ ဝမ်လင်း၏ဘဝတွင် အလှအပတွင် မူပင်းမေကို ယှဉ်နိုင်သော အမျိုးသမီးတစ်ယောက်ကို တွေ့မြင်ခဲ၏။ အခု အမျိုးသမီးကတော့ မူပင်းမေလောက်ကို လှပသူပင်။

ထို့အပြင် ဒီအမျိုးသမီးက အင်ပါယာအတုအဆင့်ထိပ်သီး ဖြစ်သည့်အတွက်ကြောင့် သူမ၏ ပုံပန်းသွင်ပြင်မှာ ပြိုင်ဘက်ကင်းနေ၏။

ထိုအမျိုးသမီးက မေးမော့ကာ ဝမ်လင်းကို အေးစက်စက် ကြည့်ကာ လက်ညှိုးထိုး၍ ပြောလိုက်သည်။ “ငါ ဒီမှာ ရှိတဲ့အတွက် တောင်တန်းပင်လယ်က အရာအားလုံးဟာ ငါ့အပိုင်ပဲ။ နင် ငါ့ကို နိုင်ခဲ့ရင် ဒီသစ်ပင်ကို ယူသွားနိုင်တယ် ဒါပေမဲ့ နင် လုပ်နိုင်ပါ့မလား။ လွန်ခဲ့တဲ့သုံးနှစ်တုန်းကလည်း နင် ရောက်လာခဲ့ပြီး ငါ့တိုက်ချက်သုံးချက်ကိုတောင် မခံနိုင်ခဲ့ဘူး။ အခု သုံးနှစ်လောက်အကြာမှာ နင် ထပ် ကြိုးစားကြည့်ချင်တာလား။ အဓိပ္ပာယ်မရှိလိုက်တာ…”

ထိုသို့ပြောလိုက်ပြီးနောက် လောကသည် အရောင်များ ပြောင်းလဲကာ သူမနှင့်ဝမ်လင်းကြားတွင် ဝဲကတော့ခုနစ်ဆယ် ပေါ်လာ၏။ ဝဲကတော့တစ်ခုစီတွင် သူ၏မန္တာန်များထဲမှ တစ်ခု ပါဝင်နေချေ၏။

သူမ စသည်နှင့် သူမ၏အစွမ်းထက်ဆုံး လှုပ်ရှားမှုကို သုံးရန် ဟန်ပြင်သည်။ သူမက ဝမ်လင်းကို တစ်ချက်တည်းနှင့် နောက်ပြန်ဆုတ်သွားအောင် လုပ်ချင်နေတာ သိသာသည်။

ဝမ်လင်း၏အမူအရာက တည်ငြိမ်လျက်ပင်။ ထိုအမျိုးသမီး၏ ကျောက်စိမ်းကဲ့သို့ လက် ပင့်မြှောက်လာစဉ် သူ့မျက်နှာထက်တွင် ဖြတ်ခနဲလင်းလက်သွား၏။ အချိန်အတန်ကြာ ကွယ်ဝှက်နေသော ကောင်းကင်ဘုံနွားထီးအမှတ်အသား ပေါ်လာကာ မကြာမီတွင် သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။

နှစ်ပေါင်းငါးဆယ်ကျော်ကြာပြီးနောက် ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်သည် ထပ်မံ ပေါ်လာခဲ့ပေပြီ။

ထိုချပ်ဝတ် ဖြစ်ပေါ်ပြီးသည်နှင့် ဝမ်လင်း၏ကျင့်ကြံမှုက မြင့်တက်လာ၏။ သူသည် ပင်လယ်နဂါးထံမှ ခုန်ချကာ သူ့စိတ်ဝိညာဉ်ချပ်ဝတ်ကြောင့် တုန်လှုပ်နေသော အင်ပါယာအတုဟိုင်းဇီကို ကြည့်၏။

“စိတ်ဝိညာဉ်တမန်တော်…”  အင်ပါယာအတုဟိုင်းဇီသည် မျက်မှောင်ကြုတ်သွား၏။ သူမသည် အတိတ်တုန်းက တိုက်ပွဲ၌ ဝမ်လင်းသည် လျှိုထားသေးသည်ကို သိ၏။ သို့သော် သူမအနေဖြင့် ဝမ်လင်းမှာ ဩဇာအင်ပါယာကျင့်ကြံသူအရေအတွက်ထက်ပင် ပိုနည်းပါးသော စိတ်ဝိညာဉ်တမန်တော်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

“အင်ပါယာအတုလည်း ဖြစ်တယ်။ စိတ်ဝိညာဉ်တမန်တော်လည်း ဖြစ်တယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် နင် ငါ့ကို အချိန်တိုအတွင်း အနိုင်ရယူနိုင်မှာ မဟုတ်ဘူး။ စိတ်ဝိညာဉ်ချပ်ဝတ်တိုင်းဟာ အကန့်အသတ် ရှိတယ်။ နင် စိတ်ဝိညာဉ်ချပ်ဝတ်နဲ့ဆို ဘယ်လောက် သန်မာလာမလဲ ငါ မြင်ချင်မိတယ်….”

ထိုမိန်းမလှက ချက်ခြင်းပင် လေထဲသို့ ဖမ်းဆုပ်ကာ ကောင်းကင်ထက်သို့ လက်ဝေ့ယမ်းသည်။

All Chapters