← Chapters

အပိုင်း(၁)

Vol. 1 Ch. 1

အပိုင်း(၁)

Vol. 1 Ch. 1

ကောင်းကင်ဘုံ ကိုးခု၏ အထက်တွင် အလင်းတန်း များက သောင်းဂဏန်းမက ရှိနေခဲ့သည်။

မီးတောက်များက ဘုံများ၏ အတွင်းသို့ စီးဆင်း လျှံကျလျက် ရှိပြီး မီးနဂါးများက ဒေါသထွက်နေကြသည်။

လေဆင်နှာမောင်းများက တဟူးဟူး တိုက်ခတ်​နေသောအသံများ

တလက်လက်ထနေသော လျှပ်စီးများ တဟုန်းဟုန်းမြည်နေသော မိုးခြိမ်းသံများနှင့် ရှုပ်ယှက်ခပ်နေသော ဓားသွားတို့က အသင်္ချေဖြစ်ပေါ်နေသည်။

လှိုင်းတပိုးများပင် တလိပ်လိပ်ထ၍ နေပြီး ၎င်းတို့မှာ

ရှေးကျသော ကြမ်းကြုတ်ရက်စစ်သည့် သားရဲများကဲ့သို့ထင်မှတ်ရသည်။

စွမ်းအင်စီးချောင်းများတွင် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သော အစွမ်းတို့ပါရှိသည်။

ထို့ကြောင့်ကောင်းကင်ဘုံများပင် ကွဲအပ်တော့မည်သကဲ့သို့ ထင်မှတ်ရ၏။

ထိုစွမ်းအား အားလုံး၏ အလယ်တွင် နတ်မိိစ္ဆာတစ်​ပါးကဲ့သို့ ထင်မှတ်ရသောသူ တစ်ဦးက ရပ်နေသည်။

သူ့တွင် ခံ့ညားထည်ဝါသော ပုံရိပ်တစ်ခုရှိပြီး မျက်နှာအမူအယာကားတော့ အေးစက်စက်နိုင်လှသည်။

သူ၏ နှုတ်ခမ်းထောင့်တွင်တော့ လှောင်ပြုံးတစ်ခုက ဆင်မြန်းထား၏။

သူ၏ ကိုယ်တွင် နက်မှောင်သော ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ၏ ရှည်လျားသော အမည်းရောင်ဆံနွယ်တို့က လေနှင့်အတူ ကခုန်သကဲ့သို့ ဖြစ်နေသည်။

သူ၏နောက်တွင် ရှိသော အမည်းရောင် ဝတ်ရုံက ပြင်းထန်စွာဖြင့် ထွန့်ထွန့်လူးနေ၏။

ထိုသူက ​နောက်ပြန်ကြည့်လိုက်ကာ တစ်ချက် ရယ်မောလိုက်သည်။

ဟားဟားဟား...ကောင်းတယ် ..အရမ်းကောင်းတယ်..

အသံလှိုင်းတို့က ကောင်းကင်ကိုဖြတ်သန်း တုန်ဟီးသွားသည်။

ရောင်စဥ် ဧကရာဇ် ကျိယဲ့ဟောင်....

ငရဲမီးတောက် ဧကရာဇ် ဝမ်ကူးချိုး

ကောင်းကင်ဘုံတစ်ခွင် နမည်ကျော်ကြားသော လေအင်ပါယာရဲ့ ဧကရာဇ်

ဂုဏ်ကျက်သရေ တင့်တယ်သော မိုးကြိုးနတ်ဘုရား ဧကရာဇ်

ဓားဧကရာဇ် ယွဲ့ရှောင်း

နေကြာနှင်းစက် သိုင်းဘုရင် ကူးဖှေးယွဲ့ ..

ထိုသူ၏ ပါးစပ်မှ အထက်ပါ နမည်များ တစ်ခုပြီးတစ်ခု ထုတ်ဖော်ကြွေးကြော်ခဲ့သည်။

မည်သူမဆို ထိုအမည်များအား ကြားလိုက်ရပါက သေချာပေါက် အလွန်အမင်း တုန်လှုပ်ကြမည်ဖြစ်သည်။

ဤ အမည်တစ်ခုချင်းစီ၏ ပိုင်ရှင်များမှာ ထျန်းဟမ် တိုက်ကြီးတစ်ခုလုံးတွင် အထွဋ်အထိပ် ရှိကြသော သူများဖြစ်သည်။

ထိုသူတို့သည် အတွေးတစ်ချက်ဖြင့်ပင် လူသန်းပေါင်းများစွာတို့၏ ​သေခြင်းရှင်ခြင်းအား ထိန်းချုပ်နိုင်သည်။

လူတိုင်းက စစ်မှန်သော ကျွမ်းကျင်မှုများ ရှိကြပီး ပုလင်းတူဘူးဆို့ အကြံသားတွေကြီး ဖြစ်ကြသည်။

ထိုလူက အေးစက်စက်ဖြင့် ဆက်လက်ရယ်မောနေသည်။ထို့နောက်တွင် သူ၏ အမူအယာသည် အေးစက်နေရာမှ ထူးထူးခြားခြား ဒေါသအမျက်ခြောင်းခြောင်းထွက်လာကာ ပြောလိုက်သည်။

ဒီနေ့မှာသာ ငါ့ရဲ့ ငရဲကမ္ဘာမပျက်စီး ခဲ့ဘူးဆိုရင် မင်းတို့အားလုံးက်ို ငရဲကမ္ဘာရဲ့ ဝိညာဥ်သန့်စင်​လောကကို ထာဝရာကျရောက်စေပြီး တစ္ဆေအသင်္ချေ အနန္တ

ကိုက်ခဲခံရတဲ့ နာကျင်မှုဝေဒနာကို အဆုံးမဲ့ ခံစားရအောင် ငါသေချာပေါက်လုပ် ပြမယ်

မိုးခြိမ်းသံတစ်ခုက ပဲ့တင်ထွက်ပေါ်လာကာ ကောင်းကင်ဘုံတစ်ခွင် ဖြတ်သန်းသွားပြီး မဟာပထဝီမြေကြီးပင် အချိန်အတော်ကြာ တုန်ခါသွားခဲ့သည်။

ဟမ်..ပေါက်တက်ကရတွေ တော်လိုက်စမ်းပါ

အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်ကိုသာ လက်လွှဲပေးလိုက်...ငါမင်းရဲ့အလောင်းကို မပျက်မစီးစေပဲ

အကောင်းတ်ိုင်းထားပေးမယ်...

နှာမှုတ်သံတစ်ချက်နှင့်အတူ ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားခဲ့သည်။

အရာခပ်သိမ်း၏ မူလဇစ်မြစ်မှာ ကောလဟာလများအရ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်သော လျှို့ဝှက်ချက်များ ပါဝင်သည်ဟု သိရသည်။

လွန်ခဲ့သော သုံးလက ထိုအရာသည်လူသူကင်းမဲ့သော နေရာဒေသ ဖြစ်သည့် ပျက်စီးပြိုလဲနေသော မန်ခူတွင် ပေါ်လာခဲ့သည်။

ထိုအရာသည် ငရဲကမ္ဘာ၏ ဧကရာဇ်လက်ထဲသို့ ကျရောက်သွား ခဲ့သည်ဟူသော ကောလဟာလများလည်း ထွက်ပေါ်လာခဲ့သည်။

ငရဲကမ္ဘာဧကရာဇ်က သူ၏ ခေါင်းကို မော့လိုက်သည်။

ရုတ်တရက် သူ၏ ဦးခေါင်းထက်တွင်တောင်မျှော်စင်ကြီးတစ်ခုပေါ်လာခဲ့ပြီး သူ၏ အပေါ်သို့ ဖိချလိုက်သည်။

သတ်...

သတ်ပစ်...

သတ််ပစ်လိုက်...

အေးစက်သော အေဟစ်သံများသည် ဦးတည်ချက် အနှံ့အပြားမှ ထွက်ပေါ်လာသည်။

ကမ္ဘာကြီးအား ဖျက်စီးပစ်ရန် လုံလောက်သော စွမ်းအင်အားလုံးက ထိုအချိန်တွင် ပေါက်ကွဲထွက်ကုန်သည်။

ထိုအရာတို့က ငရဲကမ္ဘာ ဧကရာဇ်ထံသို့ ဦးတည်နေပြီး ရုတ်ချည်း ပေါက်ကွဲသွားသည်။

မိုး​ကောင်းကင်ကြီးလည်း ကွဲထွက်၍ သွားခဲ့သလို ကမ္ဘာကြီးတစ်ခုလုံးလည်း တုန်ခါသွားခဲ့ကာ အာကာသဟင်းလင်းပြင်ပင် ပုံပျက်သွားရသည်။

ဝေါ...ဝုန်းဝုန်း. ဟုန်း .

စန်းယွဲ့မြို့၏ ကောင်းကင်ထက်တွင် နေမင်းကြီးက တောက်ပစွာထွန်း လင်းနေ၏။

ရထားလုံးတစ်ခုက လမ်းမများထက်တွင် တစ်ဟုန်ထိုး ဖြတ်သန်းသွားပြီး မြေကြီးများပင် အရှိန်အဟုန်ကြောင့် တုန်ခါသွားသည်။

လမ်းမပေါ်ရှိလမ်းသွားလမ်းလာများက အလျှင်​အမြန်ပင် နောက်သို့ဆုတ်ခွာလိုက်ရကာ ရထားလုံးအား ကျိန်ဆဲလိုက်ကြသည်။

သို့သော် ရထားလုံးပေါ်ရှိ အဆင်တန်ဆာများအား သတိထားမိ​လိုက်ချိန်တွင် ၎င်းတို့၏ အမူအယာများမှာ ချက်ခြင်းပြောင်းလဲသွားခဲ့ပြီး တိတ်ဆိတ်သွားခဲ့ သည်။

ဖယ်ကြစမ်း..မင်းတို့အားလုံး..ဘေးကိုဖယ်ကြစမ်း..

မင်းတို့မဖယ်ဘူးဆိုရင်..မင်းတို့အတွက် ထိုက်တန်တဲ့ အရာက..သေခြင်းတရားပဲ...

ရထားလုံး၏ ရှေ့တွင် ရှိသော မောင်းနှင်သူက မြင်းကျာပွတ်ကို ဝေ့ယမ်းကာ ဟိန်းဟောက်ပြောဆိုနေသည်။

သူ၏ ထိန်းမနိုင်သိမ်းမရ အထက်စီးဆန်သော ဟန်ကို ကြည့်ခြင်းအားဖြင့် သူ၏ရှေ့တွင် ရှိနေသော အရပ်သားများ၏ အသက်တို့ကား သူမျက်လုံးနှင့် ကြည့်ရန်ပင် ထိုက်တန်မှုရှိပုံမရဟု ထင်ရသည်။

အမှန်ပါပဲ...

ရထားလုံးပေါ်တွင် ရှိနေသော ဂုဏ်သိက္ခါကြီးမားသည့် အရှင်သခင်နှင့် နှိုင်းယှဥ်ပါက သူတို့၏ အသက်များမှာ ဘာမှမဟုတ်ပေ။

အထဲတွင် ရှိနေသော အရှင်သခင်၏ အချ်ိန်နှင့် အရေးကြီးကိစ္စများအား နှောင့်နှေး ကြန့်ကြာစေပါက

သူတို့ဦးခေါင်းများ ဆယ်ကြိမ် ပြုတ်ရမည်ဆိုလျှင်တောင် ထိုက်တန်မှုရှိမည်မဟုတ်ပါ။

ဖယ်ကြစမ်း..

ဖယ်ကြ...

ရထားလုံးသွားရာတစ်လျှောက် ရှိလမ်းသွားလမ်းလာများမှာ အထိန့်တလန့်ဖြင့် ပြေးလွှားကြရသည်။

ထိုသူများကြားထဲတွင် နွမ်းပါးသော အဝတ်တို့အား ဝတ်ဆင်ထားသော ငယ်ရွယ်သည့် မောင်နှစ်မ နှစ်ဦး ရှိနေသည်။

ကိုကြီး...ဘာဖြစ်လို့လဲဟင်..

ရထားလုံးလာနေပြီ..

ငါတို့ပြေးမှ ရမယ်...

ကလေးမလေးက ငါးနှစ်ခြောက်နှစ် အရွယ်ခန့်လောက်ရှိပုံရပြီး သူ၏ နူးညံ့သော မျက်နှာထက်တွင် စိုးရိမ်မှုတို့ကို အထင်းသားတွေ့နေရသည်။

သူက သူ၏ဘေးတွင် ရှိနေသော ဆယ့်လေးဆယ့်ငါး နှစ်အရွယ် ကောင်လေး၏ လက်မောင်းကို ကိုင်ကာ အဆက်မပြတ် လှုပ်ခါလျှက် တစ်ရှုံ့ ရှုံ့ငိုကြွေးနေသည်။

သို့သော်လည်း ထိုသူငယ်မှာ သရဲဝင်စီးနေပုံရသကဲ့သို့ ဖြစ်နေ၏။

သူသည် မလှုပ် မယှက် ရပ်၍နေခဲ့ပြီး သူမျက်နှာမှာ ကွက်ခနဲ တစ်ချက်​ပျက်သွားသည်။

မူလက လူစုလူဝေးဖြစ်နေသော လမ်းသွား လမ်းလာများမှာ ပျောက်ကွယ်သွားကြပြီး မူလက လူစည်ကားခဲ့သော လမ်းမက ရုတ်တရက် ရှင်းလင်းသွားခဲ့ကာ လမ်းမထက်တွင် ထိုမောင်နှမနှစ်ဦးတည်းသာ ကျန်ရစ်နေခဲ့သည်။

ထွက်သွားစမ်း..

သူတောင်းစားလေး နှစ်ကောင်..မြန်မြန်ထွက်သွား ကြစမ်း...

ရထားလုံးက မောင်နှစ်မနှစ်ယောက်နှင့် နီးကပ်လာသော်လည်း ရထားထိန်းကတော့ ရထားကို ရပ်တန့်ပေးမည့်ပုံ မပေါ်ပေ။

ထိုအစား သူက သူ၏ မြင်းနက်အား ကျာပွတ်ကို ဝေ့ယမ်း၍ ရိုက်လိုက်ကာ အရှိန်ကိုမြှင့်လိုက်သည်။

ထိုအချိန်တွင် လူအများအပြားမှာ ထိန့်လန့်တုန်လှုပ်သွာပြီး ဖြူ​ဖတ်ဖြူရော်ပင်ဖြစ်ကုန်သည်။

သူတို့သည် သွေးထွက်သံယိုမြင်ကွင်းအား မကြည့်နိုင်သောကြောင့် သူတို့၏ မျက်လုံးအား လက်ဖြင့်​ကာလိုက်ကြသည်။

ကိုကြီး...

ကိုကြီး...

မလုပ်ပါနဲ့...

ကိုကြီးရေ ..

ကိုကြီး...

ကလေးမလေးမှာ ကြောက်စိတ်ကြောင့် ဖြူဖျော့ သွားပြီး စတင်ငိုယိုတော့သည်။

သူမ၏ မသိစိတ်က ကောင်လေးအားပွေ့ဖက်စေလိုက်ပြီး ကောင်လေး၏ ရင်ဘက်နှင့် သူ၏ မျက်နှာအား အပ်ထားလိုက်သည်။

မြင်းနက်ကြီးနှင့် မောင်နှမနှစ်ယောက်မှာ တိုက်မိတော့မည်ဖြစ်ပြီး ရထားထိန်၏ မျက်နှာထက်တွင် ရက်စက်သော အသွင် သဏ္ဍာန်က ထွက်ပေါ်လာသည်။

အား....

ထိုအချိန်တွင် မှင်တက်နေသော လူငယ်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်သည်။

ဟီး ......

ကောင်လေး အော်ဟစ်လိုက်သည်နှင့် မောင်နှမနှစ်ယောက်နှင့် တိုက်မိတော့မ​ည်ဖြစ်သော မြင်းနက်ကြီးသည် ရုတ်တရက် ဆွဲဆွဲငင်ငင်အော်ဟစ်လိုက်သည်။

မြင်းကြီးသည် ထပ်ရပ်လိုက်က သူ၏ ခွာများကို လှိမ့်လိုက်သည်။

ထို့နောက်ချက်ခြင်း ပြင်းထန်စွာ​ဆောင့်ချလိုက်ကာ ပြေးနေရာမှ သူကိုယ်သူ ရပ်တန့်လိုက်သည်။

ထိုအချိန်တွင် မောင်နှစ်မနှစ်ယောက်နှင့် သူ၏ ကြားရှိ

အကွာအဝေးမှာ စင်တီမီတာမျှသာရှိသည်။

လမ်းနှစ်ဖက်လုံးတွင် ရှိနေသော သူများက အန္တရာယ်ရှိသော အခြေအနေကိုမြင်လိုက်ရသောကြောင့် သူတို့၏ နှလုံးသားများပင် လည်ချောင်းဝ၌ လာရောက်တစ်ဆို့နေသကဲ့သို့ ခံစားရ၏။

ဒါက .....

ငါ...ပြန်လည်မွေးဖွားလာခဲ့တာပဲ...

လူ​ငယ်လေး၏ မျက်နှာအမူအယာမှာ ငေးကြောင်ကြောင်ပုံစံဖြစ်နေပြီး မှတ်တက်စွာဖြင့် နောက်ဆုတ်လိုက်သည်။

ထို့နောက်သူသည် ရွှင်လန်းတက်ကြွမှု အပြည့်ဖြစ်သွားသည်။

သူ၏ နှလုံးသားထဲမှ ရယ်မောသံများက ပေါက်ကွဲထွက်လာသည်။

ဟားဟားဟား...ကိုးပါးဧကရာဇ် ငါပြန်ရောက်လာပြီကွ..

အဲ့အမှို​က် သိုင်းဧကရာဇ်တွေ မန်ခူအပျက်အစီး​နယ်မြေက ရလာခဲ့တဲ့ အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်ကို ထောက်လှမ်းနေကြပြီး ငါ့ကိုသတ်ဖို့အတွက် ကောင်းကင်ဘုံတုန်လှုပ် သတ်ဖြတ်ခြင်းအစီအရင်ကိုတောင် ပူးပေါင်း ပြင်ဆင်ခဲ့ကြတယ်...

ငါ့ရဲ့ဝိညာဥ်က အစအနတောင်မကျန်အောင် ကွဲထွက် သွားခဲ့သင့်တာ အခုလိုမျိုး တကယ်ပြန်ဝင်စားပြီး အသစ်တဖန်မွေးဖွားလာရမယ်လို့တော့ ငါတစ်ခါမှမထင်ထားခဲ့ဘူး.

သူ၏မူလ မှတ်ဥာဏ်များနှင့် လူငယ်လေး၏ မရေတွက်နိုင် သော မှတ်ဥာဏ်များက သူ၏ စ်ိတ်ထဲတွင် ပေါ်လာခဲ့သည်။

ဒီဘဝကသူ၏မည်က ရှစ်ဖုန့်ဖြစ်ပြီး အသက်မှာ ဆယ့်ငါးနှစ်ဖြစ်သည်။

ရှစ်ဖုန့်က သူ၏ လက်မောင်းအတွင်း၌ ရှိနေသော ကလေးမ၏ ကျောအား ခက်ဖွဖွ လေးပုတ်လိုက်သည်။

ဤ အခိုက်အတန့်တွင် ကလေးမလေးမှာ ကြောက်လန့်တုန်ရီနေသော သမင်တစ်ကောင်နှင့်တူပြီး သူ့အားတင်းကျပ်စွာဖက်ကာ မျက်နှာကို သူ၏ ရင်ဘက်နှင့်အပ်ထား၏။

သူမခန္ဓာကိုယ်၏ တုန်လှုပ်မှုနှင့် တုန်ခါသံကို ပင် သူရှင်းရှင်းလင်းလင်းကြားနိုင်သည်။

ဤမိန်းကလေးမှာ ဤဘဝ၌ သူ၏ တစ်ဦးတည်းသော ညီမလေးဖြစ်သည်။

သူမ၏ နမည်မှာ ရှစ်လင်ဖြစ်ပြီး အသက်က ခုနှစ်နှစ်ဖြစ်သည်။

လင်အာ မကြောက်ပါနဲ့...

အကိုသာရှိရင် ဒီပတ်ဝန်းကျင်မှာ ညီမလေးကို ထပ်ပြီး

အနိုင်ကျင့်ရဲတဲ့သူ မရှိတော့ပါဘူး..

ရှစ်ဖုန့်က နားနားကပ်ပြီး ညင်သာစွာ ပြောလိုက်သည်။

ရုတ်တရက်သူ့အမူအယာက အေးစက်သွားခဲ့ပြီး သူ၏မျက်လုံး၌ လင်းလက်သော အလင်းတစ်ချက် လက်သွားခဲ့ကာ သူ၏ ခေါင်းအားမော့လိုက်သည်။

သူတောင်းစားလေး..သေစမ်း..

မြင်း​မောင်းသမားက ရထားလုံးပေါ်တွင် ထိုင်မြဲအတိုင်း ထိုင်ကာ မောင်နှမနှစ်ယောက်အား ကြာပွတ်ဖြင့် ရိုက်လိုက်သည်။

ကျာပွတ်က ပြိုဆင်းလာပြီး လေထုအား ထိုးခွင်း၍ ဖြစ်ပေါ်လာသော အသံများပင်ထွက်ပေါ်နေသည်။

ထိုအရာသည်သာ လူတစ်ယောက်၏ အသားပေါ်သို့ ကျရောက်ပါက သေချာပေါက် စုတ်ပြတ်သတ်သွားမည်ဖြစ်သည်။

ခင်ဗျားက...သေခြင်းကို..ရင်ဆိုင်​ချင်နေတာလား...

ရှစ်ဖုန့် တစ်ယောက် ဒေါသထွက်သွားပြီး အော်ပြောလိုက်သည်။

သူသည်ကလေးမအား ညာခြေဖြင့်မကာ မြေပြင်ကို ဆောင့်နင်းလိုက်သည်။

သူတို့နှစ်ဦးသည် နောက်သို့ မီတာဝက်လောက် ခုန်ဆုတ်လို​က်ပြီး ကျာပွတ်တိုက်ခိုက်မှုအား လွတ်ရုံလေး ရှောင်လိုက်နိုင်သည်။

သို့သော် သူ၏ ခြေဖဝါးတို့ မြေပြင်နှင့်ထိမိသည်နှင့် ရှစ်ဖုန့်မှာ နောက်သို့ ထပ်မံဆုတ်လိုက်ရသည်။

တစ်မီတာအကွာလောက် ရောက်မှသာ သူရပ်တန့်နိုင်ခဲ့သည်။

လက်ရှိသူ၏ ခန္ဓာကိုယ်အား ဂရုတစိုက်ကြ​ည့် ရှုလိုက်ပြီးနောက်တွင် ရှစ်ဖုန့်တစ်ယောက် နှလုံးသားထဲမှ ကူကယ်ရာမဲ့ခံစားချက်ကို ခံစားလိုက်ရ၏။

သူကျိတ်၍ ညည်းတွားလိုက်သည်။

ဒီခန္ဓာကိုယ်က..အရမ်းအားနည်းလွန်းတယ်..

သူ၏ အရင်ဘဝ၌ ကြီးမြတ်သော ငရဲဘုံက်ိုးခုဧကရာဇ်၏ ငရဲဘုံကိုးခုခန္ဓာသည် ဘယ် နည်းစနစ်ပညာရပ်ကိုမဆို လုံခြုံစွာ ခုခံနိုင်သည်။

ခြေဆောင့်ချက်တစ်ချက်ဖြင့်ပင် မြေငလျှင်တွေလှုပ်ခတ်ပြီး တောင်တန်းတွေပြိုကျလိမ့်မည်ဖြစ်သည်။

မည်သည့်သိုင်းပညာရပ်ကိုမျှ လေ့ကျင့်ထားခြင်း မရှိသော လက်ရှိခန္ဓာကိုယ်နှင့် မည်ကဲ့သို့ နှိုင်းယှဥ်၍ ရပါမည်နည်း။

ဒီသူတောင်းစားလေးနှစ်ယောက်က တကယ်ကိုရဲတင်းပါလား..သူတို့တွေတကယ်ကို ရှောင်ဝံ့တယ်ပေါ့..

ရထားထိန်းက သူ၏ ကျာပွတ်မရိုက်မိသည်ကို မြင်လိုက်ရသောအခါ ချက်ခြင်းဒေါသထွက်သွားသည်။

ဟမ့်..

ရုတ်တရက် ရထားလုံးဆီမှ ပျော်ရွှင်မှုကင်းမဲ့သော နှာမှုတ်သံတစ်ချက်ထွက်လာသည်။

ကန့်လန့်ကာကိုပင့်တင်လိုက်ပြီးနောက် အဖြူရောင် ဝတ်ရုံကိုဝတ်ဆင်ထားသော လူငယ်တစ်ယောက်ထွက်လာခဲ့သည်။

ကြည့်စမ်း..ကြည့်စမ်း

သူရဲ့ညာဘက်ပုခုံးပေါ်က အမှတ်တံဆိပ်ကို ကြည့်လိုက်....

ဒါက...တကယ့်ကိုအဆင့်နှစ် မန္တရားသန့်စင်သူ တစ်ယောက်ပဲ ...

သူကတကယ့်ကို မန္တရားသန့်စင်သူဆရာသခင်တစ်ဦးပဲ...

ဟိုင်ကလန်က တကယ့်ကို အဆင့်နှစ် မန္တရားသန့်စင်သူ တစ်ဦးကိုဖိတ်ခေါ်ထားတာပဲဟ...

ကောင်းကင်ဘုံရေ...ဒါကတကယ့်ကိုအမှန်ပဲဟ..

နည်းစနစ်သန့်စင်သူဆရာသခင် အဂ္ဂရိတ်သန့်စင်သူဆရာသခင်များမှာ ထျန်းဟမ် တိုက်ကြီးတွင် ထူးကဲသော အထွဋ်အထိပ်အဆင့် ရှိသူများဖြစ်ကြသည်။

ထျန်းဟမ် တိုက်ကြီးသည် သိုင်းပညာ ခွန်အားကို အားပေးထောက်ခံသော ကမ္ဘာဖြစ်သည်။

ခွန်အားကြီးသူတို့မှာ လေးစားခံရပြီး မရေတွက်နိုင်သော သိုင်းပညာရှင်ပေါင်းများစွာလည်း ရှိခဲ့သည်။

သိုင်းပညာရှင်များ အသုံးပြုခဲ့သော အလွန်နက်ရှိုင်းသည့် ရှေးဟောင်းပစ္စည်းများနှင့် သူတို့အသုံးပြုကြသော အံ့ဖွယ်ဆေးလုံးများကို သန့်စင်သူများက သန့်စင်ပေးကြခြင်းဖြစ်သည်။

သန့်စင်သူတို့၏ အဆင့်အတန်း​က မြင့်မြတ်ပြီး အံ့ချီးဖွယ်ဖြစ်သည်ဟုပင် စိတ်ကူးနိုင်ပေသည်။

မန္တရားသန့်စင်သူ တစ်ယောက်ဖြစ်လာရန် တာအ်ိုကို သန့်စင်ရသည်သာမက သာလွန်သောပါရမီစွမ်းရည်နှင့် နားလည်သဘောပေါက်နိုင်စွမ်းကိုပင် လိုအပ်သည်မဟုတ်ပဲ အံ့ဖွယ်ဝိညာဥ်စွမ်းအားနှင့် ဝိညာဥ်အာရုံခံနိုင်မှုကိုလိုအပ်သည်။

ယေဘုယျအားဖြင့် ယင်းသည် သာမန်လူများ ဝင်​ရောက်ခြင်းငှာတက်နိုင်စွမ်း မရှိသော မြင့်မားသည့် အတိုင်းအတာပမဏာတစ်ခုဖြစ်သည်။

ရှစ်ဖုန့်နေထိုင်ခဲ့သော မိုးပြာရောင်လမြို့တွင် အဂ္ဂရိတ်ပညာရှင်အနည်းငယ်ရှိသော်လည်း သူတို့၏ အမြင့်ဆုံးအဆင့်မှာ ပထမအဆင့်ဖြစ်သည်။

ထို့အပြင် သူတို့အား စွမ်းအားကြီးမားသော ဘိုးဘေးဘီဘင်များကဲ့သို့ ဆက်ဆံရပြီး ၎င်းတို့အား နက်နဲသိမ်မွေ့သော ရှေးပစ္စည်းများနှင့် ဆေးလုံးများကို သန့်စင်ပေးရန်အတွက် နှိိမ့်ချစွာတောင်းပန်ပြောဆိုရသည်။

လောလောဆယ် မိုးပြာရောင်လမြို့၏ ဂိုဏ်ကြီးလေးဂိုဏ်းတွင် တစ်ခုအပါအဝင်ဖြစ်သော ဟိုင်ကလန်က မြို့တစ်ခုလုံးရုတ်ရုတ်သဲသဲဖြစ်အောင် အဆင့်နှစ် သန့်စင်သူကို ​ဖိတ်ခေါ်နိုင်ခဲ့သည်။

အို.

ဒေါသထွက်နေ​သော မြင်းထိန်းသည် ရုတ်တရက် သူ၏ နောက်မှ အေးစက်သော နှာမှုတ်သံကို ကြားလိုက်ရပြီး သူ့ ခန္ဓကိုယ်တစ်ခုလုံး ကြောက်လန့်မှုကြောင့် တုန်ရီသွားခဲ့သည်။

သူသည် လျှင်မြန်စွာမြင်းပေါ်ကဆင်း၍ ခေါင်းကိုငုံ့ကာ ထိုလူ၏ နောက်ဘက်တွင် လေးစားစွာ ရပ်နေသည်။

အရှင်သခင် မင်အန်း..

မန္တရားသန့်စင်သူ မင်အန်း၏ မျက်နှာမှာ စိတ်မချမ်းသာမှုကြောင့် မအီမသာဖြစ်နေပြီး သူ၏ မျက်လုံးတို့တွင်သတ်ချင်ဖြတ်ချင်သော ရည်ရွယ်ချက်တို့ပြည့်နှက်နေသည်။

သူကအေးစက်စွာ အော်လိုက်သည်။

ခွေးကျွန်ကောင်...ဘာတွေဖြစ်နေလဲ အတိအကျပြောစမ်း..

ရထားလုံးလေးတစ်စီးကိုတောင် ကောင်းကောင်း မမောင်းနိုင်ဘူး

မင်းရဲ့ခွေးမျက်လုံးလေးတွေကို ဖွင့်ပြီးဒီကိုကြည့်..

မင်အန်းက ပြောဆိုရင်း သူ၏ အမျ်ိုးသမီးတစ်ဦးကဲ့သို့ သွယ်လျပျော့ပြောင်းသော လက်ကို ဆန့်ထုတ်လိုက်သည်။

ထိုအချင်းအရာကို မြင်လိုက်ရသော အခါတွင် မြင်းထိန်း၏ သူငယ်အ်ိမ်များပင် ရုတ်တရက် တင်းကျပ်၍ သွားပြီး ကြောက်စိတ်ကြောင့် တုန်လှုပ်ခြောက်ချားစွာဖြင့် မြေပြင်ပေါ်သို့ ဒူး​ထောက်ချလိုက်သည်။

ကျေးဇူးပြုပီး ခွင့်လွှတ်ပါ ... ခွင့်လွှတ်ပေးပါ..ကျေးဇူးပြုပီး..ကျေးဇူးပြုပီး .ခွင့်လွှတ်ပေးပါ...

ဒီနိမ့်ကျလှတဲ့ သူက ..သေဖို့ထိုက်တန်လှပါတယ် .

ဒီနိမ့်ကျတဲ့သူက ...သေဖို့ကိုထိိုက်တန်ပါတယ်

မင်အန်း၏ လက်ချောင်းဆီမှ ပေါက်ကွဲသံအသေးစားလေး ထွက်ပေါ်လာသည်။

ဟမျ့.....

မင်အန်းက အေးစက်စွာ နှာတစ်ချက် မှုတ်လိုက်ပြီး..

ဟိုင်ကလန်ကို ငါတို့ရောက်တဲ့အခါကျရင် မင်းကို အရှင်လတ်လတ် အရေခွံဆုတ် ပစ်ဖို့ မင်းရဲ့ကလန်ကို တောင်းဆိုရမယ် ...

အာ..မလုပ်ပါနဲ့အရှင်...

ကျေးဇူးပြုပီး ခွင့်လွှတ်ပေးပါ ...ကျေးဇူးပြုပီး..ခွင့်လွှတ်ပေးပါ...

ရထားထိန်းက သူ၏ခေါင်းအား မြေကြီးနှင့် တိုက်ကာ အဆက်မပြတ် တောင်းပန်ရင်းတောင်းပန်နေသည်။

သူ၏ နဖူးထက်​တွင် မြေပြင်နှင့် ဆောင့် ရလွန်း​သောကြောင့် သွေးများပင်ထွက်နေ၏။

သူသည် ရုတ်တရက် တစ်စုံတစ်ခုအား ​တွေးမိသွားကာ သူ၏ ခေါင်းအားမော့လိုက်ပြီး ရထားလုံး၏ ရှေ့သို့ ညွှန်ပြလိုက်သည်။

အရှင်ဒါက...ဒီသူတောင်းစားလေး နှစ်ကောင်ကြောင့်ပါ...

သူတို့က မျက်စိကန်းပြီးတော့ ..အရှင့်ရဲ့လမ်းကို ပိတ်ဆို့ထားကြတဲ့သူတွေပါ...

ဒါကြောင့် ရထားလုံးက ရုတ်တရက် ရပ်တန့်သွားခဲ့ရတာပါ...

ညီငယ်လေး..မင်းတို့တွေမြန်မြန် ထွက်ပြေး သင့်တယ်..

မင်းတို့ရဲ့ အသက်တွေ မဆုံးရှုံးရအောင် သတိထားပါ

သူတို့က မင်းတို့တွေ စော်ကားလို့ရတဲ့သူတွေ မဟုတ်ဖူး...

အခြေအနေကို အစအဆုံး ကြည့်နေသော သက်လတ်ပိုင်း အရွယ် လူတစ်ယော​က်က အခြေအနေမဟန်လှကြောင်းကို သိသောကြောင့် ရှစ်ဖုန့်တို့အား အလျှင်အမြန် သတိပေးလိုက်သည်။

သူစကားပြောပီးပီးချင်းပဲ သူ၏ အဖော်တစ်ယော​က်က သူ့အား ဘေးသို့​ဆွဲခေါ်လိုက်ပြီး

ဟေးမင်းဘာလို့ သူများ​ကိစ္စကြားထဲကို ဝင်ပါချင်ရတာလဲ..

မင်းထပ်ပြီးတော့ အသက်မရှင်ချင်တော့ဘူးလား...

ဘယ်လို​ဖြစ်ပီးတော့..ဒီလိုမျိုး ဝင်စွတ်ဖတ်ရဲရတာလဲ..

မင်းတစ်မိသားစုလုံးရဲ့ အသက်တွေ မဆုံးရှုံးရအောင်သာ ဂရုစိုက်စမ်းပါဟ..

သက်လတ်ပိုင်းလူက ထိုသို့ကြားလိုက်ရသောအခါတွင် သူတစ်ခုခုကို ​ပြောချင်နေသော်လည်း ထိုသူတို့၏ ပုံရိပ်နှင့် သူ၏ မိဘ၊ဇနီး၊ သားသမီး တို့အကြောင်းအား စဥ်းစားမိလိုက်သော အခါတွင် ခိုကိုးရာမဲ့စွာဖြင့် သက်ပြင်းချရုံသာ တက်နိုင်ခဲ့သည်။

ပတ်ဝန်းကျင်ရှိလူတို့ ပြောနေသောစကားများ သူ၏ ရှေ့တွင်ဖြစ်ပျက်နေသော အရာများအပြင် ရှစ်ဖုန့်၌ နားမျက်စိတို့ အကောင်းတိုင်း ရှိနေပါသေးသည်။

ရှစ်ဖုန့်သည် ရှစ်လင်အား ဖက်ထားရာမှ ညင်သာစွာ လွှတ်ပေးလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့် ဆီမှ မထီမဲ့မြင်ပြုသော လှောင်ပြုံးတစ်ချက် ထွက်ပေါ်လာသည်။

သူသည် ကျယ်လောင်သော အသံဖြင့် ဖြည်း​ညှင်းစွာ ပြောလိုက်သည်။

အဆင့်နှစ် သန့်စင်ပညာရှင်တဲ့..

ဘယ်လိုသောက်တလွဲ ဟာမျိုးလဲဟ..

ဒါကအရမ်းပဲ သောက်ချီးထုပ် ကျတဲ့ကောင် မဟုတ်ဖူးလား..

ရှူးး....

ရုတ်ချည်း လမ်း၏ ဘေးနှစ်ဖက်လုံးဆီမှ သက်ပြင်းချသော အသံလှိုင်းများထွက်ပေါ်လာသည်။

အားလုံးမှာ တုန်လှုပ်စွာဖြင့် မျက်လုံးများပင် ပြူးသွားကြသည်။

ထိုမတိုင်ခင် အသံ စကားလုံးများမှာ တော်တော်လေး အစစ်အမှန်မဟုတ်ဟု ခံစားရသည်။

လူတိုင်းမှာ သူတို့ကိုယ်သူတို့ အိမ်မက်မက်နေကြသည်ဟုပင် သံသယ ရှိနေသည်။

ရှစ်ဖုန့်က စကားပြောဆိုပြီးနောက် ဖြည်းဖြည်းချင်း ရှေ့သို့ တက်လှမ်းလာခဲ့သည်။

ရုတ်တရက် လက်တစ်စုံက သူ၏ လက်ကောက်ဝတ်အား ဆွဲကိုင်လိုက်သည်။

ကိုကြီး..အိမ်ပြန်ကြရအောင်..

သမီးကြောက်တယ်...

သူမ၏ နူးညံ့ပြီး အားနည်းသော မျက်နှာ အရည်လဲ့နေသော မျက်လုံးဝိုင်းဝိုင်းကြီးများအား ရှစ်ဖုန့်ကြည့်လိုက်ပီးနောက် သူမအား ကြင်နာစွာ ပွေ့ဖက်လိုက်သည်။

သူကညင်သာစွာပြောလိုက်သည်။

လင်အာက လိမ္မာတယ်နော်..

ဒီနေရာကနေ ဘယ်ကိုမှ​ပြေးမသွားနဲ့ ဒီမှာနေ ..

ဒီကိုကြီးက မကြာခင် ညီမလေးကို အ်ိမ်ကို ပြန်ခေါ်သွားပေးမယ်...

ရှစ်ဖုန့်ကစကားပြောပြီးနောက် သူ၏လက်အား ရှစ်လင်၏ နူးညံ့သော လက်များကြားမှ ညင်သာစွာဆွဲထုတ်လိုက်သည်။

ဆက်ရန်......

ဘာသာပြန်သူ-Arise

All Chapters