← Chapters

ယင်ကောင်တစ်ကောင်

Vol. 04 Ch. 168

ယင်ကောင်တစ်ကောင်

Vol. 04 Ch. 168

အင်ဒီ၏ချီးကျူးစကားကိုကြားရသည့် ဟောင်ရှုတစ်ယောက် တစ်ချက်ကြည့်လိုက်ကာ သူ၏နှုတ်ခမ်းများအား တွန့်လိုက်ရင်း ကြိတ်ကာ တီးတိုးပြောလိုက်မိသည်။

“မင်းလို ချိုသာတဲ့ကောင်မလေးတစ်ယောက်က အမှန်တကယ်ကို ယောကျာ်းတစ်ယောက်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တာပဲ။ ထန်ရှု ဘယ်လိုတွေ သည်လိုမျိုး အောင်မြင်နေလဲဆိုတာ ငါ တကယ်ကို မသိတော့ဘူး။ သူ့မှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိရုံသာမကဘဲ သည်လိုပြိုင်ဖက်ကင်းအလှလေးတစ်ပါးကတောင် သူ့ရဲ့ရင်ခွင်ထဲဝင်ဖို့ အရင်စပြောရတယ်။”

များမကြာမီ ထန်ရှုအား အဖော်လုပ်ပေးနေသော အင်ဒီအား ရှာဖွေရင်း ခန်းရှသည် အေ1608 အခန်းသို့ ရောက်လာခဲ့သည်။ သူမသည် လုံကျန်ယုနှင့် ယခင်က တွေ့ဖူးပြီးသားဖြစ်ပြီး ဟောင်ရှုနှင့် ဖေ့ရှန်းတို့အား မသိသော်လည်း အပြုံးတစ်ပွင့် ဆင်မြန်းကာ လူတိုင်းအား နှုတ်ဆက်လေသည်။ ထို့နောက် သူမသည် ပြုံးနေသော အင်ဒီအား ကြည့်လိုက်ကာ သူမဘေးတွင် ဝင်ထိုင်လိုက်သည်။

“ဟေး သူဋ္ဌေး.. ဒါတော့ တကယ် မတရားပါဘူးဆိုတာ နင်သိလား..။ ငါက ကုမ္ပဏီအတွက် အလုပ်ကြိုးစားနေတုန်း နင်က ဒီမှာလာပြီး တကယ် ပျော်စရာတွေ ရှာနေတယ်ပေါ့။ ပရဟိတလေလံပွဲကို ငါ့ကို အဖော်လုပ်ပြီး မတက်ပေးချင်ဘူးလား။”

ခန်းရှသည် ထန်ရှုအား နွေးထွေးသောအပြုံးဖြင့် ကြည့်လိုက်သည်။

ထန်ရှု ခေါင်းယမ်းလိုက်မိသည်။ သူ ပြန်လည်တုံ့ပြန်တော့မည့်ဆဲဆဲတွင် လုံကျန်ယု ပြောသည်ကို ကြားလိုက်ရသည်။

“ဒီပရဟိတလေလံပွဲက ရန်ဝေလန်စီစဉ်တဲ့ပွဲ မဟုတ်လား။ အမှန်တကယ်တော့ ငါလည်း အဲ့ဒီကို သွားဖို့ပဲ။ ဒီသူငယ်ချင်း၂ယောက် ရောက်လာလို့ ဧည့်ခံနေတာ။ အဲ့ဒီကို သွားဖို့တောင် ဘာမှ မပြင်ဆင်ရသေးဘူး။ ဒါနဲ့ ဖေ့ရှန်း.. ဟောင်ရှု မင်းတို့လည်း ဒီကို ရောက်နေတာအတူတူ အဲ့ဒီပွဲကို ငါတို့ ဘာကြောင့် မသွားရမှာလဲ။ ကြယ်တာရာရဲ့လေလံပွဲက အပြာရောင်မြို့တော်ကို မယှဉ်နိုင်ပေမယ့်လည်း မင်းတို့အတွက် စိတ်ဝင်စားစရာတစ်ခုခုတော့ ရှိလာနိုင်သေးတာပဲ။”

ဖေ့ရှန်းနှင့် ဟောင်ရှု ပြုံးကာ ခေါင်းညိတ်လိုက်ကြသည်။

ထန်ရှာသည် ထိုလူများအား ကြည့်လိုက်ကာ မပြုံးချင်ပြုံးချင် ပြုံးလိုက်ရင်း

‘အဲ့လိုဆိုမှတော့ အမြင်ကျယ်စေဖို့ ငါလည်း တက်ရတော့မှာပေါ့။ အမှန်အတိုင်း ပြောရရင် သည်လို အထက်တန်းလွှာ ပရဟိတလေလံပွဲကို တက်ဖို့ အရင်တုန်းက တစ်ခါမှ အခွင့်အရေး မရှိခဲ့ဖူးဘူး။”

ဖေ့ရှန်းသည် မတ်တတ်ရပ်လိုက်ပြီး အပြုံးဖြင့်

“တကယ်တော့ ဒီလိုပွဲမျိုးက ရည်ရွယ်ချက်၂မျိုးနဲ့ ကျင်းပတာပါ။ ပထမတစ်ခုက ပရဟိတလေလံပွဲဖြစ်ပြီးတော့ လှူဒါန်းငွေတွေကို စုတာ။ ဒုတိယတစ်ခုကတော့ စီးပွားရေးလောကမှာ နာမည်ကြီးတဲ့သူတွေ အတော်များများ ရှိသလို လေးစားရပြီး လူသိများတဲ့ မိသားစုကြီးတွေလည်း တက်ရောက်ကြတယ်။ ဒီပွဲကို သခင်လေးတွေနဲ့ သခင်မလေးတွေ တစ်ယောက်နဲ့ တစ်ယောက် သိကြဖို့၊ ပိုရင်းနှီးမှုတွေ ရကြဖို့လည်း အသုံးပြုတယ်။ လက်ထပ်ဖို့အတွက် မျက်စိကျထားတဲ့သူတွေ၊ စိတ်ဝင်စားကြတဲ့သူတွေဆိုရင် တန်းတွေ့ကြဖို့ ဒါက အကောင်းဆုံးပဲ။”

ထန်ရှုသည် ထိုစကားများအား ကြားသည့်အခါ သူ၏စိတ်ဝင်စားမှုသည် ရုတ်ခြည်းပင် ပျောက်ဆုံးသွားတော့သည်။ သို့သော်လည်း ပွဲတက်ရန် ကတိပေးပြီးသားဖြစ်နေသောကြောင့် သူ၏စကားများ ရုတ်သိမ်းပါက အတော် ကသိကအောက်နိုင်ပေလိမ့်မည်။

“ဒါနဲ့ မင်းတို့ အရင်စားနှင့်ကြ။ ငါ အဝတ်အစား လဲလိုက်ဦးမယ်။ နို့မို့ဆိုရင် ငါ ဒီလိုပုံ ဝတ်စားထားတာ လူတွေမြင်ရင် ငါ့ကို ပွဲအပြင်ဘက် မောင်းထုတ်ကြလိမ့်မယ်။”

ဖေ့ရှန်းသည် ရယ်ရင်း ပြောလိုက်သည်။

၁၀မိနစ်ကြာပြီးသော်…

လူတိုင်း စားသောက်ကြပြီးနောက် သူတို့သည် ဖေ့ရှန်း ပြန်လာသည်ကို စောင့်နေကြသည်။ သူ ပြန်လာသည်နှင့် ပရဟိတလေလံပွဲကျင်းပရာ ၁၈ထပ်ရှိ ခန်းမသို့ အဖွဲ့လိုက် အတူတကွ ဦးတည်သွားလိုက်ကြသည်။ ခန်းရှတွင် ဖိတ်ခေါ်စာ ရှိပြီး လုံကျန်ယုသည်လည်း လုံမိသားစု၏ သခင်လေးအဖြစ် လူအများအပြား သိကြသောကြောင့် ခန်းမထဲသို့ သူတို့အဖွဲ့ဝင်လာသည်နှင့် ထူးခြားတောက်ပနေတော့သည်။

နူးညံ့လှသော ခရစ်စတယ်မီးရောင်လေးများသည် ပါတီသို့ တက်ရောက်လာသူများအား သူ၏အလင်းရောင်ဖြင့် တောက်ပလင်းလက်စေသည်။ ခန်းမအတွင်းတွင် လူတစ်ရာနီးပါး ရောက်နှင့်နေပြီဖြစ်သည်။ တက်ရောက်လာသော လူတစ်ယောက်စီနှင့် လူတိုင်းသည် ကောင်းမွန်စွာ ဝတ်စားထားပြီး လူတိုင်းသည် ကြည့်ကောင်းသည့်အသွင်ရှိသည်။ သာမန်လူတစ်ယောက်ပင်လျှင် ထိုကဲ့သို့ ကောင်းမွန်စွာ ဝတ်စားထားပါက အထက်တန်းလွှာ ဟုတ်၊ မဟုတ်အား သာမန်အကြည့်ဖြင့် ခွဲခြားနိုင်မည်မဟုတ်ပေ။

သူတို့အဖွဲ့ရောက်လာခြင်းသည် များစွာ လူအပေါင်းတို့အား ဆွဲဆောင်လိုက်သည့်နှယ်ဖြစ်ပြီး ဝိုင်နီတစ်ခွက် ကိုယ်စီကိုင်လျက် နွေးထွေးသောအပြုံးနှင့် လူအများအပြား၏ ချဉ်းကပ်ခြင်းကိုပါ ခံရတော့သည်။ လုံကျန်ယုသည် ကြယ်တာရာမြို့ လုံမိသားစု၏ အမွေဆက်ခံသူဖြစ်ပြီး သူ၏ဂုဏ်ပုဒ်သည်လည်း စီးပွားရေးလောကထဲတွင် အတော်အတန် ရှိလင့်ကစား ခန်းရှ၏ ဂုဏ်သတင်းသည် သူ၏အထက် အတော်လှမ်းလှမ်းတွင် ရှိနေပေသည်။ ထန်ရှုသည် ခန်းမထဲသို့ မဝင်မီကပင် သူ၏ပုံရိပ်အား လျှို့ဝှက်ထားရန် ခန်းရှနှင့် အခြားအပေါင်းအဖော်များအား တောင်းဆိုထားသောကြောင့် ခန်းရှသည် ချဉ်းကပ်လာသူများအား ယဉ်ကျေးသိမ်မွေ့စွာ နှုတ်ဆက်နေသော်လည်း ထန်ရှု၏ပုံရိပ်အား မဖော်ပြခဲ့ပေ။

ထိုအရာအား အခွင့်အကောင်းယူကာ ထန်ရှု၊ ဖေ့ရှန်းနှင့် ဟောင်ရှုတို့သည် ဘေးတစ်ဖက်မှ ဆိုဖာဆီသို့ သွားကာ ၃ယောက်သား ထိုင်ချလိုက်သည်။

“ဒီဟာက တီဗွီမှာ ပြနေတဲ့ ဇာတ်လမ်းတွဲတွေထဲကလိုပဲ ခြားနားမှု သိပ်မရှိဘူး။”

ထန်ရှုသည် ထိုင်ရင်း ပြောလိုက်သည်။

ဖေ့ရှန်းနှင့် ဟောင်ရှုသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ ထိုခဏ၌ ထန်ရှုသည် အထက်တန်းလွှာ ပရဟိတလေလံပွဲသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းသည်ကို သူတို့ ယုံကြည်လိုက်ရပြီဖြစ်သည်။

“ညီအစ်ကို ထန်… ဒီနေ့ညမှာ နာမည်ကျော်ကြားတဲ့ မိန်းမပျိုလေးတွေ အများအပြား လာနေကြတယ်။ ပွဲစီစဉ်သူက မင်းသမီးတွေနဲ့ နာမည်ကြီး ဆယ်လီမိန်းကလေးတွေ အများအပြားကိုလည်း ဖိတ်ထားခဲ့တယ်။ ဘေးဘက်ကို တစ်ချက်လောက် ကြည့်လိုက်ဦး။ အဲ့ဒီတစ်ယောက်က တီဗွီဇာတ်လမ်းတွဲအချို့မှာ သရုပ်ဆောင်ဖူးတဲ့ ကြယ်ပွင့်လေးလေ။ ဒုတိယ မင်းသမီးအဖြစ်တောင် အသိအမှတ် မပြုခံပေမယ့်လို့ တစ်ယောက်က သူမနဲ့ ချိတ်ဆက်ချင်နေတယ်… ဟိုမှာ တွေ့လား။”

ဟောင်ရှုသည် အမျိုးသမီးရှုပ်သူတစ်ယောက် ဖြစ်သောကြောင့် သူ၏လောဘကြီးသော မျက်လုံးအကြည့်တို့သည် ပွဲကျင်းပရာ ခန်းမအတွင်းရှိ မိန်းကလေးများ၏ကိုယ်လုံးပေါ်သို့သာ ဆာလောင်မွတ်သိပ်စွာ ကျရောက်နေပေသည်။

ထန်ရှုသည် သူ ညွှန်ပြရာသို့ လှမ်းကြည့်လိုက်ပါသော်လည်း သူပြောသည့် တီဗွီဇာတ်လမ်းတွဲအချို့တွင် သရုပ်ဆောင်ဖူးတဲ့ ကြယ်ပွင့်လေးဆိုသူအား သတိမထားမိပါချေ။ ထန်ရှုသည် ခေါင်းကိုယမ်းကာ အပြုံးဖြင့်

“ငါက ကျောင်းတက်နေတုန်းပဲမို့ မိန်းကလေးတွေရဲ့ချစ်စရာကောင်းမှုအပေါ်မှာ နည်းနည်းလောက်ပဲ စိတ်ဝင်စားမှု ရှိတာပါ။ မင်း သူတို့တွေကို သဘောကျရင် ဘာလို့ သွားမကြိုးစားတာလဲ။ ဒါပေမယ့် ငါ မင်းကို အချင်းချင်းမို့ အကြံပေးချင်တာက အမျိုးသားအဖော်တွေ ပါလာတဲ့ ကောင်မလေးတွေကို ဘယ်တော့မှ မချိတ်ဆက်နဲ့။ နို့မို့ဆိုရင် မင်း သူတို့တွေရဲ့ဒေါသဒဏ်ကို ခံစားရလိမ့်မယ်။”

“ညီအစ်ကို ထန်… ငါ အလှလေးတွေကို ကြိုက်တယ်ဆိုပေမယ့် မြင်မြင်ချင်း သူတို့ဆီ တန်းမလှုပ်ရှားဘူး။ မင်း သိတဲ့အတိုင်း ဒီနေ့ည ငါတို့ ဖြစ်ကြတယ်ဆိုတာက မင်းရဲ့ကောင်မလေးက အရမ်း.. အရမ်းကို လှနေတာကိုး။ မရေမတွက်နိုင်တဲ့ မိန်းမလှလေးတွေ အများကြီးကို ငါ တွေ့ဖူးတယ်ဆိုပေမယ့် အဆင့်တူထဲက တစ်ယောက်နဲ့မှ မဟုတ်ဘူးဆိုတာတော့ ငါ ဝန်ခံရလိမ့်မယ်။”

စိတ်ကသိကအောက် ဖြစ်သောအမူအရာနှင့် ဟောင်ရှုသည် အောင့်သက်သက် ပြုံးလိုက်ကာ ရှင်းပြလိုက်သည်။

ထန်ရှုသည် ပြုံးပြလိုက်ရင်း ခေါင်းသာ ယမ်းလိုက်မိတော့သည်။ သူသည် ယခင်က မိန်းမချောလေးတွေ အများကြီးအား တွေ့မြင်ခဲ့ဖူးသည်။ နတ်သမီးတမျှ လှပသော အမျိုးသမီးအစေခံလေးများပင် သူ၏အင်မော်တယ်နန်းတော်ထဲတွင် ရှိပြီး ထိုမိန်းကလေးများသည် အင်ဒီထက် အလှပိုကြသူများဖြစ်ကြသည်။ သူ၏အဖော်အဖြစ် အဓိက သူ ရွေးချယ်ခဲ့သော မိန်းကလေးအား သူမ၏ကျင့်ကြံမှုအဆင့်နှင့် အကျင့်စရိုက်ကြောင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ကံအကြောင်းမလှစွာဖြင့် သူ၏တွေးတောဆုံးဖြတ်ချက်သည် မှားယွင်းခဲ့ပြီး မည်သည့်အခါမျှ တွေးမထင်ထားခဲ့မိသော၊ သူရွေးချယ်ခဲ့သော အမျိုးသမီးသည် အဆုံး၌ သူ့အား သစ္စာဖောက်သွားခဲ့သည်။

သည်အရာသည်ပင် ထန်ရှု မိန်းကလေးများနှင့် မပတ်သက်ချင်သော အကြောင်းရင်းတစ်ခု ဖြစ်လာခဲ့သည်။  နှစ်ယောက်အကြားတွင် စိတ်ခံစားမှုများ၊ ချစ်ခြင်းတရားများဖြင့် ချည်နှောင်ထားမည်ကို မလိုလားသော်ငြား သူ့အနေဖြင့် မဖြစ်မနေ လိင်မှုကိစ္စကို ပြုလုပ်ရမည်ဆိုပါက နှစ်ဦးနှစ်ဖက်ကြား အပြန်အလှန် နားလည်မှုယူထားသော အမျိုးသမီးတစ်ယောက်ဖြင့်သာ ပြုလုပ်ရန် ရွေးချယ်လိမ့်မည်ဖြစ်သည်။ တစ်ချိန်တွင် နတ်သမီးတမျှ လှပသော မိန်းကလေးတစ်ယောက်အား လက်ထပ်ရန်အတွက် အနာဂတ်တွင် သူကိုယ်တိုင် လိုက်ရှာရင် လိုက်ရှာရမည်ဖြစ်ပေသည်။ ထိုသည်မှာလည်း အဘွားတစ်ယောက်ဖြစ်ချင်သော မိခင်ဖြစ်သူ၏ ဆန္ဒအား ဖြည့်ဆည်းပေးရန်အတွက်သာ ဖြစ်ပေလိမ့်မည်။

၁၀မိနစ်ကြာပြီးနောက်…

ထန်ရှုသည် ငြီးငွေ့လာပြီး စောစော ပြန်ချင်လာချိန်တွင် အင်ဒီသည် အချိုပွဲတစ်ပွဲ သယ်ဆောင်ကာ ရောက်လာပြီး သူ၏အနီးတွင် ထိုင်လိုက်သည်။ သူမ၏တောက်ပသော မျက်ဝန်းအစုံသည် သူ့အား ကြည့်လျက် လေးစားမြတ်နိုးစွာဖြင့်

“သူဋ္ဌေး… အချိုပွဲ စားလိုက်ဦး။ ဒီဟာ ရှင့်အတွက် ကျွန်မ အကောင်းဆုံး ရွေးလာခဲ့တာ။”

ခေါင်းညိတ်ပြလိုက်ရင်း ထန်ရှုသည် အချိုပွဲအား ကောက်ကိုင်လိုက်ကာ စားလိုက်ရင်း

“ခန်းရှနဲ့ အဖော်မလုပ်ပေးဘဲ ဘယ်လိုဖြစ်ပြီး ဒီကို ပြေးလာတာလဲ။”

“ကျွန်မ ဒီလိုပွဲမျိုး ခဏခဏတက်ရပြီးတော့ အဲ့ဒါက အရမ်း ပျင်းစရာကောင်းတယ်။ လာတဲ့ အမျိုးသားတော်တော်များများကလည်း အရမ်းကို လိုချင်တပ်မက်လွန်းကြတယ်။ သူတို့က ကျွန်မကို လိုချင်တပ်မက်တဲ့ မျက်လုံးကြီးတွေနဲ့ အမြဲကြည့်နေကြတာ တကယ် စိတ်ပျက်ဖို့ ကောင်းလွန်းတယ်။ အဲ့ဒါအပြင် ကျွန်မက ရှင့်ရဲ့အသည်းလေးလေ။ ဘာပဲဖြစ်ဖြစ် သူတို့ ကျွန်မကို အဲ့ဒီလို မကြည့်စေရဘူး။”     အင်ဒီ ပြန်ဖြေလိုက်သည်။

“အဟွတ်…အဟွတ်..”

ဒုတိယဝိုင်နီတစ်ခွက်အား သောက်ပြီးရုံရှိသေးသော ဖေ့ရှန်းသည် ထိုစကားအား ကြားလိုက်ရသောအခါ ချောင်းဆိုးလိုက်မိသောကြောင့် ထန်ရှုနှင့် အင်ဒီအား ကြည့်ရင်း သီးသွားသည့်အရှိန်ကြောင့် သူ၏မျက်နှာသည် နီရဲလာသည်။

ဟောင်ရှုသည်လည်း တိတ်တဆိတ် မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။ ထိုစကားသည် အင်ဒီ၊ ထန်ရှုနှင့် သူ့အကြားတွင် အစောပိုင်းက ဖြစ်ပွားခဲ့သော အရာများအား  ပြန်လည် သတိရစေသည်။ လေးစားသောအမူအရာသည် သူ၏မျက်ဝန်းများထဲတွင် ဖြစ်ပေါ်လာခဲ့ပြီး

“ညီအစ်ကို ထန်… မင်းက အချစ်နတ်ဘုရား ပြန်ဝင်စားလေရော့သလားကွာ။ ဒီလိုချစ်စရာကောင်းတဲ့ မိန်းမလှလေးသာ ငါ့ရင်ခွင်ထဲ လာချင်လို့ကတော့ ငါ့အသက် ၃နှစ် အလျှော့ခံရမယ်ဆိုရင်တောင် မှုစရာမရှိဘူး။ တကယ် ပြောတာ။”

“ဟား.ဟား.ဟား.. အင်ဒီက နောက်နေတာပါကွာ။ မင်း အတည်မထင်လိုက်ပါနဲ့။”

ထန်ရှုသည် ရယ်မောကာ ပြန်ပြောလိုက်သည်။

“ညီအစ်ကို ထန်.. မင်း ကံကောင်းတယ်ဆိုတာ တကယ် မသိတာလား။ သူ့ကို အိပ်ရာထဲ ခေါ်သွားဖို့ မစွမ်းဆောင်တာလား။ ငါ့ကို ဒီနေရာမှာ အားလုံး အလှောင်ခံရအောင် မလုပ်စမ်းပါနဲ့။”

ဟောင်ရှုသည် စိတ်ဓာတ်ကျနေဟန်ဖြင့် ပြောလိုက်သည်။

ထန်ရှုသည် ဟိုဟိုဒီဒီ ကြည့်နေပြီး တုံဏှိဘာဝေ ဆိတ်ဆိတ်နေသည်။

ဖေ့ရှန်းသည် ပဟေဠိဖြစ်နေသောအမူအရာဖြင့် ထန်ရှုနှင့် အင်ဒီအား တစ်လှည့် ဟောင်ရှုအား တစ်လှည့် ကြည့်ရင်း စကားဝိုင်းထဲ ဝင်လာသည်။

“အာ.. ငါ တစ်ချက် လွတ်သွားလို့။ အဆုံးသတ်က ဘာဖြစ်သွားတာလဲ။”

ဟောင်ရှုသည် မပြုံးချင် ပြုံးချင် ပြုံးလိုက်ပြီး

“မင်းပဲ စဉ်းစားကြည့်။ အင်ဒီအချောလေးက ညီအစ်ကိုထန်ရဲ့ချစ်သူ ဖြစ်ချင်ပါတယ်လို့ အော်ပြောနေတာကို သူက စကားပိတ်လိုက်တယ်လေ။ ဒီလိုကောင်းမွန်တဲ့အရာကို ငြင်းဆန်တာ ဒီကမ္ဘာမှာ တစ်ယောက်တည်း ရှိတယ်ဆိုရင် အဲ့ဒါ ညီအစ်ကို ထန်ပဲ။”

ဖေ့ရှန်းသည် ထန်ရှုအား မယုံနိုင်ဟန် လေးစားဟန်တို့ဖြင့် ကြည့်လိုက်ပြီး

“အိုး.. ညီအစ်ကို ထန်။ ဒီလိုဆွဲငင်အားကိုတောင်မှ မင်းက တည်ငြိမ်နိုင်နေသေးတယ်လား။ မင်းက တကယ် ဖြောင့်မတ်တဲ့ ယောကျာ်းကောင်းပဲ။ ငါ မင်းနဲ့ အဆင့်တူ မဖြစ်နိုင်တောင် မင်းကို တကယ်လေးစားတဲ့အတွက် … စံပြလူကြီးမင်းလေး… ငါ့ရဲ့အရိုအသေပေးမှုကို လက်ခံပေးပါ။”

ထန်ရှုသည် ဟက်ဟက်ပက်ပက် ရယ်မောမိတော့သည်။ ဟောင်ရှုနှင့် ဖေ့ရှန်းသည် သူ့အား လန်းဆန်းတက်ကြွစေရန် လုပ်ပေးနေခြင်းဖြစ်ကြောင်း သူ ရုတ်တရက် နားလည်သွားလိုက်သည်။ သူတို့နှင့် ပိုရင်းနှီးလာလေ သည်ကဲ့သို့သော ပျော်ရွှင်မှုနှင့် စိတ်အပန်းဖြေမှုတို့နှင့် သူ အသားကျလာလေ ဖြစ်လာသည်။

“မိန်းကလေး… မင်းကို အတူသောက်ဖို့ ဖိတ်ပါရစေ။”

အနားဝန်းကျင်ရှိ လူအနည်းငယ်မှ အထက်စီးဆန်သော အသံတစ်သံ ထွက်ပေါ်လာပြီး အဖြူရောင်အနောက်တိုင်းဝတ်စုံနှင့် သေသပ်ကောင်းမွန်သော ဆံပင်ပုံစံညှပ်ထားသော လူရွယ်တစ်ယောက်သည် အင်ဒီ၏အရှေ့တွင် ရပ်လာကာ ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် ပြောလိုက်သည်။

အင်ဒီသည် တစ်ချက် ကြည့်လိုက်ပြီး အမူအရာကင်းမဲ့စွာဖြင့် တုံ့ပြန်လိုက်သည်။

“ကျွန်မ မသောက်တော့ပါဘူး။ ကျေးဇူးတင်ပါတယ်။”

ထန်ရှုသည် သူမ၏လက်ထဲရှိ နီညိုရောင်အဆင်းရှိသော ဝိုင်များအပြည့် ဖြည့်ထားသည့် ဖန်ခွက်ရှည်အား ကြည့်ကာ နှုတ်ခမ်းများ ကော့တွန့်သွားတော့သည်။

လူတစ်ယောက်၏နှုတ်ဖျားမှ ထိုကဲ့သို့ အလိမ်အညာစကား ထွက်လာခြင်းမှာ ဘာကြောင့်ဖြစ်လိမ့်မလဲ။ သိသာစွာပင် သူမသည် ထိုလူရွယ်အား ငြင်းဆန်လိုက်သော နည်းတစ်ခုပင် ဖြစ်တော့သည်။

အင်ဒီမှ ထိုကဲ့သို့ ငြင်းဆန်လိမ့်မည်ဟု ထင်မထားသော လူရွယ်သည် အရှက်တကွဲဖြစ်ခြင်းနှင့် ဒေါသထွက်ခြင်းတို့အား တစ်ပြိုင်နက်တည်း ခံစားလိုက်ရပြီး

“ငါ မမှားရင် မင်းက ခန်းရှရဲ့အတွင်းရေးမှူးပဲ ဟုတ်တယ်မဟုတ်လား။ မင်းနေရာမှာ ခန်းရှဆိုရင်တော့ သူမရဲ့ရင်းနှီးမှုရဖို့အတွက် ငါ ဒီဟာကို လက်ခံနိုင်သေးတယ်။ ဒါပေမယ့် မင်း..။ မင်းက သူမရဲ့လက်အောက်ငယ်သားတစ်ယောက်လေးကို ဘာတွေ စိတ်ကြီးဝင်နေတာလဲ။ မင်းကို ဘယ်သူက ဒီလိုရဲရင့်ဖို့ ပေးထားလဲ။ စကားတစ်ခွန်းတည်းနဲ့တင် အကြီးအကဲခန်းက မင်းကို ခမ်းနားသော ထန်လုပ်ငန်းစုကနေ ကန်ထုတ်နိုင်အောင် ငါ လုပ်နိုင်တယ် မင်းယုံလား။”

ရူးကြောင်ကြောင်လူတစ်ယောက်အား ကြည့်သောအကြည့်မျိုးဖြင့် အင်ဒီသည် ထိုလူရွယ်အား ကြည့်လိုက်ပြီး ထန်ရှုအား တမင်ရည်ရွယ်လျက် မသဲကွဲသောလေသံဖြင့်

“ငါ့ကို ယုံကြည်ပါဟုတ်လား။ ကျွန်မ အဲ့ဒါကို တော်တော်ကြီးကို မယုံဘူးရှင့်။ ရှင် ဘာဖြစ်လို့ မကြိုးစားကြည့်လဲ။”

လူရွယ်သည် ဒေါသထွက်လာသည်။ သူသည် ဝန်ထမ်းတစ်ယောက်အား အလျင်အမြန် လက်ဝှေ့ယမ်းကာ ခေါ်လိုက်ပြီး စကားအနည်းငယ် တီးတိုးပြောလိုက်ရာ ထိုဝန်ထမ်းသည် ခေါင်းညိတ်ကာ ခန်းရှဆီသို့ လျှောက်သွားတော့သည်။ ဝိုင်းအုံနေသော လူအုပ်ကြားမှ လွတ်မြောက်ရန် အားအတော်စိုက်လိုက်ရပြီးနောက် ခန်းရှသည် အဖွဲ့ဆီသို့ အံ့သြသောအမူအရာဖြင့် လျှောက်လာခဲ့သည်။

“ဘာဖြစ်ကြတာလဲ။”

လူရွယ်သည် အလျင်အမြန် ပြောလိုက်သည်။

“အကြီးအကဲခန်း.. ကျွန်တော့်ကို မှတ်မိလား။ ကျွန်တော်က မေယာအလှကုန်က ဒုတိယ အထွေထွေမန်နေဂျာပါ။ မင်းရဲ့အလှကုန်ကို ဈေးကွက်ထဲ ထိုးဖောက်ရောင်းချဖို့အတွက် ကျွန်တော်တို့တတွေ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ခဲ့ကြပြီး ညစာလည်း အတူစားခဲ့ကြသေးတယ်လေ။”

“ဟုတ်ကဲ့။ ကျွန်မ မှတ်မိပါတယ်။ ရှင်က အကြီးအကဲဝူလေ။” ခန်းရှ ခေါင်းညိတ်ကာ ပြောလိုက်သည်။

ခန်းရှ၏မှတ်မိနေမှုသည် သူ့အတွက် အကြီးမားဆုံးသော ဂုဏ်ပြုမှုတစ်ခုဟု ဆိုနိုင်သောကြောင့် ဝူချန်းချင်၏မျက်ဝန်းများထဲတွင် အံံ့သြသည့်အရိပ်အယောင်တစ်ချက် ပေါ်ထွက်လာခဲ့သည်။ သူသည် အင်ဒီအား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“အကြီးအကဲခန်း… ခင်ဗျားရဲ့တောင်းဆိုမှုကို ကျွန်တော် အကူအညီပေးခဲ့ပြီးပြီ။ အခု ကျွန်တော့်ကို တစ်ခုလောက် မျက်နှာသာပေးနိုင်မလား။”

ခန်းရှ၏မျက်ခုံးလှလှလေးများသည် တွန့်ချိုးသွားရပြီး

“ဘယ်မျက်နှာပေးမှုလဲ။”

ဝူချန်းချင်သည် အင်ဒီအား ညွှန်ပြကာ ဂုဏ်ဆာနေဟန်ဖြင့်

“ခင်ဗျား သူ့ကို အလုပ်ဖြုတ်ပေးနိုင်မလား။ ခင်ဗျားရဲ့ဒီဝန်ထမ်းက ဘယ်ဟာက အရေးကြီးလဲဆိုတာကိုတောင်မှ နားမလည်နိုင်ဘူး။ သူ့ကို ဆက်ခန့်ထားရင် ပြသနာတွေပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ နောက်ပိုင်းကျရင် သူမကြောင့် ခင်ဗျားတို့ လုပ်ငန်းရဲ့အရောင်းကို ထိခိုက်လာလိမ့်မယ်။ ခင်ဗျား ရတာနဲ့ ဆုံးရှုံးတာ ညီမျှမှာမဟုတ်ဘူး။”

ခန်းရှ၏မျက်နှာသည် အေးစက်သွားပြီး ဖျော့တော့စွာ ပြောလိုက်သည်။

“ရှင် ကျွန်မကို ခြိမ်းခြောက်နေတာလား။”

“မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ အကြီးအကဲခန်း နားလည်မှု လွဲနေပြီ။ ကျွန်တော်က ခင်ဗျားရဲ့ အကူအညီတောင်းရုံပါ။”  ဝူချန်းချင် အမြန် ပြန်ဖြေလိုက်သည်။

“ကြည့်ရတာ ရှင် အရမ်းအလုပ်များနေတယ်နဲ့တူတယ်။ ကျွန်မ ဒီဟာကို ရှင့်ကို မကူညီနိုင်ပါဘူး။ ကျွန်မ သူ့ကို အလုပ်ဖြုတ်လိုက်လည်း ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ပြီးတော့ သူမကလည်း ခမ်းနားသောထန်လုပ်ငန်းစုရဲ့ ရှယ်ယာဝင်တစ်ယောက်ပဲ။ အဲ့ဒါအပြင် ကျွန်မ ရှင့်ကို ပြောချင်တာက ခမ်းနားသောထန်လုပ်ငန်းစုက အလှကုန်ဈေးကွက်ထဲကို ဝင်ဖို့ မေယာအလှကုန်လုပ်ငန်းစုရဲ့လမ်းကြောင်းကို မသုံးတော့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီ။  အဲ့ဒါကြောင့် ရှင်ပြန်သွားတဲ့အခါ ကျွန်မပါးလိုက်တဲ့ သတင်းကို ရှင့်ရဲ့အထွေထွေမန်နေဂျာကို ပြောလိုက်ပါ။”

***

All Chapters