← Chapters

နဂါး၏မြစ်အား ဖြတ်ကျော်ခြင်း

Vol. 03 Ch. 111

နဂါး၏မြစ်အား ဖြတ်ကျော်ခြင်း

Vol. 03 Ch. 111

တပည့်အဖြစ် လက်ခံခြင်းတဲ့လား။

မုချင်းဖျင်သည် ရုတ်ခြည်းပင် ထန်ရှု၏ ရည်ရွယ်ချက်အား နားလည်သွားတော့သည်။ သို့သော် သူမသည် ကျင့်ကြံခြင်း အကြောင်းအားလည်း တစ်လုံးမျှ မသိ။ မည်သည့် ကျင့်ကြံခြင်းက သူမ၏ သမီးဖြစ်သူအတွက် ကောင်းမည် ဆိုးမည် မသိသောကြောင့် အလွယ် သဘောမတူရဲပါချေ။

ထန်ရှုသည် သူမ၏အတွေးအား ထွင်းဖောက် သိမြင်သောကြောင့် သူသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ခင်ဗျားရဲ့အတွေးနဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော် နားလည်ပါတယ်။ ခင်ဗျားရဲ့ သမီးက ကျင့်ကြံသူအဖြစ် မွေးဖွားလာတာပါ။ ကျွန်တော်ရဲ့ ကုသပေးမှုက သူမရဲ့ အခြေအနေကို ထိန်းပေးရုံလောက်ပဲရပြီး သူမရဲ့ကိုယ်တွင်းက အအေးဒဏ်ကို ယာယီ ဖိနှိပ်ထားလို့ပဲရမယ်။ ဒီအအေးစွမ်းအားက သူမကို မထိခိုက်စေဘဲ ကြီးမားတဲ့ အကျိုးကျေးဇူး ရဖို့အတွက်ဆိုရင် သူမက အင်မော်တယ် ကျင့်ကြံမှုနည်းကို ကျင့်ကြံမှ ရပါမယ်”

ထိုစကားအား ကြားသော် မုချင်းဖျင်သည် ချက်ချင်း သဘောတူလိုက်သည်။ သူမအတွက် သမီးဖြစ်သူသည် အရေးကြီးဆုံး ဖြစ်သည်။ သူမ ဘေးရန်ကင်းပြီး ကျန်းမာဖို့အတွက် ဆိုပါက ဘာမဆို သူမ သဘောတူမည် ဖြစ်သည်။ ထန်ရှု ပြုံးကာ ပြောလိုက်သည်။

“အမှန်အတိုင်း ပြောရင် ခင်ဗျားကို ကျွန်တော် လေးစားပါတယ်။ အမေတစ်ယောက်ရဲ့ ကြီးမြတ်တဲ့ ချစ်ခြင်းတရားတွေကို ခင်ဗျားဆီမှာ  မြင်နေရတယ်။ ကျွန်တော့်ကိုလည်း အမေကပဲ တစ်ယောက်တည်း ကျွေးမွေး စောင့်ရှောက်လာတာ။ စိတ်ချလက်ချနဲ့ ကျွန်တော့်ကို ယုံပါ။ ဒီနေ့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်အတွက် အနာဂတ်မှာ အကျိုး ခံစားရပါလိမ့်မယ်” မုချင်းဖျင်သည် သံသယဖြင့် မေးလိုက်သည်။

“တပည့်လက်ခံတဲ့ ပွဲရော မလုပ်သင့်ဘူးလား”

“တပည့်လက်ခံပွဲက ရိုးရှင်းပါတယ်။ အရိုအသေပေးပြီး လက်ဖက်ရည် တိုက်ရင် ရပါပြီ”

ထို့နောက် သူသည် ဂူရင်အား ကြည့်ကာ မေးလိုက်သည်။

“နင် ငါ့ကို ဆရာ တစ်ယောက်အဖြစ် ကန်တော့ချင်ရဲ့လား။ အင်မော်တယ် ကျင့်ကြံခြင်း နည်းတွေရော ကျင့်ကြံချင်ရဲ့လား။ ဒါကို ရှင်းရှင်းလင်းလင်း သိရရင် ငါ့ရဲ့ ကိုယ်ပိုင်တပည့် ဖြစ်လာမယ်။ အသက်ရာကျော် ရှည်လိမ့်မယ်။ ပိုပြီးတော့ စွမ်းအား ကြီးလာမယ်”

ဂူရင်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

“အင်မော်တယ် လမ်းကြောင်းက ကျင့်ကြံသူတွေက အသက်ရှည်လား”

ထန်ရှု ပြုံးကာ ပြောလိုက်သည်။

“ဒါပေါ့။ သူတို့ လမ်းခုလတ်မှာ မသေသေးသရွေ့ နှစ်ပေါင်းများစွာ ရှည်နိုင်တယ်”

ဂူရင်သည် ထပ်ပြီး မေးလိုက်ပြန်သည်။

“သမီးအမေရော ကျင့်ကြံနိုင်လား”

ထန်ရှုသည် မုချင်းဖျင်အား ကြည့်ကာ ပြောလိုက်သည်။

“ပုံမှန်ဆိုရင် ကျင့်ကြံနိုင်ပါတယ်။ ဒါပေမဲ့ သမီးအမေက အကောင်းဆုံး ကျင့်ကြံနိုင်တဲ့ အရွယ်ကို  ကျော်လွန်ခဲ့တော့ သမီးလောက်တော့ မြင့်မှာ မဟုတ်တော့ဘူး။ ငါ့အကူအညီ ရရင်တောင်မှ  အင်မော်တယ်ကမ္ဘာကို တက်လှမ်းနိုင်ရုံပဲရောက်ပြီး သာမန် အင်မော်တယ် တစ်ယောက်တော့  ဖြစ်လာလိမ့်မယ်”

ဂူရင်သည် ခေါင်းညိတ်ကာ ထန်ရှု၏ အရှေ့တွင် ဒူးထောက်လိုက်သည်။ ဦးသုံးကြိမ်အား လေးစားစွာပြုလျက်  ကော်ဖီစားပွဲပေါ်မှ လက်ဖက်ရည် တစ်ပန်းကန်အား မဖိတ်မစဉ်အောင် ယူကာ တရိုတသေပေးလိုက်သည်။

“ဆရာ ...  သမီး လက်ဖက်ရည်ကို သုံးဆောင်ပါ”

ထန်ရှုသည် လက်ဖက်ရည်အား ကျေနပ်စွာ ကြည့်လိုက်ကာ တစ်ရှိန်ထိုး သောက်ချလိုက်သည်။ သူသည် ဂူရင်အား တရားမဝင် တပည့်မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်တပည့်အဖြစ် လက်ခံခဲ့ခြင်းသည် သူမ၏ ပြိုင်စံရှား ခန္ဓာကိုယ်ကြောင့် ဖြစ်သည်။ သူမသည် ကောင်းမွန်စွာ လေ့ကျင့်ခဲ့ပြီးပါက အင်မော်တယ် ကမ္ဘာ၏ အကြီးမြတ်ဆုံး ဧကရီတစ်ပါး ဖြစ်လာပေလိမ့်မည်။ တစ်စုံ တစ်ယောက်သည် အင်မော်တယ်များနှင့် ကောင်းကင်ဘုံသား ထရီလီယံများစွာ၏ အထက်တွင် ရှိပေလိမ့်မည်။

ပိုပြီးအရေးကြီးသော အချက်မှာ သူ အင်မော်တယ် ကမ္ဘာကို ပြန်သွားချိန်တွင် သူမသည် အထင်ကြီးရလောက်သော ကူညီပေးသူ တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ထိုကဲ့သို့သော လူများသည် လူအများ ရှိန်ရလောက်သော ခွန်အားများ ပိုင်ဆိုင်ထားကြသည်။ သည်ဟာသည် အခြေခံအကျဆုံး အမှန်တရားဖြစ်သည်။ ယခင်က သူသည် တပည့်များအား လက်မခံချင်ဘဲ သူ၏ ကိုယ်ပိုင်စွမ်းအား အတွက်သာ ကျင့်ကြံနေခဲ့သည်။ ထို့ကြောင့် သူသည် သူငယ်ချင်းများ၏ သစ္စာဖောက်မှုအောက်တွင် ကျဆုံးခဲ့ရပြီး သူ၏ နတ်ဘုရားဘုံသို့ တက်မည့် အစီအစဉ်သည် လွယ်ကူစွာ ကျရှုံးခဲ့ရသည်။ သူ၏ စိတ်ဝိညာဉ်သာ ပြန်မရောက်လာခဲ့ပါလျှင် ၎င်းသည် ဖုန့်မှုန့်များသဖွယ် ပျက်စီးသွားပြီး လေနှင့်အတူ လွင့်ပါပျောက်ကွယ် သွားပေလိမ့်မည်။

မုချင်းဖျင်သည် ကျင့်ကြံခြင်း အကြောင်းအား အများကြီး မတွေးပါချေ။ သူမ ဂရုစိုက်သည်မှာ သမီးဖြစ်သူ၏ အနာဂတ်သာ ဖြစ်သည်။ ထန်ရှုသည် သမီးဖြစ်သူအား တပည့်အဖြစ် လက်ခံပြီးသော အချိန်တွင် သူမသည် မေးလိုက်သည်။

“သမားတော် ထန် ...  ငါတို့ အနာဂတ်ဘဝကို စီစဉ်ပေးမယ် ပြောခဲ့သလားလို့”

သည်အိမ်ကို လာရာ လမ်းတစ်လျှောက်တွင် ထန်ရှုသည် ထိုပြသနာအား တွေးပြီး ဖြစ်သောကြောင့် စိတ်ကူးတစ်ခုသည် သူ၏စိတ်ထဲတွင် ရှိပြီးဖြစ်သည်။ ထို့နောက် သူသည် ဖြည်းညှင်းစွာ မေးလိုက်သည်။

“ခင်ဗျားရဲ့ လုပ်ခဲ့တဲ့ အလုပ်က ဘာလဲ”

“ငါက နိုင်ငံခြား လုပ်ငန်းစုမှာ အုပ်ချုပ်ရေးမှူး တစ်ယောက် လုပ်ခဲ့တာပါ”

“ခင်ဗျားကို ကျွန်တော့်ရဲ့ အိမ်တော်ထိန်းအဖြစ် လုပ်စေချင်တယ်ဆိုရင် ခင်ဗျား လက်ခံမလား”

အိမ်တော်ထိန်း တစ်ယောက်လား ...

မုချင်းဖျင် အံ့အားသင့်သွားသည်။ ထန်ရှုသည် သူမအား ထိုကဲ့သို့ စီစဉ်ပေးလိမ့်မည်ဟု မမျှောလင့်ခဲ့ချေ။ သူမသည် မချိပြုံးပြုံးကာ ပြောလိုက်သည်။

“ငါ အဲဒီအကြောင်း အများကြီး မသိဘူး” ထန်ရှု ပြောလိုက်သည်။

“ခင်ဗျားမှာ ရွေးချယ်စရာ ၂ခုရှိတယ်။ နိုင်ငံခြားသွားပြီး သင်တန်း သွားတက်မလား။ ဒီမှာနေပြီး ကျွန်တော်ငှားပေးတဲ့ ကျွမ်းကျင် ပညာရှင်တွေဆီက သင်ယူလေ့လာမလား။ ဘယ်ဟာကို ရွေးချင်လဲ”

မုချင်းဖျင်သည် သမီးဖြစ်သူအား ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ငါ ဒုတိယဟာ ရွေးလို့ ရမလား။ ရင်ရင့်အနားမှာ နေချင်တယ်။ အဝေးကို မသွားချင်ဘူး”

“ပြဿနာ မရှိဘူး”

ထန်ရှုသည် သူ၏ဖုန်းအား ထုတ်လိုက်ကာ မြောင်ဝမ်တန်အား ဆက်သွယ်လိုက်ပြီး နိုင်ငံခြားမှ ကျွမ်းကျင်အဆင့် အိမ်တော်ထိန်း လေ့ကျင့်သူအား ငှားပေးရန် အကူအညီ တောင်းလိုက်သည်။ ဈေးနှုန်း စုံစမ်းကြည့်ရာတွင် ၂လ လေ့ကျင့်ခအဖြစ် ယွမ်၂သန်း ကျသောကြောင့် ဈေးမသက်သာသည်ကို သူတွေ့လိုက်ရသည်။ ဖုန်းပြောပြီးသည်နှင့် ထန်ရှုသည် ပြောလိုက်သည်။

“ကျွန်တော့် အဆက်အသွယ်တွေကို ပြောပြီးပြီ။ သူတို့ အချိန်တိုအတွင်း လာလိမ့်မယ်။ နောက်ပြီး ကျွန်တော်က ကျင်းမန်က မဟုတ်တော့ ကြယ်တာရာကို ပြန်ရင် လိုက်ခဲ့ပါ။ မနက်ဖြန် ပြန်မယ်”

မုချင်းဖျင်သည် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“နင့်စကားအတိုင်း ငါ နားထောင်ပါမယ်”

“ခင်ဗျား အဲဒီသင်တန်းပေးမှုကို ကြိုးကြိုးစား လုပ်မှရမယ်။ ပြီးသွားရင် ပစိဖိတ်ထဲက ကျွန်တော်ဝယ်ထားတဲ့ ကိုယ်ပိုင်ကျွန်းမှာ ရင်ရင်နဲ့အတူ နေနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒါက ၁၀စတုရန်း ကီလိုမီတာမက ကျယ်တယ်။ ကျွန်တော် အဲဒီမှာ အလုပ်သမားနဲ့ အစေခံ အများကြီး ငှားထားမယ်။ ရင်ရင့်အတွက် စာသင်ဖို့ ဆရာတွေလည်း ငှားပေးမယ်”

“ကိုယ်ပိုင်ကျွန်း ဟုတ်လား။ ၁၀စတုရန်း ကီလိုမီတာမက ကျယ်သေးတယ်။ ရင်ရင့်ကို သီးခြားနေခိုင်းပြီး ကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ခိုင်းတာနဲ့ တူမနေဘူးလား”

“ကျင့်ကြံသူအတွက် သီးခြားနေတာ ကောင်းတယ်။ ကျွန်တော်က စည်းကမ်း တင်းကြပ်တာ မဟုတ်ပါဘူး။ သူမကို ၂လတစ်ကြိမ် အားလပ်ရက်ပေးပြီး ပြင်ပကို ခရီးထွက်ခိုင်းလို့ လူမှုဘဝ အတွေ့အကြုံကို သင်ခိုင်းဦးမှာပါ”

“ဒါ ကလေးတစ်ယောက် အတွက် လွန်ကဲနေလေမလား”

“ကျွန်တော့်မှာ အစီအစဉ် ရှိတာမို့လို့ စိတ်မပူပါနဲ့”

ထို့နောက် ...  ထန်ရှုသည် အင်မော်တယ်ကျင့်စဉ် တစ်ခုအား မုချင်းဖျင်သို့ ပြောပြ လမ်းညွှန်ကာ သူမ၏အခန်းသို့ ပြန်လွှတ်လိုက်သည်။ ဂူရင်သည် သူ၏ ကိုယ်ပိုင်တပည့် ဖြစ်သောကြောင့် အင်မော်တယ်ကမ္ဘာမှ အကောင်းဆုံး အင်မော်တယ် ကျင့်စဉ်အား သင်ကြားပေးရန် လိုအပ်သည်။ သူ့တွင် ဂူရင် ကျင့်ကြံရန်အတွက် အလွန်ကောင်းမွန်သော သင့်တော်သော ကျင့်ကြံခြင်းကျင့်စဉ် ရှိနေခဲ့သည်မှာ အလွန်ကံကောင်းသည်။ ကောင်းကင်ဘုံကိုးလွှာ ရေခဲဖီးနစ်ကျင့်စဉ် ...

သည်ကျင့်စဉ်သည် လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာက အင်မော်တယ်ကမ္ဘာရှိ အလွန်ကောင်းမွန်သော ကျင့်ကြံခြင်းများတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ထိုကျင့်စဉ်အား ကျင့်ကြံသူများသည် လမ်းခုလတ်တွင် မကျရှုံးသွားဘဲ အင်မော်တယ် ကမ္ဘာ၏ အရေးကြီးသော စွမ်းအင်ကြီးသူများ ဖြစ်လာသည်။

သူ၏ကျင့်ကြံခြင်း အဆင့်အရ ထန်ရှုသည် ဂူရင်အား ထိုကျင့်စဉ် တိုက်ရိုက် လွှဲမပေးနိုင်ဘဲ လူ၏ ဖွဲ့စည်းမှုအကြောင်း၊ မရီဒျာန်များ၊ ဒန်တျာန်များ စိတ်ပင်လယ် အပါအဝင် တစ်ဆင့်ပြီး တစ်ဆင့်သာ ပြောပြသင်ကြား ပေးရသည်။ ဂူရင်သည် အလွန်ဉာဏ်ကောင်းသူ ဖြစ်သောကြောင့် ထန်ရှု စိတ်ကျေနပ် ရလောက်အောင်ပင် ၂နာရီအတွင်း သူမသည် အခြေခံ အကြောင်းများအား အကုန် သိသွားတော့သည်။

“အခု ငါ မင်းကို ကောင်းကင်ဘုံကိုးလွှာ ရေခဲဖီးနစ် ကျင့်စဉ်ကို သင်ပေးမယ်။ အမှားမရှိဘဲ သေသေချာချာ မှတ်ထားဖို့ လိုတယ်။ သိထားရမှာက ဒီဟာကို အမေကစပြီး ဘယ်သူ့ကိုမျှ သင်ပေးလို့မရဘူး” ထန်ရှု သတိပေးလိုက်သည်။

“အွန်း” ဂူရင်သည် ပါးနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

မနက် ၂နာရီခွဲတွင် ထန်ရှုသည် ကျင့်စဉ်တစ်ခုလုံး သင်ကြားပြီး ဖြစ်သောကြောင့် သူမအား စွမ်းအင် လည်ပတ်ခြင်းအား လုပ်ခိုင်းလိုက်သည်။ ပထမအကြိမ် ကြိုးစားရာတွင် ကျရှုံးသော်လည်း ထိုဟာသည် ပုံမှန်အရာဟု ထန်ရှု သိသည်။

“ဒါ ကောင်းတယ်။အခု သွားနားချေတော့”

ထန်ရှုသည် ဂူရင်၏နဖူးအား အသာပုတ်ကာ အပြုံးဖြင့် ပြောလိုက်သည်။

“ဆရာ ကောင်းသောညပါ”

၂နှစ်ခန့် နာကျင်မှုအား ခံစားရပြီးနောက် ဂူရင်သည် အသက်၉နှစ်သာ ရှိသေးသော်လည်း ဆယ်ကျော်သက်သဖွယ် ရင့်ကျက်လာခဲ့သည်။ ကျင်းမန်ကျွန်း၏ ကလပ်တစ်ခုတွင် ...

ကြီးကျယ်သော သီးသန့်အခန်းတွင် အိုးရန်လူလူသည် ဘီယာအပြည့် သောက်ကာ ဒေါသထွက်သော အမူအရာဖြင့် ရှိနေသည်။ သူမ၏ အချစ်ဆုံး သူငယ်ချင်းဖြစ်သူ ဟောင်ဒူဒူသည် ဘေးတွင် ထိုင်နေပေသည်။ သူမတို့ နှစ်ယောက်သည် သက်တူရွယ်တူဖြစ်ပြီး ချောမောလှပသော ရုပ်သွင်လည်း ရှိကြပေသည်။

“လူလူ ...  နင် လျှော့သောက်ပါဟာ”

ဟောင်ဒူဒူသည် ဆိုဖာပေါ်တွင် ထိုင်နေပြီး သူမသည် မမူးသေးဘဲ လှနေဆဲ ရှိသေးသည်။ ထို့ပြင် သူမသည် စိုးရိမ်ပူပန်သော အမူအရာဖြင့် ရှိနေသည်။ အိုးရန်လူလူသည် ဘီယာတစ်ခွက်အား လက်စသတ်လိုက်သည်။ သူမသည် အများကြီး သောက်ထားပြီး မပြေနိုင်သေးသော ဒေါသဖြင့် ပြောလိုက်သည်။

“ဒူဒူ ...  ငါ လုံး၀ မပျော်ဘူး။ ထန်ရှုက ဘာမို့လို့ ငါ့ကို အဲလို သဘောထားတာလဲ။ ငါ့အိမ်မှာနေပြီး ငါ့ကို နှင်ထုတ်လိုက်တယ်။ ဒီလိုအရေထူတဲ့ လူမျိုး နင်တွေ့ဖူးလား ... ပြော” ဟောင်ဒူဒူသည် အပြုံးဖြင့် ပြောလိုက်သည်။

“ငါ မတွေ့ဖူးသေးပေမဲ့ သူ့ကို စိတ်ဝင်စားသားပဲ။ နင့်လို အမြင့်ဆုံးက ကလေးတစ်ယောက်ကို သူ ဒီလို ဆက်ဆံတယ်ဆိုတော့ ဒါ ရှားပါး ယောက်ျားပဲ။ အခွင့်ကြုံရင် ငါ့ကို မိတ်ဆက်ပေး”

“နင့်ညီမကို မိတ်ဆက်”

အိုးရန်လူလူသည် ထိုစကားကြမ်းများအား ပြောပြီး သူမ၏ မိန်းကလေးဆန်သော သွင်ပြင်ပင် ပျောက်ကွယ်နေဟန် ရှိသည်။ ဟောင်ဒူဒူသည် သူမ၏ အကျင့်စရိုက်အကြောင်း ကောင်းစွာ သိသောကြောင့် စိတ်မဆိုးဘဲ ပြုံးကာ ပြောလိုက်သည်။

“အခု ၂နာရီခွဲပြီ။ ငါတို့ ပြန်သင့်ပြီ ထင်တယ်။ လမ်းပေါ်မှာ မအိပ်ချင်ဘူး မဟုတ်လား”

အိုးရန်လူလူသည် စိတ်ဆိုးနေဆဲ လေသံဖြင့် ပြောလိုက်သည်။

“ဘယ်ကို သွားရမှာလဲ။ ငါ့နေရာကို သူ ယူထားတယ်”

ဟောင်ဒူဒူသည် ထိုစကားမှာ သူမအား ဒေါသဖြစ်စေမှန်း သိသောကြောင့် လူလူအား ဖက်လိုက်ပြီး …

“ငါ့အိမ်ကို သွားကြစို့။ အဖေက မွေးနေ့လက်ဆောင် အဖြစ် အိမ်တစ်လုံး ပြင်ဆင်ပေးထားတယ်။ အဲဒီကို နင် မရောက်ဖူးသေးဘူးလို့ ငါထင်တယ်”

“ဒူဒူလေးသာ အကောင်းဆုံးပဲ”

အိုးရန်လူလူ၏ အမူအရာသည် ချက်ချင်း ပြောင်းသွားပြီး လှပစွာ ပြုံးလိုက်သည်။ သူမသည် ဒူဒူ၏ လက်အားဆွဲကာ လှပသော မျက်နှာလေးအား အနမ်းပေးလိုက်သည်။ ထို့နောက် လျင်မြန်စွာ ခုန်ထကာ သူမ၏အိတ်အား ဆွဲကာ သီးသန့်ခန်းအပြင်သို့ အလျင်စလို ခုန်ထွက် လိုက်လေသည်။

“အွန့်”

အိုးရန်လူလူသည် အလျင်စလို ထွက်လိုက်သောကြောင့် သန်မာကြံ့ခိုင်သော ရင်အုပ်သည် အရှိန်ဖြင့် သူမ၏ခေါင်းအား ဝင်တိုက်မိကာ နောက်ပြန်ယိုင်သွားပြီး ကြမ်းပေါ်သို့ ဖင်ထိုင်ကျလုနီးနီး ဖြစ်သွားခဲ့ရသည်။

***

All Chapters