← Chapters

ကမ်းလှမ်းမှုအား ပယ်ချခြင်း

Vol. 04 Ch. 160

ကမ်းလှမ်းမှုအား ပယ်ချခြင်း

Vol. 04 Ch. 160

ဟောင်ကျဲ စိတ်လှုပ်ရှားစွာ ပြောနေသော စကားအား အခြားအမျိုးသမီးဆရာမမှ ကြားဖြတ်ပြောလိုက်သည်။

“ဟောင်ကျဲ နင်ပြောတာ မှားနေတယ်။ သူက ငါတို့ဂီတကျောင်းရဲ့ကျောင်းသား ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။”

တစ်ခဏမျှ တွေဝေသွားပြီးမှ ဟောင်ကျဲသည် ချက်ချင်း ပြန်ပြောလိုက်သည်။

“နင် ဘာပြောတာလဲ။ သူက ငါတို့ဂီတကျောင်းရဲ့ကျောင်းသားဖြစ်ဖို့ အရည်အချင်း ပြည့်မီတယ်လေ။”

“နင် စဉ်းစားကြည့်။ သူသာ ငါတို့ဂီတကျောင်းရဲ့ကျောင်းသားဖြစ်ခဲ့ရင် သူ့ကို ဘယ်သူသင်ပေးဖို့ အရည်အချင်းရှိလဲ ငါ့ကို ပြောစမ်းပါဦး။ ငါကတော့ သူ့ကို ငါတို့ဂီတကျောင်းရဲ့ဆရာအဖြစ် တန်းဝင်လုပ်နိုင်တယ်လို့ တွေးမိတယ်။ သူ နှစ်အနည်းငယ် ရှိနေသရွေ့ ပရော်ဖက်ဆာအဖြစ် လျာထားပြီး ခန့်အပ်ရင် ပြသနာရှိမှာမဟုတ်ဘူး။”

အခြားအမျိုးသမီးဆရာမမှ လေးနက်စွာ တုံ့ပြန်လိုက်သည်။

ဆရာတစ်ယောက်အဖြစ် ဟုတ်လား။ ပရော်ဖက်ဆာပါ လုပ်ခိုင်းဦးမှာတဲ့လား။

ဟောင်ကျဲသည် သူမ၏နဖူးအား ရိုက်လိုက်ပြီး လျင်မြန်စွာ ပြောလိုက်သည်။

“ဟုတ်တယ်။ ဟုတ်တယ်။ သူ့အဆင့်က အမှန်တကယ်တော့ ကျောင်းသားမဟုတ်တော့ဘူး။ ဒီလိုဆိုရင်ရော ထန်ရှု.. ငါတို့ဂီတပညာကျောင်းကို လာချင်လား။ ငါ နင့်ကို ဇီသာနည်းပြ ရှောရှောရှူရှူ ဖြစ်ဖို့ အာမခံတယ်။ နင့်လုပ်ဆောင်ချက်က ကောင်းနေရင် နှစ်သိပ်မကြာခင်မှာ ဂီတပရော်ဖက်ဆာဖြစ်လာဖို့ ပြသနာ မရှိဘူး။”

ယွမ်ချူးလင်၊ ချန်းယန်နန်နှင့် အခြား၂ယောက်သည် ကျောက်ရုပ်ပမာ ဖြစ်သွားရကာ အာစေးမိနေသကဲ့သို့ ဖြစ်သွားကြသည်။ သူတို့သည် စိတ်လှုပ်ရှားနေသော ဆရာမ၂ယောက်နှင့် တည်ငြိမ်အေးဆေးနေသော ထန်ရှုအား ကြည့်မိကြကုန်သည်။ သည်အဖြစ်အပျက်သည် သူတို့အား အလွန်အမင်း အံ့သြတုန်လှုပ်မှုကို ဖြစ်စေလေသည်။

သည်ဟာကို မည်သို့ ခေါ်ရမည်နည်း။ တစ်ချီတည်းနှင့် ကောင်းကင်ဘုံသို့ ရောက်ခြင်းဟု ဆိုရမည့်နှယ် ဖြစ်တော့သည်။

ဇီသာတေးသွားတစ်ပုဒ်တည်းဖြင့် နိုင်ငံကျော်တော်ဝင်ဂီတအထူးပြုပညာရပ်ကျောင်း၏ ဆရာများအား သိမ်းပိုက်လိုက်ခြင်းသာ ဖြစ်တော့သည်။ ကောလိပ်ဝင်ခွင့်ပင် ဖြေစရာမလိုဘဲ ဆရာအဖြစ်သို့ တိုက်ရိုက်တက်လှမ်းနိုင်သည်။ ထို့ထက်ဆိုစရာရှိသည်ကား ထန်ရှုတွင်  တိုင်းပြည်၏အငယ်ဆုံးတေးဂီတ ပရော်ဖက်ဆာဟူသော သေချာပေါက် တောက်ပသော အနာဂတ်ရှိနေပြီဖြစ်သည်။

လှံထမ်းလာသည်ကို မြင်ရပြီး ကံထမ်းလာသည်ကို မမြင်ရဟုပင် ဆိုရပေလိမ့်မည်။

သည်ကမ္ဘာတွင် ထန်ရှုထက် ပိုပြီး အံ့အားသင့်စရာဖြစ်ရသောသူ ရှိနိုင်ပါဦးမည်လော။

ထန်ရှုသည် စိတ်လှုပ်ရှားသောအမူအရာများဖြင့်ရှိနေသော ဆရာမများအား ကြည့်ရင်း သူ၏ခေါင်းအား ဖြည်းညှင်းစွာ ယမ်းကာ ပြောလိုက်သည်။

“ကျွန်တော် တကယ်ကို စိတ်မကောင်းပါဘူး။ ကျွန်တော် စိတ်မဝင်စားပါဘူး။”

“ဘာ”

ဆရာများ၏အော်လိုက်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ချန်ရှောင်ဖန်း၏မျက်နှာထက်တွင် မယုံကြည်နိုင်သော အရိပ်အယောင် ဖြစ်ပေါ်လာခဲ့သည်။

သူ ငြင်းခဲ့တာလား။

သူ ဒီလိုကြီးမားသော အခွင့်အရေးတစ်ခုနှင့် တိုင်းတာမရနိုင်သော အနာဂတ်ကို အလွယ်တကူ စွန့်လွှတ်လိုက်တာလား။

ထန်ရှုသည် တော်ဝင်ဂီတပညာရပ်ကျောင်းဆရာဖြစ်ရခြင်း၏အကျိုးကျေးဇူးများအား သေချာမသိဘဲ ငြင်းဆန်လိုက်မည်ကို ချန်ရှောင်ဖန်း စိုးရိမ်သောကြောင့် လျင်မြန်စွာ ပြောလိုက်သည်။

“ထန်ရှု… တော်ဝင်ဂီတပညာရပ်ကျောင်းရဲ့ဆရာတစ်ယောက်ချင်းစီက မြင့်မားတဲ့လူနေမှု အဆင့်အတန်းရှိကြသလို ဂီတနယ်ပယ်မှာဆိုရင်လည်း အရေးပါအရာရောက်တဲ့ ဂုဏ်သတင်းကို ပိုင်ဆိုင်ကြတယ်။ တကယ်လို့ တစ်နိုင်ငံလုံးအတိုင်းအတာ ဂီတနယ်ပယ်နဲ့ဆိုရင် ဒီကျောင်းရဲ့ပရော်ဖက်ဆာတစ်ယောက်က ဆရာတစ်ဆူပဲ။ ချမ်းသာကြွယ်ဝမှု၊ လူနေမှုအဆင့်အတန်းအရာရာတိုင်းက မရေမတွက်နိုင်တဲ့ ဂီတပညာရှင်တွေရဲ့ အိပ်မက်ထဲမှာ ပိုင်ဆိုင်ရဖို့ ထည့်မက်ရတဲ့ အရာတွေပဲ။”

“ချမ်းသာကြွယ်ဝမှုနဲ့ လူနေမှုအဆင့်အတန်းကို အနာဂတ်မှာ ပိုင်ဆိုင်ဖို့ ကျွန်တော် လုပ်ဆောင်လိမ့်မယ်။ ဒါပေမယ့် ဂီတကတော့ အသက်မွေးဝမ်းကျောင်းပညာရပ်လမ်းကြောင်း ဖြစ်လာမှာမဟုတ်ဘူး။ ကျွန်တော် တေးဂီတကို ချစ်ပေမယ့် ဒါက စိတ်ဝင်စားရုံမျှပါပဲ။ အဲ့ဒါကြောင့်မို့ ဆရာတစ်ယောက်ဖြစ်ဖို့ ပရော်ဖက်ဆာတစ်ယောက်ဖြစ်ဖို့ ကျွန်တော် နည်းနည်းလေးမှ စိတ်ဝင်စားမှုမရှိပါဘူး။”

ထန်ရှုသည် သာမန်အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

ချန်ရှောင်ဖေးသည် ပါးစပ်ကြီးဟလျက် စကားတစ်လုံးမျှပင် ထွက်မလာတော့ချေ။ တော်ဝင်ဂီတပညာကျောင်းမှဆရာမများ၃ယောက်သည်ပင် ကျောက်ရုပ်ပမာရှိနေပြီး ထန်ရှုအား မည်သို့ဆွဲဆောင်ရမည်ပင်မသိတော့ဘဲ စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေကြသည်။

ယွမ်ချူးလင်နှင့် ချန်းယန်နန်တို့ကဲ့သို့သော သာမန်မိသားစုမဟုတ်သည့် မိသားစုကြီးမှ လာကြသူများသာလျှင် ထန်ရှု စီးပွားလုပ်ငန်းစုအား တည်ထောင်ထားသည်ကို သိကြသည်။ သူတို့မှတစ်ပါး ရှားဝမ်ဖန်နှင့် လီရှောင်ချန်းတို့သည် သူ၏အခြေအနေမှန်အား မသိကြချေ။ အထူးသဖြင့် ကြယ်ပွင့်တစ်ပွင့်ဖြစ်ရန် အိပ်မက်မက်နေသော လီရှောင်ချန်းသည် အလျင်စလို ပြောလိုက်သည်။

“ထန်ရှု… နင် တော်ဝင်ဂီတအထူးပြုကျောင်းကို ဝင်နိုင်ရင် ဖျော်ဖြေရေးလောကထဲကို ခြေလှမ်းဝက် လှမ်းနိုင်တယ်လို့ ဆိုလိုတယ်။ နင်  ကြယ်တစ်ပွင့် မဖြစ်ချင်ဘူးလား။”

ထန်ရှု ခေါင်းကိုယမ်းကာ ပြောလိုက်သည်။

‘ငါ အဲ့ဒါတွေလုပ်ဖို့ တစ်ခုမှ စိတ်မဝင်စားဘူး။”

လီရှောင်ချန်းသည် မယုံကြည်နိုင်ဟန်ဖြင့်

“ဘယ်လို။ ကြယ်တစ်ပွင့်က ဘာမကောင်းတာရှိလို့လဲ။ နင့်ရဲ့ဂီတစွမ်းရည်က ဒီလောက်မြင့်မားတာ။ ဂီတနယ်ပယ်ထဲမှာ စူပါကြယ်တစ်ပွင့်၊ အင်ပါယာတစ်ပါးလို မြင့်မားနေနိုင်တာပဲ။ ဆရာမတွေရဲ့အကြံကို လိုက်နာလိုက်ပါဟာ။ သူတို့ နင့်ကို ကတိပေးတဲ့အတိုင်း အရာရာဖန်တီးပေးလိမ့်မယ်။”

ထန်ရှုသည် ခေါင်းကို ခါယမ်းမြဲ ခါယမ်းလျက် မှုန်မှိုင်းသောမျက်နှာဖြင့်

“ငါ စိတ်မဝင်စားဘူးလို့ ပြောထားပြီးပြီပဲ။ ညဉ့်လည်းနက်နေပြီ။ မနက်ဖြန်မှာ လုပ်စရာရှိသေးလို့ အရင်ပြန်နှင့်ပါတော့မယ်။”

စကားဆိုပြီးသည်နှင့် သူသည် အရင်ဦးစွာ ထကာ ကေတီဗွီအခန်းတံခါးဝသို့ လျှောက်လာခဲ့သည်။

“အစ်ကိုကြီး… ငါ့ကို စောင့်ပါဦး။”

ယွမ်ချူးလင်သည် ထန်ရှုနောက်သို့ ခြေလှမ်းကြဲကြဲနှင့် ပြေးလိုက်သွားတော့သည်။

အနောက်ကျွန်းကေတီဗွီမှ ထန်ရှု ထွက်ခွာလာပြီးနောက် ချန်းယန်နန်နှင့် အခြားမိန်းကလေး၂ယောက် ထွက်မလာကြသေးသည်ကို သူ မြင်သည်။ ထို့ကြောင့်  ယွမ်ချူးလင်အား ပြောလိုက်သည်။

“ထွေထွေထူးထူး မရှိရင် မင်း အရင်ပြန်တာပိုကောင်းတယ်။ ငါ စားသောက်ဆိုင်ကိုသွားပြီးမှ အိမ်ကို ပြန်မယ်။”

ယွမ်ချူးလင်သည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားသော်လည်း သူသည် ထွက်သွားရန် အလျင်မလိုဘဲ မေးလိုက်သည်။

“အစ်ကိုကြီး… ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ဘယ်တက္ကသိုလ်ကို စာရင်းသွင်းမှာလဲ။”

ထန်ရှုသည် ခေါင်းကိုယမ်းကာ ပြောလိုက်သည်။

“သင့်တော်တဲ့ တစ်ခုကို မရွေးရသေးဘူး။ ကောလိပ်ဝင်ခွင့်ဖြေပြီးတော့မှ စောင့်ကြည့်ရမယ်။

“တကယ်တော့ ဒေသတွင်း ဘယ်တက္ကသိုလ်ကိုမဆို မင်းရဲ့ရလဒ်နဲ့ဝင်ဖို့  ပြသနာမရှိဘူးလို့ ငါထင်တယ်။ တရုတ်ပြည်ရဲ့ထိပ်တန်းတက္ကသိုလ်ကို မင်း မရွေးရင်တောင် တူညီတဲ့ တက္ကသိုလ်ကို ရွေးဖို့ ငါ စဉ်းစားတယ်။ ဒါပေမယ့် မင်း ထိပ်တန်းတက္ကသိုလ်တွေထဲက တစ်ခုကို ဝင်ဖို့ အစီအစဉ်ရှိရင်တော့ ငါ့အတွက်တော့ အောင်ဖို့ ခက်လိမ့်မယ်။”

ယွမ်ချူးလင်သည် ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။

ထန်ရှုသည် အပြုံးဖြင့် ပြောလိုက်သည်။

“ဘယ်တက္ကသိုလ်ကို ဘယ်နေရာမှာတက်တက် အခြေခံကတော့ အတူတူပါပဲ။ အဓိကကတော့ မင်း ဘယ်လောက်သင်ယူနိုင်မလဲအပေါ် မူတည်တယ်။ အဲ့ဒါအပြင် မင်း ငါ့နောက်လိုက်တာ ခဏပဲလိုက်နိုင်မယ်။ တစ်ဘဝလုံး လိုက်နိုင်မှာမဟုတ်ဘူး။ ဘယ်တက္ကသိုလ်ကို တက်တက် မင်းဘဝအတွက် မင်းနှစ်သက်ရာကို ရွေးချယ်ဖို့ မင်းကိုယ်တိုင် ဆုံးဖြတ်ဖို့လိုမယ်။ တစ်ဖက်ကကြည့်ရင်လည်း မင်းတို့မိသားစုမှာ အလွန်ကြီးတဲ့ စီးပွားရေးလုပ်ငန်းစုရှိတာကြောင့် မင်းအဖေရဲ့အကြံဉာဏ်ကို မေးသင့်တယ်လို့လည်း ငါထင်တယ်။”

ယွမ်ချူးလင် မချိပြုံးပြုံးကာ ပြောလိုက်သည်။

“ငါ အိမ်ကို ရက်ပိုင်းလောက်သွားခဲ့တုန်းက သူနဲ့ဆွေးနွေးခဲ့သေးတယ်။ သူက ငါ့ကို ပေကျင်းစီးပွားရေးတက္ကသိုလ်မှာ လေ့လာသင်ယူစေချင်တယ်။”

ထန်ရှုသည် အတော်အံ့အားသင့်ကာ မေးလိုက်သည်။

“မင်း ဒီအကြံဉာဏ်ကို သဘောမကျဘူးလား။”

ယွမ်ချူးလင်သည် ခေါင်းကိုယမ်းလျက် ပြောလိုက်သည်။

“ငါ ဆန့်ကျင်တာမဟုတ်ပေမယ့် ကြယ်တာရာက ထွက်မသွားချင်ဘူး။ ငါ့မိဘတွေက ငါမသိအောင် အရေးကြီးတာတစ်ခုခု ဖုံးကွယ်ထားတယ်လို့ ငါ ခံစားနေရတယ်။ အဲ့ဒါကြောင့် သူ ငါ့ကို မြို့တော်မှာသွားပြီး ပညာသင်ကြားဖို့ပြောတဲ့ အကြံဉာဏ်ကို ဘယ်လိုမှ ခံစားလို့မရဘူး။”

ထန်ရှုသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ဖြည်းညှင်းစွာ မေးလိုက်သည်။

“မင်းရဲ့မိဘတွေက ကွာရှင်းရခြင်းအကြောင်း မပြောပြသေးဘူးလား။”

ယွမ်ချူးလင် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

“ဟင့်အင်း။ နည်းနည်းလေးတောင်မှ မပြောဘူး။ ဒီပြသနာအတွက် သူတို့မှာ အခက်အခဲအချို့ရှိလိမ့်မယ်လို့ ငါ ထင်တယ်။ ဒါပေမယ့် သူတို့ ငါ့ကို အခုထိ မပြောချင်ကြသေးဘူး။ တက္ကသိုလ်မှာ ၄နှစ်တောင် ပညာသင်ရမှာ အဲ့ဒီအချိန် တစ်ခုခုဖြစ်သွားမှာ ငါ ကြောက်တယ်။”

“မိသားစုတိုင်းမှာ ကိုယ်ပိုင်ပြသနာကိုယ်စီ ရှိကြတယ်။”

ထန်ရှု စိတ်တွင်းမှ ကြိတ်ကာ သက်ပြင်းချလိုက်မိသည်။ သူသည် ယွမ်ချူးလင်၏ပခုံးအား ပုတ်လိုက်ကာ အပြုံးဖြင့်

“မင်းရဲ့အဖေက စီးပွားရေးလောကမှာ နှစ်ပေါင်းများစွာ ရှင်သန်နိုင်တယ်ဆိုတာ သူ့မှာ အစွမ်းအစ ရှိတယ်ဆိုတာပဲ။ အဲ့ဒါကြောင့် သူကြုံတွေ့ရတဲ့ ဘယ်ပြသနာကိုမဆို ဖြေရှင်းနိုင်လိမ့်မယ်လို့ ငါယုံတယ်။ အဲ့ဒါအပြင် မင်းနဲ့ငါက သူငယ်ချင်းကောင်းတွေလေ။ အခက်အခဲရှိတဲ့အခါတိုင်း သူ ငါ့ကို ဆက်သွယ်နိုင်တာပဲ။”

“မင်းကို ဆက်သွယ်ရမယ်ဟုတ်လား။”

“ဘာလဲ။ မင်းအဖေကို ငါ ကူညီနိုင်မယ်လို့ မထင်ဘူးလား။” ထန်ရှု ရယ်မောကာ ပြောလိုက်သည်။

“အစ်ကိုကြီး…မင်း ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်ထားတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် ငါ့အဖေ ရင်ဆိုင်နေရတဲ့ပြသနာတွေက မင်း ဒီအချိန်မှာ ဖြေရှင်းနိုင်တဲ့ပြသနာတွေ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးလိုလူမျိုးရှိတဲ့အတွက် အစ်ကိုကြီးပြောခဲ့တဲ့စကားတွေအတွက် ငါ ကျေးဇူးတင်မိပါတယ်။”

ထန်ရှုသည် ပခုံးကို တွန့်ကာ ပြောလိုက်သည်။

“ငါ့ရဲ့စကားတွေကို မင်းကြိုက်သလို အဓိပ္ပာယ်ဖွင့်ဆိုနိုင်တယ်။ အိုကေ.. ငါ အခုသွားသင့်ပြီ။ နောက်မှ တွေ့ကြတာပေါ့။”

မြို့ဟောင်း၏မြစ်လမ်း…

ထန်ရှုသည် အငှားကားတစ်စီး ငှားကာ မိသားစုပိုင် စားသောက်ဆိုင်သို့ သွားခဲ့သည်။ ဝင်ပေါက်တွင် လူအများစည်ကားနေသည်ကို ကြည့်ရင်း သူ အတန်ငယ် အံ့အားသင့်သွားရသည်။ စားသုံးသူများသည် ဝင်လိုက် ထွက်လိုက်ဖြင့် ပုံမှန်ထက်ပင် များပြားလျက်ရှိပေသည်။ သည်ဆိုင်လေးသည် မူလက ကော်ဖီဆိုင်အသေးစားခန့်သာရှိသည်။ အကြီးအကျယ် ပျက်စီးမှု၂ကြိမ် ကြုံပြီးသည့်နောက် ဆိုင်၏အရှေ့ဘက်နှင့်ဘေး၂ဘက်တို့အား အောင်မြင်စွာ ချဲ့ထွင်နိုင်ခဲ့ပြီး ဒုတိယထပ်ကိုပင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ နှစ်ထပ်ဆိုင်ငယ်လေးသည် ထူးခြားဆန်းပြားမှု မရှိသော်လည်း ပြင်ဆင်မှု၂ကြိမ်ပြုလုပ်ပြီးသည့်အခါတွင် စိတ်ဝင်စားစရာကောင်းပြီး ချစ်စရာကောင်းသည့် ရှေးဟောင်းဆိုင်ပုံစံလေးအသွင် ဖြစ်လာခဲ့သည်။

ထန်ရှုအား စိတ်ကြည်နူးစေသည့်တစ်စုံတစ်ရာလည်း ရှိပေသေးသည်။ ထိုအရာမှာ ဝင်ပေါက်တစ်ဖက်တစ်ချက်တွင် ရှိနေသည့် လုံခြုံရေး၂ယောက် ဖြစ်သည်။ ထိုသူတို့သည် မထင်မှတ်ထားစွာ အနက်ရောင် အနောက်တိုင်းဝတ်စုံပြည့်ကို ဝတ်ဆင်ထားသည်။ ထို၂ယောက်အား သူ မှတ်မိပါသည်။ သည်ကဲ့သို့သွင်ပြင်အမူအရာမရှိခင်က သူတို့သည် ထန်ရှုတို့ဆိုင်အား ဒုက္ခပေးခဲ့သူများအထဲမှ ဖြစ်ကြသည်။ သို့သော် ယခုမူ သူတို့သည် ယခင်လူမိုက်အမူအရာများ မရှိတော့ဘဲ မျက်နှာများ တည်တည်တင်းတင်းဖြင့် ခန့်ညားပြီး ရိုးသားသောအသွင်သို့ ပြောင်းလဲကုန်ကြသည်ဖြစ်သည်။

“သူဋ္ဌေး”

ထန်ရှုအား မြင်လိုက်သော ထိုသူ၂ယောက်၏မျက်ဝန်းများသည် အရောင်တောက်သွားကာ နှုတ်ဆက်လိုက်ကြသည်။ ဒုက္ခပေးခဲ့သော တိုင်လုံ၏အဖြစ်အပျက်နောက်ပိုင်းတွင် ထန်ရှုအပေါ်ထားရှိသော သူတို့၏ ယုံကြည်မှုနှင့်  သစ္စာစောင့်သိမှုတို့သည် ပိုမိုနက်ရှိုင်း ရိုသေကိုင်းညွတ်လာခဲ့ကြသည်။ ထန်ရှုသည် တိုင်လုံတို့ကဲ့သို့ စွမ်းအားကြီးသောသူများကိုပင် နှိမ်နင်းနိုင်စွမ်းရှိသောသူဖြစ်သောကြောင့် သည်ကြယ်တာရာမြို့ကြီးတွင် ထန်ရှု မဆုံးမနိုင်သောအရာ အဘယ်မှာရှိနိုင်ပါမည်နည်း။

“စားသောက်ဆိုင်က အစစအရာရာ အဆင်ပြေတယ်မဟုတ်လား။”

ဆိုင်ဘက်သို့ ရှေးရှုလျှောက်ရင်း ထန်ရှု မေးလိုက်သည်။

လူ၂ယောက်အနက်မှ ငယ်သောလူသည် ခေါင်းညိတ်ကာ အပြုံးဖြင့် ပြန်ဖြေသည်။

“အရာရာတိုင်း ကောင်းပါတယ်။ စီးပွားရေးက ဆိုင်ပြန်ဖွင့်တဲ့အချိန်မှာ ပိုတောင်မှ ကောင်းလာသေးတယ်။ နေ့လည်ဖြစ်ဖြစ် ညနေဖြစ်ဖြစ် အမြဲလူပြည့်နေတာ။ အစ်ကိုဘန်ရှို့ဆီကတောင် ကြားမိသေးတယ်။ အချို့လူတွေဆို နေရာရအောင် ကြိုပြီး မှာထားကြတယ်တဲ့။ ခပ်စောစောတောင် မှာထားကြပြီးပြီ။

ထန်ရှုသည် အံ့သြနေရင်း  “အဲ့ဒီလောက်တောင်လား။”

ထိုသူမှပင် “အသေအချာပေါ့။ ကျွန်တော်တို့ စားသောက်ဆိုင်ရဲ့ဈေးနှုန်းက သင့်တင့်မျှတတယ်။ အစားအစာတွေကလည်း အရသာရှိတာမို့လို့ စားသုံးသူတွေက သဘောကျကြတယ်။ အခုဆိုရင် ပုံမှန်စားသုံးသူတွေတောင်မှ အများကြီး ရှိနေပြီ။”

ထန်ရှုသည် ရယ်မောလိုက်ရင်း  “ငါ နားလည်ပြီ။”

စားသောက်ဆိုင်ထဲသို့ ဝင်လာပြီးနောက် ထန်ရှုသည် အလုပ်ရှုပ်နေသော ဝန်ထမ်းများအား ကြည့်လိုက်သည်။ သူ ယခင်က မမြင်ဖူးသော ဝန်ထမ်းအသစ်များစွာအား တွေ့မြင်နေရသည်။ သိသာထင်ရှားစွာပင် ထိုသူတို့သည် အသစ်ခန့်အပ်လိုက်သော ဝန်ထမ်းများ ဖြစ်ပေသည်။ ကောင်တာရှေ့တွင် နေရာလွတ်အား စိတ်မရှည်စွာ စောင့်ဆိုင်းနေကြသော အမျိုးသား၊ အမျိုးသမီးဒါဇင်ခန့်ကိုလည်း သူ မြင်တွေ့နေရသည်။

“အာ..သူဋ္ဌေး လာပြီလား။” ထန်ရှုအား မြင်လိုက်သော ဝန်ထမ်းများသည် ချက်ချင်းပင် အံ့သြဝမ်းသာစွာဖြင့် နှုတ်ဆက်ကြသည်။

“အားလုံး အဆင်ပြေတယ်မဟုတ်လား။”  ထန်ရှု ပြုံးပြရင်း လျှောက်လာခဲ့သည်။

“ဟေ့..ဒါ ဘာသဘောလဲ။ အရင်ရောက်တဲ့လူကို အရင်ဝန်ဆောင်မှုပေးရမယ်ဆိုတာကို မင်း မသိဘူးလား။ ငါတို့ ဒီမှာစောင့်နေတာ ၁၀မိနစ်နီးပါး ရှိနေပြီ။ မင်းရဲ့သူဋ္ဌေးကို ခေါ်ရင်တောင်မှ ငါတို့ကို အရင်ဝန်ဆောင်မှုပေးရမယ်။”

မျက်နှာပေါက်ဆိုးဆိုးဖြင့် သက်လတ်ပိုင်းလူသည် မျက်လုံးပြူးလျက် အော်ဟစ်လိုက်သည်။

“ဖွီး… ဟား ဟား..”  ဆိုင်ဝန်ထမ်းသည် ရယ်ချင်စိတ်ကို မအောင့်နိုင်ဘဲ ဖြစ်သွားတော့သည်။

ထန်ရှုသည် ပြန်လှည့်လိုက်ပြီး သူ့အား ကြည့်နေကြသော ထိုစားသုံးရန် စောင့်ဆိုင်းနေသည့် လူတစ်ဒါဇင်ခန့်အား ကြည့်ကာ အပြုံးဖြင့် ဆိုလိုက်သည်။

“ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ကျွန်တော် ခင်ဗျားတို့နဲ့ စားပွဲ ပြိုင်မလုပါဘူး။”

ထိုသက်လတ်ပိုင်းလူသည် အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြောလိုက်သည်။

“ဟမ့်… မင်းက ငါတို့နဲ့ စားပွဲပြိုင်မလုဘူးသာ ပြောတယ်။ မင်း ဆိုင်တွင်းကို အမြန်သွားနေတယ်မဟုတ်လား။ စားသောက်ဆိုင်တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ငါ မသိဘူးများ ထင်နေလို့လား။ တချို့အခြေအနေရှိတဲ့သူတွေဆိုရင် အမြဲတမ်း မျက်နှာသာပေးလေ့ရှိတယ်။ ဘယ်လိုအခြေအနေ ဘာဖြစ်ဖြစ် ငါကတော့ မပေးနိုင်ဘူးဟေ့။ စားပွဲလွတ်တာနဲ့ ငါတို့စောင့်နေရတာဖြစ်တဲ့အတွက် ငါတို့ကို အရင်ဦးစားပေးရမယ်။”

အခြားသက်လတ်ပိုင်းအမျိုးသမီးမှလည်း ဆက်ကာပြောလိုက်သည်။

“ဟုတ်တယ်။ ငါတို့က ဒီဆိုင်ကို အမြဲတမ်းစားသုံးသူအဖြစ် လာစားဖို့ ဆုံးဖြတ်ထားတယ်။ ဒီတစ်ခေါက်က ငါတို့ ဒီလထဲမှာ တတိယအခေါက်ပဲ။ အဲ့ဒါကြောင့် ငါတို့ကို နေရာရတာနဲ့ အရင်ပေးရမယ်။”

ဝန်ထမ်းသည် ကသိကအောက်ပြုံးနေသော ထန်ရှုအား ကြည့်လိုက်ပြီးနောက် ရှင်းပြလိုက်သည်။

“ဧည့်သည်တော်တို့… တစ်ခုခု နားလည်မှု လွဲနေတယ်ထင်ပါတယ်။ ဒီသခင်လေးက ကျွန်တော်တို့သူဋ္ဌေးရဲ့သားပါခင်ဗျ။”

“ဘာပြောတယ်။”မျက်နှာပေါက်ဆိုးဆိုးဖြင့် သက်လတ်ပိုင်းလူသည် ပြောဆိုနေရာမှ ရပ်တန့်သွားပြီး ကြောင်တောင်တောင် ကြည့်လိုက်မိသည်။ ရှိုးတိုးရှန့်တန့်အမူအရာသည် သူ၏မျက်နှာထက်တွင် ချက်ချင်း ပေါ်လာပြီး ပြောလိုက်သည်။

“ဒါ..အာ..ဟီးဟီး.. ညီလေး.. ငါက မင်းကို ဆိုင်ရှင်သူဋ္ဌေးရဲ့သားမှန်း မသိလို့ပါ။ ငါ..ငါ တောင်းပန်ပါတယ်။ ငါတို့ စိတ်မရှည်ဖြစ်သွားလို့ပါ။ ဒီနားမှာ လူတွေ စားတာသောက်တာ၊ စကားပြောရယ်မောနေတာ ကြည့်ရင်း စောင့်နေတာ ၁၀မိနစ်နီးပါး ရှိနေပြီလေ။”

ထန်ရှုသည် ပြုံးပြလိုက်ရင်း   “ကိစ္စမရှိပါဘူးခင်ဗျာ။”

ထို့နောက် သူသည် ပြန်လှည့်လိုက်ကာ အတွင်းသို့ ဆက်လျှောက်သွားလိုက်သည်။

“ကျေးဇူးပြုပြီး နေပါဦး။”

အနောက်မှ အသံတစ်သံ ထွက်ပေါ်လာသဖြင့် ထန်ရှုသည် လှည့်ကြည့်လိုက်ရာ လူအုပ်ထဲမှ သက်လတ်ပိုင်း လူဝကြီးတစ်ဦး ထွက်လာသည်။ ထို့နောက် သူသည် ဇဝေဇဝါဟန်ဖြင့်

“ဘာများ လိုအပ်သေးလို့လဲခင်ဗျ။”

သက်လတ်ပိုင်း လူဝကြီးသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အပြုံးဖြင့်   “ငါ့ရဲ့စံပြလေး။ မင်းနဲ့ပြန်ဆုံရပြီ။ တွေ့ကတည်းကသိဖူးတယ်လို့ ခံစားနေရတာ။ င့ါကို မှတ်မိသေးလား။ ငါ့ကားကိုငှားပြီး လမ်းတွေတောင် ညွှန်ပေးခဲ့တယ်လေ။ ပြီးတော့ ငါတို့…”

ထန်ရှု ဦးနှောက်အား အလုပ်ပေးလိုက်ရာ ချက်ချင်းပင် ထိုသက်လတ်ပိုင်း လူဝကြီးအား မှတ်မိသွားသဖြင့် စကားဖြတ်ကာ အပြုံးဖြင့် ပြောလိုက်သည်။

“ခင်ဗျားကိုး။ အာ.. ခင်ဗျားကို အဲ့တုန်းက ကျေးဇူးတင်ကြောင်း မပြောလိုက်ရဘူး။”

***

All Chapters