← Chapters

မျှော်လင့်မထားသော အံ့သြမှု

Vol. 02 Ch. 95

မျှော်လင့်မထားသော အံ့သြမှု

Vol. 02 Ch. 95

ချူယီသည် အိုးရန်လူလူအား  စူးစူးနစ်နစ် ကြည့်လိုက်ကာ လေးနက်သောအသံဖြင့် …

“သူငယ်ချင်း … နင်တို့ အိုးရန်မိသားစုက ဒီကျွန်းမှာဆို နံပါတ်တစ်ဖြစ်တဲ့အပြင် နင်တို့ရဲ့ ဆက်သွယ်မှု ကွန်ရက်ကလည်း ဘယ်သူမှ မယှဉ်နိုင်တော့ မနေ့က ထာဝရ ခိုင်မြဲခန်းမသတင်းကို ကြားသင့်တယ် မဟုတ်လား”

“ဒါပေါ့။ ဒါပေမဲ့ အဲဒါက ဘာကို ဆိုလိုသလဲဆိုတာ ငါ့ကို ပြောပါ”

“မနေ့က ထာဝရခိုင်မြဲခန်းမက ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်ကို မာစတာ ၃ယောက် စိန်ခေါ်ခဲ့တယ်။ ထန်ရှုက အဲဒီထဲက တစ်ယောက်ဖြစ်ပြီးတော့ အံ့အားသင့်လောက်အောင်ကို ဆဋ္ဌမအလွှာထိ ရောက်အောင် ချိုးဖောက်နိုင်ခဲ့သူလည်း ဖြစ်တယ်”

“ဘာ”

အိုးရန်လူလူသည် ရုတ်တရက် မတ်တတ် ရပ်လိုက်သောကြောင့် သူမလက်ထဲရှိ လက်ဖက်ရည် တစ်ဝက်တစ်ပျက်ရှိသော ခွက်သည် ပြုတ်ကျသွားကာ လက်ဖက်ရည်များနှင့် လက်ဖက်ခြောက်ဖတ်များ  လွင့်စဉ်သွားသည်။ သူမသည် ထာဝရခိုင်မြဲခန်းမမှ သူဌေးမလေး ဂူရှောင်ရွှဲ့နှင့် ဆယ်စုနှစ်တစ်စုနီးပါး ရင်းနှီးသူတစ်ယောက် ဖြစ်သည်။ သူမတို့၂ယောက်သည် အဆောင်အတူနေ သူငယ်ချင်းများကဲ့သို့ မဟုတ်သော်လည်း တစ်ယောက်အကြောင်း တစ်ယောက်ကောင်းစွာ သိကြသည်။ အိုးရန်လူလူသည် ထာဝရခိုင်မြဲခန်းမက ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်အကြောင်းနှင့်  လူအနည်းငယ်သာ စိန်ခေါ်နိုင်ကြောင်းကိုလည်း ကြားသိထားပြီး ဖြစ်သည်။

“ကျင့်ကြံသူလား။ ထန်ရှုက ကျင့်ကြံသူတစ်ယောက်လား။

ထာဝရခိုင်မြဲခန်းမက ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်ကို ဆဋ္ဌမအလွှာထိ ရောက်အောင် ချိုးဖောက်နိုင်ခဲ့ဖို့ ဘယ်လောက် ကြောက်စရာကောင်းတဲ့ ခွန်အားတွေ ပိုင်ဆိုင်ထားလေမလဲ။ ထာဝရခိုင်မြဲခန်းမက ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်သည် ဆယ်စုနှစ်တစ်နှစ်မက ရှိခဲ့ပြီဖြစ်သော်လည်း ဆဋ္ဌမအလွှာထိ ရောက်အောင် ချိုးဖောက်နိုင်ခဲ့သူ တစ်ဦးမျှ မရှိခဲ့ပါပေ။

“သူငယ်ချင်းလေး … ငါ ဘာကြောင့် နင့်ကို တားရလဲဆိုတာ နင် သိလောက်ပြီထင်တယ်။ ငါ သူ့ကို ထွင်းဖောက်မမြင်နိုင်ပေမဲ့ သူက စွမ်းအားကြီးတယ်လို့ ငါ ခံစားမိတယ်။ သူ့ကို လှောင်ပြောင်တာမျိုး မလုပ်သင့်ဘူး။ သူ့လိုလူမျိုးဆိုရင် သူငယ်ချင်းဖြစ်တာ ပိုကောင်းတယ် ရန်သူမဖြစ်စေနဲ့”

အိုးရန်လူလူ၏ နှုတ်ခမ်းရဲရဲလေးသည် လှပစွာ တွန့်ချိုးသွားပြီးလျှင် အပြုံးတစ်ခုအား ဖြစ်ညှစ်ပြုံးလိုက်ရသည်။

“နင် ပြောတာမှန်တယ်။ ဒီလိုလူမျိုးကို ငါတစ်ယောက်တည်း ရင်ဆိုင်ဖို့ မဆိုထားနဲ့ ငါ့မိသားစုတောင်မှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်၂၀ကျော်က တရုတ်ပြည် အနောက်မြောက်ပိုင်းက မိသားစုကြီးတစ်စု ကြောက်စရာကောင်းတဲ့ ဆရာတစ်ယောက်ကို အမှားလုပ်မိလို့ တစ်ညတည်းနဲ့ အကုန်အသတ်ခံရတာ ကြားဖူးတယ်မဟုတ်လား။ ဘယ်သူမှ အသက်ရှင် မကျန်ရစ်ခဲ့ဘူး”

“နင် ဒီဟာကိုတောင်မှ သိတယ်ဟုတ်လား။ တိုင်းပြည် ခေါင်းဆောင်တွေက အဲဒါကို ပြည်သူလူထုကို မပေါက်ကြားဖို့ ထိန်းသိမ်းထားတာ မဟုတ်လား” ချူယီ အံ့အားသင့်စွာ မေးလိုက်သည်။

“ငါ့ရဲ့အဘိုးလေးက အဲဒီတုန်းက ဒီအဖြစ်အပျက်ကို ကိုင်တွယ်ဖို့ တာဝန်ရှိခဲ့တာ” အိုးရန်လူလူ တိုးတိုး ပြောလိုက်သည်။

“နင့်အဘိုးလေးက တိုင်းပြည်ခေါင်းဆောင်လား” ချူယီနှင့် ပိုင်ထောင် သံပြိုင်မေးလိုက်ကြသည်။

“အာ ... နင်တို့ ဘာတွေ လျှောက်ပြောနေတာလဲ။ တိုင်းပြည်ခေါင်းဆောင် နာမည်က ဘာလဲ။ ငါတို့မျိုးရိုးနာမည်က ဘာလဲ။ ငါဆိုလိုတာက ငါ့အဘိုးလေးကို အဲဒီနာရေးကို စီမံဖို့ စေလွှတ်ခံရတာကို  ပြောတာ”

“အာ  ... ... အဲဒါဆို ဘာဖြစ်ဦးမှာလဲ”

“ငါ တကယ်ကို နားမလည်ဘူး။ ကျားလွေဒေါင်က ဒီလို စွမ်းအားကြီးတဲ့ သူတစ်ယောက်ကို ဘယ်လိုသိတာလဲ။ သူ့အသက်အရွယ်က ငယ်သေးတော့ ထန်ရှုရဲ့ကျောင်းမှာ အဖွဲ့မှာ စီနီယာ မာစတာတွေ ရှိခဲ့ရင် သူတို့ရဲ့ ကြောက်စရာ ကောင်းလှတဲ့ ကျင့်ကြံခြင်းအခြေခံက ဘာများ ဖြစ်လေမလဲ”

“အဖွဲ့မှာ စီနီယာ မာစတာတွေ”

“ကျင့်ကြံခြင်းအခြေခံ”

ချူယီနှင့် ပိုင်ထောင်သည် အိုးရန်လူလူအား နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

“အာ ... နင်တို့ကလည်း ... ထန်ရှုက ကျင့်ကြံသူတစ်ယောက် ဖြစ်တယ်ဆိုတာကို သဘော မပေါက်သေးဘူးလား။ နင်တို့ အိုးရန်မိသားစုရဲ့ ဆက်သွယ်မှုကွန်ရက်ကလည်း ဘယ်သူမှ မယှဉ်နိုင်ဘူး၊ နင်တို့မသိတာ မရှိသေးဘူးလို့တော့ ငါ့ကို မပြောနဲ့နော်”

ချူယီနှင့် ပိုင်ထောင် ကျောက်ရုပ်ဖြစ်သွားသည်။

ကျင့်ကြံသူတွေလား။

သူတို့သည် ကြားဖူးနေသော်လည်း တစ်ခါမှ မမြင်ဖူးပါချေ။ ထိုသူများသည် ဒဏ္ဍာရီသဖွယ်ဖြစ်နေပြီး သူတို့အား မတွေ့နိုင်သည်မှာ ပုံမှန်ကဲ့သို့ပင် ဖြစ်နေပေသည်။ သို့သော် ယခုတွင် ထန်ရှုသည် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ဟု ပြောလာပေရာ သူတို့၏ရင်ထဲတွင် လှိုင်းများထနေသကဲ့သို့ပင် ဖြစ်နေပေသည်။

သေသေချာချာ တွေးတောလေ အိုးရန်လူလူ ပြောသည်မှာ မှန်ကန်လေဟု သူတို့ ပြောနိုင်ပေသည်။ ထန်ရှုသာ ကျင့်ကြံသူမဟုတ်ခဲ့လျှင် သာမန်လူများ အောင်မြင်ရန် မဖြစ်နိုင်သည့် အရာမျိုးများအား မည်ကဲ့သို့ အောင်မြင်နိုင်ပါမည်နည်း။

“သောက်ကျိုးနည်း ... ငါတို့ ဒီလိုနေလို့တော့ မဖြစ်တော့ဘူး။ ထန်ရှု ဘာလိုအပ်သလဲ ဆိုတာကို အမြန်စုံစမ်းရမယ်။ သူ ငယ်ရွယ်တုန်းမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်တဲ့ အခွင့်အရေးကို မယူထားရင် သူ အမှန်တကယ် ကြီးပြင်းလာတဲ့အခါ ငါတို့အတွက် ခက်ခဲလိမ့်မယ်”

ချူယီ လေးလေးနက်နက် ပြောလိုက်သည်။

ပိုင်ထောင်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ငါလည်း ဒီသတင်းကို ငါ့မိသားစုဆီ ပို့လိုက်မယ်။ မိသားစုအဆက်အသွယ်ကို သုံးရရင်တောင်မှ သူ ဘာလိုအပ်သလဲ ဆိုတာကို ရှာရမယ်။ နည်းလမ်းတွေ အကုန်သုံးပြီး သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း မဖြစ်ခဲ့ရင်တောင်မှ သူ့ရဲ့ မျက်နှာသာပေးမှုကို ငါတို့ ရအောင် လုပ်ရမယ်”

အိုးရန်လူလူသည် သူငယ်ချင်း၂ယောက်၏ အသည်းအသန် ဖြစ်နေသော အမူအရာအား ကြည့်ကာ သူမ၏စိတ်ထဲတွင်လည်း ပိုမိုလျင်မြန်စွာ လည်ပတ်နေသည်။ သူမသည် ထန်ရှု၏ အစစ်အမှန်ပုံရိပ်အား ခန့်မှန်းနိုင်ခဲ့လေရာ သူမ၏စိတ်ထဲတွင်လည်း စိတ်ကူးမပေါ်ဘဲ မည်သို့ရှိပါလိမ့်မည်နည်း။

****

တစ်ညလုံး ရွေ့လျားပြီးသည့်နောက် အပျော်စီး ဇိမ်ခံခရီးသည်တင် သင်္ဘောကြီးသည် ကျင်းမန်ကျွန်းတွင် နောက်ဆုံးတွင် ဆိုက်ကပ်ခဲ့သည်။ အခြားခရီးသည်များနည်းတူ ထန်ရှု၊ ကျားလွေဒေါင်နှင့် တပည့်၃ယောက်သည် သင်္ဘောကြီးမှ ထွက်ခွာလာခဲ့သည်။

နေ့လည်စာ စားကာနီးအချိန် ဖြစ်သော်လည်း ၅ယောက်စလုံးသည် မနေကြတော့ပဲ ကားကိုစီးကာ ရေလက်ကြား ကမ်းခြေစံအိမ်ဆီသို့ ထွက်ခွာလာခဲ့ကြသည်။

ကျင်းမန်ကျွန်း အနောက်ကမ်းရိုးတန်း …

၎င်းသည် ကြီးကျယ်ခမ်းနားသော အိမ်ရာဧရိယာဖြစ်ပြီး ရေလက်ကြား ကမ်းခြေစံအိမ်သည် ထိုနေရာတွင် တည်ရှိသည်။ ကား၂စီးသည် ဝင်ပေါက်သို့ ဆိုက်ရောက်လာပြီး စုံစမ်းစစ်ဆေးမှုများ အောင်မြင်မှသာ ဝင်ခွင့်ရရှိသည်။ ထန်ရှုအား အံ့အားသင့်စေသည့် အချက်မှာ ထိုနေရာတွင် လုံခြုံရေး အစောင့်များစွာသည် နေရာတိုင်းအား ကင်းလှည့်နေကြသည်။ တစ်ယောက်စီတိုင်းသည် အလွန်သန်မာပြီး ခိုင်မာမြဲမြံသော ခြေလှမ်းများရှိသည်ကို ပြခြင်းသည် ထိုသူများသည် ကျွမ်းကျင်သော သိုင်းပညာရပ်ရှိသည်ဟု ဆိုလိုနေခြင်းပင်ဖြစ်သည်။

“ဒီရေလက်ကြား ကမ်းခြေစံအိမ်ရဲ့သရုပ်မှန်က ဘာပါလိမ့်”

ထန်ရှုသည် နောက်ခုံတွင် ထိုင်နေရာမှ ရှေ့တွင် ထိုင်နေသော ကျားလွေဒေါင်အား မေးလိုက်သည်။

ကျားလွေဒေါင်က “ငါလည်း သရုပ်အမှန် မသိဘူး။ ဒါပေမဲ့ ဒီစံအိမ်ပိုင်ရှင်က ပေကျင်းက ပြောင်းလာပြီးတော့ ဒီမှာ စီးပွားရေး လာလုပ်နေတာ နှစ်၂၀ကျော်ကြာခဲ့ပြီ။ လွှမ်းမိုးနိုင်တဲ့ စွမ်းအားလည်း ရှိတယ်။ ဒီနှစ်ပိုင်းအတွင်းတော့ ဒီရေလက်ကြား ကမ်းခြေစံအိမ်ပိုင်ရှင်က အလွန်အိုမင်းလာပြီးတော့ သူ့ကျန်းမာရေးကလည်း ဆိုးလာတယ်။ အခု ထန်ဒေါင်လို့ခေါ်တဲ့ သူ့သားက စီမံအုပ်ချုပ်နေတယ်”

ထန်ရှုသည် ခေါင်းညိတ်လိုက်ပြီး စိတ်ဝင်စားစွာ ပြောလိုက်သည်။

“အာ ... ကျွန်တော် ဒီရေလက်ကြား ကမ်းခြေစံအိမ်ပိုင်ရှင်ကို တွေ့ပြီး အချို့အကြောင်းရာတွေ ပြောချင်တယ်။ ကျွန်တော်တို့မှာ တူညီတဲ့အချက်တွေ ရှိတယ်”

“ညီလေးထန် … ဒီရေလက်ကြား ကမ်းခြေစံအိမ်ပိုင်ရှင်ကို တွေ့ဖို့တော့ အတော် ခက်လိမ့်မယ်။ ဘယ်လောက်တောင် မောင်းထုတ်ခံရဖူးကြပြီလဲ မသိဘူး။ အစိုးရပိုင်းက ရာထူးကြီးတွေတောင် သူနဲ့တွေ့ဖို့ လဝက်လောက် ကြိုတင် ချိန်းဆိုပြီးမှ နာရီဝက်စကားပြောဖို့ အခွင့်အရေး ရကြတာ”

“သူတို့က မာနကြီးတာလား” ထန်ရှု အံ့အားသင့်စွာ မေးလိုက်သည်။

“မာနကြီးတာကြောင့်တော့ မဟုတ်လောက်ဘူး။ သူတို့ရဲ့ကြီးမားတဲ့ နောက်ခံကြောင့်နေမယ်။ သူတို့ရဲ့ပိုင်ဆိုင်မှုက အရမ်းကို ကြီးလွန်းတယ်။ ငါက သူတို့ရဲ့မူလသရုပ်ကို ခန့်မှန်းနိုင်ပေမဲ့ ပိုင်ဆိုင်မှုကို ၁၀၀%မှန်မယ်လို့ မပြောနိုင်ဘူး”

“ပြောပါဦး။ ခင်ဗျားရဲ့ခန့်မှန်းချက်ကိုး”

“သူတို့မျိုးရိုးနာမည်က ထန်။ ပေကျင်းမှာ ထန် မျိုးရိုးနာမည်နဲ့ မိသားစုကြီးတစ်ခုပဲ ရှိတယ်”

“ပေကျင်းက ထန်မိသားစုက တကယ်ပဲ လေးစားရလောက်အောင်ကို စွမ်းအားကြီးတာလား”

“ဟုတ်တယ်။ သူတို့ ကြောက်စရာ ကောင်းလောက်အောင်ကို စွမ်းအားကြီးကြတယ်။ တစ်နိုင်ငံလုံးမှာ ထန်မိသားစုကို ယှဉ်နိုင်တာ မိသားစုကြီး ၅ခုပဲ ရှိတယ်။ စဉ်းစားကြည့်။ တို့နိုင်ငံအနေနဲ့ဆိုရင် ၁၄၅သိန်း မိသားစု ရှိတဲ့အထဲက ၅မိသားစုလောက်ပဲ ထန်မိသားစုနဲ့ စွမ်းအားရော လွှမ်းမိုးနိုင်မှုရော ယှဉ်နိုင်တယ်ဆိုရင် သူတို့ ဘယ်လောက်သန်မာလဲ အင်အားကြီးလဲဆိုတာ မင်း စဉ်းစားကြည့်”

“အာ ... အမှန်တကယ်ကို အလွန်သန်မာတာပဲ”

စံအိမ်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သောကြောင့် ကားနှစ်စီးသည် ကျယ်ဝန်းသော ကားရပ်နားရာနေရာတွင် ရပ်တန့်လိုက်သည်။ ဝတ်စုံပြည့် ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူထွားကြီး၄ယောက် ရောက်လာကာ နှုတ်ဆက်ပြီး ကားတံခါးများ ဖွင့်ပေးလိုက်သည်။

“ကြိုဆိုပါတယ်” မျက်မှန်တပ်ထားသော သက်လတ်ပိုင်း လူတစ်ယောက်သည် စောင့်ကြိုနေပြီး တစ်ယောက်ဆီအား လျင်မြန်စွာ ကြည့်ကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

ကျားလွေဒေါင် အံ့အားသင့်သွားသည်။

“အကြီးအကဲဟူ … ဘယ်လိုဖြစ်ပြီး ကိုယ်တိုင်လာကြို ...”

ဟူရှင်းယုသည် ရယ်မောလိုက်ပြီး …

“မာစတာကျားက သုခဘုံအသင်းကနေ အောင်မြင်စွာ ပြန်လာခဲ့တယ်လို့ ကြားပြီးပြီလေ။ အဲဒါကြောင့် ငါကိုယ်တိုင် နှုတ်ဆက်ရမှာပေါ့။ အဲဒါအပြင် လောင်းကစား မာစတာလေးတွေကိုလည်း ငါ့ရဲ့ လေးစားမှုကို ပြရမယ်လေ”

ကျားလွေဒေါင်သည် ပြုံးလိုက်ကာ …

“အကြီးအကဲဟူ … သတင်းရတာ တယ်မြန်တာပဲဗျာ။ လာပါ။ ကျွန်တော် ညီလေးထန်နဲ့ မိတ်ဆက်ပေးပါမယ်။ သူက ကျွန်တော့်ကို ကူညီပြီး အနိုင်ရအောင် ကစားပေးခဲ့တဲ့သူပါ။ ညီလေးထန် ဒါက ရေလက်ကြား ကမ်းခြေစံအိမ်က ကြိုဆိုရေးမန်နေဂျာ ဟူရှင်းယုပါ”

ဟူရှင်းယုသည်  ထန်ရှုအား အကဲခတ်လိုက်သည်။ သတင်းများအရ ထန်ရှုသည် ငယ်ရွယ်သည်ဟု သိထားသော်လည်း ယခုကဲ့သို့ ငယ်ရွယ်လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ တောက်ပစွာ ပြုံးလိုက်ပြီး သူ၏လက်အား ဆန့်တန်းလျက် ပြောလိုက်သည်။

“ကြိုဆိုပါတယ် မစ္စတာထန် … မင်းရောက်လာတာ ငါတို့အတွက် ဂုဏ်ယူစရာပါပဲ။ မင်းရဲ့ဂုဏ်သတင်းကိုတော့ မနေ့ကတည်းက ကြားပြီးပါပြီ။ သုခဘုံမှာမဟုတ်ဘဲ ပင်လယ်ထဲမှာသာဆိုရင် ငါ ချက်ချင်း ပြေးလာပြီး မင်းဆီကတောင် သင်ယူချင်သေးတယ်”

“ခင်ဗျား ယဉ်ကျေးလွန်းနေပါပြီ”

ထန်ရှုသည်  လူမှုရေး လောကဝတ်များအား ဘယ်တော့မှ မနှစ်သက်လှချေ။ သို့သော် သူ၏လက်အား ဆန့်တန်းကာ လက်ဆွဲ နှုတ်ဆက်လိုက်လေသည်။ အိမ်ရှင်အား မျက်နှာသာ ပေးလိုက်သည်က ပိုကောင်းပါလိမ့်မည်။

“လူကြီးမင်းတို့ ... ငါ့နောက်က လိုက်ခဲ့ကြပါ။ သီးသန့်ခန်းနဲ့ စားသောက်ဖွယ်ရာတွေ ပြင်ဆင်ထားပြီးပါပြီ။ မကြာမီ သုံးဆောင်နိုင်ပါတော့မယ်”

မကြာမီ ဟူရှင်းယု၏ ဦးဆောင်မှုဖြင့် လူတိုင်းသည် ဥရောပစတိုင် ပြင်ဆင်ထားသော တန်ဖိုးကြီး ဇိမ်ခံအိမ်တစ်လုံးထဲသို့ ရောက်လာလေသည်။ ထို့နောက် အိမ်တစ်လုံးစီသည် ဧည့်သည်အဖွဲ့လိုက်အား ဧည့်ခံရာတွင် အသုံးပြုသည်ကို ထန်ရှု နားလည်လာလေသည်။

“ကျေးဇူးပြုပြီး စောင့်ပေးပါ။ ငါ စားဖိုဆောင်ကို အစားအစာတွေ ပြင်ဆင်ဖို့ ပြောလိုက်ဦးမယ်”

“ကျေးဇူးပြုပြီး စောင့်ပါဦး” ထန်ရှုသည် ဟုရှင်းယုအား တားလိုက်သည်။

“မစ္စတာထန် … စိတ်ထဲမှာ မှာချင်တာများ ရှိနေသေးလား”

“ဒီရေလက်ကြား ကမ်းခြေစံအိမ်ပိုင်ရှင်ဆီကို ကျွန်တော့်ကို ထောက်ခံပေးနိုင်မလား။ ကျွန်တော် သူ့ကို တွေ့ချင်လို့ပါ”

“ဒါ”

ဟူရှင်းယု တွေဝေသွားသည်။ ခဏအကြာတွင် သူသည် မချိပြုံးပြုံးကာ …

“မစ္စတာထန် … ငါတို့ ဆရာက အသက်ကြီးပါပြီ။ လွန်ခဲ့တဲ့ နှစ်တွေကတည်းက သူက ပြင်ပဧည့်သည်တွေနဲ့ မတွေ့တော့ဘူး။ ဒါကြောင့်မို့ ဒီဟာက ငါ မစွမ်းဆောင်နိုင်ပါဘူး”

ထန်ရှုသည် တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် …

“ကျွန်တော် ခင်ဗျားတို့ရဲ့ ဆရာကြီးနဲ့ မတွေ့ရဘူးဆိုရင်လည်း အခုတာဝန်ယူနေတဲ့ ထန်ဒေါင်နဲ့ မိတ်ဆက်ပေးဖို့တော့ ပြဿနာ မရှိဘူးမဟုတ်လား။ ကျွန်တော် သူ့ကို မေးချင်တာလေးတွေ ရှိနေလို့ပါ”

“ကောင်းပြီ။ ငါ ပြောပြလိုက်ပါမယ်။ သူ မင်းကို တွေ့ချင်တယ်ဆိုရင် ငါ့ဆီက သတင်းကြားရပါလိမ့်မယ်”

“ကျေးဇူးတင်ပါတယ်”

ကြည်လင် ကျယ်လောင်လှသော အသံသည် အိမ်အပြင်ဘက်မှ ရုတ်တရက် ကြားလိုက်ရပြီး ပုံရိပ်တစ်ခုသည် အိမ်၏တံခါးတွင် သိပ်မကြာလိုက်ပဲ ပေါ်ထွက်လာသည်။

“ကောင်းကင်ဘုံတွေက တိုင်းတာမရဘူး။ မှန်းဆမရဘူးပဲ။ ဒီဆင်းရဲလှတဲ့ ဘုန်းကြီးအိုကြီးက မဖိတ်ခေါ်ပဲ ရောက်လာမိတဲ့အတွက် လူကြီးမင်းတို့က ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိတယ်”

****

All Chapters