← Chapters

ပဋိပက္ခ

Vol. 03 Ch. 112

ပဋိပက္ခ

Vol. 03 Ch. 112

တခြားသူ၏ သွင်ပြင်အား မမြင်မီ အိုးရန်လူလူသည် သူမ၏ခေါင်းအား ပွတ်ကာ ဒေါသဖြင့် အော်လိုက်သည်။

“နင် ကန်းနေတာလား ဘာဖြစ်နေတာလား။ ငါ့ကို နာအောင် လုပ်တယ်ပေါ့လေ”

သူမနှင့် တိုက်မိသောသူသည် ကတုံးပြောင်အောင် ရိတ်ထားပြီး လက်မောင်းတွင် တက်တူးများ ထိုးထားသော လူငယ်ဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက် တောင့်ကာ ရက်စက်သော အကြည့်တို့ရှိသည်။ သူ၏လည်ပင်းတွင် တောက်ပသော ရွှေဆွဲကြိုးတုတ်တုတ်အား ဆွဲထားပြီး စီးကရက်အား ပါးစပ်တွင် ခဲထားသည်။ သူ၏မျက်ခုံးများသည် တွန့်ချိုးနေသောကြောင့် သိသာထင်ရှားစွာ စိတ်သဘောထား ဆိုးမည့်လူ ဖြစ်သည်။

အိုးရန်လူလူ၏ ပြောဆိုသံကို ကြားသောအခါ အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် ထိုလူငယ်သည် ပြေးလာကာ သူမ၏နဖူးအား ကန်ထည့် လိုက်သောကြောင့် ကြမ်းပေါ်တွင် လဲသွားသည်။ လဲသွားသော အိုးရန်လူလူ၏ခါးအား အဆက်မပြတ် ကန်ကျောက်ကာ ဆဲဆိုလေသည်။

“ခွေးမ ...  ကန်းနေတာက နင်။ ဒီအဖေကို နင်က အပြစ်တင်ရဲတယ်ပေါ့။ နောက်တစ်ခါ ပြောရဲရင် နင့်ပါးစပ်ကို ငါ ချူပ်ပစ်မယ်”

ဟောင်ဒူဒူသည် သီးသန့်ခန်းထဲမှ အိတ်များကို ဆွဲကာ ထွက်လာရုံ ရှိသေးသည်တွင် သူမ အကန်ခံနေရသည်ကို တွေ့လိုက်သောကြောင့် မျက်နှာပျက်သွားကာ ချက်ချင်း ပြေးသွားပြီး အိုးရန်လူလူအား ကာကွယ်ရန် သူမ၏ လက်များအား ဖြန့်လိုက်သည်။

အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် ကန်နေသော လူငယ်သည် အိုးရန်လူလူအား ရှင်းလင်းစွာ မမြင်ရသော်လည်း ဟောင်ဒူဒူအား  တွေ့လိုက်သောကြောင့် ဒေါသများသည် ပျောက်ကွယ် သွားခဲ့သည်။ သူ၏မေးစေ့အား ထိလိုက်ကာ အနိုင်ကျင့်လိုသော အမူအရာဖြင့် မခိုးမခန့် ရယ်လိုက်သည်။

“ဟီး ... ဟီး ... ဟီး … ငါ မှားသွားတယ်။ ငါ သူမကို မကန်သင့်ဘူး။ ငါ ဘယ်လောက်သန်ကြောင်း ပြဖို့ ငါ့ကိုယ်က တခြား အစိတ်အပိုင်းကို သုံးရမှာ။ ဟား ... ဟား ... ဟား ... ဘယ်လိုလဲ။ နင်က သူ့ညီမလား။ နင်ရော ငါ့ကိုယ်က တခြား အစိတ်အပိုင်းကို စမ်းကြည့်ချင်လား”

“နင် ...  နင် ... အရှက်မရှိတဲ့လူပဲ”

ဟောင်ဒူဒူ ဒေါသဖြင့် ပြောဆိုလိုက်သည်။ အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် လူငယ်သည် လူယုတ်မာ ရယ်နည်းဖြင့် ရယ်လိုက်သည်။

““ဟီး ... ဟီး ... ဟီး။ အိပ်ရာပေါ် ရောက်တဲ့အထိ စောင့်ပါဦး။ အဲဒီကျရင် ငါ ဘယ်လောက် အရှက်မရှိလဲဆိုတာ နင့်ကို ငါ ပြမယ်”

ပြောဆိုရင်းဖြင့် အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် လူငယ်သည် ဟောင်ဒူဒူအား ဖမ်းရန် သူ၏လက်အား လှုပ်ရှားလိုက်သည်။

ဟောင်ဒူဒူသည် ဘေးဘက်အား ရွေ့လျားလိုက်ကာ ကြမ်းပြင်ပေါ်မှ အိုးရန်လူလူအား အလွယ်တကူ ဆွဲမလိုက်သည်။ သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ အော်ပြောလိုက်သည်။

“$ရူး ထွက်သွားစမ်း”

အိုးရန်လူလူသည် ပထမအကြိမ် သူ့အား တိုက်မိစဉ်က ကောင်းစွာ သတိမထားမိသော်လည်း ယခုမူ သူမ၏ဟန်ပန်အား ပြန်လည်ရရှိပြီ ဖြစ်သောကြောင့် အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် လူငယ်အား စူးရဲစွာ ကြည့်ကာ အော်ပြောလိုက်သည်။

“နင် သူ့ကို ထွက်မသွားခိုင်းနဲ့ဦး။ ကျင်းမန်ကျွန်းမှာ ငါ့အဖေကလွဲပြီး ငါ့ကို ဘယ်သူမှ မရိုက်ရဲဘူး”

ထိုခဏတွင် အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် လူငယ်သည် အိုးရန်လူလူ၏ ရုပ်သွင်အား မြင်လိုက်ရသဖြင့် သူ၏အမူအရာသည် ကြောင်ငေးသွားကာ မျက်လုံးများထဲတွင် အရောင်များ တောက်လာသည်။ ထိုကဲ့သို့ လှပသော မိန်းကလေးအား ရိုက်နှက် ကန်ကျောက်မိသဖြင့် နောင်တများပင် ရမိသည်။ သို့သော် မြားသည် ပစ်လွှတ်ပြီးပါက နောက်ပြန် မလှည့်သကဲ့သို့ သူသည်လည်း အရဲကိုးရုံသာ ရှိတော့သည်။ လှောင်ပြောင် စိတ်ကြီးဝင်သော ဟန်ပန်ဖြင့် သူ ပြောလိုက်သည်။

“အကောင်ကြီး တစ်ယောက်လို လုပ်ပြတာလား။ စွမ်းအား ကြီးတယ်ပေါ့လေ။ ကျင်းမန်ကျွန်း မပြောနဲ့ ရှန်ဟိုင်း၊ ပေကျင်းမှာတောင် ငါ့ကို ဒီလို ပြောရဲတဲ့သူ မရှိဘူးကွ”

အိုးရန်လူလူသည် ကန်ချက်များကြောင့် နာကျင်နေသော သူမ၏ကိုယ်မှ အစိတ်အပိုင်း အချို့အား ပွတ်သပ်လိုက်သည်။ သူမသည် ဒေါသကြီးစွာဖြင့် အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် လူငယ်အား ကြည့်နေလေသည်။ ဒေါသကြီးစွာ ထွက်နေသော်လည်း သူမသည် အပြုံးဖြင့် ပြောလိုက်သည်။

“ကောင်းပြီ … နင်က ငါ့ထက် မောက်မာတယ်ပေါ့ ဟုတ်လား။ နင် အစွမ်းရှိရင် ဒီမှာ စောင့်နေလိုက်။ ငါ နင့်ကို မြေပြင်ပေါ် ရိုက်မချနိုင်ရင် နင့်မျိုးရိုးနာမည်ကို ငါလိုက်ပြောင်းမယ်”

ပြောပြီးသည်နှင့် အိုးရန်လူလူသည် ချက်ချင်း သူမ၏ဖုန်းအား ဆက်ကာ ရင်းနှီးနေသော နံပါတ်တစ်ခုအား ခေါ်လိုက်သည်။ ထိုနံပါတ်သည် သူမ စုံစမ်းထားသော ထန်ရှု၏ နံပါတ်ပင် ဖြစ်တော့သည်။

“ဘယ်သူပါလဲ”တိုးကာ နက်ရှိုင်းသော အသံအား ကြားလိုက်ရသည်။ အိုးရန်လူလူသည် ကျယ်လောင်စွာ ပြောလိုက်သည်။

“ထန်ရှု ... နင် ငါ့အိမ်မှာနေတာဆိုတော့ ငါ့ကို အကြွေးမဆပ်ချင်ဘူးလား။ ငါ့မှာ ဒီည နေစရာမရှိလို့ ရီးဂျင့်ကလပ်ကို ကာရာအိုကေဆိုဖို့ လာပါတယ်။ ငါ့ကို ဒီမှာ တစ်စုံတစ်ယောက်က ရိုက်နေလို့ နင့်အကူအညီ ငါ အခု လိုနေတယ်။ လာကူညီနိုင်မလား”

“နင် အရိုက်ခံရရင် နင့်အဖေကို ရှာလိုက်ပါ” ခဏမျှ ငြိမ်သက်သွားပြီးနောက် ထန်ရှုသည် ခပ်တိုးတိုး အဖြေပေးလိုက်သည်။

“နင် ဘာပြောတာလဲ”

အိုးရန်လူလူ၏ အသံသည် ဒက်ဆီဘယ် အနည်းငယ်ခန့် မြင့်တက်သွားသည်။

ထန်ရှုသည် ကူကယ်ရာမဲ့စွာဖြင့် ထပ်ပြောလိုက်သည်။

“အိုကေ … အဲဒီမှာ စောင့်နေပါ။ ငါ အမြန်လာခဲ့မယ်။ နင် ဘေးကင်းဖို့ပဲ အာရုံစိုက်ပါ”

ဂရုစိုက်သော အသံသည် ဖုန်းမှ ပျောက်ကွယ် သွားသည်နှင့် အနည်းငယ် မျှော်လင့်နေသော အမူအရာသည် အိုးရန်လူလူ၏ မျက်နှာထက်တွင် ပေါ်လာလေသည်။ သူမသည် ထန်ရှုနှင့် ရင်းနှီးရန် နည်းလမ်းများအတွက် စိတ်မပူချေ။ ယခုပင်လျှင် အခွင့်အရေးတစ်ခုသည် သူမရှေ့တွင် ရှိနေပြီဖြစ်သည်။ ထန်ရှုသည် ကျင့်ကြံသူ တစ်ယောက် ဖြစ်သောကြောင့် သူ၏ခွန်အားသည် အလွန်သန်မာပေလိမ့်မည်။ တစ်ခဏမျှ ချီတုံချတုံဖြစ်ကာ သူမသည် လက်အောက် ငယ်သားများအား ဖုန်းထပ်မဆက်ရန် ဆုံးမဖြတ်လိုက်သည်။

“ဘယ်လိုစွမ်းရည်ပါလိမ့်။ ဒီလိုနည်းနဲ့ ထောင်ချောက်ဆင်ဖို့ အကူညီ တောင်းတယ်ပေါ့ ဟမ့်”

အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် လူငယ်သည် အိုးရန်လူလူ ဖုန်းပြောသည်အား ကြည့်ကာ လှောင်ပြောင်လိုက်သည်။

အိုးရန်လူလူသည် ဒေါသတကြီး ကြည့်လိုက်ပြီး ဟောင်ဒူဒူအား ဆွဲခေါ်ကာ သီးသန့်ခန်းထဲ ပြန်ဝင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကလပ်၏ အထွေထွေမန်နေဂျာ၏ ဖုန်းအား ဆက်ကာ အဖြစ်အပျက်အား ပြောပြာကာ ဖုန်းချလိုက်သည်။

“နင် အစွမ်းရှိရင် အထဲဝင်ပြီး စောင့်နေလိုက်”

အိုးရန်လူလူသည် သီးသန့်ခန်းထဲ ဝင်ပြီးနောက် ထိုစကားများအား ကျယ်လောင်စွာ အော်ပြောရန်လည်း မမေ့ပါချေ။

အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် လူငယ်သည် သူ၏မျက်လုံးများအား မှေးစင်းလိုက်ပြီး ဖုန်းဆက်ကာ သူ၏ အပေါင်းအသင်းများအား ခေါ်လိုက်ပြီးနောက် သူသည် အထဲသို့ လိုက်ဝင်လာသည်။ သူသည် အခန်း၏ အပြင်အဆင်အား မျက်လုံးကစားလိုက်ပြီး ဆိုဖာပေါ်တွင် ခြေချိတ် ထိုင်လိုက်သည်။ သူသည် စီးကရက် မီးခိုးငွေ့များအား မှုတ်ထုတ်ကာ ရယ်လိုက်သည်။

“ဟား ...ဟား ... ဟား ... နင်က အတော်ချမ်းသာတယ်ပေါ့။ ဒီလို အခန်းကိုတောင်မှ ငွေသုံးနိုင်တယ်ဆိုတော့။ ငါ နင့်ကို တစ်ခု ပြောလိုက်ဦးမယ်။ နင့်မိသားစုကို ကပ်ဆိုးထဲ မပါစေချင်ရင် နင် ငါ့ကို တောင်းပန်လိုက်တာ ပိုကောင်းမယ်။ ပြီးတော့ တစ်ည ပြုစုပေးပေါ့” အိုးရန်လူလူ စိတ်တိုစွာ ပြောလိုက်သည်။

“အိပ်မက် မက်နေလိုက်”

အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် လူငယ်သည် ဝင့်ကြွားစွာ ပြောလိုက်သည်။

“နင့်အမှားတွေကို ဝန်ခံဖို့အတွက် နင် ခပ်ပြင်းပြင်း ကစားနိုင်တယ်။ အားအင် ပြန်ပြည့်ဖို့လည်း စောင့်နိုင်တယ်။ ပြီးရင်တော့ နင့်ပါးစပ်လေး နူးညံ့သွားစေဖို့ ငါ လုပ်ပေးရလိမ့်မယ်။ ဟားဟားဟား”

ဟောင်ဒူဒူသည် အိုးရန်လူလူအား အသာတို့လိုက်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

“အဲဒီကောင် အရမ်းစိတ်ကြီး ဝင်လွန်းတယ်။ သူ့မှာ နောက်ခံအချို့ ရှိလိမ့်မယ်။ နင် ခေါ်ထားတဲ့ ထန်ရှုက ယုံကြည်ကိုးစားရပါ့မလား။ ငါ့အဖေကို ခေါ်လိုက်ရမလား”

အိုးရန်လူလူသည် ခဏစဉ်းစားလိုက်ပြီး ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

“ပြဿနာမရှိဘူး … ငါ့အစ်ကိုကြီးဆီ စာပို့လိုက်မယ်”

“ဟေ့ ဒီမှာ ဘာဖြစ်နေတာလဲ”

ထိုခဏတွင် ၁၀ယောက်ထက် မနည်းသော လူထွားကြီးများသည် သီးသန့်ခန်းထဲသို့  ရွှေကိုင်းမျက်မှန် တပ်ဆင်ထားသော ဝတ်စုံပြည့်နှင့် သက်လတ်ပိုင်းလူမှ ဦးဆောင်ကာ ဝင်လာသည်။ သူသည် သီးသန့်ခန်း၏အတွင်းသို့ ကြည့်လိုက်ပြီး ကျယ်လောင်စွာ မေးလိုက်သည်။ အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် လူငယ်သည် ဆဲလိုက်သည်။

“ခင်ဗျားတို့က ဘာကောင်တွေလဲ … ထွက်သွားလိုက်စမ်း”

သက်လတ်ပိုင်းလူသည် အေးစက်စွာ ကြည့်လိုက်ကာ ထိတ်လန့် ကြောက်ရွံ့ကာ စိုးရိမ်သော အမူအရာဖြင့် မေးလိုက်သည်။

“မစ္စအိုးရန် ...  အဆင်ပြေရဲ့လား။ ပြသနာတွေအတွက် တောင်းပန်ပါတယ်။ ခွင့်လွှတ်မယ်လို့လည်း  မျှော်လင့်ပါတယ်။ ငါတို့ လုံခြုံရေးက ဒါကို တာဝန်ယူလိုက်ပါမယ်။ ငါတို့ကလပ်ကို ပြသနာရှာတဲ့ မည်သူမဆို ငါတို့ ဆုံးမလိုက်မယ်”

“ဟမ့် ...  မင်းစကားတွေ အလုံးနင်မှာ မကြောက်ဘူးလား။ ကြည့်ရတာ ငါ့ကိုယ်ငါ ဒီနေ့ပြရတော့မယ်နဲ့ တူတယ်။ ဘယ်အရည်အချင်းနဲ့များ ဒီကလပ် အစုတ်အပြတ်က ငါ့အစ်ကိုတောင် ဆုံးမရဲနေတာလဲ”

သီးသန့်ခန်းအဝင်ဝတွင် စီးကရက်ခဲထားသော လူငယ်၃ယောက်သည် ရောက်ရှိလာသည်။ ထိုစကား ပြောလိုက်သော အလယ်မှ လူငယ်သည် လွန်စွာ ချောမောကာ ကြည့်ကောင်းပေသည်။

လီရွှဲ့မင် မျက်မှောင် ကြုပ်သွားသည်။ သူသည် ကလပ်၏အထွေထွေ မန်နေဂျာ ဖြစ်ကတည်းက ချမ်းသာသော မိသားစုများ လူဘော်ကြော့ သခင်လေးများစွာအား တွေ့ဆုံဖူးသော်လည်း သူ၏အရှေ့မှ လူငယ်လေးအား မမြင်ဖူးပါချေ။ ဒီနေ့အဖြစ်အပျက်သည် ပြာဿနာကြီး ဖြစ်တော့မည်ကို သူ ကောင်းစွာ သိပေသည်။ အိုးရန်လူလူသည် အိုးရန်မိသားစု၏ သခင်မလေးဖြစ်သလို ဟောင်ဒူဒူသည် ဟောင်မိသားစု၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ ထိုမင်းသမီးလေး၂ပါး၏ နောက်ခံများသည် သေချာပေါက်  ကြောက်စရာ ကောင်းကာ ကျင်းမန်ကျွန်းအား ကြီးစွာသော လွှမ်းမိုးနိုင်မှု ရှိပေသည်။

“မင်း ဘယ်သူလဲ”

လီရွှဲ့မင်သည် တုန်လှုပ်သော အသံဖြင့် မေးလိုက်သည်။

ထိုလူငယ်သည် လှောင်ပြော ပြောလိုက်သည်။

“ခင်ဗျား ဝေ့ဂေါင်ချမ်းကို ကြားဖူးလား။ အဲဒါ ငါ့အဖေပဲ။ ငါက  နိုင်ငံခြားမှာ ကျောင်းသွားတက်နေတာ နှစ်ကြာခဲ့ပြီ။ ပြန်ရောက်လို့ သူငယ်ချင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲ လုပ်ဖို့လာတာကို ခင်ဗျားက မောင်းထုတ်မယ်လို့ မထင်ထားဘူး။ ခင်ဗျားရဲ့ သူဌေးတောင်မှ လာရင် ငါ့ကို အရိုအသေပေးရတယ်။ ခင်ဗျားက ဘာကောင်မို့လဲ”

ဝေ့ဂေါင်ချမ်းလား။  တောက်ပသော ရောင်ခြည်ဂရု၏ သူဋ္ဌေးလား။

လီရွှဲ့မင်သည်  စိတ်ထဲမှ မချိပြုံး ပြုံးလိုက်သည်။ တောက်ပသော ရောင်ခြည်ဂရု၏ ခွန်အားသည် အိုးရန်မိသားစုအား မယှဉ်နိုင်သော်လည်း သူသည်လည်း ကျင်းမန်ကျွန်း၏ အာဏာကြီးသော မိသားစုဖြစ်ပြီး ဟောင်မိသားစုနှင့် တန်းတူ ဖြစ်သည်။

ယနေ့ အဖြစ်အပျက်သည် ငြိမ်းချမ်းစွာ ပြီးဆုံးမည်မဟုတ်သည်ကို သူ သိသည်။ သူ၏ရှေ့မှ ပြဿနာအား ရှောင်လွှဲ မရသောကြောင့် ကောင်းကျိုးနှင့် ဆိုးကျိုးအား ချိန်ဆကာ အိုးရန်လူလူဘက်မှ ရပ်တည်ရန် ဆုံးဖြတ်လိုက်ပြီး ပြောလိုက်သည်။

“ဝေ့ဂေါင်ချမ်းက လေးစားထိုက်သူပါ။ ဒါပေမဲ့ သူ့သားက စုတ်ပြတ်နေတဲ့ အိတ်တစ်လုံးလိုပဲ။ ဒီ၄ယောက်ကို ဖမ်းလိုက်”

၁၀ယောက်ထက် မနည်းသော လုံခြုံရေးများသည် လူ၄ယောက်ထံသို့ ဝံပုလွေများနှင့် ကျားများသဖွယ် အားနှင့် ပြေးဝင်လာကြသည်။

“ခင်ဗျား လုပ်ရဲတယ်”

ဝေ့ချောင်သည် သူ၏ဖခင်နာမည်ကို သုံးသော်လည်း ကလပ်မန်နေဂျာသည် သူ့အား ဆန့်ကျင်မည်ဟု မထင်ထားချေ။ ဒီနေ့ သူသည် သူငယ်ချင်းများအား ဖိတ်ခဲ့သည်။ တစ်ယောက်စီ၏ နောက်ခံသည် သူတို့မိသားစုထက် မဆိုးချေ။ ရှက်သည်။ ထိုခဏတွင် သူ၏မျက်နှာအား ရေနှင့်ပက်သကဲ့သို့ ခံစားလိုက်ရသည်။

အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် လူငယ်၏ မျက်လုံးများသည် အေးစက်သွားပြီးနောက် လျင်မြန်စွာပင် လုံခြုံရေးများအား သူ၏ပြင်းထန်သော လက်သီးစာများအား ပစ်ကြွေးလိုက်သည်။ သူ၏အရှိန်သည် အလွန်မြန်သည်။ ထက်ရှသည်။ သူ့အား ဖမ်းလာသော လုံခြုံရေး၏ လက်အား အလွယ်တကူ ရှောင်လိုက်ကာ နဖူးအား ထိုးလိုက်သည်။

အခြား၂ယောက်သည်လည်း ငြိမ်မနေပါချေ။ သူတို့၏ဟန်ပန်သည် သာမန်ကဲ့သို့ ဖြစ်သော်လည်း သူတို့၏ သိုင်းပညာ စွမ်းအားသည် အလွန် အံ့သြစရာကောင်းသည်။ မြန်ဆန်ရုံသာမက ရက်စက်သည်။ ပြင်းထန်သည်။

“ဘန်း ... ဘန်း ... ဘန်း”

၁၀ယောက်ထက် မနည်းသော လုံခြုံရေးများသည် ထို၃ယောက် လက်ချက်ဖြင့် မိနစ်ဝက်အတွင်း မှောက်ကုန်သည်။

အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် လူငယ်သည် လုံခြုံရေး တစ်ယောက်၏ ခေါင်းအား နင်းထားကာ လီရွှဲ့မင်အား ကြည့်လိုက်ပြီး အေးစက်စက် နှာမှုတ်လိုက်သည်။

“လူအနည်းငယ်လောက်ကပဲ ကလေးဘဝကနေ ခုချိန်ထိ ဒီအဖေကို ရိုက်ရဲတာကွ။ ခင်ဗျားက  ရဲရင့်တယ်။ ကလပ်ကလည်း ကောင်းတယ်။ ဒါပေမဲ့ ငါ အာမခံရဲတယ်။ ဒီနေ့အဖြစ်က ခင်ဗျား ကျွန်တော့်ရှေ့မှာ ဒူးထောက် တောင်းပန်မှ ခင်ဗျား ခြေထောက်တွေကို ရိုက်ချိုးမှ ခင်ဗျားပါးစပ်ကို ချုပ်မှ ပြီးဆုံးလိမ့်မယ်”

အိုးရန်လူလူနှင့် ဟောင်ဒူဒူသည် သူတို့ရှေ့မှ မြင်ကွင်းအား မကြောက်ရွံ့ပါချေ။ ထို၃ယောက်၏ တိုက်ခိုက်ရေး စွမ်းရည်အား အံ့သြသော်လည်း ခွန်အားကြီးသော မိသားစုများမှ လာသောသူများပီပီ ထိုကဲ့သို့ မြင်ကွင်းမျိုးသည် သူမတို့အတွက် ရိုးနေပြီ ဖြစ်သည်။

“နင်က တကယ်ကို စိတ်ကြီးဝင်နိုင်တဲ့ စွမ်းအား ရှိပါပေတယ်။ ဒါပေမဲ့ နင် ၁၀ယောက်ကို ရိုက်နိုင်ပေမဲ့ အယောက်၁၀၀ ထက်ပိုရင်ရော၊ အယောက်၁၀၀၀ရော။ ငါ နင့်ရဲ့ ပြသမဲ့ စွမ်းရည်တွေ အမှန်ကို ကြည့်ချင်နေပါပြီ”

အိုးရန်လူလူသည် လက်ခုပ်တီးကာ လှောင်ရိပ်သန်းနေသော အကြည့်တို့ဖြင့် ပြောလိုက်သည်။ အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် လူငယ်သည် ခပ်ကြမ်းကြမ်း ရယ်လိုက်သည်။

“နင်က အတော်ဟော့တဲ့ ကောင်မလေးလား ဟ။ နင့်မှာ အယောက် ၁၀၀၊ အယောက် ၁၀၀၀ကို ခေါ်နိုင်တဲ့ အစွမ်းရှိရင် ခေါ်လိုက်လေ။ ဒီဖေဖေကြီးက သူတို့ကို ဆော်ပြလိုက်မယ်။ နင့်စိတ်ထဲ မှတ်ထားဖို့က ငါက ရှီးပေက ဝမ်ဟူ။ နင် ဒီဖေဖေကြီးရဲ့ နာမည်ကို မှတ်မိဖို့ တစ်ညလောက် ငါနဲ့ ခံနိုင်ဖို့ အချိန်စောင့်စရာ သိပ်မလိုတော့ပါဘူး”

အိုးရန်လူလူသည် တစ်ခဏမျှ ငြိမ်သက်သွားကာ သူမ၏ ဖုန်းအား ဝမ်ဟူ၏ရှေ့တွင် ထုတ်ကာ နံပါတ်တစ်ခု နှိပ်လိုက်ပြီး မေးလိုက်သည်။

“သူငယ်ချင်းလေး ...  နင် ရှီးပေက ဝမ်ဟူကို ကြားဖူးလား”

“အင်း ... ကြားဖူးတယ်။ နည်းနည်းပါးပါး ပါ”

ချူယီ၏ အိပ်ချင်နေသော အသံသည် ဖုန်းထဲမှ ထွက်လာသည်။

အိုးရန်လူလူ ပြောလိုက်သည်။

“အိုကေ .. ငါ သိပြီ”

***

All Chapters