← Chapters

မောင်းထုတ်ခြင်း

Vol. 03 Ch. 118

မောင်းထုတ်ခြင်း

Vol. 03 Ch. 118

စုလင်းယွမ်သည် ထိုအကြောင်းအား စဉ်းစားလေ သူမ၏သားဖြစ်သူ ပြောသည်မှာ မှန်ကန်သည်ဟု ပိုမိုထင်မြင်လေဖြစ်သည်။ တခြားလူများသာ သူမတို့မိသားစုအကြောင်း မသိသော်ငြား သူမသည် စုရှန်းဝမ်အကြောင်း ကောင်းကောင်းသိသည်။ သူမ၏စားသောက်ဆိုင်လေးသည် လတ်တလောတွင် စီးပွားရေးကောင်းလာသည်ဆိုသော်လည်း နားထောင်ကောင်းရုံသာ စားသောက်ဆိုင်ဟု  ပြောသော်လည်း ထိုဟာသည် မိသားစုဆိုင်လေးသာ ဖြစ်သည်။ အမှန်တကယ်တော့ ကန်တင်းတစ်ခုမျှသာဖြစ်သည်။ ထိုကဲ့သို့သောဆိုင်လေးမှ ငွေမည်မျှ ဝင်နိုင်ပါမည်နည်း။ လုပ်ငန်းကြီး လုပ်ဆောင်နေသော စုရှန်းဝမ်ကဲ့သို့သောလူ၏ငွေကြေးသည် သူမထက် နည်းပါးသည်မှာ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

ထိုအကြောင်းအား တွေးမိပြီနောက် စုလင်းယွမ်သည် ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။

“ဆန်နီ.. သားက တကယ်ကို လေ့လာမှုအားကောင်းတာပဲ။ အမေက စာအများကြီး မဖတ်ဖူးတဲ့အပြင် သားလောက် ပညာရေးမှာမကောင်းခဲ့ဘူးလေ။ သား ပြောတာ အဓိပ္ပာယ်ရှိတယ်။ ကြည့်ရတာ စုရှန်းဝမ်က အမေတို့ဆီက တကယ်ပိုက်ဆံချေးချင်တာဟုတ်ဟန်မတူဘူး။ အမေ့ကို အနိုင်ကျင့်ချင်တာပဲ ဖြစ်ရမယ်။ အမေ နောက်ဆို သူ့ကို ပိုက်ဆံမချေးတော့မှာမို့ သား စိတ်ချလက်ချ နေနိုင်တယ်”

ထန်ရှုသည် သူ၏လက်မအား ထောင်ပြကာ ပြောလိုက်သည်။

“အမေက တကယ်ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်စွမ်းရှိတယ်။ အမေ နားမလည်မှာ သား စိုးရိမ်လို့ အမေနဲ့ငြင်းခုံဖို့တော့ စကားတွေ အများကြီး ပြင်ဆင်ထားတာ”

စုလင်းယွမ် ပြုံးရင်း စကားဆိုလိုက်သည်။

“ပြဿနာရဲ့အကြောင်းရင်းကို နားမလည်တဲ့လူတွေပုံနဲ့အမေက တူနေလို့လား”

ထန်ရှုသည် ရယ်မောလျက်

“မဟုတ်ဘူး။ လုံး၀ မဟုတ်ပါဘူး။ ဘယ်သူ အဲ့လို ပြောရဲလဲ။ ကျွန်တော် ကန်ထုတ်ပစ်လိုက်မယ်။ ဒါနဲ့ အမေ စာရင်းဆက်လုပ်ဦးမှာလား”

စုလင်းယွမ်သည် ခေါင်းကို ယမ်းကာ ပြောသည်။

“မလုပ်တော့ဘူး။ အမေ သဘောပေါက်သွားတကည်းက ဘာကြောင့် ဒါကို လုပ်နေရမှာလဲ။  မေ့ထားလိုက်တော့။ သားက အခုမှ ပြန်ရောက်တာ… ဆန်နီ သားလေး. ဗိုက်ဆာနေလား။ အမေ သားအတွက် အရသာရှိတာတွေ ချက်ကျွေးမယ်။ အပြင်စာတွေက အမေတို့မိသားစုမှာ ရှိတဲ့ အနံ့အရသာတွေလောက် မကောင်းဘူး”

ထန်ရှု ပြုံးလျက် ပြောလိုက်သည်။

“ကျွန်တော်လည်း ဒီလိုပဲထင်တယ် အမေ။ ဒီကမ္ဘာပေါ်မှရှိတဲ့လူတွေက အမေ့လောက် ဟင်းချက်မကောင်းကြဘူး”

“အပိုတွေ ပြောပြန်ပြီ”

ထန်ရှုဆီမှ ထိုကဲ့သို့သောစကားများသည် စုလင်းယွမ်အား ပျော်ရွှင်စေပြီး သူမ၏မျက်နှာထက်က အပြုံးအား ပိုမိုတောက်ပစေသည်။

များမကြာမီ…

ဟင်းပွဲ၄မျိုးနှင့် ဟင်းချိုတစ်ပန်းကန်သည် လာရောက်ပို့ဆောင်ခြင်းခံရပြီး ထန်ရှုသည် စုလင်းယွမ်အား သူနှင့်အတူ စားသောက်ရန် တောင်းဆိုပြီး နှစ်ယောက်သား မိသားစုအကြောင်း  ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုခဲ့ကြသည်။ ပြီးနောက် ထန်ရှုသည် ပြန်ရန် ပြင်ဆင်နေသည်။

“ဒေါက်… ဒေါက်…”

ဒင်ဇီသည် တံခါးအား ခေါက်လိုက်ပြီးနောက် တွန်းဖွင့်လိုက်ရာ ပွင့်သွားခဲ့သည်။ သူသည် ထန်ရှုအား နှုတ်ဆက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သူဌေး … စုရှန်းဝမ်ရဲ့သား ရောက်လာပြီး ဧည့်ခန်းထဲမှာ ရှိနေပါတယ်”

စုလင်းယွမ်သည် ဇဇေဝါဟန်ဖြင့် မေးလိုက်သည်။

“သူ ဘာလုပ်နေတာလဲ”

စုလင်းယွမ်သည် သူမ၏တူဖြစ်သူနှင့် ပတ်သက်ပြီး အကောင်းမမြင်ပါချေ။ ယခင်က သူသည် သူမ၏သားဖြစ်သူအား အကောက်ကြံကာ ယွမ်၃ထောင် ခိုးယူသည်ဟု စွပ်စွဲခဲ့သည်။ ထိုအချင်းအရာသည် သူမအား လူရှေ့တွင် အနိုင်ကျင့်ရုံသာမက သူမ၏သားဖြစ်သူပင် ထိုအဖြစ်အပျက်ကြောင့် ဆေးကုလိုက်ရသည်။

ထန်ရှုသည် မတ်တတ်ရပ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“ကျွန်တော် အပြင်ထွက်ပြီး ကြည့်လိုက်မယ်”

စုလင်းယွမ်သည် လျင်မြန်စွာ ပြောလေသည်။

“သား… အမေ စုရှန့်ဖေးကို သဘောမကျပေမယ့် အလွန်အကျူး မဖြစ်စေနဲ့။ သူက ဘာပဲဖြစ်ဖြစ်… တူအဖြစ် ရှိနေသေး..”

ထန်ရှုသည် မိခင်ဖြစ်သူ၏စကားအား ကြားဖြတ်ကာ ပြောလိုက်သည်။

“အမေ… အမေပြောချင်တာ သားသိပါတယ်။ ကျွန်တော် သူ့ကို မရိုက်ချပါဘူး။ ဒါပေမဲ့ သူ့ကို ကျွန်တော်တို့ဆိုင်လေးက မကြိုဆိုဘူးလေ။ အမေ စိတ်မပူပါနဲ့။ ကျွန်တော့်မှာ ကောင်းမွန်တဲ့စိတ် ရှိပါသေးတယ်”

စုလင်းယွမ် ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏စိတ်ထဲတွင် မသက်မသာဖြစ်နေသောကြောင့် ထန်ရှုနောက်မှ လိုက်ကာ တံခါးဝဆီသို့ လျှောက်လာခဲ့သည်။

ထန်ရှုသည် အခန်းအပြင်အရောက်တွင် စုရှန့်ဖေးသည် စားပွဲထိုးအနားချဉ်းကပ်ကာ တစ်စုံတစ်ခု ပြောလိုက်သည်ကိုတွေ့လိုက်ရသည်။ ထန်ရှုသည် သူ၏ရှေ့သို့သွားကာ လေသံခပ်တင်းတင်းဖြင့် ဆိုလိုက်သည်။

“မင်း ဒီမှာ ဘာလုပ်နေတာလဲ”

ထန်ရှုအား မြင်လိုက်ရသဖြင့် စုရှန့်ဖေးသည် အံ့အားသင့်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဝမ်းကွဲ… မင်း..”

“မင်းပါးစပ် ပိတ်လိုက်”

ထန်ရှုသည် စုရှန်ဖေးစကားအား ကြားဖြတ်ကာ လေးနက်စွာ ပြောလိုက်သည်။

“စုရှန့်ဖေး… ဒီလို ရင်းရင်းနှီးနှီး အမူအရာ လေသံနဲ့ မပြောစမ်းနဲ့။ ငါ မကြိုက်ဘူး။ ပြီးတော့ ငါတို့မိသားစု စားသောက်ဆိုင်လေးက မင်းကို မကြိုဆိုဘူး။ ငါ ဘာပြောခဲ့ဖူးလဲ မင်း မေ့သွားတာလား။ မင်း ဒီကို ထပ်လာရဲပြီး ငါ ထပ်မြင်နေရရင် ငါ့အဆိုးမဆိုနဲ့”

စုရှန့်ဖေး လည်ပင်း တွန့်ကနဲ ဖြစ်သွားသည်။ သူ၏စိတ်ထဲတွင် ထန်ရှုအား ဒေါသကြီးစွာ ဖြစ်နေပါသော်လည်း ဖခင်ဖြစ်သူ၏လိုအပ်ချက်အား ပြန်သတိရသွားသဖြင့် ဖျစ်ညှစ်ပြုံးလိုက်ကာ ပြောလိုက်သည်။

“ဝမ်းကွဲ… အဲဒီလို မလုပ်ပါနဲ့။ ငါတို့က မိသားစုအတူတူပဲ။ မိသားစုဝင်တွေကြားထဲက ရန်ဖြစ်မှုဆိုတာ ဟာသတစ်ပုဒ်လိုပါပဲ။ မင်းအပေါ် မှားခဲ့တယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမဲ့ မင်းက ရင့်ကျက်ထက်မြက်သူဆိုတော့ ကျေးဇူးပြုပြီး မေ့လိုက်ပြီး ငါ့ရဲ့စိတ်ရင်းကို မနှောင့်ယှက်ပါနဲ့လား”

ထန်ရှုသည် လှောင်ရယ် ရယ်လိုက်သည်။

“ဟ… ဒီလိုစကားအလှလေးတွေ နားလိုက်စမ်းပါ။ မင်းမိသားစုက မင်းဟာ၊ ငါ့မိသားစုက ငါ့ဟာ။ ငါ မင်းနဲ့ ဘာရင်းနှီးမှုမှ မလိုချင်ဘူး။ အခု မင်းအမြန်ထွက်သွားတော့ မဟုတ်ရင် ငါ့လူတွေ ခေါ်ပြီး မင်းကို မောင်းထုတ်ရလိမ့်မယ်”

ချက်ချင်းပင် ဒင်ဇီနှင့် အခြားလူများသည် စိတ်အားထက်သန်စွာဖြင့် စုရှန့်ဖေးအား ဝိုင်းလိုက်ကြသည်။ သူတို့၏အမူအရာသည် ထန်ရှု အမိန့်ပေးလိုက်သည်နှင့် စုရှန့်ဖေးအား ရိုက်နှက်ရန် အသင့်အနေအထား ဖြစ်သည်။

စုရှန့်ဖေး၏အမူအရာသည် ရုပ်ဆိုးသွားရကာ ဒင်ဇီနှင့် အခြားလူများအား ကြည့်လိုက်ပြီး တစ်ဖန် ထန်ရှုအား အေးစက်စွာ ကြည့်လိုက်ပြီးနောက် သူသည် ကြောက်ရွံ့သွားသဖြင့်  နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သို့သော် သူသည် စုလင်းယွမ်အား တွေ့လိုက်သောအခါ အော်ပြောလိုက်သည်။

“ဒေါ်လေး… ကျွန်တော်က ဒေါ်လေးရဲ့တူတစ်ယောက်ပါ။ အဲဒါ ကျွန်တော့်ကို မောင်းထုတ်မလို့လား။ အရင်က ကျွန်တော် မှားခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ နောက်ထပ် မလုပ်တော့ဘူးဆိုတာလည်း ကတိပေးပါတယ်”

ကြင်နာတတ်သော နှလုံးသားရှိသူ စုလင်းယွမ်သည် စုရှန်ဖေး၏စကားကြောင့် ချီတုံချတုံ ဖြစ်သွားခဲ့ရသည်။

ထန်ရှုသည် အေးစက်စွာ အော်ပြောလိုက်သည်။

“ဒင်ဇီ… မင်းတို့အဖွဲ့ သူ့ကို အကြိမ်များစွာ ရိုက်ပြီး ကန်ထုတ်လိုက်။ သူ့ကို မသတ်ရဘူးနော်။ ခြေတွေလက်တွေ ကျိုးတာလောက်တော့ ငါ တာဝန်ယူပေးမယ်”

“ကောင်းပြီ”

ဒင်ဇီနှင့်အဖွဲ့သည် ပြန်ဖြေလိုက်ကြပြီး လှုပ်ရှားရန်ပြင်တော့သည်။

စုရှန်ဖေး မျက်လုံးပြူးသွားသည်။ စုလင်းယွမ်၏အဖြေပင် မစောင့်တော့ဘဲ ချာကနဲလှည့်ကာ ပြေးတော့သည်။ ပြီးခဲ့သည့်အချိန်က ကျောင်းတွင် သူသည် ရာဇဝတ်သား ရိုက်နှက်ခြင်းအား ခံခဲ့ရပြီး ဆေးကုသခဲ့ရသည်။ ထိုဒဏ်ရာများကြောင့် သူသည် ဆေးရုံတွင် အချိန်အကြာကြီးနေခဲ့ရသာကြောင့် ဆေးရုံပေါ်ဆွင် အချိန်အကြာကြီး မလဲလျောင်းချင်ပေ။

“ဟား..ဟား..ဟား..”

လူတိုင်းသည် အဝေးသို့ ထွက်ပြေးသွားသော စုရှန့်ဖေးအား ကြည့်ကာ ရယ်မောနေကြသည်။

“စုရှန်ဖေးရော…စုရှန်းဝမ်ရောက ကောင်းတဲ့သူတွေ မဟုတ်ဘူး။ ငါတို့ သူဌေးလေးပဲ သူ့ကို ခြောက်လှန့်နိုင်တယ်”

“ငါ့တို့ သူဌေးမှာ ဘယ်လိုတူမျိုး ရှိနေတာပါ့လိမ့်”

“ငါ့တို့ သူဌေးလေးပဲကောင်းတယ်။ စကားနည်းနည်းနဲ့ ခြောက်လှန့်နိုင်တယ်။ သူဌေးကတော့ ကြင်နာနူးညံ့လွန်းတော့ ဒါမျိုးနဲ့ အဆင်မပြေဘူး”

“…”

ထန်ရှုသည် မိခင်ဖြစ်သူအား ကြည့်ရာတွင် မနှစ်သက်ဟန်အရိပ်အယောင်ဖြစ်ပေါ်နေသဖြင့် စားပွဲထိုးများအား အနီးနားမှ ထွက်သွားကာ အလုပ်ဆက်လုပ်ရန် အချက်ပြလိုက်သည်။

“အမေ… ကျွန်တော်တို့မှာ အချိန်တွေ နေ့တွေ ရှိသလိုပဲ စုရှန်းဝမ်မှာလည်း ရှိတယ်။ သူတို့ အနိုင်ကျင့်တာ ခံရလေ ကျွန်တော်တို့ ပြဿနာ ပိုမိုရင်ဆိုင်ရလေပဲ။ သူတို့အတွက် စိတ်မပူပါနဲ့။

အနှေးနဲ့အမြန်ဆိုသလို သူတို့က ကြီးမားတဲ့အခက်အခဲတွေ ရင်ဆိုင်ရဦးမှာ ကျွန်တော်တို့ ကူညီနိုင်တဲ့အရာတွေ မဟုတ်ဘူးအမေ။

စုလင်းယွမ်သည် သက်ပြင်းလေးလေးကြီး ချလိုက်ကာ အပြုံးဖြင့် ပြောလိုက်သည်။

“သား ပြောတာ အမေနားမလည်ဘူး။ ဒါပေမဲ့ ထားလိုက်ပါတော့။ ဒီအဖြစ်အပျက်တွေက ရှောင်ပုန်းဖို့ ခက်လိမ့်မယ်။ ဒါပေမဲ့ သူတို့ အမေ့ကို လာရှာရင် အမေ နောက်ကို မျက်နှာသာ ပေးမှာမဟုတ်ဘူး”

ထန်ရှု ခေါင်းညိတ်လိုက်သည်။ သူမပြန်ခင် ဘန်ရှိုနှင့် ဒင်ဇီအား ခေါ်ကာ မိခင်အား ကာကွယ်ရန်နှင့် အနှောင့်အယှက် ထပ်မံရောက်လာပါက သူ့အား အကြောင်းကြားရန် မှာကြားလိုက်သည်။

ညနေခင်း…

တောင်တံခါးအိမ်ရာသို့ ပြန်ရာလမ်းတွင် ယွမ်ချူးလင်၏ဖုန်းခေါ်ဆိုမှုအား ရရှိခဲ့သည်။ သူသည် ထန်ရှု ကျင်းမန်ကျွန်းမှ ပြန်ရောက်နေသည်ကို သိပြီး ချက်ချင်းတွေ့ချင်နေသော်လည်း ကျောင်းမှ ထွက်လာရန် မလွယ်ကူ ဖြစ်နေသည်။ ထို့ကြောင့် ထန်ရှုသည် သူ သဘက်ခါတွင်  ကျောင်းသို့ ပြန်လာမည်ဖြစ်ကြောင်း ပြောလိုက်သည်။

ထန်ရှုသည် အခြားလူများအား လျစ်လျူရှုနိုင်သော်လည်း ယွမ်ချူးလင်ကိုမူ ဂရုမစိုက်ပဲမနေချေ။ ယွမ်ချူးလင်သည် သူ့အတွက် ညီအစ်ကိုကောင်းတစ်ယောက်ဖြစ်ပြီး သူ့အား ကြိမ်ဖန်များစွာ ကူညီခဲ့သူဖြစ်သည်။ သည်အချင်းအရာများသည် ထန်ရှုအား ကျေးဇူးတင်ချစ်ခင်မှုကို ဖြစ်စေသည်။

သူသည် သူငယ်ချင်းနည်းနည်း ရှိမှာကိုမစိုးရိမ်သော်လည်း သူငယ်ချင်းများစွာထားကာမှ သူ့အား ကြံစည်လုပ်ကြံမည့်သူရှိမှာ သူကြောက်နေခဲ့သည်။ သည်လောကသို့ ပြန်ရောက်ရှိကတည်းက ထန်ရှုသည် သူ၏စွမ်းရည်များအား အခြားသူများအား ထုတ်ပြကာ သူငယ်ချင်းအဖြစ်  ပြုလုပ်ခြင်းမှ ရှောင်ကြဉ်လေသည်။ အတိတ်တွင် ဖြစ်ခဲ့သော အမှားမျိုးအား ထပ်ကာမမှားချင်တော့ပေ။

တောင်တံခါးဂိတ်အိမ်သို့ ပြန်ရောက်သောအခါ ကျင်းမန်ကျွန်းမှ ဆေးပင်များ ရောက်လာပြီဖြစ်ပြီး သူ၏ကိုယ်စား လက်မှတ်ထိုးထုတ်ကာ ဂိုဒေါင်ထဲ ထည့်ထားပြီးဖြစ်ကြောင့်း မူချင်းဖျင်သည် အစီရင်ခံလေသည်။ သူသည် ရွှေခေါင်းလောင်းဆေးအား ပြင်ဆင်တော့မည့်အချိန်တွင် မူချင်းဖျင် ရောက်လာပြီး ဧည့်သည်ရောက်နေကြောင်းအား ပြောကြားလေသည်။

“ဧည့်သည်က ဘယ်သူလဲ” ထန်ရှုသည် ဂိုဒေါင်အတွင်း ရှိနေချိန်တွင် ဇဝေဇဝါဟန်ဖြင့် မေးလိုက်သည်။

သူ့တွင်  သူငယ်ချင်းများစွာ မရှိသည့်အပြင် တောင်တံခါးတွင် သူနေထိုင်ကြောင်းလည်း လူအနည်းငယ်သာ သိလေသည်။

“လုံကျန့်ယုလို့ပြောတယ်” မုချင်းဖျင် ပြောလိုက်သည်။

ထန်ရှု၏မျက်ခုံးများ တွန့်ချိုးသွားရသည်။ လုံကျန့်ယု သည်အိမ်သို့ လာရောက်လည်ပတ်မည်ဟု သူမထင်ထားမိချေ။ သည်ဟာသည် သူ့အား လုံကျန်ယု သည်အိမ်ပေးပြီးနောက် လာရောက်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။

တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူသည် ဂိုဒေါင်မှ ထွက်လာကာ ဧည့်ခန်းဆီသို့ လာခဲ့သည်။ ဧည့်ခန်းတွင် လုံကျန့်ယုအား ဆိုဖာပေါ်တွင် ထိုင်ကာ လက်ဘက်ရည်သောက်နေသည်ကို သူ တွေ့လိုက်ရသည်။

“ဒီကို ဘယ်လိုဖြစ်ပြီး ရောက်ချလာတာလဲ”

ထန်ရှုသည် လုံကျန့်ယုနှင့် မျက်နှာချင်းဆိုင်ဘက်သို့ သွားကာ ထိုင်ရင်း မေးလိုက်သည်။

လုံကျန့်ယုသည် ရယ်မောကာ ပြောလိုက်သည်။

“မင်း ပြန်ရောက်ပြီလို့ ကြားလို့။ အဲဒါနဲ့ပဲ ဒီကိုလာပြီး မင်းနဲ့စကားပြောချင်သွားတယ်။ အခြေအနေ ဘယ်လိုလဲ။ ဒီမှာ နေရတာရော နေသားကျသွားပြီလား”

“မဆိုးပါဘူး” ထန်ရှု ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။

မဆိုးပါဘူးတဲ့လား။

လုံကျန့်ယု စိတ်ထဲတွင် အောင့်သီးအောင့်သက် ပြုံးမိသည်။ အခြားသူများသာ သည်ကဲ့သို့အိမ်မျိုးကို ရရှိပါက အပျော်လွန်ပြီး အောက်မေးရိုးပင် ပြုတ်ကျသွားနိုင်သည်။ သို့သော် ထန်ရှုအတွက် မဆိုးဘူးအဆင့်သာ ရှိသည်။

“ညီလေးထန်… ငါ မင်းကို လာရှာရတာက ပြောစရာတစ်ခုရှိနေလို့”

ထန်ရှု ပြောလိုက်သည်။

“ကျွန်တော့်ကို ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်။ ဒါပေမဲ့ ကျွန်တော့်မှာ လုပ်စရာရှိနေလို့ အချိန်တော့ သိပ်မရဘူး”

လုံကျန့်ယုသည် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“အဲဒါ ညီလေးထန်နဲ့ ပတ်သက်နေတာပဲ။ ခန်းရှက ဘယ်နေရာကနေ ငါ့အကြောင်း စုံစမ်းလာတာလဲမသိဘူး။ ဒါပေမဲ့ သူ မင်းကို ဆက်သွယ်လို့မရတဲ့အဆုံး ငါ့ကို အကြိမ်များစွာ ဆက်သွယ်လာတယ်။ ခန်းရှက တကယ်ကို မင်းအတွက် အလုပ်လုပ်ပေးလိမ့်မယ်လို့ ငါ မထင်ထားဘူး။ မနေ့ကညနေက အဖေနဲ့ငါ စကားအများကြီး ပြောဖြစ်ကြတယ်။ အဖေက ငါကနေတစ်ဆင့် မေးစေချင်တာက လုံမိသားစုက ငွေအများကြီးရဖို့ရှိနေလို့ မင်းလုပ်ငန်းကနေ ရှယ်ယာအချို့ ထပ်ဝယ်လို့ရဦးမလားဆိုပြီး”

“မဖြစ်နိုင်ဘူး” ထန်ရှုသည် ခေါင်းကို ယမ်းကာ တစ်ခါတည်း ငြင်းဆိုလိုက်သည်။

လုံကျန့်ယု မျက်လုံးမှေးသွားကာ ဆတ်ခနဲ ပြောလိုက်သည်။

“မင်း ဒီလိုပြောလိမ့်မယ်ဆိုတာ ငါသိတယ်။ မင်းငြင်းပြီဆိုကတည်းက အဲဒါကို မေ့လိုက်ပါ”

ထန်ရှု ပြောလိုက်သည်။ “အစ်ကိုလုံ ပြောလို့ ပြီးသွားပြီလား။ ပြီးသွားတယ်ဆိုရင် ကျွန်တော် အဖော် ဆက်မလုပ်နိုင်တော့ဘူး”

လုံကျန့်ယုသည် အလျင်အမြန် ပြောလိုက်သည်။

“ဘယ်ကလာ။ ငါ စတောင် မစရသေးဘူး။ အမှန်တကယ် ဒီနေ့လာရတဲ့အကြောင်းက ငါ မင်းနဲ့အတူ ပူးပေါင်းချင်လို့။ ငါ လတ်တလော စီမံကိန်းအသစ်တစ်ခု စနေတာ ရှိတယ်။ ငါ့ကို အဆောက်အဦအသေးစိတ်ပုံ ဆွဲပေးနိုင်မယ်ဆိုရင် မင်းကို ၁၀%ရှယ်ယာ ပေးမယ်။ ဘယ်လိုသဘောရလဲ”

ထန်ရှု မျက်မှောင်ကြုတ်သွားကာ မေးလိုက်သည်။

“ဘယ်လိုစီမံကိန်းများလဲ”

***

All Chapters