← Chapters

မိတ်ဆွေဟောင်း....

Vol. 31 Ch. 422

မိတ်ဆွေဟောင်း....

Vol. 31 Ch. 422

'ဘိုးဘေး ဘာလို့လဲ သူ့ကိုရွေးခဲ့မှန်း နားမလည်နိုင်တော့ဘူး.... အားဟူလိုပဲ သူလဲ သရဲဘောကြောင်တာပဲ...ငါတို့တောထဲမှာ လမ်းလျှောက်နေရတာ ဆယ်ရက်ရှိနေပြီ...'

နောက်ထပ် ငါးရက်တာကျော်လွန်ခဲ့ချိန်မှာ စုမင် ကောင်လေးနှင့်ကောင်မလေးကို တောအုပ်ထဲကနေ ခေါ်ထုတ်နိုင်ခဲ့သည်။လမ်းတစ်လျှောက်တွင် မည်သည့်အန္တရာယ်မျှ မကြုံခဲ့ပေ..တောအုပ်ထဲက မထွက်မှီ နောက်ဆုံးရက်များတွင် စုမင်သည် အရှိန်မြှင့်၍ ခရီးဆက်ခဲ့သော်လည်း ကောင်မလေး၏ သံသယများကို အနည်းငယ်မျှသာ လျှော့ချနိုင်ခဲ့သည်။

' ဘာအန္တာရာယ်မှလဲ မရှိဘဲ ဆယ်ရက်တောင် အချိန်ဖြန်းခဲ့တယ်...ရှေ့ကသွားတဲ့သူတွေဆို အခုနေ ရှာမန်မြို့ကိုတောင်ရောက်နေလောက်ပြီ...ငါတို့က အခုမှ နည်းနည်းလေးပဲ ခရီးရောက်သေးတယ်..'

အလွန်ဒေါသထွက်နေသော ကောင်မလေးသည် စုမင်၏ မထုံတက်တေးအပြူအမူတို့ကြောင့် ပို၍ ပို၍ပင် ဒေါသထွက်လာပြီး ထိတ်လန့်စရာကောင်းနေလေ၏....

ထို့ကြောင့် ကောင်မလေးသည် ကောင်လေးအား သဲအိတ်တစ်ခုသဖွယ် သဘောထားပြီး အကြိမ်တိုင်း ကြိမ်းမောင်းပြစ်တင်နေခဲ့သည်။ တစ်ချိန်လုံး အပြစ်တင်ခံနေရသော်လည်း ကောင်လေး၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုအရိပ်အယောင် စိုးစဉ်းမျှ မမြင်ရဘဲ ကောင်မလေးကိုသာ အားပေးနှစ်သိမ့်နေရှာသည်။

တောအုပ်ထဲက ထွက်လာသည့် ရှေ့တွင် အဆုံးမရှိသောလွင်ပြင်ကြီးတစ်ခုရှိနေပေသည်။သို့တိုင်အောင် ကောင်မလေးသည် တောအုပ်အတွင်း၌ အလောင်းများစွာပုံထပ်နေကြောင်း မသိနိုင်သေးပေ...အလောင်းများသည် သစ်ကိုင်းများဖြင့်ရစ်ပတ်ခံထားရပြီး အလောင်းများမှ စီးကျလာသောအရည်မျာသည် သစ်ပင်များအား အာဟာရဖြစ်စေသည်။

ထိုအလောင်းများ အားလုံးသည် တစတစ ခမ်းခြောက်သွားကာ အချိန်ကြာလာသည်နှင့်အမျှ သစ်ပင်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာကြသည်...

စုမင်သည် ခေါင်းကို လှည့်ကာ တည်ငြိမ်သော အမူအရာဖြင့် ထူးဆန်းသော တောအုပ်ကို တစ်ချက်ကြည့်လိုက်သည်။ အချိန်အများစုတွင် အမည်မသိနည်းလမ်းကို အသုံးပြု၍ တောအုပ်ထဲသို့ စုပ်ယူခံရသည့် အလောင်းများအကြောင်း စဉ်းစားနေမိသည်။

'ထင်ထားတဲ့အတိုင်းပဲ ယင်ကိုးကမ္ဘာက ရှာမန်တွေရဲ့ နယ်မြေဖြစ်ပေမယ့် အန္တရာယ်သိပ်များလွန်းတယ်....ရှာမန်တွေ ဒီနယ်မြေကို သိမ်းပိုက်ထားတာ ဒီလောက်ကြာနေပြီကို ဒီနယ်မြေအကြောင်း သေချာသိမှာပဲ...ဒါနဲ့တောင် ဒီကိုရောက်လာတဲ့သူတွေတော်တော်များများက ဘာကြောင့်များ နမော်နမဲ့နိုင်ကြတာလဲ...'

ဤသည်ကို စုမင်နားမလည်နိုင်ခဲ့ပေ....

ဤနေရာတွင် ရှိနေသော အန္တရာယ်များအကြောင်း နွားသိုးဖြူမျိုးနွယ်စု မသိသည်ကို နားလည်နိုင်ပေသည်။ နွားသိုးဖြူမျိုးနွယ်စုသည် ဝေးလံခေါင်သီသော ဒေသတွင်တည်ရှိသော မျိုးနွယ်စုငယ်လေး တစ်ခုဖြစ်သောကြောင့် အသေးစိတ်သတင်းအချက်အလက်များ မရရှိနိင်သည်ကို လက်ခံနိူင်သော်လည်း အခြားသော မျိုးနွယ်စုများသည် နွားသိုးဖြူမျိုးနွယ်စုနှင့် အနေအထား မတူကြပေ...

အတွေးထဲတွင် နစ်မြောနေသည့်အခါ စုမင်၏အမူအရာအနည်းငယ် ပြောင်းလဲသွားသော်လည်း တောအုပ်အတွင်းသို့ စိုက်ကြည့်နေဆဲသာပင်....

တောအုပ်အတွင်းမှ သစ်ရွက်ခြောက်များအား နင်းလျှောက်လာသည့်အသံကိုကြားလိုက်ရပြီး မကြာခင်မှာပဲ တောအူပ်အတွင်းမှ သက်လတ်ပိုင်းအရွယ်ယောက်ကျားတစ်ဉီး ပြေးထွက်လာလေ၏...

ထိူလူကြီးနောက်တွင် လက်မောင်းတစ်ဖက်​ခြောက်သွေ့နေသော ကောင်လေးတစ်ယောက်ပါ ပါလာ၏...

ထိုလူကြီးအား စုမင် တစ်ခါတွေ့ဖူးပေသည်။ ထိုလူကြီးသည် မကြာသေးမှီ ရက်များအတွင်းက နောက်လိုက်လေးဉီးနှင့်အတူ ကောင်းကင်ပေါ်တွင် ပျံသန်းသွားသူဖြစ်၏...

စုမင်သည်သာ မက လန်လန်နှင့်အားဟူတို့ဝည်ပင် ထိုလူကြီးအား တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေကြသည်။ အားဟူ၏ မျက်ဆံများ ကျုံ့ဝင်သွားပြီး လန်လန်သည်လည်း ထိတ်လန့်နေပေသည်။

သက်လတ်ပိုင်းလူကြီးသည် စုမင်နှင့်အတူရှိ​နေသည့် လူငယ်နှစ်ဦးကိုပါ တွေ့လိုက်ရသည့်အခါ သူ့မျက်နှာတွင် အံ့သြစရာမှုများ ပေါ်လာခဲ့၏... သူ စုမင်အား သတိပြုမိခဲ့ကြောင်း သိသာလှသည်။လွန်ခဲ့သော ဆယ်ရက်လောက်က ဤထူးဆန်းသော တောအုပ်ထဲတွင် ဤလူသုံးယောက်ကို တွေ့ဖူးသည်ကို မှတ်မိနေသေးသည်။

ထိုအချိန်တွင် သူသည် အေးဆေးတည်ငြိမ်နေပြီး သူနှင့်မရင်းနှီးသော သူများနှင့် အဆင်အဆံ မပြုခဲ့ပေ။ ထိုသုံးယောက်သည် တောထဲတွင် အေး​အေးလူလူ လမ်းလျှောက်နေဝည်ကိုတွေ့ခဲ့ရသည်။ဒီထူးဆန်းတဲ့ လုပ်ရပ်က သူတို့ကို နှစ်ခါပြန်ကြည့်မိစေခဲ့သည်။

သို့သော် ယခုအခါ စုမင်အား မြင်လိုက်ရသည့်အခါ သူ့အတော်လေး တုန်လှုပ်အံ့သြမိနေ၏...စုမင်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအနာတရ တစ်ခုမျှရှာမတွေ့ပေ......

ထို့အပြင် စုမင် စောင်ရှောက်ပေးနေရသည့် ကလေးနှစ်ယောက်တွင်လည်း ဒဏ်ရာအနာတရ မရှိသည်ကို မြင်သည့်အခါ ပို၍ပင် အံ့အားသင့်နေမိတော့သည်။

တောအုပ်၏ ထူးဆန်းမှုနှင့်ကြောက်မက်ဖွယ်ရာကောင်းမှုများကို သေချာနားလည်နေ၍သာ အသက်ဘေးမှ လွတ်မြောက်နိူင်ခဲ့ခြင်းဖြစ်သည်။ သက်ကယ်ပစ္စည်းများနှင့် နတ်ဘုရားစွမ်းရည်များကို အသုံးပြုခဲ့ရသည့်တိုင် သူနှင့်အတူ ကလေးတစ်ယောက်ကိုသာ ကယ်ထုတ်နိုင်ခဲ့ပြီး ထိုကလေး၏ လက်မောင်းတစ်ဖက်သည် သုံးစားမရတော့ပေ...

အပြောင်းအလဲများနှင့် တောအုပ်၏ကြောက်မက်ဖွယ်များကို သိနေ

သောကြောင့် စုမင်တို့ သုံးဉီး၏ လက်ရှိအသွင်အပြင်ကိုမြင်ရသည့်အခါ  ထိတ်လန့်နေခဲ့ခြင်းပင်....

လွန်ခဲ့သော ဆယ်ရက်ခန့်က တောအုပ်ထဲတွင်အေးအေးလူလူ လမ်းလျှောက်နေသော စုမင်တို့အကြောင်း ရုတ်တရက်သတိရမိလိုက်သည်။အခုချိန် စုမင်နှင့်သာ ပြန်မတွေ့ဖြစ်ပါက သူ ဒီအကြောင်းကို သတိရလိမ့်မည်မဟုတ်...အသက်ဘေးမှ လွတ်မြောက်လာပြီးချိန်တွင် စုမင်နှင့်ပြန်တွေ့ရသဖြင့် သူဒီအကြောင်းကို သေချာပြန်စဉ်းစားရပေမည်။

တောထဲ၌ မြန်မြန်သွားလေ အန္တရာယ်ပိုများလာလေ ဖြစ်သည်။အရှိန်နှုန်းကိုလျှော့လိုက်ပါက တောအုပ်၏ ခြိမ်းခြောက်န်ူင်စွမ်းသည်လည်း လျော့နည်းသွား၏... နတ်ပညာစွမ်းရည်ပညာရပ်အပြင် သူ၏တွေ့အကြုံများကြောင့်သာ လွတ်မြောက်နိူင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ဆယ်ရက်အတွင်း အေးအေးလူလူ လမ်းလျှောက်နေခဲ့သော စုမင်နှင့် သူ့ကိုယ်သူ နှိုင်းယှဉ်ကြည့်သောအခါ ပို၍ပင် ထိတ်လန့်လာမိသည်။အစပိုင်းတွင်းမူ စုမင်အား ကံကောင်းသူတစ်ယောက်အဖြစ်မြင်မိသော်လည်း ကိုယ်တိုင်ကြုံတွေ့ပြီးနောက် ထိုအရာများသည် ကံတရားနှင့် ဆက်စပ်မှုမရှိကြောင်း သိလာခဲ့ရသည်။

" ကျုပ်နာမည်က နန်ကုန်းဟန်ပါ...လွန်ခဲ့တဲ့်ရက် ကနဲ့ယှဉ်ရင် အခုလက်ရှိအနေအထားနဲ့ တွေ့ဆုံရတာကို ရှက်မိပါရဲ့...."

နန်ကုန်းဟန်သည် လက်သီးနှင့်လက်ဖဝါးကို ထပ်၍ စုမင်အား ယဉ်ကျေးစွာ နှုတ်ဆက်နေ၏...

"ရှက်စရာမလိုပါဘူးဗျာ...ကျုပ်နာမည်က မော့စုပါ...."

စုမင်ကလည်း တူညီသော အပြုအမူမျိုးနဲ့ ပြန်နှုတ်ဆက်လိုက်သည်။

" နောင်ကြီးနန်ကုန်းကို  ဟိုရက်တုန်းက ကောင်းကင်မှာ ပျံသန်းနေတာ တွေ့လိုက်မိတယ်...အခုဘာကြောင့်များ တောထဲက လမ်းလျှောက်ထွက်လာတာလဲ.."

" ညီလေးမော့ကလည်း သိပြီးသားတွေကို မေးနေပြန်ပါပြီ....တောအုပ်က ရုတ်တရက်ကြီး ပြောင်းလဲသွားတာကို ကျုပ်တို့ သတိမထားမိလိုက်ကြဘူး...ခင်ဗျား လမ်းလျှောက်နေတာ မြင်တုန်းက ကျူပ်တော်တော် အံ့သြနေတာဗျ....အခုလက်ရှိအနေအထားကို ကြည့်ရတာ ခင်ဗျားက ဖြစ်လာမှာတွေကို ကြိုမြင်နေပုံပဲ....."

နန်ကုန်းဟန်တစ်ယောက် ခါးသက်စွာ ရယ်မောနေ၏....

" တောအုပ်က ထူးဆန်းနေတယ်လို့တော့ ထင်မိသား...ကျုပ်ကံကောင်းလို့သာ တောအုပ်ထဲက ထွက်လာနိူင်ခဲ့တာပါ...ခင်ဗျားလို အဖြစ်မျိုးနဲ့သာကြုံရင် အခုလို အသက်ရှင်ရက် ပြန်ထွက်လာနိုင်ဖို့ခက်မယ်..."

စုမင် တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။

“မင်း နှိမ့်ချနေဖို့ မလိုပါဘူး..ညီလေးမော့ရယ်..."

နန်ကုန်းဟန် ခေါင်းခါပြသော်လည်း စုမင်နှင့် ပတ်သက်၍ ကောင်းမွန်သော အမြင်ရှိနေပြီဖြစ်သည်။ သူက စုမင်ဘေးနားက လန်လန်နဲ့ အားဟူကို တစ်ချက်ကြည့်လိုက်ပြီး

"ညီလေးမော့..မင်းဘယ်မျိုးနွယ်စုကို ကာကွယ်နေတာလဲ"

" ဝေးလံခေါင်သီတဲ့နေရာက မျိုးနွယ်စုလေးပါ...နောင်ကြီးနန်ကုန်း ကြားဖူးမယ် မထင်ပါဘူးဗျာ...."

စုမင် ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"ကျွန်မတို့က နွားသိုးဖြူမျိုးနွယ်စုကပါ..."

ကောင်မလေးသည် နန်ကုန်းဟန်အားတွေ့လိုက်သောအခါ စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်ဘဲ လျင်မြန်စွာ ဖြေလိုက်လေ၏..

စုမင် မျက်မှောင်ကြုံ့လိုက်သည့်အခါ နန်ကုန်းဟန် အနည်းငယ်အံ့အားသင့်သွားသော်လည်း ကောင်မလေးအားပြုံးပြလိုက်ပြီး လျစ်လျူရှူလိုက်လေသည်။သူသည် ယဉ်ကျေးမှုအရသာ မေးလိုက်သော်လည်း စုမင်ထိုသို့ ပြန်ဖြေမည်ဟု မထင်ခဲ့ပေ...သို့သော် ကောင်မလေး၏ ဖြေကြားပုံအရ စုမင်နှင့် နွားသိုးဖြူမျိုးနွယ်စု ကြားတွင် ပြသာနာတစ်ချို့ရှိနေကြောင်း သိလိုက်ရပေသည်။

နန်ကုန်းဟန်သည် နောက်တစ်ဖန် လက်သီးနှင့်လက်ဖဝါးကိုထပ်၍...

" ညီလေးမော့...ကျုပ်တို့နှစ်ယောက်စလုံးရဲ့ ပန်းတိုင်က ရှာမန်မြို့ပဲ မဟုတ်လား...ဒီလိုဆိုမှတော့ မဟာမိတ်ဖွဲ့ပြီး ခရီးဆက်ကြတာပေါ့...ဒီလိုသာဆို တစ်ယောက်ကိုတစ်ယောက် ကူညီန်ိုင်တာပေါ့...."

စုမင်သည် ချက်ချင်းပြန်မဖြေသေးဘဲ ကောင်မလေးအား စူးစူးရဲရဲစိုက်ကြည့်နေသည်။ ထိုအခါမှသာ ကောင်မလေးသည် ရူးရူးမိုက်မိုက် ပြုမူမိလိုက်ကြောင်း အမှတ်ရသွားကာ ခေါင်းငုံ့၍ ခေါင်းတချက်ညိတ်ပြလိုက်လေ၏....

ကောင်လေးကတော့ စုမင်ကို စိတ်အားထက်သန်စွာ ကြည့်နေတယ်။

" ဒါမျိုးထပ်လုပ်လို့ကတော့ ငါ မင်းကို ကာကွယ်မပေးနိူင်တော့ဘူး...ခရီးစဉ်အဆုံးသတ်နိုင်ဖို့ တစ်ယောက်တည်းကိုပဲ ကူညီပေးနိုင်မယ်လို့ မင်းတို့ဘိုးဘေးကို ငါ ကတိပေးခဲ့ပြီးသား....."

စုမင်၏ အသံသည် ကောင်မလေး၏ ခေါင်းထဲတွင် ပဲ့တင်ထပ်နေ၏ မည်သူမျှမကြားနိူင်ဘဲ သူမတစ်ယောက်တည်းသာ ကြားနိုင်သည့် အသံပို့ခြင်းနည်းလမ်းကြောင့် ကောင်မလေး အတော်တုန်လှုပ်နေလေပြီ....

ကောင်မလေးအားဆုံးမပြီးသည့်အခါ စုမင်၏မျက်နှာပေါ်တွင် မရေရာမသေချာမှုများပြည့်နှက်လာခဲ့သည်။ ခဏအကြာတွင် ဆက်လက်စောင့်ဆိုင်းနေသော နန်ကုန်းဟန်အား ခေါင်းညိတ်ပြလိုက်သည်။

နန်ကုန်းဟန်၏ မျက်နှာပေါ်တွင် ကြည်နူးမှုများ ချက်ချင်းထွက်ပေါ်လာပြီး စတင်ရယ်မော နေလေ၏....

" ညီလေးမော့...အမှန်တိုင်းဝန်ခံရရင်..မင်းအနားမှာရှိတော့ ယုံကြည်မှု ပိုတိုးလာတယ်ကွ....တောအုပ်ထဲမှာ နောက်ထပ်ပြောင်းလဲမှုတွေ ရှိလာနိူင်မလား မပြောတတ်သေးဘူး..."

“ဒီတောအုပ်က တကယ့်ကို ထူးဆန်းတယ်။ ရှာမန်နတ်ဘုရားကျောင်းတော်က ပေးထားတဲ့ သစ်သားစာလိပ်ထဲမှာ ဒီသစ်တောရဲ့ ကြောက်စရာကောင်းတဲ့အကြောင်း တစ်ခုမျ မပါဘူး...ငါ့အဖော်တွေနဲ့အတူ ဒီသစ်တောကို ပထမဆုံးရောက်ပြီး ဒီသစ်တောကို ဖြတ်လျှောက်လာတုန်းက ဒီလိုအန္တရာယ်မျိုး တစ်ခါမှ မကြုံဖူးဘူးဆိုတာ အခုမှ သတိတော့တယ်…”

" နောင်ကြီးနန်ကုန်း... ကျုပ်ကို သစ်သားဟာလိပ်လေး တစ်ချက်လောက် ပြကြည့်ပါလား...ခင်ဗျားပြောတဲ့ အပြောင်းအလဲဆိုတာ သိပ်နားမလည်ဘူးဗျ..."

စုမင် အလျင်မလိုဟန်ဖြင့် မေးကြည့်လိုက်သည်။ဤနေရာနှင့်ပတ်သတ်၍ဘာမျှမသိသောကြောင့်သာ မဟာမိတ်ပြုရန် သဘောတူခဲ့ခြင်းဖြစ်ပြီး ထိုလူပြောပြောနေသည့် " ရုတ်တရက်ပြောင်းလဲမှု " ဆိုသည်ကိုလည်း သတိထားရန်လိုအပ်ပေသည်။

နန်ကုန်းဟန်သည် စုမင် ဘေးမှ ကောင်လေးနှင့် ကောင်မလေးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို နားလည်သွားဟန်တူပြီး ပြုံးကာ ဝတ်ရုံထဲ​မှ သစ်သားစာလိပ်ကို ထုတ်ကာ စုမင်အား ပေးလိုက်သည်။

စုမင် စာလိပ်အားယူပြီးသည်နှင့် နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်သောအခါ စာလိပ်ပေါ်တွင် မြေပုံအပြည့်စုံပါရှိပြီး မြေပုံ၏ ၏ဧရိယာသည် လီတစ်သန်းကျယ်ပြော၏...မြေပုံ၏ အလယ်ဗဟိုတွင် မြို့တစ်မြို့တည်ရှိနေသည်။

မြေပုံထဲတွင် ရှာမန်တို့၏နယ်မြေကိုရှင်းလင်းစွာပုံဖော်ထားသည်။

ဤမြေပုံသည် စုမင်လိုအပ်နေသောအရာဖြစ်သည့်အတွက် စိတ်ထဲတွင် စွဲနေအောင် မှတ်သားထားလိုက်ပြီး နန်ကုန်းဟန်အား ပြန်ပေးမည်ပြုသည့်အခါ....

" လက်ဆောင်အဖြစ်ယူထားလိုက်ပါ...ကျုပ်မှာ နောက်ထပ်တစ်ခုရှိပါသေးတယ်..."

နန်ကုန်းဟန်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" ဒီလိုဆိုမှာတော့ ကျေးဇူးပါဗျာ...."

စုမင်ကလည် ပြုံးလိုက်ပြီး လက်သီးနှင့်လက်ဖဝါးထပ်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။နန်ကုန်းဟန်တို့ နှစ်ဉီးသည် ကောင်းကင်ပေါ်သို့ ပျံသန်းကာ ခရီးဆက်ကြပြန်သည်။ ဤအချိန်တွင် စောင့်ကြည့်နေသော မျက်လုံးများမရှိသည့်အတွက် စုမင် ပျံသန်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လူငယ်သုံးဉီးသည် စုမင်နှင့် နန်ကုန်းဟန်တို့၏ အကူအညီဖြင့် နောက်မှ လိုက်ပါလာကြလေသည်။

ငါးဉီးစလုံး ကောင်းကင်ပေါ် ရောက်သည့်အခါ စုမင်သည် ပတ်ဝန်းကျင်အား နတ်ဘုရအာရုံ ဖြန့်ကျက်၍ စစ်ဆေးခဲ့သည်။နန်ကုန်းဟန်သည် ညာလက်ကို မြှောက်၍ မျက်ခုံးနှစ်ခုအလယ်သို့ ပွတ်ဆွဲလိုက်သည့်အခါ ခရမ်းရောင်မျက်လုံးတစ်လုံး ပေါ်လာ၏...ထိုခရမ်းရောင်မျက်လုံး ခုနှစ်ကြိမ်ခန့် အဖွင်အပိတ်လုပ်လိုက်သောအခါ နန်ကုန်းဟန်၏ ခန္ဓာကိုယ်ထဲမှ ဝိဉာဉ်များစွာ ထွက်ပေါ်လာပြီး ပေတစ်သောင်းခန့်ရှိသော ဝဲဂယက်ကြီးတစ်ခုဖြစ်ပေါ်လာ၏....

နန်ကုန်းဟန်သည် စိတ်တစ္ဆေတူညီတစ်ယောက်ဖြစ်သည်။

လူငယ်သုံးဉီးသည် တိတ်ဆိတ်နေကြသည်။ လက်မောင်းတစ်ဖက်သုံးစားမရတော့သော ကောင်လေးသည် စိတ်ပိုင်းဖြတ်ထားပုံရသော်လည်း မျက်ခုံးနှစ်ခုကြားမှ တစ်ခါတစ်ရံ နာကျင်လာသည်ကို ကျိတ်မှိတ်ခံစားနေရှာသည်။

အားဟူသည် စုမင်၏ ကျောပြင်ကိုကြည့်၍ အတွေးများထဲတွင် နစ်​မြောနေ၏.....

လန်လန် အနေဖြင့် သူမ၏ စိတ်ထဲတွင် အစွမ်းထက်သော နန်ကုန်းဟန်သည် စုမင်အား အဘယ်ကြောင့် ဤမျှ ယဉ်ကျေးပျူငှာစွာ ဆက်ဆံ​နေသည်ကို သေချာမသိသော်လည်း စုမင် ၎င်းတို့ကို ကံကောင်း၍သာ တောအုပ်ထဲက ခေါ်ထုတ်လာနိုင်ခဲ့ကြောင်း အခိုင်အမာယုံကြည်နေ၏......

စုမင်နှင့် နန်ကုန်းဟန်တို့သည် လူငယ် သုံးဦးကို ခေါ်ဆောင်လာရသောကြောင့်ကောင်းကင်ယံ၌ လျှင်မြန်စွာ ခရီးမသွားနိုင်ပေ။

ရက်အတော်ကြာ ခရီးနှင်ခဲ့ကြရာ ယနေ့တွင် ကောင်းကင်၌ ပျံသန်းဆဲဖြစ်သော ဧရာမသင်္ဘောကြီးသည် ကောင်းကင်ယံ၌ တိမ်များကို ဖြတ်ကျော်ကာ အခြားလမ်းကြောင်းသို့ ထွက်ခွာသွားလေသည်။

အဲဒီသင်္ဘောပေါ်တွင် လူရှစ်ယောက်ပါရှိသည်။ တစ်ချို့သည် တင်ပျဉ်ခွေထိုင်နေ

ကြပြီး တစ်ချို့သည် လက်ရန်းကနေ အဝေးသို့ မျှော်ကြည့်နေကြပြီး တစ်ချို့က တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြ၏....

သင်္ဘော၏ ထောင့်တစ်နေရာတွင် မိန်းကလေးတစ်ဉီး ထိုင်နေ၏...ထိုမိန်းကလေးသည် အလွန်တရာ သာမန်ဆန်နေပြီး သူမထံတွင် မည်သည့်ထူးခြားမှုမျှမတွေ့ရပေ....တစ်ခုတည်းသော ထူးခြားမှုမှာ သူမ၏ မျက်ဝန်းများထဲရှိ တည်ငြိမ်မှုများသားပင်....

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသောသူမသည် မျက်မှောင်ကြုံ့လျက် ကိုယ်ပိုင်အတွေးများထဲတွင် နစ်မြောနေ၏...သူမသည် ဘေးပတ်ဝန်းကျင်သို့ သာမန်အတိုင်းငေးကြည့်နေရာကနေ စုမင်အား မြင်တွေ့လိုက်သည့်အခါ မျက်ကလူးဆန်ပြာဖြစ်ခဲ့လေသည်။တခဏအကြာတွင် သူမ မျက်ဝန်းများထဲတွင် မရေရာမှုများ ပြည့်နှက်လာ၏.....

' သူ ရှာမန်နယ်မြေထဲရောက်နေတယ်ဆိုပေမယ့် ဒီကိုလာဖို့အခွင့်အရေးမရှိဘူး....စုမင်..နင်ဘယ်မှာလဲ.....'

မိန်းကလေးသည် ထိုသို့ စိတ်ထဲမှ ရေရွတ်နေပြီး သက်ပြင်းချလိုက်လေသည်။

All Chapters