← Chapters

ချမ်းသာမှုနဲ့ အကျိုးကျေးဇူးကို အန္တရာယ်ကြားတွင် ရှာဖွေခြင်း

Vol. 04 Ch. 176

ချမ်းသာမှုနဲ့ အကျိုးကျေးဇူးကို အန္တရာယ်ကြားတွင် ရှာဖွေခြင်း

Vol. 04 Ch. 176

ထန်ရှုသည် ခေါင်းကို ယမ်းလိုက်ရင်း

“မဟုတ်ဘူး။ ကျွန်တော် မမှားဘူး။ ဒီအော်ရာက သေချာပေါက် မီးချီလင်ဆီကပဲ။ ကျွန်တော်က ၁၀၀% သေချာတယ်။ ခင်ဗျား အဲ့ဒါကို ယုံကြည်လို့ရတယ်။”

သူ့တွင် စွမ်းအားကောင်းသော စိတ်ဝိညာဉ်အာရုံရှိသည်ကို ရှောင်မင်ကျန်းအား မပြောနိုင်သည့်နည်းတူ သူ၏စိတ်ဝိညာဉ်အာရုံဖြင့် လမ်းအဆုံးထိ စစ်ဆေးပြီးဖြစ်ကြောင်းနှင့် ကြီးမားကျယ်ပြန့်သောနေရာတွင် မီးချီလင်တစ်ကောင်အား  မြင်ထားကြောင်းကိုလည်း မပြောနိုင်ပေ။ မီးချီလင်၏အနီးနားတွင် ပေါင်တစ်ရာဝန်းကျင်ရှိပြီး စတုရန်းပုံ ကောင်းကင်သဲကျောက်တုံးများအား ရာပေါင်းများစွာ သပ်ရပ်စွာ ပုံထားသည်ကိုပင် တွေ့မြင်ခဲ့ရသည်။ လိုဏ်ဂူအတွင်းထဲတွင် အိပ်ရာလေးတစ်ခုနှင့် သစ်သားဘီရိုတစ်လုံးကိုလည်း မြင်တွေ့ခဲ့ရပြီး စားပွဲပေါ်တွင် တဖိတ်ဖိတ်တောက်ပကာကြည်လင်နေသော ကျောက်စိမ်းသေတ္တာ တစ်လုံးအား ရှေးဟောင်းဓားတစ်လက်နှင့် ယှဉ်တွဲကာ ထန်ရှု တွေ့ခဲ့ရသေးသည်။

ထန်ရှုသည် အင်မော်တယ်ကမ္ဘာတွင် မတော်တဆ ကြုံကြိုက်မှုများနှင့် တွေ့ကြုံပြီး အခြားအင်မော်တယ်များ ချန်ထားခဲ့သော အင်မော်တယ်လိုဏ်ဂူများသို့ စွန့်စားခန်းများ ဖွင့်ခဲ့ရစဉ်အချိန်က ရတနာအများအပြား ရရှိခဲ့သည်။ သို့သော် ကမ္ဘာမြေတွင်လည်း ထိုကဲ့သို့ အင်မော်တယ်ဂူနှင့် မတော်တဆ ကြုံကြိုက်ရလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ခဲ့ဖူးချေ။

သို့သော်လည်း ဂူထဲတွင် ထိုအရာများအား ချန်ထားခဲ့သူသည် ကျင့်ကြံသူ ဟုတ်၊ မဟုတ်တော့ သူ မသိပေ။

မိုးထိလိုဏ်ဂူအပေါ်ဘက်ထိ သူတို့ပြန်ဆုတ်လာခဲ့ကြရာ မြောင်ဝမ်တန်သည် အလျင်စလိုပင်

“အခြေအနေ ဘယ်လိုလဲ။ အောက်မှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရိတ်သိမ်းခဲ့ရလဲ။”

“အခုတော့ ဘာမှ မရခဲ့သေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပြင်ဆင်စရာရှိတာမို့လို့ ချင်ရှန်မြို့ကို အရင်ပြန်သွားရမယ်။ အားလုံးပြင်ဆင်ပြီးသွားရင် ကျွန်တော်တို့၃ယောက် လိုဏ်ဂူထဲ အတူဝင်ကြတာပေါ့။”

“ညီအစ်ကိုထန်… ငါတို့ ဘာတွေပြင်ဆင်သင့်တာလဲ။”

“ခင်ဗျားတို့၂ယောက် ကျွန်တော်နဲ့အတူ တကယ်စွန့်စားချင်တယ်ဆိုရင် ကျွန်တော် စီစဉ်တာကို နားထောင်မှရမယ်။ အဲ့ဒီကနေ အသက်ရှင်ရက်ပြန်ထွက်နိုင်ပါမယ်လို့တော့ အာမ မခံနိုင်ဘူး။ ဒါပေမယ့် အဲ့ဒီအထဲကနေ အသက်ရှင်ရက် ပြန်ထွက်နိုင်တယ်ဆိုရင် ကျွန်တော်တို့ရမယ့် အကျိုးကျေးဇူးက ကြီးမယ်လို့တော့ ကျွန်တော် ပြောရဲတယ်။”

“ကောင်းပြီ။”

“ငါတို့ နားထောင်မယ်။”

ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့ သံပြိုင် ဖြေလိုက်သည်။

ထန်ရှုသည် ခေါင်းညိတ်ပြလိုက်ရင်း

“အိုခေ… ဒီဟာကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားရမှာ အရေးကြီးတဲ့အချက်ပဲ။ ပထမ ကျွန်တော်တို့ ပေါက်ကွဲစေတဲ့အရာ အချို့လိုတယ်။ ဒါပေမယ့် အများကြီး မလိုဘူး။ အဲ့ဒါကို မရှာနိုင်ရင် အလုပ်ဖြစ်မယ့် မီးရှူးမီးပန်းအချို့ဝယ်ရမယ်။ နောက်ပြီး ဂူရဲ့ကျန်တဲ့ လိုဏ်ခေါင်း၀၄ပေါက်ကို တိတ်တဆိတ် ပိတ်ဖို့ ကြိုးနဲ့ ကျောက်တုံးအချို့ ပိုပြီး လိုတယ်။ ဒါပေမယ့် အဲ့ဒီလိုဏ်ခေါင်းဝတွေကို မပိတ်ခင် ထောင်ချောက်အချို့ ဆင်ထားဖို့လည်း လိုဦးမယ်။”

ထန်ရှုသည် အစောကြီးကတည်းကပင် သူ၏အတွေးထဲတွင် အစီအစဉ်ရေးဆွဲထားပြီး ဖြစ်သည်။ သို့သော် ပြင်ဆင်ရမည့်အရာများသည် အတော်များပြားသည်။ အစီအစဉ်အား ၂ရက်အတွင်း ပြည့်စုံစွာ အကောင်အထည်ဖော်ရန် အတော်ခက်ခဲပေလိမ့်မည်။

သို့သော်လည်း ထိုကောင်းကင်သဲကျောက်များအား ယူရန် သူ ဆုံးဖြတ်ထားပြီးဖြစ်သည်။ ထိုကဲ့သို့သော ရတနာအား အင်မော်တယ်ကမ္ဘာတွင် သူ တစ်ခါ ရခဲ့ဖူးပြီး ထိုကျောက်များသည် လက်နက်သန့်စင်ရန်အတွက် ပြည့်စုံသောအရာများ ဖြစ်ကြသည်။ ထိုကျောက်များသည် အလွန်ရှားပါးသောကြောင့် အင်မော်တယ်များပင် လိုအပ်ကြသော ရတနာများဖြစ်သည်။

နောက်တစ်နေ့ ညနေခင်း...

လူတိုင်း ချင်ရှန်မြို့လေးသို့ ပြန်လာခဲ့ကြသည်။ ထန်ရှုသည် လိုအပ်သော ပစ္စည်းများအား ချရေးလိုက်ပြီး မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်း၏လူများအား ဝယ်ယူပေးနိုင်ရန် ပေးလိုက်သည်။ အချို့ပစ္စည်းများသည် ချင်ရှန်မြို့လေးတွင် ဝယ်လို့မရသောကြောင့် စန်းပေမြို့သို့ ညတွင်းချင်း ပြေးဝယ်ရသည်။

ထိုအချိန်တွင် ထန်ရှုသည် ချင်ရှန်မြို့လေးတွင် ဝယ်ယူရနိုင်သည့် ကျန်ရှိနေသော ပစ္စည်းများအား အချို့လူများအား ဝယ်ယူခိုင်းလိုက်ပြီး ထိုသူများ ပြန်အလာကို စောင့်နေလေသည်။

“ဒေါက်…ဒေါက်…”

တစ်စုံတစ်ယောက်သည် ထန်ရှု နေနေသော ဟိုတယ်အခန်းတံခါးအား ခေါက်လာခဲ့သည်။

ထန်ရှုသည် တံခါးဖွင့်ပေးလိုက်ရာ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့အား တံခါးရှေ့တွင် တွေ့လိုက်ရသောကြောင့် ပဟေဠိဖြစ်လျက်

“ဟမ်… ခင်ဗျားတို့ မနားကြသေးဘူးလား။”

မြောင်ဝမ်တန်သည် အပြုံးဖြင့်

“မနားသေးပါဘူး။ ငါတို့က အစောကြီးက အနားယူထားတော့ မပင်ပန်းသေးဘူး။ ဒါနဲ့ ငါတို့ မြို့ထဲဘက်သွားပြီး တစ်ခုခုသွားစားရင်းနဲ့ သောက်စရာ ဝယ်လာမလို့။ မင်း ငါတို့နဲ့အတူ လိုက်မလား။”

ရှောင်မင်ကျန်းမှလည်း နောက်မှ ပံ့ပိုးပေးလိုက်ပြန်သည်။

“ငါ ကြားတာတော့ မြို့ထဲက စားသောက်ဆိုင်တွေက တောင်တန်းကရတဲ့ သားရဲသားတွေနဲ့ ပြင်ဆင်တာတဲ့။ ဒီနေရာက တောင်နဲ့နီးပြီး သားရဲရိုင်းတွေ ပေါတော့ အရသာက အတော်ကောင်းမှာပဲ။”

ထန်ရှုသည် ရယ်မောလိုက်ရင်း

“အဲ့ဒါဆို ကျွန်တော်တို့ ဘာကို စောင့်နေကြတာလဲ ဟား..ဟား..ဟား။”

ရုတ်တရက် ထန်ရှုသည် သူ၏ဖုန်းမှာ မနေ့ကတည်းက အားမရှိတော့သောကြောင့် ချင်ရှန်မြို့သို့ ပြန်ရောက်ချိန်တွင် အားသွင်းထားသည်ကို သတိရသွားသည်။ ယခုထက်ထိ ဖုန်းအား ပြန်မဖွင့်ရသေးချေ။ ထို့ကြောင့် သူသည် ဖုန်းအား ဖြုတ်ယူလိုက်ပြီး စားသောက်ဆိုင်သွားရန် ထို၂ယောက်နောက်သို့ လိုက်လာခဲ့သည်။

လမ်းမထက်တွင်…

ထန်ရှုသည် ဖုန်းအား စက်ဖွင့်လိုက်ရာ ဖုန်းခေါ်ဆိုထားမှုနှင့် စာတိုများသည် အချက်ပြသံတစ်တောင်တောင်ဖြင့် ဆက်တိုက် ပေါ်ထွက်လာသည်။

ထန်ရှုသည် ဖုန်းမျက်နှာပြင်အား ကြည့်လိုက်သည်။ ချူယီနှင့် လုံကျန်ယုတို့၏ဖုန်းခေါ်ဆိုမှုများအပြင် သူ၏မိခင်ဖြစ်သူ စုလင်းယွမ်ကပါ ခေါ်ဆိုထားသည်။ စာတိုသည အိုးရန်လူလူမှ ယခုသူဘာလုပ်နေသည်ကို မေးထားခြင်းဖြစ်သည်။

“စွန့်စားခန်း”

အိုးရန်လူလူအား စာပြန်ပို့လိုက်ပြီးနောက် ထန်ရှုသည် မိခင်ကြီးဆီ ဖုန်းခေါ်ဆိုလိုက်သည်။

“ဟယ်လို… ရှုအာလား။”

စုလင်းယွမ်၏စိတ်လှုပ်ရှားနေသော အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။

ထန်ရှုသည် ရယ်မောလိုက်ရင်း

“ဟယ်လို အမေ။ အမေ့ဖုန်းဆက်တာကို မကိုင်လိုက်မိတာ တောင်းပန်ပါတယ်။ ဒါနဲ့ အမေ တစ်ခုခုများ ဖြစ်နေလို့ ကျွန်တော့်ဆီ ဖုန်းဆက်တာလား။”

“ရှုအာ.. သား ခရီးသွားမယ်လို့ အမေ့ကို ပြောခဲ့တာ အခု ဘယ်နေရာမှာလဲ။ အခု ပြန်လာနိုင်လား။ အမေ သားကို အရေးတကြီး ပြောစရာရှိနေတယ်။”

စုလင်းယွမ် လျင်မြန်စွာ ပြောလိုက်သည်။

ထန်ရှုသည် တုန်လှုပ်သွားရပြီး လေးနက်သော အသံဖြင့်

“အမေ.. အရင် စိတ်အေးအေးထားပါဦး။ ဘာတွေဖြစ်လို့လဲ။”

စုလင်းယွမ်သည် အသံတိမ်တိမ်ဖြင့်

“သားရဲ့ဦးလေး။ သူ့အိမ်မှာ မတော်တဆ ဖြစ်တယ်။ သားရဲ့ဝမ်းကွဲတွေလည်း အမေ့ဆီကို လာတယ်..သူတို့..”

ထန်ရှုသည် သူမအား စကားဖြတ်ကာ ပြောလိုက်သည်။

“အမေ.. ထပ်မပြောနဲ့တော့။ ကျွန်တော် သိတယ်။ ရဲတွေက စုရှန်းဝမ်နဲ့ ကျန်းမေယွမ်ကို လာဖမ်းလို့ နှစ်အကြာကြီး ထောင်ကျတော့မှာမလား။”

“ရှုအာ.. သား ဘယ်လိုသိတာလဲ။ နင်..”

“ဟုတ်တယ် အမေ။ လူတစ်ချို့ကို အဲ့လိုလုပ်ဖို့ ကျွန်တော် ညွှန်ကြားခဲ့တယ်။ စုရှန်းဝမ်နဲ့ ကျန်းမေယွမ်မှာ သူတို့ပိုင်ဆိုင်တဲ့ နေ့ရက်ကောင်းတွေ ရှိခဲ့ပြီးပြီ။ ဒါပေမယ့် အမေ့ကို အနိုင်ကျင့်ဖို့ ဆေးရုံသွားတာတော့ ကျွန်တော် နည်းနည်းလေးမှ ထပ်သည်းမခံနိုင်ဘူး။ သူတို့က ကျွန်တော့်ရဲ့အထိခိုက်မခံနိုင်တာကို လာထိမှတော့ ကျွန်တော် အသည်းထဲက သစ္စာဆိုခဲ့တယ်။ အမေ့ကို မလေးမစားလုပ်တဲ့သူတိုင်း နေ့ရက်ကောင်းတွေ မရှိစေရဘူးဆိုပြီး။ စုရှန်းဝမ်ရဲ့အသက်နဲ့ဘေးကင်းဖို့ အာမခံနိုင်တယ်ဆိုတာ ကျွန်တော် ကတိပေးပေမယ့် အနာဂတ်မှာ သူ ဘယ်လိုဘဝမျိုးရှိမလဲဆိုတာတော့ မပြောနိုင်ဘူး။”

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ စုလင်းယွမ်သည် ခါးသီးနာကျင်သော လေသံဖြင့်

“ရှုအာ.. အမေက ဆိုးဆိုးဝါးဝါး မုန်းတီးနေရင်တောင်မှ သူက အမေ့ရဲ့သွေးရင်းအစ်ကို ဖြစ်နေသေးတယ်။ ကျန်းမေယွမ်ကတော့ အဖမ်းခံထားရတယ်။ စုရှန်းဝမ်ကတော့ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ သူ့ကို ရှာတွေ့ခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူနေရတယ်။ သူလည်း ထောင်ကျရတော့မှာ သိပ်မကြာတော့ဘူး။”

ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားတယ်ပေါ့။

ထန်ရှုသည် မျက်မှောင်ကြုတ်သွားပြီး

“သူက လောကဒဏ်ကို မခံနိုင်ဘဲ သေချင်နေတာလား။”

“ဟုတ်တယ်။ သူ ကုသမှုခံနေရတယ်ဆိုပေမယ့်လည်း အန္တရာယ်ကာလထဲမှာ ရှိသေးတယ်။ ရှုအာ.. အမေ သားကို တောင်းပန်ပါတယ်… မင်း ဦးလေးကို လွတ်အောင် မကူညီနိုင်ဘူးလား။ သူ တစ်ကြိမ်သေဖူးခဲ့ပြီမို့ သူ့ရဲ့အမှားတွေကို ပြုပြင်ပြောင်းလဲပြီး နောက်ဆို ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်သားရယ်။”

ထန်ရှု တုံဏှိဘာဝေဆိတ်ဆိတ်နေလေသည်။

သူမသည် သူ့အား ကြီးပြင်းလာအောင် ကျွေးမွေးစောင့်ရှောက်ကတည်းက သူ့အား တစ်စုံတစ်ခု တောင်းဆိုသည်မှာ သည်အကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။ စုရှန်းဝမ်သည် တစ်ကြိမ်သေပြီးသည်ဆိုလျှင်တောင်မှ ခွေးမြီးကောက် ကျည်တောက်စွပ်သကဲ့သို့ ပြောင်းလဲလိမ့်မည်မဟုတ်ကြောင်း မိခင်အား ပြောပြကာ သူ၏ တောင်းဆိုမှုကို ငြင်းဆန်ချင်ပါသော်လည်း ထိုစကားများသည် သူ့လျှာတွင် အာစေးမိနေသကဲ့သို့ ထွက်မလာတော့ဘဲ ပြန်မျိုချလိုက်ရသည်။

အချိန်အတော်ကြာသွားပြီးနောက် ထန်ရှုသည် စိတ်မပါစွာဖြင့်

“အမေ… ဒါ နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေ။ သူ အမှန်တကယ် ပြောင်းလဲခဲ့ရင် အကောင်းဆုံး ဖြစ်လိမ့်မယ်။ သူ အမြဲတမ်း အနိုင်ကျင့်နေဦးမယ်ဆိုရင်တော့ ကျွန်တော့်ကို ထပ်မတားနဲ့တော့။”

“ကောင်းပါပြီ။”  စုလင်းယွမ် အမြန် ကတိပေးလိုက်သည်။

ထန်ရှုသည် သက်ပြင်းတစ်ချက် ချလိုက်ရင်း

“အမေ.. ကျွန်တော် အခု ဒေါင်ယွမ်ပြည်နယ်ထဲမှာ။ ပြန်လာဖို့ ၂ရက်လောက် ကြာဦးမယ်။ စုရှန်းဝမ်အတွက် ကျွန်တော် ဖုန်းတစ်ချို့ဆက်ပြီး ဖြေရှင်းလိုက်ပါမယ်။”

စုလင်းယွမ်သည် တုန့်ဆိုင်းနေသောအသံဖြင့်

“ရှာအာ.. သား တစ်ခုခု ဖုံးကွယ်ထားတယ်လို့ အမေ ခံစားနေရတယ်။ ကောလိပ်ဝင်ခွင့်ပြီးရင် အမေ့ကို ပြောပြမယ်ဆိုတာကို မှတ်မိနေတယ်။”

“ကျွန်တော် ပြန်လာတဲ့အထိ စောင့်ပေးပါ။ ပြန်လာရင် အမေ့ကို အကုန်ပြောပြပါမယ်။”

ဖုန်းပြောပြီးသွားသည့်နောက်တွင်မတော့ ထန်ရှုသည် အတော်ခေါင်းကိုက်သွားသဖြင့် သူ၏နဖူးအား လက်ဖြင့် နှိပ်နေရသည်။ ထို့နောက် သူသည် ချန်းကျီကျုံးအား ဆက်သွယ်ပြီး စုရှန်းဝမ်အား ထွက်ပေါက်တစ်ခုပေးရန် မှာကြားလိုက်သည်။

ဆက်လက်ပြီး သူသည် လုံကျန်ယုနှင့် ချူယီတို့အား ဖုန်းခေါ်ဆိုမှုများ ပြုခဲ့သည်။ ချူယီသည် သူ့အတွက် မြို့တော်မှ အဖိုးတန်ဆေးပင်များ ပို့လာသဖြင့် အတော် ပျော်ရွှင်ခဲ့သော်လည်း ထိုငွေပမာဏအား သိသောအခါတွင် သောကရောက်စပြုလာသည်။

ချူယီအနေဖြင့် သူ့အား ထိုဆေးပင်များအတွက် ငွေပမာဏ မည်မျှ ကုန်ကျသည်ဟု  မပြောခဲ့သော်ငြား လုံကျန်ယုမှ ၎င်းကုန်ကျငွေပမာဏသည် ယွမ်၂၀၀မီလီယံနီးပါးရှိသည်ဟု ပြောပြခဲ့သည်။

ငွေ…ငွေ…လာပြန်ပြီလား ဒီငွေ…

ထန်ရှုသည် မချိပြုံး ပြုံးလိုက်မိရင်း ဖုန်းအား ပြန်သိမ်းလိုက်သည်။ သတိမထားလိုက်မိပါဘဲ သူသည် မြောင်ဝမ်တန်နှင့် ရှောင်ဝမ်ကျန်းတို့နှင့်အတူ စားသောက်ဆိုင်တန်းသို့ ရောက်လာခဲ့ပြီး ထို၂ယောက်သည် မီနူးအတိုင်း မှာယူနေပြီပင်ဖြစ်သည်။ ထန်ရှုသည် ခေါင်းအား တိတ်တဆိတ် ယမ်းမိရင်း လေဟာပြင်အောက်မှ စားပွဲအား ရှာဖွေကာ ထိုင်ချလိုက်သည်။

“ငါ ဒီအဖိုးကြီးက ငါ့ဘဝကို ပြန်ပြင်ဆင်ပြီး ဘဝသစ်စဖို့ တကယ်ဆုံးဖြတ်ထားပြီးပြီ။ မင်းတို့ ဘာသိလို့လဲ။ မြစ်နံဘေးမှာ နေရင် ဖိနပ်မစိုအောင် နေရမယ်ဆိုတဲ့ သဘောတရားကို သူ ငါ့ကို ပြင်းပြင်းထန်ထန် ပေးခဲ့တဲ့ သင်ခန်းစာက တကယ်မမေ့နိုင်စရာပဲ။ ဒီနေ့ ငါတို့ ဒီဝိုင်ကို ကုန်အောင် သောက်ပြီးသွားရင် ငါ မြို့ကြီးတစ်မြို့ကို သွားမယ်။ အပြင်လောကမှာ ငါ့လမ်းကို ငါ မဖောက်နိုင်ရင်တော့ အိမ်ပြန်ပြီး ဝိုင်ဖောက်တာပဲ ဆက်လုပ်တော့မယ်။”

၁၀မီတာအကွာမှ ကျယ်လောင်သောအသံတစ်ခုအား ကြည်လင်ပြတ်သားစွာ ကြားလိုက်ရသည်။

ထန်ရှုသည် ထိုအသံအား  ကြားဖူးသလိုရှိသောကြောင့် အသံလာရာအား လှမ်းကြည့်လိုက်ရာ စကားပြောနေသူအား သူ အမှတ်ရသွားသည်။ ထိုသူသည် သူ အမှန်တကယ် သင်ခန်းစာ ပေးခဲ့သော ဓားအမာရွတ်နှင့်ချန် ဖြစ်သည်။ ချန်အား စားပွဲတစ်ခုတွင် ထိုင်လျက် သူ၏ဘေးပတ်လည်တွင် သူ မမြင်ဖူးသော သက်လတ်ပိုင်းလူ ၇ယောက်၊ ၈ယောက်ခန့်ပါဝင်သည့် လူထွားကြီးများမှ ဝန်းရံကာ ထိုင်နေကြသည်။

“အစ်ကိုကြီးချန်… ဒီလိုအရာတွေ မလုပ်ဖို့ ကျွန်တော်တို့ အကြံပြုခဲ့တာကြာပေါ့။ လုပ်ကိုင်ရှာဖွေဖို့ မိသားစုကို ခွဲခွာလာပြီး အထီးကျန် တစ်ယောက်တည်း ပြည့်ပြည့်၀၀ စားနေရတဲ့ အချိန်တွေ ထပ်မရှိပါစေနဲ့တော့။ အစ်ကိုကြီး တစ်ခုခု လုပ်တော့မယ်ဆိုရင် မရီးနဲ့ကလေးတွေအတွက် ထည့်စဉ်းစားရမယ်။ အစ်ကိုကြီး အခုလို ဆုံးဖြတ်လိုက်ပြီဆိုတော့ ကျွန်တာ်တို့ညီအစ်ကိုတွေ အစ်ကိုကြီးကို ပေါင်မုန့်တစ်လုံးနဲ့ ဂုဏ်ပြုပါတယ်။”

“မှန်တယ်။ အစ်ကိုကြီးချန်က အမြဲစမတ်ကျပြီး ဖြောင့်မတ်တဲ့သူပါ။ အစ်ကိုကြီး ရိုးရိုးသားသား လုပ်ကိုင်ရှာဖွေရင်တောင်မှ အနာဂတ်မှာ အောင်မြင်လိမ့်မယ်လို့ ကျွန်တော် သေချာ ပြောနိုင်တယ်။ ပေါင်မုန့်တစ်လုံးနဲ့ အစ်ကိုကြီးကို ဂုဏ်ပြုပါတယ်။”

“အစ်ကိုကြီးချန်… အပြင်လောကမှာ လမ်းမဖောက်နိုင်ခဲ့ရင် ဒီကို ပြန်လာပြီး ဝိုင်ပြန်ဖောက်လှည့်ပါ။ မင်းရဲ့ဝိုင်ဖောက်တဲ့စွမ်းရည်က ကောင်းတယ်ဆိုတာ ငါတို့ညီအစ်ကိုတွေ ကောင်းကောင်းသိတယ်။ အဆိုးဆုံးပြောရရင် ဝိုင်ရောင်းမကောင်းခဲ့ရင်တောင် ကျွန်တော့်လုပ်ငန်းနဲ့တွဲပြီး မြို့အချို့မှာ သွားရောင်းပေးမယ်။”

“…..”

ဓားအမာရွတ်နှင့်ချန်သည် သူ၏ညီအစ်ကိုများအား စိတ်လှုပ်ရှားစွာနှင့် ထရပ်လိုက်သည်။ သူ၏ဝိုင်ခွက်အား မြှောက်လိုက်ကာ  လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

“မင်းတို့က ငါ့ရဲ့ညီအစ်ကိုကောင်းတွေပါ။ ညီအစ်ကိုတွေကို စကားနဲ့ ကျေးဇူးတင်စကား မပြောတော့ဘူး။ လာ.. မင်းတို့ရဲ့ ကြင်နာတတ်တဲ့ စိတ်တွေနဲ့ ဝိုင်တွေအတွက် ကုန်တဲ့အထိ သောက်ကြစို့။”

ထိုမြင်ကွင်းအား ကြည့်ရင်း ထန်ရှု၏မျက်နှာထက်တွင် အပြုံးရိပ်တစ်ချက် ဖြစ်ပေါ်လာသည်။ ပျောက်နေသော သားတစ်ယောက် အိမ်ပြန်လာခြင်းသည် ရွှေထက်ပင် တန်ဖိုးရှိပေသည်။ ဓားအမာရွတ်နှင့်ချန်သည် ကောင်းမွန်သော အကျင့်သို့ ပြောင်းလဲလိုက်ပြီး သူသည် စွမ်းဆောင်နိုင်သူတစ်ယောက်ဟု ညီအစ်ကိုများနှင့် သူငယ်ချင်းများအား ပြသနိုင်လိမ့်မည်။ ချန်သည် အမှန်တကယ်ပင် ဘဝသစ်အား စတင်နိုင်ပါက အနာဂတ်တွင် သေချာပေါက် အောင်မြင်မည်ဟု သူ ယုံကြည်မိသည်။

ထို့ပြင် ဝိုင်ဖောက်ခြင်းသည် တကယ်ပင် ကောင်းမွန်သော စီးပွားရေးတစ်ခုဖြစ်သည်။

ထန်ရှုသည် ပြုံးရင်း ခေါင်းတညိတ်ညိတ် ရှိနေသည်။ သို့သော် သူ၏အမူအရာသည် လျင်မြန်စွာ ရပ်တန့်သွားသည်။ သူ၏အတွေးထဲတွင် စိတ်ကူးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ သူ ကြယ်တာရာကို ပြန်ရောက်သည့်အခါ ဝိုင်ဖောက်မည်လို့ သူ့ကိုယ်တိုင် စဉ်းစားခဲ့သေးသည် မဟုတ်ပါလော။ ဓားအမာရွတ်နှင့်ချန်သည်လည်း ဝိုင်အရက်ဖောက်ခြင်းအား လုပ်မည်ဆိုပါက သူ့ကို ကူညီစေပြီး သူနှင့်အတူ ဝိုင်အရက်ဖောက်ရန်အတွက် ချန်အား ခေါ်ယူသွားမည်ဆိုရင်ရော။ သူသည်လည်း ဝိုင်စီးပွားရေးလုပ်ငန်းတစ်ခု ဖွင့်နိုင်မည်။ ဓားအမာရွတ်နှင့်ချန်သည်လည်း သူ၏ဝိုင်ဖောက်နည်းနှင့် ဝိုင်ဖောက်နေသမျှကာလပတ်လုံး ဝိုင်ကောင်းများအား သေချာပေါက် ဖောက်လုပ်နိုင်မည်ဖြစ်ပြီး ဈေးကွက်သို့ ထိုးဖောက်ရောင်းချရန်အတွက် စိတ်ပူရန်လည်း လိုမည်မဟုတ်ပါချေ။

ထို့ပြင် ဝိုင်စီးပွားရေးသည် အရင်းအနှီးများစွာ မလိုသဖြင့် သူသည် ထိုစီးပွားရေးအား အပြည့်အ၀ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သည်အခြေအနေတွင် ဓားအမာရွတ်နှင့်ချန်သည် စီမံခန့်ခွဲမှုနှင့် မကိုက်ညီသော်လည်း ခန်းရှသည် ထိုအပိုင်းအား ကိုင်တွယ်နိုင်သေးသည်။

ထန်ရှု၏အတွေးသည် ထိုနေရာသို့ ရောက်သည်နှင့် ဓားအမာရွတ်နှင့်ချန်အား ပြန်ကြည့်မိလိုက်သည်။

“ညီအစ်ကို ထန်… စားသောက်ဆိုင်တန်းက အစားအစာနှင့် ဝိုင်က တကယ်ကောင်းတယ်။ ငါတို့မှာ ရွေးချယ်စရာတွေ အများကြီး ရှိတယ်။”  မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် အစားအစာမှာယူနေရာမှ ရွှင်မြူးစွာ ပြန်လာကြရင်း ထန်ရှု၏ဘေးတွင် ထိုင်ချလိုက်သည်။

***

All Chapters