နင့်ဦးနှောက်ထဲ ဘာတွေရှိနေတာလဲ
Vol. 03 Ch. 116
လုံကျန့်လင်း၏ ရွှန်းရွှန်းဝေနေသောအသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
“မိုးနတ်မင်းသခင်… အစ်ကိုကြီး နောက်ဆုံးတော့ မင်း ငါ့ကို ဆက်သွယ်လာပြီပေါ့လေ။ ငါ့မှာ ငါ့အစ်ကို ရစ်နေတာနဲ့တင် သေချင်စော်နံနေပြီ။ သူက ပြောတယ် ခန်းရှက မင်းကို ဆက်သွယ်နေတာ ကြာပြီ အဆက်အသွယ်မရဘူးတဲ့။ ဒီနေ့တစ်နေ့တည်းတင် ငါ သူ့ဖုန်းကို ဖြေနေရတာ ၁၈ကြိမ် ရှိသွားပြီ”
ထန်ရှု ပြောလိုက်သည်။ “ငါ သိပြီ။ ခန်းရှကို ဆက်သွယ်လိုက်မယ်။ ငါ ကျေးဇူးတင်တဲ့အကြောင်း မင်းအစ်ကိုကို ပြောပေးပါ”
လုံကျန့်လင်း ပြောလိုက်ပြန်သည်။ “အစ်ကိုကြီ… မင်း ကြယ်တာရာကို ပြန်ရောက်နေပြီလား။ ငါတို့ရဲ့ သူဌေးဖြစ်မယ့်စီမံကိန်းရော ဘယ်လိုပြင်ဆင်ထားလဲ”
သူဌေးဖြစ်မယ့် စီမံကိန်း ဟုတ်လား။
ထန်ရှု တစ်ခဏမျှ နားမလည်ဖြစ်သွားသောကြောင့် ကျန်းမန်ကျွန်းသို့ မသွားမီအချိန်အား ပြန်စဉ်းစားလိုက်သည်။ ထိုအချိန်က ညဘက်ကြီး လုံကျန့်လင်း သူ့အား လာရှာပြီး ကျားမာန်ဟုန်နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်ရန်အတွက် လာရောက် ပြောသွားသည်ကို သတိရသွားတော့သည်။ တစ်ခဏ တွေးလိုက်ပြီးနောက် သူသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ငါ အခုမှ ကြယ်တာရာကို ပြန်ရောက်ရုံရှိသေးတာ။ မကြာခင် တောင်တံခါးမြို့အိမ်ရာကို ရောက်မယ်။ ညကျရင် မင်းကို အဖြေပြန်ပြောမယ်”
လုံကျန့်လင်းက ရယ်လျက်ပြောလိုက်သည်။
“ငါ သတင်းကောင်းကို စောင့်နေမယ်။ အာ..ဟုတ်ပြီ။ မင်း ပျင်းနေတယ်ဆိုရင် ငါနဲ့ အဖော်လာမလုပ်ပေးချင်ဘူးလား။ မင်းက အချောလေးတစ်ယောက် မဟုတ်ပေမယ့် ငါ့ကို ချမ်းသာအောင် လုပ်ပေးနိုင်တဲ့သူဆိုတော့ အတော်လေး ဆွဲဆောင်မှုရှိသေးတယ်”
“မင်းဖင်ကြီးပဲ အဖော်လုပ်”
ထန်ရှု ဆဲပေးလိုက်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်ကာ ဖုန်းတန်းချလိုက်သည်။
ထန်ရှုသည် ခန်းရှ၏ဖုန်းနံပါတ်အား ရှာတွေ့သည်နှင့် သူမအား ဖုန်းဆက်လိုက်သည်။
ဖုန်း ဝင်သွားသည်နှင့် ခန်းရှ၏အသံ ထွက်လာသည်။
“သူဌေး နင်က တကယ်ကို နဂါးနတ်မင်းလိုပဲ ဖမ်းရခက်လိုက်တာကို အမြီးလေးတောင်မှ မမြင်ရဘူး။ မနေ့ကတည်းက တောက်လျှောက်ဖုန်းခေါ်နေခဲ့တာ ဆက်မရဘူး။ ဘယ်ကို ရောက်နေတာတုန်း။ အခု ငါ ကြယ်တာရာကို ရောက်နေပြီ။ သူဌေးကို ချက်ချင်းတွေ့ချင်တယ်”
သူဌေးတဲ့လား။
ထန်ရှုသည် ခန်းရှမှ သူ့အား ခေါ်လိုက်သော အမည်အား သဘောကျ ကျေနပ်သွားသည်။ သည်အချင်းအရာအရ ခန်းရှသည် သူ့အတွက် အလုပ်လုပ်ပေးရန် လိုက်လျောလိုက်ပြီဟု သူသိလိုက်သည်။
“တောင်တံခါးအိမ်ရာကို လာခဲ့ပါ။ ကျွန်တော် အိမ်မှာ စောင့်နေမယ်။ လိပ်စာကို ဖုန်းနဲ့ စာရိုက်ပြီး ပို့လိုက်မယ်”
“ကောင်းပါပြီ”
နာရီဝက်ကြာသော် ခန်းရှသည် သူ့အား ခေါ်ခဲ့သည်။ ထန်ရှု မျှော်လင့်မထားခဲ့သည်မှာ ခန်းရှအား အိမ်ရာလုံခြုံရေးမှ အဝင်မခံဘဲ တားထားခြင်းဖြစ်သည်။ ထန်ရှုသည် လုံခြုံရေးအကြီးအကဲအား ဖုန်းပြောလိုက်ပြီးမှ သူမသည် အိမ်ရာဝင်းထဲ ဝင်ခွင့်ရတော့သည်။
“သူဌေး … နင့်ကို တကယ် တွေ့ရတာ မလွယ်ဘူးပဲ”
ခန်းရှသည် အလုပ်တက်ဝတ်စုံ ဒီဇိုင်းအား ဝတ်ဆင်ထာပြီး ရွှေကွပ်ထားသော မျက်မှန်တပ်ဆင်ထားပြီး စိတ်အားတက်ကြွသော အရည်အချင်းပြည့်၀ လုပ်နိုင်သောဟန်ပင်အား ပေးစွမ်းနိုင်လေသည်။ ထန်ရှုအား တွေ့သော် မချိုမချဉ်အပြုံးသည် သူမ၏မျက်နှာထက်တွင် ပေါ်လာလျက် ပြောလေသည်။
ထန်ရှုသည် သူမအား ဆိုဖာတွင် ထိုင်ရန် လက်ဟန်ပြလိုက်ပြီး ပြောလိုက်သည်။
“စစ်ဆေးချက်ရလဒ် ထွက်လာပြီလား။ ဖော်မြူလာ ၂ခုလုံး ဘာပြဿနာမှ မရှိဘူးမဟုတ်လား”
ခန်းရှသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“စစ်ဆေးပြီးပြီ။ လူကို ထိခိုက်စေတဲ့အရာတွေ ဘာမှ မပါဘူး။ ကုမ္ပဏီကို မှတ်ပုံတင် ပြီးပြီ။ အဖွဲ့အစည်း ဖွဲ့စည်းဖို့ပဲ ကျန်တော့တယ်။ နင့်ကို ဆက်သွယ်လို့မရတော့ အမည်ကို ကိုယ့်ဘာသာ ပေးထားလိုက်တယ်”
ထန်ရှု မေးလိုက်သည်။ “ကုမ္ပဏီအမည်က ဘာတဲ့လဲ”
ခန်းရှ ပြောလိုက်သည်။ “ခမ်းနားသောထန် စီးပွားရေးလုပ်ငန်း”
ထန်ရှုသည ထိုနာမည်အား စိတ်တွင်းမှ အကြိမ်ကြိမ် ရွတ်ဆိုကြည်နူးရင်း ကျေနပ်သောအသံဖြင့် ပြောလိုက်သည်။
“အရမ်းကောင်းတဲ့ နာမည်ပဲ။ ကျွန်တော့်အကြိုက်နဲ့အကိုက်ပဲ။ ကျွန်တော် ပြောထားပြီးတဲ့အတိုင်းပဲ ကုမ္ပဏီကို တည်ထောင်တာ စီမံခန့်ခွဲတာအကုန်လုံး ခင်ဗျားကို လုပ်ပိုင်ခွင့် ပေးထားတယ်။ ခင်ဗျား မလုပ်နိုင်တဲ့အရာမျိုးမှ ကျွန်တော့်ကို ပြောပါ။ ကျွန်တော် ဖြေရှင်းပေးမယ်”
“အိုကေ” ခန်းရှသည် အိုကေသည်ဟူသော လက်ဟန်ပြကာ ထပ်မံပြောဆိုလိုက်သည်။
“ဒါတွေက ကုမ္ပဏီရဲ့ မှတ်ပုံတင်ထားတဲ့ မူရင်းစာရွက်စာတမ်းတွေပါ။ ကော်ပီတွေကိုတော့ လုပ်ငန်းဆောင်ရွက်ဖို့ ငါ ယူထားတယ်။ ကုမ္ပဏီပိုင်ရှင်နဲ့ အဓိက ရှယ်ယာပိုင်ရှင်ကတော့ နင်လို့ ထားထားတယ်။
ထန်ရှုသည် ပုံမှန်အတိုင်း ယူလိုက်ပြီး အပေါ်ယံ ဖတ်လိုက်သည်။ ထို့နောက် သူ့ရှေ့မှ စားပွဲပေါ်တွင် တင်ထားလိုက်ပြီး စကားဆိုလိုက်သည်။
“ကျွန်တော်တို့ ထုတ်ကုန်၂မျိုးတည်းနဲ့ မလုံလောက်ဘူးလို့ထင်တယ်။ ပြီးတော့ ကုမ္ပဏီအနေနဲ့ဆိုင်ရင် အလှကုန်တစ်မျိုးတည်းကိုပဲ စီးပွားရေးမလုပ်နိုင်ဘူး။ ကျွန်တော်တို့ တခြားလုပ်ကွက်တွေဘက်လည်း ဖြန့်ကြက်ထားသင့်တယ်… ဥပမာ ဖျော်ရည်တို့…”
ခန်းရှသည် ထန်ရှုအား စကားစဖြတ်ကာ အလေးအနက် ပြောလိုက်သည်။
“သူဌေး… ငါတို့က အခုမှ ကုမ္ပဏီစတည်ထောင်ပြီးတာလေ။ လုပ်ရမှာတွေ အများကြီး ရှိသေးတယ်။ ထုပ်ပိုးမှုတွေ၊ လိုဂိုအမှတ်တံဆိပ်ဒီဇိုင်းတွေ၊ စက်ရုံတည်ဆောက်မှုတွေ၊ ထုတ်လုပ်မှုလိုင်းတွေရဲ့ စက်ကိရိယာတွေနဲ့ အခြားဟာတွေရောပေါ့။ အဲဒါအပြင် ငါ့ကို ပေးခဲ့တဲ့ စတင်မတည်ငွေကလည်း နည်းနေသေးတော့ ထုတ်ကုန်အသစ်တွေကို စတာ စောသေးတယ်လို့ ငါ ထင်တယ်”
ထန်ရှုသည် သူ၏ဖုန်းအား ထုတ်လိုက်ကာ ယွမ်သန်း၈၀အား အွန်လိုင်းဘဏ်စနစ်ဖြင့် ခန်းရှဆီ လွှဲကာ ပြောလိုက်သည်။
“လောလောဆယ် ငါ့မှာ ပိုက်ဆံအများကြီး မရှိသေးဘူး။ ဒီပိုက်ဆံကို ခဏအရင် သုံးထားလိုက်။ နောက်ပိုင်း ပိုက်ဆံမလောက်ရင် ငါ့ကို ပြောပါ။ ဒီဟာကို ငါတို့ ဘဏ္ဍာရေးအခြေအနေအရ ခင်ဗျား သုံးနိုင်တယ်”
ခန်းရှသည် အံ့အားသင့်သွားသည်။ “လွန်ခဲ့တဲ့ ၅ရက် ၆ရက်တုန်းက ပိုက်ဆံမရှိဘူးလို့ ပြောသလားလို့။ ခဏလေးနဲ့ ပိုက်ဆံ ဘယ်လို ရှာနိုင်တာလဲ”
ထန်ရှုသည် လုပ်ယူထားရသောအပြုံးဖြင့် ပြောလိုက်သည်။
“ငါ အခွင့်အရေးအချို့ ရခဲ့လို့ပါ။ ဒါပေမဲ့ လောလောဆယ်တော့ အကြွေး ၂.၅ဘီလီယံ တင်နေတယ်။ အဲဒါကြောင့် ခင်ဗျား အလုပ်ကြိုးစားလုပ်ပြီး ကျွန်တော့်ကို ငွေရှာပေးဦး”
“၂.၅ ဘီလီယံ ဟုတ်လား”
ခန်းရှသည် ထန်ရှုအား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်ရင်း ပြောလိုက်သည်။
“နင် ဘာတွေ လုပ်ခဲ့တာတုန်း။ အကြွေး ၂.၅ဘီလီယံ တင်နေအောင်။ ဒီဟာက သန်း ၂၅၀လည်းမဟုတ် ၂.၅သန်းလည်းမဟုတ်။ ဂဏန်း၁၀လုံးတောင် ၂.၅ဘီလီယံကြီးများတောင်”
ထန်ရှုသည် ပုံမှန်လေသံဖြင့် ပြောလိုက်သည်။ “ငါ လေလံပွဲတစ်ခုမှာ ပါခဲ့တယ်။ အလွန်အဖိုးတန်တဲ့ ဖုန်းရွှေနေရာတစ်ခုကို တွေ့ခဲ့တယ်။ အဲဒါကြောင့် ငါ ဝယ်ခဲ့တယ်။ ကျွန်တော့်ဆီမှာ အလုပ်ကြိုးစားနေသမျှ ကာလပတ်လုံး အားလပ်ရက်ခရီးထွက်ဖို့ ခင်ဗျားကို ခေါ်သွားပေးနိုင်တယ်”
“ဘယ်လိုဖုန်းရွှေရတနာမျိုးမို့ ၂.၅ဘီလီယံတောင် တန်တာလဲ” ခန်းရှသည် မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
“အဲဒါက ပစိဖိတ်သမုဒ္ဒရာထဲက ကိုယ်ပိုင်ကျွန်းတစ်ခုပါ” ထန်ရှု ပြောလိုက်သည်။
“…”
ခန်းရှသည် ထန်ရှုအား ကြည့်လိုက်သည်။ ထန်ရှုသည် ဒီလိုကိစ္စမျိုးအား စနောက်တတ်သော သူတစ်ယောက်မဟုတ်ဟု သူမ ယုံကြည်နေသောကြောင့်သာ မဟုတ်ပါက ထန်ရှုအား ကြွားဝါနေသောသူဟုသာလျှင် သူမ ထင်မိပေလိမ့်မည်။
တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် ခန်းရှသည် အားတင်းကာ ထိုအကြောင်းအား သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“သူဌေး… နင်က တကယ်ကို အစွမ်းအစရှိတာပဲ။ ဘယ်သူက နင့်ကို ၂.၅ဘီလီယံတောင်မှ ချေးရဲတာလဲ”
ထန်ရှုသည် မူလက ခန်းရှ၏မေးခွန်းအား မဖြေချင်သော်လည်း သူမသည် သူ၏ညာလက်ရုံးဖြစ်လာလိမ့်မည်ဟု တွေးပြီးနောက် ခက်ခက်ခဲခဲ ဖြေလိုက်ရသည်။
“သူက ကျွန်တော့်တပည့် ချန်းကျီကျုံးပါ”
တပည့်တစ်ယောက် ဟုတ်လား။ အဲဒီလူကလည်း ချန်းကျီကျုံးတဲ့လား။
ခန်းရှ၏စိတ်တွင်းမှ ထိုနာမည်အား ရှာဖွေမိသည်။ ၁၀စက္ကန့်ကြာပြီးနောက် သူမ၏မျက်လုံးတို့သည် လက်ဘက်ရည်ပန်းကန်ပြားတစ်ချပ်ကဲ့သို့ ပြူးကျယ်ဝိုင်းစက်သွားပြီးနောက် သူမ ပြောလိုက်မိတော့သည်။
“အဆုံးမဲ့ဂုဏ်ဆေးဝါးလုပ်ငန်းက သူဌေး ချန်းကျီကျုံး။ သူက နင့်ရဲ့တပည့်လား။ ဒါက ဘယ်လို ဖြစ်နိုင်မှာတုန်း”
ထန်ရှုသည် အေးဆေးစွာ ပြောလိုက်သည်။
“ဘာကြောင့် မဖြစ်နိုင်ဘူးလဲ။ ငါက သူ့ဆရာမဖြစ်ထိုက်ဘူးလို့ ခင်ဗျားထင်တာလား”
ခန်းရှသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်သည်။
“ငါ တကယ့်ကို မထင်မိဘူး။ သူက နင့်ဆီက ဘာတွေ သင်ယူဖို့ လိုတာလဲ။ ချန်းကျီကျုံးရဲ့ အဆုံးမဲ့ဂုဏ်ဆေးဝါးလုပ်ငန်းက ဈေးကွက်မှာ ဘီလီယံအနည်းငယ်သာ ရှိတာကို ငါသိတယ်။ ဒါပေမဲ့ သူ တခြားကုမ္ပဏီတွေမှာ ဝယ်ထားတဲ့ ရှယ်ယာတွေကနေ နှစ်တိုင်း ငွေအများကြီး ရတယ်။ ကိုယ်ပိုင်ပိုက်ဆံအနေနဲ့ပြောရရင် ချန်းကျီကျုံးရဲ့ အသားတင်ချမ်းသာမှုက ယွမ်၁၀ဘီလီယံ ကျော်တယ်”
ထန်ရှုသည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“လူတစ်ယောက်က ထရီလီယံ ပိုင်ဆိုင်မှု ရှိတယ်ဆိုရင်တောင်မှ အဲဒီလူကို ငါ သဘောမကျရင် တပည့်အဖြစ် ဘယ်တော့မှ လက်မခံဘူး။ ထားလိုက်တော့။ ခင်ဗျားလည်း အဲဒီဟာကို ထပ်ပြီး စုံစမ်းဖို့ မလိုဘူး။ ကျွန်တော်တို့ ပြောနေတဲ့ အဓိကအကြောင်းအရာကို ပြန်သွားရအောင်။ ကျွန်တော် ထင်တယ်။ ခင်ဗျားမှာ စွမ်းအား ရှိသေးရင် အဲဒီဟာကို ကုမ္ပဏီခွဲတစ်ခုအဖြစ်ခွဲထုတ်ကိုင်တွယ်ပြီး အဲဒီစီးပွားရေးလုပ်ငန်းကို တိုးတက်အောင် လုပ်နိုင်တယ်။ ကျွန်တော့်မှာ စိတ်ကူးတစ်ခုရှိတယ်။ ခင်ဗျား အဲဒါကို ဖြစ်နိုင်တယ်ဆိုရင် အဲဒါပါ တွဲလုပ်ပါ။ ထုတ်ကုန်အသစ်တွေအတွက် လုပ်ငန်းကို စီမံခန့်ခွဲဖို့ အချိန်မရှိဘူး၊ စွမ်းအားလည်းမရှိဘူးလို့ ခင်ဗျား ထင်ရင်တော့ ကျွန်တော် အဲဒီလုပ်ငန်းခွဲကို ကျွန်တော် အခြားတစ်ယောက်ကို လုပ်ခိုင်းလိုက်မယ်”
ခန်းရှသည် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။
“ငါ့မှာ စွမ်းအား ရှိပေမယ့် လုပ်ငန်းခွဲကိုပါ လုပ်နိုင်ဖို့ အာမ မခံနိုင်ဘူး။ ဒါပေမဲ့ နင် ဒီဟာကို တကယ့်ကို လုပ်ချင်တယ်ဆိုရင်လည်း ငါ လုပ်ပေးပါမယ်။ ငါ့လက်အောက်ဝန်ထမ်းကို ကိုင်ခိုင်းလိုက်မယ်။ နင် ဒီဟာကို မသင့်တော်ဘူးလို့ ယူဆရင် တခြားသူကို စီမံခိုင်းလည်း ရတယ်”
ထန်ရှု ပြောလိုက်သည်။ “ကောင်းပြီ။ ငါ ဒီဟာကို တခြားတစ်ယောက်ကို လုပ်ခိုင်းလိုက်မယ်”
သူမအား ပေးထားသော ထုတ်ကုန်၂ခုအား ပြန်လည် သတိရသွားပြီးနောက် ခန်းရှ၏စိတ်သည် အနည်းငယ် လှုပ်ရှားသွားပြီးနောက် သူမသည် စူးစမ်းလိုက်သည်။
“သူဌေး… ငါ သိသလောက်ကတာ့ ဒီနေ့ခေတ်ဖျော်ရည်ဈေးကွက်ကို အဓိကအမှတ်တံဆိပ်ကုမ္ပဏီတွေက လက်ဝါးကြီးအုပ်ထားတာ။ အချိုရည်အမှတ်တံဆိပ်အသစ်တစ်ခုက ဈေးကွက်ထဲဝင်ရောက်ဖို့ ခက်လိမ့်မယ်လို့ ငါထင်တယ်။ နင် အရောင်းမြှင့်တင်ခြင်းကို ငွေအများကြီးသုံးပါမှ လူသိများနိုင်ပြီး ဈေးကွက်ရှယ်ယာအချို့ကို ရဖို့ ဖြစ်နိုင်တယ်။ ပြီးရင် အဲဒီထုတ်ကုန်ကို ကောင်းမွန်တဲ့အနံ့အရသာနဲ့ ထူးခြားမှုကလည်း ထောက်ပံ့ပေးထားရမယ်။…”
ထန်ရှုသည် ခန်းရှပြောသည့်စကားများအား အေးဆေးစွာနားထောင်ရင်း သူ လေ့လာရန် ဗဟုသုတများစွာ လိုနေသေးသည်ကို ဝန်ခံရပေမည်။ သူသည် ခေါင်းကို ညိတ်ပြီး ပြောလိုက်သည်။
“ခင်ဗျား တော်တယ်။ ခင်ဗျားရဲ့စီးပွားရေးအတွေ့အကြုံတွေက ကျွန်တော့်ထက် အတော်သာလွန်ပါတယ်။ တကယ်တော့ ကျွန်တော်က အချိုရည်စီးပွားရေးလုပ်ငန်းကို လုပ်ချင်နေတာ။ ထူးခြားမှုက အမျိုးသားတွေရဲ့ အိပ်ရာထက်ကစွမ်းဆောင်ရည်ကို ပိုမို အားကောင်းစေတယ်”
“ဘာ” ခန်းရှသည် ကြောင်အသွားပြီး မျက်နှာသေနှင့် ဖြစ်သွားသည်။
ထန်ရှုက ပြောလိုက်သည်။ “ဒီအချိုရည်အကြောင်းကို ပြောရမယ်ဆိုရင် သူ့ကို ဆေးလို့ ပြောတာ ပိုကောင်းတယ်။ သူ့ရဲ့အကျိုးက ယင်စွမ်းအင်ကို တိုးပွားစေပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေးကောင်းမွန်ဖို့ အလွန်အထောက်အကူဖြစ်တဲ့ ကျောက်ကပ်ကို စွမ်းအားကောင်းစေတယ်။ အဲဒီဟာက အမျိုးသားတွေကို လိင်ဆက်ဆံမှု အချိန်ကြာစေဖို့နဲ့ ဆက်ဆံတာကောင်းမွန်ဖို့ ကူညီပေးတယ်။ အမျိုးသမီးတွေအတွက်ဆိုရင်လည်း သူတို့ရဲ့ စိတ်ဝိညာဉ်တိုးပွားစေပြီး ခန္ဓာကိုယ် ပြောင်းလဲထိန်းသိမ်းမှုတွေအတွက် ကြီးမားတဲ့ တိုးတက်မှု ရရှိစေတယ်”
“ဟင်” ခန်းရှသည် ရုတ်တရက် ဆိုဖာမှ ထရပ်လိုက်မိပြီး သူမ၏လှပသော မျက်ဝန်းများဖြင့် ထန်ရှုအား ကြည့်လိုက်ကာ အလျင်စလို မေးလိုက်သည်။ “ဒါ တကယ်လား။ ဒီဟာက အဲဒီအကျိုးကျေးဇူး တကယ် ရတာလား။ ပြီးတော့ လူကို ဘာမှ မထိခိုက်စေဘူးမဟုတ်လား”
ထန်ရှုက ရယ်ကာ ပြောလိုက်သည်။ “ဟုတ်တယ်… ငါပြောတဲ့အတိုင်း အကျိုးကျေးဇူးက အမှန်ပဲ။ ဘာမှ ဆိုးကျိုးမရှိပါဘူး”
ခန်းရှ၏ အသက်ရှူနှုန်းမြန်လာပြီး ပြောလိုက်သည်။ “သူဌေး… ငါ့စကား ပြန်ရုပ်သိမ်းတယ်။ ငါ မှားသွားတယ်။ အခုပြောတဲ့ထုတ်ကုန်ကို ငါ့ရဲ့စီမံခန့်ခွဲမှုအောက်မှာပဲ ထားတော့မယ်။ ဒီထုတ်ကုန်သာ ဈေးကွက်မှာ တင်လိုက်တာနဲ့ လုံးဝကို အကြီးအကျယ် အာရုံစိုက်မှုကို ရလိမ့်မယ်။ သူ့ရဲ့အနာဂတ်မျှော်လင့်ချက်က အစောပိုင်းက ငါ့ကို ပေးခဲ့တဲ့ ထုတ်ကုန်၂မျိုးနဲ့ယှဉ်ရင် နည်းနည်းလေးပဲ လျော့လိမ့်မယ်”
“ခင်ဗျား သေချာလား” ထန်ရှု မေးလိုက်သည်။
ခန်းရှ ခိုင်မာစွာ ဖြေလိုက်သည်။ “ဟုတ်တယ်။ အသေအချာပဲ”
ထန်ရှုသည် သူ၏လက်ချောင်းများအား ချိုးလိုက်ရင်း ပြောလိုက်သည်။
“ခင်ဗျား ကျွန်တော် ဒီဟာကို နှံ့နှံ့စပ်စပ် မလေ့လာရသေးတော့ ကုမ္ပဏီတည်ထောင်ဖို့ အရင်လုပ်ထားနှင့်။ ကျွန်တော့်ကို ရက်အနည်းငယ်လောက်ပေးပါ။ ထုတ်ကုန်နမူနာ ပို့ပေးလိုက်မယ်။ ခင်ဗျား ဆန္ဒရှိရင် စမ်းကြည့်နိုင်တယ်”
ခန်းရှ၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်သွားသည်။ ထန်ရှုပြောသည့်အတိုင်း အမျိုးသမီးများအတွက် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိပါက သူမ သေချာပေါက် အသုံးပြုပေလိမ့်မည်။ သို့သော် သူမအတွက် စိတ်ကသိကအောက် ဖြစ်နေသည်မှာ ထိုဟာသည် ထန်ရှုပြောသည့်အတိုင်းဆိုပါက သူ၏ထူးခြားမှုတစ်ခုသည် လူတစ်ယောက်၏ လိင်ဆက်ဆံမှုစွမ်းရည်အား တိုးမြှင့်လာခြင်းဖြစ်သည်။
ခန်းရှသည် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ထန်ရှုအား ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ပြီး
“သူဌေး… နင့်ဦးနှောက်က ဘယ်လောက်တောင် နက်ရှိုင်းလဲဆိုတာ ငါ တကယ်ကို မသိတော့ဘူး။ ထူးဆန်းတဲ့ ဗဟုသုတတွေ ရှိပြီးတော့ အဲဒါတွေကို ပြည့်ဝစွာ အသုံးချနိုင်တယ်။ အခုပြောနေတဲ့ နင့်ရဲ့ထုတ်ကုန်၃ခုစလုံးသာ အခြားစီးပွားရေးသမားတွေ လက်ထဲသာ ရောက်သွားရင် သူတို့က ကောင်းကင်ဘုံက လာတဲ့ချမ်းသာမှုတစ်ခုလို ထုတ်ကြလိမ့်မယ်”
ထန်ရှုသည် ခပ်ဖွဖွ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ငါက ဆေးပင်တွေအကြောင်း တီးမိခေါက်မိပြီး အားတဲ့အချိန် ဘာမှလုပ်စရာမရှိရင် တစ်ခုခုကို ရှာဖွေ သုတေသန လုပ်နေတာမို့လို့ပါ”
ခန်းရှသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါ နင်ပေးတဲ့ထုတ်ကုန်၂ခုကို စစ်ဆေးဖို့ ပို့လိုက်တော့ ပြန်ရလာတဲ့ အစီရင်ခံစာမှာ အားကောင်းသော တရုတ်တိုင်းရင်းဆေးလက္ခဏာရှိတယ်ဆိုတယ်။ အဲဒါနဲ့ပတ်သက်ပြီး နင် စဉ်းစားနိုင်ဖို့ ငါ အကြံတစ်ခုပေးချင်တယ်.. သူဌေး”
ထန်ရှုသည် အံ့အားသင့်စွာဖြင့် ပြန်ပြောလိုက်သည်။ “ဘာအကြံလဲ။ ပြောပါဦး။ အဲဒါကောင်းရင် ငါ မင်းရဲ့အကြံဉာဏ်ကို ယူမှာပေါ့။
***