← Chapters

ကောင်လေးနှင့်ကောင်မလေး....

Vol. 31 Ch. 419

ကောင်လေးနှင့်ကောင်မလေး....

Vol. 31 Ch. 419

နွားသိုးဖြူမျိုးနွယ်စုမှ အဖိုးအိုသည် ကောင်လေးနှင့် ကောင်မလေးတို့ကိုခေါ်ဆောင်၍ ချိတ်ပိတ်ခံထားရသည့်​တောင်တန်းနယ်​မြေထဲသို့ ဝင်ရောက်လာသောအခါ စုမင်သည် အနက်ရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး သူ၏အသွင်အပြင်ကို ဖုံးကွယ်ထားသည်။

စုမင်သည် အနက်ရောင် ၀တ်စုံကို ခေါင်းမှ ခြေဖျားထိ ၀တ်ဆင်ထားပြီး ထိုနေရာတွင် ရပ်နေ၏။ သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေ

သော အေးခဲနေသည့်​​လေထုနှင့် ဗလာဂိတ်တံခါးတွင် အေးခဲနေသော ရေခဲအလွှာတို့ကြောင့် ဤနေရာသည် အပြင်ဘက်ကမ္ဘာကြီးနှင့် ယှဉ်လျှင် ပို၍အေးခဲနေသည်။

ကောင်လေးနှင့် ကောင်မလေးတို့သည် စိတ်လှုပ်ရှားစွာ ဝင်လာသည်နှင့် တပြိုင်နက် သူအလိုလို တုန်လှုပ်သွားကြသည်။ သူတို့၏ အသက်ရှူငွေ့များသည် အဖြုရောင်အငွေ့များအဖြစ် ပြန် ထွက်လာသောကြောင့်

စုမင်ဆီသို့ လှမ်းကြည့်သောအခါ သူတို့၏ အကြည့်များထဲတွင် လေးစားမှုများပြည့်နှက်နေသည်။ ဤ အလယ်အလတ်အဆင့် စိတ်ဝိဉာဉ်ဖမ်းသူအပေါ် အထင်ကြီးလေးစားမှုတစ်ချို့ရှိခဲ့ဖူး၏.....ဆံနီစုမင်သည် ထိုနေ့တွင် ၎င်းတို့၏ မျိုးနွယ်စုထံသို့ ရောက်လာခဲ့သည့်မြင်ကွင်းအား ၎င်းတို့၏ မှတ်ဉာဏ်များထဲတွင် ထွင်းထုထားသကဲ့သို့ စွဲထင်နေ၏....

"ဒီကလေးနှစ်ယောက်ပါ အရှင်....."

နွားသိုးဖြူမျိုးနွယ်စု၏ ဘိုးဘေးသည် ရှေ့သို့ ခြေလှမ်း အနည်းငယ် လှမ်းကာ စုမင်ကို  ဦးညွှတ်နေသည်။

" ဝိဉာဉ်မြူးချိန်ဖြစ်တဲ့ မနက်ဖြန်ညရောက်တာနဲ့ စိတ်ဝိညာဉ်လ စတင်ပြီ....ဒါ့ကြောင့် ရှာမန်နတ်ဘုရားကျောင်းတော်က ရှေးဟောင်းဂါထာတွေရွတ်ဖတ်လိမ့်မယ်...ဒီရွတ်ဖတ်မှုကြောင့် ရှာမန်နယ်မြေတစ်ခုလုံးမှရှိတဲ့ စိတ်ဝိဉာဉ်ဖမ်းသူ သွေးမျိုးဆက်ရှိတဲ့ကလေးတွေအကုန်လုံး အားပျော့တဲ့ ဆွဲငင်မှုကိုခံစားရလိမ့်မယ်....ပြီးရင် သူတို့သွေးထဲကနေ

စိတ်ဝိညာဉ်ဖမ်းသူအဖြစ် ဆင့်ခေါ်ခံရတာနဲ့ ဝိဉာဉ်ကျောက်တုံးကို ထုတ်ပြီးတည်နေရာရွှေ့ပြောင်းလိုက်ရုံပါပဲ....အရှင့်ဆီမှာ ဝိဉာဉ်ကျောက်တုံးရှိဖို့တော့လိုလိမ့်မယ်..."

နွားသိုးဖြူမျိုးနွယ်စုမှ အဖိုးအိုသည် စကားပြောနေစဉ်တွင် ဝတ်ရုံထဲ​မှ အဖြူရောင် ကျောက်တုံးသုံးခုကို ထုတ်ယူခဲ့သည်။ ထိုကျောက်တုံးသုံးခုလုံးသည် ဝန်းဝိုင်းပြီး အနည်းငယ်တောက်ပနေသည်ဟု ထင်ရသော်လည်း ထွင်းဖောက်မြင်နိူင်သည်အထိ မကြည်လင်ကြပေ......

ထိုဝိဉာဉ်ကျောက်တုံးသုံးခုအား နွားသိုးဖြူမျိုးနွယ်စုသည် မျိုးနွယ်စုအတွင်းရှိ စိတ်ဝိဉာဉ်ဖမ်းသူ ဖွဲ့စည်းတည်ဆောက်ပုံပါရှိသူများအား ပျိုးထောင်ပေးရန် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းထားခဲ့သောအရာများ ဖြစ်၏...

အဖိုးအိုသည် ထိုကျောက်တုံးများအား ဘေးတွင် ချထားပေးခဲ့သည်။

" ဒီကလေးနှစ်ယောက်ကို စိတ်ဝိဉာဉ်ဖမ်းသူ ကျင့်ကြံခြင်း ပညာရပ်တွေ ရအောင် ကူညီပေးပြီးတာနဲ့ ရှာမန်နယ်မြေထဲကို ပြန်ပို့ပေးရုံပါပဲ....ဒီကိစ္စတွေပြီးရင် အရှင်လည်း တစ်ယောက်တည်း သွားလာချင်မှာ သေချာတယ်....ဘယ်အချိန်ဖြစ်ဖြစ် ဝိဉာဉ်ကျောက်တုံးကိုသုံးပြီး  ယင်ကိုးကမ္ဘာထဲမှာရှိတဲ့ ရှာမန်မျှော်စင်ကနေ ပြန်လာလို့ရတယ်...."

အဘိုးအိုသည် စုမင်အား လေးလေးနက်နက် ဦးညွှတ်ပြီးနောက် ခေါင်းကို မော့လိုက်သောအခါ ကောင်လေးနှင့် ကောင်မလေးဆီသို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် တင်းမာသောအကြည့်တစ်ခု ပေါ်လာသည်။

" နှစ်ယောက်စလုံး သေချာနားထောင်....ဒီခရီးစဉ်တစ်လျှောက်လုံး မင်းတို့နှစ်ယောက် စိတ်ဝိဉာဉ်ဖမ်းသူအရှင်ရဲ့ စကားကို သေချာနားထောင်ရမယ်....သူ့အမိန့်တွေကို မနာခံဘဲ စိတ်ထင်ရာလုပ်တော့မယ်ဆို ကိုယ့်မျိုးနွယ်စုအကြောင်းကို အရင်ဆုံး သတိရလိုက်ကြ....အရှင်..သူတို့ပြောစကားနားမထောင်ရင် သတ်ပစ်လိုက်ပါ...မျိုးနွယ်စုရဲ့ဘေးဒုက္ခကို ဂရုမစိုက်မယ့်အတူတူ ယင်ကိုးကမ္ဘာမှာပဲ သေလိုက်ကြတော့...."

ကောင်လေးနှင့်ကောင်မလေးတို့​၏ မျက်နှာပေါ်တွင် လေးစားမှုများ ချက်ချင်းပေါ်လာခဲ့သည်။ ခေါင်းငုံ့ကာ နားလည်ပြီးဖြစ်ကြောင်း အော်ပြောနေရင်းဖြင့်ပင် နှလုံးခုန်သံများ စည်းချက်မမှန်ကြတော့ပေ.....

" အရှင်...ကျေးဇူးပြုပြီး...."

အဖိုးအိုသည် ကောင်လေးနှင့်ကောင်မလေးကို ရှုပ်ထွေးသောအကြည့်များဖြင့်ကြည့်လိုက်ပြီး နောက်ဆုံးတွင် စုမင်အား ကြည့်လိုက်၏.....

“သူတို့ကိုထားခဲ့ပြီး....မင်း အခုထွက်သွားလို့ရပြီ”

စုမင် ဖြည်းညှင်းစွာပြောလိုက်သည်။

အဖိုးအိုသည် ကောင်လေးနှင့် ကောင်မလေးကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ပြီးနောက် လျင်မြန်စွာ လှည့်ထွက်ကာ အပြင်ဘက်သို့ ထွက်ခွာသွားခဲ့သော်လည်း ချိတ်ပိတ်ထားသောနေရာမှ ထွက်သွားခါနီးတွင် စုမင် ရုတ်တရက် ပါးစပ်ဖွင့်လိုက်သည်။

အဖိုးအို ခြေလှမ်းကို ရပ်တန့်လိုက်ပြီး စုမင်ကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။

"ဒီပစ္စည်းကို ရှေ့မျိုးဆက်တွေတုန်းကတည်းက ဘယ်သူမှ မထိန်းချုပ်နိုင်ခဲ့ကြဘူး.....မှတ်တမ်းမှတ်ရာတွေအရဆို ဒီပစ္စည်းက ပိုင်ရှင်ကို သူ့ဘာသာသူ ရွေးချယ်တယ်တဲ့....ဒီပစ္စည်းက ခြေရာခံဖို့အသုံးဝင်တယ်....ဒီပစ္စည်းရဲ့ မူလဇာတ်မြစ်ကိုတော့ ကျွန်တော်ရှာကြည့်ပြီးပြီ....."

အဖိုးအိုသည် စကားပြောနေရင်းကနေ တခဏမျှ တုံ့ဆိုင်းနေခဲ့ပြီး ဝတ်ရုံထဲမှ သစ်သားပြားလေးတစ်ခုအား ထုတ်ယူပြီး စုမင်ဆီ ပစ်လွှတ်လိုက်သည်။ စုမင်သည် ထိုသစ်သားပြားအား နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး အဖိုးအိုအား ခေါင်းညိတ်ပြလိုက်သည်။

အဘိုးအိုသည် စုမင်အား  တစ်ချက်ဦးညွှတ်ပြီး ချိတ်ပိတ်ထားသည့်နေရာမှ ထွက်လာခဲ့သည်။ လေလှိုင်းများ ပြည့်နှက်လာသည်နှင့်အမျှ အဖိုးအို ပျောက်ကွယ်သွားကာ စုမင်နှင့်အတူ ကောင်လေးနှင့် ကောင်မလေးတစ်ယောက်သာ ကျန်ခဲ့တော့သည်။

ကောင်လေးနှင့် ကောင်မလေးကို ဂရုစိုက်မနေတော့ဘဲ စုမင်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သစ်သားပြားလေးကို အနီးကပ်စစ်ဆေးနေ၏.....

ထိုကောင်လေးနှင့် ကောင်မလေးတို့သည် အလွန်ချောမောလှပသော်ငြာလည်း ထိတ်လန့်နေကြပုံရသည်။ သူတို့နှစ်ဉီးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး စုမင်နှင့် သိပ်မဝေးသော နေရာတစ်ခုတွင် တိတ်ဆိတ်စွာထိုင်နေကြသည်။

တဖြည်းဖြည်းနဲ့ သန်းခေါင်ယံအချိန်ရောက်ခဲ့လေပြီ....မှောင်မိုက်နေသော ကောင်းကင်တွင် ကြယ်တစ်စင်းမျှ မရှိသည့်အပြင် လမင်းသည်ပင် တိမ်များတွင် ပုန်းခိုနေ၏....တစ်ခါတစ်ရံ တိမ်လွင့်စင်သွားမှသာ လရောင်သည် မြေပြင်ပေါ်သို့ ဖြာကျလာ၏....

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏....စုမင်သည် သစ်သားပြားလေးကို လက်ထဲတွင် ကိုင်ထားပြီး မျက်လုံးများကို မှိတ်ထားရင်း အတွေးထဲသို့ နစ်မြုပ်နေ၏....

ကောင်လေးနှင့် ကောင်မလေးသည် ဤအေးခဲသောနေရာတွင် အကြာကြီးမနေနိုင်သောကြောင့် ခန္ဓာကိုယ်များသည် တောင့်တင်းပြီး ထုံကျင်နေကြ၏.... သို့သော် မတ်တပ်မရပ်ရဲကြပေ.... သူတို့သည် လက်များကိုသာ ပွတ်သပ်နေကြရှာသည်။

အရုဏ်တက်ချိန်ရောက်သောအခါ မူလနေရာ၌ရှိခဲ့သော အေးစက်သောလေထုကြောင့်  ပို၍အေးစက်လာသည်။ ကောင်လေးနှင့် ကောင်မလေးသည် အအေးဓာတ်နှင့် ကြောက်ရွံ့မှုများကြောင့် စိတ်ပင်ပန်းနွမ်းနယ်နေပြီး တဖြည်းဖြည်း ငိုက်မျဉ်းစပြုလာသည်။ သို့သော် သူတို့ ခေါင်းငုံ့လိုက်မိသည်နှင့် တောင်တန်းအတွင်းမှ ထူးဆန်းသော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ရုတ်​တရက်​ထွက်​သော ထိုအသံကြောင့် ​ကောင်​​လေး​ရော ​ကောင်​မ​လေးပါ လန့်​နိုးသွားခဲ့ကြသည်​။ ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်လိုက်မိသောအခါ မဝေးလှသော တောင်တန်းအတွင်းမှ အမှောင်ထုကိုဖြတ်၍ သူတို့ဆီသို့ ဉီးတည်လာ​သည့်အနီရောင်တောက်နေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ နီးလာသောအခါ ထိုပုံရိပ်သည် မီးတောက်မျောက်ဝံတစ်ကောင်ဖြစ်နေလေ၏......

ထိုမျောက်ဝံသည် ခေါင်းကုတ်ကာ စုမင်ဘေးတွင် လှည့်ပတ်နေပြီး ကောင်လေးနှင့်ကောင်မလေးကို သွားဖြဲပြကာ ​ခြောက်လှန့်နေသောကြောင့် သားရည်များပင် မြေပြင်ပေါ်သို့ စီးကျနေ၏....

ကောင်လေးနှင့် ကောင်မလေးတို့၏ မျက်နှာများ ချက်ချင်း ဖြူဖျော့သွားသည်။

မီးတောက်မျောက်ဝံ၏ ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်လာသော သတ်ဖြတ်လိုစိတ်ကြောင့်

၎င်းတို့၏ မူလ အေးခဲနေသော ခန္ဓာကိုယ်ကို ပို၍ပင် တုန်လှုပ်သွားစေခဲ့သည်။

မျောက်ဝံ သူတို့နှစ်ဉီးထံသို့ ပြေးသွားသည့်အခါ ကောင်လေးသည် စူးဝါးစွာအော်ဟစ်၍ လှိမ့်ချလိုက်ပြီး နောက်ဘက်သို့ ရွှေ့အောင် တွားသွားနေခဲ့သည်။ မျောက်ဝံသည် သူ့အနီးသို့ရောက်သောအခါ လိုက်လံဖမ်းဆီးခြင်းမပြုဘဲ ကောင်လေး၏ ကြောက်ရွံမှုကို လှောင်ပြောင်နေဟန် ပြုနေခဲ့သည်။ မျောက်ဝံသည် ဖြူဖျော့နေသော်လည်း နောက်မဆုတ်ဘဲထိုင်နေသေးသည့် ကောင်မလေးဘေးတွင် ထိုင်ချလိုက်ပြီး သူမကို အနီးကပ်ကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။

ကောင်မလေးသည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့်သာ  ရှိပေဉီးမည်.... သူမသည် ဖြူစင်သောအသားအရည်ရှိပြီး သူမ၏မျက်လုံးများသည် ဖီးနစ်နှင့်တူသည်။ သူမသည် ကြောက်လန့်နေသော်ငြားလဲ မီးတောက်မျောက်ဝံအား  ပြတ်သားစွာ စိုက်ကြည့်နေ၏.....

မျောက်ဝံ သွားဖြဲပြလိုက်သည့်အခါ ကောင်မလေး၏မျက်နှာသည် ပို၍ပင်ဖြူဖျော့လာသည်။သို့သော်လည်း ထိုင်နေစမြဲပင်....ကောင်မလေးသည် အလွန်အမင်းထိတ်လန့်နေကြောင်း ပေါ်လွင်စေမည့် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ပေ.....

အပျင်းပြေသွားပုံရသည့် မျောက်ဝံသည် ထိုနေရာမှာပင် လှဲချလိုက်လေတော့သည်။သိပ်မကြာခင်မှာပင် ဟောက်သံများထွက်ပေါ်လာလေ၏....တခဏအကြာတွင် ကောင်မလေးရှိနေသည့် ဧရိယာသည် အရင်လို အေးစက်မနေတော့ဘဲ အနည်းငယ်နွေးထွေးလာခဲ့သည်။ဤသည်မှာ မီးတောက်မျောက်ဝံ၏ ခန္ဓာကိုယ်မှ အပူလှိုင်းတစ်ချို့ကြောင့် နွေးထွေးလာခြင်းဖြစ်ပေသည်။

သူမ၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာပြီး ဟောက်နေသော မျောက်ဝံ ကို ကြည့်လိုက်သောအခါ ရက်စက်သည်ဟု

မခံစားရတော့ပေ။ သူမသည်  ဉာဏ်ရည်ထက်မြက်သူဖြစ်သည့်အတွက် ထိုမီး​တောက်မျောက်ဝံသည် အန္တရာယ်မပြုနိူင်ကြောင်း သိလိုက်လေပြီ.....

"ကျေးဇူးတင်ပါတယ် စီနီယာ"

ကောင်မလေးက မတ်တပ်ထရပ်ပြီး သိပ်မဝေးလှသောနေရာတွင် မျက်လုံးမှိတ်ကာ တရားထိုင်နေသော စုမင်အား တိုးတိုးလေးပြောလိုက်သည်။

စုမင်သည် မကြားမိလိုက်သကဲ့သို့ပင် တရားဆက်ထိုင်နေလေ၏....

ကောင်မလေးကလဲ စုမင်အရေးမလုပ်သည်ကို ဂရုစိုက်မနေတော့ဘဲ မျောက်ဝံ၏ ဘေးသို့ တဖြည်းဖြည်းတိုးသွားကာ အမွှေးများကို ပွတ်သပ်ပေးချင်ဟန်ဖြင့် လက်မြှောက်လိုက်သည်။ နောက်သို့ ရောက်နေသော ကောင်လေးသည် ကောင်မလေး၏အပြုအမူကို မျက်လုံးပြူးနေတော့သည်။ ကောင်မလေးအား ဤသို့မပြုလုပ်ရန် သတိလှမ်းပေးချင်သော်လည်း မျောက်ဝံနိုးသွားမည်ကို ကြောက်နေပြန်သည်။

ကောင်မလေး၏ လက်နှင့် မျောက်ဝံ၏ အမွှေးတို့ ထိလုနီးနီးတွင် မျောက်ဝံသည် မျက်လုံးပွင့်လာပြီး ကောင်မလေးအား စားဝါးတော့မတတ် မာန်ဖီပြနေ၏....

ကောင်မလေး၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသော်လည်း သူမသည် အားတင်းကာပြုံးပြလိုက်ပြီး ညာလက်ကို မီးမျောက်ဝံ၏ သားမွေးပေါ်  ဖိကာ ခပ်ဖွဖွလေးပွတ်သပ်​ပေးလိုက်သည်။ ထိုအချိန်တွင် ကောင်လေး၏ အသက်ရှုသံများ အေးခဲလုနီးပါး ဖြစ်သွားခဲ့သည်။

မျောက်ဝံ၏ မာန်ဖီသံများ တဖြည်းဖြည်း အားနည်းလာ၏....နောက်ဆုံးတွင် သူ့အမွှေးများအား ကောင်မလေး ပွတ်သပ်နေသည်ကို ခွင့်ပြုပေးလိုက်ပြီး ပြန်အိပ်သွားခဲ့ပြန်သည်။ ဇိမ်ကျနေသော မျောက်ဝံကို ကြည့်၍ ကောင်မလေးသည် ပျော်ရွှင်စွာ ရယ်မောလိုက်လေ၏.....

" အားဟူ...ဘာမှမဖြစ်ဘူး....ဒီနားကိုလာခဲ့လေ...ဒီနားက နွေးတယ်......"

ကောင်လေးသည် ခဏမျှ တုံ့ဆိုင်းသွားကာ လမ်းလျှောက်လာခါနီးတွင် မျောက်ဝံသည် ခေါင်းကို မော့ကာ သွားဖြဲပြလိုက်သည်။ ကောင်လေးက ချက်ချင်းပဲ သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကောင်မလေး၏အနားသို့ကပ်မလာရဲတော့ပေ....

သို့တိုင် သူရပ်နေသည့်နေရာသည် တဖြည်းဖြည်း နွေးလာပြီး သူ့ခန္ဓာကိုယ်အနှံ့ သို့နွေးထွေးမှုအနည်းငယ် ပျံ့နှံ့လာ၏....

ထိုညသည် ထိုကဲ့သို့ ကုန်ဆုံးသွားလေ၏....ကောင်မလေးသည် တဖြည်းဖြည်းနဲ့ သမ်းဝေလာပြီး မျောက်ဝံဘေးတွင် အိပ်ပျော်နေလေပြီ....ကောင်လေးသည် ကောင်မလေးအား မနာလိုဖြစ်နေသော်လည်း မျောက်ဝံအား ထိတ်လန့်နေသည့်အတွက် တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ.....

ဤဆယ်ကျော်သက်နှစ်ဉီး၏ ကိုယ်ရည်ကိုယ်သွေးအလုံးစုံအား မျောက်ဝံရောက်ရှိလာခြင်းအပေါ် အခြေပြု၍ မဆုံးဖြတ်နိုင်သော်လည်း စုမင် အနည်းငယ်မျှ အဖြေရှာနိုင်ခဲ့သည်။ နံနက်အချိန် ပထမဆုံး နေရောင်ခြည် ကျဆင်းလာချိန်တွင် စုမင် ထိုနှစ်ယောက်အား ငေးကြည့်နေခဲ့သည်။

" ကောင်လေး မနာလိုဖြစ်နေတယ်...ဒါပေမယ့် ခါးခါးသီးသီးဖြစ်နေတာမျိုးတော့မဟုတ်ဘူး....ဒီကောင်လေးက စိတ်ဓာတ်မကြံ့ခိုင်ပေမယ့် သူ့အဖော် အန္တာရာယ်များတဲ့အရာကို လုပ်ခါနီးတုန်းက ထိတ်လန့်သွားတယ်...ကောင်လေးက ရိုးသားဖော်ရွေတယ်...ဒါပေမယ့် သန်မာသူတစ်ယောက်ဖြစ်လာဖို့ဆို အခက်အခဲတစ်ချို့ကို ဖြတ်ကျော်နိုင်မှရမယ်...."

" ကောင်မလေးကျတော့...ရဲရင့်တယ်...သူ့ဘက်က အမှားမလုပ်သ၍ အန္တာရာယ်မရှိနိုင်မှန်း သူသိနေတယ်...သူတို့အတွက် အအေးဓာတ်ကို ဖယ်ရှားပေးဖို့ ငါ မျောက်ဝံလေးကို လွှတ်လိုက်မှန်းလဲ သူ သိနေတယ်...."

" ဒီအချက်ကိ ကြည့်ရုံနဲ့သူက ဆုံးဖြတ်ချက်ချပြီးရင် လွယ်လွယ်နဲ့ လက်လျှော့မယ့်သူမဟုတ်မှန်း သိသာနေတယ်....ဒီအတိုင်းသာ ဆက်သွားရင် ကျင့်ကြံမှုမှာ ကောင်လေးကို နောက်ကောက်ကျချန်ရစ်ခဲ့နိုင်လိမ့်မယ်....ဒါပေမယ့် ဒီလို ကိုယ်ရည်ကိုယ်သွေးမျိုးက သူ့ကို ခေါင်းမာတဲ့သူတစ်ယောက်ဖြစ်စေပြီး အစွန်းရောက်သွားစေနိူင်တယ်....ပြီးတော့ သူက တခြားသူတွေကို လွယ်လွယ်ယုံတတ်ပြီး ကလေးဆန်နေသေးတယ်...."

" အသက်ရှင်ကျန်နိုင်ဖို့အတွက်ဆို ဒီကောင်မလေးက ကောင်လေးထက်တောင် သေဖို့ရာခိုင်နှုန်း ပိုများနေတယ်....အင်း....နွားသိုးဖြူမျိုးနွယ်စုက ပို့လိုက်တဲ့နှစ်ယောက်က မဆိုးဘူးပဲ...."

စုမင်သည် အကြည့်ကို လွှဲလိုက်ပြီး မျက်လုံးများကို နောက်တစ်ကြိမ်မှိတ်လိုက်သည်။ လူတစ်​​ယောက်​ကို အကဲဖြတ်​​သောအခါတွင်​ သူသည်​ မိမိကိုယ်​ကို စံနှုန်းအဖြစ်​ အမြဲအသုံးပြုခဲ့သည်​။

အချိန်တွေ တဖန်ကုန်လွန်လာပြီး နေ့လယ်ရောက်သောအခါ ကောင်လေးနှင့် ကောင်မလေး နိုးလာ၏။ မီးမျောက်ဝံကတော့ ရှာမတွေ့တော့ပေ....စုမင်သည် သူ့မျက်လုံးများကို တစ်ဖန်ပြန်ဖွင့်လိုက်ရာ သူ့ရှေ့တွင် ချထားသော အဖြူရောင် ဝိညာဉ်ကျောက်တုံး သုံးခုလုံးသည် တဖြည်းဖြည်းလင်းလက်တောက်ပလာခဲ့သည်။

ဤသည်မှာ နေရောင်ခြည်များကို စုပ်ယူနေပုံရသော်လည်း အလင်းရောင်သည် သိပ်စူးရှပေ....စုမင် လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ စည်းတံဆိပ်တစ်ခုဖြစ်ပေါ်လာပြီး နေရောင်ခြည်သည် အတားအဆီးမဲ့စွာ ဖြာကျလာပြီး ဝိဉာဉ်ကျောက်တုံး သုံးခုအား လင်းထိန်းလာစေခဲ့သည်။

ကောင်လေးနှင့် ကောင်မလေးသည် မတ်တပ်ထရပ်ကာ ဝိဉာဉ်ကျောက်တုံး သုံးခုကို ထိတ်လန့်တကြားကြည့်နေကြသည်။

" စီ..စီနီယာ...ကျွန်မတို့သွားလို့ရပြီလား...."

ထိုသို့ပြောလိုက်သူမှာ ကောင်မလေးသာပင်...သူမ၏အသံသည် အားနည်းနေသော်လည်း စုမင်သည် သူမအတွက် အားကိုးယုံကြည်ထိုက်သူ ဖြစ်နေဆဲပင်...

စုမင် ခေါင်းညိတ်လိုက်သည်နှင့် ကောင်မလေးသည်  ခြေလှမ်းအနည်းငယ်လှမ်းကာ ဝိဉာဉ်ကျောက်တုံး သုံးခုဘေးတွင် ထိုင်လိုက်သည်။ ကောင်လေးသည် တုန်ရီနေသော ခြေလှမ်းများဖြင့် နောက်က လိုက်လာခဲ့၏.....

သူတို့ နှစ်ယောက် တစ်ပြိုင်နက် မျက်လုံးမှိတ်ပြီး တစ်ခုခုလုပ်လိုက်သည့်အခါ  ဝိဉာဉ်ကျောက်တုံး သုံးခုသည် စူးစူးရဲရဲ လင်းလက်တောက်ပလာခဲ့သည်။ အလင်းသည် အပြင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး စုမင်ကို ဖုံးအုပ်လိုက်သည်နှင့် ပြင်းထန်သော အလင်းတန်းတစ်ခုသည် ကောင်းကင်သို့ ဆန်တက်သွားလေတော့သည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာမျှ မကြာခင်တွင် အလင်းတန်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏....စုမင်တို့ သုံးယောက်သည်လည်း အလင်းတန်းနှင့်အတူ ပျောက်ကွယ်သွားပြီဖြစ်သည်။ စည်းတံဆိပ်ကြောင့်ဖြစ်ပေါ်နေသော ကောင်းကင်ပေါ်ရှိ အက်ကွဲကြောင်းသည်လည်း တဖြည်းဖြည်း ပြန်စေ့သွားကာ ထိုနေရာသည် တဖန်တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်သည်။

စူးရှလာသော ထိုအလင်းတန်း ထွက်ပေါ်လာချိန်တွင် နွားသိုးဖြူမျိုးနွယ်စုအတွင်းရှိ အဖိုအိုသည် ကောင်ကင်ပေါ်သို့ မော့ကြည့်နေ၏...ထိုအဖိုးအို၏မျက်နှာပေါ်တွင် မျှော်လင့်ချက်များရှိနေ၏ ....

" နွားသိုးဖြူမျိုးနွယ်စုတစ်ခုလုံးရဲ့ မျှော်လင့်ချက်က မင်းတို့နှစ်ယောက်အပေါ်မှာရှိနေတယ်....."

All Chapters