← Chapters

ကြယ်တာရာမြို့သို့ ပြန်ခြင်း

Vol. 03 Ch. 115

ကြယ်တာရာမြို့သို့ ပြန်ခြင်း

Vol. 03 Ch. 115

ထိုကဲ့သို့ အတွေးများ အိုးရန်လူလူထံတွင်သာ ဖြစ်ပေါ်နေသော်လည်း ထန်ရှုတွင် အိုးရန်လူလူအပေါ် တစိုးတစ်စိမျှ ပြစ်မှားစိတ်မရှိပါပဲ ဆရာဝန်နှင့် လူနာဆက်ဆံရေးမျိုးဖြင့်သာ ပြုမူလေသည်။ အစပိုင်းတွင် သူသည် ညင်သာစွာ နှိပ်နယ်ပေးသော်လည်း နောက်ပိုင်းတွင် ပိုမို အားထည့်လာသည်။ သူ၏နည်းလမ်းသည် သာမန်မဟုတ်ဘဲ အိုးရန်လူလူ၏ကျောနှင့် ခါးဘက်သို့ အာရုံစိုက်ကာ အဆက်မပြတ် နှိပ်နယ်ပေးတော့သည်။

အချိန်တွေ ကုန်ဆုံးလာသည်နှင့်အမျှ…

အိုးရန်လူလူ နာကျင်မှုဒဏ်မခံစားရသည့်အထိ နာကျင်မှုသည် လျော့နည်းလာခဲ့ပြီး သက်တောင့်သက်သာ ခံစားရလာသည်။ ထိုခံစားမှုအား သဘောကျလွန်းသောကြောင့် သူမသည် ထန်ရှုလက်များအား အဆက်မပြတ် ထိတွေ့ရန် ခွင့်ပြုလိုသည့်အတွေးများ ဝင်လာလေတော့သည်။

ထိုခဏ၌ သူမရင်ထဲတွင် ပြတ်တောင်းပြတ်တောင်း ဖြစ်ပေါ်ခံစားနေမှုများသည် အားလုံးချုပ်ငြိမ်းသွားကာ နက်ရှိုင်းသော ပျော်ရွှင်မှုအစားထိုးဝင်ရောက်လာပြီး သူမ၏မျက်နှာထက်တွင် ထင်ဟပ်နေတော့သည်။ တဖြည်းဖြည်း မှိတ်ကျလာသော သူမ၏မျက်ခွံများအား တိုက်ထုတ်ရင်းဖြင့်ပင် အိုးရန်လူလူသည် ထန်ရှု၏နှိပ်နယ်ပေးမှုအောက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေတော့သည်။

“ဟူး…”

အချိန်အတော်ကြာအောင် နှိပ်ပေးပြီးနောက် ထန်ရှုသည် နှိပ်ပေးနေခြင်းအား ရပ်တန့်လိုက်သည်။ သက်ပြင်းတစ်ချက်အား  ကြိတ်ကာ မှုတ်ထုတ်လိုက်ပြီးနောက် သူသည် ဘေးမှ စောင်တစ်ထည်ကို ယူကာ အိုးရန်လူလူအား ခြုံပေးလိုက်သည်။ ထို့နောက် သူသည် လှည့်ထွက်ကာ အခန်းသို့ ပြန်လာခဲ့သည်။ အချို့က ပြောကြသည်။ အမျိုးသမီးတစ်ယောက်အား အနိုင်ကျင့်သော အမျိုးသားသည် သားရဲကောင်နှင့်အတူတူပင်ဖြစ်သည်ဟုပင်။ သို့သော် အမျိုးသမီးတစ်ယောက်အား အနိုင်မကျင့်သော အမျိုးသားသည် သားရဲတစ်ကောင်ထက်ပင် ပိုဆိုးနေသည်များ ရှိသည်။ သို့သော် ထန်ရှုသည် ထိုစကားအား လက်မခံပါချေ။ သူ့အနေဖြင့် ယောက်ျားများနှင့် မိန်းမများကြားရှိ ဆက်နွယ်မှုသည် ခံစားမှုနှင့်လိုချင်မှုများနှင့် ချိတ်ဆက်နေပေသည်။ ထိုသူ၂ယောက်ကြားတွင် မည်သည့်စိတ်ခံစားချက်မှ မရှိဘဲ လိင်ဆက်ဆံမှုသာ ပြုလုပ်ပါက ထိုလူများသည် တိရစ္ဆာန်များနှင့် အတူတူပင်ဖြစ်ချေမည်။

နောက်တစ်နေ့…

မနက်၁၀နာရီတွင် ထန်ရှုနိုးလာခဲ့သည်။ ရေမိုးချိုးလိုက်ပြီးနောက် ပထမထပ်သို့ ဆင်းလာခဲ့သည်။ အထိန်းတော်ကြီးအား မီးဖိုချောင်တွင် ချက်ပြုတ်လျက် မုချင်းဖျင်သည် ဆိုဖာပေါ်တွင် ထိုင်လျက်ရှိသည်ကို တွေ့ရသောအခါ သူသည် အံ့သြသည့်အမူအရာဖြင့် မေးလိုက်သည်။

“အိုးရန်လူလူ မနိုးသေးဘူးလား”

မုချင်းဖျင် ပြုံးလျက်ပြောလိုက်သည်။

“ငါနဲ့ရင်အာ နိုးနေကတည်းက သူမကို မတွေ့မိဘူး။ မနေ့ညက သမားတော်ထန်ကြောင့်  ကားမောင်းထွက်သွားတာမဟုတ်လား။ ပြန်မလာသေးဘူးထင်တယ်”

ထန်ရှုသည် ခေါင်းကိုယမ်းကာ ပြောလိုက်သည်။

“သူမ မနေ့ညက ပြန်လာတယ်။ ထားလိုက်ပါတော့… ကျွန်တော်တို့ နေ့လည်စာ စားပြီးရင် ကြယ်တာရာကို ပြန်ကြမယ်။ အွန်လိုင်းကနေ လောယာဉ်လက်မှတ် ကြိုမှာထားလို့ရမလား”

မုချင်းဖျင် ပြောလိုက်သည်။ “အိုကေ.. ငါ ချက်ချင်းလုပ်လိုက်မယ်”

နေ့လယ်စာသည် အလွန်ကောင်းမွန်လှသည်။ အထိန်းတော်မှာ ထန်ရှုသည် လေးစားရသောဧည့်သည်တော်ဖြစ်သည်ကို နားလည်သဖြင့် သည်မနက်တွင် စံအိမ်သို့ ပြန်လာကာ အရသာရှိလှသော စားကောင်းသောက်ဖွယ်ရာများ ချက်ပြုတ်ကာ  ပြင်ဆင်ကျွေးမွေးလေသည်။

“သွားကြစို့”

စားသောက်ပြီးစီးသွားသော်လည်း ထန်ရှုသည် မနက်ကတည်းက အိုးရန်လူလူအား သူထကတည်းက မမြင်ရသေးသောကြောင့် သူမအား ကျေးဇူးတင်စကာမပြောကြားရသေးပေ။ သူ၏ခရီးဆောင်အိတ်အား သယ်ဆောင်လျက် ဂူရင်၏လက်အား ဆွဲကာ ထွက်လာခဲ့ကြသည်။ သူ ဝယ်ယူထားသောဆေးပင်များသည် မနေ့က သည်အိမ်တွင် ရှိစဉ်ကတည်းက ကြယ်တာရာမြိူ့သို့ ပို့ဆောင်ပြီးဖြစ်သည်။

သည် ၅-၆ရက်အတွင်းတွင် သူသည် များစွာ ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ ကြယ်တာရာမြေသို့ ပြန်ရောက်လာသည့်အခါ ထန်ရှုသည် သက်ပြင်းအား တိတ်တဆိတ် ချလိုက်မိသည်။ သည်ခရီးရှည်တွင် အကောင်းဆုံးရိတ်သိမ်းနိုင်သည့်တိုင် ထာဝရခိုင်မြဲခန်းမတည်ထောင်သူအား မသိခဲ့ရသည့်အပြင် ထိုစားသောက်ဆိုင်သည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာ သူ၏ပထမဆုံးတပည့်နှင့် ဆက်နွယ်မှု ရှိ၊ မရှိအား မသိခဲ့ရသောကြောင့် နောင်တအချို့ရမိသည်။

တောင်တံခါးမြို့…

အိမ်ကို ပြန်ရောက်သည်နှင့် ပထမဆုံး လုပ်သည့်အလုပ်မှာ သူ၏ဖုန်းအား အားသွင်းခြင်းပင်ဖြစ်သည်။ သူသည် လွန်ခဲ့သော ရက်များက အများကြီး အတွေ့အကြုံရခဲ့သည်။ သို့သော် လေယာဉ်စီးပြီးနောက် သူ့ထံသို့ ထိုရက်များတွင် ဖုန်းအဝင်များမရှိသည်ကို သတိရသွားသဖြင့် သူ၏ဖုန်းအား ကြည့်လိုက်ရာ ဘက်ထရီအားကုန်နေပြီး  အော်တိုပိတ်နေသည်ကို တွေ့လိုက်ရသည်။

ဖုန်းအား ပြန်ဖွင့်လိုက်ပြီးသော် ထန်ရှု ပထမဆုံး ဆက်သွယ်ခဲ့သူမှာ ဘန်ရှို ဖြစ်ခဲ့ပြီး ထန်ဒေါင်ဆီမှ ဝယ်ယူလာခဲ့သော သားရဲအစိတ်အပိုင်းများသည် သူတို့ငှားရမ်းထားသော  မြစ်ဟောင်းလမ်းဧရိယာရှိ အအေးခန်းနေရာသို့  ပို့လိုက်ပြီဖြစ်သည်ကို သတင်းရရှိသဖြင့် ဆက်သွယ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် သူသည် ဘန်ရှိုနှင့် ဒန်ဇီတို့အား သားရဲ၆ကောင် အစိတ်အပိုင်းများ ထိုနေရာသို့ လာပို့မည်ဖြစ်သောကြောင့် ခေတ္တစောင့်ပေးရန် ပြောလိုက်သည်။

ကုန်းတာလုံ သူ့အား အားလပ်ရက်တစ်ပတ်ရအောင် ကျောင်းမှ ရယူပေးထားသည့်အထဲမှ ရက်အနည်းငယ်ကျန်နေသေးပြီး ထန်ရှုသည် ကျောင်းသို့ စောကာ ပြန်မဝင်ချင်သေးပေ။ သူသည် ကျောင်း၏သင်ရိုးညွှန်းတမ်းအား လေ့လာပြီးစီးနေသည်မှာ ကြာပြီဖြစ်သောကြောင့် ကောလိပ်ဝင်ခွင့်အား အချိန်မရွေး ထဖြေနိုင်လေသည်။ ထို့ကြောင့် သူ့အနေဖြင့်  ကျောင်းစာသင်ခန်းထဲတွင် နေနေရခြင်းသည် အချိန်ဖြုန်းမှုတစ်ခုသာ ဖြစ်သည်ဟု ခံစားရလေသည်။

ထို့ကြောင့် ကျန်ရှိနေသေးသော အားလပ်ရက်၂ရက်အတွက် သူသည် ရွှေခေါင်းလောင်းဆေးအား ဖော်စပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ကျင့်ကြံမှုသည် စွမ်းအင်ပေါင်းစပ်ခြင်း အထွဋ်အထိပ်အဆင့်တွင် ရှိနေသောကြောင့် အလျင်စလို မကျင့်ကြံချေ။ အရေပြားသန်မာပြောင်းလဲခြင်းအဆင့်သို့ ရောက်ပြီးပါက ယနေ့ခေတ်လူမှုအသိုင်းအဝိုင်းတွင် ဘေးကင်းစွာဖြင့် အသက်ရှင်ရန် သေချာပေလိမ့်မည်။

မုချင်းဖျင်နှင့် ဂူရင်အား နေရာချပေးပြီးနောက် သူသည် ဘန်ရှိုအား ကွန်တိန်နာပါဝင်သည့် ဗင်ကားလေးအား  မောင်းလာကာ သူ့အားစောင့်နေရန် ပြောထားသည့် မြစ်ဟောင်းလမ်းဧရိယာရှိ အအေးခန်းနေရာသို့  အမြန်သွားရောက်လိုက်သည်။

နေ့လည်ခင်း…

မြစ်ဟောင်းလမ်းဧရိယာရှိ အအေးခန်းရှေ့တွင် ကွန်တိန်နာပါဝင်သည့် ဗင်ကားလေးအနားတွင် ဘန်ရှိုနှင့် ဒန်ဇီတို့သည် ဆောင့်ကြောင့်ထိုင်နေကြသည်။ ထန်ရှုလာသည်ကို မြင်ရသောအခါ သူတို့သည် စီးကရက်မီးများအား ချက်ချင်းငြိမ်းလိုက်ပြီး အလျင်အမြန် နှုတ်ဆက်ကြသည်။

“သူဌေး… မင်း ဘယ်ဟာတွေ ယူမှာလဲ”

ထန်ရှုက ပြောလိုက်သည်။

“ငါ တချို့သားရဲတွေရဲ့ အရိုးတွေရဲ့အရိုးနဲ့ အစိတ်အပိုင်းတွေကို ရွေးသွားမယ်။ ခင်ဗျား ကျွန်တော့်ကိုကူပြီး တောင်တံခါးမြို့အိမ်ရာကို ပို့ပေးပါဦ။ ဒီအိတ်ထဲမှာ ကျွန်တော်ရလာတဲ့ ယွမ်တစ်သန်း ယူထားလိုက်ဦး။ နောက်ပိုင်းကျရင် ကျွန်တော့်ကို ကူညီပြီး ဟိုဟိုဒီဒီ သွားဖို့အတွက်  ပိုက်ဆံလိုလာလိမ့်မယ်။ ပိုက်ဆံကုန်သွားတိုင်း ကျွန်တော့်ကို ဖုန်းခေါ်ဖို့ မမေ့နဲ့ဦး”

တစ်သန်းတောင်ဟုတ်လား။

ဘန်ရှိုနှင့် ဒန်ဇီတို့သည် ထန်ရှုပေးလာသော အိတ်အနက်အား တစ်ပြိုင်တည်း ကြည့်မိကြသည်။ ထိုမျှလောက် များပြားသည့် ငွေကြေးများ - အထူးဖြင့် ယွမ်တစ်သန်းအား ငွေသားစက္ကူဖြင့် သူတို့သည် တစ်ခါမျှ မမြင်ဖူးကြပါချေ။ သူတို့သည် ထန်ရှုအား ပိုမိုလေးစားလာကြပြီး ထန်ရှု၏နောက်သို့ လိုက်ခဲ့သည်မှာ ပို၍ ပို၍ မှန်ကန်လာသည်ဟု ခံစားလာရသည်။

အချိန်အတန်ကြာပြီးနောက်…

ထန်ရှုသည် ကောင်းမွန်သောအစိတ်အပိုင်းများအား ရွေးယူကာ ကားပေါ်သို့ တင်လိုက်ကြသည်။  ရွှေခေါင်းလောင်းဆေးရည်တွင် ပါဝင်မည့် ပစ္စည်းများသည် အင်မော်တယ်ကမ္ဘာတွင် ဖော်စပ်ခဲ့သည့်အချိန်က ပါဝင်ပစ္စည်းများနှင့် ခြားနားနေသောကြောင့် သူသည် ပစ္စည်းအများအပြား ပြင်ဆင်ခဲ့သဖြင့် ကားတစ်ဝက်ထိပင် ပြည့်ခဲ့လေသည်။

“နောက်ပိုင်းအချိန်ရရင် ငါ ကားမောင်းလိုင်စင် ယူထားသင့်တယ်”

ထန်ရှုသည် ကားတစ်စီးမှာ အမှန်တကယ် အဆင်မပြေလှဟု ခံစားရသည်။ တစ်ချိန်တုန်းက ဓားပျံစီးကာ မိုင်ထောင်ပေါင်းများစွာအား တစ်လှမ်းအတွင်း သွားခဲ့သည်ကို တိတ်တဆိတ် မတွေးဘဲမနေနိုင်အောင် ဖြစ်မိသည်။

သို့သော် ယခုမူ သူသည် အရာရာအား အစမှ ခြစ်ခြုတ်လုပ်ဆောင်နေရပြီး အထူးသဖြင့် ယနေ့ခေတ်လူမှုဝန်းကျင်ရှိ သွားလာပို့ဆောင်ရေးသည် အမှန်ပင် စိတ်အနှောင့်အယှက်ဖြစ်စေသည်။

တောင်တံခါးမြို့အိမ်ရာသို့ ပြန်လာသည့် လမ်းတစ်လျှောက်တွင် ထန်ရှုသည် သူ၏မိခင်အခြေအနေအား ဘန်ရှိုအား မေးလာခဲ့သည်။ စားသောက်ဆိုင်စီးပွားရေးသည် အလွန်ကောင်းမွန်တိုးတက်နေသည်ကို ကြားရသောအခါ ထန်ရှု အတန်ငယ် စိတ်သက်သာရာရသွားသည်။

“သူဌေး… ငါ မင်းကို ဘယ်လိုပြောရမလဲတော့ မသိဘူး။ ဒါပေမဲ့ ငါ့မှာ ပြောပြချင်တာတစ်ခုရှိတယ်”

ကားမောင်းနေရင်း ဘန်ရှိုသည် ချီတုံချတုံဖြင့် စကားပြောလာသည်။

“ဘာဖြစ်လို့လဲ။ ကျွန်တော့်ကို ပြောပါ”

ဘန်ရှိုက ပြောသည်။

“သူဌေး…စုရှန်းဝမ် မနေ့က စားသောက်ဆိုင်ကို လာပြီး သူဌေးအမေဆီက ပိုက်ဆံချေးချင်တယ်။ ကြင်နာတတ်တဲ့ သူဌေးရဲ့အမေက စုရှန်းဝမ်က မင်းကို ကူညီဖူးတယ်ဆိုပြီးတော့ ယွမ်၁သိန်းချေးတာကို သူက နည်းတယ်တဲ့လေ။ ပိုက်ဆံကို မယူရုံတင်မကဘူး ဆဲဆိုကျိန်ဆဲသွားသေးတယ်”

စုရှန်းဝမ် ဟုတ်လား။

ထန်ရှု၏မျက်ခုံးအစုံတို့ တွန့်ချိုးလျက် သူ၏မျက်ဝန်းထဲတွင် အေးစက်သောအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။

ကြယ်တာရာဆေးပင်ဈေးတွင် ဖြစ်ခဲ့သော အဖြစ်အပျက်အရ စုရှန်းဝမ်သည် သင်ခန်းစာ ယူကာ သူ၏မိသားစုအား ထပ်ပြီး အနှောင့်အယှက်မပြုတော့ဟု တွေးထင်ခဲ့သည်။ သို့သော် အိမ်အလည်လာပြီး ပိုက်ဆံလာချေးသည်ကိုပင် သူ၏မိခင်အပေါ်တွင် မောက်မာသွားရဲသေးသည်။

စုရှန်းဝမ်တို့ကဲ့သို့သော မိသားစုသည် ထန်ရှု၏ရင်ထဲတွင် ယင်ကောင်တစ်ကောင်ကဲ့သို့ဖြစ်ပြီး  သူသည် ထိုသူမျိုးအား လုံးဝမနှစ်သက်ပါချေ။ ဖြစ်နိုင်လျှင် သူသည် စုရှန်းဝမ်တို့မိသားစုအား ဒီကမ္ဘာပေါ်မှ အပြီးတိုင် ကွယ်ပျောက်သွားစေရန် လုပ်မိပေလိမ့်မည်။

“သွေးက ရေထက် ပျစ်တာလား။ ဟာသအကြီးစားပဲ။ သံယောဇဉ်တွေ ခံစားချက်တွေ မရှိဘဲ တစ်အူတုံ့ဆင်း မောင်နှမညီအစ်ကိုသားချင်းက ဘာလဲ။ သူသာ ဒီ့ထက် လွန်လွန်ကျူးကျူး လုပ်လာမယ်ဆိုရင် ငါ သူတို့မိသားစုကို ကြယ်တာရာ ဒါမှမဟုတ် တိုင်းပြည်ကတောင်မှ ကန်ထုတ်လိုက်ဖို့ နှောင့်နှေးမှာ မဟုတ်ဘူး”

ထန်ရှုသည် တိတ်တဆိတ် တွေးနေရင်း ပြတင်းပေါက်ဘက် မျက်နှာပြန်လှည့်လိုက်ကာ အပြင်ကို ကြည့်နေလိုက်သည်။

ကြယ်တာရာရွှေခရမ်းဥယျာဉ် အထက်တန်းလွှာဧရိယာ…

အရုပ်ဆိုးသော အမူအရာဖြင့် စုရှန်းဝမ်သည် သူ၏စာကြည့်ခန်းထဲတွင် ထိုင်လျက် သူ၏အရှေ့တွင် မှတ်စုစာအုပ်တစ်လုပ် ဖွင့်လျက်သားရှိနေသည်။ သူသည် ဘဏ်လက်ကျန်စာရင်း ပြထားသော မျက်နှာပြင်အား ကြည့်နေသည်။

သူသည် ဆိုရိုးစကား ကြားဖူးသည် - သစ်ပင်တစ်ပင်လဲသောအခါ မျောက်အားလုံးသည် အုပ်စုကွဲလိမ့်မည်။ သူသည် ထိုအရာအား ခုချက်ချင်း ကိုယ်တိုင်ရင်ဆိုင်နေရလေသည်။ ချန်းကျီကျုံးသည် သူ၏အိမ်ခြံမြေလုပ်ငန်းစုအား ပစ်မှတ်ထားချိန်ကစပြီး သူ၏စီးပွားရေးသည် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေရကာ  ဒေဝါလီခံရတော့မည့်အခြေအနေပင် ဖြစ်သည်။

ချန်းကျီကျုံးရန်မှ ဘေးကင်းပြန်သော်လည်း တစ်နေ့ထက်တစ်နေ့ ပို ပိုဆိုးလာခဲ့သည်။ ကုန်ရောင်းသူများသည် ရည်ရွယ်ချက်ရှိရှိ အဆောက်အဦပစ္စည်းများအား ဈေးတင်ထားခြင်းဖြင့် သူ၏အရေးကြီးဆုံးစီမံကိန်း၏ အသုံးငွေလျာထားစရိတ်တွင် များပြားသော တွက်ချက်မှုလွဲချော်ခြင်းများအား ဖြစ်ပေါ်စေသည်။ မိုးသည်းထန်မှုကြောင့် ယိုစိမ့်နေသော အိမ်တစ်လုံးကဲ့သို့ ငွေအမြောက်အမြား ချေးငှားမည်ဟု ယခင်က စကားပြောထားသော ဘဏ်များသည်လည်း သူ့အား မည်သည့်သတင်းစကားမျှ မပေးကြတာ့ချေ။

လတ်တလောတွင် သူသည် ဘဏ်ဆီသို့ အကြိမ်များစွာသွားပြီး ဘဏ်အလုပ်အမှုဆောင်များအတွက် ဝန်ဆောင်ခ အများအပြားပင် ကတိပြုခဲ့သည်။ သို့သော် သူတို့သည် သူနှင့် ရည်ရွယ်ချက်ရှိရှိ ထိုက်ချိ ကစားကြသေးသည်။ ဆိုလိုသည်မှာ ဘဏ်မန်နေဂျာများ၏ သဘောထားသည် သူတို့နှင့် သူငယ်ချင်းအဖြစ် ဆက်လက်တည်ရှိနေဦးမည့်သဘောပင် ဖြစ်သော်လည်း သူ့အနေဖြင့် ဝန်ဆောင်ငွေမပေးနိုင်ပါက လုပ်ဆောင်မပေးသည့်သဘော သက်ရောက်နေပေသည်။

ထိုကဲ့သို့ အခြေအနေအောက်တွင် သူ၏ အသုံးမကျသော တူဖြစ်သူအကြောင်းအား တွေးမိသည်။ သို့သော်လည်း သူသည် ယခင်က ဘာလုပ်ခဲ့ပြီးပြီကို သိသောကြောင့် ထန်ရှုအား တိုက်ရိုက်တန်းမရှာရဲဘဲ ထိုအစား စားသောက်ဆိုင်သို့သွားကာ စုလင်းယွမ်ကို ရှာလိုက်သည်။ အံ့သြမှုနှင့်အတူ စုလင်းယွမ်၏ဆိုင်လေးသည် စီးပွားကောင်းနေသည်ကို တွေ့လိုက်ရသည်။ မမျှော်လင့်စွာဖြင့် သူမသည် သူ့အား ယွမ်၁သိန်းသာလျှင် ချေးလိုခဲ့သည်။

ယွမ်၁သိန်းက ဘာလုပ်ရမှာလဲ။

ထိုငွေသည် ဘဏ်အလုပ်အမှုဆောင်များအား သူပေးခဲ့သောငွေ၏ ၁၀ပုံ၁ပုံသာလျှင် ရှိပေသည်။

“ဘန်း”

စုရှန်းဝမ်သည် ဆေးလိပ်ပြာခွက်အား သူ၏လက်ဖြင့် ပြင်းထန်စွာ ရိုက်ပြီး သူ၏မျက်ဝန်းများတွင်  ဒေါသမီးများ  တောက်လောင်လာခဲ့ရင်း ခပ်တိုးတိုး ဆဲဆိုလိုက်သည်။

“ယီးလို ညီမနဲ့တူပဲ။ အပြင်သူစိမ်းတွေတောင်မှ သူတို့ထက် ပိုကောင်းသေးတယ်။ သူတို့နိမ့်ကျစဉ်အခါတုန်းက ဒီဖေဖေက ထောက်ပံ့ပေးခဲ့တာပါကွ။ ဒါပေမဲ့ အခု သူတို့ အမြင့်ကိုလည်း တက်လာရော ဒီကကောင်ကြီးကို ကန်ထုတ်ချင်တယ်ပေါ့။ ဟိုခွေးကောင် ထန်ရှုကြောင့်သာမဟုတ်ရင် ငါ့ရဲ့ရှန်းဝမ်အိမ်ခြံမြေလေးက ဒီလို ဘယ်အဆုံးသတ်မှာလဲ။ ငါ့ကို ဘယ်လောက်တောင် သူငယ်ချင်းတွေက အပူသည်အဖြစ် ရှောင်ကြဉ်မှာလဲ”

“ငါ့ရဲ့မျှော်လင့်ချက်က ဘဏ်ဆီမှာရော ယီးလိုမကောင်းတဲ့သူငယ်ချင်းဟောင်းတွေဆီမှာရော မထားနိုင်တော့ဘူး။ နောက်ဆုံးမျှော်လင့်ချက်က စုလင်းယွမ်နဲ့ထန်ရှုပဲ ရှိတော့တယ်။ သူတို့ကို နှစ်သိမ့်ဖို့နဲ့ ငါ့ရဲ့ရည်မှန်းချက် ပြည့်ဝဖို့ နည်းလမ်းတစ်ခု တွေးရမယ်။ အဲဒါဆို သူတို့ရဲ့ပိုက်ဆံကို ထုတ်ပေးလာနိုင်တယ်။ ပြီးတော့ ဟိုငနာကောင်ထန်ရှုကတဆင့် လုံမိသားစုဆီချဉ်းကပ်ပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ ပထမဆုံးလုပ်တာ အကောင်းဆုံးပဲ။ လုံမိသားစုရဲ့ ထိပ်တန်းကိုသာ တက်နိုင်ခဲ့ရင် ငါ့ရဲ့ရှန်းဝမ်ဂရုက ပိုက်ဆံအများကြီး ရလာမယ်”

နက်နက်နဲနဲတွေးလိုက်သောကြောင့် စုရှန်းဝမ်၏မျက်လုံးများ အရောင်လက်သွားသည်။ သူ၏အတွေးများသည် ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေသည်။ သူသည် ထန်ရှုဆီ မသွားနိုင်သည်ကို သိသောကြောင့် စုလင်းယွမ်ဆီ အားစိုက်ချဉ်းကပ်ရန် တွေးထားသည်။

တောင်တံခါးမြို့အိမ်ရာ…

သူ၏အိမ်ဂိုဒေါင်အတွင်းသို့ ပစ္စည်းများ ထားပြီးနောက် ထန်ရှုသည် သူ ဂိုဒေါင်ထဲသို့ မဝင်မီ ပြန်လွှတ်လိုက်သည်။

အရာရာသည် ပြင်ဆင်ပြီး ဖြစ်ပြီး ရွှေခေါင်းလောင်းဆေးစဖော်ရန် အရေးကြီးသော သေးသေးမွှားမွှားလေးများသာ လိုတော့သည်။

“ညဘက်မှ ဆေးပင်တွေက ရောက်လာမှာ။ ငါ ဘာလုပ်သင့်သလဲ။ ခုမှ မွန်းလွဲပဲရှိသေးတယ်”

ထန်ရှုသည် ဂိုဒေါင်အတွင်းတွင် ရပ်နေရင်းမှ သူ့တွင် လတ်တလော လုပ်စရာမရှိသည်ကို သတိရသွားသဖြင့် တကယ်ပျင်းရိသွားသည်။

“ဖုန်းမြည်သံ..”

သူ၏ဖုန်းသည် မြည်လာသောကြောင့် အတွေးစပြတ်သွားခဲ့ရသည်။ ထန်ရှုသည် ဖုန်းကိုထုတ်ကာ ခေါ်တဲ့သူနာမည်အား ကြည့်လိုက်ရာ လုံကျန့်လင်း ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ထို့နောက် သူသည် ပြောသည့်ခလုပ်အား နှိပ်ကာ မေးလိုက်သည်။

“ဘာဖြစ်ပြန်ပြီလဲ။ ငါ အခု အရမ်းအလုပ်များနေလို့အချိန်မရှိဘူး။

***

All Chapters