← Chapters

ဒေါသပေါက်ကွဲခြင်း

Vol. 03 Ch. 128

ဒေါသပေါက်ကွဲခြင်း

Vol. 03 Ch. 128

ချန်တောင်သည် လုပ်ယူထားရသောအပြုံးဖြင့် ပြောလိုက်သည်။

“အရာရှိချန်း ... ငါ နင့်ကို မပြောချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ နင့်ကို တကယ် မပြောပြနိုင်ဘူး။ နင်က ရဲအရာရှိတစ်ယောက်ပါ။ ငါတို့လို ဂိတ်စောင့်သမားတွေကို အခက်တွေ့အောင် မလုပ်ပါနဲ့။ ငါ နင့်ကို တစ်ခုတော့ ပြောပြလိုက်မယ်။ ဝိုင်းအရိုက်ခံရတဲ့ လူငယ်လေးက နည်းနည်းလေးမှ ထိခိုက်မှု မဖြစ်သွားပါဘူး။ သူ အခု ဘေးကင်း လုံခြုံနေပါတယ်။ သူတို့ နားလည်မှု လွဲသွားကြတာဖြစ်ပြီးတော့ ဖြေရှင်းချက်တစ်ခု အပြီးမှာ အရာရာက အေးဆေးဖြစ်နေပါပြီ”

ချန်းရွှဲ့မေသည် လှည့်ကြည့်လိုက်ပြီး အခြားရဲအဖွဲ့ဝင် တစ်ယောက်အား အရိပ်အခြည်ပြပြီးနောက်  ပြန်လည်ပြောဆိုလိုက်သည်။

“ခေါင်းဆောင်ချန် ... နင့်မှာ ဘာအခက်အခဲရှိလဲတော့ ငါမသိဘူး။ ဒါပေမဲ့ နင် ငါ့ကို အမှန်အတိုင်းပြောဖို့ မျှော်လင့်နေတယ်။ ငါတို့က မှုခင်းရေးရာတပ်ဖွဲ့ကမို့ ဒီလိုလူ့အသိုင်းအဝိုင်းကို အနှောင့်အယှက်ပေးနေတဲ့ လူတွေကို တရားဥပဒေအတိုင်း အပြစ်ပေးဖို့ ငါတို့မှာ တာဝန်ရှိတယ်”

ချန်တောင်သည် တစ်ခဏမျှ ငြိမ်သက်သွားကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

“အရာရှိချန်း ...နင် ဒီအဖြစ်အပျက် တစ်ခုလုံးကို စုံစမ်းမယ်ဆိုရင် စုံစမ်းလို့ရပါတယ်။ ဒါပေမဲ့ ငါ ကြိုပြောချင်တာ တစ်ခုက နင့်စုံစမ်းမှုက ဘာရလဒ်ပဲရရ ငါနဲ့ သက်ဆိုင်မှုမရှိဘူး ဆိုတာပါပဲ”

ထိုသို့ ပြောပြီးသည်နှင့် သူသည် ချန်းရွှဲ့မေအား ဂရုစိုက်မနေတော့ဘဲ လှည့်ထွက်သွားကာ လုံခြုံရေးအခန်းသို့ လျှောက်သွားတော့သည်။ ချန်းရွှဲ့မေသာ တကယ်စုံစမ်းလိုပါက အလွယ်တကူ သိနိုင်လိမ့်မည်ဟု သူ သဘောပေါက်သည်။ သို့သော် ဆေးရုံ လူကြီးပိုင်းများသည် အမိန့်ကြို ထုတ်ထားပြီးဖြစ်သောကြောင့် ထန်ရှုဖြစ်မှန်း သိဖို့ဆိုသည်မှာ မှုခင်းရဲတပ်ဖွဲ့ အတွက် ခက်ခဲပေလိမ့်မည်။

၁၀မိနစ်ကြာပြီးသော် ...

ရဲတပ်ဖွဲ့ဝင်များသည် ချန်းရွှဲ့မေ့ ရှေ့မှောက်သို့ ထူးဆန်းနေသော အမူအရာများဖြင့် ပြန်ရောက်လာကြသည်။ တစ်ယောက်မှ ပြောလိုက်သည်။

“အကြီးအကဲ ... ငါတို့ အခု နှံ့နှံ့စပ်စပ် မေးလာခဲ့တယ်။ အမှန်တကယ်ပဲ လူငယ်လေးတစ်ယောက်ကို လူမိုက်၂၀ကျော်က ဝိုင်းထားကြပြီး ရန်ဖြစ်ကြတယ်။ ဒါပေမဲ့ နောက်ဆုံးရလဒ်က အဲဒီလူငယ်လေး ဒဏ်ရာမရဘဲ ... အဲဒီအစား ...”

ပြောရန် တွန့်ဆုတ်နေသော ထိုသူအား ကြည့်ပြီး ချန်းရွှဲ့မေသည်  ချက်ချင်း လေသံပြတ်ပြတ်ဖြင့်  ပြောလိုက်သည်။

“ဒါပေမဲ့ ဘာဖြစ်လဲ။ ငါ့ကို ပြောစမ်းပါ”

ထိုရဲအဖွဲ့ဝင်သည် အားယူထားရသော အပြုံးဖြင့် ပြောလိုက်သည်။

“ဒဏ်ရာပြင်းထန်စွာ ရကုန်တာ အဲဒီလူငယ်လေး မဟုတ်ပဲ လူမိုက်၂၀ကျော် ဖြစ်နေတယ်။ တိတိကျကျ ပြောရရင် အဲဒီလူငယ်လေးက ဒဏ်ရာရအောင် လုပ်သွားတာ။ အခု အဲဒီကောင်တွေအားလုံး ဒီဆေးရုံမှာပဲ ကုသမှု ခံနေရတယ်”

“နင် ငါ့ကို ဟာသတွေ လာပြောနေတာလား” ချန်းရွှဲ့မေသည် မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။

ထိုရဲအဖွဲ့ဝင်သည် စိတ်မသက်မသာဟန်ဖြင့် ပြောသည်။

“ကျွန်တော် အရာရှိကို နောက်နေတာ မဟုတ်ဘူး။ ဒီဟာက ကျွန်တော်တို့ စုံစမ်းလို့ရလာတဲ့ဟာပဲ။ လူတိုင်းရဲ့ ထွက်ဆိုချက်ကို ကျွန်တော်တို့ မှားယွင်းပြီး ကောက်ချက် ချတာမဟုတ်ဘူးဆိုရင် သေချာတာကတော့ ဒီနေရာမှာ ဘာမှ မဖြစ်ခဲ့ဘူးလို့ ဆိုလိုနေတာပဲ”

လူအယောက်၂၀ကျော်နဲ့ တိုက်ခိုက်တာတဲ့လား။

ချန်းရွှဲ့မေ၏နှုတ်ခမ်းများ မဲ့ရွဲ့သွားကြသည်။ သူမ၏ရင်ထဲတွင် အံ့သြတုန်လှုပ်မှုတို့သည် ဒီရေလှိုင်းများ တိုက်နေသည့်နှယ် ဖြစ်သည်။ ထူးဆန်းသော အဖြစ်အပျက်များသည် နှစ်တိုင်း ဖြစ်ပျက်ခဲ့ကြသည် ဆိုသော်လည်း ဒီနှစ်တွင်မူ သိသိသာသာပင် ပုံမှန်မဟုတ်သော အရာများ ဖြစ်ပျက်ခဲ့လေသည်။ သူမသည် ကျောင်းတွင် ဝင်ရောက်စီးနင်းသူအား သတ်နိုင်ခဲ့သည့် ထန်ရှုဟု အမည်တွင်သော အထက်တန်းကျောင်းသားလေး တစ်ယောက်အား  ပြန်အမှတ်ရသွားသည်။ ထိုနည်းတူ ကားဂိုဒေါင်ဟောင်းတွင် ဖြစ်ပျက်ခဲ့သော လူသတ်မှုကိုလည်း သတိရမိလိုက်သည်။

“ဟူး ...”

ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလျက် ချန်းရွှဲ့မေ မေးလိုက်သည်။

“အဲဒီကောင်တွေရဲ့ နောက်ကြောင်းသမိုင်းက ဘာတဲ့လဲ။ ရှင်းရှင်းလင်းလင်း သိခဲ့ရလား”

ရဲတပ်ဖွဲ့ဝင်က ပြောလိုက်သည်။

“ကျွန်တော်တို့ စုံစမ်းပြီးပါပြီ။ သူတို့အားလုံးနီးပါး ပြစ်မှုမှတ်တမ်းတွေ ရှိကြတဲ့ လူ့အမှိုက်တွေပဲ။ အမြဲလိုလို အတူတကွ ရန်ပွဲရိုက်ကြပြီး ဆိုးရွားတဲ့အရာ တော်တော်များများ လုပ်ထားကြတယ်။ ပြီးတော့ သူတို့အားလုံးက မြစ်များနှင့် တောင်တန်းများ အိမ်ခြံမြေလုပ်ငန်းစုရဲ့ သူဌေး တိုင်လုံလက်အောက်ကပဲ”

“တိုင်လုံ ဟုတ်လား။ သူက လူသတ်မှုအများကြီးနဲ့ ပတ်သက်နေတဲ့သူ မဟုတ်လား။ ဒါပေမဲ့ သူနဲ့ ချိတ်ဆက်နေတဲ့ သက်သေပြစရာ မရှိသေးဘူးမဟုတ်လား” မျက်ခုံးများတွန့်လျက် ချန်းရွှဲ့မေ မေးလိုက်သည်။

“ဟုတ်တယ်။ သူပဲ” ရဲတပ်ဖွဲ့ဝင်မှ လေးနက်စွာ ပြန်ဖြေလိုက်သည်။

ချန်းရွှဲ့မေ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

“ဒင်း ဒီအမှုနဲ့ ပတ်သက်နေပြီ ဆိုမှတော့ ငါတို့ မြစ်များနှင့် တောင်တန်းများ ရုံးခန်းကို သွားကြစို့။ တိုင်လုံရဲ့ ဖြေရှင်းချက်ကို ငါတို့ နားထောင်ကြည့်ကြတာပေါ့”

မြစ်များနှင့်တောင်တန်းများ ရုံးခန်းသည် တောင်ရေလှိုင်းလမ်းမ အနီးရှိ ကြယ်တာရာ၏ စီးပွားရေးဖွံ့ဖြိုးမှုဇုန်တွင် တည်ရှိသည်။ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးပြီး မိုးမျှော်တိုက်ကြီး တစ်ဒါဇင်ထက်မနည်း တည်ရှိသည်။ ထိုတိုက်ကြီးများ အားလုံးသည် မြစ်များနှင့် တောင်တန်းများ စီးပွားရေးလုပ်ငန်း၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ ခမ်းနားလှသော အဆောက်အဦကြီး၏ ဝင်ပေါက်အတွင်းဘက်တွင် လုံခြုံရေး၄ယောက်သည် တက်ကြွစွာဖြင့် ဖြတ်သွားဖြတ်လာများအား စောင့်ကြည့်နေသည်။ မိန်းမလှတစ်ယောက် ဖြတ်သွားသည်ကို မြင်သောအခါ သူတို့သည် ထိုအမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်စကားများ ပြောကြပြီး မြင်ကွင်းမှ  ပျောက်ကွယ်သွားသည့်တိုင် ထိုအမျိုးသမီး၏ သွင်ပြင်အသေးစိတ်အား  မြိန်ရေယှက်ရည် ပြောကြပြန်သည်။

အရပ်မြင်မြင့် ဗလတောင့်တောင့်နှင့် လူ၂ယောက်သည် အဆောက်အဦ အတွင်းမှ အလျင်စလို ပြေးထွက်လာသည်။ သူတို့သည် အလွန်အမင်း ဒေါသထွက်နေဟန်ရှိပြီး ၎င်းတို့၏ခါးများသည် ဖောင်းထွက်နေသည်။ သူတို့သည် အေးစက်သောမျက်ဝန်းများဖြင့် ဘေးပတ်ဝန်းကျင်အား တစ်ခဏ ကြည့်လိုက်သည်။

“အစ်ကိုကြီးဟူ ... အစ်ကိုကြီးဖန်း ...”

ထိုလူ၂ယောက်အား မြင်သည်နှင့် လုံခြုံရေး၄ယောက်သည် ကျောကို မတ်မတ်ထားလိုက်ကာ  လေးစားစွာဖြင့် ခေါ်လိုက်ကြသည်။

ထိုသူ၂ယောက်သည် လုံခြုံရေး၄ယောက်အား မမြင်သေးဘဲ ကားရပ်နားရာ နေရာအား အပြေးအလွှား သွားလေသည်။ သူတို့တွင် အရေးတကြီး လုပ်စရာရှိနေပြီး အခု သူတို့၏သူဌေးသည် သူတို့အား စောင့်နေမည်ဖြစ်သည်။ သို့သော်လည်း သူတို့သည် ကားရပ်နားရာနေရာ အပြင်ဘက် ၁၀မီတာကျော်တွင်  ရောက်ရုံရှိသေးသည်။ သူတို့၏နောက်ဘက်မှ ဒေါသထွက်စွာ  အော်ပြောလိုက်သော အသံသည် နားထဲသို့ ဝင်လာလေသည်။

“ဟေ့ ... မင်းက ဘယ်ကကောင်လဲ။ ဒီနေရာက မြစ်များနှင့် တောင်တန်းများ ရုံးခန်းကွ။ အပြင်လူ ဝင်ခွင့်မပြုဘူး။ မင်းရဲ့ဝန်ထမ်းကတ် ငါ့ကို ပြစမ်း။ ဘောပဲ။ မင်း ငါ့စကား မကြားဘူးလားကွ ဟမ်”

မြစ်များနှင့်တောင်တန်းများ ရုံးခန်းဝင်းအတွင်းသို့ ဝင်ရောက်နေသူသည် ထန်ရှုဖြစ်သည်။ သူသည် တိုင်လုံ၏ အကြောင်းအား သိရှိပြီးသည်နှင့် အလျင်အမြန် သည်နေရာသို့ အရင်ဦးဆုံး လာရောက်ခဲ့ခြင်းဖြစ်သည်။ တိုင်လုံသည် သူလုပ်ခဲ့သမျှအတွက် တန်ဖိုးပေးဆပ်ရမည် ဖြစ်သည်။

သူ၏မိခင်ကြီးအား ဒဏ်ရာရအောင် လုပ်လိုက်ခြင်း၏ အကျိုးဆက် မည်သို့ရှိမည်နှင့် ထိုအကျိုးဆက်သည် မည်မျှ ဆိုးရွားစေမည်ကို တိုင်လုံ သိအောင် သူ ပြုလုပ်မည်ဖြစ်သည်။

တင်းမာခက်ထန်ပြီး ရန်လိုနေသော အကြည့်များဖြင့် လုံခြုံရေး၄ယောက်သည် ထန်ရှုအား စိတ်ဆိုးမာန်ဆိုးဖြင့် ကြိမ်းမောင်းလိုက်သည်။ ထန်ရှု၏ တုံ့ပြန်သောအဖြေသည် ရိုးရှင်းပြီး အလွန်တိုက်ရိုက်ကျသည်။ သူ၏လက်သီးအား ပစ်သွင်းလိုက်ပြီး သူ့အား ပြောဆိုနေသူ၏ မျက်နှာကို ကျိုးကြေစုတ်ပြတ် သွားစေသည်။

“ခွပ် ... ခွပ်”

“အား ...”

“ဘုန်း ...”

ထိုလုံခြုံရေးသည် လက်သီးဒဏ်ကြောင့် နာကျင်စွာ အော်ဟစ်ကာ လွင့်ထွက်သွားရသည်။ ထို့နောက် မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားတော့သည်။

“ခွေးမသား ... မင်းတော့ နာချင်နေပြီ ထင်တယ်”

လုံခြုံရေး၃ယောက်သည် အော်ဟစ်ကာ ပြေးလာကြသည်။

ထန်ရှုသည် အေးစက်စွာ ပြုံးလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏လက်သီးများအား အလင်း၏ အလျင်နှုန်းဖြင့် ထို၃ယောက်၏ မျက်နှာဆီသို့ ထိုးနှက်လိုက်တော့သည်။ ထိုသူများ လွင့်ထွက် ပြုတ်ကျသွားသည်ကို ကြည့်ပြီး သူသည် မြစ်များနှင့်တောင်တန်းများ၏ ရုံးခန်းတံခါးဆီသို့ တစ်ဟုန်ထိုး ပြေးတော့သည်။

အရပ်မြင့်မြင့် ဗလတောင့်တောင့်နှင့်လူ၂ယောက်သည် အသံကြားသဖြင့် အချင်းချင်း ကြည့်လိုက်ကြပြီး ချာကနဲ လှည့်ကာ ရုံးခန်းတံခါးရှေ့တွင် ပိတ်ဆို့ရန် ပြေးလေသည်။ သူတို့သည် တိုင်လုံ၏ ယုံကြည်သောသူများ ဖြစ်ပြီး ကြေးစားလူမိုက်များလည်း ဖြစ်သည်။ သူတို့သည် တိုက်ခိုက်ပွဲများစွာ တိုက်ခိုက်ဖူးကြသည့် အတွေ့အကြုံရှိသော တိုက်ခိုက်ရေးသမားများ ဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီသည် ကျွမ်းကျင် တိုက်ခိုက်ရေးသမား ၄ယောက်၊ ၅ယောက်ခန့်အား လှဲသိပ်နိုင်ပေသည်။

ထိုသူ၂ယောက်၏ ခါးကြားထဲတွင် သေနတ်များ ထိုးထည့်သည်မှာ အထူးတလည် ပြောစရာပင် လိုမည်မထင်ပေ။ ထိုလူငယ်အား လက်ရုံးရည်ဖြင့် မတိုက်ခိုက်နိုင်ပါက အခြေအနေ ဆိုးသည်ထက် ဆိုးလာပါက သူ့အား ပစ်ရလိမ့်မည်ဖြစ်သည်။ ထိုခဏတွင် သူတို့သည် ထန်ရှု၏ ပုံရိပ်အား ခန့်မှန်းမိတော့သည်။ ထိုလူငယ်သည် ဆေးရုံဝင်ပေါက်တွင် သူတို့ သူဌေးလက်အောက်ရှိ အယောက်၂၀ကျော်လူမိုက်များအား ဒဏ်ရာပြင်းထန်စွာ ရအောင် လုပ်ခဲ့သူပင်ဖြစ်ပေမည်။

မြစ်များနှင့် တောင်တန်းများ ရုံးကြီး၏ပထမထပ် ဧည့်ခန်းအတွင်းတွင် ထန်ရှုသည် ဧည့်ကြိုစားပွဲသို့ သွားကာ ဖြူဖျော့နေသော မိန်းမလှလေး နှစ်ယောက်အား အေးစက်တင်းမာနေသော မျက်နှာထားဖြင့် မေးလိုက်သည်။

“တိုင်လုံ ... ဘယ်မှာလဲ”

မိန်းမလှ၂ယောက်စလုံးပင် အလျင်အမြန်ပင် ခေါင်းခါယမ်းလိုက်ကြသည်။ တစ်ယောက်မှ စကားဆိုသည်။

“ငါတို့ မသိပါဘူး။ သူဌေး ဒီမနက် ပြန်မလာသေးဘူး”

သူက ဒီမှာ ရှိမနေတာလား။

ထန်ရှု၏ နဖူးမြင့်တက်သွားလျက် ခပ်ပြတ်ပြတ် ပြောလိုက်သည်။

“ငါ့ကို သူ့ဖုန်းနံပါတ် ပေး။ ပြီးတော့ သူရုံးခန်းက ဘယ်အထပ်လဲ”

“ဆယ့် ... ဆယ့်နှစ်ထပ်မှာပါ”

တံခါးနားတွင် စုပုံနေသော လုံခြုံရေး၄ယောက်အား ကြည့်နေရင်း ကြောက်ရွံ့တုန်လှုပ်နေသော မိန်းကလေး တစ်ယောက်မှ ဖြေလိုက်သည်။

ထန်ရှုသည် လေသံ အေးစက်စက်ဖြင့် အော်လိုက်သည်။ “သူ့ဖုန်းနံပါတ် ပေး”

ထိုမိန်းကလေးသည် သနားစဖွယ် အသံလေးဖြင့်

“ဒ ... ဒါ ... ဆရာ ... ငါတို့ သူဌေးရဲ့ ဖုန်းနံပါတ်ကို တကယ်မသိတာပါ။ နင် သိချင်တယ်ဆိုရင် ငါတို့မန်နေဂျာကို ရှာပြီး မေးနိုင်ပါတယ်”

ထန်ရှုသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်ခြည်းပင် ထွက်ခွာလာသည်။ သူသည် ဓာတ်လှေကားဖြင့် ၁၂ထပ်သို့ တက်လာခဲ့လိုက်သည်။ အချိန်တိုလေး အတွင်းတွင် အထွေထွေ မန်နေဂျာဟု ဆိုင်းဘုတ်တပ်ထားသော ရုံးခန်းအား သူ ရှာတွေ့သွားသည်။ သူသည် တံခါးအား ကန်ဖွင့်လိုက်ပြီး ဘေးဘီဝဲယာ ကြည့်လိုက်စဉ်မှာပင် သူ၏အနောက်မှ အသံတစ်သံ ကြားလိုက်ရတော့သည်။

“နင် ဘယ်သူလဲ”

ထန်ရှုသည် လှည့်ကြည့်လိုက်ရာ ပိန်ပါးပြီး ငယ်ရွယ်ကာ မိတ်ကပ်များ မှုန်နေအောင်  ခြယ်သထားသော မိန်းကလေး တစ်ယောက်အား တွေ့လိုက်ရသည်။ ထန်ရှုသည် အေးစက်စက် နှာတစ်ချက် မှုတ်လိုက်ပြီး သူဌေးထိုင်သော ကုလားထိုင်ဆီသို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။

ထို့နောက် ခံစားချက်ကင်းမဲ့သော လေသံဖြင့် ပြောလိုက်သည်။

“ငါ ဘယ်သူလဲ သိဖို့မလိုဘူး။ တိုင်လုံကို အခု ခေါ်။ သူ့ဖင်ကို ချမယ့် သူ့အကြွေးရှင် လာနေပြီလို့။ အခုချက်ချင်း အကြွေးလာဆပ်လို့ ပြောလိုက်”

“နင် ငါတို့သူဌေးကို ဆဲရဲတယ်ဟုတ်လား။ နင် သေချင်နေပြီ လား” မိန်းကလေးသည် ဒေါသဖြင့် ပြန်အော်ဟစ်သည်။

အေးစက်တင်းမာနေသော အမူအရာဖြင့် ထန်ရှု ပြောလိုက်သည်။

“ငါ နင့်ကို ထပ်ပြောမယ်။ သူ့ကို ခေါ်ဖို့ နင် မိနစ်ဝက် အချိန်ရမယ်။ နင် ဟာသတွေ လာလုပ်နေရင် နင့်ကို ၁၂ထပ်ကနေ ပစ်ချလိုက်ရုံပဲ။ မြန်မြန် ခေါ်လိုက်စမ်း”

ထိုမိန်းကလေးသည် ထန်ရှုအား မျက်နှာသုန်မှုန်စွာနှင့် ကြည့်လိုက်သည်။ ထို့နောက် သူမသည်  ချီတုံချတုံဖြစ်လျက် မပြေသေးသော ဒေါသသံဖြင့် ပြောလိုက်သည်။

“နင်က ချီးထုပ်ပဲ။ ဒီမှာ စောင့် ... ငါ အခု သူဌေးကို ခေါ်မယ်။ ကြပ်ကြပ်သတိထား။ ငါတို့သူဌေးပြန်လာရင် နင့်ကို ဆုံးမလိမ့်မယ်”

“ခွေးအတွေက တူညီတဲ့ သားရဲတွင်းက လာကြတာပဲ” ထိုမိန်းကလေး၏ အပြုအမူကို ကြည့်ပြီး ထန်ရှုသည် စိတ်ထဲမှ တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။

လုံစားသောက်ခန်းမတွင် ...

တိုင်လုံသည် သူ၏ယုံကြည်ရသော လက်ထောက်များအား ပြန်လွှတ်လိုက်ပြီး စီစဉ်စရာရှိတာ စီစဉ်ခိုင်းလိုက်သည်။ ထို့နောက် သူသည် အလျင်အမြန် ထွက်လာခဲ့ခြင်းဖြစ်သည်။ သူသည် မြင့်မြတ်သော နဂါးသိုင်းသင်တန်းကျောင်းမှ လူအချို့အား ဖိတ်ခေါ်နေသည့်အတွက် အဆင့်အတန်းသည် အတန်ငယ် မြင့်မားနေရမည်ဖြစ်သည်။

ဖုန်းမြည်သံ ...

သူ၏ ဖုန်းမြည်လာသဖြင့် တိုင်လုံသည် လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ သူ၏သူငယ်ချင်းဟောင်း စွန်းတာ့ကျစ်ထံမှ ခေါ်ခြင်းဖြစ်သည်ဟု သူ တွေးလိုက်သည်။ ဖုန်းမျက်နှာပြင်မှ ခေါ်ဆိုသူအား ကြည့်လိုက်သောအခါ စာရင်းပိုင်းတွင် အဓိက လုပ်ဆောင်ပေးနေသော သူ၏ကစားစရာ အရုပ်တစ်ရုပ်ဖြစ်သည့် ရုံးမှ အတွင်းရေးမှူးမလေး ဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ့တွင် အရေးတကြီး လုပ်စရာရှိနေသောကြောင့် သူ အတော် စိတ်မရှည် ဖြစ်သွားရသည်။ ဖုန်းကိုင်လိုက်ပြီးနောက် သူသည် လေသံပြတ်ပြတ်ဖြင့် ပြောလိုက်သည်။

“ငါ အခု အရေးတကြီး လုပ်စရာရှိနေတယ်။ အရေးတကြီးမဟုတ်ရင် ငါ ပြန်လာတဲ့အထိ စောင့်ပြီးမှ ပြောပါ”

“သူဌေး ... ဒီမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်။ ချီးထုပ်ကောင်လေးတစ်ကောင်က ရုံးခန်းထဲကို ဖောက်ထွင်းလာပြီး အခု သူဌေးထိုင်ခုံမှာ ထိုင်နေတယ်။ သူက ကျွန်မကို သူဌေးဆီ ဖုန်းဆက်ခိုင်းတယ်။ သူဌေးရဲ့အကြွေးရှင် လာနေပြီ မြန်မြန်လာဆပ်လှည့်လို့ ပြောခိုင်းတယ်”

အကြွေးရှင် ဟုတ်လား။

တိုင်လုံ ဒေါသဖြင့် ဆဲရေးလိုက်သည်။

“ဘယ်ခွေးမသားက ငါ့ကို လာဆွရဲတာလဲကွဟေ။ ဒီဖေဖေကြီးမှာ အကြွေးရှင်တွေ အများကြီးပဲ။ ဘယ်သူမှ ဒီအဖေရဲ့ရုံးခန်းကို မချိုးရဲဘူး။ မင်း ...”

သူ၏စကားများသည် ကြမ်းတမ်းစွာဖြင့် စကားဆုံးသွားသည်။

သူ၏အတွေးထဲတွင် မြင့်မြတ်သော နဂါးသိုင်းသင်တန်းကျောင်းမှ လူအချို့အား ဒီအချိန်တွင် ဖိတ်ခေါ်နေမည့် အကြောင်းသာ ရှိနေခဲ့သည်။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ မေးလိုက်သည်။

“သူက ဘယ်သူတုန်း။ နာမည်က ဘာတဲ့လဲ”

အတွင်းရေးမှူးမလေးမှ လေသံတိုးတိုးဖြင့် ပြောသည်။

“သူက လူငယ်လေး တစ်ယောက်ပဲ။ သူ့နာမည်တော့ မသိဘူး သူဌေး”

တိုင်လုံ ဒေါသတကြီး အော်ဟစ်တော့သည်။

“နင် မသိရင် မေးလေ။ ယီးမို့လို့ မမေးတာလား”

အတွင်းရေးမှူးမလေးသည် တစ်ခဏ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။

“သူက ပြောတယ်။ သူဌေး ... သူ့နာမည်ကို သိချင်ရင် ချက်ချင်းပြန်လာတဲ့။ သူဌေး ...သူဌေးရဲ့ ... ဘဝကို ကိုယ့်ဘာသာ ဂရုမစိုက်နိုင်အောင် သူ လုပ်ပြီးတဲ့အခါမှ ပြောပြမယ်တဲ့”

“ယီးလိုပဲ ... ခွေးမသား”

တိုင်လုံသည် ဖုန်းအား ချလိုက်ပြီး ပျစ်ပျစ်နှစ်နှစ် ဆဲရေးလိုက်သည်။

“အုစ် ... အစ်ကိုကြီးတိုင် ... ငါ့အစ်ကိုကြီးကို ဘာတွေကများ ဒေါသတွေ ဖြစ်အောင် လုပ်လိုက်လို့လဲ။ အစ်ကိုကြီးက လူတွေ ဖိတ်ခိုင်းလို့  ငါရောက်လာခဲ့တယ်။ ဒီ၄ယောက်က မြင့်မြတ်သော နဂါးသိုင်းသင်တန်းကျောင်းက နည်းပြဆရာတွေပဲ။ သူတို့ရဲ့ သိုင်းစွမ်းရည်ကတော့ တကယ်ကို ကောင်းတယ်” စွန်းတာကျစ်သည် ဝဝဖိုင့်ဖိုင့်၊ အရပ်အသင့်အတင့်နှင့် အသားဖြူသော သက်လတ်ပိုင်းလူဖြစ်သည်။ သူ၏မျက်လုံးအစုံသည် ကျဉ်းမြောင်းပြီး ဂနာမငြိမ်သည့်ဟန် ရှိသည်။

တိုင်လုံသည် စွန်းတာကျစ်နောက်တွင် ပါလာသော တောင့်တင်းသန်မာသော လူ၄ယောက်အား တွေ့လိုက်ရသဖြင့် သူ၏မျှော်လင့်ချက်များ ချက်ချင်း မြင့်တက်လာပြီး ပြောလိုက်သည်။

“သူငယ်ချင်းဟောင်းကြီး ... ဒီတစ်ကြိမ်တော့ မင်းကို ငါ တကယ်ကျေးဇူးတင်တယ်ကွာ။ ငါတို့အကြောင်းအရာ မင်းနဲ့နောက်တော့ ငါ ဆွေးနွေးမယ်။ အခု ငါ မြင့်မြတ်သော နဂါးသိုင်းသင်တန်းကျောင်းမှ ကျွမ်းကျင်သူတွေနဲ့ အရေးတကြီး လုပ်စရာရှိနေတယ်။ ငါ လိုရင်းကို ပြောလို့ရမလား”

“အိုကေ”

မြင့်မြတ်သော နဂါးသိုင်းသင်တန်းကျောင်းမှ လူများအနက်မှ သက်လတ်ပိုင်းလူမှ  ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

စွန်းတာကျစ်သည် တိုင်လုံနှင့် မြင့်မြတ်သော နဂါးသိုင်းသင်တန်းကျောင်းမှ လူများအကြားတွင်  မပါဝင်ချင်သောကြောင့် သူသည် အပြုံးဖြင့် ပြောလိုက်သည်။

“အဲ့ဒါဆို မင်းတို့တွေ ဆွေးနွေးရစ်ကြပါ။ ငါ့မှာ တခြားလုပ်စရာတွေရှိလို့ မင်းတို့နဲ့ အဖော်မလုပ်တော့ဘူး။ အစ်ကိုကြီးတိုင်လုံ ... မင်းဖုန်းဆက်မှာကို ငါ စောင့်နေမယ်”

“အင်း ...” တိုင်လုံ ခေါင်းညိတ်ပြလိုက်သည်။

***

All Chapters