← Chapters

အစွမ်းကြီးသော...

Vol. 184 Ch. 2631

အစွမ်းကြီးသော...

Vol. 184 Ch. 2631

“ဒကာလေးရီက ဒီကိုလာခဲ့တာ ကောင်းကင်ဒေသကို ကူညီပေးဖို့လား... နတ်ဆိုးဘုံ၊ မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံတို့ရဲ့ မဟာမိတ်တပ်တွေကို ဖျက်ဆီးဖို့လား...”

ရဟန်းထုံချန်းက လက်အုပ်ချီ၍ ရီဖူရှင်းကို မေးလိုက်သည်။

သူ၏ဟန်ပန်သည် ထူးကဲပြီး မျက်နှာ‌ပေါ်တွင် အပြုံးဆောင်ထားပေသည်။ သူသည် လူများစွာ လွန်စွာဖော်‌ရွေသည့် အငွေ့အသက်ပေးပေသည်။ သို့သော် ရဟန်းထုံချန်းသည် အလွန်ဉာဏ်နီဉာဏ်နက်များသောသူတစ်ယောက် ဖြစ်ကြောင်း ရီဖူရှင်း သိ၏။ ထို့အပြင် သူသည် စိတ်ဖတ်ပညာကိုလည်း ကျွမ်းကျင်ပေသည်။ သို့သော် ရီဖူရှင်းက အတန်ငယ် စိတ်ဝင်စားနေသည်။ ယခုတွင် သူ၏အင်အားသည် ရဟန်းထုံချန်းထက် များစွာသာလွန်နေပြီဖြစ်ရာ သူ၏စိတ်ဖတ်ပညာသည် သူ့အပေါ်တွက် သက်ရောက်မှု ရှိ၊ မရှိကို သူသိလိုနေသည်။

သူသည် ပြုံးလျှက် ရဟန်းထုံချန်းကို ကြည့်လိုက်သည်။ သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

သူသည် ရဟန်းထုံချန်း၏မျက်နှာထားကို လေ့လာလိုက်၏။ ရဟန်းထုံချန်း၏မျက်နှာထားသည် မပြောင်းလဲပေ။ သူသည် ရဟန်းထုံချန်းမည်သည်ကို တွေးတောနေသည်ကို မသိနိုင်ချေ။ ထို့ကြောင့် ရီဖူရှင်းက သူ့ခေါင်းထဲရှိ အတွေးကို ဘေးဖယ်ထားလိုက်လေသည်။

ဤနေရာတွင် ရဟန်းထုံချန်းအပြင် ထုံချန်းဗုဒ္ဓအရှင်လည်း ရှိနေသည်မဟုတ်ပါလား။ ထိုကဲ့သို့ တန်ခိုးကြီးဗုဒ္ဓအရှင်သည် သူ့ထက် အားမနည်းလောက်ပေ။ ထိုဗုဒ္ဓအရှင်သည် သူ့စိတ်ထဲရှိ အတွေးကို မြင်နိုင်လောက်ပေသည်။

ထုံချန်းဗုဒ္ဓအရှင်နှင့် ရဟန်းထုံချန်းတို့နှင့် ရင်ဆိုင်နေရစဉ်တွင် သူသည် သူ့ကိုသူ ဂရုစိုက်ရပေမည်။

“ကျုပ်က မူလဘုံမှာ ကျင့်ကြံတာပါ... ဘုံခြောက်ဘုံနဲ့ မသက်ဆိုင်ပါဘူး။ ကျုပ်က တစ်ဦးတည်းရပ်တည်ပြီး အခြားအင်အားစုတွေနဲ့ မပူးပေါင်းပါဘူး။ ဒီတော့ ကျုပ်က ဘုံခြောက်ဘုံရဲ့ စစ်ပွဲထဲမှာ ဝင်ရှုပ်နိုင်တဲ့ အနေအထားမှာ မရှိပါဘူး”

ရီဖူရှင်း ပြန်ပြောသည်။

“ဒကာလေးရီက တစ်ချိန်တုန်းက ကောင်းကင်ဒေသကပဲ... ပြီးတော့ မူလဘုံဆိုတာလည်း ကောင်းကင်ဒေသရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ... အဲဒါအပြင် ဒကာလေးက ဗုဒ္ဓလောကမှာလည်း အချိန်တစ်ခုလောက် နေခဲ့ဖူးတာပဲ။ နတ်ဆိုးဘုံ၊ မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံတို့က အခု ကောင်းကင်ဒေသကို ကျူးကျော်နေပြီး သက်ရှိအားလုံးကို သတ်ဖြတ်နေကြတယ်။ ဒကာလေးရီက ဗုဒ္ဓလမ်းစဉ်နဲ့ ရေစက်ပါတဲ့သူပဲ... ပြီးတော့ ထူးကဲတဲ့အင်အားလည်းရှိတယ်။ ဒကာလေးအနေနဲ့ မိစ္ဆာကို နှိမ်နင်းပြီး ဓမ္မကို ကာကွယ်သင့်တာပေါ့”

ရဟန်းထုံချန်းသည် ကျယ်လောင်စွာ ပြောလိုက်ပြီး ရီဖူရှင်းကို စစ်ပွဲတွင်ပါရန် ဖျောင်းဖျလိုက်သည်။

“ကျုပ်ရဲ့ ပါရမီက သာမန်ပါပဲ... ပြီးတော့ ကျုပ်ရဲ့ ကျင့်ကြံခြင်းက မနက်ရှိုင်းပါဘူး။ ကျုပ်က ကိုယ်တော့်လို ပြင်းပြတဲ့ဆန္ဒမရှိပါဘူး။ လောကရဲ့ မိစ္ဆာကို သုတ်သင်ပြီး ဓမ္မကို ကာကွယ်တာက ကိုယ်တော်နဲ့ တခြားဗုဒ္ဓအရှင်တွေ လုပ်ဆောင်တာက ပိုကောင်းပါလိမ့်မယ်”

ရီဖူရှင်း ပြုံးလျှက် ပြန်ပြောသည်။ သူတို့သည် သာမန်စကားစမြည်ပြောနေသကဲ့သို့ သူ တည်ငြိမ်နေပေသည်။

မည်သည်က ဓမ္မ၊ မည်သည်က မိစ္ဆာပေနည်း။

နတ်ဆိုးဘုံသည် ကျူးကျော်သူဖြစ်သော်လည်း ကောင်းကင်ဒေသမှ အင်အားစုများသည်လည်း တစ်ချိန်တုန်းက မူလဘုံကို ကျူးကျော်ကာ စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ခဲ့သည် မဟုတ်ပါလား။

ထိုစဉ်က မည်သူသည် မိစ္ဆာကို သုတ်သင်၍ ဓမ္မကို ကာကွယ်မည်ဟူ၍ ရှေ့ထွက်လာခဲ့ပါသနည်း။

လောကထဲတွင် အမှားနှင့်အမှန်ကို စကားတစ်လုံးဖြင့် အလွယ်တကူ ဆုံးဖြတ်၍မရပေ။ သူသည် ဝင်မပါနိုင်သဖြင့် ဘုံခြောက်ဘုံ၏ စစ်ပွဲကို ဝေဖန်၍ မရချေ။ နတ်ဆိုးဘုံနှင့် မှော်နက်နန်းတော်မှ သေမင်းတို့သည် သူနှင့် ဆက်နွယ်မှု ရှိနေသည်မဟုတ်ပါလား။

“အဲဒီလိုလား...”

အေးစက်စက် ခနဲ့သံတစ်သံက ပြောသည်။ လေသံသည် ရဟန်းထုံချန်းကဲ့သို့ မဖော်ရွေပေ။ ထိုသို့ပြောလိုက်သူမှာ ထုံချန်းဗုဒ္ဓအရှင်ဖြစ်ပေသည်။ သူသည် ရီဖူရှင်းကိုကြည့်၍ ပြောသည်။

“မင်းက နတ်ဆိုးဘုံကို ကျင့်ကြံဖို့သွားခဲ့တယ်လို့ ငါကြားတယ်။ ပြီးတော့ မင်းရဲ့ သူငယ်ချင်းကောင်းလည်းဖြစ် ညီနောင်လည်းဖြစ်တဲ့ ယူချင်းက အခု နတ်ဆိုးဘုံမှ အရေးပါတဲ့သူတစ်ယောက်ဖြစ်နေပြီး နတ်ဆိုးအင်ပါယာရဲ့ ဆက်ခံသူတဲ့။ မကြာသေးခင်တုန်းကလည်း မှော်နက်နန်းတော်က စီဝေ့ကြယ်ကောင်းကင်ကို အလည်သွားခဲ့တယ်တဲ... အဲဒီထဲမှာ သေမင်းလည်း ပါတယ်ဆိုပဲ...”

“အဲဒါတွေအကုန်လုံးက အမှန်တွေချည်းပဲ မဟုတ်လား”

ထုံချန်းဗုဒ္ဓအရှင်သည် ရီဖူရှင်းကို ကြောက်မက်ဖွယ်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ယင်းမျက်လုံးများအတွင်း၌ ရွှေရောင်ဗုဒ္ဓအလင်းတစ်ခု စီးဆင်းလာ၏။ သူသည် အရာအားလုံးကို ဖောက်မြင်လိုနေသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်၍ ရှိန်လောက်ဖွယ် စွမ်းအားတစ်ခုသည် ရီဖူရှင်းကို လွှမ်းခြုံသွား၏။

သူသည် ရီဖူရှင်း၏အတွေးများကို မြင်လိုနေကြောင်း ထင်ရှားပေသည်။

ရီဖူရှင်းက ထုံချန်းဗုဒ္ဓအရှင်ကို ပြုံးလျှက် စိုက်ကြည့်လိုက်သည်။ သူသည် ထုံချန်းဗုဒ္ဓအရှင်ပြောခဲ့သည့် စကားကြောင့် မျက်နှာထားမပြောင်းသွားခဲ့ပေ။ သို့သော် ထုံချန်းဗုဒ္ဓအရှင် မေးခွန်းမေးလိုက်ချိန်တွင် သူစိတ်ထဲတွင် အတွေးတစ်ချက် လှုပ်ရှားသွား၏။

သူသည် ထိုအတွေးကို လျင်မြန်စွာ ဖုံးကွယ်လိုက်ပြီး ဆက်၍မတွေးတော့သော်လည်း ထုံချန်းဗုဒ္ဓအရှင်သည် ထိုအတွေးကို အနည်းငယ် သိရှိသွားနိုင်သေးသည်။

ထိုသို့ဖြစ်နိုင်ချေ များပေသည်။

“ငါထင်ထားတဲ့အတိုင်ပဲ...”

ထုံချန်းဗုဒ္ဓအရှင်က ရီဖူရှင်းကို စိုက်ကြည့်၍ ပြောသည်။

“ဒကာလေးရီက အဲဒီကျုးကျော်သူတွေကို နှိမ်နင်းဖို့ ကောင်းကင်ဒေသဘက်က ရပ်ဖို့စိတ်ကူမရှိတဲ့အပြင် နတ်ဆိုးဘုံနဲ့ မှော်နက်လောကတို့ ကောင်းကင်ဒေသကို ကျုးကျော်နိုင်အောင်တောင် ကူညီပေးချင်နေတာပဲ”

ရိုးရိုးသားသားဆိုရလျှင် ရီဖူရှင်းက ရင်ထဲတွင် သိပ်အရေးမစိုက်ပေ။ ထုံချန်းဗုဒ္ဓအရှင်သည် နတ်ဆိုးဘုံနှင့် စီဝေ့ကြယ်ကောင်းကင်တွင် ဖြစ်ခဲ့သည်များကို သိသွားလျှင်လည်း ထိုကိစ္စများသည် လျှို့ဝှက်ချက်ကြီးများမဟုတ်ပေ။ ထိုအကြောင်းများကို အလွယ်တကူ သိရှိနိုင်ပေသည်။ သို့သော် ထိုသူများထံတွင် တစ်နေရာရာ၌ လျှို့ဝှက်နေရာချထားသော သူလျှိုများရှိကြောင်းကိုမူ သိရှိနိုင်လေသည်။

နတ်ဆိုးဘုံတွင်ဖြစ်စေ သို့မဟုတ် စီဝေ့ကြယ်ကောင်းကင်တွင်ဖြစ်စေ သူလျှိုများသည် သူတို့၏လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်နေပေသည်။

သူသည် အတော်လေး နုံအသေးသည့်ပုံပင်။

ရှေ့နှစ်များအတွင်းတွင် စီဝေ့ကြယ်ကောင်းကင်သည် နေရာအနှံ့မှ ကျင့်ကြံသူများကို စီဝေ့အင်ပါယာနန်းတော်တွင် ကျင့်ကြံရန် စုဆောင်းခဲ့ပြီး စီဝေ့အင်ပါယာနန်းတော်၏ အင်အားကို မြှင့်တင်ခဲ့သည်။

သူတို့သည် လူပေါင်းများစွာကို စုဆောင်းခဲ့သည်။ စီဝေ့အင်ပါယာနန်း‌တော်၏ အရေးပါသည့်အုပ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာရန် မလွယ်ကူသော်လည်း စီဝေ့အင်ပါယာနန်းတော်သို့ ဝင်၍ ကျင့်ကြံရန်မှာမူ မခက်ခဲပေ။ စီဝေ့အင်ပါယာနန်းတော်အတွင်းသို့ သူလျှို တစ်ယောက်၊ နှစ်ယောက် စေလွှတ်ရန်ကိစ္စသည် ထိုအင်အားစုများအတွက် ခက်ခဲသောကိစ္စမဟုတ်ပေ။

ထို့ကြောင့် နတ်ဆိုးဘုံနှင့် စီဝေ့ကြယ်ကောင်းကင်တွင် သူလျှိုများရှိနေပြီဟု သူယူဆခဲ့ခြင်းဖြစ်သည်။

“ကျုပ် ဗုဒ္ဓအရှင်ကို မေးချင်တာ တစ်ခုရှိပါတယ်”

ရီဖူရှင်းပြောသည်။ ထုံချန်းဗုဒ္ဓအရှင်သည် သူ့ကိုကြည့်၍ ပြန်ပြောလိုက်၏။

“မေးပါ...”

“ဗုဒ္ဓအရှင်က စိတ်ဖတ်ပညာမှာ ဆရာတစ်ဆူပါပဲ... ပြီးတော့ တခြားသူတွေရဲ့ အတွေးတွေကို သဘောရှိ ဖတ်နိုင်ပါတယ်။ ဒါပေမဲ့ တခြားသူတွေရဲ့ အတွေးကနေ ဘာကိုသိရှိခဲ့လည်းဆိုတာကို ဗုဒ္ဓအရှင်ပဲ သိနိုင်ပါတယ်...”

ရီဖူရှင်း ပြုံးလျှက် ဆက်ပြောသည်။

“အဲဒီတော့ ဗုဒ္ဓအရှင် ဘာပြောပြော အမှန်ကို သိနိုင်တဲ့သူ မရှိဘူးဆိုတဲ့ သဘောမလား...”

“အတင့်ရဲလိုက်တာ...”

အခြားဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတစ်ဦးသည် သူ့ကို ကြိမ်းမောင်းလိုက်သည်။ သူသည် လက်အုပ်ချီလိုက်ပြီး သူ့ပတ်ပတ်လည်တွင် ဗုဒ္ဓအလင်းတောက်ပလာလေသည်။ စွမ်းအားကြီးဖိအားတစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်းထံ တန်းတန်းဝင်သွားလေသည်။

ထုံချန်းဗုဒ္ဓအရှင်၏မျက်ဝန်းများထဲတွင်လည်း စူးရှသောအရှိန်အဝါတစ်ခု လက်သွားပြီး ရီဖူရှင်းကို ဦးတည်လိုက်သည်။

“မင်းက ဗုဒ္ဓအရှင်ကိုတောင် မေးခွန်းထုတ်ဝံ့တယ်ပေါ့လေ...”

ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတစ်ဦးသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူ့ကိုယ်ပေါ်တွင် မိုးကြိုးလျှပ်စီးများဖြင့် တောက်ပနေသည်။ လွှမ်းမိုးအားကြီးသော ‌ဗုဒ္ဓအလင်းလှိုင်းများသည် ဟင်းလင်းပြင်ထဲရှိ ရီဖူရှင်းကို ဖိအားပေးလိုက်သည်။

ရီဖူရှင်းက ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ရင်ထဲတွင် အေးစက်သွားပြီး ထိုသို့ပြောလိုက်သူကို ကြည့်သည်ဆိုရုံသာ ကြည့်လိုက်လေသည်။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ထိုခြေတစ်လှမ်းဖြင့်ပင် အဆုံးမဲ့ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ဗုဒ္ဓစွမ်းအားတစ်ခုလည်း ကျဆင်းလာသည်။ ကောင်းကင်နှင့်မြေကြီးအကြားတွင် ဗုဒ္ဓတရာသံ ပျံ့လွင့်လာပြီး ကြောက်မက်ဖွယ်ဗုဒ္ဓအလင်းတစ်ခု ထွက်ပေါ်လာကာ ထိုနေရာရှိ ကောင်းကင်ကို လွှမ်းခြုံသွားလေသည်။ ဗုဒ္ဓအလင်းထဲရှိ ဗုဒ္ဓတရားသံသည် စွမ်းအားကြီးမန္တန်တစ်ခုကဲ့သို့ပင်။

ဝုန်း...

ထိုကြောက်မက်ဖွယ် ဖိအားအောက်တွင် ရှေ့သို့ထွက်လာသည့် ကျင့်ကြံသူသည် ရုတ်ခြည်း နောက်သို့ တွန်းထုတ်ခံလိုက်ရ၏။ သူသည် ခေါင်းမော့ကာ ဟင်းလင်းပြင်ထဲရှိ ရီဖူရှင်းကို စူးစူးဝါးဝါးကြည့်လိုက်သည်။ သူ၏မျက်နှာထားသည် နှစ်မြို့ဖွယ်မရှိပေ။

“အဲဒီလို နိမ့်ပါးတဲ့ကျင့်ကြံခြင်းအဆင့်လေးနဲ့ ငါ့ရှေ့မှာ ဒီလိုဝင့်ဝါပြတာ မရှက်ဘူးလား”

ရီဖူရှင်းက ကျယ်လောင်စွာ ကြိမ်းမောင်းလိုက်သည်။ သူ၏အသံသည် မဟာလမ်းစဉ်မှ ဗုဒ္ဓတရာသံသည် ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်သွားသကဲ့သို့ ကျယ်လောင်ပေသည်။ ၎င်းသည် ခြင်္သေ့တစ်ကောင် ဟိန်းလိုက်သံ သို့မဟုတ် မိုးချုန်းလိုက်သံကဲ့သို့ပင်။ ထိုကျယ်လောင်သောအသံကြီးသည် ထိုသူ၏နားစည်ကို တုန်ခါသွားစေပြီး သူ့ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေတော့မတတ်ပင်ဖြစ်သည်။ သူ့အပေါ်ရှိ ဗုဒ္ဓအလင်းသည်လည်း ထိုတုန်ခါမှုကြောင့် ပျောက်ကွယ်သွားသည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရလေသည်။

သူ၏မျက်နှာထားသည် တုန်လှုပ်မှုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွား၏။ သို့သော် ထိုအခိုက်တွင် ထုံချန်းဗုဒ္ဓအရှင်ပေါ်တွင် ဗုဒ္ဓအလင်းတောက်ပနေပြီး ပတ်ဝန်းကျင်ကို ကာရံလိုက်ကာ ထိုကျင့်ကြံသူကို ထိုအလင်းအတွင်း၌ ကာကွယ်ပေးလိုက်သည်။

“မင်းရဲ့ ကျင့်ကြံခြင်းက နိမ့်နေတာကို အဆင့်မြင့်လာအောင် ကျင့်ကြံနေမယ့်အစား ဒီမှာလာပြီး နှုတ်စွာနေတယ်ပေါ့လေ... ဘယ်မဟာဗုဒ္ဓက မင်းကို အဲဒီလိုသင်ပေးထားတာလဲ”

ရီဖူရှင်းက အထင်သေးမှုများပြည့်နှက်နေသော မျက်ဝန်းများဖြင့် ထိုဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူကို ကြည့်လိုက်သည်။ ထိုလူသည် မည်သို့မှ ပြန်မပြောနိုင်ခဲ့ပေ။ ထိုအချိန်တွင် သူ့ကိုယ်တွင်းရှိ အရှိန်အဝါသည် မတည်ငြိမ်‌သေးပေ။ ထို့အပြင် ရီဖူရှင်းက သူ့ကို စွမ်းအားကြီးဗုဒ္ဓစွမ်းအားဖြင့် ဖိနှိပ်ခဲ့ခြင်းဖြစ်သဖြင့် သူ့တွင် မည်သို့မှ ပြန်ပြောရန်စကားမရှိပေ။

“ကျုပ်က လိပ်ပြာတောင်ကုန်းပေါ်မှာ ဗုဒ္ဓလမ်းစဉ်ကို ဆယ်စုနှစ်တစ်စုကျော်လောက် ကျင့်ကြံခဲ့တာ... ပြီးတော့ ဗုဒ္ဓလမ်းစဉ်ရဲ့ ကောင်းချီးပေးမှု တော်တော်များများကိုလည်း ရခဲ့တယ်။ ကျုပ်က ဗုဒ္ဓလမ်းစဉ်ကို အချိန်အများကြီးသုံးပြီး ကျင့်ကြံလေ့လာသုံးသပ်ခဲ့ပေမယ့် ကျုပ်ဆီမှာ လိုအပ်ချက်တွေ အများကြီးရှိသေးတာကို သိခဲ့ရတယ်။ အခု ဗုဒ္ဓအရှင်လေးတစ်ပါးက ဒီကိုလာရောက်လာပြီး မေးခွန်းထုတ်မခံချင်ဖြစ်နေတယ်‌ပေါ့လေ... တော်တော် စိတ်ကြီးဝင်နေတာပဲ”

ရီဖူရှင်း အေးစက်စွာ ပြောသည်။

“ကျုပ်နဲ့ ဗုဒ္ဓလမ်းစဉ်ကြားက ဆက်နွယ်မှုကို ထောက်ထားပြီး ဗုဒ္ဓလမ်းစဉ်ကို လေးစားသမှုနဲ့ ကျုပ် ခင်ဗျားကို ဗုဒ္ဓအရှင်လို့ ခေါ်ပေးတာပဲ။ မဟုတ်ရင် ကျုပ် လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခင်ဗျားက ဘယ်တုန်းက ကျုပ်ကို အကြံပေးခွင့်ရှိသွားတာလဲလို့ ပြန်မေးလိုက်မှာပဲ”

ရီဖူရှင်း၏စကားသည် ခက်ထန်တင်းမာကာ အစောကသူက ပြောခဲ့သော လှောင်ပြောင်စကားနှင့် လုံးဝကွဲပြားပေသည်။ ထိုအချိန်တွင် ယင်းဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများသည် တစ်ချိန်က လိပ်ပြာတောင်ကုန်းသို့ ရောက်လာကာ လမ်းစဉ်ကို ရှာဖွေခဲ့သော လူငယ်လေးသည် ယခုတွင် လောကတစ်ခွင် ကျော်ကြားသော စီဝေ့ကြယ်ကောင်းကင်၏ အရှင်သခင်ဖြစ်နေပြီဖြစ်ကြောင်း သိရှိသွားကြပေသည်။

All Chapters