← Chapters

လှည့်ဖျားနည်းဗျူဟာ

Vol. 04 Ch. 173

လှည့်ဖျားနည်းဗျူဟာ

Vol. 04 Ch. 173

သန်မာတောင့်တင်းသော ဆိုက်ဘေးရီးယားကျားတစ်ကောင်သည် သစ်တောတောင်တန်းမှ ရုတ်တရက် ပြေးထွက်လာသည်။  သစ်တောအတွင်းမှ ကျားဟိန်းသံသည် ပဲ့တင်ထပ်လျက် အရပ်မျက်နှာအားလုံးသို့  လှိုင်းများသဖွယ် ပျံ့နှံ့သွားသည်။ သားရဲကောင်သည် အစီအရင်ထဲသို့ ဝင်တော့မည့်ဆဲဆဲတွင် ရုတ်တရက် လှည့်ကာပြေးလေတော့သည်။ သူ၏အလွန်မြန်ဆန်လှသော အရှိန်ကြောင့် ထန်ရှု၏အမြင်အာရုံစက်ကွင်းမှ ၂စက္ကန့် ၊ သုံးစက္ကန့်အတွင်း ပျောက်ကွယ်သွားတော့သည်။

“ချီးတဲ့မှပဲ။” ထန်ရှုသည် ခပ်တိုးတိုး ကျိန်ဆဲလိုက်သော်လည်း တောအုပ်လေးထဲတွင် ပုန်းခိုနေဆဲဖြစ်သည်။

“ဘာဖြစ်လို့လဲ။”  မြောင်ဝမ်တန်သည် တိုးတိုး မေးလိုက်သည်။

“သားရဲကောင် အစီအရင်ထဲ ဝင်တော့မယ်ဆိုတာ ကျွန်တော် သတိထားမိလိုက်တယ်။ ဒါပေမယ့် ဆိုက်ဘေးရီးယားကျားတစ်ကောင် ရုတ်တရက် ပေါ်လာလို့ အဲ့ဒီသားရဲကို ရုတ်တရက် လန့်သွားစေတယ်။ အဲ့ဒီကောင်က အလွန်ကြောက်တတ်ပြီး တအားကို သတိရှိလွန်းတယ်။ သူ ဉာဏ်ကောင်းတယ်ဆိုတာလည်း ကျွန်တော် ပြောနိုင်တယ်။”

“ဒါကို ဘယ်လိုလုပ်ကြမလဲ။ ဆိုလိုတာက ငါတို့ ဒီနေ့စောင့်နေတာ အကျိုးမရှိ ဖြစ်သွားလား။”

မြောင်ဝမ်တန် မေးလိုက်သည်။

“ခင်ဗျားသာဆိုရင် အလွန်အမင်း ဆွဲဆောင်နိုင်လွန်းတဲ့အရာတစ်ခုက ခင်ဗျားရှေ့မှာ ရှိနေတုန်း တစ်စုံတစ်ခုကြောင့် ရုတ်တရက် လန့်ပြီး အဝေးကို ထွက်သွားခဲ့ရရင် ခင်ဗျားလက်လွှတ်လိုက်မှာလား။”   ထန်ရှု ပြောလိုက်သည်။

မြောင်ဝမ်တန်မှ ခေါင်းကို ယမ်းလျက်

“သေချာပေါက် ဘယ်စွန့်လွှတ်လိမ့်မလဲ။”

“ခင်ဗျားလည်း မစွန့်လွှတ်ဘူးဆိုရင် သားရဲကောင်လည်း ဒီအတိုင်းပဲဖြစ်မယ်လို့ ကျွန်တော် တွေးမိတယ်။ ဒီမှာ စောင့်ကြတာပေ့ါ။ သားရဲက ထောင်ချောက်ပေါ်မှာ သံသယရှိနေတယ်လို့ ကျွန်တော် ယုံတယ်။ သူ ပြန်လာပြီး ရှင်းလင်းအောင် လုပ်လိမ့်မယ်။”

နာရီဝက်ကြာပြီးနောက်…

ဆိုက်ဘေးရီးယားကျားသည် အပြေးလာရာ မီးပုံအနီးသို့ ရောက်လာသည်။ မီးပုံတွင် အရသာရှိသော အရာရှိနေမလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်ရစေရန် ကျားသည် တရွေ့ရွေ့ ချဉ်းကပ်လာသည်။

“အဲ့ဒီအကောင် ပြန်လာပြီ။”

ကျေနပ်နှစ်သိမ့်သောအပြုံးသည် ထန်ရှု၏မျက်နှာထက်တွင် ပေါ်ထွက်လာသည်။ သားရဲကောင်သည် သူ၏အာရုံတွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ သည်လျှို့ဝှက်ဆန်းကြယ်သော သားရဲကောင်သည် ယခင်ထက် အရှိန်ပိုနှေးသွားပြီး သတိပိုကြီးလာသည်ကို ထန်ရှု တွေ့ရသည်။ ထိုသားရဲကောင်သည် ၂ရာမီတာ အကွာအဝေးအား ဖြတ်ကျော်ရန် မိနစ်အနည်းငယ်သာလျှင် အသုံးပြုလိုက်ရပြီး မီးပုံအနီးရှိ ထူထပ်သောမြက်ရိုင်းတောထဲတွင် ပေါ်လာခဲ့သည်။

၎င်း၏မျက်ဝန်းမှ အပြာရောင်အလင်းတန်းတစ်ချက် လင်းလက်သွားသည်။ မြက်ပင်များကြားထဲတွင် နေရင်း ကျားအား မီးပုံမှ မီးအလင်းရောင်ဖြင့် လှမ်းကြည့်လိုက်သည်။ သူ၏ကိုယ်လုံးသည် ရုတ်ခြည်းပင် တွန့်လိမ်သွားကာ ခဏအကြာတွင် ရုတ်တရက် အလင်းတစ်ချက်လက်သွားသည်။ အမှောင်ထဲတွင် ပုန်းခိုနေသော မုဆိုးတစ်ယောက်သည် မှန်ကန်သော အချိန်တွင်သာ လှုပ်ရှားရသည်။ သူ၏စွမ်းအားပြည့်ဝလှသော ခြေထောက်များအား လှုပ်ရှားကာ သားရဲ၏ဖျတ်လတ်ကြံ့ခိုင်သော ကိုယ်သည် ချက်ချင်းပင် ဆိုက်ဘေးရီးယားကျားဆီသို့ ဦးတည်ရောက်ရှိသွားသည်။ ၎င်း၏အလွန်မြန်ဆန်လှသော အရှိန်သည် ထန်ရှုထက်ပင် ၁၀ဆ မြန်ပေတော့သည်။

ခဏအတွင်းမှပင် သားရဲကောင်သည် ဆိုက်ဘေးရီးယားကျားနှင့် ၃မီတာ ၄မီတာအကွာအရောက်တွင် သူ၏ထက်မြလှသော လက်သည်းများအား ဖော်ထုတ်လိုက်ပြီး ကျား၏လည်ပင်းအား အရှိန်ပြင်းစွာ ဆုတ်ဖြဲလိုက်သည်။

“ရွှစ်…”

ဆိုက်ဘေးရီးယားကျား၏အမွှေးနှင့်အရေပြားသည် ထိုသားရဲကောင်၏ ခြိမ်းခြောက်မှုအပြည့်ပါသော လက်သည်းများကြောင့် စုတ်ပြဲသွားပြီး ခဏအကြာတွင် ၎င်း၏အမွှေးများအား ဆေးဆိုးထားသကဲ့သို့ သွေးများထွက်လာသည်။ သူ၏တိုက်ခိုက်မှု အောင်မြင်သည်နှင့် သားရဲကောင်သည် သူ၏ဆုတ်ဖြဲတိုက်ကွက်အား နောက်တစ်နေရာကို ရွှေ့ကာ ကျား၏ကိုယ်လုံးမှ အကောင်းဆုံးနေရာကို ထပ်မံ ဆုတ်ဖြဲလိုက်ပြန်သည်။

“ဝေါင်း…”

ဆိုက်ဘေးရီးယားကျား၏ကိုယ်မှ သွေးများ အဆက်မပြတ် ထွက်လာသည်။ ထို့ကဲ့သို့ စူးရှပြင်းထန်သော နာကျင်မှုသည် ကျားအား ဟိန်းဟောက်သံများကို ဖြစ်စေသည်။ ၎င်းသည် ဖျတ်လတ်စွာ လှည့်ကာ ပြန်လည်တိုက်ခိုက်ပါသော်လည်း သားရဲကောင်နှင့် နှိုင်းယှဉ်ပါက ပိုမိုအားနည်းနေသည်ဖြစ်သောကြောင့် သားရဲကောင်၏အမွှေးကိုသာ ထိမိသည်။

အချိန်ကျပြီ။

တောအုပ်ထဲတွင် ပုန်းခိုနေသော ထန်ရှုသည် ရုတ်တရက် ရှေ့သို့ ဖျတ်ကနဲ လှုပ်ရှားလိုက်သည်။ ချက်ချင်းပင် သူ၏ကြယ်စွမ်းအားအား လက်ထဲရှိ ကျောက်စိမ်းပိုင်းထဲသို့ ထည့်ကာ အစီအရင်၏ဗဟိုချက်မသို့ လျင်မြန်စွာဖြင့် ပစ်ထည့်လိုက်သည်။

ချက်ချင်းပင် အစီအရင်တစ်ခုလုံး အသက်ဝင်လာခဲ့သည်။

မြောင်ဝမ်တန်လည်း ပုန်းကွယ်နေရာမှ ထွက်လာကာ ထန်ရှု၏ဘေးတွင် ရပ်လိုက်ပြီး အစီအရင်အတွင်း သတ်ပုတ်နေသော သားရဲ၂ကောင်အား ကြည့်လိုက်သည်။ သို့သော် လျှို့ဝှက်ဆန်းကြယ်သော သားရဲကောင်သည် ဆိုက်ဘေးရီးယားကျားအား လှည့်ပတ်ဝဲပျံနေသည်။ မြောင်ဝမ်တန်သည် အံ့သြတကြီးဖြင့်

“ညီအစ်ကိုထန်… မင်း အစီအရင်ကို အစောကြီးကတည်းက အသက်သွင်းပြီးတော့ သူတို့ကို ထောင်ဖမ်းထားတာလား။”

“ဟုတ်တယ်။”  ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ချက် ပေါ်ထွက်လာခဲ့သည်။

“သူတို့ မလွတ်နိုင်ကြတော့ အတွင်းထဲမှာ အချင်းချင်း တိုက်ကြလိမ့်မယ်။ ဆိုက်ဘေးရီးယားကျား သေမယ်ဆိုတာ ငါ သေချာပေါက် ပြောနိုင်တယ်။ မင်း ငါတို့ပြောတဲ့သားရဲရဲ့အမြန်နှုန်းကို တွေ့တယ်မဟုတ်လား။ အစ်ကိုရှောင်နဲ့ ငါ အတူတွဲတိုက်တာတောင် သူ့ကို ဒဏ်ရာအသေးအမွှားလေးတွေပဲ ပေးနိုင်တာ။ သူ့ကို ငါတို့ကို ပြန်ဆော်လိုက်တာ ဒဏ်ရာအကြီးစားတွေချည်းပဲ။ ညီအစ်ကို ထန်… ဒီအကောင်လေးကို သေးငယ်တယ်ဆိုပြီး အထင်မသေးလိုက်နဲ့။ သူ့တိုက်ပွဲခွန်အားကို အပြည့်အဝထုတ်လိုက်ရင် ကြောက်စရာကြီးကွ။ အစ်ကိုရှောင်နဲ့ ငါ အတူတွဲတိုက်တာတောင် သူ့ပြိုင်ဖက် မဟုတ်ခဲ့ဘူး။”

“အရမ်း ခွန်အားကြီးတာပဲ။” ထန်ရှု တိတ်တဆိတ် အံ့အားသင့်ရသည်။

“ဟုတ်တယ်။ အဲ့ဒါ သူ့ရဲ့အစစ်အမှန်ခွန်အားပဲ။ ဒီဆန်းကြယ်သားရဲက ဆိုက်ဘေးရီးယားကျားကို ရည်ရွယ်ချက်ရှိရှိ ကစားနေတာ။ ခွန်အားအများကြီး မထုတ်ထားဘူး။ သူသာ အစစ်အမှန်ခွန်အားကို ထုတ်လိုက်ရင် အဲ့ဒီခွန်အားကြီးတဲ့ ဆိုက်ဘေးရီးယားကျားတောင် ၁၀စက္ကန့်လောက်ပဲ ခံနိုင်မယ်။”

ထန်ရှုသည် တစ်ခဏ တိတ်ဆိတ်သွားပြီးနောက်

“ခင်ဗျား အစီအရင်အပြင်ဘက်မှာ စောင့်နေခဲ့။ ကျွန်တော် အထဲဝင်ပြီး ဆိုက်ဘေးရီးယားကျားကို ကူလိုက်ဦးမယ်။ ကျားက အဲ့ဒီဆန်းကြယ်သားရဲကို ဒဏ်ရာရစေခဲ့ရင် ကျွန်တော်တို့ အဲ့ဒီသားရဲကို ကိုင်တွယ်ရတာ ပိုလွယ်သွားမယ်။”

ပြောပြီးသည်နှင့် ထန်ရှုသည် အစီအရင်အတွင်းသို့ ဝင်သွားကာ ဗဟိုချက်မနေရာတွင် ပုန်းနေလိုက်သည်။ ထို့နောက် အကျီၤအိတ်ကပ်အတွင်းမှ အလင်းသင်္ကေတအဆောင်စာရွက် တစ်ဒါဇင်ကျော်အား ထုတ်ယူလိုက်သည်။

“ဝှစ်…”

အလင်းသင်္ကေတအဆောင်စာရွက်နှစ်ခုအား လေထဲသို့ ဝှေ့ယမ်းလိုက်ရာ အဆောင်စာရွက်များသည် ထွက်ပေါ်လာပြီး ဆန်းကြယ်သားရဲ၏အထက်တွင် ပေါက်ကွဲသွားသည်။ ထို့နောက် လက်ချောင်းအရွယ်အလင်းတန်းအသွင်ပြောင်းသွားကာ ဆန်းကြယ်သားရဲ၏ဦးခေါင်းဆီသို့ ရွေ့လျားသွားသည်။

“ရွှစ်…ရွှစ်…ရွှစ်…”

အလင်းလမ်းကြောင်းသည် ခွဲထွက်သွားကာ ဆန်းကြယ်သားရဲအား ထိမှန်ပြီး မလှုပ်နိုင်အောင် ဖြစ်စေသောကြောင့် မြန်ဆန်လှသော ၎င်း၏အရှိန်သည် ရုတ်ခြည်းပင် ထိုးကျသွားသည်။ ၎င်းသားရဲ၏အမွှေးနှင့်အရေပြားသည် စုတ်ပြဲသွားပြီး သွေးများထွက်လာကာ ကိုယ်လုံးပေါ်တွင် ခပ်ဖျော့ဖျော့ ထင်ကျန်စေသည်။

“ဝေါင်း…”

သေလုနီးပါးဖြစ်နေသော ဆိုက်ဘေးရီးယားကျားသည် ဆန်းကြယ်သားရဲအား ရုတ်တရက် တိုက်ခိုက်လိုက်သည်။ ၎င်း၏ ချွန်ထက်သော လက်သည်းများဖြင့် ဆန်းကြယ်သားရဲ၏ကိုယ်လုံးအား ဆုတ်ဖြဲလိုက်ရာ သွေးထွက်နေသော ဒဏ်ရာများ ဖြစ်ပေါ်လာတော့သည်။

ထန်ရှုသည် တိတ်တဆိတ် လှောင်ရယ်လိုက်ပြီး သူ၏လက်ထဲမှ အလင်းသင်္ကေတများအား ပစ်လွှတ်လိုက်သည်။ အလင်းတန်းသည် လေပြည်ကို ဖြတ်သန်းကာ တုန်ခါသွားပြီး ဆန်းကြယ်သားရဲ၏ကိုယ်ပေါ်သို့ လောင်းချလိုက်သည့်နှယ် ကျသွားတော့သည်။

“ရွှစ်…”

ထိုကဲ့သို့ အလင်းတန်းများ ကြိမ်ဖန်များစွာ သက်ရောက်မှုကြောင့် ဆန်းကြယ်သားရဲသည် အဆုံးသတ်တွင် ငြိမ်သက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ လှုပ်ရှားမှုမရှိတော့ပါပေ။ သို့ပါသော်လည်း ထန်ရှုသည် တိုက်ခိုက်ခြင်းအား မပေါ့ဆရဲဘဲ အလင်းသင်္ကေတအား ထပ်တလဲလဲ ပစ်လွှတ်နေခဲ့သည်။ သူ၏လက်ထဲတွင် ၁၀ရွက်ခန့်သာ ကျန်တော့မှသာလျှင် ရပ်တန့်သွားတော့သည်။

အစီအရင်၏အပြင်ဘက်တွင်…

မြောင်ဝမ်တန်သည် ထိုမြင်ကွင်းအား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေသည်။ သူ၏မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက်နေသည်။ “လှည့်ဖျားနည်းဗျူဟာ” ဟုခေါ်သည့် ထိုနည်းလမ်းအား သူ ကြားဖူးခဲ့သော်လည်း ၎င်းအား အသုံးချသည်ကို ယနေ့မှ သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်ပေသည်။ ထန်ရှု အသုံးပြုခဲ့သည့်နည်းလမ်းမှာ ထိုလှည့်ဖျားနည်းဗျူဟာ ပင် ဖြစ်တော့သည်။

ထိုသန်မာဖျတ်လတ် ဉာဏ်များလှသော ဆန်းကြယ်သားရဲသည် ထန်ရှု၏လက်ထဲတွင် အဆုံးသတ်သွားရသောကြောင့် ထိုသားရဲအား သနားစိတ်အချို့ပင် ဖြစ်မိလိုက်သေးသည်။

“အစ်ကိုမြောင်… ခင်ဗျားရဲ့ကျင့်ကြံမှုက အတန်မြင့်တော့ အစီအရင်ထဲ ဝင်ပြီး အဲ့ဒီသားရဲ တကယ်သေ၊ မသေ ကြည့်ပေးပါဦး။”

ထန်ရှုသည် ထိုဆန်းကြယ်သားရဲထက်ပင် ပိုမိုသတိကြီးကာ စဉ်းစားတတ်သောကြောင့် အစီအရင်မဖယ်ခင် မြောင်ဝမ်တန်အား စစ်ဆေးခိုင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီ။”

မြောင်ဝမ်တန်သည်လည်း အလွန်အမင်း သတိကြီးသူ ဖြစ်သည်။ သူသည် အစီအရင်ထဲသို့ ဝင်ရောက်လာသောအခါ သူသည် သစ်တောထဲတွင် မဟုတ်တော့ဘဲ ကာရံထားသော စွမ်းအင်လှိုင်းတံတိုင်းအတွင်းသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အတွင်းသို့ လာခြင်းသည် အလွန် လွယ်ကူသည် သို့သော် အပြင်ပြန်ထွက်ရန် ခက်ခဲပေလိမ့်မည်။

သူသည် ထက်ရှသော ဓားမြှောင်အား ကိုင်စွဲကာ သတိကြီးစွာ လှမ်းလျက် လာခဲ့သည်။ သွေးအတိဖုံးနေသော ဆန်းကြယ်သားရဲအနီးသို့ ရောက်သောအခါ အသားမီးလောင်သောအနံ့နှင့် စီးကျနေသော သွေးနံ့အား ရှုရှိုက်မိသည်။ တုံ့ဆိုင်းခြင်းမရှိဘဲ လက်ထဲမှ ဓားမြှောင်ဖြင့် ထိုးစိုက်လိုက်သည်။

“လုံး၀ မလှုပ်ရှားတော့ဘူးလား။”

မြောင်ဝမန်တန်၏နဖူး မြင့်တက်သွားရကာ ဆန်းကြယ်သားရဲအား လက်ဖြင့် အသာ ထိကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“ဆိုးဆိုးဝါးဝါး ထိခိုက်သွားတာပဲ။ အစောကြီးကတည်းက သေသွားတာနေမယ်ကွ။”

ထန်ရှုသည် ခေါင်းညိတ်လိုက်ပြီး အစီအရင်အား ဖယ်ရှားရန် ပြင်လိုက်သည်။ သူသည် ဆိုက်ဘေးရီးယားကျားပေါ်တွင် သက်ရောက်နေသော နောက်ဆုံးအလင်းတန်းအား ရုတ်တရက် ကြည့်မိပြီး သူ၏အမူအရာသည် ရုတ်ခြည်းပြောင်းလဲသွားရကာ အစီအရင် ဖယ်ရှားမည့် သူ၏အကြံအစည်အား ချက်ချင်း စွန့်လွှတ်လိုက်သည်။ ထို့နောက် သူသည် အစီအရင်၏ဗဟိုချက်မနေရာမှ ထွက်လာပြီး မြောင်ဝမ်တန်၏ဘေးသို့ အပြေးလာခဲ့သည်။ ဆန်းကြယ်သားရဲအား သူ ထိတော့မည့်ဆဲဆဲတွင် သားရဲ၏မျက်လုံးများသည် ရုတ်တရက် ပွင့်လာကာ သူ၏ထက်မြလှသော လက်သည်းများဖြင့် မြောင်ဝမ်တန်၏လက်ကောက်ဝတ်အား စုတ်ဖြဲလိုက်ပြီး ချက်ချင်း အပြင်ဘက်ဆီသို့ ထပြေးတော့သည်။

“ရွှစ်…”

မြောင်ဝမ်တန်သည် သူ၏လက်ကောက်ဝတ်အား အုပ်လိုက်ပြီး တုန်လှုပ်စွာဖြင့်

“အဲ့ကောင် မသေသေးဘူးလား။ ချီးတဲ့မှပဲ။ ပိုးဟပ်လို ကပ်တွယ်အသက်ပြင်းတဲ့ကောင်ပဲ။”

ထန်ရှုသည်လည်း ရုတ်တရက်ကြောင့်  တိတ်တဆိတ် ထိတ်လန့်သွားသည်။ သို့သော်လည်း အင်မော်တယ် ကမ္ဘာတွင် ထိုကဲ့သို့သော သားရဲကောင်များအား မြင်ဖူးထားသောကြောင့် ထိုအချင်းအရာအား ကြည့်ပြီး သူ၏တည်ငြိမ်မှုအား မပျောက်ဆုံးဘဲရှိစေသည်။ သူသည် လျင်မြန်စွာဖြင့် အစီအရင်၏ဗဟိုချက်မသို့ ဝင်ကာ အလင်းသင်္ကေတအဆောင်၅ရွက်အား ပစ်လွှတ်လိုက်ပြီး သားရဲကောင်အား အလင်းတန်းများဖြင့် ထိမှန်စေသည်။

“ရွှစ်…”

“ဝုန်း…”

ဆန်းကြယ်သားရဲသည် အလင်းတန်းထိမှန်ခံရပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ အသက်ရှိနေသေးသော်လည်း သူ၏အပြာရောင်မျက်လုံးအစုံသည် မှိန်ဖျော့နေပြီဖြစ်သည်။

ထိုသားရဲသည် သူ့အား မည်သူတိုက်ခိုက်သည်ကို သိသောကြောင့် အလင်းတန်း၏ ပက်ဖျန်းဒဏ်အား သည်းညည်းခံကာ ထန်ရှုဆီ ဒူးတုပ်လျက် အကြိမ်ကြိမ် ခေါင်းညိတ်ပြလေသည်။

“ဟင်…”

ထန်ရှု၏ မျက်ခုံးများ တွန့်ချိုးသွားရပြီး လေးနက်သော အသံဖြင့်

“မင်း ငါ့ကို အလျှော့ပေးပြီး ငါ့နောက်လိုက်ချင်တာလား။”

ဆန်းကြယ်သားရဲသည် ပိုမိုမြန်ဆန်စွာ ခေါင်းညိတ်လိုက်သည်။

ထန်ရှုသည် တစ်ခဏမျှ စကားမပြောခဲ့သေးပေ။ အလင်းတန်း ရိုက်ခတ်မှုအဆုံးထိ သူ အတန်ငယ်ကြာအောင် တွေးတောနေခဲ့ပြီး ဖြည်းညှင်းစွာဖြင့်

“မင်းက လူတွေရဲ့စကားကို နားလည်နိုင်ပြီး ငါ့နောက်လိုက်ချင်တယ်ဆိုမှတော့ ငါ မင်းအသက်ကို ချမ်းသာပေးလိုက်မယ်။ ဒါပေမယ့် ငါတို့ စာချုပ်ချုပ်ရမယ်။ မင်းမှာ ကျင့်ကြံ့နည်းတစ်ခုနဲ့ အတွင်းအမြုတေရှိပြီးပြီဆိုတာ ငါ ယုံတယ် ဟုတ်တယ်မဟုတ်လား။”

ဆန်းကြယ်သားရဲသည် ခက်ခက်ခဲခဲ မတ်တတ်ရပ်လိုက်သည်။ သူ၏ကိုယ်လုံးသည် တုန်ရီလျက်ရှိနေသော်လည်း ပါးစပ်ဟကာ ပုတီးစေ့အရွယ်ခန့်ရှိသော ဖန်လုံးတစ်လုံးအား ထုတ်လိုက်ရာ ထိုအလုံးလေးသည် ၎င်း၏အရှေ့တွင် ကျလာသည်။

ထန်ရှုသည် ဆန်းကြယ်သားရဲ၏အတွင်းအမြုတေအား လှမ်းကြည့်ကာ ၎င်းအနီးတွင် အလင်းတန်းသင်္ကေတ ပြုလုပ်လိုက်သည်။ သူသည် ဆန်းကြယ်သားရဲနှင့် ၂မီတာအကွာတွင် ရှိနေပြီး သူ၏ဘယ်လက်မှ ကြယ်စွမ်းအားအား ထုတ်လွှတ်ကာ တစ်ဒါဇင်မျှသော လက်ဟန်သင်္ကေတများဖြင့် ပြုလုပ်ကာ သားရဲ၏အတွင်းအမြုတေထိပ်ဖျားရှိ အလင်းတန်းအား ထောက်ပံ့ပေးလိုက်သည်။

“ရွှစ်…”

ဆန်းကြယ်သားရဲသည် မြည်တမ်းလိုက်ပြီး တစ်ခဏမျှ ပြင်းထန်စွာ တုန်လှုပ်နေသော သူ၏ကိုယ်လုံးသည် ဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့သည်။ ၎င်း၏ဖျော့တော့မှိန်ရီနေသော အပြာရောင်မျက်လုံးအစုံတို့သည် ကြောက်ရွံ့ရိုသေစွာ ကြည့်နေလျက် သူနှင့် ထန်ရှုအကြားတွင် သိမ်မွေ့သော ဆက်သွယ်မှုတစ်ခု ရှိသွားသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်သည်။

“မင်းရဲ့အတွင်းအမြုတေကို ယူပြီး ပြန်မျိုလိုက်ဦး။”

ယခုတော့ ထန်ရှုသည် လုံး၀ စိတ်သက်သာရာ ရသွားပြီး တည်ငြိမ်နေပေသည်။

ဆန်းကြယ်သားရဲလေးသည် သူ၏ပါးစပ်အား ဟကာ ပြန်မျိုလိုက်ရာတွင် သူ၏အတွင်းအမြုတေအတွင်း၌ များပြားလှစွာသော အနီရင့်ရောင်စာလုံးများရှိနေသည်ကို နားလည်လိုက်သည်။ ၎င်းသင်္ကေတအစီအရင်သည် ချိန်ကိုက်ဗုံးသကဲ့သို့ ရှိနေပြီး ထန်ရှုသာ ဆန္ဒရှိပါက အတွေးတစ်ချက်ဖြင့်ပင် ၎င်း၏အတွင်းအမြုတေအား ဖောက်ကွဲပစ်နိုင်သည်။

မြောင်ဝမ်တန်သည် ထန်ရှုနှင့် ဆန်းကြယ်သားရဲလေး၏မြင်ကွင်းအား အံ့သြတကြီး စောင့်ကြည့်နေပြီး သူ၏နှုတ်ခမ်းသည် တဆတ်ဆတ် တုန်ရီလျက်

“ညီအစ်ကို ထန်… မင်း ဘာလုပ်လိုက်တာလဲ။ အဲ့ဒါ… အဲ့ဒါ…”

ထန်ရှုသည် အေးအေးဆေးဆေးဟန်ဖြင့်

“ကျွန်တော့်မှာ စိတ်ဝိညာဉ်သားရဲတွေကို ထိန်းချုပ်နိုင်တဲ့ လျှို့ဝှက်ပညာရပ်တစ်ခုရှိတယ်။ ဒီသားရဲလေးက ကျွန်တော့်လက်အောက် ဝင်လိုမှတော့ ကျွန်တော် လက်ခံရမှာပေါ့။ စိတ်ချပါ အဲ့ဒါ ကျွန်တော့်ကို မထိခိုက်ပါဘူး။ ကျွန်တော်သာဆန္ဒရှိတယ်ဆိုရင် အတွေးတစ်ချက်နဲ့ပဲ သူ့ရဲ့အတွင်းအမြုတေအား ဖောက်ကွဲပစ်နိုင်ပြီးတော့ ဆိုးဆိုးရွားရွား သေဆုံးရလိမ့်မယ်။”

“ဟာ..အဲ့ဒါ ဆန်းကြယ်မှော်ပညာလား။” မြောင်ဝမ်တန် တုန်လှုပ်စွာဖြင့် မေးလိုက်သည်။

“အမှန်ပဲ။”

မြောင်ဝမ်တန် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ အဆုံးသတ်တွင် သူသည် စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်ကာ မျှော်လင့်ချက်အပြည့်ဖြင့်

“ညီအစ်ကို ထန်… မင်းရဲ့ ဒီ စိတ်ဝိညာဉ်သားရဲတွေကို ထိန်းချုပ်နိုင်တဲ့ လျှို့ဝှက်ပညာရပ်ကို ငါ့ကို သင်ပေးနိုင်လား။ ငါ မင်းဆီက မထိုက်မတန် မယူဘူးဆိုတာ စိတ်ချပါ။ တစ်ခုခု လိုအပ်တာရှိရင် ငါ့ကို တောင်းဆိုနိုင်တယ်။ ငါ နည်းလမ်းရှာပြီး သေချာပေါက် ဖြစ်အောင် လုပ်ပေးမယ်။”

ထန်ရှုသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

“ခင်ဗျား တအား ချမ်းသာလား။”

မြောင်ဝမ်တန်သည် ခေါင်းကို လေးလေးကြီး ညိတ်ပြလိုက်ရင်း

“အထိုက်အလျောက် ချမ်းသာတယ်လို့ ပြောနိုင်ပါတယ်။”

“တစ်ဘီလီယံ။ ကျွန်တော် ခင်ဗျားကို ရောင်းပေးမယ်။ ခင်ဗျား အဲ့ဒီပမာဏကို မတတ်နိုင်ရင် တခြားတစ်ယောက်ကို ရှာပြီး ပေါင်းဝယ်နိုင်တယ်။ အစ်ကိုရှောင်မင်ကျန်းကလည်း အဲ့ဒါကို သင်ချင်တယ်ဆိုရင် ခင်ဗျားတို့နှစ်ယောက် စပ်တူဝယ်လို့ရပါတယ်။”

***

All Chapters