← Chapters

တွီနာနှိပ်နယ်မှုဖြင့် နှိပ်ပေးခြင်း

Vol. 03 Ch. 114

တွီနာနှိပ်နယ်မှုဖြင့် နှိပ်ပေးခြင်း

Vol. 03 Ch. 114

အိုးရန်လဲ့၏မျက်နှာပေါ်မှ ဒေါသရိပ်များ ပျောက်ကွယ်သွားပြီး ကြီးစွာသော အံ့အားသင့်မှုသည် အစားထိုး နေရာယူလာခဲ့သည်။ သူသည် ညီမဖြစ်သူ၏ ဆုံးဖြတ်သုံးသပ်နိုင်စွမ်းအား နားလည်သည့်အလျောက် သူမ၏ စံနှုန်းသည် သူမတူအောင် မြင့်မားသည်ကို ကောင်းစွာသိသည်။ ထူးချွန်ထက်မြက်သော လူငယ်လေးများအား မကြိုက်မနှစ်သက်ဘဲ သူမ ငြင်းဆိုနေခဲ့သည်မှာ မည်မျှပင် များနေခဲ့ပါပြီနည်း။ သို့သော် ထန်ရှုဟု အမည်ရသော သည်လူငယ်လေးသည် အဆိုပါ လူငယ်လေးများထက်ပင် ပိုမို ထူးချွန်ထက်မြက်နိုင်သည်လား။

ထို့နောက် သူ၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာပြီး ထန်ရှုဆီသို့ လျှောက်သွားကာ ဂရုတစိုက်ကြည့်လျက် ပြုံးရင်းပြောလိုက်သည်။

“မင်းက ထန်ရှုနော်။ မင်းနဲ့ညီမလေးက သာမန်ထက်ပိုရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတော့ ကျေးဇူးတင်စကား အထူး မပြောတော့ဘူး။ ငါက လူလူရဲ့အစ်ကိုကြီး အိုးရန်လဲ့ပါ။ ငါတို့ညီအစ်ကိုတွေက ရှေ့လျှောက် ပိုပြီး ရင်းနှီးလာကြမှာဆိုတော့ ငါတို့မိသားစုထဲက ပြဿနာတွေကို ကူညီဖို့ နောက်ဆို အကူအညီတောင်းရတော့မှာပဲ”

သူတို့မိသားစုကို ကူညီရမယ်ဟုတ်လား။

ထန်ရှုသည် အဖြေရှာဟန်ဖြင့် အိုးရန်လဲ့အား ကြည့်လိုက်သည်။ သည်စကားများသည် သူ မမှန်းဆနိုင်လောက်အောင် အဓိပ္ပာယ်လေးနက်လှပေသည်။ နောက်ဆုံးတွင် သူသည် ခေါင်းကို တိတ်တဆိတ် ယမ်းလိုက်ကာ အိုးရန်လဲ့အား ကြည့်လျက် ပြောလိုက်သည်။

“ကျွန်တော် တအားပင်ပန်းပြီး အိပ်ချင်နေပြီ။ ဒီဟာတွေကို ခင်ဗျားဖြေရှင်းဖို့ ထားခဲ့လိုက်တော့မယ်”

စကားဆုံးသည်နှင့် သူသည် အိုးရန်လဲ့အား အမြန်ဖြတ်ကျော်သွားကာ သီးသန့်ခန်းအပြင်သို့ ထွက်သွားလေတော့သည်။

တစ်စက္ကန့်မျှ အိုးရန်လဲ့သည် နားမလည်နိုင်စွာ စိုက်ကြည့်နေမိသည်။ သူသည် ထွက်ခွာသွားသော ထန်ရှု၏နောက်ကျောအား ကြည့်နေမိပြီး သူ၏ညီမလေးသည် နောက်တော်ပါးမှ အစေခံမလေးသဖွယ် လိုက်ပါသွားသည်ကို မြင်ရသောအခါ အစ်ကိုဖြစ်သူသည် ပြောစရာစကားပင် ပျောက်ဆုံးခဲ့ရသည်။

ဒီဟာ ညီမလေးရဲ့ယောက်ျား.. ငါ့ရဲ့ယောက်ဖလား။

သူက အရမ်းကို သူများနဲ့မတူ တစ်မူထူးလွန်းနေတာလား။

ဟောင်ဒူဒူ၏အမူအရာသည် ပြိုတော့မည့်မိုးကဲ့သို့ မှုန်မှိုင်းနေသည်။ အိုးရန်လူလူမှ သူမနှင့် ထန်ရှု အတူနေကြသည်ဟူသောစကားအား ကြားလိုက်ရစဉ်က သူမ၏ရင်ထဲတွင် တစ်စုံတစ်ခု ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ အိုးရန်လူလူသည် ထန်ရှုနှင့် ဟိုကဲ့သို့ အတူနေသည်မဟုတ်မှန်း သူမ သိနေသော်လည်း ထိုအကြောင်းအား စဉ်းစားနေကြောင်း အိုးရန်လူလူ၏အမူအရာအား ကြည့်ပြီး သူမ ပြောနိုင်ပေသည်။

ငါ မြင်မြင်ချင်း ချစ်မိသွားတာလား။

ဟောင်ဒူဒူသည် ခြေစုံရပ်လျက် အိုးရန်လဲ့အား ခေါင်းလှည့်ကြည့်လိုက်သည်။

အမည်ဖော်ရခက်သောအပြုံးအား အားယူပြုံးထားသော အိုးရန်လဲ့သည် ဟောင်ဒူဒူ၏အမူအရာအား သိရှိနားလည်သောကြောင့် ခေါင်းကိုယမ်းလိုက်သည်။ သူသည် ချက်ချင်း ပြုံးလိုက်ကာ ပြောလိုက်သည်။

“ငါ တစ်ယောက်ယောက်ကို နင့်ကို လိုက်ပို့ခိုင်းလိုက်မယ်။ ငါကတော့ ဒီမှာ နေခဲ့ပြီး ပြဿနာလေးတွေ ရှင်းပေးလိုက်ဦးမယ်။ အာ..ဟုတ်ပြီ။ နင် အလျင်မလိုဘူးဆိုရင် ဘာတွေ ဖြစ်ခဲ့လဲဆိုတော့ အသေးစိတ် ပြောပြပေးလို့ ရမလား”

ဟောင်ဒူဒူသည် စိတ်ဓာတ်ကျနေသောကြောင့် မည်သည့်စကားမျှ ထပ်ပြီး မပြောချင်တော့ပေ။ ထို့ကြောင့် သူမအား အိမ်ကိုသာ တန်းပို့ပေးရန်အတွက် အိုးရန်လဲ့အား တောင်းဆိုလိုက်တော့သည်။

သီးသန့်ခန်းအတွင်းတွင်…

လီရွှဲ့မင်နှင့် အိုးရန်လဲ့တို့ ထိုင်စကားပြောနေကြပြီး လီရွှဲ့မင်မှ သူသိသမျှအား အိုးရန်လဲ့အား ပြောပြခဲ့သည်။ မည်မျှထိ ဖြစ်ပျက်ခဲ့သည်ကို သူ မသိဘဲ သူသည် အိုးရန်လူလူ၏ဖုန်းအား လက်ခံရရှိသောကြောင့် သူ၏လူများအား ဦးဆောင်ကာ အပြေးအလွှား လာခဲ့ခြင်းဖြစ်သည်။

“ခင်ဗျား ဘာပြောလိုက်တယ်။ လူ၁၀ယောက်ထက်မနည်း လုံခြုံရေးတွေကို ခေါ်လာခဲ့ပေမယ့် အကုန်လှဲသိပ်ခံလိုက်ရတယ်။ ပြီးတော့ ထန်ရှုက အဲဒီလှဲသိပ်လိုက်တဲ့၃ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့တယ် ဟုတ်လား။ ခင်ဗျား ကျွန်တော့်ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်”

အိုးရန်လဲ့သည် လီရွှဲ့မင်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ကာ အော်ပြောလိုက်သည်။

လီရွှဲ့မင်သည် အားယူပြုံးထားရသောအပြုံးဖြင့် ပြောလိုက်သည်။

“မစ္စတာအိုးရန်… ကျွန်တော် စနောက်နေတယ်လို့ ခင်ဗျားထင်လား။ ဒီနေရာမှာ လူတွေအများကြီးပဲ။

မစ္စတာထန်က တကယ်ကို အစွမ်းရှိတယ်။ သူ့လို ကျွမ်းကျင်သူတစ်ယောက်ကို ငါ တစ်ခါမှ မမြင်ဖူးသေးဘူး”

အိုးရန်လဲ့သည် တံတွေးအား ဂလုကနဲနေအောင် မျိုချလိုက်မိသည်။ သူ၏အနာဂတ် ယောက်ဖလောင်းလေးအကြောင်းအား ပိုမိုသိချင်လာမိပြီဖြစ်သည်။ သူ ခေါ်ဆောင်လာခဲ့သော လူထွားကြီး၄ယောက်အား တိတ်တဆိတ် အကဲခတ်လေ့လာလိုက်သည်။ တစ်ယောက်စီတိုင်းသည် အလွန်တော်သော ဆရာများဖြစ်သည်။ သူတို့သည် စစ်တပ်မှ အထူးအဖွဲ့ဝင်များဖြစ်ပြီး အလွန်အစွမ်းရှိကြသည်။ သူတို့၄ယောက်ပင်လျှင် ထိုလူငယ်၄ယောက်အား ယခုကဲ့သို့ လုပ်ဆောင်နိုင်မည်မဟုတ်ချေ။

“လူအိုကြီးပြောင်… ကျွမ်းကျင်သူတွေကြား ကိစ္စဆိုတော့ ခင်ဗျားကတော့ ရှင်းရှင်းလင်းလင်း ပြောနိုင်မှာပေါ့။ ထန်ရှုကို ဘယ်လိုထင်လဲ”

အိုးရန်လဲ့သည် ဘေးဘီဝဲယာလှည့်လိုက်ရင်း လေးနက်သောအသံဖြင့် ဆိုလိုက်သည်။

“ငါ သူ့ကို နက်နက်ရှိုင်းရှိုင်း မမြင်နိုင်ဘူး” လူထွားကြီးသည် ခေါင်းကိုယမ်းကာ ပြောလိုက်သည်။

အိုးရန်လဲ့၏မျက်လုံးအစုံတို့ ကျဉ်းမြောင်းသွားရသည်။ သူသည် ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုအား ခေါ်ဆိုလိုက်သည်။ ဖုန်းကိုင်လိုက်သည်နှင့် သူသည် လေးနက်စွာ ပြောလိုက်သည်။

“ငါ့အတွက် တစ်ယောက် စုံစမ်းပေးစမ်းပါ။ ထန်ရှုလို့ခေါ်တယ်။ အသက်က ၂၀၀န်းကျင်လောက် ရှိဦးမယ်….”

မိနစ်၂၀ကြာသော်…

ထန်ရှုနှင့် အိုးရန်လူလူတို့သည် အိမ်သို့ ပြန်ရောက်လာကြသည်။ အိုးရန်လူလူ၏သဘောထားသည် ထန်ရှုအပေါ်တွင် ပြောင်းလဲနေပြီဖြစ်ပြီး သူမ၏လေသံသည် သိသာစွာပင် ဖော်ရွေလာလေသည်။ လူတိုင်းသည် မကောင်းသောအပြုအမူဖြင့် ဆက်ဆံသည်ကို မနှစ်သက်ကြသောကြောင့် ထန်ရှုသည် ထိုကဲ့သို့ ပြောင်းလဲလာမှုကို အတော် လက်ခံလေသည်။

အစေခံများအားလုံးသည် အိမ်သို့ ပြန်လွှတ်ထားခြင်းခံရပြီး မူချင်းဖျင်နှင့် သူမ၏သမီးဖြစ်သူလည်း အိပ်မောကျနေပြီဖြစ်သောကြောင့် တစ်အိမ်လုံးသည် တိတ်ဆိတ်ငြိမ်သက်နေပေသည်။ သူ အပြင်ထွက်လိုက်သည်နှင့် သူ၏အဝတ်အစားများသည် သွေးများနှင့် ညစ်ပတ်လာပြီး ဘီယာနံ့များပင် စွဲကပ်လာသောကြောင့် ထန်ရှုသည် ရေချိုးခန်းနေရာအား မေးလိုက်ကာ ရေသွားချိုးတော့သည်။

“အာ.. ငါ လဲဖို့ အဝတ်အစားတွေ သယ်မလာမိဘူးပဲ”

ရေချိုးပြီးသွားတော့မှ ထန်ရှုသည် လဲရန် အဝတ်အစားများ တစ်ခါတည်း ယူမလာမိသည်ကို သတိရသွားသည်။

မိနစ်ဝက်မျှ အချိန်ကြာသွားပြီးနောက် အိုးရန်လူလူသည် အပေါ်ထပ် တက်သွားကာ နားနေလောက်ပြီဟု သူ တွေးလိုက်သည်။ ထို့နောက် သူသည် အတွင်းခံဘောင်းဘီကိုသာ ဝတ်ဆင်ပြီး ညစ်ပတ်နေသော အဝတ်အစားများကိုင်ကာ ရေချိုးခန်းမှ ထွက်လာခဲ့လိုက်သည်။

“နင် ရေချိုးပြီးပြီလား”

အိုးရန်လူလူသည် လက်ပိုက်ကာ ကော်ရစ်ဒါထောင့်တွင် မတ်တတ်ရပ်နေသည်။ ထန်ရှုထွက်လာသည်ကို မြင်သောအခါ သူမ၏လှပသောမျက်နှာလေးထက်တွင် အပြုံးဖျော့ဖျော့ ထင်ဟပ်လာလေသည်။

“အာ”

ထန်ရှုသည် မူးမေ့သတိလစ်သွားမတတ်ပင် ဖြစ်သွားရသည်။ သူသည် အတွင်းခံဘောင်းဘီလေးသာ ဝတ်ဆင်ထားသောကြောင့် ကိုယ်တုံးလုံးဖြစ်လုနီးပါး ရှိနေပြီး အိုးရန်လူလူသည် သူ့အား ထပ်ကာ ထပ်ကာ ကြည့်ရှုစစ်ဆေးနေလေသည်။ မသိလိုက်မသိဘာသာဖြင့် သူ၏အောက်ပိုင်းအား လက်ထဲမှ ညစ်ပတ်နေသော အဝတ်အစားဖြင့် ကာထားလိုက်မိသည်။

“ပြဿနာ ရှိလို့လား”

ရှက်ကိုးရှက်ကန်းနှင့် ကသိကအောက် ဖြစ်နေသော ထန်ရှုအား ကြည့်ပြီး ရုတ်တရက် စိတ်ဝင်စားစရာ မြင်ကွင်းကြီးတစ်ခု ရိုက်ခတ်သွားပြီးနောက် တွေးဆသောအသံဖြင့် ပြောလိုက်သည်။

“ဒါ ဘာမှမဟုတ်တဲ့အရာပါ။ ငါ နင့်ကို ဘယ်လိုပဲ ကြည့်ကြည့် နင်က အရမ်းပိန်တယ်။ ထင်တောင် ထင်မထားမိဘူး။ ဒါပေမဲ့ နင့်ရဲ့ချောမွေ့ပြီး ကျစ်လျစ်နေတဲ့ ကြွက်သားတွေကတော့ တကယ်ကို ဆွဲဆောင်မှု ရှိတယ်။ တိုက်ခိုက်ရေးကောင်းတဲ့ ဟို၃ကောင်ကို နင် ပြင်းပြင်းထန်ထန် ရိုက်နှက်နိုင်တာ အံ့သြစရာမရှိပေဘူးပဲ”

ထန်ရှုသည် မည်းမှောင်နေသော မျက်နှာဖြင့် ပြန်ပြောလိုက်သည်။

“မင်းဟာလေ သင့်လျော်တဲ့အဝတ်အစား မဝတ်ထားတဲ့ ယောက်ျားတစ်ယောက်ကို ကြည့်ပြီး နည်းနည်းလေးတောင်မှ အရှက်ကိုမရှိဘူး။ ယောက်ျားလေးနဲ့ မိန်းကလေးမှာ စည်းအချို့ရှိတာ မင်းမသိဘူးလား။ အကြောင်းကိစ္စ ကြီးကြီးမားမား မရှိရင် ငါ့ကို မနှောင့်ယှက်ဘဲ သွားနားချေပါတော့”

အိုးရန်လူလူက ပြောလိုက်သည်။  “ငါ နာတာ ကြောက်နေတယ်”

ထန်ရှုသည် ဇဝေဇဝါဖြစ်ဟန်ဖြင့် မေးလိုက်သည်။

“သွားပြီး အိပ်ရုံပဲမဟုတ်လား။ နာတာနဲ့ နင် ကြောက်တာရဲ့ကြားမှာ ဘာဆက်စပ်မှု ရှိလို့လဲ”

အိုးရန်လူလူက ပြောသည်။

“ဟိုကောင်စုတ်က ငါ့ကို မတအားကန်ထားတော့ သူကန်ထားတဲ့နေရာက တအားနာနေတယ်။ ငါ့မိသားစုမှာ ရှိတဲ့ဆေးတွေ သုံးပေမယ့် မထိရောက်ဘူးလို့ ခံစားနေရတယ်။ နင်က ကျွမ်းကျင်တဲ့  ပြိုင်ဖက်ကင်းသမားတော်ဆိုတော့ ငါ့ကို နာကျင်တာ သက်သာအောင် ကူညီပေးနိုင်မလားလို့”

ပြောပြရင်းဖြင့် သူမသည် သူမခါးနှင့် နောက်ကျောအား သနားစဖွယ် ညွန်ပြနေလေသည်။

သူမ တကယ် ဒုက္ခ ဖြစ်နေတာပဲ။

ထန်ရှုသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ရင်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ကောင်းပြီ။ မင်း ဒီည ထွက်ပေးသွားတာကို ထောက်ဆပြီး ငါ တွီနာ နှိပ်နယ်မှု လုပ်ပေးမယ်။ မင်း အခန်းထဲ သွားရအောင်”

တွီနာ နှိပ်နယ်မှု လုပ်ပေးမယ်။ အဲဒါကို ငါ့အခန်းထဲမှာလား။

လွပ်လပ်သော ယောက်ျားလေးနှင့် မိန်းကလေးနှစ်ယောက်တည်း တစ်ခန်းတွင် အတူရှိပြီး ဖြစ်ပျက်လာမည့်အကြောင်းအား တစ်ဆုံးတွေးမိပြီးနောက် အိုးရန်လူလူ၏လှပသောမျက်နှာလေးမှသည် နားရွက်ထိတိုင် နီရဲသွားလေတော့သည်။

“အိုက်ယား… ငါ့ရဲ့နှစ်၂၀ကျော် ထိန်းသိမ်းလာတဲ့ အပျိုစင်ဘဝလေးကို ဒီနေ့မှာ ပေးလိုက်ရတော့မှာလား”

ထိုအတွေး တစက္ကန့်မျှ ဖြစ်ပေါ်ပြီးနောက် သူမသည် ချက်ချင်း ပယ်ချလိုက်သည်။ ထန်ရှုသည် သူမအား အတော်ဆွဲဆောင်နိုင်သည်ကို သူမ ဝန်ခံသော်လည်း သူမတို့နှစ်ယောက်၏အခြေအနေသည် သေဆုံးသည့်တိုင်အောင် သစ္စာရှိမည့်အခြေအနေထိသို့ မရောက်ရှိသေးပေ။ သူမ၏သန့်ရှင်းဖြူစင်သော ခန္ဓာကိုယ်အား အနာဂတ်မှ သူမ၏အချစ်ဆုံးယောက်ျားကိုသာ ပေးနိုင်မည်ဖြစ်ပြီး လွယ်လွယ်ကူကူ အပျက်စီး မခံနိုင်ပေ။

သူမသည် ထိုအချက်အား တွေးမိသည်နှင့် သူမ၏ ပြောင်းလဲနေသော နှလုံးသားအား ချိုးနှိမ်ထားကာ ပြောလိုက်သည်။

“နင်က ဒီလိုမျိုး ငါ့အခန်းထဲ သွားချင်တာလား”

ထန်ရှုသည် တစ်ခဏမျှ နားမလည်နိုင်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်မိပြီး ရှက်ကိုးရှက်ကန်းနှင့် ကသိကအောက် ဖြစ်နေမှုသည် ချက်ချင်းပြန်ပေါ်လာကာ သူ၏အခန်းဘက်သို့ လျှောက်သွားပြီးလျှင် သန့်ရှင်းသော အဝတ်အစားတစ်စုံအား လဲလိုက်ပြီးနောက် တိတ်တဆိတ် စိတ်သက်သာရာ ရသွားသည်။

အိုးရန်လူလူသည အလှလေးတစ်ယောက် ဖြစ်သည်ဆိုသည်မှာ ငြင်းမရသော အမှန်တရားဖြစ်သည်။ သူရဲကောင်းများသည် လှပသောအမျိုးသမီးများ၏ချစ်စရာကောင်းခြင်းအရှေ့တွင် အားနည်းချက်တစ်ခုတော့ ရှိကြပေသည်။

သူ့တွင် အလှအပများကို မြတ်နိုးသောအကျင့်ရှိပြီး လှပထူးချွန်သော အလှလေးတစ်ယောက်ကသာ  သွေးဆောင်ပါလျှင် ဘယ်တော့မှ ငြင်းလိမ့်မည် မဟုတ်ပါချေ။ သို့သော် သူသည် ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် သဘာဝအတိုင်းသာ ဖြစ်ပေါ်မှုကို ခွင့်ပြုရန် နှစ်သက်ပြီး သူ၏အတွင်းစိတ် ခံစားမှု သို့မဟုတ် တဏှာမှ ထိန်းချုပ်မည်ကိုတော့ သူမလိုချင်ပါပေ။

အမျိုးသမီးတစ်ယောက်၏ အခန်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်သောနေရာဖြစ်သော်လည်း မရေမတွက်နိုင်သော ယောက်ျားများအတွက်မူ အတောင့်တဆုံးနေရာဟုလည်း ဆိုနိုင်ပေသည်။

ထန်ရှုတွင် မိတ်ဖက်တစ်ယောက် ရှိခဲ့ဖူးသော်လည်း ငယ်ရွယ်သော မိန်းမပျိုတစ်ယောက်တွင် ရှိသင့်သည်များ နည်းပါးသောကြောင့် သူမသည် ခပ်ရိုးရိုးကြီးဖြစ်သောကြောင့် သူမ၏အခန်းသည်လည်း အလွန်ရိုးရှင်းလှပေသည်။ အတိုချုပ်ဆိုရပါလျှင် မှန်ကန်သောစိတ်အာရုံဖြင့် မိန်းမငယ်လေးတစ်ယောက်၏အခန်းထဲသို့ ဝင်ရောက်ခြင်းသည် သူ၏ ပထမဆုံးအကြိမ် ဖြစ်ခဲ့ပေသည်။

“ဒါ မင်းရဲ့အခန်းလား”

အိုးရန်လူလူ၏နောက်မှ လိုက်ကာ သူမ၏အခန်းထဲသို့ ဝင်လိုက်သည်နှင့် ထန်ရှုသည် မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်မိသည်။

အိုးရန်လူလူသည် အပြုံးဖျော့ဖျော့ဖြင့် တုံ့ပြန်လိုက်သည်။

“ဘာလို့လဲ။ ပြဿနာ ရှိလို့လား”

ထန်ရှုသည် နားလည်ရခက်သောအပြုံး ပြုံးလိုက်ပြီး ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

“မဟုတ်ပါဘူး။ ဒါက.. ငါက မိန်းကလေးတစ်ယောက်ရဲ့အခန်းကို ဒီလိုပုံစံမျိုး ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိလို့ပါ”

အိပ်ခန်းအတွင်းတွင်…

ကြီးမားသော အိပ်ရာမှတစ်ပါး စာအုပ်အမျိုးအစားစုံလင်စွာ တင်ထားသော စာအုပ်စင်များသည် အခန်းတစ်ခုလုံး အပြည့်ဖြစ်သည်။ အကြည့်တစ်ချက်ဖြင့်ပင် အိပ်ခန်းအတွင်းမှ စာအုပ်များသည် အနည်းဆုံး အုပ်ရေ ၂သောင်းနီးပါး ရှိမည်ဟု ထန်ရှု ပြောနိုင်သည်။

အိုးရန်လူလူသည် ထန်ရှုအား မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်လိုက်သည်။ သူမသည် သူမ၏ကုတ်အကျီၤအဖြူအား ချွတ်နေရင်း ပြောလိုက်သည်။

“ငါက စာဖတ်ရတာကို ချစ်မြတ်နိုးတယ်။ ငါ့စီးပွားရေးကို စီမံခန့်ခွဲတဲ့အချိန်နဲ့ မိန်းကလေးသူငယ်ချင်းတွေနဲ့ လျှောက်လည်တဲ့အချိန်ကလွဲပြီး ငါ့ရဲ့အချိန်အများစုကို စာဖတ်ရင်းနဲ့ပဲ ကုန်ဆုံးစေခဲ့တာ။ ငါ့ရဲ့အိမ်တိုင်းက ဒီလိုတူညီတဲ့ အပြင်အဆင်မျိုးပဲ ရှိတယ်။ ဒီမှာ ထားတဲ့စာအုပ်တွေက ငါဖတ်ထားတဲ့စုဆောင်းမှုတွေထဲက တစိတ်တစ်ပိုင်းပဲ ရှိသေးတာလေ”

ထန်ရှုသည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။  “မင်း ဒီစာအုပ်တွေအကုန် ဖတ်ပြီးပြီလား”

အိုးရန်လူလူ ပြောလိုက်သည်။ “ဒါပေါ့။ အဲ့လိုမှ မဟုတ်ရင် ဘာကြောင့် စာအုပ်အများကြီး ဒီမှာထားမလဲ။

ပြီးတော့ ငါ့မှာ အိပ်ခန်းထဲမှာ ဖတ်ပြီးသား စာအုပ်ထားတဲ့ အကျင့်တစ်ခုရှိတယ်။ အဲဒါကြောင့် ငါ ပျင်းလာတဲ့ အချိန်တိုင်း တခြားစာအုပ် ရှာစရာမလိုဘဲ ငါ လိုချင်တဲ့စာအုပ်ကို ပြန်ဖတ်လိုက်တာ”

ထန်ရှုသည် ပြောစရာစကား မဲ့သွားခဲ့ရသည်။ သူများနှင့်မတူ တမူထူးခြားသောသူများနှင့် လူထူးလူဆန်းများအား အများအပြား သူ မြင်ဖူးသော်လည်း သူမကဲ့သို့ ထူးထူးခြားခြား စာဖတ်ခြင်းအား သူ တစ်ခါမျှ မမြင်ဖူးပါချေ။

“နင် ငါ့ကို တကယ် တွီနာ နှိပ်နယ်မှု လုပ်ပေးမှာလား”

အိုးရန်လူလူ ထပ်ပြီး မေးလိုက်သည်။ ထန်ရှုသည် သူမအား ဥပဒေနှင့်ဆန့်ကျင်ပြီး တစ်စုံတစ်ခုလုပ်မည်ကို သူမ ကြောက်ရွံ့နေမိသည်။

ထန်ရှု ပြောလိုက်သည်။

“စိတ်အေးအေးထားပါ။ ငါ့ရဲ့နှိပ်နယ်မှုက ပုံမှန် တွီနာ နှိပ်နယ်မှုထက် ပိုပြီးတော့ ကောင်းတယ်။ ငါနှိပ်တာ ခံပြီးသွားရင် မင်းကြွက်သားက အတွင်းဒဏ်ရာတွေနဲ့ အရေပြားတွေက ပြန်ကောင်းသွားပြီးတော့ ထပ်ပြီးတော့ နာကျင်တော့မှာ မဟုတ်ဘူး။ အဲ့မှာ ကြောင်ကြောင်ကြီး ရပ်မနေနဲ့။ အတွင်းခံကလွဲပြီး ကျန်တာတွေ အကုန်ချွတ်လိုက်ပါ”

“ရှင်”

အိုးရန်လူလူ၏မျက်နှာ နီရဲသွားပြီး ချီတုံချတုံ ဖြစ်နေသည်။ ထန်ရှု၏ပြောစကားအရ သူမသည် အတွင်းခံအဝတ်အစားကလွဲပြီး အဝတ်အစားအားလုံး ချွတ်ရမည့်သဘောဖြစ်နေပေသည်။ သူမသည် ကမ်းခြေတွင် ရှိနေပါလျှင် သူမသည် ဘီကီနီကိုသာ ဝတ်ပြီး ကမ်းခြေတွင် ကစားရဲပေသည်။ သို့သော် အတွင်းခံလေးသာ ဝတ်ပြီး သူမအခန်းထဲရှိ ယောက်ျားတစ်ယောက်၏အရှေ့တွင် ပြသရခြင်းသည် သူမအတွက် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်သောကြောင့် အနေရခက်လှချေသည်။

“အိပ်ရာပေါ်မှာ လှဲလိုက်ပါ” ထန်ရှုထံမှ အမိန့်သစ် ထွက်လာသည်။

အိုးရန်လူလူ၏ မျက်နှာသည် ပိုမိုနီရဲလာသော်လည်း သူမသည် နာခံစွာ အိပ်ရာထက်တွင် လှဲလိုက်သည်။

ထိုကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကောက်ကြောင်းပြည့်လှပနေသော ခန္ဓာကိုယ်အား ကြည့်ပြီး ထန်ရှုသည် စိတ်ထဲမှ ချီးကျူးလိုက်လေသည်။ သူမ၏ ခန္ဓာကိုယ်ဖြစ်စေ အသားအရေဖြစ်စေ အရာအားလုံးသည် လုံးဝပြီးပြည့်စုံနေပြီး အကောင်းမွန်တကာ အကောင်းဆုံးဟု ဆိုရလောက်ပေမည်။ သိပ်မကြာမီ သူ၏အကြည့်တို့သည် သူမ၏ခါးနှင့် နောက်ကျောဆီသို့ ရောက်သွားလေသည်။

“ဒီခွေးကောင်ကတော့ တကယ်ကို သနားကြင်နာမှုမရှိတာပဲ။ ဒါကို လုပ်နေတဲ့အချိန်မှာ နည်းနည်းလေးမှ နူးညံံ့ကြင်နာမှုကိုတောင်မှ မပြခဲ့ဘူး”

ထန်ရှုသည် တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး အိုးရန်လူလူ၏နောက်ကျောဘေးဘက်တွင် ရပ်ကာ သူ၏လက်များဖြင့် သူမ၏ကျောပြင်လေးအား ညင်သာစွာ စတင်နှိပ်နယ်ပေးလိုက်သည်။

“အူး..”

အိုးရန်လူလူ၏နှလုံးသားအတွင်းထဲတွင် တုန်ရီသွားကာ သူမသည် အော်ညည်းမိလုနီးနီး ဖြစ်သွားရသည်။ ကလေးဘဝက သူမ၏ဖခင်ဖြစ်သူမှ ထိကိုင်သည်မှလွဲပြီး မည်သည့်ယောက်ျားလေးနှင့်မျှ သူမ မထိတွေ့ဖူးပါချေ။ ထန်ရှု၏ လက်များဆီမှ နွေးထွေးမှုအား သူမ ရှင်းလင်းစွာ ခံစားနေရပြီး သိမ့်ကနဲ ဆတ်ကနဲ ခံစားမှုသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် လျှပ်စီးကြောင်းတစ်ခု စီးဆင်းနေပြီး ဓာတ်လိုက်နေသည့်နှယ်ပင်  ဖြစ်တော့သည်။

(Charm Ming Nge – Tui Na Massage တွီနာနှိပ်နယ်မှုဆိုသည်မှာ Tui (Push ဖိတွန်း) Na (Squeeze or grab ညှစ်၊ ဆုပ်ကိုင်) နှိပ်နယ်ခြင်းဖြစ်ပြီး တရုတ်ရိုးရာတိုင်းရင်းဆေးပညာအား အခြေခံကာ မရီဒျာန် (စွမ်းအင်လမ်းကြောင်းများ)တစ်လျှောက် စွမ်းအင်အမှတ်များအား နှိပ်နယ် ဆုပ်နယ်ပေးခြင်းဖြင့် ချီစွမ်းအင်လမ်းကြောင်း လည်ပတ်မှုအား  ခန္ဓာကိုယ်အတွင်း သဟဇာတဖြစ်စေခြင်းနှင့် ညီမျှစေခြင်းအတွက် ဖြစ်သည်။)

***

All Chapters