← Chapters

မှန်ကန်သော နည်းလမ်းဖြင့် လူများအား စီမံခန့်ခွဲခြင်း

Vol. 03 Ch. 135

မှန်ကန်သော နည်းလမ်းဖြင့် လူများအား စီမံခန့်ခွဲခြင်း

Vol. 03 Ch. 135

ထန်ရှုသည် သူ၏ဖုန်းအား ထုတ်ပြီးနောက် လုံကျန့်ယုအား ဆက်ကာ ထိုမေးခွန်းအား မေးလိုက်ပေသည်။ အဖြေရပြီးနောက် သူ ပြောလိုက်သည်။

“ကျွန်တော် မနက်ဖြန် အချိန်ရတယ်။ ကျွန်တော်တို့တွေ့ပြီး တခြားအကြောင်းအရာတွေပါ ပြောကြတာပေါ့”

“အိုကေ ... ငါတို့ မြေနေရာပုံကြမ်းကို လေ့လာပြီးသွားပြီ။ အဲ့ဒါကို ဝယ်ဖြစ်လိမ့်မယ်။ မနက်ဖြန် အဲဒီကို သွားပြီး တစ်ချက်ကြည့်ကြတာပေါ့”

“အိုကေ”

ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားပြီ ဖြစ်သည်။

ထန်ရှု ပြောပြလိုက်သည်။

“လုံကျန့်ယု ပြောတာကတော့ အဆောက်အဦ ဆောက်ပြီးသွားရင် တန်းမရောင်းပဲနဲ့ ငှားစားထားမယ် ငှားလို့ရတဲ့ အမြတ်ဝေစုကို နှစ်တိုင်း ပေးလိမ့်မယ်။ တစ်နေ့ ရောင်းဖို့ လိုလို့ ရောင်းတဲ့အခါ စုစုပေါင်း ရောင်းရငွေရဲ့ ၁၀%ကို ငါ ရလိမ့်မယ်”

မယုံကြည်နိုင်သော အကြည့်များဖြင့် ခန်းရှသည် ပြောလိုက်သည်။

“သူဌေး ...လုံကျန့်ယုနဲ့သူတို့တွေက နင့်ရဲ့ဒီဇိုင်းကို ဝယ်တာမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ ပိုက်ဆံကို ပေးနေတာလို့ ငါ ဘာကြောင့်ထင်နေရတာလဲ”

ထန်ရှုသည် အံ့အားသင့်စွာနှင့် ပြောလိုက်သည်။  “နင်ပြောနိုင်တယ်လား”

ခန်းရှသည် ပြောစရာစကား မဲ့သွားခဲ့ရပြီး အတန်ငယ် ကြာပြီးနောက်

“သူဌေး ... ငါ နင့်ကို အပြစ်ပြောတာ မဟုတ်ပါဘူး။ လုံကျန့်ယုနဲ့ အပေါင်းအဖော်တွေက ရည်ရွယ်ချက်ရှိရှိကို ပိုက်ဆံပေးနေတာကို နင် မသိတာလား”

ထန်ရှု၏မျက်နှာတွင် အပြုံးရေးရေး ပေါ်လာပြီး သူ ပြောပြလိုက်သည်။

“ပေကျင်းက လာတဲ့ သူ့သူငယ်ချင်း၂ယောက်က အတော်စိတ်ဝင်စားစရာ ကောင်းတယ်။ ကျွန်တော် သူတို့နဲ့ မတွေ့ရသေးဘူး။ သူတို့အကြောင်းတောင်မှ မသိသေးဘူး။ သူတို့က ကျွန်တော့်အကြောင်း လုံကျန့်ယုရဲ့ အကဲဖြတ်မှုအပေါ်မှာ အမှီပြုပြီး ကျွန်တော်နဲ့ သူငယ်ချင်း ဖြစ်ချင်နေကြတယ်။ ဒီ၁၀%က သူတို့ ကျွန်တော့်ကို ချဉ်းကပ်ဖို့ ပြတဲ့ သူတို့စိတ်ရင်းပဲ”

“နင် ... ဘာ”

ခန်းရှ တုန်လှုပ်သွားရသည်။ သူမသည် ထန်ရှုအား မယုံကြည်နိုင်အောင် အံ့အားသင့်ရသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ သူမ၏ အိပ်မက်ထဲတွင်ပင် သည်ကဲ့သို့အဖြေမျိုးအား တစ်ခါမှ အိပ်မက် မမက်ဖူးခဲ့ပေ။ စိတ်ရင်းစေတနာ သက်သက်အတွက် အနည်းဆုံး သန်း၅၀၀ဖြင့် သူငယ်ချင်းဖြစ်ချင်ဖို့ အတွက်လား။

“အမေရေ ...”

“ဘုရားသခင် ...”

ခန်းရှနေရာတွင် အစားဝင်ကာ အင်တာဗျူးနေသော ဂျက်သည် သူ၏ခေါင်းအား လှည့်ကာ ရိုသေလေးစားသော အမူအရာ ပြလိုက်သည်။ စာရွက်စာတမ်းများအား ဘေးတွင် စီနေသော ကရှီသည်လည်း လေးစားသော အမူအရာပြလိုက်သည်။

နိုင်ငံခြား ဘိုမရုပ်လေးနှင့်တူသော အင်ဒီသည် သူမ၏နူးညံ့လှပသော မျက်နှာလေးအား လှည့်ကြည့်ကာ အာစေးမိနေသကဲ့သို့ ရှိနေပြီး မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသည်။

သည်၃ယောက်သည် ထန်ရှုအကြောင်း နည်းနည်းသာ သိသည်။ သူတို့ အဓိက သိသည်မှာ ထန်ရှုနှင့် ခန်းရှအကြားရှိ အပေးအယူဖြစ်သည်။ သို့သော် ယခု ထန်ရှုသည် သူတို့အား အံ့အားသင့်စေရန် လုပ်ဆောင်လိုက်သောကြောင့် သူတို့ရင်ထဲတွင် လေးစားမှုသည် ပိုမို ခိုင်မာလာခဲ့သည်။

ထန်ရှုသည် ခပ်ဖွဖွပြုံးကာ ဆက်ပြောလိုက်သည်။

“အဲဒီတော့ ကျွန်တော် အကြောင်းအရာကို ခင်ဗျားကို ပြောပြီးပြီ။ ဒီမှာ အလုပ်ခန့်ရတာ အခြေအနေ ဘယ်လိုရှိလဲ”

ခန်းရှသည် ခေါင်းကိုယမ်းလျက် ပြောလိုက်သည်။

“ငါတို့ အခု သာမန်ဝန်ထမ်းတွေပဲ ရသေးတယ်။ ဌာနဆိုင်ရာ မန်နေဂျာတွေနဲ့ လက်ထောက်မန်နေဂျာတွေ ရရင်တော့ အကောင်းဆုံးပဲ။ အဲ့လိုအရေးကြီး ရာထူးတွေကိုတော့ တစ်ယောက်မှ မခန့်ရသေးဘူး။ အင်ဒီက ဈေးကွက်မြှင့်တင်ရေးပိုင်းကို တာဝန်ယူမယ်။ ဂျက်က အစီအစဉ်ရေးဆွဲတဲ့ဌာနကို စီမံလိမ့်မယ်။ ကရှီကတော့ ထောက်ပံ့ပို့ဆောင်ရေးပိုင်းမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်။ သူတို့က ငါနဲ့အတူ လုပ်ကိုင်လာတာ နှစ်ကြာခဲ့ပြီးတော့ ကောင်းမွန်တဲ့ရလဒ်တွေကို လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ လုပ်ငန်းလိုအပ်ချက် အနေနဲ့ဆိုရင်တော့ အများကြီး ခန့်ဖို့လိုသေးတယ်”

ထန်ရှုသည် ရယ်မောကာ ပြောလိုက်သည်။

“အေးဆေးပါ။ သောကရောက်စရာ မလိုပါဘူး။ ကျွန်တော်တို့ လစာကောင်းကောင်းပေးနိုင်တာနဲ့အမျှ ထူးချွန်ပြီး အရည်အချင်းရှိတဲ့လူတွေ လာပြီး အလုပ်လာလုပ်လိမ့်မယ်လို့ ကျွန်တော် ယုံတယ်”

ထိုစကားအား နားထောင်ရင်း ခန်းရှ၏အကြည့်များသည် အပြင်ဘက်အား အကြိမ်အနည်းငယ်ခန့် လျင်မြန်စွာ ရောက်သွားပြီး ထန်ရှုအား လေသံနှိမ့်ကာ ပြောလိုက်သည်။

“အရည်အချင်းရှိတဲ့သူတွေ အကြောင်း ပြောရင် လူတော်တစ်ယောက် တွေ့ပြီလို့ ငါ ထင်တယ်။ အပြင်ဘက်ကို တစ်ချက် ကြည့်လိုက်ပါ။ အခြေအနေမဲ့ပုံစံနဲ့ သက်လတ်ပိုင်း အမျိုးသားကို နင်တွေ့လား။ ငါ သူ့ကို သိတယ်။ တစ်ချိန်တုန်းက ငါ လေးစားခဲ့ဖူးတဲ့ တစ်ယောက်ပဲ”

ထန်ရှုသည် အံ့သြစွာ ပြောလိုက်သည်။

“သူက ဘယ်သူလဲ။ သူက နင်ပြောတဲ့အတိုင်း တကယ် ကောင်းတယ်ဆိုရင် ဘာကြောင့် အလုပ်အကိုင်ပြပွဲကို လာပြီး အလုပ်ရှာမလဲ”

ခန်းရှ ပြောပြသည်။

“ငါ သူ့အကြောင်း သတင်းအချို့ ကြားတယ်။ သူ အမေရိကမှာ ရှိတုန်းက သူက အရောင်းပိုင်းနှင့် ဈေးကွက်မြှင့်တင်ရေး အပိုင်းမှာ ပါရမီရှင်တစ်ယောက် ဖြစ်ရုံမကဘူး အိုင်တီ ကျွမ်းကျင်သူတစ်ယောက်လည်း ဖြစ်တယ်။ တစ်ချိန်တုန်းက သူက အမေရိကန်အဆင့်မြင့် အလှကုန်တံဆိပ်တစ်ခုကို တည်ထောင်ပြီးတော့ တစ်ကမ္ဘာလုံးကို ရောင်းချခဲ့တယ်။ ၆နှစ်အတွင်းမှာ ကုမ္ပဏီပိုင်ဆိုင်မှုတွေက အဆထောင်ပေါင်းများစွာ တိုးတက်လာခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့၅နှစ်က သူက တချို့အိုင်တီကုမ္ပဏီတွေရဲ့ အတွင်းစနစ်တွေကို ဖောက်ဝင်ပြီး အတွင်းရေးလျှို့ဝှက်ချက်ကို ခိုးခဲ့လို့ ထောင်ကျသွားတယ်။ ဘယ်အချိန်က တိုင်းပြည်ကို ပြန်လာတာလဲ ငါမသိဘူး။ ဒီအလုပ်အကိုင် ပြပွဲကို သူဘာကြောင့်လာတာလဲလည်း ငါ မသိဘူး”

ထန်ရှု မျက်ခုံးများ ပင့်တက်သွားကာ လေသံနှိမ့်ပြီး ပြန်ပြောလိုက်သည်။

“ဒီလို အရည်အချင်းရှိတဲ့သူမျိုးဆိုရင် ခင်ဗျား ဘာကြောင့် တန်းသွားပြီးတော့ သူ့ကို မဖိတ်ခေါ်တာလဲ”

ခန်းရှသည် ခေါင်းကိုယမ်းလျက် ပြောလိုက်သည်။

“သူ တကယ်တော်တာကို ငါ သိပေမယ့် သူ့မှာ ပြဿနာလေးတွေ ရှိနေတော့ ငါ့မှာ စိုးရိမ်စိတ်တွေ ရှိနေတယ်။ အဲ့ဒါကြောင့် သူ့ကို မဖိတ်ခင် အဲဒီအကြောင်းတွေ ငါရှင်းရမယ်”

ထန်ရှုသည် လူတန်းတွင် တန်းစီနေသော သက်လတ်ပိုင်း လူအား ကြည့်ကာ အတွေးတစ်ချက် ဝင်လာပြီး  ဖြည်းညင်းစွာ ပြောလိုက်သည်။

“ကျွန်တော် သူ့ကို အင်တာဗျူး ကြည့်ရင်ရော”

ခန်းရှသည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

“ဘယ်လို အင်တာဗျူးရမယ်ဆိုတာ နင် သိလို့လား”

ထန်ရှုသည် ရယ်မောကာ ပြောလိုက်သည်။

“မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်က လူတွေရဲ့ သဘောသဘာဝကို သိတယ်လေ”

ခန်းရှသည် ပခုံးကို  တွန့်ပြလိုက်ရင်း အပြုံးဖြင့် ဆိုလိုက်သည်။

“သူဌေးက ကိုယ်တိုင် အင်တာဗျူးချင်တယ် ဆိုမှဖြင့် ငါ့ဧည့်သည်အဖြစ် ရှိပေးပါ။ လူတော်တစ်ယောက်ကို ရနိုင်ဖို့ ငါ မျှော်လင့်ပါတယ် ... သူဌေး”

အချိန်တွေ ကုန်ဆုံးလာခဲ့သည်။

မိနစ်၂၀ ကုန်လွန်သွားပြီဖြစ်သည်။ အခြေအနေမဲ့ပုံဟန် ရှိသော သက်လတ်ပိုင်းအမျိုးသားသည် အင်တာဗျူး စစ်မေးမည့် ကုလားထိုင်တွင် ထိုင်လိုက်သည်။ အင်တာဗျူးမည့် နေရာအတွက် ထန်ရှုနှင့် ခန်းရှ နေရာချင်း လဲနေသည်ကို တွေ့သောအခါ အံ့အားသင့်သွားသည့် အမူအရာသည် သူ၏မျက်နှာထက်တွင် ပေါ်လာခဲ့သည်။ ထို့နောက် သူသည် ခန်းရှအား ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အကြီးအကဲခန်း ... နေကောင်းပါရဲ့လား”

ခန်းရှသည် အံ့အားသင့်သောမျက်နှာဖြင့် တုံ့ပြန်လိုက်သည်။

“ရှင် ... ကျွန်မကို သိတာလား”

သက်လတ်ပိုင်းလူသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“စီးပွားရေးပါရမီရှင် တစ်ယောက် ဝေါစထရိလမ်းကို စွန့်ခွာတယ်လို့ ငါ ကြားခဲ့တယ်။ အဲ့ဒါကြောင့် အတော် အာရုံစိုက်မိသွားလို့ မင်းအကြောင်းတချို့ သိခဲ့တယ်”

ခန်းရှသည် ထိုသူလှမ်းပေးသော စာရွက်စာတမ်းဖိုင်တွဲအား ယူလိုက်ကာ ထန်ရှုအား ပေးလိုက်ရင်း အပြုံးဖြင့် စကားဆိုလိုက်သည်။

“ကျွန်မတို့တိုင်းပြည်က မျိုးဆက်သစ်တိုင်းမှာ အရည်အချင်းရှိတဲ့လူတွေ မွေးထုတ်ပေးနေတာပါပဲ။ အဲ့ဒါတွေ အသာထားလို့ ရှင့်ကို အင်တာဗျူးမယ့်သူက ကျွန်မတို့ရဲ့သူဌေးပါ။ ကျွန်မက ဘေးကရပ်ကြည့်နေသူ တစ်ယောက်ဖြစ်ပါမယ်”

ထန်ရှုသည် သက်လတ်ပိုင်းလူ၏ ရိုးရှင်းသော အချက်အလက်များအား ဖတ်ကြည့်လိုက်သည်။ ထိုသူ၏အမည်မှာ ဝေ့ကျုံးဖန် ဖြစ်ပြီး အသက် ၄၂နှစ် ဖြစ်သည်။ အရောင်းပိုင်းနှင့် ဈေးကွက်မြှင့်တင်ရေး အပိုင်းတွင် အတွေ့အကြုံများ ရှိပြီး အိမ်ထောင်သည် တစ်ယောက်ဖြစ်ကာ အပြာရောင်မြို့တော်၏ ခရိုင်မြို့တော်တွင် နေထိုင်သည်။

ထန်ရှုသည် ဖိုင်တွဲအား ချထားလိုက်ပြီး ဝေ့ကျုံးဖန်အား ကြည့်ကာ ပြောလိုက်သည်။

“မေးခွန်း ၃ခု။ ခင်ဗျားရဲ့အဖြေက ကျွန်တော့်ကို ကျေနပ်စေတယ်ဆိုရင် ကျွန်တော် ခင်ဗျားကို ခန့်မယ်”

“ကျေးဇူးပြုပြီး မေးပါ”

ထန်ရှုသည် ဝေ့ကျုံးဖန်အား ဂရုတစိုက် အကဲခတ်ကြည့်နေစဉ်တွင် သူသည်လည်း ထန်ရှုအား ပြန်ကြည့်နေပေသည်။ ကြယ်တာရာကို လာရောက်ရသည့် သူ၏အဓိက ရည်ရွယ်ချက်သည် ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစုတွင် နေရာတစ်နေရာ လျှောက်ထားရန်ဖြစ်သည်။ စီးပွားရေးလောက၏ ကျော်ကြားသူဖြစ်သော သူဌေးအသစ်တစ်ဖြစ်လဲ ခန်းရှ လုပ်ကိုင်သည့် နေရာဖြစ်သောကြောင့် ထိုလုပ်ငန်းစုအား သူ စိတ်ဝင်စားနေသည်။

ထန်ရှု စတင်လိုက်သည်။

“ပထမ မေးခွန်း ဟိုးအရင်ကတည်းက သစ္စာရှိမှုနှင့် သားသမီးတပည့်ဝတ်၂ခုစလုံးကို ကျေနပ်စေဖို့ဆိုတာ ခက်ခဲပါတယ်။ ခင်ဗျားကိုသာ တစ်ခု ရွေးခိုင်းမယ်ဆိုရင် ဘာကို ရွေးချယ်မလဲ”

ဝေ့ကျုံးဖန် ကြောင်အသွားသည်။ သူ့အနေဖြင့် ထန်ရှုသည် ထိုကဲ့သို့ မထင်မှတ်သော မေးခွန်းတစ်ခုကို မေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ၏စိတ်ထဲတွင် တစ်ခဏမျှ တွေးလိုက်ပြီးနောက် ဖြည်းညင်းစွာ ဖြေလိုက်သည်။

“ငါက သူတော်စင်တစ်ယောက်လို မလုပ်နိုင်တဲ့ သာမန်လူတစ်ယောက်ပါ။ တစ်စုံတစ်ယောက်က မိသားစုအသက်နဲ့ ငါ့ကို ခြိမ်းခြောက်လာမယ်ဆိုရင် သစ္စာရှိမှုကို သစ္စာဖောက်ပြီး မိသားစုကို ကာကွယ်ရပါလိမ့်မယ်”

ထန်ရှုသည် ခေါင်းညိတ်ပြလိုက်ပြီး ဆက်မေးလိုက်သည်။

“ဒုတိယမေးခွန်း ခင်ဗျားအမေနဲ့ ခင်ဗျားကလေးမှာ ဘယ်သူက အရေးကြီးဆုံးလို့ ခင်ဗျားထင်သလဲ”

ထူးဆန်းသော အမူအရာဖြင့် ဝေ့ကျုံးဖန်သည် ထန်ရှုအား ကြည့်လိုက်ပြီး ခိုင်မာစွာ ပြောလိုက်သည်။

“၂ခုစလုံးက အရေးကြီးတယ်။ ဥပမာ ပြောပြမယ်။ ငါ့အမေနဲ့ ငါ့ကလေးက ရေထဲကို တစ်ပြိုင်တည်း ကျသွားတယ်ဆိုရင် ငါ့ကို ဘယ်သူ ကယ်မလဲဆိုတာကို မေးလာတဲ့အခါ ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်တယ်။ ငါနဲ့ အနီးဆုံးလူကို ကယ်မယ်။ တတ်နိုင်ရင် ငါ့အသက်ကို လဲပြီး နောက်တစ်ယောက်ကို ကယ်တင်မယ်”

ထန်ရှုသည် ခေါင်းကို ညိတ်လိုက်ပြီး ဆက်မေးလိုက်သည်။

“တတိယမေးခွန်း။ ခင်ဗျားကြည့်ရတာ စိတ်မသက်မသာဖြစ်လောက်အောင် ဆိုးဆိုးရွားရွား ကျဉ်းထဲကျပ်ထဲ အခြေအနေ ဖြစ်နေတဲ့ပုံပဲ။ ဘာကြောင့် ခမ်းနားသော ထန် လုပ်ငန်းစုကို ရွေးတာလဲ”

သူ၏ရင်ထဲတွင် ဝေ့ကျုံးဖန်သည် တစ်စုံတစ်ခု ရှိနေသည်ဟု တွေးနေခဲ့သည်။ ထန်ရှု၏ တတိယမေးခွန်းသည် အချက်တစ်ခုကို မေးနေဟန်ရှိသော်လည်း အမှန်တကယ်အားဖြင့် အခြားအကြောင်းအရာ တစ်ခုအား ဖုံးကွယ်မေးထားခြင်း ဖြစ်သည်။ ထိုအရာမှာ ခင်ဗျား ဘာကြောင့် အခြေအနေမဲ့ပုံစံ ဖြစ်နေရတာလဲဟုပင်။

သူသည် လေးလေးနက်နက် တွေးလိုက်ကာ ပြန်ပြောလိုက်သည်။

“ဒီမေးခွန်းအတွက် ငါ့အဖြေက ရှုထောင့်၂ခုက လာတယ်။ ပထမ ငါ လွန်ခဲ့တဲ့တစ်နှစ်ကမှ ထောင်ကလွတ်လာတယ်။ ငါ့မိသားစုလည်း မုန်တိုင်းထန်ခဲ့သလို ငါလည်း တစ်နှစ်ကျော်လောက် အတော် စိတ်ဓာတ်ကျခဲ့ရတယ်။ ပြန်လည်နာလန် ထူလာတာ သိပ်မကြာသေးဘူး။ အမှန်တော့ အဓိက စီးပွားရေး လုပ်ငန်းစုတွေကနေ အလုပ်လျှောက်တာကို ငြင်းဆိုခံရတယ်။ ပြည်တွင်းအခြေအနေက ပြည်ပနဲ့ အများကြီး ခြားနားတယ်။ ဒုတိယ ငါ ကျော်ကြားတဲ့ ခန်းရှအကြောင်းကို စိတ်ဝင်စားတယ်။ ဒါပေမဲ့ ပိုပြီး စိတ်ဝင်စားတာက သူမလို လူမျိုးက လိုလိုလားလားနဲ့ အလုပ်လုပ်ပေးချင်လာအောင် ပြုလုပ်နိုင်တဲ့သူက ဘယ်လိုလူမျိုးလဲဆိုပြီး သင့်လျော်တဲ့ဝင်ငွေနဲ့ အလုပ်တစ်ခုကို ငါ ရှာဖွေနေပြီးတော့ ငါ့ဘဝအသက်မွေးဝမ်းလမ်းကြောင်း အတွက် ကြိုးကြိုးစားစား လုပ်ကိုင်သွားချင်တယ်”

ထန်ရှု လက်ခုပ်တီးလိုက်သည်။

“ခင်ဗျားရဲ့ အဖြေတွေကို ကျွန်တော် သဘောကျတယ်။ ခမ်းနားသော ထန်လုပ်ငန်းစုကို ဝင်ရောက်ဖို့နဲ့ အဖွဲ့ဝင်ဖြစ်ဖို့ ကျွန်တော် ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ပထမမေးခွန်းအမြင်အရ ခင်ဗျားကို ပြောရလိမ့်မယ်။ အနာဂတ်မှာ ခင်ဗျားက သစ္စာရှိမှုနှင့် သားသမီးတပည့်ဝတ် ၂ခုစလုံးကို ကျေနပ်စေဖို့ မလုပ်နိုင်တာကို ကြုံလာတဲ့အခါ ကျွန်တာ့်ကို ပြောပါ။ ကျွန်တော် ခင်ဗျားကို ကူညီပေးမယ်”

“ဟင်”

ဝေ့ကျုံးဖန်၏ မျက်ခုံးများ မြင့်တက်သွားကာ ထန်ရှုအား အံ့သြစွာဖြင့် ကြည့်လိုက်မိသည်။

ထန်ရှသည် ထပ်မံ မရှင်းပြတော့ဘဲ ဆက်ပြောလိုက်သည်။

“ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာတွေ ဖြေရှင်းဖို့ ကျွန်တော် အချိန်၂ရက်ပေးမယ်။ ၂ရက်ကြာပြီးရင် ခန်းရှဆီ သွားအစီရင်ခံပါ။ ခင်ဗျားရဲ့ ရာထူးအတွက် ခင်ဗျားက အကောင်းဆုံး အရောင်းဝန်ထမ်းတစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ခင်ဗျား အောက်ခြေကနေ စရမယ်။ ကျွန်တော် ခင်ဗျားရဲ့ တိုးတက်မှုမှတ်တမ်းကို ကြည့်ချင်တယ်။ ခိုင်မာတဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်ပြီး ခင်ဗျား လိုချင်တဲ့နေရာမျိုးကို ရောက်တဲ့အထိပေါ့”

“သာမန်အရောင်းသမားလား”

ဝေ့ကျုံးဖန် တုန်လှုပ်သွားသကဲ့သို့ ခန်းရှသည်လည်း ကြက်သေ သေသွားသည်။

သူတို့၂ယောက်စလုံး ထန်ရှုအား အဖြေရှာဟန်ဖြင့် စိုက်ကြည့်မိကြသည်။

ထန်ရှု မေးလိုက်သည်။ “ခင်ဗျားအတွက် အဆင်မပြေဘူးလား”

ဝေ့ကျုံးဖန်သည် တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ခေါင်းကိုယမ်းကာ ပြောလိုက်သည်။

“အဲ့လို မဟုတ်ပါဘူး။ မမျှော်လင့်မိရုံပါ။ စိတ်မပူပါနဲ့ သူဌေး။ ၂ရက်ကြာပြီးရင် အချိန်မီပြန်လာပြီး ခန်းရှကို အကြောင်းကြားဖို့ ရှာလိုက်ပါမယ်”

“ကောင်းတယ်” ထန်ရှု ပြောလိုက်သည်။

ဝေ့ကျုံးဖန် ထွက်ခွာသွားသည်ကို ကြည့်ပြီး ခန်းရှသည် ထန်ရှုအား ကြည့်ကာ အဖြေရှာဟန်ဖြင့် မေးလိုက်သည်။

“သူဌေး ... ဝေ့ကျုံးဖန်ရဲ့ အဖြေတွေက နင့်ကိုကျေနပ်စေတယ် မဟုတ်လား။ သူ့အရည်အချင်းကို နင် သိနေသားနဲ့ ဘာလို့ အောက်ခြေကနေ စခိုင်းတာလဲ။ ငါတို့မှာ အခု အရည်အချင်းရှိတဲ့လူတွေ လိုအပ်နေတယ်လေ။ သူဆို အရောင်းမန်နေဂျာ ဖြစ်နိုင်တယ်”

ထန်ရှုသည် ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။

“လူတွေက လွယ်လွယ်ရရင် တန်ဖိုးမထားတတ်ကြဘူး။ အခက်အခဲတွေ ရင်ဆိုင်ဖူးတဲ့ လူတွေအတွက် သူ့ရဲ့မမေ့နိုင်တဲ့ အမှတ်တရတွေ ပိုပြီးနက်ရှိုင်းစေဖို့ လိုတယ်”

အံ့အားသင့်သော အမူအရာဖြင့် ခန်းရှသည် ထန်ရှုအား ကြည့်လိုက်သည်။ သူမအနေဖြင့် ထန်ရှုသည် အသက်၂၀၀န်းကျင် မဟုတ်သကဲ့သို့ ခံစားရသည်။ ထိုအစား သူသည် ရင့်ကျက်တည်ငြိမ်သော သက်လတ်ပိုင်း လူတစ်ယောက်နှင့် တူနေလေသည်။ ထိုခဏမှာပင် ထန်ရှုသည် လူရည်လည်သော အကြံသမား မြေခွေးအို တစ်ကောင်သကဲ့သိုပင် ဖြစ်သည်ဟု သူမ ခံစားမိတော့သည်။

ထန်ရှုသည် မတ်တတ်ရပ်လိုက်ရင်း ခန်းရှအား ကြည့်ကာ ပြောလိုက်သည်။

“အဲ့ဒါဆို ကျွန်တော် လုပ်စရာရှိလို့ ပြန်နှင့်တော့မယ်။ အရာရာကို ခင်ဗျား ကြည့်သာ လုပ်လိုက်တော့”

ခန်းရှ တိတ်တဆိတ် စိတ်ကြီးဝင်ချင်မိသွားသည်။ တစ်ချိန်လုံး အရာရာကို ခင်ဗျား စိတ်ကြိုက်လုပ်ဟူသော သူဌေးရှိခြင်းအား သူမ ပျော်သင့်သည် သို့မဟုတ် စိုးရိမ်သင့်သည်ဟုပင် သူမ သေချာ မသိတော့ပါချေ။ သည့်မတိုင်ခင်က သူမ၏ သူဌေးဖြစ်သူသည် သူမ၏လုပ်ပိုင်ခွင့်များအား တင်းကျပ်မည်ကို သူမ အစိုးရိမ်ဆုံးဖြစ်သည်။ သို့သော် ယခုမူ သူမသည် အလွန်တရာကို လွပ်လပ်ခွင့်ရှိနေသည် ဖြစ်သည်။

“ဂရုစိုက်ပါ သူဌေး”

အင်ဒီသည် ထန်ရှုအား နတ်ဘုရားတစ်ပါးအလား ကြည့်နေမိသည်။ ဆိုရိုးစကားရှိသည်။

“မြင်မှသာ ယုံကြည်မည်” သူမသည် အရှေ့တိုင်း ယဉ်ကျေးမှုအများအပြားကို သိပြီး ဆိုရိုးစကားများသည် မှန်လွန်းသည်ဟု တွေးလိုက်မိသည်။ သူဌေးသည် ငယ်ရွယ်လွန်းပြီး အံ့အားသင့်စရာ ကောင်းလှပေသည်။ အနာဂတ်တွင် မည်မျှထိ တက်လှမ်းနိုင်မည်နည်း။

တစ်ချိန်တွင် သူသည် ပြိုင်ဘက်ကင်း ဖြစ်လာနိုင်မည်လား။

ခန်းရှသည် သူမ၏အကြည့်အား ထန်ရှုနောက်ကျောမှ ရုပ်သိမ်းလိုက်သည်။ ပျော်ရွှင်ကာ စိတ်ကောင်းဝင်နေသော အင်ဒီ၏အမူအရာအား ကြည့်ကာ သူမ၏ပခုံးအား အသာပုတ်လိုက်ရင်း ခန်းရှသည် အပြုံးဖြင့် ဆိုလိုက်သည်။

“လူဆိုးမလေး ... နင့်သွားရည်တွေ အမြန် သုတ်လိုက်ပါဦး”

***

All Chapters