← Chapters

ပြသနာရှာခြင်း

Vol. 04 Ch. 169

ပြသနာရှာခြင်း

Vol. 04 Ch. 169

ဝူချန်းချင်သည် အံ့အားသင့်စွာဖြင့် အေးစက်သွားရပြီး သူ၏မျက်နှာသည် ချက်ချင်းပင် ဝမ်းနည်းသည့်ဟန်ဖြစ်သွားသည်။ အခြေအနေသည် ထိုကဲ့သို့ ဖြစ်ပျက်သွားလိမ့်မည်ဟု သူ ဘယ်တုန်းကမျှ ထင်မထားခဲ့ပါချေ။ သူတို့လုပ်ငန်းစု၂ခုအကြား ပြောဆိုညှိနှိုင်းမှုများသည် အနည်းနှင့်အများဆိုသလို ပြီးစီးနေပြီဖြစ်သည်။ ခမ်းနားသော ထန်လုပ်ငန်းစုမှ သူတို့လုပ်ငန်းအား စတင်ရှာဖွေသူ ဖြစ်သော်လည်း ပြန်ရမည့် အကျိုးအမြတ်သည် အလွန်ကြီးမားသည်။ ယခုကဲ့သို့ ဖြစ်ပွားရခြင်းသည် သူ့အား အကျိုးသက်ရောက်မှုများစွာ ဖြစ်လိမ့်မည်ဖြစ်ပြီး ဒုတိယ အထွေထွေမန်နေဂျာတည်းဟူသော သူ၏ရာထူးအား ထပ်မံ ထိန်းသိမ်းထားနိုင်မည်မဟုတ်ပါချေ။

ထိုအချက်အား စဉ်းစားမိရင်း အေးစက်သော ချွေးများသည် သူ၏နဖူးထက်တွင် စို့လာခဲ့သည်။ သူသည် မြှောက်ပင့်သောအပြုံးအား အလျင်အမြန် ပြုံးလိုက်ရင်း

“အာ… ဒါက နားလည်မှုလွဲတာပါ။ တကယ်ကို နားလည်မှုလွဲတာလေးပါ။ အမှန်တကယ်တော့ ကျွန်တော်က  ဒီလှပပြီးချစ်စရာကောင်းတဲ့ မိန်းကလေးကို စနောက်လိုက်ရုံပါ။ အကြီးအကဲခန်းက ကျွန်တော့်ထက် အသိဉာဏ်ပညာ ပိုကြီးတော့ သေချာပေါက် နားလည်မှာပါ။ ကျွန်တော် အာမခံတယ် ကျွန်တော်တို့ စီးပွားရေးပတ်သက်မှုက အလွန်ချောမွေ့ပါလိမ့်မယ်။ အဲ့ဒါအပြင် ကျွန်တော် ပြန်ရောက်တဲ့အခါ ခန်းရှကို အကျိုးခံစားခွင့်အချို့ ပေးဖို့ပါ အထွေထွေမန်နေဂျာကို တင်ပြလိုက်ပါမယ်။”

ထန်ရှုသည် ခန်းရှအား မော့ကြည့်လိုက်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒါနဲ့ နိုင်ငံရဲ့ မြို့ကြီးတွေမှာ ကျွန်တော်တို့ ကိုယ်ပိုင်ထုတ်ကုန် အထူးသီးသန့်ဆိုင်လေးတွေ ဖွင့်မယ်ဆိုရင် အရင်းအနှီး ဘယ်လောက်လိုမလဲ။”

ခန်းရှသည် တစ်ခဏမျှ တွေဝေသွားရင်း မချိပြုံးဖြင့်

“ငွေပမာဏ အများကြီး လိုလိမ့်မယ်။ အချိန်အတွင်းမှာ နိုင်ငံအနှံ့ထုတ်ကုန်ရောင်းဖို့ အထူးဆိုင်လေးတွေ ဖြန့်ဖွင့်ဆိုတာ အတော်ခက်မယ်။”

“အလှကုန်စီးပွားရေးဆိုမှတော့ ကျွန်တော်တို့ အမြင့်ပိုင်းလမ်းကြောင်းပဲ ယူရလိမ့်မယ်။ ပထမဆုံး အကြီးဆုံးမြို့တော်ကြီးတွေမှာ အထူးသီးသန့်ဆိုင်တွေ ဖွင့်ပြီးမှ ဒုတိယမြို့တော်တွေဆီ ဆိုင်တွေ ချဲ့ထွင်သွားမယ်။ ငွေတွေ ဝင်လာပြီဆိုရင်တော့ ကျန်တဲ့မြို့တော်တွေဆီ ဆက်သွားမယ်။ ဒီဟာက ကျွန်တော်တို့အလှကုန်တွေရဲ့ ရောင်းချခြင်းလို့ စိတ်ထဲမှာ မှတ်ထားပါ။ ကျွန်တော်တို့ထုတ်ကုန်ရဲ့ပြောရေးဆိုခွင့်ကို ကျွန်တော်တို့ပဲ ကိုင်ထားမယ်။”

ခန်းရှ၏အမူအရာသည် ပြောင်းလဲသွားပြီး ခေါင်းတဆတ်ဆတ်ညိတ်လျက်

“နားလည်ပြီ။ ပြန်ရောက်တာနဲ့ အစီအစဉ်ကို နင့်ရဲ့တောင်းဆိုချက်တွေအတိုင်း ချိန်ညှိပြောင်းလဲပြီး ပြန်ပြင်လိုက်မယ်။ ဒါပေမယ့်လည်း အဲ့ဒါအတွက် ပြင်ဆင်စရိတ်ကရော..”

“ကျွန်တော့်ကို အချိန်အချို့ ပေးပါ။ အများဆုံးတစ်လပါပဲ။ ကနဦးရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ ငွေကို ကျွန်တော် ပေးပါမယ်။”

ကြည်နူးအံ့သြရခြင်းနှင့်အတူ ခန်းရှသည် တုံ့ပြန်လိုက်သည်။

“ကောင်းတယ်။ ငါတို့မှာသာ လုံလောက်တဲ့ငွေကြေးရှိလာရင် ငါတို့ ထုတ်ကုန်တွေ ဈေးကွက်ကို ထိုးဖောက်ဖို့ အချိန်သိပ်မလိုတော့ဘူးလို့ ငါ ယုံကြည်တယ်။”

“သတိရပါ။ ကျွန်တော်တို့က အဖိုးတန်ရတနာတွေ ရောင်းနေတာ မဟုတ်ပေမယ့်လည်း ကျွန်တော်တို့ထုတ်ကုန်တွေက အမြင့်ပိုင်းလမ်းကြောင်းကို ဖြစ်စေလိမ့်မယ်။ ထုတ်ကုန်အရည်အသွေး လုံလောက်အောင် ကောင်းနေသရွေ့ ထုတ်ကုန်ရောင်းချခြင်းဆိုတာ ကျွန်တော်တို့ စိတ်ပူရမယ့်အရာမဟုတ်ဘူး။”

“နားလည်ပြီ။”  ခန်းရှသည် အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

ထန်ရှုနှင့် ခန်းရှ မည်သို့ဆက်နွယ်နေသည်ကို ကြည့်နေရင်း ဝူချန်ချင်း စိတ်ရှုပ်ထွေးသွားသည်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ နာမည်ကြီး အထွေထွေ မန်နေဂျာ ခန်းရှသည် တစ်စုံတစ်ယောက်၏အမိန့်အား နာခံသောသူတစ်ယောက် ဖြစ်သွားသည်ကို သူ မြင်တွေ့နေရခြင်း ဖြစ်သည်။ ထို့ထက် ပြောဆိုရမည်ဆိုပါလျှင် ခန်းရှသည် သူဋ္ဌေး၏ညွှန်ကြားချက်ကို နားထောင်သော ဝန်ထမ်းတစ်ယောက်နှင့် အလားသဏ္ဍာန် တူနေလေသည်။

ဒီလူငယ်လေးက မည်သူပါနည်း။ ခန်းရှအား သူသည် မည်ကဲ့သို့ အမိန့်ပေးနိုင်ပါသနည်း။

ဖြစ်နိုင်တာက သူသည်…

မှားယွင်းသော ခန့်မှန်းချက်များသည် ဝူချန်ချင်း၏အတွေးထဲတွင် အစီအရီ ပေါ်ထွက်လာသော်လည်း ချက်ချင်းပင် ကွယ်ပျောက်သွားသည်။ ခန်းရှသည် အသက်၂၀၀န်းကျင်သာ ရှိသော လူငယ်တစ်ယောက်၏လက်အောက်တွင် အလုပ်လုပ်နေသည်ကို ရိုးရှင်းစွာပင် သူ မယုံကြည်ခဲ့ပေ။ ခမ်းနားသော ထန် လုပ်ငန်းစု၏ သူဋ္ဌေးကြီးဖြစ်သည့်အပြင် ကြီးမားသော ရင်းနှီးမြှုပ်နှံငွေကို ထည့်ဝင်သူသည် လူငယ်လေးတစ်ယောက် ဖြစ်နေသည်ဟူသော အချက်သည် သူ လက်မခံနိုင်ဆုံးသော အချက်ဖြစ်တော့သည်။

“မင်းက…”

အဆုံးသတ်တွင် ဝူချန်ချင်းသည် သူ၏သံသယများနှင့် မေးခွန်းများအား ရင်ထဲတွင် သိမ်းဆည်းမထားနိုင်တော့ချေ။

အင်ဒီသည် နတ်သမီးလေးတစ်ပါးကဲ့သို့ ရုပ်အဆင်းရှိသော်လည်း အလွန်အမင်း နှုတ်ရေးထက်သူတစ်ယောက် ဖြစ်လေရာ သူမသည် ဝူချန်ချင်းအား မာနကြီးစွာ ကြည့်လိုက်ပြီး ဆတ်ကနဲ ပြောပစ်လိုက်သည်။

“ရှင်က တကယ်ကို အရူးလား။ ကံကောင်းထောက်မပြီး ကျွန်မတို့ ခမ်းနားသော ထန်လုပ်ငန်းစုက ရှင်တို့နဲ့ ဘာမှ မလုပ်ရသေးလို့ပေါ့။ နို့မဟုတ်လို့ကတော့ ရှင့်လို ဦးနှောက်မပါတဲ့သူနဲ့ သေချာပေါက် အလုပ်လုပ်ရတော့မှာပဲ။ အကြီးအကဲခန်းက သူမရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြလိုက်ပြီးပြီလို့ ကျွန်မ ထင်တယ်။ ဘာလို့ ရှင်က ပေါက်ကရတွေ မေးနေသေးတာတုန်း။ ကျွန်မသာ ရှင့်နေရာမှာဆို တိုဟူးတုံးတစ်တုံး ရှာပြီး ကိုယ့်ဘာသာ သတ်သေလိုက်ပြီးပြီ။ ကိုယ့်ဘာသာကိုယ် အရှက်ကွဲအောင် လုပ်ခဲ့မိပြီဆိုတော့ လောကကနေ ပုန်းကွယ်နေတာထက် အဲ့ဒါကမှ ပိုကောင်းဦးမယ်။”

“ဝိုး ... ဒါက တကယ်မိုက်တာပဲ။”

ဟောင်ရှုသည် တိတ်တဆိတ် လက်မထောင်ပြလိုက်ပြီး နှစ်ထောင်းအားရ ဖြစ်နေသည်။ အင်ဒီ သူ့အား နှုတ်ရေးပြခဲ့စဉ်က ရှက်စိတ်ကြောင့် သူ၏နှလုံးသားလေးသည် အစိတ်စိတ် ကွဲခဲ့သည်ဟု ဆိုနိုင်သည်။ ထိုစဉ်ကဒေါသသည် သူ့အား ရူးသွပ်လုနီးပါးပင် ဖြစ်ရသည်။ ယခု အင်ဒီမှ တခြားသောသူအား ထိုကဲ့သို့ နှုတ်ရေးပြလိုက်သည်ကို ကြားရသောအခါ သူ၏စိတ်ထဲတွင် အတော်သက်တောင့်သက်သာ ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ သူမဆီမှ ရခဲ့သော အရှက်ကွဲမှုသည်ပင် ပျောက်ကွယ်သွားလေတော့သည်။

ဟောင်ရှုသည် ရာဂကြီးမားကာ အရှက်မရှိသူတစ်ယောက် ဖြစ်သော်လည်း မဆင်မခြင် လုပ်တတ်သောအကျင့်စရိုက်ရှိသူတစ်ယောက်လည်း ဖြစ်သည်။

ဝူချန်ချင်းသည် ထန်ရှုအား မယုံကြည်နိုင်ဟန် မျက်ဝန်းများဖြင့် ကြည့်ရင်း သူ၏မျက်နှာသည် ဖယောင်းစာရွက်တစ်ရွက်ကဲ့သို့ ဖြူဖွေးသွားတော့သည်။ ထို့နောက် သူ၏အကြည့်အား ခန်းရှဆီသို့ ရွှေ့လိုက်ပြီး ကြည့်ရဆိုးသော အပြုံးတစ်ခုအား ပြုံးလိုက်ကာ

“အကြီးအကဲခန်း… ဒီညီအစ်ကိုက… ငါ ဒီနေရာမှာ အမှားလုပ်ခဲ့မိတယ်ဆိုတယ် ဝန်ခံပါတယ်။ ကျွန်တော်နဲ့အဆင့်တူဖြစ်အောင် ကိုယ့်ကိုကိုယ် မနှိမ့်ချပါနဲ့။ ဒီလိုအဖြစ်အပျက်မျိုး နောက်တစ်ကြိမ် မရှိစေရဘူးလို့ ကျွန်တော် ကျိန်ဆိုပါတယ်။ ငါတို့လုပ်ငန်းစုက ဒီလုပ်ငန်းသဘောတူညီမှုကို လိုအပ်နေတယ်။ အကြောင်းထူးရှိလာရင်လည်း ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်လို့ရပါတယ်။”

“ထွက်သွား။”

ထန်ရှုသည် ဝူချန်းချင်၏မောက်မာမှုနှင့် အနိုင်ကျင့်လိုသော စိတ်အား အရင် မြင်ဖူးထားသောကြောင့် သူ၏ရှင်းပြချက်အား နားထောင်လိုစိတ်မရှိသလို သူ့အား သဘောလည်း မကျပေ။

“အကြီးအကဲ ဝူ… ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားလဲဆိုတာ ကျွန်မ ရှင့်ကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီလို့ ထင်ပါတယ်။ ဒီဟာကို ဘယ်လိုပဲ ရှင် ပြောင်းလဲဖို့ ကြိုးစားကြိုးစား နည်းနည်းလေးမှ အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး ရှင် အခု ထွက်သွားပါတော့။ ရှင်တို့ လုပ်ငန်းစုကို ဒီနေရာမှာ မျက်နှာပျက်အောင် မလုပ်ပါနဲ့။”

ဝူချန်းချင်၏နှုတ်ခမ်းတို့သည် အကြိမ်များစွာ တဆတ်ဆတ်တုန်လျက်ရှိသည်။ သည်နေ့အဖြစ်အပျက်အား သူ ပြန်လည်အဖတ်ဆည်မရနိုင်မှန်းသိသွားသည်တွင် ချက်ချင်းပင် မလိုမုန်းတီးဟန်ပြောင်းသွားပြီး ခန်းရှနှင့်ထန်ရှုအား ဒေါသတကြီးကြည့်ကာ

“မင်းတို့ကရော ဘယ်လောက်ကောင်းတဲ့သူတွေမို့လဲ။ သတ္တိတွေ သိပ်ရှိနေတယ်ပေါ့။ စောင့်ကြည့်လိုက်စမ်းပါ။ အချိန်ကျရင် မင်းတို့ နောင်တမရစေဖို့ ငါ မျှော်လင့်နေမယ်။”

ဟောင်ရှုသည် ခြေထောက်မြှောက်ကာ အခြား၏ထိပ်ပေါ် တင်လိုက်ခြင်းဖြင့် တစ်ဖက်သားအား စိတ်ကသိကအောက် ဖြစ်စေခဲ့ပြီး လက်ဝါးများကို မြှောက်လျက်

“ယို့… မကောင်းတဲ့ကောင်။ မင်း သိပ်စကားများလွန်းတယ်။ မင်းရဲ့ဖေဖေကြီးငါက မင်းကို အပြင်ဆွဲမထုတ်သွားနိုင်ဘူးလို့ မင်း ထင်နေတာလား။ ညီအစ်ကိုထန်က မင်းကို ထွက်သွားလို့ ပြောပြီးပြီ။ တခြားတစ်နေရာရှာပြီး ညောင်းတော့။”

ဝူချန်းချင်၏လည်ပင်း တောင့်တင်းသွားသကဲ့သို့ ဖြစ်သွားရကာ မပျော်ရွှင်သော အကြည့်တို့ဖြင့် ထွက်ခွာသွားတော့သည်။

ထန်ရှုသည် ဖြည်းညှင်းစွာ ရပ်လိုက်ပြီး

“ခန်းရှ… ခင်ဗျား ကိုင်တွယ်ဖို့ အရာရာကို ကျွန်တော်ထားခဲ့ပြီ။ ဒီပတ်ဝန်းကျင် ဒီလေထုမျိုးနဲ့ ကျွန်တော် နေသားမကျလို့ အရင်ပြန်နှင့်မယ်။ ဒါနဲ့ အင်ဒီက ဒီည ဝိုင်တော်တော်များများ သောက်ထားလို့ ခင်ဗျား သူ့ကို ပြန်ပို့ပေးသင့်တယ်။”

ရင်းနှီးမြှုပ်နှံမှုငွေအား ရစေရမည်ဟူသော ထန်ရှ၏အာမခံထားကြောင့် ခန်းရှသည် အတော်လေး စိတ်ကောင်းဝင်နေကာ ပျော်ရွှင်စွာဖြင့်ပင်  ပြန်ပြောလာသည်။

“သူဋ္ဌေး… နင့်ကိုရော ငါ လိုက်ပို့ပေးစေချင်သေးလား။ ဒီလိုပဲလုပ်လိုက်ရအောင်။ ဒီပျော်ပွဲတွေနဲ့ ငါ ရင်းနှီးနေပြီးသားပဲ။ ဒီလေလံပွဲဆိုတာကလည်း အလှူငွေ တိုးဖို့အတွက်ပဲ လုပ်တာ။ ငါတို့က အခု ငွေကြေးနည်းနေတာဆိုတော့ ဒီနေရာမှာ လက်ဖွာတဲ့လူအဖြစ် မလုပ်လိုဘူး။ အဲ့ဒါကြောင့် ငါ ပြန်သွားရင်လည်း ပြသနာ မရှိဘူးလေ။”

“ခင်ဗျား အခုထွက်သွားရင် အဆင်ပြေပါ့မလား။”  ထန်ရှု ချီတုံချတုံဟန်ဖြင့် မေးလိုက်သည်။

“ရတယ်။ ပြသနာ မရှိပါဘူး။”  ခန်းရှ ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြလိုက်သည်။

“အဆင်ပြေပြီ။ အဲ့ဒါဆိုရင် ကျွန်တော့်ကို အရင်အိမ်လိုက်ပို့ပေးပါ။ ပြောထားတဲ့အတိုင်း ခင်ဗျားလည်း အိမ်ပြန်ပြီး တတ်နိုင်သမျှ မြန်မြန် အနားယူပါ။”

သိပ်မကြာမီ…

ထန်ရှုသည် လုံကျန်ယု၊ ဟောင်ရှုနှင့် ဖေ့ရှန်းတို့၃ယောက်အား နှုတ်ဆက်လိုက်ပြီး ခန်းရှ၊ အင်ဒီတို့နှင့်အတူ ပြန်သွားခဲ့သည်။

ပါတီခန်းမ၏အဝင်ဝတွင်…

ထို၃ဦး၏နောက်ကျောအား ငေးကြည့်ရင်း ဟောင်ရှုသည် အားမလိုအားမရဟန်ဖြင့်

“ထန်ရှုရဲ့ကံက မိန်းကလေးတွေနဲ့ပတ်သက်လာရင် တကယ်ကောင်းတာပဲကွာ။ ခန်းရှဆိုရင် အရမ်းထက်မြက်ထူးချွန်တဲ့ တစ်ယောက်တည်းသမား မိန်းမချောလေး သူမရဲ့အလှက မြို့တော်က အလှဆုံးမိန်းကလေးကိုတောင် ကျော်လွန်လှပနိုင်တယ်။ ပြီးတော့ နတ်သမီးလေး အင်ဒီဆိုရင်လည်း သူမအောက် မနိမ့်ဘူး။ သူမဆိုလည်းပဲ ကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးတွေရဲ့စာရင်းမှာ ပါဝင်တယ်။အဲ့ဒီတော့ ငါထင်တာက အပေါ်ယံကြည့်ရင် ခန်းရှက ထန်ရှုကို လိုက်ပို့တယ်ဆိုပေမယ့်လည်း သူတို့အိပ်ရာထဲမှာ သေချာပေါက် ဖောင်းဒိုင်းလုပ်ကြလိမ့်မယ်လို့ သံသယရှိတယ်။”

လုံကျန်ယုသည် ရယ်ရအခက် ငိုရအခက် ဖြစ်သွားကာ

“ဟေး… အစ်ကိုကြီးဟောင်… မင်းပါးစပ်က ဘယ့်နှယ်လုပ်ပြီး ညစ်ညမ်းတဲ့စကားတွေ ထွက်လာရတာတုန်း။ မင်း ပြောင်းလဲသွားပြီးပြီမဟုတ်လား။ ငါ ပြောပြမယ်.. ထန်ရှုက အဲ့လိုလူစား မဟုတ်ဘူး။ မင်းလို ဖောင်းဒိုင်းအကွက်တွေကြိုက်တဲ့ လူမျိုးမဟုတ်ပါဘူးကွ။”

“မဟုတ်သေးဘူး သခင်လေးလုံ။ မင်းပြောတဲ့စကားကို ငါ ပြန်ပြင်ရလိမ့်မယ်။ စကားပုံတစ်ခု မင်း မကြားဖူးဘူးလား.. သူရဲကောင်းတွေတောင်မှ မိန်းမလှလေးနဲ့ပတ်သက်လာရင် အားနည်းချက် ရှိတယ်ဆိုတာလေ။ ခန်းရှနဲ့အင်ဒီက အလှဆုံးမိန်းကလေးစာရင်းမှာ ပါဝင်နေတဲ့သူတွေ.. ထောင်ပေါင်းများအမျိုးသမီးတွေကို ဖယ်ပြီး သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးချယ်နိုင်တယ်။ ထန်ရှုက သူ့ကိုယ်သူ ထိန်းချုပ်နိုင်တယ်ဆိုဦးတော့.. သူတို့တွေရဲ့ဆွဲဆောင်မှုကို ကျောက်ရုပ်ကြီးလို သူ ခံနိုင်ပါ့မလား။”

ဖေ့ရှန်း ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

“မင်းတို့ကောင်တွေ တကယ် ညစ်ညမ်းတဲ့အတွေးတွေ တွေးနေတာပဲ။”

လုံကျန်ယု ရယ်မောကာ ဆဲဆိုလိုက်သည်။

သို့သော်လည်း ထန်ရှုအား သူ လေးစားသည့်နည်းတူ ထိုမိန်းကလေး၂ယောက်အားလည်း စိတ်တွင်းမှ လေးစားနေခဲ့ပြီ ဖြစ်သည်။ သူသည် စမတ်ကျသော လူတစ်ယောက်ဖြစ်ပြီး လူအများ၏ခံစားမှုနှင့် စိတ်အတွင်းပိုင်းအား ရှုမြင်သုံးသပ်နိုင်သော စွမ်းရည်ကောင်းရှိသူ ဖြစ်သည်။ ခန်းရှနှင့် အန်ဒီတို့သည် ထန်ရှုအား နက်နက်ရှိုင်းရှိုင်း လေးစားကြသည်ကို သူမြင်နိုင်သည်။ ထိုကဲ့သို့သော ခံစားမှုမျိုးသည် တစ်ချိန်တွင် အဓိကအချက်သို့ ရောက်ရှိသွားပါက အသက်ပင်ပေးဝံ့သော အချစ်အဖြစ်သို့ပင် ပြောင်းလဲသွားနိုင်ပေလိမ့်မည်။

နောက်တစ်နေ့….

ဂရိတ်ဗြိတိန်မှလာသော အိမ်တော်ထိန်း လေ့ကျင့်ပေးသူ နည်းပြ နိုင်ငံခြားသား၄ယောက်အား လေဆိပ်တွင် ခန်းရှသည် ရုံးကားတစ်စီးဖြင့် သွားကြိုလာခဲ့ပြီး တောင်တံခါးမြို့အိမ်ရာသို့ ခေါ်လာခဲ့သည်။

ထိုနည်းပြတစ်ယောက်စီတိုင်းတွင် ထူးခြားသော ကိုယ်ပိုင်နည်းလမ်း စွမ်းရည်များ ရှိကြပြီး ဗြိတိန်အထက်တန်းလွှာ မင်းမျိုးမင်းနွယ်များအကြားတွင် အလွန် ရေပန်းစားသည်။

ငွေကုန်ကြေးကျခံကာ ငှားလာသော ထို၄ယောက်အား ကြည့်ပြီး ထန်ရှုသည် ချက်ချင်းပင် မုချင်းဖျင်ဆီသို့ လွှတ်လိုက်သည်။ ထိုသူများထံမှ မည်သည့်ကျွမ်းကျင်မှု စွမ်းရည်များအား သင်ယူနိုင်မည်နည်းဆိုတာသည် သူမအပေါ် လုံး၀ မူတည်နေပြီဖြစ်သည်။

ထိုနေ့ညနေခင်း၌ပင်…

ထန်ရှုသည် ဒေါင်ယွမ်ပြည်နယ်သို့ သွားသော အမြန်ရထားအား စီးလာခဲ့သည်။ ကြယ်တာရာနှင့် စန်းပေမြို့အကြားတွင် လေယာဉ်ပြေးဆွဲခြင်း မရှိသော်လည်း မီးရထားလမ်းသည် ကောင်းစွာ ဖွံ့ဖြိုးပေသည်။ ထိုနေရာသို့ ရောက်ရန် ထန်ရှု ၃နာရီခန့်သာ စီးလိုက်ရသည်။ ည၁၀နာရီတွင် သူသည် စန်းပေမြို့သို့ ရောက်လာခဲ့သည်။ ပထမတွင် ဘူတာရုံမှ ထွက်လာပြီးနောက် အပြင်ဘက်တွင်  အငှားကားတစ်စီးငှားရန် သူ ရည်ရွယ်ထားသည်။ သို့သော် အတန်ကြာသည်အထိ ငှားမရသောကြောင့် စိုးရိမ်စပြုလာတော့သည်။ အငှားကား အများအပြား ရှိနေသော်လည်း ချန်ရှန်မြို့သို့ သွားမည်ဟု ပြောလိုက်သည်နှင့် မည်သည့်အငှား ယာဉ်မောင်းမျှ လိုက်မပို့ချင်ကြပေ။

“ခင်ဗျားတို့ ဘာကြောင့် အဲ့ဒီကို မသွားချင်ရတာလဲ။”

ထန်ရှုသည် မနေနိုင်တော့သဖြင့် အငှားယာဉ်မောင်း အမျိုးသမီးအား မေးလိုက်မိသည်။

အငှားယာဉ်မောင်း အမျိုးသမီးသည် မချိပြုံး ပြုံးလိုက်ရင်း

“မောင်ငယ်လေး… အဲ့ဒီနေရာကို ငါတို့ နင့်ကို မပို့ချင်တာ မဟုတ်ပါဘူး။ ဘူတာရုံနဲ့ ချန်ရှန်မြို့လေးကြားက ခရီးက အတော်လှမ်းလို့ပါ။ ငါတို့ရတဲ့ပိုက်ဆံကလည်း မကိုက်ဘူး။ နောက်ပြီး အခုက အရမ်းနောက်ကျနေတဲ့အပြင် အဲ့ဒီနေရာကလည်း သီးခြားလိုဖြစ်နေတော့ လမ်းခရီးက အန္တရာယ်များတယ်။ ခရီးသည်က လူကောင်းဆိုရင်တောင်မှ လမ်းကပြသနာတွေက ခရီးသွားတွေအတွက် ဖြစ်စေလို့ သေချာပေါက် ဘေးရန် ကြုံရလိမ့်မယ်။”

“လမ်းဓားပြတွေလား။”

ထန်ရှုသည် အသွေးအသားထဲမှ အရှုံးမပေးလိုသောစိတ်ကြောင့် ထပ်မံစူးစမ်းလိုက်သည်။

“ကျွန်တော်တို့ ဒီကနေ ချင်ရှန်ကို သွားရင် လမ်းဓားပြတွေနဲ့ ကြုံရနိုင်ခြေ များနေတာလား။ တရားဥပဒေက အဲ့ဒီအထိ သက်ရောက်သင့်တယ် မဟုတ်လား။ ရဲတွေကလည်း ဒီပြသနာကို ကိုင်တွယ်သင့်တယ်မဟုတ်လား။”

အငှားယာဉ်မောင်း အမျိုးသမီးသည် သက်ပြင်းတစ်ချက် ချလိုကရင်း

“ဒီပြသနာကို ကိုင်တွယ်ဖို့ဟုတ်လား။ ဒီပြသနာကို ရဲတွေ ကိုင်တွယ်ဖို့ မကြိုးစားတာနဲ့ မတူဘူး။ ဒါပေမယ့် ဒီလမ်းဓားပြလေးတွေက ကြွက်တွေလိုပဲ။ သူတို့က ပတ်ဝန်းကျင် သဘာဝနဲ့ သဟဇာတ ဖြစ်တယ်။ လမ်းကြောင်းရှည်တဲ့အပြင်ကို မိုင်ဒါဇင်ပေါင်းအတွင်း အနီးပတ်ဝန်းကျင်မှာ လူတွေကို ရှာရခက်တယ်။ ရဲတပ်ဖွဲ့က ဒီဓားပြတွေကို ရပ်တန့်ဖို့ ဖမ်းပြီး ထောင်ချချင်ရင်တောင်မှ သူတို့ကို ဖမ်းမိဖို့က တအားခက်တယ်။ သူတို့ကို မြင်ရတဲ့နေရာတိုင်းကလည်း အတည်တကျမရှိဘူး။ လမ်းဘေးကနေ သစ်တော တောင်တန်းတွေဆီကို အမြန် ဆုတ်ခွာနိုင်လို့ ရဲအင်အားများရင်တောင်မှ ဖမ်းမိဖို့ မလွယ်ဘူး။”

ရုတ်တရက် အမျိုးသမီး၏လေသံသည် များစွာတိုးလျသွားခဲ့သည်။ သူမသည် ဘေးဘီဝဲယာကြည့်လိုက်ပြီး မည်သူမှ သူတို့အား အာရုံမစိုက်ကြောင်း သေချာသွားတော့မှ ထန်ရှုအား တိုးတိုးလေး ပြောလိုက်သည်။

“မောင်ငယ်လေး… ဒီည စန်းပေမြို့မှာပဲ နေလိုက်ဖို့ အကြံပေးချင်တယ်။ မနက်ဖြန်မနက် ရောက်တာနဲ့ ချင်ရှန်မြို့ကို အမြန်သွားနိုင်ပါသေးတယ်။ ဒီဓားပြတွေက အရမ်းကြမ်းကြုတ် ရိုင်းစိုင်းကြတယ်။ မြို့ထဲက အကျင့်မကောင်းတဲ့ရဲတွေနဲ့ အဆက်အသွယ်ရှိတယ်လို့လည်း ငါ ကြားတယ်။ ဝမ်းနည်းမှုသောကထက် ဘေးကင်းလုံခြုံမှုက ပိုကောင်းပါတယ်။ ငါတို့ ဒီလိုလူတွေနဲ့သာ ကြုံရင် ကံကောင်းမှာမဟုတ်ဘူး။”

တဒင်္ဂမျှ တုံ့ဆိုင်းသွားပြီးနောက် ထန်ရှုသည် မချိပြုံး ပြုံးပြလိုက်ရင်း

“အဲ့လိုဆိုမှဖြင့် ကျွန်တော့်ကို စန်းပေဟိုတယ်ကို ပို့ပေးပါ။ အဲ့ဒီမှာ တည်းဖို့ ကျွန်တော့်သူငယ်ချင်းက အကြံပေးထားတယ်။”

သူမ၏အကြံပေးချက်အား ထန်ရှု လက်ခံလိုက်သောကြောင့် အငှားယာဉ်မောင်း အမျိုးသမီးသည် ပြုံးသွားရပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။

“ကောင်းတယ် ကောင်းတယ်။ ကားပေါ်တက်ပါ မောင်ငယ်လေး။ စန်းပေမြို့က အကောင်းဆုံး ကြယ်ငါးပွင့်ဟိုတယ်ကို ပို့ပေးမယ်။ အာ..ဟုတ်ပြီ။ မနက်ဖြန်မနက် နင့်ကို ဟိုတယ်မှာ လာခေါ်ပြီး ချင်ရှန်မြို့ကို ငါ လိုက်ပို့ပေးရမလား။”

“ခင်ဗျားလည်း အဲ့ဒီဝန်ဆောင်မှု ရှိတာလား။”  ထန်ရှု အံ့သြသွားသည်။

အငှားယာဉ်မောင်း အမျိုးသမီးသည် ရယ်မောလိုက်ရင်း

“ဒီဟာကို အလုပ်ကြီးအကိုင်ကြီးလုပ်ပြီဆိုရင် ကြိုတင်စီစဉ်ထားတယ်လို့ ပြောနိုင်တယ်။ နင် သိတဲ့အတိုင်း ငါတို့ စန်းပေမြို့က အငှားယာဉ်မောင်းတွေက အဲ့ဒီလမ်းဓားပြတွေနဲ့ ယှဉ်နိုင်ဖို့ နည်းလမ်းမရှိဘူး။ အဲ့ဒီတော့ ကိုယ့်ထမင်းအိုးလေး မကွဲရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ရမယ်ဆိုတာ သိသင့်တယ်။ အဲ့ဒီအတွက် မောင်ငယ်လေး ငါ့ကို မေးနိုင်တယ်။”

ထန်ရှုသည် ရယ်မောလိုက်ရင်း “အဲ့လိုဆိုမှဖြင့် ကျွန်တော့်ကို မနက်ဖြန်မနက် လာခေါ်ပေးပါ။”

***

All Chapters