← Chapters

ပြင်းထန်စွာ ရိုက်နှက်ခြင်း

Vol. 03 Ch. 126

ပြင်းထန်စွာ ရိုက်နှက်ခြင်း

Vol. 03 Ch. 126

အေးစက်နေသော မျက်ဝန်းများဖြင့် ထန်ရှုသည် ခွေခေါက်လဲကျနေသော လူရွယ်များကြားတွင် ရပ်လိုက်သည်။ သူ၏ရင်ထဲမှ အမုန်းတရားသည် မငြိမ်းသတ်ရသေးသောကြောင့် လူအများ၏မျက်စိရှေ့တွင်ပင် သူသည် တစ်လှမ်းချင်းသွားကာ လူမိုက်များ၏လက်ကောက်ဝတ်များအား တစ်ယောက်ပြီးတစ်ယောက် နင်းချိုးတော့သည်။

“မင်းတို့အားလုံးက လူ့အသိုင်းအဝိုင်းကို ကောင်းကျိုးမပြုတဲ့ကောင်တွေပဲ။ အားနည်းပြီး ကြောက်တတ်တဲ့သူတွေကိုပဲ အနိုင်ကျင့်ရဲတဲ့ ခွေးမသားတွေ။ မင်းတို့က အပြစ်ဒဏ်ပေးတာကို မကြောက်တဲ့ကောင်တွေဆိုတော့ ငါက အကြမ်းဖက်မှုကို အကြမ်းနည်းနဲ့ပဲ ဖြေရှင်းရမှာပေါ့။ ကျန်နေတဲ့ဘဝတစ်လျှောက်လုံးမှာ လက်နက်ကိုင်လို့မရအောင် လုပ်ပြမယ်။ အဲဒါမှ မင်းတို့ ကိုလုပ်ခဲ့တာတွေအတွက် ဘဝတစ်လျှောက်လုံး နောင်တရနေမှာ”

လူအယောက်၂၀ထက်ကျော်သော လူမိုက်များသည် တဆတ်ဆတ်တုန်နေကြပြီး အရိုးကျိုးသံများ ကြားရပြီး နာကျင်ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ အချို့က ကြောက်ရွံ့လျက်၊ အချို့က တောင်းပန်လျက်။ သို့သော် ထန်ရှုသည် ထိုသူများအား လစ်လျူရှုထားကာ မကြားသကဲ့သို့ နေသည်။

ကြောက်ရွံ့တုန်လှုပ်မှုသည် အသက်၃၀ကျော်လူ၏မျက်နှာထက်တွင် ပေါ်လွင်နေသည်။ သူသည် ဒဏ်ရာရပြီးနောက် မပြေးဘဲ ထန်ရှုကိုသာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေသည်။ ထိုကဲ့သို့ သနားညှာတာမှုမရှိ ရက်ရက်စက်စက် လုပ်နေသည်ကို ကြည့်ပြီး သူသည် ကြောက်ရွံ့နေရင်း လွတ်မြောက်အောင် ထွက်မပြေးမိသည်ကို နောင်တရနေခဲ့သည်။

“မင်း… အနားကပ်မလာနဲ့”

ထန်ရှု သူ့ဆီသို့ တစ်လှမ်းချင်း လှမ်းလာနေသည်ကို ကြည့်ကာ ထိုလူသည် အမှတ်တမဲ့

နောက်သို့ဆုတ်လိုက်ပြီး တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

ထန်ရှုသည် အေးစက်စွာ ပြုံးလိုက်ပြီး ချက်ချင်းပြေးသွားကာ ထိုသူ၏ရှေ့တွင် ပေါ်လာခဲ့သည်။ သူသည် ထိုသူ၏ပါးရိုးကျိုးသည့်အထိ ပြင်းထန်စွာ ရိုက်လိုက်သည်။ ထိုသူ၏ကိုယ်လုံးသည် အပေါ်သို့ မြောက်တက်သွားပြီး ပြန်ကျလာသည်။ ထန်ရှုသည် ယခင်နည်းအတိုင်း ရှေ့သို့ လှမ်းကာ ထိုသူ၏လက်ကောက်ဝတ်များအား ချိုးလိုက်တော့သည်။

“ငါ့ကို အပြစ်မပြုသရွေ့ ငါ အဲဒီလူကို ဘယ်တော့မှ မနှောင့်ယှက်ဘူး။ အေး..ငါ့ကို အပြစ်လုပ်ခဲ့ပြီဆိုရင်တော့ ၁၀ဆ ပြန်ပေးဆပ်ရလိမ့်မယ်”

သည်ဟာသည် ထန်ရှု၏ စည်းမျဉ်းပင် ဖြစ်တော့သည်။ သည်ဟာသည် သူ၏သည်းခံနိုင်မှုလိုင်းပင် ဖြစ်တော့သည်။ တိုင်လုံသည် သူ၏သည်းခံနိုင်မှုလိုင်းဖြစ်သည့် သူ၏မိခင် စုလင်းယွမ်အား ထိပါးလာခဲ့သည်။ တစ်စုံတစ်ယောက်သည် သူ၏မိခင်အား ပြစ်မှားရဲပါက ထိုသူများအား သတ်ရန် ထန်ရှု ဝန်လေးမည်မဟုတ်ချေ။ ယခု လူအချို့သည် မိခင်ကြီးအား ဆေးရုံတက်ရသည့်အထိ ဒဏ်ရာရအောင် လုပ်လိုက်ကြခြင်းသည် ထန်ရှု၏ဒေါသအား ဆွပေးလိုက်ခြင်းနှင့်အတူတူပင် ဖြစ်တော့သည်။

ရုတ်တရက် ထန်ရှု၏အမူအရာ ပြောင်းသွားသည်။ လုံခြုံရေး ၅ယောက် ၆ယောက်သည် ဆေးရုံထဲမှ ပြေးထွက်လာသည်ကို သူ သတိထားလိုက်မိသည်။ လူအုပ်ကြီးထဲ တိုးဝင်သွားရန် သူ မနှောင့်နှေးခဲ့ပါဘဲ ဆေးရုံကြီးဝင်ပေါက်အပြင်ဘက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ကြယ်တာရာဆေးရုံကြီး၏ လုံခြုံရေးခေါင်းဆောင်သည် ချန်တောင်ဖြစ်သည်။ ယနေ့ သူ အတော် ဒေါသထွက်နေခဲ့သည်။ ဒေသတွင်းလူမိုက်ချို့သည် ဆေးရုံပတ်ဝန်းကျင်တွင် ပေါ်လာပြီး တစ်စုံတစ်ယောက်အား ဒဏ်ရာရအောင် ပြုလုပ်ခဲ့ကြသည်။ယခုလည်း ထိုလူမိုက်၂၀ကျော်သည် လူငယ်လေးတစ်ယောက်နှင့် ချပွဲ ထပ်မံဖြစ်နေသည်ဟု အစီရင်ခံစာ ရသဖြင့် ဆေးရုံလုံခြုံရေးများအား ဦးဆောင်ကာ ချက်ချင်းထွက်လာခဲ့သည်။

“ဘာတွေ ဖြစ်ကုန်တာလဲ”

အံ့သြစိတ်ဖြင့် အာစေးမိသွားပြီး ချန်တောင်သည် သူ၏ရှေ့မှ မြင်ကွင်းအား ကြည့်လိုက်မိသည်။  မေးခွန်းအကြီးစားသည် သူ၏မျက်နှာထက်တွင် ပေါ်ပေါက်လာသည်။

လူမိုက်၂၀ကျော်က လူငယ်လေးကို ဝိုင်းရိုက်နေသည်ဟု အစီရင်ခံစာ ရခဲ့တာလေကွာ။

ဘယ်လိုဖြစ်ပြီး ဒီ၂၀ကျော်လူအုပ်က နေရာတိုင်းမှာ ပြိုလဲပြဲကွဲနေကြတာတုန်း။

အသက်၇၀ကျော် အဖိုးအိုတစ်ယောက်မှ ချန်တောင်နှင့် သူ၏လူများဆီသို့ သတိကြီးစွာ ချဉ်းကပ်လာပြီး လေသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။

“မင်းတို့က ဆေးရုံက လုံခြုံရေးတွေ မဟုတ်လား။ ကံကောင်းလို့ မင်းတို့လာတာ နောက်ကျသွားတယ်။

နို့မို့ဆိုရင် ဒီလူမိုက်တွေကို သူတို့မိဘတွေအတွက် ဘယ်သူမှ သင်ပေးလိမ့်မှာ မဟုတ်ဘူး။ အဲဒီလူငယ်လေးက တကယ် နတ်ဘုရားအလားပဲ။ လူတစ်ယောက်က မကောင်းဆိုးဝါး ခွေးသူတောင်းစား ၂၀ကျော်ကို ပြန်ချတာနော်။ ပြီးတော့ ၂၀ကျော်က မှောက်သွားရတယ်။ ဒီအဖိုးကြီး ကွန်ဖူးကားတွေ အများကြီး ကြည့်ဖူးပါတယ်ကွာ။ ဒါပေမဲ့ ဒီနေ့ကြည့်ရတဲ့ မြင်ကွင်းလောက် ရင်သပ်ရှုမောစရာမကောင်းဘူးဟေ့”

ချန်တော်သည် နာကျင်နေသော လူမိုက်များအား  လက်ညှိုးထိုးပြကာ မယုံနိုင်ဟန်ဖြင့်  မေးလိုက်သည်။

“ခင်..ခင်ဗျား ဆိုလိုတာက အဲဒီလူငယ်က သူတို့ကို ဒဏ်ရာရအောင် လုပ်လိုက်တယ်ပေါ့ ဟုတ်လား”

အဖိုးအိုသည် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ဟုတ်ပ။ ဒီမှာရှိတဲ့လူတိုင်း ရှင်းရှင်းလင်းလင်း မြင်ကြတယ်။ သူတစ်ယောက်တည်း လက်နက်တွေပါတဲ့ ဒီခွေးကောင်တွေကို ချသွားတာများ အကုန်မှောက်ရောပဲ။ သူ ပြောသွားတာ တစ်ခုကောင်းတာရှိတယ်။ မင်းတို့က ရဲတွေကို မကြောက်ကြဘူးဆိုတော့ ငါကလည်း လူ့အသိုင်းအဝိုင်းမှာ အေးချမ်းဖို့ အကြမ်းနည်းနဲ့ပဲ ဖြေရှင်းရတာပေါ့တဲ့လေ။

ချန်တောင်သည် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

“အဖိုး… ကျွန်တော့်ကို မနောက်ပါနဲ့ဗျာ။ လူတစ်ယောက်က စွမ်းအားရှိရင်တောင်မှ လူ၂၀ကျော်ကို တစ်ယောက်တည်း တိုက်ဖို့ ဘယ်လိုဖြစ်နိုင်မှာတုန်း။  သူ့ကို ကူဖို့တစ်ယောက်ယောက် လာသေးလား”

အနားရှိ သက်လတ်ပိုင်း အဒေါ်ကြီးတစ်ယောက်မှ ပြုံးကာ ပြောလိုက်သည်။

“ကူညီတဲ့သူတစ်ယောက် ဟုတ်လား။ မရှိပါဘူးကွယ်။ ဒီလူငယ်လေးကပဲ တစ်ယောက်တည်း တိုက်ခိုက်သွားတာပါ။ မင်း မသိလို့ သူ လှုပ်ရှားတဲ့ဟန်က ဘရုစ်လီ ပြန်ဝင်စားသလားတောင် ထင်ရတယ် ငါ့တူရေ။ အရမ်းမြန်တာ။ ခွန်အားလည်း ကြီး တိုက်ခိုက်ရေးစွမ်းရည်ကလည်းကောင်း… မင်းတို့သာ သူ့ခွန်အားရဲ့ တစ်ဝက်… အာ မဟုတ်ဘူး..ဆယ်ပုံတစ်ပုံသာ ရှိမယ်ဆိုရင်တောင် လုံခြုံရေးကို ထိန်းသိမ်းနိုင်ပြီး ဆေးရုံတစ်ခုလုံး ဘေးကင်းလိမ့်မယ်လို့ ငါ လောင်းရဲတယ်”

“…”

အမည်းရောင် လိုင်းတစ်လိုင်းသည် ချန်တောင်၏နဖူးထက်တွင် ရေးထိုးသွားသည့်နှယ်ဖြစ်သည်။

ထို့နောက် စုံစမ်းစစ်ဆေးမှုအချို့ လုပ်ပြီးနောက် လူအယောက်၂၀ကျော်အား ဒဏ်ရာရအောင် တိုက်ခိုက်သွားသူမှာ လူငယ်လေးတစ်ယောက်သာ ဖြစ်ကြောင်း နောက်ဆုံးတွင် သူ အတည်ပြုလိုက်ရတော့သည်။ သေချာသွားပြီးသည့်နောက်တွင် ထိုလူငယ်လေးအားလည်း ရှာမတွေ့ကြပေ။ ချန်တောင်သည် လူမိုက်တစ်ယောက်အား ကန်ကျောက်လိုက်ပြီးနောက် သူ၏တပည့်တစ်ယောက်အား အော်ပြောလိုက်သည်။

“သူတို့ကို ဆေးရုံကို ခေါ်သွား။ သူတို့အားလုံး ဒဏ်ရာရနေကြတယ်။ ငါတို့ ဆေးရုံက သူတို့

အန္တရာယ်ဖြစ်နေတာကို မြင်လည်း မမြင်နိုင်ဘူး။ ဘာမှလည်း မလုပ်ပေးနိုင်ဘူး။ ဒါပေမဲ့ သူတို့ဆေးကုသဖို့အတွက် ဘယ်သူပေးမှာလဲလို့ မေးလိုက်။ ပေးမယ့်သူမရှိရင်တော့ ဒီလူအသိုင်းအဝိုင်းရဲ့ဆန်ကုန်မြေလေးကောင်တွေကို ငါတို့လည်း ဘာမှ လုပ်ပေးလိမ့်မှာမဟုတ်ဘူး”

“အိုကေ”

အခြားလုံခြုံရေးများသည် ခံစားချက်များစွာဖြင့် ထိုလူမိုက်များအား ခွေးသေကောင်များသဖွယ် ဆွဲစုလိုက်ကာ ဆေးရုံထဲသို့ တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။

ဆေးရုံအုပ်ကြီးရုံးခန်းအတွင်းတွင်…

လီဟွန်ဂျီသည် ဆေးလိပ်သမားဖြစ်သည်။ သူသည် ဗီရိုဆီသို့သွားကာ ဆေးလိပ်တစ်ဗူး ရှာထုတ်လာသော်လည်း မဖွင့်ရသေးပဲရှိသည်။ ထို့နောက် သူသည် တစ်လိပ်ထုတ်ကာ မီးညှိလိုက်ကာ အကြိမ်အနည်းငယ် ဖွာရှိုက်လိုက်ပြီးမှ ဆက်လက် စဉ်းစားခန်း ဝင်နေတော့သည်။ သူတို့ဆေးရုံအနေဖြင့် ထန်ရှုကဲ့သို့ အံ့မခန်းသမားတော်တစ်ယောက်မှ လက်ခံလာစေရန် မည်ကဲ့သို့ ဆွဲဆောင်ရမည်ဆိုတာနှင့် ကြယ်တာရာရှိ ဆေးလောကအသိုင်းအဝိုင်းတွင် ကြီးမားသော လှုပ်ခတ်မှုဖြစ်စေရန် မည်ကဲ့သို့ ဖန်တီးရမည်ဆိုတာအား တွေးတောနေသည်။

“မဟုတ်သေးဘူး။ ကြယ်တာရာဆေးလောကအသိုင်းအဝိုင်းသာမကဘူး တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဆေးပညာအသိုင်းအဝိုင်းမှာ ငါတို့ဆေးရုံရဲ့ ဂုဏ်သတင်းက တောက်ပလာရမယ် မဟုတ်ဘူးလား။ ဒီအဖိုးကြီးက ဘဝရဲ့အချိန်အတော်များများကို ဆေးရုံအတွက် ပေးဆပ်ခဲ့တာလေ။  နောက်ဆုံးတော့ ငါဟာ ဆေးရုံအတွက် လုပ်ဆောင်မှုတစ်ခု ထပ်လုပ်နိုင်ခဲ့ပြီ”

လီဟွန်ဂျီသည် တောက်ပသောမျက်နှာဖြင့် တွေးကာ ပြုံးနေသည်။ သူ့ဘဝတွင် မကြာမီလာတော့မည့် ဒုတိယနွေဦးရာသီအား တွေ့ဆုံနေဟန် ထင်ရသည်။

“ဒေါက်…ဒေါက်…”

သူ၏ရုံးခန်းတံခါးခေါက်သံဖြစ်သည်။

လီဟွန်ဂျီသည် တံခါးဘက်ဆီသို့ ကြည့်လိုက်ရာ လုံကျန့်ယုအား ရပ်နေသည်ကို မြင်လိုက်ရသဖြင့် သူသည် အံ့အားသင့်စွာဖြင့် ချက်ချင်းပင် မေးလိုက်မိသည်။

“ကျန့်ယု… ဒီကို ဘာကြောင့် အပြေးရောက်လာတာလဲ”

လုံကျန့်ယုသည် ရုံးခန်းထဲ ဝင်လာခဲ့သည်။ သူသည် လုပ်ယူထားသောအပြုံးဖြင့် ဆိုလိုက်သည်။

“ဦးလေးလီက ကျွန်တော့်ကို ဖုန်းထဲမှာ စကားတစ်ဝက်တစ်ပျက်နဲ့ထားခဲ့တော့ ကျွန်တော် မပြေးလာလို့ မရတော့ဘူးလေ။ ဦးလေးက ထန်ရှုအကြောင်းမေးတယ်။ ပြီးတော့ ဂျူနီယာညီလေး ကျင်းမန်ကျွန်းမှာ မျက်နှာပျက်ရတာ သူ့ကြောင့်လို့လည်း ပြောတယ်လေ။ အဲဒါကြောင့် ဂျူနီယာညီလေးအတွက် လက်စားချေတဲ့အနေနဲ့ ထန်ရှုကို အခက်တွေ့အောင် လုပ်နေမလားဆိုပြီး စိတ်ပူလို့ လိုက်လာခဲ့ရတာ”

လီဟွန်ဂျီ ငိုရမည်လား ရယ်ရမည်လားပင်မသိ ဖြစ်သွားရသည်။

“သောက်ကျိုးနည်း… ဒီအဖိုးကြီးက ဒီလောက်သဘောထားသေးသိမ်ရမလားဟ။ ပြီးတော့ ဒီအဖြစ်အပျက်အကြောင်းစုံကိုလည်း ငါ သေချာ သတိထားပြီးသားပါ။ ငါ့ဂျူနီယာရဲ့ ကုသရေးစွမ်းရည်က ထန်ရှုလောက် မကောင်းဘူး။ သူက လူနာကို မကုနိုင်ခဲ့တဲ့အပြင် ထန်ရှု အသက်ငယ်လွန်းတာ မြင်ပြီး မသင့်တော်တဲ့စကားတွေ ပြောခဲ့မိတယ်။ မိုးကောင်းကင်က အပြစ်ကို ခွင့်လွှတ်ပေးနိုင်ရင်တောင် ငါတို့က အပြစ်တွေနဲ့ မနေနိုင်ဘူးလေ။ ကဲ..ပြော ငါ ဘယ်လိုလုပ် ထန်ရှုကို အခက်တွေ့အောင် လုပ်မလဲလို့။ ဒီကောင်လေးကတော့ မင်းရဲ့ဦးလေးလီကို  လျှော့တွက်လွန်းနေပါပြီ”

လုံကျန့်ယုသည် ရယ်မောလျက် အမြန်ပြောလိုက်သည်။

“အာ… အခြေအနေက အဲ့လိုကိုး။ အဲဒီလိုသာဆိုရင် မြင့်မြတ်တဲ့စိတ်ထားရှိတဲ့ ဦးလေးလီကို သံသယဝင်ပြီး ဆိုးဆိုးရွားရွားတွေးနေမိတဲ့ စိတ်သဘောထားကျဉ်းမြောင်းတဲ့လူက ကျွန်တော်ပဲ ဖြစ်လိမ့်မယ်။ ကျွန်တော် တောင်းပန်ပါတယ် ဦးလေးလီ။ ဒီည အိမ်ပြန်ပြီး အဖေ့ဝိုင်တွေထဲက အကောင်းဆုံးနှစ်၂၀ဝိုင်ကို ခိုးလာခဲ့မယ်”

ဝူလျန်ဂျဲဝိုင်တွေထဲက နှစ်၂၀ကျော်သော အကောင်းဆုံးဝိုင်တဲ့လား။

သူရဲ့အတန်းဖော် သူငယ်ချင်းဟောင်းဆီမှာ ဒီနှစ်၂၀ကျော်ဝိုင် ရှိနေသေးတုန်းပဲလား။

လီဟွန်ဂျီသည် စိတ်ဆိုးစွာနှင့် ရေရွတ်လိုက်သည်။

“လုံဝမ်ဟန်..ခွေးကောင်..။ ငါ့ကို အရူးလုပ်ဖို့ အဲ့လိုဝိုင်ကို ပြောင်းလဲအသုံးပြုနေတယ်ပေါ့လေ။ ယီးလိုမှပဲ…။ အာ.. တူကြီး ကျန့်ယု..ငါ မင်းကို တစ်ခုလောက် မျက်နှာသာ ပေးရမလား။ မင်း အဲဒီဝိုင်ကို ယူလာပေးတဲ့အတွက် ထန်ရှုအတွက် ငါတို့ဆေးရုံမှာ အကုန်ဆောင်ရွက်ပေးမယ်.. သူ့အမေကို ပြုစုစောင့်ရှောက်ဖို့ သူနာပြုတွေပါ တိုးပေးလိုက်ဦးမယ်”

ထိုစကားကို ပြောပြီး လုံကျန့်ယု၏မျက်လုံးများ အရောင်ပြောင်းသွားကာ အသံထွက်အောင် ရယ်လိုက်ရင်း ပြုံးကာဖြင့်

“မင်း ၂လုံးခိုးပေးမယ်ဆိုရင် ငါတို့ဆေးရုံရဲ့အကောင်းဆုံးဝန်ဆောင်ကုသပေးမှုကို သုံးပေးမယ့်အပြင် ထန်ရှုကိုပါ ဧည့်သမားတော်အဖြစ် ခန့်အပ်မယ်။ သူ့ကို ဆေးကုသခွင့်လက်မှတ်ရအောင် လုပ်ပေးပြီး ငါ့တို့ဆေးရုံမှာ သမားတော်တစ်ယောက်အဖြစ် လုပ်ပေးမယ်”

“ဟင်…”

လုံကျန့်ယုသည် အရာရာတိုင်းအတွက် ပီတိဖြစ်မဆုံးသေးခင် လီဟွန်ဂျီ ထပ်မံပြောဆိုလိုက်သော စကားကြောင့် သူ၏မျက်ဝန်းအစုံမှာ ပြူးကျယ်သွားပြီး အံ့အားသင့်စွာ မေးလိုက်သည်။

“ထန်ရှုက သမားတော်လား.. အဖိုးကြီး… ကျွန်တော့်ကို နောက်နေတာ မဟုတ်ပါဘူးနော်”

လီဟွန်ဂျီသည် ဆတ်ကနဲ ပြောလိုက်သည်။

“ဒီအဖိုးကြီးက မင်းကို နောက်နေတယ်များ ထင်နေတာလား။ ထန်ရှုက ဆေးပညာမှာ ကျွမ်းကျင်ရုံမကဘူး သူက ဆေးပညာရပ်မှာ ထူးချွန်တဲ့အရည်အချင်း သေချာပေါက် ရှိလိမ့်မယ်လို့ ငါပြောနိုင်တယ်။ ငါနဲ့ ဂျူနီယာညီလေးက နတ်ဆေးသမားတော်ရဲ့ တိုက်ရိုက်တပည့်တွေပဲ။ ဒါပေမဲ့ ငါတို့၂ဦးစလုံး မကုနိုင်တဲ့ ထူးဆန်းတဲ့ရောဂါကို သူ ကုပေးနိုင်ခဲ့တယ်။ သူ မစွမ်းဘူးလို့ မင်း ထင်သေးလား”

အချိန်အတန်ကြာအောင် လုံကျန့်ယုသည် ကြက်သေ သေလျက်ရှိသည်။ သူသည် မချိပြုံး ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။

“ဦးလေးလီ… ထန်ရှုက အံ့အားသင့်စရာစွမ်းရည်တွေနဲ့ ပြည့်နေတယ်လို့ အရင်တုန်းက ကျွန်တော် သိခဲ့ပေမယ့် ဒီနယ်ပယ်မှာပါ မတွေးဆနိုင်လောက်အောင် ဖြစ်နေမယ်လို့ မထင်ခဲ့မိဘူး။ ကျွန်တော် သူနဲ့ ဒီလတ်တလောမှ သိခဲ့ပေမယ့် သူ့ရဲ့ ဒဏ္ဍာရီဆန်ဆန် ဖြစ်ရပ်တွေပဲ မြင်ရ ကြားနေရတယ်။ သူက ဘာမဆို လုပ်ဆောင်နိုင်တဲ့ တွေးဖို့လိုက်မမီတဲ့သူမှန်း ကျွန်တော် သေချာသိတယ်”

“ဆေးရုံအုပ်… မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တယ်”

ဂျူတီကုတ်နှင့် ဆရာဝန်တစ်ယောက်သည် ရုံးခန်းထဲတွင် ရပ်လာခဲ့သည်။

လီဟွန်ဂျီသည် မျက်မှောင်ကြုပ်လျက် အသံနက်နက်ဖြင့် ပြောလိုက်သည်။

“မင်း ဘာတွေ စိုးရိမ်နေတာလဲ။ ထွက်သွား။ တံခါးခေါက်ပြီးမှ လာခဲ့”

ဆရာဝန်၏အမူအရာသည် အေးခဲသွားပြီး သူ၏မျက်နှာထက်တွင် ကြောက်ရွံ့သော အမူအရာ ပေါ်လာခဲ့သည်။ သူသည် နာခံစွာဖြင့် တံခါးအပြင်သို့ ထွက်သွားခဲ့သည်။ ထိုအခွင့်အရေးကာ ယူလျက် လီဟွန်ဂျီသည် ပြောလက်စ စကားအား ဆက်လက် သွေးဆောင်ပြောဆိုလိုက်သည်။

“လုံကျန့်ယု… မင်း သဘောတူလား။ မင်း အဲဒီဝိုင်နှစ်ပုလင်း မပေးရင်တော့ ထန်ရှုရဲ့အခြေအနေက အဝါရောင် အခြေအနေမှာပဲ ရှိလိမ့်မယ်”

“ကျွန်တော် ကတိပေးတယ်”

လုံကျန့်ယုသည် သွားကိုကိုက်ကာ ခေါင်းညိတ်လျက် ကတိပေးလိုက်သည်။ သူ့အဖေ၏အကောင်းဆုံးဝိုင်ထဲမှ ၂ပုလင်းသာ ခိုးရန်ဖြစ်သော်လည်း ခိုးပြီးနောက် ဖခင်အား ချက်ချင်းပြောရန် ဆုံးဖြတ်ထားသဖြင့် သူ၏ဖခင်သည် ထိုဝိုင်ပုလင်းများအား အမြန်ပြန်ယူရန် သို့မဟုတ် အတူတကွ သောက်ဖို့ ယူဆောင်ခိုင်းစေရန်အတွက် မည်သည့်နည်းလမ်းကိုမဆို  ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုနောက်တွင်တော့ အဖြစ်အပျက်သည် သူနှင့် ထပ်မံသက်ဆိုင်မည် မဟုတ်တော့ချေ။

သူ၏ ဉာဏ်များသောအစီအစဉ်သည် အကျိုးကျေးဇူးများလှသောကြောင့် လီဟွန်ဂျီ၏ စိတ်အခြေအနေ ပိုမိုကောင်းမွန်လာခဲ့သည်။ တံခါးခေါက်သံတစ်ခုကြားလိုက်ရပြီး လက်ကိုယမ်းကာ ပြောလိုက်သည်။

“ဝင်ခဲ့ပါ။ မင်း ငါ့ကို ဘာပြောစရာ ရှိတာလဲ။ မင်းကြည့်ရတာ စိုးရိမ်နေတဲ့ပုံနဲ့”

ဆရာဝန်သည် အမြန်ပြောလိုက်သည်။

“ဆေးရုံအုပ်… ကျွန်တော် အလုပ်ဆင်းဖို့ ပြင်နေရုံပဲရှိသေးတယ်။ ဆေးရုံအဝင်ဝမှာ လူမိုက်တွေ အယောက်၂၀ကျော်က လူငယ်လေးတစ်ယောက်ကို ဝိုင်းရိုက်နေတာ ကျွန်တော်မြင်ခဲ့တယ်။ အဲဒီလူငယ်လေးက မစ္စတာထန်ရှုနဲ့တူတယ်။ ဟုတ်တယ် သူပဲ။ ကျွန်တော် ပြောနိုင်တာက အတွင်းလူနာဌာနကို  ဆေးရုံအုပ်နဲ့ ကျွန်တော် လိုက်လာတော့ သူ့ကို အဲဒီမှာ မြင်ဖူးတာမို့လို့ပါ”

တစ်ပြိုင်နက်တည်း လီယွန်ဂျီနှင့် လုံကျန့်ယုတို့ မျက်နှာအကြီးအကျယ် ပျက်သွားကြသည်။ သူတို့နှစ်ယောက်လုံးသည် ထန်ရှုအား အလွန်ဂရုစိုက်ကြသူများ ဖြစ်ကြသောကြောင့် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ တံခါးဆီသို့ အမြန်ပြေးကာ အပြင်သို့ ပြေးထွက်လာကြသည်။

“မင်း လုံခြုံရေးတွေကို အကြောင်းကြားပြီးပြီလား”

“ခေါင်းဆောင်ချန် အဲဒီကို လုံခြုံရေးတွေ ခေါ်ပြီးသွားနေတယ်။ ဒါပေမဲ့ ဆေးရုံအုပ် ကျေးဇူးပြုပြီး စိတ်လှုပ်ရှားပြီး မထွက်သွားပါနဲ့။ ကျွန်တော် ဆုံးအောင် မပြောရသေးဘူး” ဆရာဝန်သည် အော်ကာပြောလိုက်သည်။

လီဟွန်ဂျီသည် အပြင်သို့ ပြေးထွက်နေသော ခြေလှမ်းများအား အရှိန်အနည်းငယ် လျှော့လိုက်ပြီး  ပြောလိုက်သည်။

“ငါ့ကို လမ်းသွားရင်းနဲ့ ပြောပြပါ”

ဖျစ်ညှစ်ပြုံးထားရသော အပြုံးတစ်ခု ဆရာဝန်၏မျက်နှာထက်တွင် ပေါ်လာသည်။ အမှန်တကယ်ပင် ဆေးရုံအုပ်သည် ထန်ရှုအား အလွန် ဂရုစိုက်သည်ကိုကြည့်ပြီး အံ့သြနေမိသည်။

သူသည် လီဟွန်ဂျီနှင့် နီးကပ်စွာ နောက်မှ လျှောက်လာရင်း ဖြည်းညှင်းစွာ ပြောပြလိုက်သည်။

“ဆေးရုံအုပ်... အပြင်ဘက်က ဖြစ်ကြတဲ့ တိုက်ခိုက်မှုကို ကျွန်တော် မြင်လာခဲ့တယ်။ သေချာပေါက် မစ္စတာထန်ရှုနဲ့ လူမိုက် ၂၀ကျော်တို့ ရန်ဖြစ်နေကြတာ။ အဆုံးမှာတော့ မစ္စတာထန်က အဲဒီလူတွေကို ပြင်းထန်စွာ တိုက်ခိုက်ပြီး သူ့ကိုယ်သူ မထိခိုက်စေရဘဲ ခုခံကာကွယ်သွားတယ်။ အဲဒီလူမိုက်၂၀ကျော်ကို ကျွန်တော်တို့ဆေးရုံလုံခြုံရေးက ဆွဲကောက်ပြီး ဆေးရုံကို ခေါ်လာခဲ့တယ်။

အခု သူတို့အားလုံးကို ဆေးကုသဖို့ လုပ်ပေးနေတယ်”

***

All Chapters