အမေ့ဒဏ်ရာ
Vol. 03 Ch. 121
ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံတွင်…
ဘန်ရှို၏ဘယ်ဘက်လက်မောင်းသည် ကျောက်ပတ်တီးကိုင်ထားပြီး ပတ်တီးဖြင့် တွဲချည်ထားသည်။ အဖြူရောင်ပတ်တီးပေါ်တွင် စိမ့်ထွက်နေသော သွေးစများအား ခပ်ဖျော့ဖျော့ မြင်တွေ့နိုင်ပေသည်။ ထိုနည်းတူစွာ ဒင်ဇီ၏ခေါင်းတွင်လည်း ပတ်တီးစည်းထားသည်။ သူ၏ဒဏ်ရာသည် သေချာပေါက် ပေါ့သေးသေးမဟုတ်ဘဲ တူညီစွာပင် သွေးများသည် ပတ်တီးမှပင် စိမ့်ထွက်နေပေသည်။ သူ၏ကျောရိုးသည် ပတ်တီးကိုင်ထားသောကြောင့် အဝတ်ဗလာဖြစ်နေပြီး ပခုံးနှင့်နောက်ကျောတွင် ပလာစတာများအား ကပ်ထားသည်ကို မြင်တွေ့ရပေမည်။ အခြားသောနေရာများတွင်လည်း ပြာနှမ်းနေသော အတွင်းကြေဒဏ်ရာများအား တွေ့ရနိုင်သေးသည်။ အခြား၂ယောက်မှာ ဘန်ရှိုနှင့် ဒင်ဇီတို့ထက်စာပါက အခြေအနေပိုကောင်းသည်။ သို့သော် သွေးများ ယိုစီးနေသော နှာခေါင်းနှင့် စုတ်ပြတ်နေသောမျက်နှာတို့နှင့်အတူ သေးသေးမွှားမွှား ဒဏ်ရာများစွာအား သူတို့ကိုယ်ပေါ်တွင် တွေ့ရနိုင်သေးသည်။
သူတို့၄ယောက်သည် ကော်ရစ်ဒါတံခါးနားတွင် ဆောင့်ကြောင့်ထိုင်ကာ စီးကရက်များ သောက်နေပြီး သူတို့၏အကြည့်များမှာမူ ဆန့်ကျင်ဘက်အရပ်ရှိ ဝပ်၄၀၅အား ကြည့်နေကြသည်။ သူတို့အား နာကျင်စွာ ဆေးရုံရောက်သည်အထိ လွန်မင်းစွာ တိုက်ခိုက်လိုက်ကြသောသူများအား ကြောက်ရွံ့နေကြသည်။
“အစ်ကိုကြီး ဘန်ရှို… ဘော့စ်က ဘာပြောလဲ”
ဘန်ရှို ဖုန်းချလိုက်သည်ကို ကြည့်ပြီး ဒင်ဇီ အလျင်စလိုမေးလိုက်သည်။
ဘန်ရှိုသည် လေးနက်စွာ ပြောလိုက်သည်။
“ဘော့စ်က သူ အခုချက်ချင်း ငါတို့ဆီ လာမယ်လို့ ပြောတယ်”
ဒင်ဇီနှင့် အခြားသူများသည် ကြိတ်ကာ စိတ်သက်သာရာ ရသွားသည်။ သူတို့သည် ထန်ရှု၏ တိုက်ခိုက်နိုင်မှုခွန်အားအား လေးစားသည်။ သူတို့သည် ထန်ရှုအကြောင်း အသေးစိတ် မသိသော်လည်း ထန်ရှုသည် တောင်တံခါးတွင် နေနိုင်သည်ဆိုကတည်းက သူ့တွင် အလွန်ကြီးမားသော ဆက်သွယ်မှုရှိမည်ဖြစ်သည်။ သည်နေရာသို့ သူလာပြီဆိုပါက သူ လုံးဝဖြေရှင်းနိုင်လိမ့်မည်ဟု သူတို့ ယုံကြည်သည်။
ဘန်ရှိုက ပြောလိုက်သည်။
“ဒင်ဇီ… ရှောင်ဒေါင်ကို ခေါ်ပြီး စုံစမ်းခိုင်းထားတာ မေးလိုက်ဦး။ ဒီတိုင်ဆိုတဲ့လူက လမ်းပေါ်က လူငယ်လေးတွေအများကြီးစုထားနိုင်ကတည်းက သေချာပေါက် သာမန်မဟုတ်တဲ့ နောက်ခံရှိရမယ်။ ငါတို့ဘော့စ်အပေါ် တအားကြီး မျှော်လင့်ထားလို့မရဘူး။ ငါတို့ရန်သူရဲ့နောက်ခံက သေချာပေါက် သန်မာနေရင် ဘယ်လောက်ပဲ သန်မာပါစေ ငါတို့ညီအစ်ကိုတွေအားလုံး စုပြီး ဒီကောင်တွေကို ကန်ထုတ်ရမယ်”
“ဒါမှန်တယ်။ ငါတို့ရဲ့ဘဝတွေက ပြောင်းလဲလာကာစရှိသေးတယ်။ ပို ပိုကောင်းလာပြီးတော့ ကောင်းမွန်တဲ့ ဘဝလေးက တစ်နေ့ထက်တစ်နေ့ နီးစပ်နေပြီ။ ဘော့စ်က ငါတို့အပေါ် တကယ်ကောင်းတယ်။ ဒီကောင်တွေကို ဆုံးမရမယ်” အခြားအသက်ငယ်သောအမျိုးသားမှ စီးကရက်အား မြေကြီးပေါ်တွင် ထိုးချေလိုက်ကာ ခြေထောက်ဖြင့် တက်နင်းလိုက်ရင်း ခက်ထန်စွာ အော်ဟစ်လိုက်သည်။
“ပါးစပ်ပိတ်ထား” ဘန်ရှိုသည် လေးနက်သော အမူအရာဖြင့် စိတ်ဆိုးမာန်ဆိုး အော်ဟစ်လိုက်သည်။
ထိုလူသည် အသံတိုးသွားသော်လည်း သူ၏မျက်ဝန်းထဲတွင် တိုက်ခိုက်ချင်စိတ်များအား အထင်းသား မြင်နေရသည်။
ဒင်ဇီသည် သူ၏ဖုန်းအား ထုတ်လိုက်သည်။ သူသည် နံပါတ်တစ်ခုအား နှိပ်လိုက်ကာ တစ်စုံတစ်ယောက်နှင့် စကားပြောလိုက်ပြီးနောက် ဖုန်းပြန်ချလိုက်သည်။ ထို့နောက် သူသည် အသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။
“ရှောင်ဒေါင်က အနီးဝန်းကျင်ကို မေးပြီး တစ်ဖက်လူရဲ့ဇစ်မြစ်ကို အတည်ပြုပြီးသွားပြီ။ ဒီတိုင်လုံက ကုမ္ပဏီတစ်ခု ဖွင့်ထားတယ်။ သူ့မှာ လူမိုက်တွေနဲ့ နှစ်ဖက်ဆက်ဆံရေးရှိတယ်။ အရေးကြီးဆုံးအချက်က သူက လူမိုက်တော်တော်များများနဲ့လူမိုက်ခေါင်းဆောင်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။ ပြောနိုင်တာက အဲဒီလူက ချမ်းသာပြီး စွမ်းအားရှိတယ်”
ဝရမ့် လှောင်ပြော ပြောလိုက်သည်။
“သူက ချမ်းသာတော့ ဘာအရေးလဲ။ ငါတို့ဘော့စ်က ငါတို့ကို နေစရာပေးတယ်။ ဘဝကို ပြောင်းလဲဖို့ အခွင့်အရေးလည်း ပေးတယ်။ ငါတို့ ဒါကို မမေ့နိုင်ဘူး။ ပြီးတော့ ဒီဟာက လုံး၀ ပြီးပြတ်သွားမှာ မဟုတ်ဘူး။ ငါတို့က လူကောင်းတွေ မဟုတ်ခဲ့တော့ ငါတို့က သွေးပါတဲ့အရာတွေ မြင်နိုင်သေးတယ်။ ဘော့စ်သာ တိုင်လုံကို မဆုံးမနိုင်ခဲ့ရင် ငါတို့ပုန်းကွယ်ပြီး ဒီတိုင်လုံကို ရိုက်ချဖို့ အခွင့်အရေး ရှာရမယ်။ သူ့ကို မသတ်နိုင်တောင်မှ ဒဏ်ရာအကြီးဆုံး အပြင်းဆုံးတော့ ပေးရမယ်။ ပြီးရင် ငါတို့ အမည်မသိ ဝေးလံတဲ့နေရာကို သွားပြီး ဘဝသစ်မှာ ဇာတ်မြှုပ်နေထိုင်ကြမယ်”
“ဒါ”
ဒဏ်ရာရထားသော အခြားလူငယ်၂ယောက်သည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီး သူတို့ရင်ထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်အား ချလိုက်သည်။ ထို့နောက် လေးနက်သောအသံဖြင့် ပြန်ပြောလိုက်ကြသည်။
“မိခင်များကို တိုင်တည်ပြီး ငါတို့အတွက် ခက်ခဲတဲ့ ဘဝတွေ ရှိနေခဲ့ရင်တောင်မှ တိုင်လုံကို ကောင်းမွန်တဲ့ဘ၀ မဖြစ်စေရဘူး”
“ငါ ခေါင်းဆောင်ပြီး ဓားတွေအတွက် တာဝန်ယူမယ်”
ဒင်ဇီသည် စိတ်ထဲမှ ထိုလူငယ်များအား ကြိတ်ဟားနေသည်။ သူသည် စကားမပြောဘဲ ထန်ရှုမှ သူတို့အား ပေးခဲ့သော အမှန်တရားအား တွေးတောနေသည်။ ထန်ရှုသည် သူတို့အား ဘဝသစ်ပေးခဲ့သည်။ စုလင်းယွမ်သည် သူတို့အား ကြင်နာစွာ ဆက်ဆံသည်။ ထိုအရာများအား ပြန်သတိရကာ ဒင်ဇီသည် တိုင်လုံအား ခါးခါးသီးသီး မုန်းလေသည်။
ကြယ်တာရာမှ အထက်တန်းလွှာကလပ်တစ်ခုတွင်…
ခမ်းနားစွာ ပြင်ဆင်ထားသော ကေတီဗွီ သီးသန့်ခန်းတစ်ခုအတွင်းတွင် တိုင်လုံသည် ဖဲချပ်များအား ကိုင်ကာ သက်လတ်ပိုင်းလူ၃ယောက်ဖြင့် ပိုကာဒေါင်းနေလေသည်။ သူတို့ဘေးပတ်လည်တွင် မိတ်ကပ်အများအပြား ပြင်ဆင်ထားသော မိန်းကလေး ၇ယောက် ၈ယောက်သည် ဝန်းရံကာ လက်ဘက်ရည်များ တည်ခင်းလျက်၊ ပခုံးများအား ညင်သာစွာ နှိပ်နယ်ပေးလျက်၊ ကျောများအား ပွတ်သပ်ပေးလျက် အကောင်းဆုံး ဝန်ဆောင်မှုပေးနေကြသည်။
မိန်းကလေးတစ်ယောက်သည် သက်လတ်ပိုင်းလူတစ်ယောက်၏ပေါင်ပေါ်တွင် ထိုင်ကာ ထိုသူအား စပျစ်သီးများ ခွံ့ကျွေးနေသည်။ တိုင်လုံပြသော ဖဲချပ်များအား ကြည့်ကာ သက်လတ်ပိုင်းလူသည် ခေါင်းအား ယမ်းလိုက်ရင်း ဂိမ်းအား ဆက်မကစားတော့မည့် အရိပ်အယောင်ပြလာသည်။ သူသည် မပြုံးချင် ပြုံးချင် ပြုံးကာ ပြောလိုက်သည်။
“အဖိုးကြီးတိုင်.. ခင်ဗျားရဲ့ကံက သောက်ကျိုးနည်းကို ကောင်းလွန်းနေတယ်။ ဒီပွဲလည်း ခင်ဗျားအနိုင်ပဲဖြစ်မှာပါ။ ကြည့်ရတာ ငါ့အတွက် သွေးပဲမြင်နေရပြီး ခင်ဗျားအတွက်တော့ မဟုတ်ဘူးထင်တယ်။ အခြားအချိန်တွေမှာ ငါ လူအနည်းငယ် ခေါ်လာပြီး ဒုက္ခခံခိုင်းလိုက်ဦးမယ်။ သွေးကို မြင်ရရင်တော့ ကောင်းမွန်တဲ့ တိုက်ခိုက်ပွဲတစ်ခုမှာ ခင်ဗျားနဲ့ သတ်ဖို့ သေချာသလို အရာရာကို အနိုင်ရဖို့ ကြိုးစားလိမ့်မယ်”
တိုင်လုံသည် သရော်တော်တော် ပြောလိုက်သည်။
“သွေးကို မြင်ရတာက တကယ်တော့ ကောင်းတဲ့အရာမဟုတ်ဘူးဗျ။ ဒီအဖေရဲ့ဂွကြားထဲက ငှက်ကလေးက ခုတောင်မှ အနာတရဖြစ်နေတာ။ သောက်ကောင်မက ဒီအဖေရဲ့ငှက်ကလေးကို ကန်ရဲတယ်။ သူမက ဒီနေ့မှာ တာအိုသီလရှင်ဆရာလေးနဲ့တောင် တူနေပေမယ့် သူမ ငယ်ငယ်တုန်းက အတော်လှတယ်လို့ ငါ ပြောနိုင်တယ်။ ကံမကောင်းစွာပဲ သူမက အသက်အရွယ်ကြီးလွန်းနေတော့ ဒီဖေဖေကြီးကို မနှိုးဆွနိုင်တော့ဘူး။ အဲ့လိုမှမဟုတ်ရင် သူမကို အိပ်ရာထဲမှာ ၃ရက်၃ည အော်နေရအောင် လုပ်ပေးလိုက်ဦးမှာ”
သက်လတ်ပိုင်းလူက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
“အဖိုးကြီတိုင်.. ခင်ဗျားဗျာ သောက်ကျိုးနည်း လေလုံးထွားလှချည်လားဗျ။ ၃ရက်၃ည အသာထားဦး။ ခင်ဗျား ၃နာရီတောင် ခံမှာမဟုတ်ဘူး။ ၃နာရီအောက်တောင် ခံဖို့ ခင်ဗျား ဆေးတွေ အငမ်းမရ မှီဝဲနေရမှာ..ဟား.ဟား.ဟား.”
“ဟား.ဟား.ဟား.”
အခြားသက်လတ်ပိုင်းလူထွားကြီး၂ယောက်သည်လည်း အူလှိုက်သည်းလှိုက် ရယ်မောကြသည်။ သူတို့သည် တိုင်လုံအား ကျီစယ်လိုသောဟန်ဖြင့် ကြည့်နေကြသည်။
တိုင်လုံသည် ထိုသူများအား စိုက်ကြည့်ကာ စားပွဲပေါ်မှ သူ၏ပိုကာကတ်အား ချေမွလိုက်သည်။ ထို့နောက် သူသည် လှပစွာ ပြင်ဆင်ထားသော နိုက်ကလပ်မယ်အား အားဖြင့် ဆွဲလိုက်ကာ သူမ၏အဝတ်အစားများအား လျင်မြန်စွာ ဆုတ်ဖြဲလိုက်သည်။ တစ်ခဏမျှ ပွတ်သပ်နမ်းရှုပ်လိုက်ပြီးနောက် ထိုမိန်းကလေးနှင့် ကိုယ်လက်နှီးနှောမှု ပြုလိုက်သည်။
“ဒီအဖိုးကြီးတိုင်ကတော့ကွာ..”
ကျန်သော လူထွားကြီး၃ယောက်သည် စိတ်ပျက်လက်ပျက်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ အောင့်သက်သက်ပြုံးလိုက်သည်။ တိုင်လုံသည် စိတ်ဆွခြင်း၊ စနောက်ခြင်းပင် သည်းမခံနိုင်ဘဲဖြစ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့မိချေ။ သူ၏ လုပ်နိုင်စွမ်းအား သူတို့ရှေ့မှောက်တွင်ပင် သက်သေပြကာ သံဝါသအမှုပင် လုပ်ပြလိုက်ချေသေးသည်။
“ဖုန်းမြည်သံ”
သူ၏ရှေ့ရှိ စားပွဲထိပ်တွင်ထားသော တိုင်လုံ၏ဖုန်းသည် ရုတ်တရက် မြည်လာသည်။ နိုက်ကလပ်မယ်သည် ဖုန်းအား အပြုံးဖြင့် ယူလိုက်ကာ တစ်ချက်ကြည့်ပြီးနောက် ခလုပ်တစ်ချက်နှိပ်လျက် တိုင်လုံအား နား နားကပ်ကာ ပေးလိုက်သည်။
“ဘာဖြစ်သလဲ” တိုင်လုံသည် သူ၏သံဝါသအမှုလုပ်ငန်းအား ဆောင်ရွက်ရင်း မေးနေသည်။
“အစ်ကိုကြီးလုံ… ကျွန်တော် သူငယ်ချင်းတစ်ယောက်ဆီက သတင်းကြားလို့။ ငချွတ်လေးအချို့က အနီးတစ်ဝိုက်မှာ အစ်ကိုကြီးအကြောင်း စုံစမ်းနေကြတယ်” လေးစားနေသောအသံတစ်သံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
တိုင်လုံသည် သူ၏လှုပ်ရှားမှုအား ရပ်တန့်ကာ ကုလားထိုင်ပေါ်တွင် သွားထိုင်လိုက်ရင်း အသံနက်နက်ဖြင့် မေးလိုက်သည်။
“အဲဒီလူရဲ့နောက်ခံက ဘာလဲ”
“လတ်တလောတော့ မရှင်းလင်းဘူး”
တိုင်လုံသည် ဘောင်းဘီအား ပြန်ဝတ်လိုက်ပြီး အမျိုးသမီးအား ဘေးဖက်သို့ ဆွဲလိုက်ကာ ကျန်သော၃ယောက်အား ကြည့်လိုက်သည်။ ထို့နောက် ခနဲ့တဲ့တဲ့ လေသံဖြင့် ပြောလိုက်သည်။
“တစ်စုံတစ်ယောက်ကတော့ ငါ့အကြောင်းကို ငါ့နောက်ကွယ်မှာ စုံစမ်းနေတယ်။ အဲဒီကောင်က စုံစမ်းတာ ငါ့ညီငယ်အနားတောင် ရောက်တယ်”
စပျစ်သီး စားနေသော သက်လတ်ပိုင်းလူသည် မျက်မှောင်ကြုပ်သွားပြီး ခပ်ဖွဖွ ပြောလိုက်သည်။
“ဒါဆိုရင်တော့ မကောင်းတဲ့အရာဖြစ်နိုင်တယ်။ ဘယ်သူ မင်းကို နှောင့်ယှက်ခဲ့ဖူးလဲ။ လတ်တလော စွမ်းအားကြီးပုံရိပ်တစ်ခုခုကို မင်း ပြစ်မှားမိသေးလား”
တိုင်လုံသည် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။
“စီမံကိန်းဆိုဒ်ဘက်က အလုပ်က ချောမွေ့တယ်။ အဲဒီမှာ အမှန်တော့ လူအနည်းငယ်ပဲရှိတယ်။ ငါ သူတို့နဲ့ သဘောတူညီမှုလုပ်ခဲ့တာ။ နောက်ပြီး အဲဒီကောင်တွေကလည်း ငါ့အကြောင်း သိကြတော့ အထူးတလည် စုံစမ်းဖို့ မလိုဘူး။ နောက်ပြီး လတ်တလော ငါ နှိမ့်ချထားတယ်။ ဘာမှ မလုပ်ထားဘူး”
တစ်ယောက်သော လူထွားကြီးမှ လှုပ်ရှားလာကာ ပြောလိုက်သည်။
“မင်း တစ်စုံတစ်ယောက်ကို ပြစ်မှားမိသေးလား။ မင်းရိုက်ခဲ့တဲ့ အမျိုးသမီးက ခုဆေးရုံပေါ်မှာနော်။ သူမမှာရော နောက်ခံရှိနိုင်လား”
တိုင်လုံသည် မထီတထီ ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး။ ငါ အနားဝန်းကျင် မေးပြီးသွားပြီ။ အဲဒီအမျိုးသမီးက ရွာဘက်က။ မုဆိုးမဖြစ်ပြီးတော့ သားတစ်ယောက်ရှိတယ်။ စားသောက်ဆိုင်လုပ်ငန်းအပေါ် မှီခိုနေရတာ။ ယီးပဲကွာ။ ဒီဖေဖေကြီးက အဲဒီလိုလူစားမျိုးတွေရဲ့စော်ကားတာကို ခံနေရမှာလား သူတို့အတွက် ငါ့နောက်ကွယ်မှာတောင် စုံစမ်းပေးတယ်လို့ မင်းထင်တာလား”
သက်လတ်ပိုင်းလူမှ ထပ်ပြောလိုက်ပြန်သည်။
“သူမ မဟုတ်ရင် မင်း သတိထားရလိမ့်မယ်။ ဘယ်သူက သူမကို သိနိုင်လဲ။ မင်းကြောင့် ဘယ်သူ့လက်တွေ ကျိုးတာလဲ။ တစ်ယောက်ယောက်နဲ့ အဆက်အသွယ်ရှိနေလား။ သူမက အဲဒီအမည်မသိအဖွဲ့နဲ့ ဆက်သွယ်နိုင်တယ်ဆိုရင် ပိုအခက်တွေ့လိမ့်မယ်။ အမှောင်ထဲက ရန်သူက ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ သတိရ”
တိုင်လုံသည် တစ်ခဏ ငြိမ်သက်သွားပြီး ဖုန်းတစ်ချို့အား ခေါ်ဆိုမှု ပြုလုပ်လိုက်သည်။ ပြီးနောက် သူ ပြောလေသည်။
“မင်းတို့လည်း ငြိမ်သက်မနေနဲ့ဦး။ ငါ့ကို ကူညီပြီး ရှာပေးကြဦး။ မင်းတို့မှာ နည်းလမ်းတွေ အများကြီး ရှိတာ ဘယ်သူလဲဆိုတာ ရှာတွေ့နိုင်တယ်”
“ကောင်းပြီ”
လူ၃ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြောလိုက်ကြသည်။ သူတို့သည် တိုင်လုံ၏ သူငယ်ချင်းများ ဖြစ်ကြသည်။ စုံစမ်းမှုမှ အကောင်သေးသာ ဖြစ်ခဲ့ပါက သူတို့သည် တိုင်လုံအား ကူညီမည်ဖြစ်သည်။ တိုင်လုံသည် သူတို့အားလုံးတွင် အလွန်အရေးကြီးသည်။ သို့သော် တစ်ဖက်လူသည် စွမ်းအားကြီးသူဖြစ်ပါက သူတို့ ချက်ချင်း ဆုတ်ခွာမည်ဖြစ်သည်။
ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံတွင်…
ထန်ရှုသည် လုံရွှဲ့ယောင်၏ကားပေါ်မှ ဆင်းကာ သူမအား ပြန်သွားခိုင်းလိုက်သည်။ လုံရွှဲ့ယောင်၏ ယဉ်ကျေးသော ကမ်းလှမ်းမှုအတွက် သူ စိတ်မဆိုးချေ။ သူတို့၂ယောက် သိပ်မရင်းနှီးသော်လည်း သူ အကူအညီတောင်းနိုင်သည်။ သူမက သူ့အား မျက်နှာသာပေးသည်လည်း ဖြစ်နိုင်သည်။
သူသည် ၆လွှာသို့ အပြေးအလွှားတက်ကာ ဝပ်၄၀၅၏တံခါးသို့ အရောက်တွင် ဘန်ရှိုနှင့် ဒင်ဇီအား တံခါးနားတွင် ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် အပြေးသွားကာ မှုန်မှိုင်းသော အမူအရာဖြင့် မေးလိုက်သည်။ “ခင်ဗျားတို့ဒဏ်ရာတွေ ဘယ်လိုနေလဲ”
ထန်ရှုအား မြင်သည်နှင့် ဘန်ရှိုနှင့် ဒင်ဇီသည် ပျော်ရွှင်သွားသကဲ့သို့ ထန်ရှု၏မေးမြန်းမှုအား ကြားရသောအခါ နွေးထွေးသွားရသည်။
ဘန်ရှိုက ပြောသည်။ “ဘော့စ်… ငါတို့ဒဏ်ရာတွေကို စိတ်ထဲမထားပါနဲ့။ ငါတို့ကောင်းပါတယ်။ ဆေးကုပြီး လေ့ကျင့်ခန်းပြန်လုပ်လိုက်ရင် ကောင်းသွားလောက်မှာပါ။ ဒါပေမဲ့ သူဌေးက မနေ့ညက ခွဲစိတ်ရတယ်။ သူမရဲ့လက်မောင်း ကျိုးကြေသွားတယ်။ နောက်ပိုင်းကျရင် သူမရဲ့ညာလက်မောင်းက ဘာမှ မလို့မရမှာကို ငါ စိတ်ပူမိတယ်”
ကျိုးကြေသွားတယ်ဟုတ်လား။ ဒါက ပြင်းထန်တာ မဟုတ်ဘူးလား။
အေးစက်ကာ သတ်ဖြတ်လိုသောစိတ်သည် ထန်ရှု၏မျက်ဝန်းမှ ထွက်ပေါ်လာသည်။ သူသည် ခေါင်းကိုညိတ်လိုက်ကာ ဝပ်၄၀၅သို့ ဝင်သွားသည်။ အထဲသို့အရောက်တွင် အနံ့အသက်မကောင်းသည်ကို သူ ရရှိလိုက်သည်။ သည် ၄၀၅တွင် ကုတင်၃လုံးရှိပြီး လူနာအပြည့်ဖြစ်သည်။ ထို့ပြင် ကျန်လူနာ၂ယောက်၏ မိသားစုဝင်များ ရှိနေကြပြီး ဆူညံလှသည်။
“အမေ… နေကောင်းရဲ့လား”
ထန်ရှုသည် မိခင်ဖြစ်သူ၏ကုတင်သို့သွားကာ စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
စုလင်းယွမ်သည် ကုတင်ပေါ်တွင် မှီကာ ထိုင်လှဲနေသည်။ ထန်ရှုအား မြင်သောအခါ ခေါင်းယမ်းပြလိုက်ပြီး ပြောလိုက်သည်။
“သား… အမေ နေကောင်းတယ်။ ဘန်ရှိုနဲ့တခြားသူတွေရော ဘယ်နှယ့်နေသေးလဲ။ အမေနေကောင်းလို့ သူတို့ကို မပြောဖို့ ပြောထားတာကို ဒီတစ်ကြိမ်တော့ အမေ့စကား နားမထောင်ကြဘူး”
ထန်ရှုသည် ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
“အမေ တစ်ခုခုဖြစ်ရင် ပြောဖို့ သူတို့ကို သားမှာခဲ့တာ။ မနေ့ကဆို တခြားအကြောင်းအရာတွေရှိနေတော့ သူတို့ ဖုန်းဆက်တာ မကိုင်နိုင်ခဲ့ဘူး။ အဲဒါကြောင့် သားလာတာ နောက်ကျသွားတယ်”
စုလင်းယွမ်သည်
“သား.. ကောလိပ်ဝင်ခွင့်ဖြေဖို့ တစ်လတောင်မှ မလိုတော့တာကို စာလေ့လာတာမှာ အနှောင့်အယှက်မဖြစ်စေနဲ့။ အမေ့ကို ဂရုစိုက်စရာမလိုဘူး ဘန်ရှိုတို့ ရှိတယ်။ ကျောင်းသာအမြန် ပြန်ချေပါ”
ထန်ရှုသည် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။
“အမေ… အဖြစ်အပျက်အစုံကို ကျွန်တော် သိပြီးသွားပြီ။ အဲဒီတိုင်ဆိုတဲ့လူကို ကျွန်တော် မလွှတ်ပေးနိုင်ဘူး။ အမေလည်း မဖုံးကွယ်ပါနဲ့။ အမေ အနားယူရမယ်။ ကျွန်တော် ဘန်ရှိုတို့ကို ပိုမို ကောင်းမွန်လာအောင် လုပ်ပေးမယ်။ အဲဒီတိုင်ကို အမေ့ဆီ လာပြီးတောင်းပန်ရအောင် လုပ်ရမယ်။ ဒီမှာ အမေ နားနေပြီး ပြန်ကောင်းလာအောင် လုပ်ပါ။ ကျွန်တော် ဖြေရှင်းမယ်”
“သား မိုက်ရူးရဲဆန်တာတွေ မလုပ်စမ်းပါနဲ့။ သူတို့က အရမ်းစွမ်းအားကြီးတယ်။ သား မထိတွေ့နိုင်ဘူး။ အမေ ဆေးရုံမှာ ကြာကြာနေလိုက်ရင် တဖြည်းဖြည်း သူတို့ဒေါသတွေ ပျောက်သွားလိမ့်မယ်။ အမေတို့ကို ထပ်နှောင့်ယှက်တော့မှာ မဟုတ်ဘူး”
***