← Chapters

အတိတ်က မကျေလည်မှုအား မေ့ပစ်ခြင်း

Vol. 04 Ch. 167

အတိတ်က မကျေလည်မှုအား မေ့ပစ်ခြင်း

Vol. 04 Ch. 167

ထန်ရှု၏ဇဝေဇဝါဟန်အား ကြည့်ရင်း လုံကျန်ယု၏နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ပွင့် ဖြစ်တည်လာကာ

“လုံရွဲ့ရှောင်က ငါ့အစ်မဝမ်းကွဲဆိုတာကို မင်း မသိဘူးလား။”

ထန်ရှုသည် အံ့အားသင့်လျက်

“သူက မင်းနဲ့မောင်နှမဝမ်းကွဲဆိုတာ ကျွန်တော် တကယ်မသိဘူး။ ကျွန်တော်က အဲ့ဒီအချက်ကို သတိမမူမိတဲ့သူပဲ ဖြစ်မယ်။ လုံမိသားစုနာမည်နဲ့စတဲ့သူလည်း သိပ်မများပဲနဲ့ကို။ မင်းရဲ့မိသားစုနာမည်ကလည်း လုံ။ သူရဲ့မိသားစုနာမည်ကလည်း လုံ။ သူက တောင်တံခါးမြို့အိမ်ရာရဲ့အိမ်ရာစီမံမှုမန်နေဂျာဆိုမှတော့ မင်းရဲ့ဆွေမျိုးဆိုတာ အံ့သြစရာ မရှိတော့ပါဘူး။”

လုံကျန်ယုသည် ရယ်မောလိုက်ရင်း

“ဒီဟာက အဆင်မပြေစရာ မရှိဘူးမဟုတ်လား။ ဒါနဲ့ မင်း ငါ့ကို စိတ်အကြီးအကျယ် မပျက်စေချင်ဘူးဆိုရင် ဒီည ဒီမှာ နေပြီးတော့ ငါတို့နဲ့အတူ သောက်သွားဦး။”

ထန်ရှာသည် သူ၏အကြည့်အား အင်ဒီဆီသို့ ပို့လိုက်ပြီး ခေါင်းတစ်ချက်ညိတ်လိုက်ကာ

“ကောင်းပါပြီ။ ငါ မင်းတို့ကို အဖော်ပြုပြီးတော့ အနည်းငယ်သောက်မယ်။ ဒါနဲ့ သူက အင်ဒီပါ ခန်းရှရဲ့ညာလက်ရုံး။ အမှန်တကယ်တော့ အင်ဒီက ပရဟိတလေလံပွဲတက်ဖို့ ခန်းရှကို စောင့်နေရင်းနဲ့ ဗိုက်ဆာလာလို့။ အဲ့ဒါကြောင့် သူမကို အရင်စားလို့ရအောင် စားစရာမှာလိုက်တာ။”

လုံကျန်ယုသည် အံ့အားသင့်သွားဟန်ဖြင့်

“အင်ဒီ ဟုတ်လား။ သာမန်ထက် ထူးကဲပြီး အိပ်မက်နတ်သမီးဆိုးအဖြစ် ကျော်ကြားတဲ့ အင်ဒီလား”

“မစ္စတာလုံ.. ရှင်ပြောတဲ့စကားက ကျွန်မကို ချီးကျူးနေတဲ့လား ကျိန်ဆဲနေတာလား။ ကျွန်မ မန်ဒရင်းဘာသာစကားမှာ အရမ်းမကျွမ်းကျင်ပေမယ့် ရှင့်စကားရဲ့လေယူလေသိမ်းကို နားထောင်ရတာ အဲ့ဒီဟာက တင့်တယ်တဲ့စကား ဖြစ်ဟန်မတူဘူး ဟုတ်တယ်မဟုတ်လား။”

အင်ဒီသည် ချစ်စရာကောင်းအောင် ပြုံးကာ ပြောလိုက်သည်။

“အာ…”

လုံကျန်ယု၏အမူအရာသည် အားတုံ့အားနာဟန်ဖြစ်သွားရကာ စိတ်ထဲ၌ပင် မျက်လုံး ပြူးသွားရသည်။ မန်ဒရင်းဘာသာစကားကို မကျွမ်းကျင်ပါဟု ပြောလာသော နိုင်ငံခြားသူလေးတစ်ယောက်သည် သူ၏စကားများနောက်ကွယ်မှ ဖော်ညွှန်းနေသော

အဓိပ္ပာယ်အား နားလည်နိုင်သည်လား။

လုံကျန်ယုသည် ခေါင်းခါယမ်းလိုက်ရင်း မချိပြုံး ပြုံးဖြင့်

“မပြောသင့်တာကို သတိလက်လွတ်ပြောမိတဲ့ ငါကိုက မကောင်းတာပါ။ မင်းကို အိပ်မက်နတ်သမီးဆိုးတစ်ယောက်လို့ ပြောတဲ့သူတွေကမှ အမှန်တကယ်ကို မျက်စိကန်းနေတာနေမယ်။ မင်းက နတ်ပြည်ကနေ နတ်သက်ကြွေလာတဲ့ နတ်သမီးလေးတစ်ပါးလို အရမ်းချစ်စရာကောင်းပါတယ်။ လူတွေက နောက်ပိုင်းလည်း မင်းကို အိပ်မက်နတ်သမီးဆိုးတစ်ပါးအဖြစ် ပြောနေကြဦးမယ်ဆိုရင် အဲ့ဒီလူတွေက တကယ့်ကို မကောင်းတဲ့ကောင်တွေပဲ။”

“ဟီ..ဟိ..”

အင်ဒီသည် အသံလေးများထွက်အောင်ပင် ရယ်မောလိုက်မိသောကြောင့် ကိုယ်လုံးလေးမှာ တုန်ခါသွားရရာ သူမ၏လှပဖြိုးမောက်သော ရင်သားနှစ်မြွာသည် လှုပ်ခါသွားသောကြောင့် ဂါဝန်လေးထဲမှ မသိမသာ လှစ်ဟဖော်ပြလာတော့သည်။ ထိုအချင်းအရာအား ကြည့်မိသော ထန်ရှုအပါအဝင် ယခုရှိနေသော လူရွယ်များအားလုံး တံတွေးများပင် ကျိတ်ကာ မျိုချမိရသည်။

ထိုအရာသည် အရမ်းကို ညှို့ငင်ဆွဲဆောင်အား ကြီးလှချေသည်။

သူတို့သည် ငယ်ရွယ်တက်ကြွသောသူများ ဖြစ်သောကြောင့် လူရွယ်လေးယောက်သည် နှလုံးသားအတွင်းမှ ခပ်တိုးတိုးသာ ညည်းညူမိတော့သည်။

“မင်းက အိပ်မက်နတ်သမီးဆိုးတစ်ပါးလည်း မဟုတ်သလို နတ်သမီးလေးတစ်ပါးလည်း မဟုတ်ဘူး။ တကယ်တော့ မင်းက တိုင်းပြည်ကိုတောင် ပျက်စေနိုင်တဲ့ ကလူကျီစယ် ညှို့ငင်နိုင်တဲ့ ကဝေပျိုတစ်ယောက်လိုပဲ။”

“အဟွတ်… ဟွတ်..”

ထန်ရှုသည် သူ၏ရင်တွင်းမှ စိတ်မသက်မသာမှုအား ဖုံးကွယ်ရန် ချောင်းအနည်းငယ် ဆိုးလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“လုံကျန်ယု… ခုတလော မင်းရဲ့ညီငယ်လေးက ကျွန်တော့်ကို အနိုင်ကျင့်ဖို့ မလာပါလား။ သူ ဘယ်ရောက်နေလဲ။”

လုံကျန်ယုသည် ခေါင်းကိုယမ်းကာ ပြုံးလိုက်ရင်း

“သူ အပြာရောင်မြို့တော်ကို သွားနေတယ်။ ဒီကလေး ဘာတွေ တွေးနေမှန်း ငါ မသိတော့ဘူး။ မထင်မှတ်ဘဲ သူက အဖေ့ကို ပြောခဲ့တယ်။ သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းကို တည်ထောင်ချင်တယ်တဲ့။ ရှန်ဟိုင်းကို သွားပြီး အနာဂတ်အတွက် တိုးတက်အောင် မလုပ်ခင်မှာ ပထမဦးဆုံး အပြာရောင်မြို့တော်မှာ တိုးတက်အောင် လုပ်မယ်ဆိုပြီး အဖေ့ဆီက ၅မီလီယံ တောင်းသွားခဲ့တာ။ သူသွားတာ ၂ရက်လောက်ရှိပြီ ခုထိ ငါ့ကို မဆက်သွယ်သေးဘူး။”

“အာ.. သူ တကယ်ပဲ ကြယ်တာရာက ထွက်သွားတာလား။”  ထန်ရှု အံ့သြသွားသည်။

“အိုး… ကြည့်ရတာ မင်း ဒီအကြောင်းတွေ သိတယ်နဲ့တူတယ်။ ငါ့ကို ပြောပြပါဦး။”  သိချင်စိတ်တစ်ခုဖြင့် လုံကျန်ယု မေးလိုက်သည်။

“သူ ထွက်သွားတာ ကျွန်တော့်ကြောင့်လို့ ပြောလို့ရတယ်။ မင်းမိဘတွေနဲ့ မင်းအစ်ကိုရဲ့ ရင်အုပ်အောက်မှာ အမြဲမှီခိုအကာအကွယ်ယူနေရင် မင်းမှာ တောက်ပတဲ့ အနာဂတ်ရှိမှာ မဟုတ်ဘူးလို့ သူ့ကို ပြောခဲ့တာ။ သူက အလွန်စမတ်ကျပြီး စီးပွားရေးအမြင် ရှိပေမယ့် ရည်မှန်းချက် နည်းတယ်။ သူ့ကို နှိုးဆွခဲ့ပေမယ့် သူ တကယ်ကြီး အပြင်လောကကို ထွက်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး။”  ထန်ရှုသည် အပြုံးဖြင့် ပြောလိုက်သည်။

ဖေ့ရှန်းနှင့်ဟောင်ရှုတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိသည်။ သူတို့နှစ်ဦးစလုံး လုံကျန်လင်း၏အကျင့်စရိုက်အား အတွင်းအပြင်မကျန် သိရှိထားကြသည်။ သူတို့အား အံ့အားသင့်စေသည်မှာ လုံကျန်လင်းသည် ထန်ရှု၏စကားအား နားထောင်ကာ သူတို့စိတ်တောင် မကူးမိသော သူ၏အမြင်များအား ချပြရန်အတွက် ထွက်ခွာသွားခြင်းဖြစ်သောကြောင့် ထန်ရှုအပေါ် သူတို့၏ထင်မြင်ချက်သည် ပိုမိုနက်ရှိုင်းလာခဲ့သည်။

ဟောင်ရှုမှ

“သခင်လေးလုံ… မင်းရဲ့ညီငယ်လေးက အပြာရောင်မြို့တော်ကို ထွက်သွားတယ်ဆိုပေမယ့် ကျွန်တော့်ကိုတောင်မှ မဆက်သွယ်ဘူး။ ငါတို့ ရဲဘော်ရဲဘက်စိတ် မရှိရာကျနေတော့မှာပေါ့။ အာ… ဘာပဲဖြစ်ဖြစ် ပြန်ရောက်တာနဲ့ ငါ သူ့ကို ရှာလိုက်မယ်။ ဘယ်စီးပွားရေးပဲ သူ လုပ်ချင်လုပ်ချင် ငါ သူ့ကို ကူညီပြီးတော့ သူ့လမ်းကြောင်းပွင့်ဖို့ မီးစိမ်းပြပေးမယ်။”

ဖေ့ရှန်းသည်လည်း ပြုံးလျက်

“သူ တခြားနေရာရောက်နေရင်တော့ ငါ ကူညီနိုင်မှာမဟုတ်ဘူး။ အပြာရောင် မြို့တော်ဆိုရင်တော့ ငါတို့စကားက အတော် အသုံးဝင်မှာပါ။ မင်းညီလေးကို ငါ သိပါတယ်။ သူက အတော်လေး စိတ်ခံစားမှုအားကြီးတယ်၊ ထိုးထိုးထောင်ထောင်ရှိတဲ့အတွက် အဲ့ဒါက အပြာရောင်မြို့တော်က အနိုင်ကျင့်တတ်တဲ့သူတွေနဲ့ ဆုံတွေ့မှာ မလွဲဘူး။ ငါ့ကိုသတိပေးနေတဲ့ အရာရှိတယ်။ အဲ့ဒါက ဘယ်နေရာမှာ ရှိတာလဲတဲ့။ ဟုတ်ပြီ စကားပုံအရ အန္တရာယ်ရှိတဲ့ လူတစ်ယောက်က သူ့လိုမျိုး အန္တရာယ်ရှိတဲ့လူရဲ့ အနိုင်ကျင့်မှုကိုပဲ ရရှိတတ်တယ်တဲ့။ ဒါပေမယ့် ငါတို့ ပြန်ရင် သူ့ကို စောင့်ရှောက်လိုက်မှာမလို့ သခင်လေးလုံ စိတ်ချလက်ချသာ နေပါ။”

လုံကျန်ယုသည် စားပွဲပေါ်မှ နိုင်ငံခြားဖြစ် အကောင်းစား ဝိုင်ပုလင်းအား ယူလိုက်ကာ ထန်ရှု၏ခွက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် သူ၏ခွက်အား မြှောက်လိုက်ကာ

“မင်းတို့အားလုံးကို ဒီတစ်ခွက်နဲ့ လေးစားကျေးဇူးတင်ပါရစေ။ သောက်လိုက်ကြစို့။”

သူ၏အစာအိမ်ထဲသို့ ဝိုင်ရောက်သွားသည်နှင့် ထန်ရှုသည် နှုတ်ခမ်းအား သပ်လိုက်ရင်း ခေါင်းကိုယမ်းလျက်

“ဒီနိုင်ငံခြားဝိုင်တွေအကြောင်း ကြားဖူးနေခဲ့ပေမယ့် သောက်ဖို့ အခွင့်အရေး မရခဲ့ဘူး။ ဒါပေမယ့် အရသာက အရမ်းတော့ မကောင်းလှဘူးပဲ။ ကျွန်တော်မှတ်မိသလောက်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာလည်း အရမ်းကောင်းတဲ့ဝိုင် အရက်အမျိုးအစားတွေ ရှိတယ်မဟုတ်လား။”

ဖေ့ရှန်း၏မျက်လုံးများသည် အရောင်လက်သွားပြီး သူသည် ချက်ချင်းပင် ဘေးဘက်ရှိ ဗီရိုတစ်လုံးဆီသို့ လျှောက်သွားလိုက်ပြီးနောက် ပါကင်မဖောက်ရသေးသော ဝိုင်တစ်ပုလင်းအား ယူလိုက်ကာ မူလနေရာသို့ ပြန်လာသည်။ သူသည် ထန်ရှုအား ဝိုင်ပုလင်း လှမ်းပေးလိုက်ကာ

“ညီအစ်ကို ထန်… မင်းက တကယ့်ယောကျာ်းပဲ။ ငါတို့လို ယောကျာ်းကောင်းတွေက ဝိုင်ပြင်းပြင်းတွေ သောက်ရတာကို နှစ်သက်တယ်ဆိုတာ မင်းသိတယ်။ ငါ အပြာရောင်မြို့တော်ကနေ ယူလာတဲ့ ဒီဝိုင်ကိုရော မမြည်းကြည့်ချင်ဘူးလား။”

ထန်ရှုသည် ဝိုင်ပုလင်းအား ယူလိုက်ပြီး ပုလင်း၏ထိပ်ပိုင်းပေါ်တွင် ကပ်ထားသည့် “လူတွေကို ဝန်ဆောင်မှုပေးမယ်။” ဟူသော ဆောင်ပုဒ်လေးအား ကြည့်လိုက်သည်။ သူသည် ပုလင်းအတွင်းမှ အဝါရောင်ကောက်ညှင်းအရက်ကိုလည်း မြင်လိုက်ရသောကြောင့် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

“ဒီဟာ ဒဏ္ဍာရီလာ အထူးဝိုင် ထုတ်လုပ်တဲ့ဆီကမလား။”

ဖေ့ရှန်းသည် လက်မထောင်ပြလိုက်ပြီး

“မင်းမျက်လုံးတွေ တကယ်ထက်မြက်တာပဲ ညီအစ်ကို ထန်။ ဒီဝိုင်က ပီအယ်လ်အေစစ်တပ် ဒေသအတွက် ထုတ်ပေးရတဲ့ အထူးဝိုင်ပဲ။ ငါ့အစ်ကိုအကြီးဆုံးက မြောက်ပိုင်းဒေသဋ္ဌာနချုပ်က အကြီးအကဲတစ်ယောက်ပဲ။ ငါတို့အဖိုးအတွက် သယ်လာပေးတာကို ငါ  အလစ်သုတ်လာတာ။ သူပြောတာ ငါကြားတာကတော့ ဒီဝိုင်က မြောက်ပိုင်းဒေသဋ္ဌာနချုပ်က မြေအောက်ခန်းမှာ သိမ်းထားတာ နှစ်၃၀နီးပါးရှိနေပြီးတော့ လွန်ခဲ့တဲ့၆လကမှ ထွက်လာတာ။”

ထန်ရှုသည် ခပ်ဖွဖွ ပြုံးလိုက်သည်။ နှစ်ထောင်ပေါင်းများစွာ ဝိုင်ဖောက်ကာ သိမ်းခဲ့ပြီး ဆယ်စုနှစ်၃နှစ်စာမျှ တစ်ယောက်တည်း ဝိုင်သောက်ခဲ့သည်က ကျန်ခဲ့ပေပြီ။  သည်ကမ္ဘာမြေတွင် နှစ်၃၀မျှ ဝိုင်လေးအား အတော်ကောင်းလှပြီဟု ဆုံးဖြတ်နေကြသည်။

ထန်ရှုသည် ပုလင်းအား ဖွင့်ကာ ခွက်၄ခွက်ထဲသို့ လောင်းထည့်လိုက်သည်။ သူသည် ဝိုင်အား သောက်သုံးလိုက်သည်နှင့် မွှေးပျံ့ထူးကဲသော မီးတောက်တစ်ခုသည် သူ၏လည်ချောင်းအား ဖြတ်သန်းသွားကာ ရင်ဘတ်အတွင်းသို့ အရှိန်ပြင်းစွာ ရောက်သွားသည်နှင့် အားကြီးလှသော အပူများသည် စီးဆင်းသွားကာ သူ၏အစာအိမ်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီး သူ၏ခြေလက်များနှင့် အရိုးများဆီသို့ ပျံ့နှံ့သွားလေတော့သည်။

“အား… တကယ်ကောင်းပြီး သက်တောင့်သက်သာရှိတယ်။”

ထန်ရှု မချီးကျူးဘဲ မနေနိုင်တော့ချေ။ ထိုဝိုင်သည် ထာဝရခိုင်မြဲခန်းမမှ ဝိုင်များထက်ပင် ပိုမိုကောင်းမွန်သည်ဟု သူ ခံစားရသည်။

ထိုခဏ၌ သူ့တွင် ပြင်းပြသော ဆန္ဒတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ထိုအရာမှာ  ကောင်းမွန်သော ဝိုင်များအား  ကိုယ်တိုင်ချက်လုပ်လိုခြင်းပင်ဖြစ်သည်။ လူအများအပြားသည် သည်ကမ္ဘာမြေမှ ဝိုင်ကို မြတ်နိုးကြပေသည်။ သူကိုယ်တိုင် ဖောက်လုပ်ထားသော ဝိုင်အရသာအား မြည်းစမ်းကာ ဝိုင်အရသာကောင်းအား အမှန်တကယ် အသိအမှတ်ပြုပေးမည့် တစ်စုံတစ်ယောက်အား သူ ရှာတွေ့ခဲ့မည်ဆိုပါက ထိုအရာသည် ပျော်စရာကောင်းသောအရာတစ်ခုဖြစ်မည်မှာ သေချာပေါက်ပင်ဖြစ်တော့သည်။

ထန်ရှုတွင် ဝိုင်အရက်ကောင်းပြုလုပ်နိုင်သည့် နည်းလမ်းကောင်းတစ်ခုရှိရုံမျှမက သူ၏ကိုယ်တိုင်ပြုလုပ်ထားသော ဝိုင်များသည် ဧကန်မုချပင် အကောင်းဆုံး အရည်အသွေး ရှိနေပေသည်။

ထိုခဏတွင် ဖေ့ရှန်းသည် ထန်ရှုနှင့် ပိုမိုနီးကပ်သွားသည့်ပမာ ခံစားလိုက်ရသောကြောင့် သူသည် အပြုံးဖြင့်

“ညီအစ်ကို ထန်ရဲ့ချီးကျူးစကားကို ရလိုက်တော့ ကြည့်ရတာ ငါ ဒီဝိုင်ပုလင်းကို ခိုးလာတာ တကယ်ကို ထိုက်တန်တဲ့ပုံပဲ။ ညီအစ်ကို ထန်လည်း ဝိုင်ချစ်သူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး။ ငါ့မှာ နည်းနည်းပဲ ပါလာတာ နှမြောစရာပဲ။ နို့မို့ဆိုရင် ငါတို့သောက်ရတာ ပိုပြီး ပျော်ရွှင်စရာ ဖြစ်လိမ့်မယ်။”

“ဒါ အဆင်ပြေပါတယ်။ မင်း ဝိုင်ကောင်းကောင်း သောက်ချင်ရင် အချိန်တစ်ခု စောင့်ပေး။ ငါ အပြာရောင်မြို့တော်ကို လာတဲ့အခါ ယူလာခဲ့မယ်။ အဲ့ဒီဝိုင်က မင်းကို စိတ်ကျေနပ်စေလိမ့်မယ်ဆိုတာ ငါ သေချာပေါက် ပြောရဲတယ်။”

ထန်ရှု ပြုံးကာ ပြောလိုက်သည်။

သူ့တွင် စိတ်ကူးတစ်ခုရှိနေသောကြောင့် ကောင်းစွာ လှုပ်ရှားရပေမည်။

ဝိုင်ဖောက်ရန် ပစ္စည်းများသည် ရှာရန် လွယ်ကူပြီး ထုတ်လုပ်သည့် ကုန်ကျစရိတ်မှာ နည်းပါးသောကြောင့် ထန်ရှုသည် ကောင်းမွန်သော ဝိုင်အချို့ ပြုလုပ်ရန် ဆုံးဖြတ်ထားသည်။ မကြာမီရောက်လာတော့မည့် နွေရာသီကျောင်းပိတ်ရက်အတွက်သာ ရည်ရွယ်သည်မဟုတ်ဘဲ အချို့အချိန်များတွင်ပါ ဝိုင်ဖောက်လုပ်မည်ဖြစ်သည်။ သူ အကုန်လုံး မသောက်နိုင်ပါက အချို့အား မိခင်၏စားသောက်ဆိုင်တွင် ရောင်းချနိုင်ပေသေးသည်။

ဖေ့ရှန်းသည် စူးစမ်းလိုဟန်ဖြင့်

“ညီအစ်ကို ထန်… မင်းမှာလည်း ဝိုင်ကောင်းတွေ ရှိတာလား။”

“ဟား..ဟား..အခုတော့ မရှိသေးဘူး။ ဒါပေမယ့် မကြာခင် ဝိုင်အချို့ဖောက်လုပ်ဖို့ ပြင်ဆင်နေတယ်။”  ထန်ရှု ရယ်မောရင်း ရှင်းပြလိုက်သည်။

“ဝိုး.. မင်းလည်း ဝိုင် ဘယ်လိုဖောက်မှန်း သိတာလား။”  ဖေ့ရှန်းသည် အံ့သြတကြီး ရေရွတ်လိုက်သည်။

“ငါ တစ်ခါ ဖောက်ဖူးတယ်။ အရသာက တအားမိုက်တယ်။”  ထန်ရှု ဆက်ပြောလိုက်သည်။

ဖေ့ရှန်းသည် ရွှင်မြူးစွာ လက်ခုပ်တီးလိုက်သည်။

“ဟား..ဟား..ဟား.. ညီအစ်ကို ထန်.. ကြည့်ရတာ မင်းက ဝိုင်ဝါသနာအိုးတင်မဟုတ်ဘူး။ အမှန်အကန် ချစ်မြတ်နိုးသူပဲ။ မင်း လုပ်တဲ့ဝိုင်ကို ငါ တကယ် မြည်းစမ်းကြည့်ချင်ပါတယ်။ မင်း အပြာရောင်မြို့တော်ကို ရောက်လာမယ့်အချိန်ကို မျှော်နေမယ်။ ပြီးရင် မြို့တော်က အကောင်းဆုံး စားသောက်ဆိုင်မှာ ကြိုဆိုတဲ့အနေနဲ့ လိုက်ဧည့်ခံမယ်။”

ဟောင်ရှုသည် ဖေ့ရှန်း၏ပခုံးအား အသာပုတ်လိုက်ရင်း ပြုံးလျက်

“မလုပ်နိုင်ဘူး။ မင်းက ဘယ်လိုဖြစ်ပြီး ညီအစ်ကိုထန်ကို ကြိုဆိုဧည့်ခံတဲ့စားသောက်ပွဲကို တာဝန်ယူရမှာလဲ။ ငါက သူ့ကို ပြစ်မှားထားတဲ့သူဆိုတော့ ငါမှားထားတာကို မဆေးကြောရမချင်း ငါ စိတ်ဖြောင့်နိုင်မှာမဟုတ်ဘူး။ ညီအစ်ကို ထန်က ငါ့ထက် ရင့်ကျက်တဲ့သူတစ်ယောက်မို့ ငါနဲ့ဖက်ပြိုင်ဖြစ်မှာ မဟုတ်ပေမယ့် ငါ ဟောင်ရှုက ဒါကို စိတ်ထဲမှာ စွဲနေတယ်။ အဲ့ဒါကြောင့် ညီအစ်ကို ထန်… မင်း အပြာရောင်မြို့တော်ကို လာတဲ့အချိန်  ငါ ဧည့်ခံပါရစေ။ တစ်နည်းအားဖြင့် မင်းကိုယ်တိုင် လုပ်ထားတဲ့ ဝိုင်ကို ငါလည်း မြည်းစမ်းရတာပေါ့။ ဟား..ဟား..ဟား။”

ထန်ရှုသည် ခေါင်းညိတ်ရင်းဖြင့်သာ ပြုံးလျက်ရှိသည်။

သူသည် အမှန်တကယ်အားဖြင့် ဟောင်ရှုအား မနှစ်သက်သော်လည်း လူအများ ပြောဆိုသည့်အတိုင်း သင့်အား ပြုံးပြနေသောသူများအား မရိုက်ဘဲ လက်ကမ်းရမည်ဟူသောစကားအရ ဟောင်ရှုသည် သူ၏စိတ်ကောင်းစေတနာအား ထပ်ကာထပ်ကာ ပြသနေသောကြောင့် သူ့အား မျက်နှာသာပေးရန် လိုအပ်ပေသည်။

လူမှုကွန်ယက်ရှိခြင်းသည် နတ်ဘုရားလက်နက်ရှိခြင်းနှင့် သဏ္ဍာန်တူသည်ကို သူလည်းပဲ ကောင်းစွာ သဘောပေါက်လာရုံမက ထိုလက်နက်အား ကောင်းမွန်စွာ အသုံးချနိုင်ပါက အနာဂတ်တွင် များစွာသောအရာများ ဆောင်ရွက်ရာတွင် အလွန်အထောက်အကူ ဖြစ်ပေလိမ့်မည်။

အင်ဒီသည် ဝိုင်အကြောင်းအား များစွာ စိတ်မဝင်စားလှသော်လည်း သူမသည် စကားပြောနေကြသည်များအား စူးစူးစိုက်စိုက် နားထောင်နေပေသည်။ ထို့ကြောင့် သူမသည် လုံကျန်ယုနှင့် ကျန်နှစ်ယောက်သည် ထန်ရှုနှင့် ရေရှည်ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်လိုကြသည်ကို သူမ မြင်နိုင်သည်။ သူမ မျက်စိကျသော လူရွယ်သည် တကယ် မှန်ကန်ကြောင်း ထိုအချင်းအရာမှ သူမအား ကောင်းမွန်သည့်ခံစားမှုအား ဖြစ်ပေါ်စေသည်။

အမှန်တကယ်အားဖြင့် သူမသည် ထန်ရှု၏ချစ်သူဖြစ်ချင်သည်ဟု ပြောခဲ့သောစကားတွင် ၂၀%သာ မှန်ပြီး ၈၀%သည် စနောက်လိုက်ခြင်းသာ ဖြစ်သည်။ သူမသည် သေးငယ်သော ပုံရိပ်ကလေးဖြစ်သော်လည်း သာမန်လူတစ်ယောက်၏ ဦးခေါင်းပိုင်းတွင် ရှိသော ဒွါရ၇ပေါက်နှင့် စဉ်းစားတတ်သော ဦးနှောက်လည်း ရှိပါသေးသည်။ လူ့သဘာ၀ လူ့စရိုက်အား သူမ ကောင်းစွာ သိသည်။ လူတွေ ပြောနေသည့်စကားများနှင့် သူတို့၏အမူအရာအား ဖတ်ကြည့်ပြီး လိမ်နေသည်၊ ပါးနပ်သည် သို့မဟုတ် အမှန်တရားအား ဖုံးကွယ်ထားသည်ကို သိနိုင်သော လူစားမျိုးထဲတွင် သူမလည်း ပါသည်။

သို့သော် ဒီညတွင် အရာများစွာအား ဖြတ်သန်းပြီး ထန်ရှနှင့် အတော်အတန် နီးနီးကပ်ကပ် ဆက်သွယ်မှုရှိပြီးနောက် ထန်ရှုသည် ဖြောင့်မတ်သော ယောကျာ်းကောင်းတစ်ယောက် ဖြစ်ရုံသာမက အချစ်ရေးရာတွင် အပြောင်းအလဲများသော လူတစ်ယောက်မဟုတ်မှန်း သူမ လေ့လာ သဘောပေါက်သွားတော့သည်။

သူမ၏မိဘများ တရုတ်ပြည်သို့ ခေါ်ဆောင်လာစဉ်က သူမသည် ရှစ်နှစ်သမီးမျှသာ ရှိသေးသည်။ တရုတ်ပြည်တွင် ခြောက်နှစ်နေထိုင်ပြီးနောက် အမေရိကန်သို့ သူမတို့မိသားစု ပြန်လာခဲ့ကြသည်။ အမေရိကန်သို့ ပြန်ရောက်ပြီးနောက် သူမသည် တရုတ်လူမျိုး အများအပြားနှင့် သူငယ်ချင်းဖြစ်ခဲ့ပြီး ရိုးရာဓလေ့များကိုပါ နက်နက်နဲနဲ သိခဲ့ပေသည်။ သူမ၏ အနောက်တိုင်းဆန်သော သွင်ပြင်ကြောင့်သာ မဟုတ်ပါလျှင် သူမသည် နိုင်ငံခြားသူတစ်ဦ ဖြစ်သည်ဟု မည်သူမှ ယုံကြမည်မဟုတ်ချေ။

“ဆရာတို့… ဆရာမတို့… ဟင်းပွဲတွေ ရောက်ပါပြီခင်ဗျာ။”

သက်လတ်ပိုင်း မန်နေဂျာတစ်ဦးသည် ဟင်းပွဲများ သယ်ဆောင်လာသည့် တစ်ဒါဇင်ခန့်သော စားပွဲထိုးအမျိုးသမီးလေးများနှင့်အတူ အခန်းထဲသို့ ဝင်လာခဲ့သည်။ ဟင်းပွဲများသည် ဖုံးအုပ်ထားဆဲရှိနေသောကြောင့် မည်သူမျှ မမြင်နိုင်သော်လည်း ထူးကဲလှသည့် ရနံ့များသည် လူတိုင်း၏နှာဝအား ကလူ၏သို့ မြှူ၏သို့ လုပ်ကာ ကျီစယ်နေပေသည်။

လုံကျန်ယုသည် ထန်ရှုအား ကြည့်ကာ

“ငါတို့ အခု စားကြတော့မလား။”

ထန်ရှုသည် အပြုံးဖြင့်

“ဝိုင်ကောင်းက ကောင်းမွန်လှတဲ့ အရသာခံလိုစိတ်ကို ဖြည့်ဆည်းပေးတယ်ဆိုတော့ အခု စားလိုက်ကြစို့ရဲ့။”

ချက်ချင်းပင် လူတိုင်းသည် အခန်းထဲမှ သီးသန့် စားသောက်ခန်းဆီသို့ ဦးတည်သွားလိုက်ကြသည်။ စားပွဲပေါ်မှ စီတန်းနေသော ဟင်းပွဲများအား ကြည့်ရင်း သူတို့၏ စားချင်စိတ်တို့သည် နှိုးထလာသည့်နှယ်ဖြစ်သည်။ သူတို့အဖွဲ့ထဲမှ အချို့သည် စားရန် အသင့်ဖြစ်နေချိန်တွင် အင်ဒီ၏ဖုန်းသည် မြည်လာခဲ့သည်။

“အကြီးအကဲခန်းဆီက ဖုန်းပါ။”

အင်ဒီသည် သူမ၏ဖုန်းအား ထုတ်ကြည့်လိုက်ရာ ဖုန်းမျက်နှာပြင်တွင် ခန်းရှ၏ဖုန်းနံပါတ် ပေါ်နေသည်ကို တွေ့ရသည်။

“ပရဟိတလေလံပွဲက ဘယ်အချိန် စမှာလဲ။”  အင်ဒီအား ထန်ရှု လှမ်းမေးလိုက်သည်။

“ရှစ်နာရီခွဲ.. အခုကနေဆိုရင် နောက် မိနစ်၂၀”  အင်ဒီ ပြန်ဖြေလိုက်သည်။

“အဲ့ဒါဆိုရင် သူ့ကို ဒီမှာ ညစာ အရင်လာစားပါလို့ ပြောလိုက်ပါ။ နောက်ဆိုရင် သူမကို ပြောပေး.. တစ်နေ့လုံ အလုပ်တွေ များနေ ရှုပ်နေပြီးတဲ့နောက် အနားယူဖို့ စိတ်အပန်းဖြေဖို့ ကျန်တဲ့အချိန်ကို သုံးပါလို့။ အလုပ်လုပ်ခြင်း နဲ့ အနားယူခြင်းကြားမှာ မျှခြေတစ်ခု ဖန်တီးမှသာ ပိုမိုများပြားတဲ့ ချမ်းသာကြွယ်ဝမှုကို မင်း သယ်ယူနိုင်လိမ့်မယ်။”

အင်ဒီသည် ချိုသာတောက်ပစွာ ပြုံးပြလိုက်ရင်း

“ရှင့်လို ကြင်နာတတ်တဲ့ သူဋ္ဌေးတစ်ယောက်ရှိတာ ကျွန်မတို့ကို အမှန်တကယ် ဘုရားသခင် ကောင်းချီးပေးလိုက်တာပါပဲ။”

***

All Chapters