အပိုင်း(၂)
Vol. 1 Ch. 2
ယခင် ဧကရာဇ် ကျိုးယိုသည် ထျန်းဟမ် တိုက်ကြီးတစ်ခုလုံးပေါ်တွင် အထွဋ်အထိပ်အဖြစ် တည်ရှိခဲ့သည်။
အတွေးတစ်ချက်ဖြင့်ပင် လူသန်းပေါင်းများစွာ၏ အသက်တို့ကို ထိန်းချုပ်နိုင်ခဲ့သည်။
သူ၏ ရှေ့တွင် ရှိနေသော အဆင့်နှစ် မန္တရားသန့်စင်သူ ကို ထည့်မပြောနှင့် ထျန်းဟမ် တိုက်ကြီးတစ်ခုလုံးတွင် ယခုချိန်ထိတိုင်အောင် မန္တရား သန့်စင်မှု ဆရာသခင် အမြင့်ဆုံးအဆင့်ဖြစ်သည်ဟု ဆိုနိုင်သော အဆင့်ရှစ် မန္တရားသန့်စင်သူ ဆရာသခင် ဖြစ်နေလျှင်ပင် သူသည်သူတို့ထဲမှ ငါးဦးအား သတ်ပစ်ခဲ့ဖူးသည်။
ထျန်းဟမ် တိုက်ကြီးပေါ်တွင် သိုင်းလောက အဆင့်က်ိုးဆင့်ရှိသည်။ယင်းတို့မှာ...
သိုင်း စစ်သည်တော်...
သိုင်း ဆရာသခင်....
သိုင်း စိတ်ဝိညာဥ်...
သိုင်း ဘုရင် ...
သိုင်း အင်ပါယာ ...
သိုင်း ဘိုးဘေး ....
သိုင်း သူတော်စင် ...
သိုင်း သူတော်စင်ကြီး....
သ်ိုင်း ဧကရာဇ်တို့ဖြစ်ကြသည်။
(မှတ်ချက်-E subအရာ ထပ်နေတာတွေပါလို့အဆင်ပြေသလိုလေးထည့်ပြန်ထားပါတယ် နောက်ပိုင်းအပိုင်းတွေမှာ E subမှာ သိုင်းအဆင့်နမည်တွေ ပြောင်းလျှင် လိုက်ပြောင်းမည်ဖြစ်ပါကြောင်း ကြိုအသိပေးပါတယ်ဗျ)
သန့်စင်ပညာရှင် အဆင့်မှာလည်း အဆင့်တစ်မှ ကိုးအထိရှိပြီး အဆင့်ကိုး ဧကရာဇ်အဆင့် သန့်စင်ပညာရှင်များက်ိုမူ ရှေးခေတ် ဒဏ္ဍာရီများ၌သာ တွေရသည်။
လမ်းမကြီး၏ ဘေးနှစ်ဖက်နှစ်ချပ်လုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။
ဒီ...ဒီကောင်လေးကကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးမားကျယ်ပြန့်မှုကို အမှန်တကယ် နားမလည်ဘူးပဲ...
ဟူး...အခုတော့သူ့ကိုတစ်ယောက်မှ မကယ်တင်နိုင်တော့ဘူး...
သူပဲသေ သွားခဲ့ရင် အဆင်ပြေမှာဆိုပေမဲ့..သူမိသားစုတစ်ခုလုံးကတော့ သူနဲ့အတူ မြေမြှုပ်ခံရတော့မှာပဲ..
မင်း...မင်းကများ..အရှင်သခင် မင်အန်းကို စော်ကားရဲတယ်...
မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိနေဆဲ ဖြစ်သော ရထားထိန်းက ရှစ်ဖုန့်၏ စကားလုံးများအား ကြားလိုက်ရသောအခါတွင် ကျောချမ်းတုန်လှုပ်သွားရပြီး ချက်ခြင်းပင် သူ၏ နှလုံသားထဲမှာ ပျော်ရွင်မှု လှိုင်းလုံးတို့ တလိပ်လိပ် တက်လာခဲ့သည်။
သူသည် ဆရာမင်အန်းအား စော်ကားမိသောကြောင့်
ခွင့်လွှတ်ပေးရန် အကြိမ်ကြိမ်တောင်းပန်ခဲ့ရသည်။
အခု ဤ မိုက်မဲလှသော သူတောင်းစားလေးက သူ့အား ရွေးချယ်ခွင့်ပင် မပြုဘဲ မင်အန်း၏ အမုန်းတရားတို့ကို ဆွဲယူသွားလေသည်။
ပိုပြီးနက်မှောင်လာသော မင်အန်း၏ အမူအယာအား ခိုးကြည့်လိုက်ပြီး ရထားထိန်းသည် သူ၏ နှလုံးသားထဲရှိနတ်ဘုရားအား ကျ်ိန်ဆဲခံရသကဲ့ကို့ ဝမ်းနည်းပက်လက် မခံမရပ်နိုင်ဖြစ်သော အမူအယာဖြင့် အလျှင်အမြန်ပဲ ဒေါသတကြီးပြောဆိုလိုက်သည်။
သူ၏ လက်သီးများအား တင်းတင်းကြပ်ကြပ်ဆုတ်ထားကာ သူ၏ ခန္ဓာကိုယ်က ဒေါကသတရားတို့ကြောင့် တုန်ရီနေသည်။
ဆရာမင်အန်းရဲ့ အဆင့်အတန်းက မြင့်မားပြီး သူရဲ့အရည်အချင်းတွေက နှိုင်းယှဥ်လို့တောင် မရဘူးကွ
ဒီကမ္ဘာပေါ်မှာ သူ့ကိုမလေးစားတဲ့သူ ဆိုတာ မရှိဘူး..
သူဟာမင်းလို သူတောင်းစားမျ်ိုုးက စော်ကားလို့ ရတဲ့သူ မဟုတ်ဖူး...
သူက ရှေ့သို့ နီးကပ်စွာ လျှောက်လှမ်းလာသော ရှစ်ဖုန့်ကို စိုက်ကြည့်လိုက်သည်။
သူ့လက်ထဲရှိကျာပွတ်အား ဒေါသထွက်စွာဖြင့် ရှစ်ဖုန့်၏ ခေါင်းထက်သို့ ရိုက်ချလိုက်ပြန်သည်။
အာ...ဒါက...
ဟိုင်မိသားစုက မိုးပြာရောင်လ မြို့တော်တွင် သြဇာတိက္ကမကြီးမြတ်သော မိသားစုလေးခုထဲမှ တစ်ခု အဖြစ် ထိုက်တန်ပေသည်။
ရထားထိန်းသမား တစ်ဦးကပင် သိုင်းသမား ဖြစ်နေ၏။
ကြယ်နှစ်ပွင့် သိုင်းလက်သင်အဆင့် ..
သိုင်းလက်သင််များကို သိုင်းအလုပ်သင်များဟုသာ ခေါ်နိုင်သည်။
ဤ သာမန်အရပ်သားများကတော့ သူ့အား သိုင်းသမား အဖြစ် ပြောကြမည်ဖြစ်သည်။
စစ်မှန်သော သိုင်းသမားတို့၏ မျက်လုံးထဲတွင်မူ ၎င်းတို့က ထည့်စဥ်းစားရန်ပင် ထိုက်တန်မှု မရှိပေ။
ရထားထိန်း၏ ခန္ဓာကိုယ်အား လှုပ်ရှားလိုက်ပြီး ရောင်ဝါကို ထုတ်လွှတ်လိုက်သောအခါတွင် လမ်းမပေါ်ရှိ လူအချို့၏ စကားသံများ ထွက်ပေါ်လာခဲ့သည်။
သူတို့စကားပြောပြီးပြီးချင်းပဲ လူတိုင်းက ရှစ်ဖုန့်၏ ကံတရားအား ဆုံးဖြတ်ပြီးကြပီ ဖြစ်၏။
သိုင်းလက်သင်များမှာ သိုင်းခရီးလမ်း၏ စဦးအဆင့်တွင်သာ ရှိသော်လည်း ကြယ်နှစ်ပွင့် သိုင်းလက်သင် တစ်ဦး၏ ခွန်အားအပြည့်အဝ အသုံးချတိုက်ခိုက်မှု၌ အင်အား ဂျင်နှစ်ရာ ရှိနေသေးသည်။
ထိုအရာက သာမန်လူတို့ ခံနိုင်ရည်မရှိသော အရာမျိုးဖြစ်သည်။
လူတိုင်းက မြင်းထိန်း၏ ရိုက်ချက်နှင့် ရှစ်ဖုန့်၏ ဦးခေါင်းထိလိုက်သော အခါတွင် ဖရဲသီးတစ်လုံးအားခွဲ
လိုက်သကဲ့သို့ အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး ဦးနှောက်အရည်တို့က သွေးတို့ဖြင့်ရောယှက်ကာ နေရာအနှံ့ပြန့်ကျဲသွားမည်ဟု ထင်မှတ်ထားပုံရ၏။
ရှစ်ဖုန့်တစ်ယောက်သာ အစမှအဆုံးထိ တည်ငြိမ်စွာဖြင့် ရှိနေခဲ့သည်။
သိုင်းလက်သင်တစ်ယောက်ကသာ သူ့အားသတ်နိုင်မည်ဆိုလျှင် သူ့လို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော သိုင်းသမားတစ်ယောက်အတွက် အချိန်များ ဖြုန်းတီးခဲ့သလို ဖြစ်မည်ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်အား အနည်းငယ်ရွေ့လျားလိုက်ကာ သူ့ကာယခန္ဓာကိုယ်၏ ခွန်အားအကုန်ကို သူ၏ ညာလက်တွင် စုစည်းလိုက်ပြီး ရှေ့သို့ထုတ်လိုက်သည်။
ရွှတ်...
အသံက ပြတင်းပေါက်အား ထိုးဖောက်လိုက်သကဲ့သို့ ဖြစ်သည်။
အားလုံး က.ရထားထိန်း၏ ကျာပွတ်မှာ ရှစ်ဖုန့်၏ ခေါင်းအား ရိုက်ခွဲရန် အနည်းငယ်သာ လိုတော့သည်ကို မြင်လိုက်ရသော အခါတွင် ထိန့်လန့်သွားကြသည်။
သို့သော် အကြောင်းပြချက် တစ်ချို့ကြောင့် ရှစ်ဖုန့်က သူ၏ ညာလက်ကိုမြှောက်ထားခဲ့ပြီး သူ၏ လှုပ်ရှားမှုတို့က အရမ်းနှေးကွေးသည်ဟုထင်ရသော်လည်း ရထားထိန်း၏ ကျာပွတ်နှင့် သူ့အား မရိုက်မိခင်တွင် ရထားထိန်း၏ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
သူ၏ ညာလက်ညှိုးဖြင့် ရထားထိန်း၏ လည်ချောင်းကို ထိုးလိုက်ကာ ဖောက်ဝင်သွားသည်။
သူ တမင်တကာ အလွယ်တကူ လုပ်နိုင်ခဲ့ခြင်းလား..
သို့သော်ဒါက ဖြစ်နိုင်ချေမရှိပေ။
ဘယ်လိုလူမျိုးက သူ၏ အသက်ကိုရင်းကာ ဤကဲ့သို့ လုပ်နိုင်ပါမည်နည်း။
သာမန်လူငယ်လေးတစ်ဦးက ကြယ်နှစ်ပွင့် သိုင်းလက်သင်တစ်ဦးအား သူ၏ လက်ညှိုးဖြင့် သတ်ပစ်ခဲ့သည်။
ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ...
ပို၍ လက်မခံနိုင်စရာ ကောင်းသော အချက်ကား ဤ
ရထားထိန်းသည် ဟိုင်ကလန်မှဖြစ်သည်။
သူ၏ လက်ထဲတွင် ဝေ့ယမ်းနေသော ကျာပွတ်က လေထဲတွင် တန့်သွားခဲ့၏။
သူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး သူငယ်အိမ်ထဲမှ ထွက်ကျတော့မည်ဟုပင် ထင်ရသည်။
သူ၏ မျက်နှာကား တုန်လှုပ်မှု ၊ ခြောက်ခြားမှု၊ မလိုလားမှု၊ ဒေါသထွက်မှု၊ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ဒ.ဒါ.ဒါက..မ..မဟုတ်..ဖူး..
သူသည် ခွန်အားရှိသမျှ အသားကုန် အော်ဟစ်ပစ်လိုက်ချင်သော်လည်း သူ၏ ဆန္ဒအတိုင်း လုပ်ဆောင်နိုင်ခြင်း မရှိချေ။
မကြာခင် သူ၏ အသိစိတ်က ကင်းမဲ့သွားခဲ့သည်။
သူ၏ မျက်လုံးများမှာ ပြူးကျယ်စွာ ပွင့်နေဆဲ ဖြစ်ပြီး ခန္ဓာကိုယ်က နောက်သို့ကိုင်းညွှတ်သွားသည်။
ငရဲဘုံကိုးခု ပညာရပ်
ဖျက်ဆီးဝါးမြိုခြင်း....
ရှစ်ဖုန့်သည် သူ၏ လက်ထဲမှ နက်နဲသိမ်မွေ့သော လက်၏အမှတ်တံဆိပ်ပုံစံအား နှစ်လုံးသားထဲမှ ဟစ်ကြွေးခဲ့သည်။
ရထားထိန်းသေသွား သောအခါတွင် မှိန်ဖျသော သေခြင်းစွမ်းအင်တို့က စိမ့်ထွက်လာပြီး ငရဲဘုံကိုးခု ပညာရပ်ဖြင့် သူ၏ ခန္ဓာကိုယ်ထဲသို့ အလျှင် အမြန်စုပ်ယူလိုက်သည်။
ထျန်းဟမ်တိုက်ကြီးပေါ်ရှိ သိုင်း ကျင့်ကြံသူများတွင် များပြားလှသော ကျင့်ကြံနည်းစနစ်များ ရှိကြသည်။
သို့သော် သိုင်းသမား အများစုက ကောင်းကင်နှင့် မြေကြီးအား ဆက်သွယ်မှုပြုကြကာ ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရစွမ်းအင်ကို စုပ်ယူခြင်း သို့မဟုတ် ကောင်းကင်ဘုံရတနာများအား စုပ်ယူဝါးမြိုခြင်းများလုပ်ကြသည်။
အတုမရှိပါရမီရှင် ကြီးမြတ်သော ငရဲဘုံကိုးခုဧကရာဇ် သည် ငရဲဘုံကိုးခုပညာရပ်ဟူသော နည်းစနစ်ကို ဖန်တီးခဲ့သည်။
ထိုအရာက သေခြင်းစွမ်းအား ယင်စွမ်းအင် အပြင်
ဝိညာဥ်စွမ်းအားတို့ကိုပင် ဝါးမြိုနိုင်သည်။
နက်နဲသိမ်မွေ့ဆုံး ကဏ္ဍမှာ ဝိညာဥ်ဖြစ်သည်။
ဝိညာဥ်များကို လိပ်ပြာဟုလည်းခေါ်သည်။
လူတစ်ယောက်သေဆုံးသောအခါတွင် သူ၏ ဝိညာဥ်သည်လည်း ပျက်သုဥ်းမည်ဖြစ်သည်။
သို့သော် လူတစ်ချို့၌ စွမ်းအားကြီးသော ဝိညာဥ် သို့မဟုတ် ၎င်းတို့၏ ဝိညာဥ်များအား ရှင်သန်ခွင့်ပေးနိုင်သော အထူးဝိညာဥ်များ ရှိတတ်သည်။
သေခြင်းစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါတွင် သက်တောင့်သက်သာရှိလှသော နွေးထွေးသည့်ခံစားချက်တစ်ခု ခန္ဓာကိုယ်အနှံ့ဖြတ်သန်းသွားပြီး သူ၏ အသား၊ အရိုးများနှင့် ကျင့်လော(မရီဒီယမ်)များကို အားကောင်းလာစေသည်။
(မရီဒီယမ်-ကျင့်လောဆိုတာက တရုတ်ရိုးရာဆေးပညာရဲ့ အသက်စွမ်းအင် စီးဆင်းမှုလမ်းကြောင်း (ဝါ)
ချီစီးဆင်းမှု လမ်းကြောင်းကွန်ယက်စနစ်ဖြစ်ပါတယ်)
ရှစ်ဖုန့်၏ ခန္ဓာကိုယ်တစ်ခုလုံးက နွေးထွေးမှုတို့ ဖြင့် ပြည့်နှက်နေသည်။
ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတစ်ခု ဖျက်ကနဲ လက်သွားခဲ့သည်။
ဒီ..အဖြူရောင် အလင်းတန်းက...သူ...သူ..တကယ်ပဲ သိုင်းလက်သင်အဖြစ် အဆင့်တက်သွားပြီးတော့ သိုင်း သမားတစ်ယောက် ဖြစ်လာတယ်ပေါ့...
လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
ငါနားလည်ပြီ..
လူတစ်ယောက်က အော်လိုက်သည်။
ဒီလူငယ်လေးက ကျင့်ကြံနည်းစနစ်ကို ဘယ်ကနေ ရခဲ့မှန်းမသိပေမဲ့ သူကျင့်ကြံခဲ့တာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီ..
သူက သိုင်းလက်သင်အဆင့်ကို ရောက်လုနီးနီးဖြစ်နေပြီးတော့ အဲ့ကြယ်နှစ်ပွင့်သိုင်းလက်သင်ကလည်း သူ့အပေါ်မှာ တော်တော်လေး လျော့တွက်ထားခဲ့တယ်..
သူက ဒီကောင်လေးကို သာမန်လူလို့ထင်ပြီး အများကြီး အားထုတ်စရာ မလိုဘူးလို့ တွေးခဲ့တဲ့ပုံပဲ...
အဆုံးမှာတော့ လူငယ်လေးက အဲ့တာကို အခွင့်ကောင်း ယူသွားခဲ့တယ်...
ထိုလူပြောကြားပြီးသည်နှင့် ပတ်ဝန်းကျင်ရှိလူများသည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းငြိမ့်လိုက်ကြသည်။
သရော်သောအမူအယာဖြင့် လူတစ်ချို့လည်း ရှိနေသေးသည်။
ထို့သို့ဖြစ်မည်မှာ သိသာလွန်းလှသည်။ ထို့ကြောင့် အထူးတလယ် ထုတ်ပြောနေရန် မလိုပေ။
အထက်ပါစကားများက ရှစ်ဖုန့်၏ နားထဲသို့ အလိုအလျောက် ရောက်လာသည်။
သူသည် အနည်းငယ် ဖြည်းညှင်းစွာပြုံးလိုက်ပြီး ရထားလုံးရှေ့တွင် ရပ်နေသော မင်အန်းအား ခေါင်းမော့ကြည့်လိုက်သည်။
မင်အန်း၏ မျက်နှာမှာအေးစက်နေပြီး သူသည် မှင်တက်မိနေပုံရ၏။
သူ့မျက်လုံးတွင် ပုရွက်ဆိတ်သာသာရှိသော အမှိုက်လိုကောင်က သူ့လို မြင့်မြတ်တဲ့ သန့်စင်သူအား တကယ်ကြီး စိုက်ကြည့်နေသည်။
ဤအမှိုက်ကောင်က သူ့အား သရော်သော အမူအယာဖြင့် ကြည့်နေခြင်းဖြစ်သည်။
ရိုင်းစိုင်းလိုက်တာ......
မင်အန်းက ရှစ်ဖုန့်၏ ဦးခေါင်းအား လက်ညှိုးထိုးကာ
ကြိမ်းဝါးလိုက်သည်။
ဒူးထောက်ပြီးတော့ မင်းမျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်စမ်း .
ငါမင်းရဲ့စျေးပေါတဲ့ အသက်ကို ချမ်းသာ ပေးလိုက်မယ်..
မင်အန်း၏ စကားကိုကြားလိုက်ရသော အခါတွင် သူ့နှလုံးသားထဲမှာ သဘောကျရယ်မောစရာတစ်ခုအဖြစ် ရှစ်ဖုန့်ခံစားလိုက်ရသည်။
ဒူးထောက်ရမှာတဲ့လား..
ဤလောက၌ သူ့အားထိုကဲ့သို့လုပ်ဆောင်စေရန် အရည်အချင်း ရှိသောသူ တစ်ယောက်မျှ မရှိပေ။
မင်းညီမသာ ဒူးထောက်ခိုင်းလိုက်..
ရှစ်ဖုန့်က ရယ်ရယ်မောမောပဲပြောလိုက်သည်။
သူသည်ညာလက်ကို မြှောက်ကာ မင်အန်း၏ ညာဒူးကို လက်ညိုးထိုးပြလိုက်သည်။
ထိုအရာကိုကြည့်လျှင် ရထားထိန်၏ အသက်ကိုယူ သွားသော လက်ချောင်းမှန်းသိနိုင်သည်။
သူတောင်းစားလေး ...ဘယ်လိုတောင် ရဲတင်းနေတာလဲ ..
မင်အန်းတစ်ယောက် ဤ အခိုက်အတန့်တွင် ထိန်းမနိုင်သိမ်းမရ ဒေါသထွက်နေပီဖြစ်ပြီး ရှစ်ဖုန့်အား အပိုင်းပိုင်းဆွဲဖြဲပစ်ရန်မှလွဲ တစ်ခြား ဘာဆန္ဒမျှ ရှ်ိမနေချေ။
သို့သော် လက်ညှိုးကသူ့အား ထိုးလာသောအခါတွင် သူ့အနေဖြင့် မဆင်မခြင် လုပ်ဆောင်ရဲခြင်း မရှ်ိပါ။
သူ၏ ဘဝတစ်ခုလုံးအား သန့်စင်မှုပညာရပ်တွင်သာမြှုပ်နှံထားခဲ့သော်လည်း သူ၏ သိုင်းကျင့်ကြံမှုကတော့ အများကြီးမဟုတ်ပေ။သူသည် ကြယ်ငါးပွင်သိုင်းပလက်သင်အဆင့်သာ ရှိသေးသည်။
ဤလက်ချောင်းက ထူးခြားလှသော သိုင်းနည်းစနစ်တစ်ခုအဖြစ် သူခံစားမိနိုင်သည်။
ဟမ့်...မင်းရဲ့သိုင်း နည်းစနစ်က နက်နဲတော့ရော ဘာဖြစ်လဲ...
မင်းက ကြယ်တစ်ပွင့် သိုင်းလက်သင် အဆင့်ပဲ ရှိသေးတဲ့ အမှိုက်ပဲဟာ ..
လူတစ်ယောက်တည်းရဲ့ ခွန်အားနဲ့ လူဆယ်ယောက်ကို အနိုင်ယူနိုင်စွမ်း ရှိတာက ဘာလဲဆိုတဲ့ အဓ်ိပ္ပါယ်ကို မင်းသိအောင်ငါပြပေးမယ်..
မင်အန်းက သူ့ညာလက်သီးအား ဆုပ်ကာ အော်ဟစ်လိုက်ပြီး ရှစ်ဖုန့်၏ လက်ချောင်းအား ထိုးလိုက်သည်။
ကြယ်ငါးပွင့်လက်သင်၏ လက်သီးတွင် အင်အား
ဂျင် ငါးရာ ပါရှိသည်။
အကယ်၍ ထိမှန်ခဲ့လျှင် ရှစ်ဖုန့်၏ လက်ချောင်းသည် နေရာမှာပင် ကြွေမွသွားမည်ဖြစ်သည်။
အမ်.
ဒါက ဘယ်လိုဖြစ်တာလဲ....
လက်သီးချက်က လက်ညှိုးကိုထိကာနီးတွင် လက်ညိုးကရုတ်တရက်ပျောက်ကွယ်သွားသည်ကို မင်အန်းတွေ့လိုက်ရသည်။
လက်ညှိုးတစ်ခုတည်းပျောက်ကွယ်သွားခြင်း မဟုတ်ပဲ
ရှစ်ဖုန့်၏ညာလက်တစ်ခုလုံး ပျောက်သွားခြင်းဖြစ်သည်။
ဘန်း....
သူ၏ ခြေဖဝါးမှ သူ၏ ခွန်အားအကုန်လုံးကိုစု ထိုးလိုက်သော မင်အန်း၏ လက်သီးချက်ကြောင့် ရထားလုံးတစ်ခုလုံး တုန်ခါသွားခဲ့သည်။
ခရက်...
ထို့နောက်တွင် အရိုးကျိုးသော အသံကို ကြားလိုက်ရသည်။
......................
နေရာတစ်ခုလုံးက သိသိသာသာ တိတ်ဆိတ်နေသည်။
ရှစ်ဖုန့်၏ အစောပိုင်းက ရုတ်တရက် ပျောက်ကွယ်သွားသော ညာလက်သည် ပြန်ပေါ်လာခဲ့ပြီး စောစောက ထုတ်ဖော်ခဲ့သော သူ၏ လက်ညှိုးမှာ မင်အန်း၏ ဒူးခေါင်းအား ထိုးဝင်နေပြီးဖြစ်သည်။
အစောပိုင်းက အရိုးကျိုးသံသည် မင်အန်း၏ ဒူးခေါင်းမှလာသော ဒူးဆစ်ကြွေမွသွားသည့်အသံဖြစ်သည်။
ရှစ်ဖုန့်၏ အမူအယာကားတော့ ဘာမှထူးခြားမှု ရှိမနေပါ။
ကြယ်ငါးပွင့် သိုင်းလက်သင် တစ်ဦးကြောင့် ငရဲဘုံလက်ချောင်း ကျိုးကြေသွားခဲ့လျှင် ထိုပညာရပ်သည် သူဖန်တီးခဲ့သော နည်းစနစ်တစ်ခု မဟုတ်တော့ပေ။
အား....
အသက်ခံရသော ဝက်တစ်ကောင် အော်ဟစ်သကဲ့သို့ မင်အန်း နာကျင်စွာ အော်ဟစ်နေသည်။
ရှစ်ဖုန့်က သူ၏ လက်ညိုးအား ဆွဲထုတ်လိုက်သော အခါတွင် သွေးနီရောင်အရည်များ ထွက်လာခဲ့သည်။
ဒူးထောက်စမ်း..
ရှစ်ဖုန့်ကတိုးတိုးလေး ကြိမ်းဝါးလိုက်ပြီး မင်အန်းကတော့ အေးစက်ပြီး ဆိုးရွားလှသော အသံလှိုင်းတစ်ခု သူ၏ နားစည်ထဲ ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။
ဟုတ်ပါတယ် မင်အန်းတစ်ယောက်အမှန် တကယ် ထိုအသံနှင့်အတူ အအေးဓာတ်ကို ခံစားလိုက်ရခြင်း ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော စွမ်းအင်အားလုံး အေးခဲသွားပုံရလေသည်။
ပလုံခနဲ မြည်သံနှင့်အတူ သူ၏ ခွန်အား အားလုံးကို ဆုံးရှုံးသွားခဲ့ရသည်။
သူ၏ ဒူးနာကျင်မှုကြောင့် မင်အန်းအနေဖြင့် ရှစ်ဖုန့်ရှေ့ ဒူးတစ်ဖက်ထောက်ချ လိုက်ရသည်။
အာ...ဒါက...ဘယ်လိုဖြစ်နိုင်တာလဲ....
မန္တရားသန့်စင်သူ ဆရာသခင်က တကယ်ကြီး သူ့ကို ဒူး
ထောက်လိုက်တာလားဟ..
လမ်းနှစ်ဖက်လုံးတွင် ရှိနေသော ပရိတ်သတ်များသည် ယခုအခါတွင် သူတို့၏ ဦးနှောက်များ ပြုတ်ထွက်တော့မည့်သကဲ့သို့ဖြစ်နေသည်။
အစမှယခုအချိန်ထိ သူတို့ စောင့်ကြည့်နေခဲ့ကြရာတွင် မထင်မှတ်ထားသော အရာများ အများကြီးဖြစ်ပွားခဲ့သည်။
အရာတစ်ခုချင်းစီ၏ ယေဘုယျ အသိတရားများက ကျိုးပြတ်သွားခဲ့ပြီး သူတို့နားလည်းထားသမျှအား ပြောင်းပြန်လှန်လိုက်လို ဖြစ်နေသည်။
သေစမ်း..
သေစမ်း..
လခွီးပဲ...
ငါမင်းကို အပိုင်းပိုင်းလုပ်ပစ်မယ်....
အား.......
မင်အန်းက ကြမ်းကြုတ်ရက်စက်သော အမူအယာဖြင့် ကြိမ်းဝါးလိုက်သည်။
ဤအချိန်တွင် သူသည် သေတာထက် ပိုမိုဆိုးရွားသော ခံစားချက်ကို ခံစားနေရသည်။
နားငြီးလိုက်တာ..
ရှစ်ဖုန့်ကအေးစက်စွာ နှာမှုတ်လိုက်သည်။
နောက်တစ်ကြိမ်သူ၏ ငရဲဘုံလက်ချောင်းဖြင့် ထပ်မံထိုးလိုက်သည်။
ဤ တစ်ကြိမ်တွင် မြင့်မြတ်သော အဆင့်နှစ် သန့်စင်သူ မင်အန်း၏ ရင်ဘက်အားထိုးဖောက်သွားခဲ့သည်။
အား..
ကြည့်ရှုနေသူ အချို့မှာ အော်ဟစ်လိုက်ကြသည်။
ဤလူငယ်လေးက မန္တရားသန့်စင်သူ တစ်ယောက်အား အမှန်တကယ်ပင်သတ်ဖြတ်ရဲသည်။
ဟိုင်ကလန်၏ ရထားထိန်းအားသတ်လိုက်ခြင်းက သူတို့ကို လွတ်လမ်းအချို့ ရှိစေနိုင်သည်။
သို့သော သူက မန္တရားသန့်စင်သူကိုသတ်ပစ်ခဲ့ပြီး ထိုသူမှာလည်း အဆင့်နှစ် မန္တရား သန့်စင်သူ ဖြစ်သည်။
အဆင့်နှစ် မန္တရားသန့်စင်သူတစ်ဦး ဖြစ်လာရန်မှာ အရမ်းပင်ခက်ခဲလှသည်။
ထူးခြားးသော ပါရမီအရည်အချင်း ရှိရန် လိုအပ်သည်သာမကဘဲ သုံးစွဲရသော ရင်းမြစ်များမှာလည်း သာမန် ဂိုဏ်းတို့မတက်နိုင်သော အရာဖြစ်သည်။
အနည်းဆုံး မိုးပြာရောင်လ မြို့ရှိ အင်အားကြီး မိသားစု လေးခု ၌တစ်ခုမျှပင် ထိုကဲ့သို့ ပျ်ိုးထောင်နိုင်စွမ်း မရှိပေ။
မိသားစုလေးခုပေါင်းစည်းလျှင်တောင်မှ ထိုသို့တက်နိုင်လိမ့်မည်မဟုတ်ပါ။
တစ်ခြားနည်းဖြင့်ပြောရလျှင် အဆင့်နှစ် သန့်စင်သူတိုင်း၏ နောက်ကွယ်၌ သေချာပေါက်ကြီးမားသော အင်အားတစ်ခု ရှိနေသည်။
မိုးပြာရောင် လမြို့၌ ပြောင်းလဲမှုများ ဖြစ်ပေါ်တော့မည်ဖြစ်သည်။
မြို့တစ်ခုလုံးကိုတောင် ထိခိုက်စေနိုင်သည်။
ငရဲဘုံလက်ချောင်းက မင်အန်း၏ ပါးစပ်အား ထိုးဖောက်သွားသည်။
မင်အန်း၏ ပါးစပ်ရော မျက်လုံးများပါ ပြူးကျယ်သွားခဲ့သည်။
ဒီအချိန်မှာ ဖြစ်ပျက်ခဲ့သမျှက အစစ်အမှန်ဟု သူရှင်းရှင်းလင်းလင်း မယုံကြည်နိုင်ခဲ့ပါ။
သူ၏ မျက်လုံးထဲတွင် ကြယ်တစ်ပွင့် သိုင်းလက်သင်က ပုရွတ်ဆိတ်နှင့်မခြားပေ။
ပုံမှန်အားဖြင့် သူသည် သူတို့အား အလွယ်တကူ သတ်ပစ်နိုင်သည်။
ယခုတော့ ဤ ပုရွတ်ဆိတ်က သူ့အား သတ်ခဲ့သည်။
သူ၏ အသိစိတ်တို့ က ဒီရေကဲ့သို့ အလျှင်အမြန်ပျောက်ကွယ်သွားပြီး ခေါင်းငိုက်စိုက်ကျသွားခဲ့သည်။
ပါရမီရှင် ကြယ်နှစ်ပွင့်သန့်စင်သူတစ်ယောက် ကျဆုံးသွားရပီဖြစ်သည်။
ထိုအချိန်တွင် ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှာ အဖြူရောင်အလင်းတစ်ခု ထပ်မံလတ်လာသည်။
သူအမှန်တကယ်ပင် အဆင့်ထက်တက်ခဲ့သည်။
အနည်းဆုံးနှစ်နှာရီအတွင်း သူသည် လူနှစ်ယောက်အား ရှေ့ဆင့်နောက်ဆင့်သတ်ပစ်ခဲ့သည်။
သူ၏ သိုင်းကျင့်ကြံမှုက အဆင့်နှစ်ခုကို ဆက်တိုက်အောင်မြင်စွာ တက်လှမ်းခဲ့သည်။
ဒါက...
တစ်ယောက်ယောက်ကို သတ်ပြီးရင်အဆင့် တက်နိုင်တယ်လို့ ငါတစ်ခါမှ မကြားဖူးခဲ့ဘူးဖူး...
ဒီလိုသာဆိုရင် ကမ္ဘာကြီး ကမောက်ကမတွေဖြစ်ပြီးတော့ သွေးချောင်းစီးမှာတောင် ငါကြောက်မိတယ်..
သူတို့ကဲ့သို့သော မြို့ငယ်လေးမှ လူများက အတုမရှိ မြင့်မြတ်သော ငရဲဘုံကိုးခုဧကရာဇ်၏ ပညာရပ်ကို နားလည်နိုင်စွမ်း ရှိကြမည်မဟုတ်ပါ။
မင်အန်းသေဆုံးသွားချိန်တွင် ရှစ်ဖုန့်က ငရဲဘုံကိုးခုပညာရပ်ကို ဖြန့်ကျတ်ကာ သေခြင်းစွမ်းအင်ကို စုပ်ယူခဲ့သည်။
အခြားတစ်ဖက်တွင် မင်အန်း၏ ကြယ်ငါးပွင့်သိုင်းလက်သင်တစ်ယောက်သေခြင်းစွမ်းအင်က ရထားထိန်းထက်အဆများစွာ သာလွန်အားကောင်း သောကြောင့် ရှစ်ဖုန့်အနေဖြင့် ကျင့်ကြံမှုအဆင့်ကိုတက်နိုင်ခဲ့ခြင်း
ဖြစ်လေသည်။
ဆက်ရန်
ဘာသာပြန်သူ-Arise