← Chapters

ယင်ကိုးကမ္ဘာ....

Vol. 31 Ch. 420

ယင်ကိုးကမ္ဘာ....

Vol. 31 Ch. 420

" ယင်ကိုးကမ္ဘာကို နိုင်းလီမျိုးနွယ်စုက ရှာမန်မျိုးနွယ်စုတွေ ရှာမန်နယ်မြေကို စရောက်တဲ့အချိန်ကတည်း ရှာတွေ့ခဲ့တာ....ယင်ကိုးကမ္ဘာက ရှေးခေါတ်က ကျန်ရစ်ခဲ့တဲ့ ပျက်စီးခြင်းနယ်မြေတွေထဲက တစ်ခုပဲ....ယင်ကိုးကမ္ဘာက

မာန်မျိုးနွယ်စုတွေရဲ့ကမ္ဘာနဲ့ မတူညီတဲ့ရှူထောင့်တစ်ခုမှာ ရှိနေပုံရတယ်.."

" နိုင်းလီရှာမန်တွေက ယင်ကိုးကမ္ဘာကို စူးစမ်းလေ့လာပြီး ယင်ကိုးကမ္ဘာထဲက သေးငယ်တဲ့နယ်မြေတချို့ကို သိမ်းပိုက်ထားနိူင်ခဲ့တယ်....ဒါ့ကြောင့် နိူင်းလီ ( Nine Li ) ဆိုတဲ့စကားလုံးထဲမှာ ကိုး ဆိုတာပါနေတာပေါ့...အဲ့ဒီ့အချိန်တည်းကစပြီး ယင်ကိုးကမ္ဘာမှာ ရှာမန်ဘုရားကျောင်းတစ်ခုဆောက်လုပ်လိုက်ပြီး ရှာမန်နတ်ဘုရားကျောင်းတော်ရဲ့ ပိုင်နက်ဖြစ်လာခဲ့တယ်...နောက်ပြီး ကျူပ်တို့ရှာမန်တွေနဲ့ပဲသက်ဆိုင်တဲ့ မြို့တစ်မြို့ကိုလည်း တည်ထောင်ခဲ့သေးတယ်..."

" အဲ့ဒီ့ မြို့ရဲ့နာမည်က ရှာမန်မြို့ပဲ..."

ကောင်လေး၏ စကားသံများသည် စုမင်၏နားထဲသို့ ပေါ့ပါးစွာ ဝင်ရောက်လာကြသည်။

ဤနေရာ၌ တိမ်တိုက်များ ဖုံးလွှမ်းနေသည့် မီးခိုးရောင် ကောင်းကင်ကြီး ရှိသည်။ ရံဖန်ရံခါတွင် လျှပ်စီးကြောင်းများ ဖြတ်သွားတတ်သည်။ ကောင်းကင်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး တိမ်များ နစ်မြုပ်သွားခြင်းကြောင့် ၎င်းတို့၏ လေးလံသော အလေးချိန်ကြောင့် လူများကို ဖိနှိပ်ချုပ်ချယ်သည့် ခံစားချက်ကို ပေးစွမ်းနေ၏....

" ယင် ဆိုတဲ့စကားလုံးက ဒီနေရာမှာရှိနေတဲ့ ပြင်းထန်လွန်းတဲ့ သေဆုံးခြင်းအငွေ့အသက်တွေကြောင့် ဖြစ်လာတာ...ဒီအငွေ့အသက်တွေက လူတစ်ယောက်ကို ချက်ချင်းသတ်ပစ်နိုင်တဲ့အထိ ပြင်းထန်လွန်းတယ်...ဒါ့ပြင် ဒီနေရာမှာ အန္တရာယ်တွေအများကြီးရှိနေသေးတယ်....ဒါ့ကြောင့်မို့ ယင် လို့သုံးနှုန်းကြတာ.."

ကောင်လေး စကားပြောနေစဉ်တွင် စုမင်သည် ပတ်ဝန်းကျင်အား စူးစမ်းနေ၏....

စုမင်တို့သည် မြူခိုးများဖြင့် ပြည့်နှက်နေသော တောင်ပေါ်ကတောအုပ်တစ်ခုထဲတွင် ရောက်နေကြခြင်းဖြစ်သည်။တောအုပ်တစ်ခုလုံး၌ သစ်ရွက်တစ်ရွက်မျှမရှိသော်လည်း သစ်ပင်များသည် မသေဆုံးကြသေးပေ...ထိုအစား ၎င်းတို့သည် လူတစ်ဉီး၏လက်ချောင်းများကဲ့သို့ ဆိုးဝါးသည့်အသွင်အပြင်ရှိကြကာ တောင်တန်းတစ်လျှောက်ပြန့်ကျဲစွာ ပေါက်ရောက်နေကြသည်။

" ယင်ကိုးကမ္ဘာက ကြီးမားလွန်းလို့ ကျွန်တော်တို့ ရှာမန်တွေက သေးငယ်တဲ့ နယ်မြေအစိတ်အပိုင်းလောက်ပဲ သိမ်းပိုက်နိူင်သေးတယ်....ဒါပေမယ့် ကျွန်တော်တို့ကို နေရာအနှံ့မှာ စူးစမ်းရှာဖွေခွင့်ပြုထားတာကြောင့် ကျင့်ကြံခြင်းပညာရပ်သုံးခုရှာတွေ့ထားကြတယ်..."

" စိတ်ဝိညာဉ်ဖမ်းသူ ဆိုတာ ပညာရပ်သုံးခုထဲက တစ်ခုပါပဲ...ဘိုးဘေးတွေ ဖယောင်းနဂါးရဲ့အလောင်းကိုရှာတွေ့တုန်းက ဒီကျင့်ကြံခြင်းပညာရပ်ကိုပါ ရှာတွေ့ခဲ့ကြတာ...ဖယောင်းနဂါးဆိုတာ ဒဏ္ဍာရီတွေထဲမှာပဲရှိတဲ့ သားရဲမျိုးဖြစ်တဲ့အပြင် ဒီအကြောင်းတွေကို မှတ်တမ်းတင်ထားတာတွေကလဲ မပြည့်စုံကြတော့ တော်တော်များများက ဒီအကြောင်းကို မယုံကြဘူး...."

" မျက်လုံးဖွင့်တဲ့အခါ နေ့အလင်းရောင်ဖြစ်လာပြီး မျက်လုံးမှိတ်လိုက်တဲ့အခါ ညအမှောင်ထုဖြစ်လာတယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ....ရှေးရှေးတုန်းက လူတွေ နေ့နဲ့ညဘယ်လိုလည်ပတ်မှန်းနားမလည်ကြလို့ ရှင်းပြရလွယ်အောင် ဖန်တီးခဲ့တဲ့ ဒဏ္ဍာရီတစ်ခုလို့ပဲ ထင်ထားကြတာ..."

" ဒါပေမယ့် ဖယောင်းနဂါးရဲ့အလောင်းကို ရှာတွေ့ခြင်းက အရာအားလုံးကို ပြောင်းလဲသွားစေခဲ့တယ်..... "

လျင်မြန်စွာ ပြောဆိုနေရသောကြောင့် ကောင်လေး၏ အသက်ရှူသံများ မြန်ဆန်နေ၏....စုမင်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တောင်တန်းများကို ကြည့်ရှူနေပြီး ကောင်လေးသည် သူ့ဘေးနားတွင် ရပ်နေသည်။

ကောင်မလေးကတော့ စုမင်တို့နဲ့ ပေပေါင်းရာချီဝေးတဲ့နေရာ သစ်ပင်တစ်ခုမှာ သစ်ကိုင်းခြောက်တွေနဲ့ ရစ်ပတ်ခံထားရသည်။ ကောင်မလေး၏ မျက်နှာသည် ဖြူဖျေယ့နေပြီး မရပ်မနားရုန်းကန်နေ၏....သူမ၏ လက်ထဲတွင် ဓားတစ်လက်ရှိနေပြီး ထိုဓားသည် သစ်ပင်ထဲတွင် စိုက်ဝင်နေရာ ထိုနေရာမှ အစိမ်းရောင်အရည်များ စီးကျနေသည်။

" ဆက်ပြော...."

စုမင် နွမ်းလျစွာ အမိန့်ပေးနေ၏....

" ဖယောင်းနဂါးက သေသွားပေမယ့်လည်း သူ့အလောင်းထဲမှာ အစွမ်းထက်တဲ့ စွမ်းအားတစ်ချို့ ကျန်နေသေးတယ်.....အချို့သော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိတဲ့သူတွေသာ ဒီအလောင်းထဲက စိတ်ဆန္ဒတွေကို ကျင့်ကြံဖို့အတွက် စုပ်ယူနိုင်မှန်း ရှာမန်ဘိုးဘေးတွေ ရှာတွေ့ခဲ့တယ်...ခုနကပြောတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိတဲ့သူတွေကသာ ဖယောင်းနဂါးရဲ့အလောင်းထဲက စိတ်ဆန္ဒတွေကို နတ်ဘုရားစွမ်းရည် ပညာရပ်တွေသုံးပြီး စုပ်ယူနိုင်ကြတယ်...."

" ဒါကို မူလစိတ်ဝိဉာဉ်ဖမ်းသူလို့ခေါ်တယ်...ဘာမှန်းမသိတဲ့ အကြောင်းပြချက်တွေကြောင့် ဖယောင်းနဂါးရဲ့အလောင်းကို ယင်ကိုးကမ္ဘာထဲကနေ ထုတ်သွားလို့မရဘူး....ဒါ့ကြောင့် ဆယ်နှစ်တစ်​ကြိမ်

ဝိဉာဉ်လရောက်တိုင်း မျိုးနွယ်စုတိုင်းက သူတို့ပြင်ဆင်ထားကြတဲ့ ဝိဉာဉ်ကျောက်တုံးကို ထုတ်သုံးပြီး ဝိဉာဉ်ကျောက်တုံးကို လင်းလက်လာအောင် လုပ်နိုင်သူတိုင်းကို ရှာမန်နတ်ဘုရားကျောင်းတော်ရဲ့ စွမ်းအားကို အကူအညီယူပြီး ယင်ကိုးကမ္ဘာကို ပို့ပေးကြတာ...."

ကောင်မလေး၏မျက်နှာ ပိုဖြူဖျော့

သွားသည်ကို မြင်လိုက်ရ

သည့်အခါ ကောင်လေး၏ အသံသည် တုန်လှုပ်သွားသည်။ သူမသည် ဓားကို ဆုပ်ကိုင်ထားပုံရသည်။ သူမ၏ မျက်နှာပေါ်တွင် သေခြင်း၏ အရိပ်အယောင်များ ရှိနေသည်။

သို့သော်လည်း သူမ ရုန်းကန်နေဆဲပင်.....

" စီ...စီနီယာ... ကျေးဇူးပြုပြီး လန်လန့်ကို ကယ်ပေးပါ.....သူ သေသွားလိမ့်မယ်....သူလဲ သူ့အမှားသူသိနေပါပြီ....."

စုမင်သည် အမူအရာမပြောင်းဘဲ တည်ငြိမ်နေဆဲသာပင်...ထို့နောက် ကောင်လေးအား အေးစက်စွာ စိုက်ကြည့်လိုက်ပြီး....

" ဆက်ပြော...."

တုန်ရီသွားသော ကောင်လေးသည် တခဏမျ ငြိမ်ကျသွားပြီနောက် ညှင်သာစွာ ဆက်ပြောနေခဲ့၏....

" ယင်ကိုးကမ္ဘာထဲမှာ ဖယောင်းနဂါးရဲ့အလောင်းအပြင် ယဇ်ပုလ္လင်တစ်ခုပါ ရှိသေးတယ်....အဲ့ဒီ့ယဇ်ပုလ္လင်က သတ္တဝါကြီးတစ်ကောင်ရဲ့ ဉီးခေါင်းခွံနဲ့လုပ်ထားတယ်လို့ပြောကြတယ်...ကောလဟလတွေအရဆို အဲ့ဒီ့သတ္တဝါကြီးက အရမ်းကိုကြီးမာလွန်းတယ်တဲ့.....ယဇပုလ္လင်မှာရှိတဲ့ စွမ်းအားက ဖယောင်းနဂါးရဲ့အလောင်းထက်တော့ မလျော့ဘူး....ဒါပေမယ့် သူ့စွမ်းအားက ဖယောင်းနဂါးရဲ့အလောင်းမှာပါတဲ့ စိတ်ဆန္ဒလို စွမ်းအားမျိုးမဟုတ်ဘဲ ဘာမှန်းမသိတဲ့ စွမ်းအားတစ်မျိုးတဲ့...."

" ယဇ်ပုလ္လင်ရဲ့စွမ်းအားအောက်ကို ကျရောက်သွားတဲ့ ရှာမန်အများစုက သွေးလေခြောက်ခြားပြီး သေဆုံးကုန်ကြတယ်....တစ်ချို့သော သူတွေသာ မသေနိူင်ကြတာ...သွေးလေခြောက်ခြားတာကိုသာ ဖြတ်ကျော်နိူင်ခဲ့ရင် ယဇ်ပုလ္လင်လို စွမ်းအားမျိုးပိုင်ဆိုင်နိုင်လိမ့်မယ်...အဲ့လိုပိုင်ဆိုင်နိူင်တဲ့သူတွေကို ရှေ့ဖြစ်ဟောသူတွေလို့ခေါ်တယ်...."

ကောင်လေး စကားပြောနေစဉ်မှာ ကောင်မလေးရဲ့ ရုန်းကန်မှုတွေကလဲ အားနည်းလာတယ်....ကောင်မလေးကိုကြည့် အသက်ရှူရခက်ခဲနေပုံရတယ်....လက်ထဲက ဓားကလဲ မြေကြီးပေါ် ကျနေပြီ....တစ်ချိန်တည်းမှာ ထူးဆန်းတဲ့သစ်ပင်က သစ်ကိုင်းတွေကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းနေတယ်...ချွန်ထက်လွန်းတဲ့ သစ်ကိုင်းဖျားတစ်ခုက ကောင်မလေးရဲ့နဖူးတည့်တည့်ဆီ တိုးဝင်ချင်နေပုံရတယ်....

သစ်ကိုင်းဖျားနှင့် ကောင်မလေး၏နဖူးတို့ အလွန်နီးကပ်လာသောအခါ စုမင်၏ခန္ဓာကိုယ်ပေါ်မှာ အစိမ်းရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။ဓားမြှောင်လေးသည် သစ်ပင်ဆီသို့ပျံသန်းသွားပြီး သစ်ကိုင်းများကို ခုတ်ဖြတ်လိုက်သည်။ ရစ်ပတ်ထားသော သစ်ကိုင်းများမရှိတော့သောကြောင့် ကောင်မလေးသည် ​မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

သူမသည် အံကြိတ်ကာ မတ်တပ်ထရပ်လိုက်ပြီး ဓားကို ကောက်ကိုင်လိုက်သည်။ထို့နောက် စုမင်ဆီ ပြေးသွားရမည့်အစား သစ်ပင်ဆီသို့ ပြန်သွားကာ သစ်ပင်အား ဓားဖြင့်ထိုးစိုက်လိုက်သည်။ ထို့နောက် ဓားကို ပြန်ဆွဲနှုတ်ကာ စုမင်ဆီ ပြန်ပြေးလေတော့သည်။

စုမင်နှင့် ဆယ်ပေလောက်သာ ဝေးတော့သောအခါ ကောင်မလေးသည် ဖြူဖျော့သော မျက်နာဖြင့် မြေပြင်ပေါ် ဒူးထောက်ချလိုက်ပြီး ခေါင်းငုံ့ထားကာ...

" စီနီယာ....ကျွန်မ အမှားလုပ်မိခဲ့ပါတယ်...."

" ဘာအမှားလဲ..."

စုမင် ကောင်မလေးကို တချက်ကြည့်လိုက်သည့်အခါ ကောင်မလေး၏ အရေပြားပေါ်တွင် သွေးထွက်နေသော အစင်းကြောင်းများစွာရှိနေ၏.....

"စီနီယာတစ်ခွန်းမှ မညွှန်ကြားသေးဘဲ တည်နေရာရွှေ့ပြောင်းကာစမှာ လောဘတက်ပြီး သစ်ပင်ပေါ်က ဓားကို သွားမယူခဲ့သင့်ဘူး.....ကျေးဇူးပြုပြီး အခွင့်ရေးတစ်ခုလောက်ထပ်ပေးပါ....နောက်တစ်ခါဆို မဆင်မခြင်ထပ်မလုပ်တော့ပါဘူး..."

ကောင်မလေးက ခေါင်းငုံ့ထားသော်လည်း အကြောက်တရားက သူမမျက်နှာမှာ ဖုံးလွှမ်းနေဆဲပင်...ယခု ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်သည် သူမအား သေခြင်းတရားနှင့် စိတ်ပျက်အားငယ်မှုများအား ခံစားသိမြင်စေခဲ့သည်။

" မင်းဘာမှ မမှားဘူး..."

စုမင်သည် မျက်နှာဖုံးအောက်ကနေ ကောင်မလေးကို လေးနက်စွာစိုက်ကြည့်နေသည်။

ကောင်မလေးသည် အံ့သြသွားဟန်ဖြင့် စုမင်အား ခေါင်းမော့ကြည့်နေသည်။

"တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို ပေးဆပ်ရမယ်...ရလာမယ့်ဆုလာဘ်ကကြီးမားလေ ပေးဆပ်ရမယ့်တန်ဖိုးလဲ ကြီးမားလေပဲ...မင်း ဒီဓားကိုလိုချင်ရင် ပေးဆပ်ရမယ့်တန်ဖိုးကိုလည်း ပြင်ဆင်ထားရလိမ့်မယ်..."

" ခုနက တွေ့ကြုံခဲ့ရတာတွေက မင်းဘက်က ပေးဆပ်လိုက်ရတဲ့ တန်ဖိုးပဲ...သေချာစဉ်းစား...ငါမင်းတို့ ဘိုးဘေးကိုကတိပေးထားတဲ့အတွက် မင်းတို့ကို သုံးကြိမ်ပဲ ကယ်တင်ပေးမယ်..."

စုမင် အေးဆေးတည်ငြိမ်စွာဖြင့် ပြောနေသည်။

" မင်းက ရဲရင့်ပေမယ့် ထိရှလွယ်တယ်...မင်းအန္တရာယ်ရှိမှန်းသိသိရက်နဲ့ တိုးဝင်တယ်ဆိုတာ မင်းကို ငါလာကယ်မယ်မှန်း သိနေလို့ပဲ...ဒီကိစ္စမှာ မင်းက အားဟူထက်သာတယ်...ဒါပေမယ့် မင်းက အားနည်းနေတော့ တစ်ခြားသူတွေအပေါ် မှီခိုမှန်းမသိ မှီခိုချင်နေပြီ...ဒါက မင်းအတွက်တင်မကဘူး မင်းဘေးကလူတွေကိုပါ ဒုက္ခရောက်စေနိူင်တယ်...အသေးစိတ်တွေးတောနိူင်မှုမှာ မင်း အားဟူနဲ့ မယှဉ်နိူင်ဘူး...."

စုမင် ကောင်မလေးထံမှ အကြည့်လွှဲလိုက်ပြီး မီးခိုးရောင် ကောင်းကင်ကြီးအား မော့ကြည့်နေခဲ့သည်။

" အားဟူ...ဆက်ပြော..."

ကောင်လေးက မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကောင်မလေးကို စိုးရိမ်တကြီးကြည့်ကာ ခေါင်းငုံ့လိုက်ပြီး စုမင် စကားကို နာခံစွာဖြင့် ဆက်ပြောလိုက်သည်။

"နောက်တစ်နေရာကတော့ အရေအတွက်အတိအကျမသိနိုင်အောင် များပြားလှတဲ့ အလောင်းတွေ မြှုပ်နှံထားတဲ့ အမည်မသိသချိုင်းပါ....အဲ့နေရာမှာရှိနေတဲ့ မရဏအငွေ့အသက်တွေက သိပ်ကိုပြင်းထန်လွန်းလို့ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန်တောင် ဖြစ်တည်နေပြီ....အဲ့နေရာက စိတ်တစ္တေတူညီတွေရဲ့ မွေးရပ်မြေပဲ...."

" စိတ်တစ္ဆေတူညီ ဖွဲ့စည်းပုံရှိသူတွေက အဲ့နေရာမှာရှိတဲ့ သေဆုံးသူတွေရဲ့ပူဆွေးဝမ်းနည်းမှုကို အာရုံခံနိုင်ကြတယ်....အဲ့လိုနဲ့ သေဆုံးပြီးသားလူတွေပေါ် သနားငဲ့ညှာတတ်လာပြီး သက်ရှိတွေအပေါ် အေးစက်လာပြီဆို အဲ့ဒီ့ခံစားမှုတွေကတဆင့် သေခြင်းတရားရဲ့စွမ်းအားကို ပိုင်ဆိုင်နိုင်လာလိမ့်မယ်..."

" ရှာမန်မြို့နဲ့သက်ဆိုင်တဲ့ လီတစ်သန်းဧရိယာက ရှာမန်တွေရဲ့ နယ်မြေပါ....အဲ့နေရာမှာ ရှာမန်တွေအခြေချနေထိုင်ခဲ့ကြတယ်...ခုနကပြောတဲ့ လီတစ်သန်း ဧရိယာကို ကျော်သွားတာနဲ့  တားမြစ်နယ်မြေဖြစ်

သွားပြီ...ယင်ကိုးကမ္ဘာကိုရောက်လာတဲ့ ဘယ်မျိုးနွယ်စုမဆို ခွင့်ပြုချက်မရှိဘဲ တားမြစ်နယ်မြေထဲ ခြေချခွင့်မရှိဘူး...."

"တားမြစ်နယ်မြေထဲသွားခဲ့သူတွေထဲမှာ အရေအတွက် နည်းနည်းလောက်ပဲ အသက်ရှင်နိုင်ခဲ့ကြတယ်...."

ကောင်လေး စကားဆက်ပြောနေချိန်မှာတော့ ကောင်မလေးက စုမင် အနားမှာ ဝင်ထိုင်လိုက်ပြီး သူပြောခဲ့ဖူးတဲ့ စကားတွေက သူမခေါင်းထဲမှာ ပဲ့တင်ထပ်လာ​နေခဲ့သည်။

သူမသည် အတွေးထဲတွင် နစ်မြုပ်နေသကဲ့သို့ သူမ၏ လက်ထဲမှ ဓားကို ကြည့်ရန် ခေါင်းငုံ့ထားလိုက်သည်။

" ဝိဉာဉ်လရောက်တာနဲ့ နေရာဒေသမျိုးစုံက ရောက်လာတဲ့ စိတ်ဝိဉာဉ်ဖမ်းသူ ဖွဲ့စည်းပုံရှိတဲ့သူတွေအပြင် အခြားသော ဖွဲ့စည်းပုံရှိတဲ့သူတွေကိုပါ ရှာမန်နယ်​မြေထဲက နေရာမျိုးစုံကို စေလွှတ်ကြလိမ့်မယ်....ဘယ်သူတွေ ဘယ်နေရာအပို့ခံရမယ်ဆိုတာကို ထိန်းချုပ်လို့မရဘူး...."

" ဒါပေမယ့် အကုန်လုံးက ဟိုကိုရောက်တာနဲ့ အချက်သုံးချက်ကို လိုက်နာရမယ်...တစ်အချက်...အတင့်ရဲ့ပြီး တခြားနေရာတွေကို မစူးစမ်းရဘူး....ဝိဉာဉ်ကျောက်တုံးပေါ်ကညအမှတ်အသားကိုကြည့်ပြီး ရှာမန်မြို့ဆီ အမြန်ဆုံးနည်းနဲ့ သွားရမယ်..."

" ရှာမန်မြို့ကိုရောက်တာနဲ့ ရှာမန်နတ်ဘုရားကျောင်းတော်က ထုတ်ပေးတဲ့မြေပုံကိုရဖို့ ကိုယ်ရေးအချက်အလက်နဲ့ မျိုးနွယ်စုနာမည်ကိုပါ စာရင်းသွင်းရမယ်...ဒါမှသာ စိတ်ဝိညာဉ်ဖမ်းသူ ကျင့်ကြံခြင်းပညာရပ်ရဖို့ ခရီးစတင်နိုင်မှာ...."

" နှစ်အချက်...ရှာမန်တွေ အချင်းချင်းတိုက်ခိုက်တာမျိုးကို တားမြစ်ထားတယ်..ကျင့်ကြံမှုပညာရပ်ရဖို့ ခရီးစဉ်မပြီးဆုံးသူတွေနဲ့ ကျင့်ကြံမှုပညာရပ်မရသေးသူတွေအချင်းချင်း မဟာမိတ်ဖွဲ့ခွင့်မရှိဘူး....စိတ်ဝိညာဉ်ဖမ်းသူ ကျင့်ကြံခြင်းပညာရပ်ကို ရပြီးလို့ ခရီးစဉ်ပြီးဆုံးမှသာ အခြားသူတွေနဲ့ မဟာမိတ်ဖွဲ့လို့ရမှာ...."

" နံပါတ်သုံးအချက်.....လောဘမကြီးဘဲ ကျင့်ကြံမှုပညာရပ်ရပြီးလို့ ခရီးစဉ်ပြီးဆုံးတာနဲ့ ရှာမန်မြို့ကို အမြန်ဆုံးပြန်လာရမယ်..."

ကောင်လေးသည် စုမင်အားတစ်ချက်လှည့်ကြည့်လိုက်သည်။ စုမင် အရင်အတိုင်းငြိမ်သက်နေသည်ကို မြင်သောအခါ စကားဆက်လိုက်ပြန်သည်။

"ယင်ကိုးကမ္ဘာမှာ  အန္တရာယ်အမျိုးအစားတွေအများကြီးရှိတယ်... ပထမအမျိုးအစားက အခြားကမ္ဘာက ကျူးကျော်သူတွေပဲ......"

" ဒုတိယအမျိုးအစားကတော့ ရှာမန်မျိုးနွယ်စုတွေကိုယ်တိုင်ပဲ....ဝိဉာဉ်လရောက်တိုင်း ရောက်တိုင်း စိတ်ဝိညာဉ်ဖမ်းသူ ကျင့်ကြံခြင်းပညာရပ်ကိုရပြီး ခရီးစဉ် အဆုံးသတ်နိူင်သူက တစ်ရာအောက်ပဲရှိတယ်ဆိုတော့ ပညာရပ်ကိုရဖို့ လူဉီးရေကန့်သတ်ထားပုံရတယ်...."

"လူများလွန်းရင် ဖယောင်းနဂါးရဲ့ စိတ်ဆန္ဒကို လုံလောက်တဲ့ ပမာဏအထိ စုပ်ယူဖို့ ခက်ခဲလိမ့်မယ်၊ ဒါပေမယ့် တခြားအကြောင်းပြချက်တွေလည်း ရှိနိုင်တာမို့ တခြားသော ရှာမန်တွေကိုလည်း သတိထားဖို့ လိုတယ်..."

"တတိယ အမျိုးအစားကတော့ အဲ့နေရာမှာရှိနေတဲ့ မရေမတွက်နိူင်တဲ့ စည်းတံဆိပ်တွေပဲ...ဒါ့ပြင် ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေရဲ အန္တာရာယ်လည်း ရှိသေးတယ်...."

ကောင်လေး စကားခဏရပ်လိုက်ပြီး....

" စီနီယာ... ကျွန်တော်သိသမျှအကုန်ပြောပြပြီးပါပြီ....ဘိုးဘေးက ဒီကိုရောက်တာနဲ့ စီနီယာ့ကို ဒါတွေပြောပြရမယ်လို့မှာထားပါတယ်...ကျွန်တော် ဒါတွေကို မျိုးနွယ်စုမှာရှိကတည်း မရေမတွက်နိုင်အောင် ကြားဖူးတဲ့အတွက် စီနီယာကို ပြန်ပြောပြတဲ့အထဲမှာ စကားလေးတစ်ခွန်းတောင် မကျန်ခဲ့ပါဘူး...."

ကောင်လေးသည် စကားဆုံးသည်နှင့် စုမင်အား စိတ်လှုပ်ရှားစွာ ကြည့်နေ၏....

စုမင်သည် ယခင်အတိုင်း ငြိမ်သက်နေပုံရသော်လည်း သူတော်တော်လေး မကျေမနပ်ဖြစ်နေသည်။နွားသိုးဖြူမျိုးနွယ်စု၏ ဘိုးဘေးသည် ဤနေရာတွင် အခြားသော ရှာမန် များနှင့် တိုက်ခိုက်ရမည်ဟု မပြောခဲ့ပေ...ယခုအတိုင်းဆို သူ ဒီတာဝန်ကို လွယ်လွယ်နဲ့ ပြီးမြောက်နိုင်လိမ့်မည်မဟုတ်ပေ...

သို့သော် အဖိုးအိုအား လေးစားခြင်းနှင့် အဖိုးအိုထံမှ ရရှိခဲ့သော အံ့အားသင့်ဖွယ်ပစ္စည်းတို့ကြောင့် စုမင် ထိုအကြောင်အား သိပ်စဉ်းစားမနေတော့ပေ....

စုမင် မတ်တပ်ထရပ်လိုက်ပြီး.....

" ရှာမန်မြို့က ဘယ်လောက်ဝေးသေးလဲ တစ်ချက်စစ်ဆေးကြည့်လိုက်စမ်း....ဟိုရောင်တာနဲ့ မင်းတို့​အတွက် စာရင်းသွင်းမယ်...ပြီးရင် အဲ့မှာကြာကြာမနေဘဲ ချက်ချင်းပြန်ထွက်လာကြမယ်...."

ကောင်မလေးသည် သူမ၏ဝတ်ရုံအတွင်းမှ ဝိဉာဉ်ကျောက်တုံးကို ချက်ချင်းထုတ်လိုက်ပြီး လက်ညှိုးကိုကိုက်ကာ  ဝိဉာဉ်ကျောက်တုံးပေါ် သွေးစက်ချလိုက်သည်။ ကျောက်တုံးသည် အားနည်းသောအလင်းရောင်ဖြင့် ချက်ချင်း လင်းလက်လာပြီး သူတို့အား လမ်းပြပေးနေသည်။

“ကျွန်မတို့ ဒီကနေ လီသုံးသိန်းလောက် ခရီးဆက်ရမယ်…”

ကောင်မလေးက သက်ပြင်းတစ်ချက်ချကာ ထူးဆန်းသော တောအုပ်ဆီသို့ ညွှန်ပြလိုက်သည်။ ၎င်းတို့သည်  လီတစ်သန်းဧရိယာအတွင်း ကျပန်းပြောင်းရွှေ့ခံရနိုင်သည့် အခြေအနေအရ ရှာမန်မြို့မှ လီသုံးသိန်းဝေးသောနေရာသို့ ပေးပို့ခဲ့ခြင်းအတွက် ကံကောင်းသည်ဟု ယူဆထားပြီးဖြစ်သည်။

" သွားကြရအောင်..."

စုမင် တည်ငြိမ်စွာဖြင့်ရှေ့သို့ လှမ်းလိုက်သည်။ စုမင်ထံမှ အစိမ်းရောင်အလင်းတစ်ချက် ထွက်ပေါ်လာပြီး ထိုအစိမ်းရောင်အလင်းတန်းလေးသည် ကောင်လေးနှင့်ကောင်မလေးအား ကာကွယ်ပေးရန် လှည့်ပတ်နေတော့သည်။

All Chapters