← Chapters

သင်တန်းကျောင်းတံခါးအား လာခေါက်သော တိုက်ပွဲ

Vol. 04 Ch. 153

သင်တန်းကျောင်းတံခါးအား လာခေါက်သော တိုက်ပွဲ

Vol. 04 Ch. 153

ကျန့်ဖုန်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာ ရန်ရှန်ယုဖြစ်သည်။ သူ့လိုပင် ရန်ရှန်ယုသည်လည်း အသက်၇၀ကျော်ပြီဖြစ်ပြီး ဖျတ်လတ်ရွှင်လန်းလျက် စိတ်ဝိညာဉ်ချီများ ထုတ်လွှင့်ထားဟန်ရှိသည်။ သူတို့နှစ်ယောက် ကွန်ဖူးပညာ ယှဉ်ပြိုင်ပြီး ကျန့်ဖုန်းအား ရှုံးနိမ့်သွားသော်လည်း ရန်ရှန်ယုသည် ဂရုစိုက်သည့်ဟန်မရှိပေ။

“မင်းလို အဘိုးကြီးမှာ မြင့်မားတဲ့ တိုက်ခိုက်ရေးစိတ်တွေ ရှိဦးမယ်လို့တောင် ထင်မထားဘူး။ မင်းကို ရှုံးတာက ပုံမှန်လို ဖြစ်နေပါပြီကွာ။ ကလေးဘဝကတည်းက မင်းက ကွန်ဖူးပညာမှာ ပါရမီရှင်တစ်ယောက်လို့ ကျော်ကြားနေပြီပဲကို။ မင်းကိုရှုံးတာ ငါ့အတွက် ရှက်စရာမှ မဟုတ်တာ”

ကျန့်ဖုန်းသည် ရယ်မောလိုက်ပြီး

“ဒါက လူတွေပြောတဲ့ စိတ်ထဲကမပါဘဲ ပြောတယ်ဆိုတာများလား။ ဒါနဲ့ ငါ မင်းနဲ့ မတွေ့တာကြာပြီ။ မင်းနဲ့ သောက်ရအောင်ပြောဖို့ အချိန်တောင်မရခဲ့ဘူး။ ဒီတစ်ကြိမ် ကြယ်တာရာကို ဘာလာလုပ်တာလဲ”

ကျန့်ဖုန်း၏ အမေးစကားကြောင့် ရန်ရှန်ယု၏မျက်နှာသည် ချက်ချင်းပင် လေးနက်သည့်အသွင် ဖြစ်သွားကာ

“ကျင်းမန်ကျွန်းမှာ ထူးဆန်းတဲ့ အဖျားရောဂါရှိတဲ့ ကလေးမလေးတစ်ယောက်ကို ငယ်ရွယ်တဲ့ နတ်ဆေးသမားတော်က လွန်ခဲ့တဲ့ရက်အနည်းငယ်က ကုသပေးခဲ့တယ်လို့ ငါ ကြားခဲ့တယ်။ အဲဒီကလေးမလေးက နာမည်ကြီး သမားတော်တွေတောင် မကုသနိုင်ပဲ လက်လျှော့ထားကြရတဲ့သူပဲ။ အဲဒီသတင်းကို ကြားကြားချင်း ငါ ကျင်းမန်ကျွန်းကို အပြေးသွားခဲ့ပေမဲ့ အချည်းနှီးဖြစ်ခဲ့ရတယ်။ ငါ လိုက်စုံစမ်းကြည့်တော့ အဲဒီသမားတော်က ကြယ်တာရာမြို့က လာတယ်ဆိုပဲ”

ကျန့်ဖုန်း သံသယအချို့ဖြင့် မေးလိုက်သည်။

“နတ်ဆေးသမားတော်ငယ်ကို မင်းလိုအပ်တာ ဘာအတွက်လဲ။ ဘယ်သူ အသည်းအသန် နေမကောင်းဖြစ်နေလို့လဲ”

ရန်ရှောင်ယု အပြုံးတစ်ခုအား အားယူပြုံးလိုက်ပြီး

“ငါ့ရဲ့ ရှုမငြီးတဲ့ အဘွားကြီးပေါ့ကွာ။ သူမဘဝတစ်လျှောက်လုံး သက်သတ်လွတ်စားပြီး ဗုဒ္ဓအဆုံးအမအတိုင်း နေခဲ့တဲ့သူတစ်ယောက်ပေါ့။ အဲဒီလိုလုပ်ခြင်းအားဖြင့် နတ်ဘုရားတွေနဲ့ ဘုရားတွေက စောင့်ရှောက်လိမ့်မယ်ဆိုပြီး သူမ တွေးခဲ့တယ်။ လွန်ခဲ့တဲ့ရက်တွေက သူမ အိပ်တဲ့အချိန် တံခါးမပိတ်ဘဲ အိပ်ခဲ့မိတော့ အခု လေဖြတ်နေတယ်။ အဆိုးဆုံးအချက်က သူမက လေဖြတ်ရုံတင်မကဘူး သူမက နတ်ဘုရားအချို့ ဒါမှမဟုတ် တစ်ခုခုကို မြင်နေရသလို အော်ခေါ်ရင်း မေ့မျောသွားတာ။ အဲဒါကြောင့် ငါကိုယ်တိုင် ကြယ်တာရာကို လာပြီး နတ်ဆေးသမားတော်ကို ရှာပြီး ငါ့ရဲ့အဘွားကြီးကို ကုသပေးဖို့ တောင်းဆိုချင်တာပါ”

ကျန့်ဖုန်း ရုတ်တရက် မေးလိုက်သည်။

“မင်း နတ်ဆေးသမားတော် အကြောင်း ဘယ်လောက်သိထားလဲ။ ငါ ကြယ်တာရာမှာ နေတာ ဆယ်စုနှစ်များစွာ ရှိပြီမို့ အဆက်အသွယ်တွေ အတော်ရှိပါတယ်။ သူ့ကိုရှာဖို့ မင်းကို ကူညီကောင်း ကူညီနိုင်လိမ့်မယ်”

ရန်ရှောင်ယုသည် မချိပြုံး ပြုံးလိုက်ပြီး

“သူ့နာမည် ထန်ရှုလို့ ခေါ်တယ်ဆိုတာရယ် အသက်၂၀၀န်းကျင် လူငယ်တစ်ယောက်ရယ် ဆိုတာပဲ ငါသိတယ်။ တခြားအချက်တွေတော့ ငါ့မှာ မရှိဘူး။ နောက်ပြီး ဒီနေ့ ငါ မင်းဆီ အလည်လာရတဲ့ အကြောင်းရင်းက ကြယ်တာရာ တိုင်းရင်းဆေးရုံကြီးဆီကို ငါနဲ့ အဖော်လိုက်ပြီး ဒီမှာရှိတဲ့ သူတွေအကြောင်း မေးချင်တာ”

ကျန့်ဖုန်း ပြောလိုက်သည်။

“ငါ့မှာ သူငယ်ချင်းဟောင်း တစ်ယောက်ရှိတယ်။ သူက ခုနပြောတဲ့ဆေးရုံက ဆေးရုံအုပ်ကြီးပဲ။ ငါ သူ့ကို ဒီအကြောင်း ဖုန်းဆက်မေးလိုက်မယ်။ မင်းရှာနေတဲ့ လူအကြောင်း သူ သိချင်သိနိုင်တယ်”

ရန်ရှောင်ယု တစ်ခဏမျှ ကြက်သေသေသွားခဲ့သည်။ သူသည် အံ့သြသော အမူအရာဖြင့် ချက်ချင်း ပြန်ပြောလိုက်သည်။

“အဲဒါဆို အတိုင်းထက်အလွန် ကျေးဇူးတင်တယ်ကွာ ညီလေးကျန့်”

“ပြဿနာမရှိဘူး”

ကျန့်ဖုန်းသည် ခပ်ဖွဖွ တစ်ချက်ပြုံးလိုက်ပြီး လီဟွန်ဂျီ၏ ဖုန်းနံပါတ်အား ခေါ်ဆိုရန် ပြင်လိုက်သည်။ သို့သော် အပြင်ဘက် ဆူဆူညံညံဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်သံများ၊ အော်ဟစ်သံများ ထွက်ပေါ်လာသဖြင့် …

“ဘာတွေ ဖြစ်နေတာလဲ”

ကျန့်ဖုန်းသည်  သူ၏ဖုန်းအား အောက်သို့ချလိုက်ပြီး အထဲသို့ အပြေးဝင်လာသော သူ၏ အငယ်ဆုံးသားအား ကြည့်ကာမေးလိုက်သည်။

ကျန့်ရှန်သည် အရပ်မြင့်မြင့်နှင့် အသက်၃၀အရွယ် လူရွယ်တစ်ယောက်ဖြစ်သည်။ သူသည် အနက်ရောင် သင်တန်းဆရာဝတ်စုံအား ဝတ်ဆင်ထားပြီး သူ၏မျက်နှာထက်တွင် အနည်းငယ် ကြောက်ရွံ့ကာ သတိထားနေသည့် အသွင်အပြင်ဖြင့် ပြန်ဖြေလိုက်သည်။

“အဖေ… ကျွန်တော်တို့ ခန်းမကို လူအချို့ လာသောင်းကျန်းနေလို့”

ဘာကြီး …

ကျန့်ဖုန်း အံ့သြသွားကာ မျက်နှာအကြီးအကျယ် ပျက်သွားသည်။ တစ်စုံတစ်ယောက်သည် သူ၏ကျောင်းတွင် လာသောင်းကျန်းပြီး အနှောင့်အယှက် ပေးခဲ့သည်မှာ ဆယ်စုနှစ်အလွန်က နောက်ဆုံးအကြိမ် ဖြစ်သည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနိုင်သေးသည်။ သူ့တွင် ကြီးမားသော ပုံရိပ်နှင့် ဂုဏ်သတင်းရှိသည့်အပြင် တပည့်များစွာအား သင်ကြား ပြသပေးနေခြင်းကြောင့် ယခုဆယ်စုနှစ်အတွင်းတွင် ကြယ်တာရာ မြို့အတွင်းတွင် မည်သူမှ သူ့အား ရင်ဆိုင်ရဲခြင်းမရှိပေ။ သို့သော် ယခုမူ သူငယ်ချင်းဟောင်း လာရောက် လည်ပတ်သောအချိန်တွင် လူအချို့သည် မမျှော်လင့်စွာဖြင့် သူ၏ကျောင်းသို့ လာရောက်သောင်းကျန်းကာ စိန်ခေါ်နေခဲ့ပြီဖြစ်သည်။ သူ၏မျက်နှာအား ဖြတ်ရိုက်လိုက်ခြင်းပင် မဟုတ်ပါလော။

“မင်းသွားတော့။ မြင့်မားတဲ့ နဂါးသိုင်းသင်တန်းကျောင်းကို ဘယ်သူကများ လာရောက်သောင်းကျန်းဝံ့တာလဲ ဆိုတာ ငါ တစ်ချက်ကြည့်ချေမယ်”

ကျန့်ဖုန်းသည် ဒေါသထွက်နေသော မျက်နှာဖြင့် ဦးဆောင်ကာ အရှေ့ဘက် မြေကွက်လပ်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလိုက်တော့သည်။

မြင့်မားသော နဂါးသိုင်းသင်တန်းကျောင်းသည် အစိုးရကျောင်း တစ်ကျောင်းအား ယှဉ်နိုင်သည်အထိ အတော်အတန် ကျယ်ဝန်းလှပေသည်။ အရှေ့ဘက် မြေကွက်လပ်သည် တပည့်များမှ ၎င်းတို့၏ကွန်ဖူးပညာအား လေ့ကျင့်ရာနေရဖြစ်ပြီး အနောက်ဘက်ခြမ်းသည် သင်တန်းဆရာများ နေထိုင်ရာနေရာဖြစ်သည်။

အရှေ့ဘက် မြေကွက်လပ်ရှိ ကွန်ဖူးပညာ လေ့ကျင့်ရာနေရာတွင်…

ထန်ရှုနှင့်ခန်းရှသည် ကျုံးတိုက်ယွီမှ သူတို့အား ကုလားထိုင်များ ယူပေးသဖြင့် ထိုင်နေကြပြီး ထိုအယောက်၂၀သည် ထန်ရှုနှင့်ခန်းရှ၏ဘေးတစ်ဖက်တစ်ချက်စီတွင် ၂တန်းတန်းကာ လေးစားစွာဖြင့် ရပ်နေကြသည်။

ထန်ရှု၏အရှေ့တွင် ကျူးထျန်းချန်းသည် အခြား၄ယောက်နှင့်အတူ မြေပြင်ပေါ်တွင် လဲလျောင်းကာ မိန်းမောနေကြသည်။

ကျန့်ဖုန်းသည် အရှေ့ဘက်မြေကွက်လပ်ရှိ ကွန်ဖူးလေ့ကျင့်ရာနေရာသို့ ရောက်သောအခါ ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသောကြောင့် သူ၏မျက်နှာ ရုတ်တရက်ပျက်သွားပြီး မျက်ဝန်းအစုံမှ အေးစက်သော အရိပ်အယောင်တစ်ချက် ထွက်ပေါ်လာသည်။ ဒါဇင်ပေါင်းများစွာသော ကွန်ဖူးသင်တန်းဆရာများ ခြံရံလျက် ထန်ရှုအရှေ့သို့ ရောက်လာသော ကျန့်ဖုန်းသည် အသံနက်ဖြင့် မေးလိုက်သည်။

“မင်း ဘယ်သူလဲ”

ထန်ရှုသည် ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။

“သိုင်းသင်တန်းကျောင်းတစ်ခုကို တိုက်ခိုက်ပြီး စိန်ခေါ်ရင် လက်ခံရတယ်ဆိုတဲ့ အစဉ်အလာတစ်ခု သိုင်းပညာအစည်းအရုံးမှာ ရှိတယ်လို့ ကျွန်တော် ကြားတယ်။ ဒါပေမဲ့ ကြည့်ရတာ ခင်ဗျားက ကျွန်တော့်ကို ဖြတ်သွားတဲ့ လူစိမ်းတစ်ယောက်လိုပဲ သဘောထားပုံရတယ်။ ဒီတော့ ခင်ဗျားရဲ့ခန်းမကို ကျွန်တော် စိန်ခေါ်တာကောင်းမယ်လို့ ကျွန်တော်တွေးတယ်။ ကျွန်တော် ခင်ဗျားရဲ့ မြင့်မားသော နဂါးသိုင်းသင်တန်းကျောင်းကို သဘောမကျဘူး။ ဖြစ်နိုင်မယ်ဆိုရင် အနာဂတ်မှာ ခင်ဗျားရဲ့လူတွေကို အခြားသူတွေ အနိုင်မကျင့်ဖို့နဲ့ နာကျင်အောင် မလုပ်မိစေဖို့ ခင်ဗျားရဲ့ကျောင်းကို ဖျက်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်”

ကျူးထျန်းချန်းနှင့် အခြား၄ယောက်အား နက်ရှိုင်းစွာ ကြည့်လျက် ကျန့်ဖုန်းသည် မကြည်လင်သောအသံဖြင့်

“အတော်ကောင်းတာပဲ။ သိုင်းသင်တန်းကျောင်းကို တိုက်ခိုက်ခြင်းမှာ လာရောက်တိုက်ခိုက်တဲ့သူရဲ့ နာမည်ကို ပြောရမယ်ဆိုတဲ့ အခြားအစဉ်အလာတစ်ခု ရှိသေးတယ်။ ပြီးတော့ မင်းရဲ့စကားကို နားထောင်ရတာ ငါ့ရဲ့ မြင့်မားသော နဂါးသိုင်းသင်တန်းကျောင်းက လူတွေက မင်းကို ပြစ်မှားခဲ့ပုံပေါ်တယ်။ သူတို့ ဘာတွေများ လုပ်ခဲ့ကြလဲဆိုတာ သေချာပြောပြပါ”

ထန်ရှုသည် ကျုံးတိုက်ယွီဘက်သို့ လှည့်လိုက်ပြီး ခံစားချက်ကင်းမဲ့သော လေသံဖြင့် ပြောလိုက်သည်။

“အဲဒီလူကို နှိုးလိုက်ပါ”

“ဟုတ်”

ကျုံးတိုက်ယွီသည် ကျူးထျန်းချန်း၏ ဘေးသို့သွားကာ သူ့ကို မလိုက်ပြီး မျက်နှာအား အကြိမ်များစွာ ညှစ်လိုက်ပြီး မြေပြင်ပေါ်သို့ တစ်ဖန် ပစ်ချလိုက်သည်။ ပြင်းထန်သော နာကျင်မှုသည် ကျူးထျန်းချန်းအား မိန်းမောနေရာမှ နိုးလာစေခဲ့သည့်အပြင် ပြင်းထန်သော နာကျင်မှုကြောင့် စူးစူးဝါးဝါး အော်ဟစ်လိုက်မိသည်။

၁၀စက္ကန့် ကြာပြီးနောက် နာကျင်မှုအား ခံနိုင်ရည်ရှိလာသဖြင့် သူသည် ခေါင်းကိုမော့ကာ ဘေးဘီဝဲယာ ကြည့်လိုက်သည်။ မြင့်မားသော နဂါးသိုင်းသင်တန်းကျောင်းသို့ ပြန်ရောက်နေသည်ကို သူ့ကိုယ်သူ သိရှိလိုက်ပြီး သူ၏အခြေအနေအား သိရှိသွားခဲ့သည်။

“ဆ..ဆ..ဆရာ..”

ကြောက်ရွံ့မှုတို့သည် ကျူးထျန်းချန်း၏ ရင်ထဲအသည်းထိတိုင် ရိုက်ခတ်လာသော်လည်း အရဲကိုးကာ ခေါ်လိုက်သည်။

မကြည်လင်သောအသံဖြင့် ကျန့်ဖုန်း သူ့အား အော်လိုက်သည်။

“ဘာဖြစ်ခဲ့တာလဲ ငါ့ကို ပြော”

ကျူးထျန်းချန်းသည် ချီတုံချတုံဖြစ်သွားပြီး ထန်ရှုအား ကြောက်ရွံ့စိတ်ဖြင့် ကြည့်လိုက်ကာ ခါးသီးသော လေသံဖြင့်

“ဆရာ… တပည့် မကောင်းခဲ့ဘူး။ ဆရာ့ကို အရှက်ရစေတယ်။

“လိုရင်းကို ပြော”  ကျန့်ဖုန်းသည် ဆတ်ခနဲ ကြိမ်းမောင်းလိုက်သည်။

ကျူးထျန်းချန်းသည် အဖြစ်အပျက်တစ်ခုလုံးအား ထပ်မံပြောပြလိုက်ပြီးနောက် စကားအနည်းငယ်ဖြင့် အဆုံးသတ်လိုက်သည်။

“ဆရာ… သူက ကျွန်တော့်အမျိုးသမီးကို ရိုက်ခဲ့တယ်။ ကျွန်တော် ဒါကို သည်းမခံနိုင်ဘူး။ အဲဒါကြောင့် တခြားတပည့်၄ယောက်ကို ခေါ်ပြီး သူမအတွက် လက်စားချေဖို့ သူ့ကို သွားရှာခဲ့တာ။ ပြဿနာတစ်ခုလုံးက ကျွန်တော့်အမှားပါ။ ကျေးဇူးပြုပြီး တခြားညီအစ်ကို၄ယောက်ကို အပြစ်မတင်ပါနဲ့ဆရာ။ ကျွန်တော့်အမှားကို ဝန်ခံပါတယ်။ ဆရာချမှတ်မဲ့ မည်သည့်အပြစ်ဒဏ်မဆို ကျွန်တော် လက်ခံပါမယ်ဆရာ”

ကျန့်ဖုန်းသည် ထန်ရှုအား ကြည့်ပြီး အေးစက်စက် နှာတစ်ချက် မှုတ်လိုက်သည်။

“မင်းက အတော် မောက်မာတာပဲ။ သူများကို အရင်ရိုက်ပြီးတာတောင် ငါ့တို့ကျောင်းကို လာရဲသေးတယ်ပေါ့။ ငါတို့က အနိုင်ကျင့်ဖို့ လွယ်တယ်လို့များ မင်း ထင်နေတာလား”

ထန်ရှုသည် လက်ကို ဝှေ့ယမ်းလျက် ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားရဲ့ သင်တန်းကျောင်းအပေါ် နည်းနည်းလေးတောင်မှ အကောင်းမြင်စိတ် မရှိတော့ဘူး။ ဒါက ဒုတိယအကြိမ် ကျွန်တော့်ကို ပြဿနာရှာခြင်းပဲ။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း ခင်ဗျားရဲ့လူအချို့က မသန့်ရှင်းတဲ့ငွေကို လက်ခံပြီး ကျွန်တော့်ကို အချိန်ဖြုန်းလိုက်သေးတယ်။ ဒါပေမဲ့ ရလဒ်က သူတို့ကို ဒဏ်ရာပြင်းထန်စွာ ရစေလိုက်တယ်။ အဲဒီ၄ယောက်က ခင်ဗျားကျောင်းမှာ မရှိတော့ဘူးလို့ထင်တယ် ဟုတ်တယ်မဟုတ်လား”

လေးယောက်ဟုတ်လား။ ဘယ်သူတွေ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားသေးခဲ့တာလဲ။

ကျန့်ဖုန်း၏ စိတ်အလျဉ်သည် လွန်ခဲ့သောရက်များဆီသို့ လျင်မြန်စွာ ပြန်ပြောင်းရောက်ရှိသွားရင်း ဖေ့ချန်နှင့် အခြား၃ယောက်သည် ဒဏ်ရာများနှင့်  ပြန်လာသည်ကို သတိရသွားမိသည်။ ဖေ့ချန် ပြန်ရောက်လာပြီး ပြောပြခဲ့သည်မှာ ရန်စ စိန်ခေါ်ခံရကာ ဖိနှိပ်ခံရကြောင်းပင်ဖြစ်သည်။ ထို့နောက် သူတို့သည် အရိုက်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟုပင်။ ယခုမူ ထိုသို့ဖြစ်ရသည်မှာ ကိုယ်ကျင့်တရားနှင့် လောကပါလတရားအား ဆန့်ကျင်ပြီး အခြားသူထံမှ မသန့်ရှင်းသောငွေအား ထို၄ယောက် ယူခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ပြန်ပြောင်းသိရတော့သည်။

၎င်းတို့၏အပြစ်ကြောင့် တစ်ပါးသူ၏ အနိုင်ကျင့်မှုကို ခံရသည်ဟု သိပါသော်လည်း ကျန့်ဖုန်းသည် ထိုအရာအား သည်းညည်းမခံနိုင်ချေ။ ထန်ရှုအား အေးစက်တင်းမာနေသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ရင်း မကြည်လင်သောအသံဖြင့်  ပြောလိုက်သည်။

“မင်းက ငါတို့ကျောင်းကို လာပြီး စိန်ခေါ်ဖို့လာမှတော့ ဒါတွေ အဆုံးသတ်ဖို့ စလိုက်ကြရအောင်။ ငါ့ရဲ့ ကောင်းကျိုးမပေးတဲ့ တပည့်တွေကို အနိုင်ကျင့်နိုင်မှတော့ မင်းရဲ့ကွန်ဖူးပညာက သေချာပေါက် ကောင်းလိမ့်မယ်”

ထန်ရှုသည် ထီမထင်ဟန်ဖြင့် တုံ့ပြန်ပြောလိုက်သည်။

“ဟမ့်… ခင်ဗျားရဲ့ သုံးပေကြောင်ကွန်ဖူးက ကျွန်တော် သတိထားရလောက်တဲ့အထိ မကောင်းသေးပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် ကျွန်တော့်ကုမ္ပဏီက လုံခြုံရေးဝန်ထမ်းတွေကို ခေါ်လာခဲ့တယ်။ သူတို့ကို ခင်ဗျားနဲ့ ကစားခိုင်းလိုက်မယ်”

ကျန့်ဖုန်း ဒေါသထွက်စွာဖြင့်

“မင်း အရမ်း မောက်မာလွန်းနေတယ်”

“မောက်မာလား.. မမောက်လားဆိုတာ ကျွန်တော်တို့ ပြိုင်ပြီးရင် ခင်ဗျား သိလာရမှာပေါ့။ ဟေး… အယောက်၂၀ထဲက ဘယ်သူထွက်လာပြီး သူတို့ကို ကစားပေးမလဲ”

“ငါ လုပ်ပေးမယ်” အသံလုံးကြီးကြီးဖြင့် လူထွားကြီးတစ်ဦးမှ ဖြေလိုက်သည်။

ထန်ရှုသည် ခေါင်းညိတ်ပြလျက်

“ငါတို့က တိုင်းပြည်မှာ နေတယ်ဆိုတာ သတိရပါ။ တိုင်းပြည်ဥပဒေကို လိုက်နာရမယ်။ သူတို့ကို မသတ်ပါနဲ့”

“ကောင်းပါပြီ” လူထွားကြီးမှ ခေါင်းအား ခပ်လေးလေး ညိတ်ပြသည်။

ကျန့်ဖုန်းသည် ထန်ရှု၏မျက်ဝန်းအစုံအား နက်ရှိုင်းစွာ ကြည့်လိုက်သည်။ ထို့နောက် သူသည် လူထွားကြီးအား အထင်သေးသောဟန်ဖြင့် သူ၏သားဘက်သို့ လှည့်ကာ အေးစက်စွာ ဆိုလိုက်သည်။

“ရှောင်ရှန်… မင်းသွားလိုက်”

“နားလည်ပါပြီ”

ကျန့်ရှန် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့တက်လိုက်သည်။

ထန်ရှုသည် သူ၏လက်မှ နာရီအား ကြည့်ကာ ပြောလိုက်သည်။

“မြန်မြန် လက်စသတ်လိုက်။ ညနေကျ ကျွန်တော် လုပ်စရာရှိနေသေးလို့ ဒီမှာ အချိန်အများကြီး ကုန်လို့မရဘူး”

“သိပြီ”

လူထွားကြီးသည် ပြန်ဖြေလိုက်ရင်း ခြေလှမ်းကျဲကြီးများဖြင့် ကျန့်ရှန်ဆီသို့ ဝင်သွားလိုက်သည်။ သူ၏ခြေလှမ်းများသည် တည်ငြိမ်ပြီး အလွန်မြန်ဆန်လှသည်။ သူ မတိုက်ခိုက်ရသေးသည့်တိုင် သူ၏လှုပ်ရှားမှုသည် ပြင်းထန်ရက်စက်သည့် အော်ရာအား ထုတ်လွှင့်လျက်ရှိသည်။ သူသည် အချို့အထူးတပ်ဖွဲ့များ၏ စခန်းသွင်းလေ့ကျင့်ခန်းတွင် လေ့ကျင်ခဲ့ဖူးပြီး သူ သင်ယူလေ့လာခဲ့ရသည်မှာ သတ်ဖြတ်ခြင်းပုံစံပင် ဖြစ်တော့သည်။ သူသည် သတ်မှတ်ချိန်များတွင် စစ်မှုထမ်းခဲ့သောကြောင့် ကျွမ်းကျင်စစ်သားတစ်ယောက် ဖြစ်ပြီး ရာပေါင်းများစွာသော စစ်ပွဲများ၏အတွေ့အကြုံရှိသူ တစ်ယောက်လည်း ဖြစ်သည်။

“လင်းယုန် တောင်ပံဖြန့်ချီ…”

ကျန့်ရှန်သည် ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ လက်မောင်း၂ဖက်အား တောင်ပံဖြန့်သည့်ပမာ အကျယ်ဖွင့်လျက် လင်းယုန်လက်သည်းများဖြင့် ထိုလူထွားအား ပြင်းထန်စွာ ချက်ချင်း တိုက်ခိုက်လိုက်သည်။

“ဟမ့်..”

သန်မာသော လူထွားကြီးသည် အေးစက်စက် နှာတစ်ချက်မှုတ်လိုက်ရင်း သူ၏လက်သီးဖြင့် ကျန့်ရှန်၏လည်ပင်းအား ရုတ်ခြည်းထိုးနှက်လိုက်သကဲ့သို့ သူ၏ ဝဲဘက်ခြေထောက်အား လျှပ်စီးခြေကန်ချက်ဖြင့် ကျန့်ရှန်၏ပခုံးဆီသို့ ဆန့်ထုတ်လိုက်သည်။ သူ၏လက်သီးသည် ကျန့်ရှန်၏လည်ပင်းအား ထိုးနှက်သွားမိသည့် တစ်ပြိုင်နက်တည်းလိုလိုပင် သူ၏ခြေထောက်သည်လည်း လျင်မြန်စွာဖြင့် ကျန့်ရှန်၏ပခုံးအား လေးလံစွာ ကန်မိခဲ့သည်။

“ဘန်း…”

ကျန့်ရှန်သည် ကန်ချက်မိသွားသဖြင့် လွင့်စဉ်သွားကာ မြေပြင်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။ လက်ရှိသည်နေရာတွင် ရောက်နေသောလူတိုင်းသည် သိုင်းပညာရှင်များ ဖြစ်ကြသောကြောင့် ကျန့်ရှန်၏ပခုံးသည် ယခင်နှင့်ယခု မတူညီသည်ကို ရှင်းလင်းစွာ မြင်ကြရသည်။ ကန်ချက်ကြောင့် ပခုံးရိုးအထိ နာသွားဟန်ရှိသည်။

အသက်၄၀အရွယ် သက်လတ်ပိုင်း လူတစ်ယောက်သည် မြင့်မားသော နဂါးသိုင်းသင်တန်းကျောင်းလူများအကြားမှ မတ်တတ်ရပ်လိုက်သည်။ သူ၏အသွင်သည် ပိန်သည်၊ နှာတံဖြောင့်စင်းကာ အေးစက်သောအသွင် ရှိသည်။

“ကောင်းမွန်ရက်စက်ပြီး စွမ်းအားရှိတဲ့ နည်းတစ်ခုပါလား။ ငါက စစ်တုလူ ဆရာရဲ့တပည့်ပဲ။ ကျေးဇူးပြုပြီး ငါ့ကို လမ်းညွှန်ပေးပါဦး”

လူထွားကြီးသည် စိတ်ဝင်စားမှု လျော့နည်းနေပြီဖြစ်သည်။ ပထမက သူ၏ပြိုင်ဘက်သည် စွမ်းအားကောင်းမည်ဟု တွေးထင်ထားခဲ့သော်လည်း အချိန်တိုလေး အတွင်းတွင် ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ ထို့ပြင် သူဌေးမှလည်း ပြဿနာများအား ရှောင်ရှားရန်အတွက် မသတ်ရန် ညွှန်ကြားထားသောကြောင့် သည်ဟာသည် ဘေးဆိုးတစ်ခုဟု သူ မြင်လာသည်။ သူသာ ခွင့်ပြုချက်ရမည်ဆိုပါက ကျန့်ရှန်အား စက္ကန့်ဝက်အတွင်းတွင် တစ်ချက်တည်းဖြင့် သူ သတ်နိုင်သည်။

ထို့နောက် ထန်ရှုသည် ထူးမခြားနားအသံဖြင့်

“တစ်ဖက်က ကစားချင်သေးတယ်ဆိုမှတော့ သူတို့နဲ့ ကစားပေးလိုက်ပါဦး။ သူတို့ထဲက ၁၀ယောက်လောက် ခင်ဗျားနဲ့ တိုက်ခွင့်ပြုလိုက်ပါ။ မြင့်မားသော နဂါးသိုင်းသင်တန်းကျောင်းက အဲဒီလူတွေက ခင်ဗျားကို ရိုက်နိုင်ခဲ့ရင် သူတို့ကို မျက်နှာသာပေးလိုက်မယ်”

“ဘယ်လောက်တောင် မောက်မာလိုက်လေလဲ”

ထိုစကားအား ကြားလိုက်ရသော ကျန့်ဖုန်းသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် လေးနက်သောအသံဖြင့်

“ကောင်လေး… မင်းနာမည်ကို ခုထိမပြောရသေးဘူး”

လူထွားကြီးအား လက်ညှိုးညွှန်လျက် ထန်ရှုသည် ရယ်မောကာ ပြန်ဖြေလိုက်သည်။

“ခင်ဗျားလူတွေ ၁၀ယောက်လောက် လွှတ်လိုက်။ သူတို့အားလုံး သူ့ကို ရိုက်နိုင်ရင် ကျွန်တော် ဖြေပေးမယ်။ အဲဒီလိုမှမဟုတ်ရင် ခင်ဗျားရဲ့ မြင့်မားသော နဂါးသိုင်းသင်တန်းကျောင်းက ကျွန်တော့်အတွက် အရမ်းစိတ်ပျက်စရာ ကောင်းနေလိမ့်မယ်။ အဲဒါက ကျွန်တော့်နာမည်ကို သိချင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အရှက်ရစေတာနဲ့ အတူတူပဲ”

ကျန့်ဖုန်းသည် လွန်ကဲသော ဒေါသဖြင့် ပြုံးကာ

“ကောင်းပြီ။ ဘယ်လောက်တောင် လေလုံးထွားတဲ့ကောင်လဲ။ ဒါပေမဲ့ အခုပြဿနာမှာ မင်းရဲ့တောင်းဆိုမှုကို ကျေနပ်ပါစေလိမ့်မယ်။ မင်းတို့၁၀ယောက် ရှေ့တက်ခဲ့ပြီး အလဲထိုးလိုက်ကြစမ်း”

ချက်ချင်းပင် မြင့်မားသော နဂါးသိုင်းသင်တန်းကျောင်းမှ သင်တန်းဆရာများသည် ရှေ့သို့ အပြေးတက်လာကြပြီး လူထွားကြီးအား ဝန်းရံထားလိုက်ကြသည်။ သူတို့၏မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများအား မြင်နိုင်ပေသည်။ သူတို့၏ မျက်လုံးများထဲတွင် လူထွားကြီးသည် အသတ်ခံရတော့မည့် သိုးတစ်ကောင်အလားပင် ဖြစ်သည်။

လူထွားကြီး၏ စိတ်ဝိညာဉ်သည် တောက်ပသွားသည်။ တိုက်ပွဲကို ဆာလောင်သော အကြည့်သည် သူ၏မျက်ဝန်းများထဲတွင် ဖြတ်သန်းသွားသည်။ ထန်ရှုတွင် ဂရုစိုက်ရမည့်အရာများ ရှိသည်ကို သူသိသောကြောင့် စကားတစ်ခွန်းမျှ မပြောတော့ပဲ စတင် တိုက်ခိုက်လိုက်တော့သည်။

*******

All Chapters