← Chapters

တောအုပ်............

Vol. 31 Ch. 421

တောအုပ်............

Vol. 31 Ch. 421

စုမင်တစ်ယောက် တောအုပ်ထဲက သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းပြီး တောအုပ်ထဲက ထွက်သွားမည်ဟု ကောင်မလေးတွေးထားခဲ့မိသည်။

ထို့ကြောင့် စုမင်၏လက်ရှိအပြုမူများသည် သူမ၏နှလုံးသားအား ရှုပ်ထွေးနေစေခဲ့သည်။

စုမင်သည် ​ခြေလှမ်းတိုင်းကို သတိကြီးစွာထား၍ လှမ်းလျှောက်နေ၏။...ထို့အပြင် သစ်ပင်တွေ သိပ်မထူထပ်သောနေရာများကို ရွေးလျှောက်နေရသဖြင့် ခရီးဖင့်နေပေသည်။

ကောင်မလေးသည် စကားမဆိုရဲသော်လည်း စိတ်ထဲတွင်မူ စုမင်၏ စွမ်းအားကို သံသယဝင်နေမိ၏....မည်သို့ပင်ဆိုစေကာမူ ဆံနီစုမင်သည် သူမ၏စိတ်နှလုံးသားထဲတွင် အထင်ကြီးလေးစားမှုများ ချန်ရစ်ခဲ့သည်။ထို့ကြောင့် သံသယရှိသော်ငြားလည်း ဘိုးဘေး၏ရွေးချယ်မှုအား ယုံကြည်နေဆဲသာပင်....

တောထဲတွင် တနေကုန်လမ်းလျှောက် ပြီးချိန်တွင် ကောင်းကင်ပေါ်၌ ရှည်လျားလှသော

စက်ဝိုင်းပြတ်သဏ္ဍာန်အရာတစ်ခုသည် အရှိန်အဟုန်ပြင်းစွာဖြင့်ရွှေ့လျားနေ၏..ထိုအရာ၏အရှိန်ကြောင့် တိမ်စိုင်များသည်ပင် ပြိုကွဲသွားသည်ဟုထင်နေရသည်။ အနီးကပ်ကြည့်လိုက်သောအခါ ထိုစက်ဝိုင်းပြတ်ပေါ်တွင် လူငါးယောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုငါးယောက်အနက် လေးယောက်သည် ဆယ်ကျော်သက်များဖြစ်ကြပြီး တစ်ယောက်သည် ရှေ့ဆုံးတွင်ထိုင်၍ ဉီးဆောင်နေ၏...ဉီးဆောင်သူသည် ရုပ်ရည်ခန့်ညားသော သက်လတ်ပိုင်းအရွယ် ယောက်ကျားတစ်ဉီးဖြစ်သည်။ထိုလူ၏ မျက်နှာထားသည်ရေခဲကဲ့သို့ အေးစက်နေ​ပြီး သူ့တစ်ကိုယ်လုံးသည် စွမ်းအားများဖြင့် ဖုံးလွှမ်းနေ၏....ထူးဆန်းသောတောအုပ်ပေါ်မှ ဖြတ်သန်းနေစဉ်တွင် ထိုလူသည် စုမင်တို့အား ငုံ့ကြည့်လိုက်ပြီးသည်နှင့် နောက်လိုက်လေးဉီးတို့နှင့်အတူ တောအုပ်အား အလျင်အမြန်ဖြတ်သန်းသွားကြလေသည်။

ဒါတွေကို မြင်သည့်အခါ ကောင်မလေးဘတုန်လှုပ်သွားခဲ့သည်။စုမင်အားတစ်ခုခုပြောချင်ဟန်ဖြင့် လှမ်းကြည့်လိုက်သော်လည်းနောက်ဆုံးတွင်မူ နှုတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့လေသည်။

ကောင်လေး၏ ခံစားချက်များသည် ကောင်မလေးနှင့်မတူခဲ့ပေ...သူ့အတွက်တော့ ဤသည်မှာ ကောင်းသည်ဟုပင်ဆိုရပေမည်။ ကောင်းကင်ပေါ်တွင် ပျံသန်းနေသူများကို မြင်သည့်အခါ မျက်စိနောက်စရာကောင်းသည်ဟုပင် ထင်နေမိသည်။ယင်ကိုးကမ္ဘာထဲတွင် ထိုကဲ့သို့ မျက်စိနောက်စရာကောင်းအောင် ပျံသန်းနေခြင်းသည် အန္တရာယ်များလွန်းပေသည်။

သူတို့သုံးယောက်သား တောထဲတွင် ပထမညအားကုန်ဆုံးရတော့ပေမည်။ ညအချိန်ရောက်သောအခါ ကောင်းကင်ပေါ်တွင် လကိုးစင်း ထွက်ပေါ်လာသည်ကို မြင်ပြီး စုမင်၏ မျက်စံများပင်ကြုံ့ဝင်သွားခဲ့သည်။

ထိုလကိုးစင်းမှ ဖြာကျလာသော လရောင်တို့ကြောင့် မြေပြင်သည်ပင် တလက်လက်တောက်ပနေပြီး ကောင်းကင်ကြီးအားကြည့်ရသည်မှာ ပိုနူးညံ့လာသယောင် ထင်နေမိသည်။တိမ်လွှာစိုင်တို့သည်လည်း ညချမ်းအချိန်တွင် လွှင့်ပါးနေကြ၏....

" အနားယူကြတော့...."

စုမင်သည် သစ်ပင်ကျဲပါးသောနေရာ၌ ရပ်တန့်လိုက်သည်။ထိုသို့ပြောပြီးသည်နှင့် စုမင်သည် လကိုးစင်းအား တခဏမျှမော့ကြည့်လိုက်ပြီး မျက်လုံးမှိတ်ကာ တရားထိုင်နေခဲ့သည်။

ကောင်မလေးသည် ဖိအားပေးရပ်တန့်ခံလိုက်ရသလို ခံစားနေရ၏...နားမနေဘဲ ရှာမန်မြို့ဆီသို့သာ အမြန်ဆုံးသွားသင့်သည်ဟု ထင်နေမိသောကြောင့်ပင်...တကယ်ဆို တောအုပ်ထဲတွင် လမ်းလျှောက်မနေဘဲ ပျံသန်းသွားသင့်သည် မဟုတ်လော...ဤအတိုင်းသူ ဆက်လျှောက်နေပါက လီသုံးသိန်းမျှကွာဝေးသော ရှာမန်မြို့ဆီ ဘယ်သောအခါတွင် ရောက်နိုင်မည်မှန်း မည်သူသိနိုင်မည်နည်း....

" လန်လန်...ရေသောက်ဉီးမလား... "

ကောင်မလေးသည် သူမ၏ဆန္ဒများအား လွန်ဆန်၍ အတင်းအကြပ်စေခိုင်းခံရသလို ခံစားနေရချိန်တွင် ကောင်လေး သူမအနားရောက်လာပြီး ရေအိတ်ကို ကမ်းပေးနေသည်။

ကောင်မလေးသည် ရေအိတ်ကိုယူပြီး တစ်ငုံခန့်သောက်လိုက်ပြီး.....

" အားဟူ...ငါတို့ ဒီအတိုင်းသာ ဆက်လျှောက်မယ်ဆို ရှာမန်မြို့ကိုရောက်ဖို့ ဘယ်လောက်ကြာဉီးမယ် ထင်လဲ...."

" ငါ့အထင်...ဘယ်လောက်ကြာကြာ အရေးမကြီးပါဘူး...ငါတို့ဘေးကင်းလုံခြုံနေသ၍ အဆင်ပြေပါတယ်...."

ကောင်လေးသည် ခေါင်းကုတ်ကာ ရယ်ကျဲကျဲဖြင့်ပြန်ဖြေလိုက်သည်။

" ဘေးကင်းလုံခြုံတယ်....နင်ခေါင်းထဲမှာ ဒါပဲတွေးနေတာလား...မျိုးနွယ်စုမှာနေတုန်းကလဲ နင် ဒီအတိုင်းပဲ....အဲ့တာကို သရဲဘောကြောင်တယ်လို့ခေါ်တယ်ဟဲ့....ငါတို့မြေပြင်ပေါ်မှာ လမ်းလျှောက်နေတာ မလုံခြုံဘူး...ကောင်းကင်ပေါ်ကနေ ပျံသန်းမှသာ လုံခြုံမှာ... ဒါမှ တောအုပ်ထဲ မြန်မြန်ထွက်နိုင်မှာဟဲ့...."

ကောင်မလေးသည် သူ့အား မကျေမနပ်ဖြစ်နေဟန်နှင့်စိုက်ကြည့်နေသည်။ တစ်နေ့ခင်းလုံး စိတ်ပျက်ခဲ့ရသမျှကို ကောင်လေးအပေါ် အပြစ်ပုံချနေသည်မှာ အရှင်းသားပင်....

ကောင်လေးသည် စကားအနည်းငယ်ဖြင့် ညီးညူလိုက်ပြီးနောက် ဘာတစ်ခွန်းမှထပ်မပြောရဲတော့ပေ...ထို့နောက် ဝတ်ရုံထဲကနေ အစားအစာတစ်ချို့ ထုတ်လိုက်ပြီး ကောင်မလေးကို ပေးလိုက်သည်။

"စား စား နင့်မလဲ စားဖို့တစ်ခုတည်းပဲသိတယ်...."

ကောင်မလေးသည် ကောင်လေးအား အနည်းငယ် မြည်တွန်တောက်တီးပြီးနောက် ကောင်လေးအား လျစ်လျူထားလိုက်တေယ့သည်။

စုမင်သည် ငြိမ်သက်နေသည်ဟုထင်ရသော်လည်း တကယ်တမ်းတွင်မူ နိုးကြားနေ၏.....သူသည့် နေ့ခင်းကတည်းကပင် လီတစ်ရာပတ်လည်ကျော်ကို နတ်ဘုရားအာရုံဖြန့်ကျက်စစ်ဆေးထားပြီးပြီ ဖြစ်သည်။

တကယ်တမ်းတွင်မူ သူတို့အား စောင့်ကြည့်နေသော မျက်လုံးများ ရှိနေကြောင်း ခပ်ရေးရေးအာရုံခံမိခဲ့သည်။နှိုင်းယှဉ်ကြည့်ပါက မြေပြင်ပေါ်က မျက်လုံးများထက် ကောင်းကင်ပေါ်က စောင့်ကြည့်နေသော မျက်လုံးများက ပို၍အရေအတွက် များနေသေးသည်။

အမှန်တကယ်တော့...စုမင် နတ်ဘုရားအာရုံအားဖြန့်ကျက်နေစဉ်တွင် အနည်းငယ်စူးအောင့်သလို ခံစားလိုက်ရဖြင့် နတ်ဘုရားအာရုံအား ပြန်ရုတ်သိမ်းခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ပျံသန်းခြင်းမပြုဘဲ လမ်းလျှောက်ရန်သာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။တကယ်ဆို ဖြတ်သန်းသွားကြတဲ့ ဟိုငါးယောက်ကို အစောကြီးကတည်းက သိမြင်နေခဲ့ပြီးပြီ...ထိုငါးယောက်အား လောဘတကြီး ကြည့်နေကြသော အကြည့်များကို အာရုံခံမိလိုက်သည့်အခါ စုမင်သည် ကောင်းကင်ပေါ်တွင် ပျံသန်းခြင်းအား လုံးဝလက်လျှော့ခဲ့လိုက်လေပြီ.....

တောအုပ်အတွင်း စုမင်တို့ ဖြတ်သန်းလာရာလမ်းတလျှောက်တွင် အန္တရာယ်တစ်စုံတစ်ရာမရှိခြင်းမှာ စုမင်သည် နတ်ဘုရားအာရုံဖြန့်ကျက်၍ စောင့်ကြည့်ခံရမှုအနည်းဆုံးသော လမ်းကို ရွေးချယ်ခဲ့ခြင်းကြောင့်ပင်....

ထိုသို့ပြုလုပ်ခြင်းဖြင့်သာ သူသည် အနည်းငယ် လုံခြုံသည်ဟု ခံစားရသည်။

သို့သော် ကောင်လေးနှင့်ကောင်မလေးသည် ထိုအကြောင်းအရာများကို နားမလည်ကြပေ...သူတို့အား စုမင် လမ်းလျှောက်ခိုင်းသည့်အတွက် မကျေမနပ်ဖြစ်နေကြသည်ကို သိသော်လည်း စုမင်ဘက် ရှင်းပြနေလိမ့်မည်မဟုတ်....

စုမင် ထိုင်လျက်နှင့်ပင် မျက်လုံးဖွင့်ပြီး လကိုးစင်းအား တစ်ချက်မော့ကြည့်လိုက်သောအခါ မျက်လုံးများထဲတွင် အလင်းတစ်ချက် လင်းလက်လာခဲ့သည်။

" လကိုးစင်း..အခုနေသာ သွေးလောင်ကျွမ်းခြင်း ပညာရပ်ကို သုံးလိုက်မယ်ဆို ဘယ်လိုနေမလဲ သိချင်မိတယ်...."

စုမင်သည် နမော်နမဲ့နိုင်သူတစ်ယောက်မဟုတ်ပေ...ထိုအတွေးသည် တခဏမျှသာ ကြာရှည်ခံခဲ့သည်။

သုံးဉီးသားကြားမှာ စကားတစ်ခွန်းမှ မဆိုဖြစ်ဘဲ တစ်ညတာကုန်ဆုံးခဲ့သည်။နံနက်ရောက်သောအခါ စုမင်သည် ရှေ့က ဉီးဆောင်၍ ​ခြေကျင်ခရီးဆက်ကြပြန်သည်။ယခုလျှောက်လှမ်းနေသော လမ်းကြောင်းသည် ကောင်မလေးအား ပို၍ပင်နားလည်ရခက်နေစေခဲ့သည်။အဘယ့်ကြောင့်ဆိုသော် စက်ဝိုင်းတစ်ခုအား ပတ်လျှောက်နေသကဲ့သို့ ဖြစ်နေခြင်းကြောင့်ပင်....

ထိုသို့တွေးရခြင်းခြင်း တစ်ခုတည်းသောအချက်မှာ ၎င်းတို့ဖြတ်သန်းသွားခဲ့သောနေရာများတွင် သစ်ပင်နည်းပါးခြင်းပင်ဖြစ်သည်။ တကယ်တော့ ထိုပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့သစ်ပင်တွေ လုံးဝမရှိခဲ့တဲ့ နေရာအချို့တောင် ရှိခဲ့၏....

ကျိုးကြောင်းဆီလျော်စွာမရှင်းပြနိုင်သည့်အတွက် ကောင်မလေးသည် အားတင်း၍သာ ဆက်လျှောက်နေခဲ့ရသည်။ ညနေ နေဝင်ခါနီးအချိန်ရောက်သောအခါ အဝေးတစ်နေရာဆီမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရသည်။

ရှေ့ဘက်နားဆီမှ ထွက်ပေါ်လာသော ပေါက်ကွဲသံကြောင့် စုမင် ပတ်ဝန်းကျင်အား စူးစမ်းလေ့လာလိုက်သည်။စုမင် တောအုပ်ထဲသို့ ကြည့်လိုက်သောအခါ ပေတစ်ထောင်ခန့်အကွာတွင် လမ်းလျှောက်နေသော ကိုယ်တစ်ပိုင်းဗလာကျင်းထားသည် ယောက်ကျားကြီးတစ်ဉီးကို တွေ့လိုက်ရသည်။ထိုလူကြီး၏ လက်ထဲတွင် တိုက်ပွဲဝင်ပုဆိန်တစ်လက်အား ကိုင်ဆိုင်ထားပြီး သူဖြတ်လျှောက်လာသည့်လမ်းတစ်လျှောက်၌ သစ်ပင်များ ပေါက်ကွဲကုန်ပြီး မြေပြင်ပေါ်တွင် အစိမ်းရောင်အရည်များ ပြန့်ကျဲနေ၏...

ထိုလူနောက်သို့ လိုက်လာသော ကောင်လေးနှစ်ယောက် ရှိပြီး သူတို့၏ မျက်နှာများသည် စိတ်လှုပ်ရှားစွာ တောက်ပနေသည်။ ထိုလူကြီးနှင့် ကပ်လိုက်လာသောကောင်လေးနှစ်ယောက်သည် အစိမ်းရောင်အရည်များကိုနင်းကာ တောအုပ်အား လျှင်မြန်စွာဖြတ်သန်းနေကြသည်။

ထိုလူကြီး၏ ပခုံးပေါ်တွင် မိန်းကလေးတစ်ယောက်ထိုင်နေသည်။ ထိုမိန်းကလေးသည် အသက်ဆယ့်ငါးနှစ်၊​ဆယ့်ခြောက်နှစ်ခန့်ရှိပုံရပြီး သူမ ခြေထောက်လေးများကို စိတ်ကျေနပ်နေဟန်ဖြင့် လွှဲယမ်းနေ၏....

နှစ်ဖွဲ့ကြားတွင် ပေတစ်ထောင်ခန့်ကွာဝေးသည့်အပြင် သစ်ပင်များ ရှိနေသည့်တိုင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မြင်တွေ့နိုင်ကြသေးသည်။

ပခုံးပေါ်တွင် ထိုင်နေသော ကောင်မလေးက တခစ်ခစ်ရယ်မောပြီး စုမင်တို့အားလှမ်းမေးနေ၏....

" ဟေ့.. ရှင်တို့က ဘယ်မျိုးနွယ်ကြလဲ...ကျွန်မတို့က ငြိမ်းအေးရာလယ်မြေ မျိုးနွယ်စုကပါ...ရှင်တို့ ဘယ်ကလာကြတာလဲ..."

လန်လန်သည် သန်မာသောလူကြီး၏ပုခုံးပေါ်တွင် ထိုင်နေသော ကောင်မလေးကို မနာလိုကြည့်ဖြင့် ကြည့်နေ၏။ထိုလူ့ထံမှ ပျံ့လွှင့်လာသော ဖိအားအရ ထိုလူကြီးသည် အလယ်အလတ်အဆင့် တိုက်ပွဲဝင်ရှာမန်တစ်ဉီးမှန်း သိသာနေပေ၏...ထိုလူကြီး၏ ပုဆိန်ကြောင့် ကြေမွသွားသော သစ်ပင်များကို ကြည့်ရုံဖြင့် ထိုအဖွဲ့၏ စွမ်းအားနှင့် အရှိန်အဟုန်တို့သည် မိမိတို့အဖွဲ့ထက် များစွာသာလွန်နေကြောင်း သိသာနေပေသည်။

" ငါတို့က နွားသိုးဖြူမျိုးနွယ်စုကပါ...ငါ့နာမည်က လန်လန်..."

ကောင်မလေး ထိုသို့ပြောလိုက်သည့်အခါ စုမင်က ကောင်မလေးကို မျက်မှောင်ကြုံ့၍ ကြည့်လိုက်ပြီး ကောင်လေးက ကောင်မလေး၏ ဝတ်ရုံစကိုဆွဲပြီး လှမ်းဟန့်နေသည်။

" စိတ်ဝိညာဉ်ဖမ်းသူ မဖြစ်မချင်း ဘယ်သူတွေနဲ့မှ မဆက်ဆံဖို့ ဘိုးဘေးမှာထားတယ်လေ...."

အားဟူက လန်လန့်ကို တီးတိုးပြောဆိုလိုက်သည်။

" နွားသိုးဖြူမျိုးနွယ်စု...ငါတစ်ခါမှမကြားဖူးဘူး...ကြည့်ရတာ မျိုးနွယ်စုသေးသေးလေးပဲဖြစ်ရမယ်...နင်တို့သွားရမယ့် ခရီးက သိပ်ဝေးသေးတယ်...ဘာလဲနင်တို့က ဒီသစ်ပင်တွေကိုကြောက်နေကြတာလား...ဒီလိုလုပ်လေ...ငါတို့နောက်ကနေ လိုက်ခဲ့ပါလား..."

ကောင်မလေး၏ လေသံထဲတွင် မာနကြီးမှုအရိပ်အယောင်များပြည့်နှက်နေ၏...

ကောင်မလေးသည် စကားဆုံးသည်နှင့် လန်လန့်၏ အဖြေကို မစောင့်ဘဲ ရှေ့သို့ခရီးဆက်သွားခဲ့သည်။ ထိုကောင်မလေးနှင့်အတူပါလာသော ကောင်လေးနှစ်ယောက်သည် စုမင်တို့အား အထင်သေးသည့်အကြည့်မျိုးဖြင့် တစ်ချက်လှည့်ကြည့်သွားကြသည်။

" သွားကြရအောင်...."

စုမင်သည် နဂိုအတိုင်း တည်ငြိမ်နေဆဲသာပင်...ပတ်ဝန်းကျင်တစ်ခုလုံးကို နတ်ဘုရားအာရုံဖြန့်ကျက်ပြီး အဆင်ပြေမယ့် လမ်းကြောင်းကိုသာ ရွေးချယ်ခဲ့သည်။

ခုနက စကားပြောနေစဉ်အတွင်း တိုက်ပွဲဝင်ရှာမန်လူကြီးအား စောင့်ကြည့်နေသူများရှိကြောင်း စုမင်အာရုံခံမိလိုက်ရသည်။ ထိုလူကြီး၏ တည်ရှိမှုသည် အမှောင်ထုထဲမှ မီးလုံးကြီးသဖွယ် အမှောင်ထုထဲမှ အန္တရာယ်များကို ရှင်းရှင်းကြီး ဖိတ်ခေါ်နေသည် မဟုတ်ပေလော.....

" ဒါပေမယ့်...ဒါပေမယ့် ဘာလို့ ဒီလမ်းကိုပဲ ဆက်လျှောက်နေရမှာလဲ...သူတို့တွေ ဖောက်သွားတဲ့လမ်းအတိုင်း ဆက်လျှောက်လိုက်လို့မရဘူးလား..."

လန်လန်သည် နှစ်ရက်တာအတွင် မျိုသိပ်ခဲ့ရသော မကျေနပ်မှုများအား ထိန်းမထားနိူင်တော့ပေ....

" အကုန်လုံးက ကောင်းကင်ပေါ်မှာ ပျံသန်းပြီး မြန်မြန်ဆန်ဆန်ခရီးဆက်နေကြတာ...ကောင်းကင်ပေါ်ကနေ ပျံသွားလို့မရရင်တောင် ဒီစိတ်ပျက်စရာတောအုပ်ထဲက မြန်မြန်ထွက်ပြီး ရှာမန်မြို့ကို စောစောရောက်ဖို့လိုတယ်..ဒါမှသာ တခြားမျိုးနွယ်စုတွေရဲ့ အာရုံစိုက်ခံရပြီး နွားသိုးဖြူမျိုးနွယ်စုအတွက် ကောင်းကျိုးရှိနိုင်မှာ...."

စုမင်သည် လန်လန်ပြောနေသမျှကို မကြားဟန်ဆောင်၍ ရှေ့သို့သာ ဆက်လျှောက်နေခဲ့သည်။

အားဟူသည် မလှမ်းမကမ်းတွင် လမ်းဆက်လျှောက်နေသော စုမင်ကို တလှည့် လန်လန့်ကို တလှည့် ကြည့်ကာ ဗျာများနေရှာသည်။

" လန်လန် ဘိုးဘေးက ငါတို့ကိုကာကွယ်ဖို့ စီနီယာကို ရွေးချယ်ခဲ့တာနော်...စီနီယာမှာလဲ ဝူ့ရွေးချယ်မှုအတွက် အကြောင်းပြချက်တွေရှိမှာပါဟာ...."

" ပါးစပ်ပိတ်ထားစမ်း...."

စုမင်၏ လျစ်လျူရှူခံထားရသမျှ ဒေါသမတားအား လန်လန်သ​ည် အားဟူအပေါ် ပုံချနေ၏....

အားဟူသည် လန်လန်စိတ်ပြေရန် အနည်းငယ်ဖြောင်းဖျပြီး ဒေါသများကို သူ့အပေါ် လွှတ်ထုတ်ခွင့်ပြခဲ့ရှာသည်။ နောက်ဆုံးတွင်မူ လန်လန်သည် စိတ်ဆိုးမာန်ဆိုးနဲ့သာ စုမင်နောက်သို့ လိုက်ခဲ့ရပြန်သည်။

လေးရက်တာ အချိန်တို့သည် မျက်စိတစ်မျိတ်အတွင်း ကုန်လွန်ခဲ့ပြန်သည်။ထိုလေးရက်အတွင်း ကောင်မလေးသည် ကောင်းကင်တွင် ပျံသန်းနေသော လူပေါင်းများစွာကို နောက်တစ်ကြိမ်တွေ့ခဲ့ရပြီး စုမင်၏ စွမ်းအားကို သူမ သံသယဖြစ်နေပြီဖြစ်သည်။

သို့သော် သူမတို့ ဖြတ်သန်းလာရာလမ်းကြောင်းတစ်လျှောက်ရှိ သစ်ပင်ကြီးများ၏ သစ်ခေါက်များပေါ်တွင်ရှိနေသော မျက်နှာများကို သူမ မတွေ့နိူင်ခဲ့ပေ...ထိုမျက်နှာမျာသည် သစ်ခေါက်များနှင့်ဘအရောင်အသွေးတူနေသောကြောင့် သေချာမကြည့်ပါက သစ်ခေါက်များပေါ်က မျဉ်းကြောင်းများဟုပင် ထင်နေကြပေလိမ့်မည်။

သူမသာ သေချာအနီးကပ်ကြည့်ခဲ့ပါလျှင် ထိုမျက်နှယများသည် ယောက်ကျားကြီးတစ်ဉီး၊ မိန်းမပျိုလေးတစ်ဉီးနှင့် လုလင်ပျို နှစ်ဉီးတို့၏ မျက်နှာများဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။

All Chapters